← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 7 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 7 Ch. 325-327

Chapter 325:

ဘုရင်လည်း သူမရဲ့ရတနာပါ....

မထင်မှတ်ပဲ ရုတ်တရက်ကြီး ဒီလိုအခြေအနေတွေရောက်လာသည့်အတွက် သူမလက်ဆောင်ကို ချက်ချင်းပြင်လို့ကလည်း မရ‌နိုင်တော့ပေ။ အခုမှ သူမရဲ့ အစေခံတွေအား ပြန်သွားခိုင်းပြီး မင်းသမီးအတွက် လက်ဆောင်ယူလာခဲ့လို့အမိန့်ပေးလို့လည်း မဖြစ်နိုင်တော့ဘူးလေ။ ဟုတ်တယ်မလား။

သဲ့ဖေးနဲ့ ရှုဖေးတို့ရဲ့ စိတ်အားထက်သန်နေသည့် မျက်၀န်းတွေအောက်၌ သူမ ခဏ ရပ်တန့်သွားပြီး သူမရဲ့ လက်တွင်ဝတ်ဆင်ထားသည့် လက်ကောက်အား စိတ်ပျက်လက်ပျက်နှင့် ချွတ်လိုက်တော့သည်။

“ကျွန်တော်မျိုးမရဲ့ နန်းတော်မှာ သဲ့ဖေးနဲ့ ရှုဖေးတို့ထက် ပိုကောင်းတဲ့ ပိုင်ဆိုင်မှုတွေမရှိပါဘူး။ တန်ဖိုးထိုက်တဲ့ အရာဆိုလို့ ကျွန်တော်မျိုးမမှာ အခု၀တ်ထားတဲ့ လက်ကောက်လေးပဲရှိပါတယ်ရှင်။ ကျွန်တော်မျိုးမရဲ့ ရိုးသားမှုနဲ့ပေးတဲ့ လက်ဆောင်အသေးလေးကို ဘယ်လိုမှသဘောမထားပါနဲ့ ဒုတိယ လု သခင်မလေး”

ထိုသို့ပြောရင်း သူမရဲ့လက်ကောက်လေးအား သူ့နံဘေးရှိ နန်းတွင်းသူဆီသို့ အပ်လိုက်သည်။ နန်းတွင်းသူက ထိုလက်ကောက်ကို ဗန်းပေါ်သို့ အမြန်ချ၍ လုလျန့်ဝေဆီကို သွားဆက်သသည်။

ထိုမြင်ကွင်းကြောင့် သဲ့ဖေးနှင့် ရှုဖေး တို့ နှစ်ယောက်မှာ အံ့ဩသွားကြတော့သည်။

ကျီလင်းဟွေ့၏လက်ကောက်သည် အရင်မိဖုရားမှ ဂျီမိသားစုရဲ့ ကတော်အား ပေးထားသည့် ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ လက်ကောက်မှာ အင်မတန်ထူးခြားပြီး ဤကမ္ဘာပေါ်တွင် တစ်ခုတည်းရှိသည့်အမျိုးအစား ဖြစ်သဖြင့် အဖိုးတန်ကြောင်းဆိုတာ သိသာလှသည်။ ၎င်းမှာ ကျီလင်းဟွေ့ အလွန်တန်ဖိုးထားရသည့် ပစ္စည်းလေးဖြစ်ပြီး အခြားသူများ၏ အဖိုးတန်ပစ္စည်းများနှင့် လဲလှယ်ရန် ကမ်းလှမ်းမှုများကိုပင် အစဥ်အမြဲငြင်းဆိုခဲ့သော်လည်း ယခုအခါတွင်တော့ သူမသည် လုလျန့်ဝေအား ပေးချင်နေခဲ့ပြီဖြစ်သည်။

သဲ့ဖေးနှင့် ရှုဖေးတို့နှစ်ယောက်သည်လည်း ထိုအဖြစ်အပျက်အား မနာလိုနေသည့်မျက်နှာတွေနှင့် ကြည့်နေကြသည်။

လုလျန့်ဝေသည် နန်းတွင်းသူ လာဆက်သတဲ့ လက်ကောက်အား တစ်ချက် ကြည့်ကြည့်လိုက်ရာ ၎င်းလက်ကောက်သည် အမှန်တကယ်ပင် ထူးခြားကြောင်း တွေ့ရှိလိုက်ရသည်။ အလယ်တွင် သွေးနီရောင်သန်းနေပြီး လက်ကောက်တစ်ခုလုံးအား ကျောက်စိမ်းပုတ်ရောင်နှင့် လွှမ်းခြုံထားသောကြောင့် ချွင်းချက်မရှိ လှပနေခဲ့သည်။

လုလျန့်ဝေသည် တစ်ချက်မျှကြည့်ပြီးနောက် မျက်နှာလွှဲလိုက်၍ ကျီလင်းဟွေ့အား ပြောလိုက်သည်။

“ဒီလက်ကောက်က မိဖုရားတန်ဖိုးထားတဲ့ပစ္စည်းဆိုတာသိသာလှပါတယ် ၊ သူတစ်ပါးတန်ဖိုးထားရတဲ့ ရတနာကို ကျွန်တော်မျိုးမ မလုယူရဲပါဘူး။”

ကျီလင်းဟွေ့က စိတ်ထဲမှ ရယ်မိသွားလေသည်။ဘုရင်ကလည်း သူမရဲ့ရတနာဖြစ်ခဲ့တာပဲလေ။ ဒါပေမယ့်လည်း လုလျန့်ဝေက သူမဆီကနေ လုယူသွားတာပဲမဟုတ်လား။ ဒီလိုပြောတာ တော်တော်အရှက်မဲ့တာပဲ။

“ဒီဟာက သက်မဲ့ပစ္စည်းတစ်ခုပါပဲ၊ ကျွန်မ ဒီလောက်လေးကို‌တော့ ပေးနိုင်ပါသေးတယ်။ ဒါမှမဟုတ် ကျွန်တော်မျိုးမရဲ့ လက်ဆောင်က သခင်မလေးရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီလို့လား?”

လုလျန့်ဝေသာ ဤလက်ဆောင်အား နောက်တစ်ကြိမ် ထပ်မံ၍ ငြင်းဆိုလိုက်ဖို့ရန် မဖြစ်နိုင်တော့ပေ။ တခြားတစ်ဖက်ကလည်း သူမအား အတင်းပေးနေသဖြင့် ငြင်းဖို့အကြောင်းမရှိတော့။

ကျုးယွီက ပျော်သွားသော်လည်း သူမရဲ့ခံစားချက်တွေအား ထုတ်ဖော်မပြဖို့ရန် သူမရဲ့သခင်မပြောထားခဲ့သည်ကို သတိရသွားသည်။

ကျောက်ချန်က မိဖုရား သုံးယောက်လုံးအား ကြည့်လိုက်သည်။ အနည်းဆုံးတော့ သူမတို့သည် မိုက်မဲသောအရာများလုပ်ခဲ့သည့် ကွေ့ဖေးလိုမဟုတ်ဘဲ ဆင်ခြေတုံတရားအချို့ ရှိပုံရသည်။ ဒုတိယ လု သခင်မလေးဟာ ဘုရင်ကြီးတန်ဖိုးထားရတဲ့သူတစ်ယောက်ဖြစ်ကြောင်း ပိုင်းခြားသိမြင်တတ်သည့် သူတွေဖြစ်ပြီး သူတို့ရဲ့ရိုးသားမှုအား မည်သို့ပြသရမလဲဆိုသည်ကိုပင် သိရှိနေကြသည်။

လုလျန့်ဝေက အပြင်ကိုတစ်ချက်လှမ်းကြည့်၍ ထိုင်ရာမှ ထလိုက်ကာ...

“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းသမီးတို့။ အခု‌က နောက်ကျ‌နေပြီဖြစ်တာမို့ နန်းဆောင်ကို ပြန်လိုက်ပါဦးမယ်ရှင်။”

မိဖုရားသုံးယောက်လုံးသည် မပြန်နဲ့လို့ မပြောရဲကြချေ။ သူတို့ရဲ့ စိတ်ထဲ၌ မည်မျှပင် စိတ်တိုင်းမကျဖြစ်နေပါစေ သူတို့ရဲ့မျက်နှာ‌ထက်တွင်တော့ အပြုံးတုများ ဖန်တီးလိုက်ကြရသည်။

ပထမမိဖုရားသည် မတ်တပ်ရပ်၍ လုလျန့်ဝေရဲ့ လက်အား ပုတ်လိုက်ကာ သွယ်ဝိုက်စွာနှင့်

“သခင်မလေးက စကားပြောဆိုရာမှာ အတော်ယဉ်‌ကျေးလှပါတယ် ။ ကျွန်တော်မျိုးမတို့‌က မကြာခင်မှာ မိသားစု၀င်တွေဖြစ်တော့မှာဆိုတော့ နောက်ကျရင် တစ်ယောက်ကိုတစ်ယောက် ‘အစ်မတော် နှမတော်’လို့ပဲ ခေါ်ကြတာပေါ့။ “

လုလျန့်ဝေပြုံးလိုက်ပြီး ဘာမှ‌တော့ ပြန်မပြောခဲ့။ သူမသည် သူမတို့သုံးယောက်စလုံးအား ခေါင်းညိမ့်ပြလိုက်ပြီး ကျောက်ချီယန်နှင့်အတူ ဧကရာဇ်ဥယျာဉ်‌မှ ထွက်ခွာသွားတော့သည်။

သူမထွက်သွားသည်နှင့် ကျန်နေခဲ့သည့် မိဖုရားသုံးယောက်လုံးသည် ဟန်ဆောင်နေသည်များအား ချက်ချင်းရပ်လိုက်ပြီး သူမတို့ရဲ့သက်ဆိုင်ရာနန်းဆောင်ဆီသို့ ပြန်သွားကြလေသည်။

ပထမမိဖုရားသည် သူမရဲ့နန်းဆောင်သို့ ပြန်ရောက်သည်နှင့် ခွက်တစ်လုံးအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

“သူမကိုယ်သူမ တော်တော်မြင့်မြတ်တယ်များ ထင်နေတာလား”

နန်းဆောင်သို့ ပြန်ရောက်နေပြီဖြစ်သည့် ရှုဖေးကတော့ အကောင်းစားကြွေအိုးတစ်လုံးအား ဆွဲယူ၍ ပစ်ပေါက်တော့မည့်အချိန်တွင် တစ်စုံတစ်ခုကိုစဉ်းစားမိပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းလိုက်ရသည်။

ချိုင်ယွီကစဉ်းစားချင့်ချိန်၍ သူမအား အကောင်းစားမဟုတ်သည့် ပုံမှန်ခွက်လေးတစ်ခွက် ကမ်းပေးလိုက်သည်။

“မင်းသမီး ဒီဟာကို ပေါက်ခွဲလိုက်ပါလား ဒီတစ်ခုကအသံကောင်းတယ်”

သူမစကားသည် ရှုဖေးရဲ့ ဒေါသများအား ပျောက်ပြယ်သွားစေလေသည်။ ရှုဖေးသည် သူမလက်ထဲက ‌ကြွေအိုးလေးအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူမက လုလျန့်ဝေအတွက် ငွေတွေဖြုန်းပြီးသွားပြီးလေ။ ဘာလို့ ငွေပြန်ကုန်ရအောင် လုပ်နေအုံးမှာလဲ?

သူမသည် ကြွေအိုးအား ချထားလိုက်ပြီး ချိုင်ယွီဆီမှ ခွက်ကိုယူကာ ကြမ်းပြင်ပေါ်သို့ ပေါက်ပစ်လိုက်တော့သည်။ သူမကပဲ အားသိပ်မရှိတာလား ခွက်ကပဲ အတော်ခိုင်ခံ့နေတာလားတော့ မသိပေ။ ခွက်သည် မကွဲသွားဘဲ ကြမ်း‌ပြင်‌ပေါ်၌ တစ်ခါနှစ်ခါလောက်‌ လှိမ့်ကာ ရပ်သွားလေသည်။

Chapter 326:

လုံယန်က အနားကပ်လာသည်

ခွက်သည် မကွဲဘဲ ရှိနေသေးသဖြင့် ရှုဖေးလည်း အနည်းငယ် အံ့ဩသွားရသည်။ ချိုင်ယွီက မင်းသမီးနောက်တစ်ခါ မပစ်ပေါက်စေရန် ခွက်အား တိတ်တိတ်ကလေး ဖယ်ထားလိုက်သည်။

ထိုစဉ် ကျီလင်းဟွေ့က သူမရဲ့နန်းဆောင်သို့ ပြန်ရောက်ပြီး‌နောက် အချိန်ခဏမျှ ငြိမ်သက်နေခဲ့သည်။

ထို့နောက် သူမသည် အပ်တွေထည့်ထားသည့် သေတ္တာတစ်လုံးအား ထုတ်လိုက်သည်။ ထိုမြင်ကွင်းကြောင့် သူမရဲ့အစေခံဟာ တုန်တုန်ယင်ယင်ဖြစ်သွားခဲ့သော်လည်း ရှေ့သို့ခြေတစ်လှမ်းတိုး၍ သူမရဲ့ အင်္ကျီလက်စအား ပင့်တင်‌လိုက်သည်။ ကျီလင်းဟွေ့သည် သူမအား တစ်ချက်မျှမကြည့်ဘဲ အပ်များကို လက်တစ်ဆုပ်စာလောက် ထုတ်ယူလိုက်၍ သူမအစေခံရဲ့ လက်မောင်းထက်တွင် ထိုးစိုက်နေခဲ့သည်။

အနီးကပ်ကြည့်လျှင် အပ်စိုက်ရာအ‌ပေါက် များစွာအား တွေ့နိုင်မည်ဖြစ်ပြီး အရေပြားထက်တွင် အပ်စိုက်မခံထားရသည့် နေရာလွတ်ဟူ၍ ရှိမနေချေ။‌

အစေခံသည် နာကျင်မှုဒဏ်ကြောင့် ဖြူဖက်ဖြူရော်ဖြစ်နေသော်လည်း မအော်ရဲပေ။အကြိမ်ပေါင်းများစွာ ထိုးစိုက်ပြီးနောက်မှာတော့ ကျီလင်းဟွေ့သည် အသိစိတ်ပြန်ကပ်လာပုံရသည်။ သူမက အစေခံရဲ့ လက်မှ အပ်တွေအား ဂရုတစိုက်နှင့်ထုတ်ပေးလိုက်ပြီး သေချာလေး မှုတ်ပေးလိုက်သည်။

“ထည့်တွေးပေးလို့ ကျေးဇူးတင်ပါတယ် သခင်မလေး၊ မနာပါဘူး”

ရှောင်ရှက လွတ်ငြိမ်းချမ်းသာခွင့်ရသွားသလို အပြင်သို့ လျက်မြန်စွာ ထွက်သွားလိုက်သည်။သူမရဲ့သခင်မသာ အပြင်၌ စိတ်မချမ်းမြေ့စရာရှိခဲ့ပါက နာကျင်ရသူမှာ ရှောင်ရှပင်ဖြစ်သည်။ သခင်မသည် အများအားဖြင့် တည်ငြိမ်အေးဆေးသော်လည်း သူမရဲ့အစေခံများအား ပြစ်ဒဏ်ပေးရာတွင်တော့ အလွန်ရက်စက်လှသည်။

ဟိုအရင် ကျီအိမ်တော်၌ ရှိနေတုန်းက သခင်မသည် ယခုကဲ့သို့ မဟုတ်ခဲ့ချေ။ သူမရဲ့အကျင့်စရိုက်များသည် ဒီနန်းတော်ကိုရောက်ပြီးသည့်အခါမှသာလျှင် တခြားသူတစ်ယောက်လိုမျိုး ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ မှန်သည်။ သခင်မရဲ့ ရှိနေကျအကျင့်စရိုက်မှာတော့ အရင်အတိုင်းပင်ဖြစ်သည်။ သို့သော် သီးသန့် နှစ်ယောက်တည်း ရှိနေသည့်အချိန်ဆိုပါက သူမရဲ့ စိတ်မကြည်မှုများအားဖွင့်ထုတ်ဖို့ရန် သူမရဲ့ဝေရာဝစ္စများကိုလုပ်ပေးရသည့် အစေခံအား အမြဲဒဏ်ပေးလေ့ရှိသည်။

ရှောင်ရှသည် ရာသက်ပန်စာချုပ်ကြောင့် ငယ်စဥ်ကတည်းက သူမရဲ့သခင်မအား လုပ်ကျွေးပြုစုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမသည် သူမရဲ့ သခင်မလုပ်သမျှကို ငြိမ်ခံနေခဲ့ပြီး တခြားသူတွေဆီမှ ဖုံးကွယ်ပေးထားခဲ့ခြင်းပေ။

သူမသည် စင်္ကြံလမ်းတွင်ရပ်၍ သက်ပြင်းချရင်း ဤနေ့ရက်များ ဘယ်တော့မှအဆုံးသတ်မည်နည်းဟု တွေးနေမိသည်။

နန်းတော်သည် လူများအား မကောင်းသည့်စိတ်တွေ သွင်းပေးနေသည့် နေရာဖြစ်နိုင်ပေသည်။ အတိတ်က သူမရဲ့ အလွန်သဘောကောင်းတဲ့ သခင်မပင်လျှင် နန်းတော်၌ အကြာကြီးနေပြီးသည့်နောက် စိတ်အမြဲပြောင်းနေခဲ့သည်။

ထိုကိစ္စအား တွေးမိပြီး သူမလည်း အနည်းငယ်ထိတ်လန့်ပြီး တုန်လှုပ်သွားရသည်။

လုလျန့်ဝေသည် ကျောက်ချန်‌နောက်မှလိုက်၍ နိုင်ငံ့ရေးရာဆွေးနွေးသည့်အဆောင်ကို သွားလိုက်သည်။ သူမနန်းတော်ကနေ ထွက်ခွာတော့မည့်အကြောင်း လုံယန်အား အသိပေးခဲ့ရပေမည်။ လုံယန်မှာ နိုင်ငံ့အရေးအခင်းတွေအား သက်ဆိုင်ရာအရာရှိ‌များနှင့် ‌‌ဆွေးနွေးနေသဖြင့် ကျောက်‌ချီယန်သည် သူမအား ‌ဘေးဘက်က‌အ‌ဆောင်သို့ ခေါ်လာ၍ အနားယူ‌စေလိုက်သည်။

“ဒုတိယ လု မင်းသမီး သခင်ကြီးက ဆွေးနွေးတာပြီးသွားရင် နန်းတော်အပြင်မှာ သူကိုယ်တိုင် လာ‌တွေ့မှာပါ။ သခင်မ‌လေး ပင်ပန်း‌နေရင် တစ်‌‌ရေးတစ်‌မော‌လောက် အိပ်လိုက်ပါ”

လုလျန့်ဝေသည် လုံယန်တို့ ဆွေးနွေးချက် ကြာဦးမည်ဟုထင်သဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်ပြီ မင်းကြီးဆွေးနွေးပြီးသွားရင် ကျွန်မကိုအသိပေးပါ မိန်းမစိုးကျောက်”

“စိတ်ချပါ ချက်ချင်း အသိပေးပါ့မယ်”

ကျောက်ချန်က ပြုံးပြီးပြောလိုက်သည်။

ကျောက်ချန် ပြန်သွားသည်နှင့် လုလျန့်ဝေသည် ကျုးယွီ၏အကူအညီဖြင့် နူးညံ့အိစက်နေတဲ့ မွေ့ရာထက်တွင် လဲလျောင်းလိုက်သည်။ သူမတွင် ဘာမှလုပ်စရာမရှိတော့သဖြင့် တစ်ရေးတစ်မောအိပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

သို့သော်လည်း သူမ နိုးတဲ့အချိန်တွင် သူ‌မဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်၍ စာအုပ်ဖတ်နေသည့် လုံယန်အား မြင်လိုက်ရလေသည်။ သူမလည်း အနည်းငယ်တွေဝေသွားပြီး ချက်ချင်း ထထိုင်လိုက်သည်။

“ဘယ်လိုလို့ ဒီကိုရောက်နေတာလဲ။ ဆွေးနွေးတာတွေရော ပြီးသွားပြီလား”

လုံယန်က စာအုပ်ကြည့်နေရာမှ ခေါင်းမော့လိုက်ပြီး လုလျန့်ဝေရဲ့ ပန်းဆီရောင်သန်းနေသည့်မျက်နှာလေးအား သူရဲ့မေတ္တာအပြည့်ရှိတဲ့ မျက်လုံးတစ်စုံနှင့် ကြည့်လိုက်သည်။

“ဒါဆို ဒီလိုအချိန်မှာ ခဏလောက်ထပ်နေလိုက်တာက ကိစ္စမရှိပါဘူး”

လုံယန်က ရှေ့သို့ အနည်းငယ် ထပ်တိုးလာလေသည်။ ထိုသူရဲ့လတ်ဆတ်သည့် ထွက်သက်ဝင်သက်သည် သူမရဲ့ မျက်နှာ‌လေးအား ယားကျိကျိဖြစ်အောင် ကျီဆယ်နေခဲ့သည်

ထိုအချိန်မှပဲ လုလျန့်ဝေသည် မင်းကြီးဟာသူမနှင့် အတူထိုင်နေပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အတော်ကိုနီးကပ်လျက်ရှိနေသည်အား သတိထားမိခဲ့သည်။

Chapter 327:

မင်းကြီးရဲ့ ခြေထောက်တွေက တော်တော်ရှည်တာပဲ.....

လုလျန့်ဝေရဲ့ နီမြန်းနေပြီဖြစ်နေတဲ့ မျက်နှာလေးဟာ ပို၍ပင်နီရဲသွားတော့သည်။

“မင်းကြီး အလုပ်ပျက်မှာ စိုးရိမ်လို့ပါ...”

သူမတိုးတိုးလေးပြောလိုက်သည်။ ထို့နောက် သူမ တစ်ခုခုကိုသတိရသွားပြီး အိပ်ရာထက်တွင်တင်ထားသည့် သေတ္တာများအား ကောက်ယူကာ မင်းကြီးကို ပေးလိုက်သည်။

“အရှင့်ရဲ့ မိဖုရားတွေ လက်ဆောင်အဖြစ်နဲ့‌ပေးခဲ့တဲ့တာတွေပါ အခုတော့ ဒါတွေကို မင်းကြီးပဲယူလိုက်ထားပါတော့”

ထိုသို့ပြော‌ပြီး သူမသည် ကုတင်ပေါ်မှ အမြန်ဆင်းသွားလိုက်သည်။ လုံယန်ရဲ့ မျက်လုံးများမှာတောက်ပသွားပြီး သူ့ရဲ့ခြေတံရှည်ကြီးအား ရုတ်တရက်ရှေ့သို့ ဆန့်တန်းလိုက်သည်။ သူ ဒီလိုလုပ်လိမ့်မည်ဟုမထင်ထားတဲ့ လုလျန့်ဝေမှာ ခလုတ်တိုက်သွားပြီး ဟန်ချက်မထိန်းနိုင်တော့ဘဲ လဲကျမလိုဖြစ်သွားတော့သည်။

သူမ အော်လိုက်သော်လည်း လုံယန်က သူရဲ့လက်များအား ဆန့်ထုတ်၍ လုလျန့်ဝေမလဲကျသွား‌စေရန် ဖမ်းဆီးလိုက်သည်။

လုလျန့်ဝေသည် သူရဲ့ရင်ခွင်ထဲရောက်သွားပြီး သူမ ဘာတွေဖြစ်သွားသနည်းဆိုတာ ချိတ်ဆက်စဉ်းစားနေချိန် ထိုလူ၏ယောကျာ်းဆန်သော အသံဩဩကို ကြားလိုက်ရသည်။

လုံယန်က သူရဲ့ခြေတံရှည်ကြီးအား တစ်ချက်ကြည့်လိုက်ပြီး

“အို့...တမင်တကာလုပ်လိုက်တာ မဟုတ်ပါဘူး ကိုယ်တော့်ခြေထောက်တွေက ရှည်နေတော့ မတော်တဆဖြစ်သွားတာပါ”

သူမ သူ့အားကြည့်လိုက်သည့်အခါမှာတော့ ထိုသူရဲ့ ရှည်ပြီး ဖြောင့်တန်းနေတဲ့ ခြေတံကြီးဟာ ထိုသူ၀တ်ထားတဲ့ အဖြူရောင်ဘောင်းဘီနဲ့ အတော်ကိုလိုက်ဖက်ပြီး ဆွဲဆောင်မှုရှိနေသည်ကို သတိထားမိလိုက်သည်။

ဒါပေမယ့်လည်း အခုအချိန်မှာ ဘယ်သူကအဲ့အကြောင်းကို ချီးမွမ်းပြောဆိုနေချင်မှာလဲ? ပြီးတော့သူက ရည်ရွယ်ချက်ရှိရှိနဲ့ ခြေထိုးလိုက်တာပဲဟာ!

ခြေထောက်အကြောင်းပြောမှ သူမ တစ်ခုခုအား သတိရသွားခဲ့သည်။ ထို့နောက်မှာတော့ သူမသည် တင်ပါးမီးလောင်သွားသလိုမျိုး ထခုန်မိသွားလေတယ်။

လုံယန်က အနည်းငယ်ကြောင်သွားသော်လည်း ဘာမှတော့ထပ်မမေးလိုက်ပေ။ သူသည် သူရဲ့ အင်္ကျီအား ပြင်ဆင်ပြီး ထိုင်ရာမှ ထလိုက်သည်။

“သွားကြရအောင် ကိုယ်မင်းကို လိုက်ပို့ပေးမယ်”

သူသည် စကားပြောရင်း သေတ္တာများအား မွေ့ရာပေါ် သို့ ပြန်ချထားလိုက်သည်။

“သူတို့က မင်းကို လေးစားသမှုနဲ့ ပေးခဲ့တဲ့လက်ဆောင်တွေပဲလေ။ မင်းပဲသိမ်းထားလိုက်ပါ”

လုလျန်ဝေက ထိုသူ့အား တစ်ချက်ကြည့်လိုက်သည်။ သူမသည် နောက်နေ့တွင် သူမရဲ့အဘွားနှင့် ထန်းကျိုးတောင်သို့သွားမည့်အကြောင်း မင်းကြီးအား ပြောပြရန် ရည်ရွယ်ထားသော်လည်း ခုနကထိုသူရဲ့ လုပ်ရပ်ကြောင့် စိတ်ပြောင်းပြီး မပြောတော့ဘဲနေလိုက်သည်။

ထိုအကြောင်းအားတွေး၍ သူမက သူ့အား ပြုံးသယောင်ယောင်နဲ့ ကြည့်လိုက်သည်။ ထို့နောက် သူမသည် မင်းကြီးကမ်းပေးနေသည့် သေတ္တာအား ယူလိုက်လေသည်။

လုံယန်က ခေတ္တမျှ ရပ်သွားခဲ့သည်။ သူမက သူ့ဆီကနေ တစ်ခုခုအား ဖုံးကွယ်ထားတယ်ဆိုသည့် ခံစားချက်ကို သူခံစားနေရသည်။

လုလျန့်ဝေက အပြစ်ကင်းတဲ့မျက်နှာလေးနှင့် ပြောလိုက်ပြီး ရှေ့တည့်တည့်ကို ၀မ်းသာအားရလမ်းလျှောက်လာသည်။

လုံယန်သည် တစ်ခုခုတော့ မှားနေပြီလို့ ခံစားမိနေသေးသည်။ သူမ ခုနကပဲ စိတ်ဆိုးတာလေ။ အခုကျတော့ စိတ်ကြည်နေတယ်။

သူမကို စိတ်ချမ်းသာသွားအောင် သူဘာလုပ်လိုက်မိလို့လဲ။ မိဖုရားတွေပေးခဲ့တဲ့ သေတ္တာတွေကို ပြန်ပေးလိုက်လို့တော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား?

လုံယန်သည် သူ့ရဲ့ မျက်ခုံးတစ်ဖက်အား ပင့်တင်လိုက်သည်။ အဲ့တော့ သူမက ဒီလိုမျိုး လက်၀တ်လက်စားတွေကို ကြိုက်တာပေါ့။

သူက ဤအချက်အား စိတ်ထဲတွင် မှတ်ထားလိုက်ပြီး ကျောက်ချန်ကို လုလျန့်ဝေအတွက် လက်၀တ်လက်စားလှလှလေးတွေကို ရွေးခိုင်းထားရမည်ဟု တွေးထားလိုက်သည်။

နန်းတော်၀င်ပေါက်သို့ ရောက်သည်အချိန်၌ လုလျန့်ဝေသည် သူမနှင့် စကားထပ်ပြောချင်နေသေးသည့် လုံယန်အား ရပ်တန့်စေလိုက်သည်။

“မင်းကြီး ဒီကစပြီး ကျွန်တော်မျိုးမဘာသာပဲ ပြန်သွားလိုက်ပါတော့မယ်။ အရှင့်မှာ အလုပ်တွေရှိသေးတယ်မလား။ ကျွန်တော်မျိုးမအတွက် အလုပ်ရှုပ်မခံပါနဲ့”

လုံယန်က ဘာမှထွေထွေထူးထူး စဉ်းစားမနေဘဲ ပြောလိုက်သည်။

“လုပ်ရမယ့်အလုပ်တွေက အကုန်ပြီးသွားပြီ ကိုယ်မင်းကို မြို့စားအိမ်တော်ဆီ ပြန်ပို့ပေးမယ်။”

လုလျန့်ဝေက မင်းကြီးပြောတာကို ငြင်းလိုက်၍ စိုးရွံ့စွာ ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်တော်မျိုးမက ဈေး၀ယ်ထွက်ချင်သေးတယ်၊ မင်းကြီးလိုက်လာမယ်ဆိုရင် အဆင်မပြေဖြစ်ပါတယ်”

လုလျန့်ဝေက ခြေဖျားအား ထောက်၍ မင်းကြီးပုခုံးအားမှီကာ သူရဲ့နားနားကပ်ပြီး တီးတိုးပြောလိုက်သည်။

ထိုမိန်းကလေးရဲ့ ထူးခြားတဲ့ကိုယ်သင်းနံ့တွင် လုံယန်မှာ နစ်မျောသွားပြီး သူမရဲ့နူးညံ့တဲ့ ခန္ဓာကိုယ်သည် သူရဲ့လက်နှင့် ပွတ်သပ်မိသွားသည်နှင့် မင်းကြီးမှာလည်း ကျောက်ရုပ်တစ်ခုကဲ့သို့ ရပ်တန့်သွားလေတော့သည်။

All Chapters