အခန်း (၃၁၉-၃၂၁)
Vol. 7 Ch. 319-321
Chapter 319
ပူးပေါင်းကြံစည်တယ် ဆိုပြီး ငါတို့ကို အပုပ်ချတယ်
လုလျန့်ဝေ၏ နှုတ်ခမ်းများ အထက်သို့ တွန့်ကွေးသွားရသည်။ ထိုနန်းတွင်း သမားတော်နှင့်ပင် လုံလောက်နေပြီဖြစ်၏။ သူမပင် ဘာမှလုပ်စရာမလိုချေ။
လုံချီ၏အမူအရာမှာ ပိုလို့ပင်ခက်ထန်လာ၏။ သူသည် သူ့လက်မောင်းတွေထဲရှိ ထိုအမျိုးသမီးအားကြည့်ကာ သူ့ကိုယ်သူပိုစိတ်ပျက်လာရသည်။ သို့သော် ဤနေရာ၌လူများစွာရှိနေလေသည်။ ထို့ကြောင့် နောက်ဆုံး၌ သူ့ခံစားချက်တွေကို ဖိနှိပ်ထားလိုက်ရသည်။
ထို့နောက် သူသည် နန်းတွင်းသမားတော်နှင့် လုလျန့်ဝေအားကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
“အိမ်ရှေ့စံမယ်မယ်က စိတ်အပူလွန်ပြီး စည်းကျော်သလိုဖြစ်သွား တယ်။ သူ မင်းတို့နှစ်ယောက်လုံးကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်လိုတာမျိုး မဟုတ်ပါဘူး”
“ဒါဆို အိမ်ရှေ့စံက နန်းတွင်းသမားတော်ရဲ့ ဆေးစစ်ချက်ကိုယုံတယ်ပေါ့”
လုလျန့်ဝေက သူ့အားအပြုံးတစ်ပွင့်ဖြင့် ကြည့်လိုက်သည်။
လုံချီ ခဏတာတုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြ လိုက်သည်။
“ကိုယ်တော်တို့အကုန်လုံး သမားတော်ဝူရဲ့ ဆေးပညာနဲ့ပဲ ကုသနေကြတာလေ။ သူပြောတာကို ကိုယ်တော်ယုံပါတယ်။ ကျေးဇူးပြုပြီး ထပါ သမားတော်ဝူ”
နန်းတွင်းသမားတော်လည်း ထိုစကားကိုကြား မှ စိတ်သက်သာရာရစွာ ဖြင့်သက်ပြင်းတစ်ချက် ချလျက်
“ကျွန်တော်မျိုးရဲ့ဆေးပညာကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင့်သား”
ထိုသို့ပြောပြီး သူပြန်ထလိုက်သည်။
လုလျန့်ဝေသည် သူမကိုနောက်ကျောပေးထားသည့် လုယွင်ရွှမ်းအား ကြည့်လိုက်သည်။
“အစ်မ နင်ကြားတယ်မလား။ ညီမက အစ်မကို ကိုယ်၀န်ပျက်ကျတယ်ဆိုပြီး လျှောက်ပြောနေတာမဟုတ်ပါဘူး။ နန်းတွင်း သမားတော်ဝူတောင် အဲ့လိုပဲပြောလာတယ် လေ။ အရှင့်သားလည်း သမားတော်ဝူ ပြောတာကိုယုံတယ်ဆိုတော့ ညီမတို့ ထားခဲ့တဲ့ကတိကို တည်သင့်ပြီထင်တယ်”
လုယွင်ရွှမ်းမှာတော့ လုံချီ၏လက်မောင်းထဲတွင်သာ နေလျက် ဤအခြေအနေမှ ကျော်လွှားနိုင် ရန် ပြင်းပြစွာဆုတောင်းနေလေသည်။ ကံမကောင်းစွာပဲ သူမအသိစိတ်မှာ ကြည်လင်နိုးကြားနေသည်။ သူမ သတိလစ်ချင် လျှင်တောင် မလစ်နိုင်ပေ။
ထိုသို့ပြောနေစဉ်အတွင်း လုလျန့်ဝေ၏ ပျော်ရွှင်မှုနေအပေါ် လုယွင်ရွှမ်းမှာ အမျက် ခြောင်းခြောင်းထနေရသည်။
အဲ့ကျပ်မပြည့်တဲ့ လုလျန့်ဝေ။ သူဒီကိစ္စကို အလွတ်မပေးပဲနေရဲတယ်ပေါ။ လုယွင်ရွှမ်းက လုံချီ၏အင်္ကျီစအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ အလွန်ထိတ်လန့်ရှက်ရွံ့နေ ဟန်ဖြင့်
“ကျွန်မအစောက အရမ်းစိတ်လှုပ် တရှားနဲ့ ပြုမူမိသွားတယ်။ ဒီကလေးရလာဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရပေမယ့် ညီမလေးပြောတဲ့စကားတွေက ကျွန်မ နှလုံးသားကို ရေခဲရေတစ်ပုံးလောင်းချလိုက် သလိုပဲ။ အဲ့တာကြောင့်အရမ်းစိတ်သောက ရောက်သွားပြီး မပြောသင့်တဲ့စကားတွေ ပြောမိသွားတာပါ။ ညီမလေး နင်ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား”
လုလျန့်ဝေကတော့ လုယွင်ရွှမ်း၏ နောက်ကျောအား ငေါ်တူးနေသောအကြည့်ဖြင့် သာကြည့်လိုက်မိတော့သည်။
လုယွင်ရွှမ်းက လှည့်တောင်မလှည့်လာဘူး။ သူမလုပ်နေသည့်ပုံက သူမအား လုလျန့်ဝေမှ အတင်းအကျပ်တောင်းပန်ခိုင်းနေဟန် ဖြစ်နေသည်။
“အစ်မ ညီမလေးကို တောင်းပန်တာကို ထပ်တောင်းပန်ခိုင်းတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းဝေးနေတော့ သိပ်မရှင်းဘူး။ အစ်မပြောနေတဲ့ပုံက မသိရင် ညီမကပဲ အစ်မကိုမပျော်စေချင်တာကြောင့် အဲ့စကားတွေကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သလိုဖြစ်နေတယ်။ နန်းတွင်းသမားတော်ဝူ စစ်ဆေးပေးတာ တောင် အစ်မက သူ့စစ်ဆေးချက်ကို မယုံသင်္ကာဖြစ်ပြီး ညီမတို့နှစ်ယောက် ပူးပေါင်းကြံစည်ထားပါတယ်ဆိုပြီးတောင် ပြောလိုက်သေးတယ်”
“အိမ်ရှေ့စံသာ ညီမနဲ့ နန်းတွင်းသမားတော်ကို ယုံကြည်ပြီး အမြော်အမြင်ရှိရှိ ဆုံးဖြတ်ချက် ချခဲ့တာမဟုတ်ရင် ညီမတို့ ဒီမတရားမှုကို ပြန်တောင်အဖတ်ဆည်နိုင်မှာတောင် မဟုတ်ဘူး။ အစ်မက အိမ်ရှေ့စံမယ်မယ် ဆိုပေမယ့် အနာဂတ်မှာ ကိုယ်ပြောတဲ့စကား တွေ အပြုအမူတွေက မထီမဲ့မြင်ဖြစ်နေလို့ မရဘူးလေ။ ညီမတို့က မိသားစုတွေမို့လို့ အစ်မ ညီမအပေါ်ဘယ်လိုပဲ အပုပ်ချချ ညီမကတော့ စိတ်ထဲမထားပါဘူး။ ဒါပေမယ့် အပြင်လူတွေကတော့ မတူဘူးလေ။ သူများ ကို ဒီလိုအလွယ်တကူ လိုက်မကောင်းပြော နေရင် သူတို့အတွက် မတရားဘူးဖြစ်မှာပေါ့။ ငါပြောတာမမှန်ဘူးလား အစ်မ”
လုယွင်ရွှမ်းမှာ အလွန်စိတ်တိုလာရကာ သူမမျက်နှာပင် စိမ်းဖန့်ဖန့်ဖြစ်လာရသည်။ သို့သော် လူအများရှေ့တွင် သူမဒေါသထွက် လို့မရပေ။
ထိုငတုံးမ လုလျန့်ဝေက ဒီလိုစကားမျိုးပြောလာ လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ယခုတော့ လုလျန့်ဝေစကားတွေကို လူတိုင်းကြားကုန်ကြပြီဖြစ်ရာ သူမကို လုလျန့်ဝေအား ရည်ရွယ်ချက်ရှိရှိ အပုပ်ချ သည်ဟု ထင်ကုန်လောက်ပြီဖြစ်သည်။ ထို့အပြင် အိမ်ရှေ့စံမယ်မယ်တစ်ပါးအနေနဲ့ လူပုံအလယ်မှာပြုမူနေသည်နှင့်ကွဲပြားစွာ စာနာထောက်ထားမှုမရှိစွာဖြင့် သူတစ်ပါးအပေါ် အပုပ်ချသလိုဖြစ်သွားလေ ပြီ။ လူတွေ သူမကိုဘယ်လိုတွေးကုန်ကြ တော့မလဲ။
လုယွင်ရွှမ်း လုံချီ၏အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမသည် လှည့်ပြီး လုလျန့်ဝေ ကို ပါးရိုက်ချင်သည်ကလွဲ၍ ဘာမှမသိတော့ ပေ။
သို့သော် ဤအခြေအနေသည် သူမအတွက် ကောင်းကျိုးမရှိချေ။ ဤနေရာ၌ မင်းကြီးနှင့် အိမ်ရှေ့စံ နှစ်ယောက်လုံးရှိနေသည်ဖြစ်ရာ သူမသာ ထိုသို့လုပ်လိုက်ပါက သူမ၏အိမ်ရှေ့စံ မယ်မယ်ရာထူးမှာ အဆုံးသတ်သွားလိမ့်မည်။
လုယွင်ရွှမ်းမှာ အလွန်ဒေါသထွက်နေရသည်။ သူမက အားနည်းသည့်အသံဖြင့် ပြောလိုက်သည်။
သူမ ‘နင်…’’တစ်လုံးသာပြောရသေးသည် ဘေးဘက်သို့ခေါင်းစောင်းကျသွားကာ မေ့လဲသွားတော့၏။
လုံချီမှာ အလွန်ထိတ်လန့်သွားရကာ သူမကို အော်ခေါ်လိုက်သည်။
“ရွှမ်းအာ”
လုံချီသည် သူမ၏ဖျော့တော့သောမျက်နှာထက်သို့ အကြည့်တွေကျရောက်သွားကာ ယခင်က ရှိခဲ့သော စိတ်ပျက်မှုတွေဟာလည်း လေထဲ၌ လွင့်ပျယ်သွားတော့သည်။
Chapter 320
သူမကို ကြင်ကြင်နာနာ ခေါ်နေတယ်။
အိမ်ရှေ့စံသည် လုယွင်ရွှမ်းအား သူ၏ပထမဇနီး အဖြစ် တရား၀င်လက်ထပ်ယူထားတာ ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင် သူမကို ရွေးချယ်ခဲ့တာလည်း ဖြစ်သည်။ ယခု သူငုံ့ကြည့်လိုက် တော့ သူ၏ပွေ့ဖက်မှုကြားထဲ၌ သူမသည် ဖျော့တော့စွာ လဲနေလေသည်။ သူမ သူ့ကို အတိတ်တုန်းက ဘယ်လိုကောင်းမွန်စွာ ဆက်ဆံခဲ့သည်ကို သူပြန်အမှတ်ရလာသည်။ လုံချီ၏အမူအရာမှာ ပိုလို့ပင် စိုးရိမ်ပူပန်လာရကာ
“နန်းတွင်းသမားတော်ဝူ အမြန် အိမ်ရှေ့စံမယ်မယ်ကို စမ်းသပ်ကြည့် စမ်း”
ထိုအချိန်တွင် သူ၏စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် သူ့မျက်နှာထက်ရှိ စိုးရိမ်ပူပန်နေမှုမှာ ဟန်ဆောင်လုပ်ယူထား ခြင်းမျိုး မဟုတ်ချေ။
ချန်ချီးယွီနှင့် တူညီသည့် နောက်ကွယ်မှ အလှပန်းများသာသာဖြစ်သော အရှေ့ဘက်နန်းဆောင်ရှိ အလှလေးများမှာ မနာလိုမှုအပြည့်ဖြင့် စက်ဆုပ်ရွံရှာစွာ ကြည့်နေခဲ့ကြသည်။
အိမ်ရှေ့စံမှာ လုယွင်ရွှမ်းအား အမှန်ပင် စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ အစတုန်းက အကောင်းကြီးဖြစ်သော်လည်း ကိုယ်၀န် ပျက်ကျသည်ဟု ခြိမ်းခြောက်ခံလိုက်ရ သည်။ မဟုတ်ပါက အိမ်ရှေ့စံအနေနဲ့ သူမ အမွေဆက်ခံသူမွေးပြီးလျှင် သူမကို ကောင်းကင်ထိရောက်အောင် မချီးမြှောက်ပဲ နေနိုင်ပါ့မလား။
ချန်ချီးယွီဘေးရှိအလှလေးများမှာ ထိုသို့ ဖြစ်သွားသည်အား တိတ်တဆိတ်၀မ်းသာ နေကြသည်။
နန်းတွင်းသမားတော်မှာတော့ လုယွင်ရွှမ်းအား ကုသရန် အင်တင်တင်ဖြစ်နေလေသည်။ သို့သော်လည်း အိမ်ရှေ့စံမယ်မယ်ဖြစ်နေ သောကြောင့် ဘာမှမတတ်နိုင်ပဲ ရှေ့တက်ကာ သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ရတော့သည်။
နန်းတွင်းသမားတော်ဝူလည်း လုယွင်ရွှမ်းအား ထူးဆန်းစွာကြည့်လိုက်ကာ အချိန်ခဏ လောက် စဉ်းစားပြီးနောက် ရလဒ်ကိုပြောလိုက်သည်။
“အိမ်ရှေ့စံမယ်မယ်ရဲ့ အသက်ရှုနှုန်းက မတည်ငြိမ်ပါဘူး…”
သူပြောလို့မပြီးခင်မှာတင် လုလျန့်ဝေကြားဖြတ် ပြောလာသည်။
“အရှင့်သား စိုးရိမ်စရာမလိုပါဘူး။ အိမ်ရှေ့စံမယ်မယ်ကို ဘယ်လိုနိုးအောင် လုပ်ရမလဲဆိုတာ ကျွန်မသိတယ်”
လုလျန့်ဝေကတော့ သူ့အား အပြစ်ကင်းစွာပြုံးပြလိုက်ကာ သူမဦးခေါင်း ထက်မှ ငွေရောင်ဆံထိုးတစ်ချောင်းအား ဆွဲထုတ်လိုက်သည်။
လုံချီမှာ သူမအပြုံးထံ၌ ဖမ်းစားခံလိုက်ရပြီး သူမအားငေးနေမိသည်။ သူမ အိမ်ရှေ့စံ မင်းသမီးထံ ဆံထိုးတစ်ချောင်းနှင့် ချဉ်းကပ် လာတာကိုမြင်တာတောင် သူ့ထံတွင် ဘာအတွေးမှမရှိချေ။
လုလျန့်ဝေသည် လုယွင်ရွှမ်း၏ နှာခေါင်းအောက်နှင့် နှုတ်ခမ်းအထက်ရှိ အမြှောင်းလေးကို ဆံထိုး၏ချွန်ထက်သောဘက်အခြမ်းဖြင့် ထိုးဖောက်လိုက်သည်။
လုယွင်ရွှမ်းမှာ သတိမေ့ချင်ယောင်ဆောင်နေ ခြင်းဖြစ်တာကြောင့် ထိုနာကျင်မှုဟာ သူမ မျက်တောင်တွေကို ပြင်းထန်စွာ တုန်ယင် သွားစေသည်။ သူမ မအော်မိအောင်ပင် မနည်းထိန်းလိုက်ရတာဖြစ်သည်။
သွေးခုန်နှုန်းကိုလည်း သူမအချိန်ယူ၍ ဖိနှိပ်ထားရတာဖြစ်၏။ သူမ အခုမှနိုးလာဟန်ဆောင်လိုက်ကာ အိပ်ချင် မူးတူးဖြင့် ပတ်၀န်းကျင်ကိုကြည့်လိုက်သည်။
လုလျန့်ဝေက သူမလက်ထဲရှိ ဆံထိုးအားလှည့် ရင်း ပြောလိုက်သည်။ ထို့နောက် သူမသည် လုယွင်ရွှမ်း အားကြည့်လျက် ချိုသာစွာပြုံးကာ
လုယွင်ရွှမ်းက သူမအားလှည့်ကြည့်လိုက်သည်။ လုလျန့်ဝေ၏လက်ထဲရှိ ဆံထိုးကိုမြင်တော့ သူမအလွန်ဒေါသထွက်သွားရကာ သွေးအန်လုနီးပါးဖြစ်သွားရသည်။
အဲ့တော့ အစောက ငါနာသွားတာ လုလျန့်ဝေ ငါ့ကိုအဲ့တာနဲ့ထိုးလိုက်လို့ပေါ့။
လုယွင်ရွှမ်း သူမလက်ထဲရှိဆံထိုးကို သေချာ ကြည့်လိုက်ရာ သွေးစလေးတစ်စကို တွေ့လိုက်ရသည်။
လုယွင်ရွှမ်း အလွန်ဒေါသထွက်ကာ အံတင်းတင်းကြိတ်လိုက်မိသည်။ သို့သော် လည်း အပြင်ပန်းမှာတော့ ဆိုးဆိုးရွားရွား အထင်လွဲခံရဟန် ပြုမူနေလိုက်သည်။
လုလျန့်ဝေသည် သူမဆံထိုးပေါ်ရှိသွေးစကို လက်ကိုင်ပုဝါဖြင့် သုတ်ရင်း ခေါင်းပင် မမော့ပဲ ပြန်ဖြေလိုက်လေသည်။
လုယွင်ရွှမ်းမှာ ဆို့နင့်သွားရသည်။ သူမ အလွန်ဒေါသထွက်နေပြီဖြစ်သော်လည်း ဒီအခြေအနေမျိုးတွင် ဘာမှမလုပ်နိုင်ချေ။
သူမအတွေးတွေဟာ သူမကိုပွေ့ဖက်ထား သောလူထံသို့ ရောက်ရှိသွားသည်။ ထို့ကြောင့် ချက်ချင်းပင် ခေါင်းမော့ကာ ထိုသူ့ထံမှ အကူအညီတောင်းခံရန် ကြိုးစားလိုက် သော်လည်း ထိုလူဟာတော့ လုလျန့်ဝေအား တစ်မူထူးခြားစွာငေးနေလေသည်။
ထိုအခြင်းအရာကိုမြင်လိုက်ချိန်၌ လုယွင်ရွှမ်း၏ကမ္ဘာကြီးနက်မှောင်သွားကာ သူမ တကယ်သတိလစ်လုနီးပါး ဖြစ်သွားရသည်။
လုံချီ ဘာဖြစ်ချင်နေတာလဲ။ သူဘာလို့ လုလျန့်ဝေကို အဲ့လိုအကြည့်မျိုးနဲ့ကြည့်နေရ တာလဲ။ အဲ့ငတုံးမမှာ ဘာတွေများစိတ်၀င်စား စရာကောင်းတာ ရှိနေလို့လဲ။
လုယွင်ရွှမ်း သူမ ဒေါသကိုဖိနှိပ်လိုက်ကာ လွဲမှားနေသယောင် ဆက်ဟန်ဆောင်နေလိုက်သည်။ သူမမျက်နှာ ဟာ နဂိုကထက်ပိုမိုဖျော့လာကာ သူမကို သနားစရာကောင်းသွားစေသည်။
လုံချီလည်း လုလျန့်ဝေထံမှ အကြည့်တွေ ပြန်ရုပ်သိမ်း၍ လုယွင်ရွှမ်းအား ကြည့်ပြီး သူမပုခုံးကိုခပ်တင်းတင်းဆုပ်ကိုင်လိုက် သည်။
“ဝေဝေကလည်း မင်းကိုစိုးရိမ်သွားလို့ ပါ။ သူလည်း အခြေအနေအရ မတတ်သာပဲ အဲ့နည်းကိုထုတ်သုံးလိုက်ရတာ။ သူမကို အပြစ်မတင်ပါနဲ့။ မင်းလည်း အခုနိုးလာပြီပဲ မလား”
ဝေဝေ။ လုံချီက သူမကိုကြင်ကြင်နာနာနဲ့ ခေါ်နေတာလား။ လုယွင်ရွှမ်းကိုတော့ သူဘာလို့တစ်ခါမှ အဲ့လိုမခေါ်ရတာလဲ။
လုယွင်ရွှမ်းမှာ သူမနှလုံးသားမှ သွေးစိမ်းရှင်ရှင်ထွက်နေသကဲ့သို့ ခံစားနေရ သည်။ သူမအတင်းအားယူပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။
“အရှင့်သားပြောတာ မှန်ပါတယ်။ ကျွန်မ နာသွားလို့ စိတ်ရှုပ်ထွေး သွားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လိုက်ရင် ညီမငယ်က ကျွန်မကို နိုးလာအောင်လုပ်ပေးတာပဲလေ”
လုံချီပြောသည်အား လုလျန့်ဝေကြားတော့ သူမ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ လုလျန့်ဝေသည် သူမမျက်လုံး ထဲရှိ မနှစ်မြို့မှုအား နည်းနည်းလေးတောင် ဖုံးကွယ်မထားချေ။
“အရှင့်သားစိတ်မရှိဘူးဆို ဖြစ်နိုင်ရင် နောက်တစ်ခါကျ ကျွန်မကို ဒေါ်လေးလို့ခေါ်ပေးပါ”
Chapters 321:
လုလျန့်ဝေဟာ သူပိုင်ဆိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကံပါလာပြီးသား....
လုံယန်လမ်းလျှောက်နေရင်း ထိုစကားအားကြားလိုက်ရသည့်အချိန်၌ သူ့ခြေလှမ်းများသည် ရပ်တန့်သွားတော့သည်။ သူ၏မျက်နှာထက်မှ မှုန်သုန်နေသည့်အမူအယာမှာလည်း ပျောက်ကွယ်သွား၍ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
ထိုသည်အားမြင်လိုက်သည့် ကျောက်ချန်က တိတ်တဆိတ်သက်ပြင်းချလိုက်သည်။အိမ်ရှေ့စံမင်းသားက ဒုတိယ လု သခင်မလေးအား ချစ်ခင်စွာနှုတ်ဆက်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဘုရင်ကြီးရဲ့မျက်နှာတော်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ပင် ဒေါသူပုန်ထသွားခဲ့သည်။။
ထိုအချိန်က အိမ်ရှေ့စံပြောလိုက်သည့် စကားများသည် အိမ်ရှေ့စံရာထူးမှ ဖယ်ရှားပစ်ဖို့ရန်အတွက် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သွားပေသည်။ကံကောင်းစွာနှင့် ဒုတိယလု သခင်မလေးသည် လိမ္မာပါးနပ်နေလေသည်။
လုသခင်မလေးပြောတဲ့ စကားကိုကြားလိုက်တဲ့အချိန်က ဘုရင်ကြီးရဲ့မျက်နှာ ဘယ်လောက်တောင် တောက်ပသွားလဲဆိုတာကို ကြည့်လိုက်ပါလား။
လုံချီသည် လုလျန်ဝေ့အား အံ့သြစွာနှင့် စိုက်ကြည့်နေလေသည်။ သူတစ်ခုခုပြောချင်နေသေးသော်လည်း သူမနောက်၌ သူ့ဦးရီးတော်, ဘုရင်ကြီးရှိနေသောကြောင့် သူ့ဒေါသတွေအား မြိုသိပ်ထားလိုက်ရသည်။
သူအလျင်လိုနေခြင်းတော့ မဟုတ်ပေ။ သူ့တွင် အနာဂတ်အတွက် အချိန်များစွာရှိသေးသည်။ အခြားတစ်ဖက်၌ သူရဲ့ ဘကြီးတော်အတွက် အသက်ရှင်ရန် အချိန်တွေအများကြီး မကျန်တော့။အဆုံးတွင် လုလျန့်ဝေ ဆိုသည့် မိန်းကလေးသည် သူအပိုင်ဖြစ်ရန်အတွက် ကံပါလာပြီးသားဖြစ်သည်။
ထိုသည်အား စိတ်ထဲတွင်မှတ်လိုက်ပြီး လုံယန်အား ဦးညွတ်လိုက်သည်။
“ဦးရီးတော် ၊ အိမ်ရှေ့မင်းသမီးက နေသိပ်မကောင်းဘူးဆိုတော့ သူမရဲ့ အဆောင်ကိုအရင်လိုက်ပို့ပေးလိုက်ပါဦးမယ်။”
လုလျန့်ဝေအား ငုံ့ကြည့်ချင်စိတ်ကို ဖိနှိပ်၍ လုံချီသည် လုယွင်ရွှမ်းအား လက်ထဲ၌ ပွေ့ချီလိုက်သည်။အဆင်ပြေတယ်--- လုလျန့်ဝေက သူ့အပိုင်ပဲဖြစ်ရမှာ!
အိမ်ရှေ့စံမင်းသား နှင့် မင်းသမီး ထွက်သွားသည်အားမြင်ပြီးနောက် ချန်ချီးယွီနှင့် အရှေ့နန်းတော်မှမင်းသမီးများမှာ တုံဆိုင်းမနေတော့ဘဲ လုံယန်အား နှုတ်ဆက်ရန်အတွက် ရှေ့တိုးလာပြီး ဂါ၀ရပြုလိုက်ကြသည်။
အရှေ့နန်းတော်ဘက်မှသူအားလုံး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဧကရာဇ် ဥယျာဉ်၌ရှိနေခဲ့သည့် မငြိမ်သက်မှုများမှာလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။
မိဖုရားကြီးသည် သူမ၏ဆံပင်အား နားရွက်နောက်တွင် ညှပ်လိုက်၍ ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ
“အရှင်မင်းကြီး, ဧကရာဇ်ဥယျာဉ်ပွဲတော်ကို ပြင်ဆင်ပြီးသွားပါပြီ၊ ဒုတိယ ‘လု’ မင်းသမီးကိုဖိတ်ကြားချင်လို့၊ အဆင်ပြေပါရဲ့လားရှင်?”
လုံယန်ရဲ့အကြည့်သည် သူမအားလွှဲ၍ လုလျန့်ဝေဆီသို့သာ ရောက်ရှိနေပေသည်။
လုလျန့်ဝေသည် မင်းကြီးအားကြည့်လိုက်ပြီးနောက် မိဖုရားဆီသို့ ခေါင်းညိတ်ပြလိုက်သည်။
“လာခဲ့ပါမယ်၊ ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ် မိဖုရားကြီး”
မိဖုရားက ပွဲမှာစီစဉ်ပြီးသားဟု ပြောလာသဖြင့် ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်ပါက သူမအား မျက်နှာပျက်သွားစေလိမ့်မည်ပင်။ လုလျန့်ဝေသည် ထိုသို့သောပွဲတော်များအား မနှစ်သက်သော်လည်း နောက်တစ်ချိန်တွင် မိဖုရားကြီးနှင့် မလွဲမရှောင်သာ၍ တွေ့လိုက်ရသည်များရှိခဲ့ပါက သူ(မ)အနေဖြင့် စိတ်ကသိကအောက်မဖြစ်ချင်ပေ။
သူမ မျက်ခုံးပင့်လိုက်သည်အားမြင်၍ လုံယန်လည်း မျက်မှောင်ကြုတ်မိသွားသည်။သူမ ပါးစပ်မှဖွင့်မပြောခဲ့သော်လည်း ထိုကဲ့သို့ပွဲမျိုးတက်ရခြင်းအား သူ(မ) မနှစ်သက်သည်ကိုတော့ လုံယန်သိပေသည်။ သို့သော်လည်း၊ သူမက ဖိတ်ခေါ်မှုအား လက်ခံထားပြီးပြီဖြစ်သည့်အတွက် လုံယန်လည်း နှုတ်ဆိတ်၍သာနေနိုင်တော့သည်။
မိဖုရားကြီးသည် လုလျန့်ဝေက ပွဲတက်ရန် ချက်ချင်းသဘောတူလိုက်သဖြင့် အနည်းငယ် အံ့ဩသွားခဲ့လေသည်။သူမထင်ထားသည်က လုလျန့်ဝေဟာ မင်းကြီးရဲ့မေတ္တာအား ရရှိထားသဖြင့် မာန်ထောင်နေမည်ဟုပင်။ သို့သော်လည်း လက်တွေ့တွင်တော့ သူမ ထင်ထားသလိုဟုတ်မနေခဲ့။
သူမဟာ ခဏလောက် ရပ်လိုက်ပြီး လုံယန်အားကြည့်ကာ
လုံယန်က မိဖုရားအား မကြည့်ရသေးပေ။ သူသည်လည်း ယခုလိုပွဲတော်မျိုးအား ဝေဝေနှင့်တူညီစွာ မနှစ်သက်ပါပေ။ သို့သော် သူသာ ဝေဝေအား တစ်ယောက်တည်းလွှတ်လိုက်ပါက သူ(မ) အခြေအနေတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား?
သူပြန်ဖြေသည်အားမကြားသောကြောင့် ဝေဝေက လုံယန်အား မော့ကြည့်လိုက်သည်။ ထိုအချိန်၌ လုံယန်သည် ခန့်မှန်းရခက်ပြီး နက်နဲလှသော အကြည့်များနှင့် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမရဲ့နှလုံးသားလေး ခုန်သွားပြီး မင်းကြီးအား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
“အရှင်မင်းကြီး၊ အရှင့်မှာ နိုင်ငံ့အရေးတွေ ကိုင်တွယ်ဖြေရှင်းစရာရှိနေသေးရင် ကျွန်တော်မျိုးမအတွက် စိတ်မပူပါနဲ့။ မိဖုရားကြီးနဲ့ တခြားသူတွေက ကျွန်တော်မျိုးမကို စောင့်ရှောက်ကြပါလိမ့်မယ်။”
ထိုစကားကြားတော့ မိဖုရားကြီးက လုံယန်အားတစ်ချက် ပြန်ကြည့်လိုက်သည်။ မင်းကြီးရဲ့မျက်နှာတွင် ဒေါသထွက်နေသည့် အရိပ်အယောင်အား မြင်ရလိမ့်မည်ဟု သူမ မျှော်လင့်ထားသည်။
“နန်းတွင်းမိဖုရားတွေက နိုင်ငံ့ရေးရာတွေကို ပြောခဲ့မိရုံနဲ့ပဲ ကိုယ်လုပ်တော်ရာထူးဆင်းသွားကြတာ မဟုတ်လား? ဒါဆို ဝေဝေကရော?”
“အင်း၊ အင်ပါယာလေ့လာဖို့အတွက် မတက်ရောက်ရသေးတဲ့ နိုင်ငံရေးရာအစည်းအဝေးတွေ အစုလိုက်အပုံလိုက်ပဲ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်အစည်းအဝေးကိုအရင်သွားပြီး နိုင်ငံရေးကိစ္စတွေ အရင်ဖြေရှင်းလိုက်ဦးမယ်။ ပြီးမှပဲ နန်းတော်အပြင်မှာ မင်းကိုလာတွေ့မယ်လေ”
“မှန်လှပါ မင်းကြီး”
လုလျန့်ဝေက နာခံမှုရှိရှိ ပြန်ပြောလိုက်ကာ အပြုံးချိုချိုလေး ပြုံးပြလိုက်သည်။
လုံယန်ရဲ့နှလုံးသားလေးလည်း လှုပ်ခါသွားရပြီး သူရဲ့ ကျယ်လှတဲ့အင်္ကျီလက်၀မှ လက်သီးများအား တင်းတင်းကျပ်ကျပ်ဆုပ်ကာ သူမ၏ပါးပြင်လေးများအား ညင်သာစွာညစ်ပစ်ချင်တဲ့စိတ်ကို မနည်း ထိန်းချုပ်ထားလိုက်ရသည်။
သို့သော်လည်း ခဏအကြာ သူသည် ဘေးသို့လှည့်၍ သူဘေးနား၌ရှိနေဆဲဖြစ်သော လုလျန့်ဝေရဲ့လက်အား လျင်မြန်စွာ ဆုပ်ကိုင်ကာ သူ့၏အပြုအမူကို မည်သူမှမမြင်စေရန် သူ့ရဲ့အင်္ကျီလက်၀ကျယ်ကြီးနှင့် ဖုံးအုပ်ထားလိုက်တော့သည်။