← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 7 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 7 Ch. 328-330

Chapter328:

ထိတွေ့မှုဟာ တံဆိပ်နှိပ်ခံလိုက်ရသလို ပူလောင်နေပါရောလား....

မိန်းမငယ်လေးရဲ့ နွေး‌ထွေးတဲ့ အသံရှုသံသည် သူရဲ့နားအား မသိမသာရိုက်ခတ်သွားလေသည်။ သူရဲ့ ချောမောလှသည့် မျက်နှာထက်တွင် ရှက်သွေးဖြာသည့် အရိပ်အယောင်များ ပေါ်လာပြီး သူ့နားရွက်လေးများမှာလည်း နီရဲသွားတော့သည်။

သူအသိစိတ်ပြန်ဝင်လာချိန်မှာတော့ မိန်းကလေးမှာ နောက်သို့ဆုတ်သွားပြီဖြစ်ပြီး သူနှင့် ခြေနှစ်လမ်းအကွာတွင် ရှိနေခဲ့သည်။ သူမသည် သူ့အား တောက်ပသည့်အပြုံးတစ်ခု ပေးလာသည်။

“အရှင်ကဒီမှာပဲနေခဲ့ပါ။ ကျွန်မပြန်လိုက်ပါဦးမယ်ရှင်။”

လုလျန့်ဝေပြောစရာရှိတာပြောပြီးနောက်၌ မြင်းလှည်းပေါ်တက်ရန် လှည့်လိုက်တော့သည်။ သူမ မြင်းလှည်းပေါ်သို့ ရောက်သည်နှင့် မင်းကြီးအားနှုတ်ဆက်ရန် တွေးမိသွားသည်။

“ကျွန်မသွားပါတော့မယ် အရှင်မင်းကြီး”

လုံယန်လည်း လှည်းရှိပြတင်းပေါက်က ကန့်လန့်ကာအား ဆွဲလိုက်သည်ကိုမြင်လိုက်သဖြင့် သူရဲ့စိတ်ကူးယဥ်ကမ္ဘာထဲမှ နိုးထလာခဲ့တော့သည်။ သူသည် မြင်းလှည်း၏ ပြတင်း‌ပေါက်ဆီသို့ ‌လျှောက်သွား၍ သူရဲ့လက်ချောင်းသွယ်သွယ်လေးများအား ကွေးလိုက်ကာ ပြတင်းပေါက်တံခါးကို ခေါက်လိုက်သည်။

လှည်းထဲမှာထိုင်နေပြီဖြစ်တဲ့ လုလျန့်ဝေမှာ ထိုသူ့ရဲ့ အသံအား ကြားလိုက်သဖြင့် နှလုံးခုန်သံတစ်ချက် ရပ်သွားတော့သည်။ သူမသည် လက်ထဲမှ ပုဝါအားဆုပ်ကိုင်ရင်းဖြင့် မြန်ဆန်နေသည့် ရင်ခုန်သံအား ငြိမ်သက်သွားစေရန် ကြိုးစားနေခဲ့သည်။ ထို့နောက် ကန့်လန့်ကာလေးအား ဖွင့်၍ ပြတင်းပေါက်အနီးသို့ ကပ်သွားလိုက်သည်။

အပြင်တွင် ရပ်နေသည့်သူကိုမြင်တော့ သူမရဲ့နှုတ်ခမ်းများအား တင်းကျပ်စွာဖိထားလိုက်သည်။

သူမရဲ့ နဖူးထက်မှ နူးညံ့စိုစွတ်သည့် အထိအတွေ့တစ်ခုကြောင့် သူမစကားပြောတာ ရုတ်တရက် ရပ်တန့်သွားပြီး ဘယ်လို တုံံ့ပြန်ရမှန်းမသိ ဖြစ်သွားတော့သည်။

ထို့နောက်မှာတော့ လုံယန်က နောက်သို့ပြန်ဆုတ်၍ ပြတင်းပေါက်၀က မိန်းကလေးရဲ့ အံ့ဩသွားတဲ့မျက်နှာလေးအား ကြည့်လိုက်သည်။ သူ့ရဲ့နှုတ်ခမ်းထောင့်လေးတွေဟာ ပြုံးစပြုလာပြီး

ကန့်လန့်ကာအား ပြန်ချလိုက်သည့်အခါ‌တွင်တော့ လုလျန့်ဝေသည် သူမရဲ့ရှေ့ကို ဘာမှမမြင်ရတော့ဘဲ သူမရဲ့မျက်နှာ‌သေးသေးလေးမှာလည်း အနီရောင်သန်းလာခဲ့တော့သည်။

မြင်းလှည်းသည် စတင်၍ ဖြည်းညှင်းစွာ ရွေ့လျားလာသည့် အချိန်တွင်တော့ လုလျန့်ဝေသည်သူမရဲ့အနမ်းခံလိုက်ရသည့် နဖူးလေးအား ပွတ်သပ်လိုက်သည်။ သူမရဲ့ နဖူးသည် မင်းကြီး၏အထိအတွေ့ကြောင့် တံဆိပ်နှိပ်ခံလိုက်ရသကဲ့သို့ ပူလောင်နေသလိုမျိုး ခံစားလိုက်ရသည်။

ကိုယ်ရောင်ဖျောက်နေခဲ့သည့် ကျုးယွီကတော့ သူ့ပါးစပ်အားကာ၍ ပြုံးစိစိလုပ်နေလေသည်။

မင်းကြီးက သခင်မလေးအပေါ်မှာ သိပ်ကိုသိမ်သိမ်မွေ့မွေ့ရှိတာပဲနော်။ အဲ့ဒါကြောင့် သခင်မလေးမှာ ရှက်‌သွေးတွေတောင် ဖြာလို့။

“သခင်မလေး ကျွန်တော်မျိုးမတို့ အိမ်တော်ကိုပဲ တောက်လျှောက်ပြန်လိုက်မလား ဒါမှမဟုတ် တခြားသွားစရာ ရှိသေးလားရှင့်”

လုလျန့်ဝေသည် သူမရဲ့ ပါးနီနီလေးအားထိ၍ အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။

ကျုးယွီကခေါင်းရှုပ်သွားပြီး သူမအား ကြည့်လိုက်သည်

လုလျန့်ဝေက သူမပေါင်ပေါ်ရှိ သေတ္တာလေးတွေကို ရိုက်ပြလိုက်သည်။

ထိုစကားအားကြားပြီး ကျုးယွီမှာ စိုးရိမ်သွားတော့သည်။

“ဒါတွေက မိဖုရားတွေ သခင်မလေးကို ပေးထားတဲ့ လက်ဆောင်တွေပါ။ ချက်ချင်းကြီး သွားပေါင်မယ်ဆိုတာတော့ မသင့်တော်ပါဘူး။ ပြီးတော့ သခင်မလေး ငွေလိုနေတယ်ဆိုရင်လည်း မြို့စားမင်းဆီကနေ တောင်းလို့ရတာပဲဟာ”

“ဟုတ်ပါ့နော် ငါ ဘာလို့ဒါကို မစဉ်းစားမိပါလိမ့်, ငွေတွေကို သူ့ဆီကနေ နောက်တစ်ခေါက်မှပဲ တောင်းတော့မယ်။”

ကျုးယွီက အနည်းငယ်အံ့ဩသွားသည်။ မင်းသမီးက ဘယ်အချိန်ကစပြီး ငွေမက်တဲ့သူ ဖြစ်သွားရတာလဲ။

“ဒီပစ္စည်းတွေက ဘယ်‌‌လောက်ပဲလှပပြီးတန်ဖိုးရှိနေပါစေ သူတို့တွေက ငွေသေတွေပဲလေ။ ငါသိမ်းထားမယ်ဆိုလည်း အဆင်တန်ဆာအဖြစ်နဲ့ပဲ ရှိနေမှာ။ ဒါကြောင့် အဲ့ဒါတွေကို ငွေနဲ့ လဲလှယ်ရမယ်။ အနည်းဆုံးတော့ ဒါတွေကရုံရုံ နဲ့ ကျန်‌တဲ့သူတွေအတွက် အကူအညီဖြစ်သွားနိုင်တယ်။”

ဒါတွေက ပထမမိဖုရားနှင့် တခြားသူများမှ ပေးထားသည့် လက်ဆောင်တွေဖြစ်သော်လည်း သူမအတွက် ထိုလက်ဝတ်ရတနာများအား ဘယ်တော့မှ ၀တ်ဖြစ်မှာမဟုတ်ချေ။ ထို့ကြောင့် ထိုရတနာများအား ဒီတိုင်းသိမ်းထားလိုက်မည်ဆိုပါက ဖြုန်းတီးရာကျလေသည်။ ထို့အပြင် သူမမှာလည်း လက်၀တ်တန်ဆာ များစွာရှိနေသေးသည်ပင်။ သူမသည် မြို့စားမင်းရဲ့ ပထမအိမ်ထောင်မှရသည့် တစ်ဦးတည်းသောသမီးလည်း ဖြစ်သဖြင့် သူ့မအခန်း၌ အကောင်းစားပစ္စည်းတွေ အပြည့်ပင်။

ဒီပစ္စည်းတွေကတော့ သူများတွေပေးထားတဲ့ လက်ဆောင်တွေဖြစ်သည့်အတွက် ပြဿနာရှိလာနိုင်ပေသည်။

ကျုးယွီသည် သူမရဲ့သခင်မ စိတ်ပိုင်းဖြတ်ထားသည်အား တွေ့သဖြင့် ဘာမှပြန်မပြောတော့ပဲ မတ်တပ်ရပ်လိုက်၍ မြင်းလှည်းမောင်းနေတဲ့ ကုအာဆီသွားကာ အမိန့်ပေးလိုက်သည်။

ရထားပေါ်သို့ သူမပြန်ရောက်သောအခါ ကျူးယွီ သည် အနည်းငယ်စိုးရိမ်နေသေးသည်။

“သခင်မလေး ဒီလိုလုပ်တာ သင့်တော်ပါ့မလား။ မင်းသမီးတွေ သိသွားရင် အလွတ်ပေးမှာတော့မဟုတ်ဘူးနော်။”

“ဘာမဖြစ်ပါဘူး သူတို့ ဒီလိုလုပ်တာကို မကြိုက်ရင်တောင် သူတို့ ဒီအ‌ကြောင်းဖွင့်ပြောကြမှာမဟုတ်ဘူး။ သူတို့ကငါ့ကို မုန်းပြီးသားပဲ။ ငါ့ကို မုန်းရတဲ့‌အကြောင်းအရင်းတစ်ခုလောက် ထပ်တိုးသွားတာက သူတို့အတွက် သိပ်ထူးခြားသွားမှာမဟုတ်ပါဘူး”

ကျုးယွီက ထိုစကားအားကြားသော် စိုးရိမ်တကြီးနှင့် ပြောလာသည်။

“သူတို့က ဘယ်လိုလုပ်မုန်းရဲတာလဲ”

လုလျန့်ဝေက ရယ်လိုက်ပြီး

“သူတို့က ဘာလို့ မမုန်းရဲရမှာလဲ”

Chapter 329:

အဝေးမှာရှိတဲ့ ရေဟာ အနီးနားက မီးကို မငြိမ်းနိုင်....

ကျုးယွီက သူမစကားအား သဘောမတူပေ။

“သခင်မလေး, သခင်မလေးက အနာဂတ်မှာ နိုင်ငံ့အရေးတွေကိုင်တွယ်ဆောင်ရွယ်ရမယ့် ဧကရီတစ်ပါးဖြစ်လာမယ့်သူပါ။ ကျွန်တော်မျိုးမ သိတာကတော့ မင်းကြီးကသခင်မလေးကို အရမ်းနှစ်သက်ပြီး သဲ့ဖေးနဲ့တခြားသူတွေကလည်း ဒါကိုသတိထားမိကြပါတယ်။ သူတို့ကတောင် သခင်မလေးကိုဆက်သဖို့ စိတ်လှုပ်ရှားနေကြရမှာပါ။ အဲ့တာကြောင့် သူတို့က ဘယ်လိုဖြစ်ပြီး သခင်မလေးကို မထီမဲ့မြင်လုပ်ရဲမှာလဲ”

လုံယန်က သူမကို အရမ်းနှစ်သက်တာလား။လုလျန့်ဝေက အချိန်ခဏမျှ အံ့ဩမင်သက်သွားသည်။ သူမက ထိုအကြောင်းအား စဉ်းစားပြီးနောက် ထိုသူသည် သူမအား အတော်သဘောကျတယ်ဆိုတာ သတိပြုမိသွားတော့သည်။

သူမသတိပြုမိသွားသည်နှင့်အမျှ သူမရဲ့ စိတ်ထဲတွင်လည်း နွေးထွေးချိုမြိန်မှုလေးကို ခံစားလိုက်ရသည်။

ထို့နေနာက် တခြားအတွေးတစ်ခုက သူမစိတ်ထဲရောက်လာပြီး ကျုးယွီရဲ့ ဆံပင်အား သပ်ပေးလိုက်သည်။ ကျုးယွီသည် ဘာမှမသိသေးသည့် ဖြူစင်ရိုးသားသော ကောင်မလေးတစ်ယောက်သာဖြစ်ပေသည်။

“ရူးလိုက်တဲ့ ကောင်မလေး.... သူတို့က ငါ့ကိုဆက်သမယ်ဆိုတာ သူတို့လုပ်ချင်နေတဲ့အရာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့်လည်း အဲ့ဒါက သူတို့ရဲ့ စိတ်ထဲမှာ တခြားအကြံအစည်တွေမရှိဘူးလို့ တပ်အပ်မပြောနိုင်ဘူးလေ။ သူတို့ဘာကြံနေလဲဆိုတာ ဘယ်သူကသိနိုင်မှာလဲ။ သူတို့က အခုတောင် ငါသေဖို့အတွက်ဆုတောင်းနေချင် ဆုတောင်းနေကြမှာ။ ဒါပေမယ့်လည်း သူတို့ကအဲ့ဒါတွေကို ထုတ်ပြောနေမှာတော့ မဟုတ်ဘူး။”

ကျုးယွီလည်း ထိုစကားကြောင့် ဒေါသထွက်သွားပြီး

“သခင်မလေးပြောပုံအရဆိုရင် သခင်မလေး နန်းတော်မှာ ခြေချလိုက်တာနဲ့ သူမတို့တွေက သခင်မလေးကိုအန္တရာယ်ပေးနိုင်တယ်လို့ ဆိုလိုတာလား”

မြို့စားမင်းအိမ်တော်မှာဆိုပါက သခင်မလေးအားကာကွယ်ပေးဖို့ရန် မြိုးစားမင်းရော၊ မြို့စားကတော်ရော၊ အမွေဆက်ခံသူရောရှိပေသည်။ သို့သော်လည်း သူမ နန်းတော်မှာနေလျှင် ဘယ်လိုပဲ မြို့စားမင်းအိမ်တော်မှလူတွေက သခင်မလေးနောက်မှာရှိနေပါစေ၊ အဝေးမှာရှိတဲ့ ရေက အနီးနားက မီးကို မငြိမ်းသက်နိုင်စွမ်းမရှိပေ။

ကျုးယွီက ထိုအကြောင်းအား စဉ်းစားလေလေ၊ ပိုပြီးစိတ်ပူလေလေဖြစ်လာတော့သည်။ မင်းကြီးရဲ့မျက်လုံးအား ဖမ်းစားလိုက်နိုင်သည့် သခင်မလေးအတွက် သူမရဲ့ ပျော်ရွှင်မှုတွေတောင် ပျောက်ကွယ်ချင်သလိုလို ဖြစ်လာခဲ့သည်။

ဧကရီဆိုသည့် ရာထူးမှာ မြင့်မြတ်ကောင်းမြင့်မြတ်နေလိမ့်မည်။ သို့သော် သခင်မလေး ဧကရီဖြစ်သွားခဲ့ရင်တောင် သူမကိုင်တွယ်လို့ မရနိုင်မည့် ပြဿနာတွေက ရှိနေအုံးမည်ပင်။

လုလျန့်ဝေက မျက်မှောင်နည်းနည်းကြုံ့လိုက်ပြီး

“အခုတော့ ဘယ်သူမှ သေချာမသိကြသေးပါဘူး။ စိတ်မပူပါနဲ့၊ မင်းရဲ့ သခင်မလေးက အားမနည်းပါဘူး။ သူတို့တွေသာ ငါ့အ‌ပေါ် တစ်ခုခုလုပ်လာရင် ငါလည်းငြိမ်ခံနေမှာမဟုတ်ဘူး။”

ကျုးယွီသည် ထိုစကားကြောင့် သူမရဲ့သခင်မလေးအား စိုက်ကြည့်နေမိသည်။ သူမရဲ့ သခင်မလေးသည် အရင်ကနှင့် လုံး၀ဆန့်ကျင်ဘက်ဖြစ်လာသည်ဟု သူမ ခံစားနေရသည်။ အရင်ကသခင်မလေးသာ ကျုးယွီအခုနကပြောလိုက်သည့် စကားအားကြားမည်ဆိုပါက ဒေါသူပုန်ထပြီး ရန်သူဘက်ကို ဒုက္ခလှလှပေးရန် အကြံထုတ်နေလောက်ပြီပင်။

သို့သော်လည်း အခုသခင်မလေးကတော့ ပိုတည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိနေသည်။ အကြောင်းတစ်ခုခုကြောင့် ထိုပုံစံမှာ ကျုးယွီအား လုံခြုံမှုပေးနေခဲ့သည်။

“ဟုတ်ပါပြီ။ ကျွန်တော်မျိုးမကတော့ သခင်မလေးဘက်မှာပဲ အမြဲရှိနေမှာပါ”

လုလျန်‌‌့ဝေ နှလုံးသားထဲ၌ နွေးထွေးကြင်နာမှုများ ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူမသည် ဒီကောင်မလေးတစ်ယောက်ကို‌တော့ အမဲစက်မတင်စေချင်ပေ။

“မဟုတ်တာတွေ မပြောပါနဲ့၊ မင်းလည်း မင်းသဘောကျတဲ့သူနဲ့တွေ့ရင်တော့ ငါလည်းမင်းကိုပျော်ရွှင်ခွင့်ပေးမှာပါ။”

ကျုးယွီက ခေတ္တမျှ အံ့ဩငြိမ်သက်သွားသည်။ သူမ သဘောကျတဲ့သူတွေ့ရင်လား။

ချောမောပြီး အရပ်ရှည်သည့် အသွင်သဏ္ဍာန်တစ်ခုသည် သူမရဲ့ စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုအတွေးအား ဖယ်ရှားရန် ခေါင်းခါလိုက်ပြီး

“ကျွန်တော်မျိုးမ သဘောကျတဲ့သူမရှိပါဘူး”

“အခု သဘောကျတဲ့သူမရှိရင်တောင် နောင်ကျရင်‌တော့ သဘောကျရတဲ့သူကို တွေ့သွားမှာပေါ့”

သူမက အဲ့အကြောင်းကိုစဉ်းစားလိုက်ပြီး ပထမမိဖုရား ပေးထားသည့် ကျောက်စိမ်းလက်‌ကောက်တစ်စုံကို ကျူးယွီအား ပေးလိုက်သည်။ ကျူးယွီသည် ၀မ်းသာရွှင်ပြသွားသော်လည်း လက်ဆောင်အား ချက်ချင်းငြင်းဆန်လိုက်သည်။

“ဒီဟာကိုကျွန်တော်မျိုးမ လက်မခံပါရစေနဲ့။ သခင်မလေး”

ဤလက်ကောက်တစ်စုံအား ပေးလိုက်ခြင်းမှာ လုလျန့်ဝေအတွက်တော့ ဘာမှမဖြစ်ပေ။ သူမရဲ့အခန်းထဲ၌ တူညီသော လက်၀တ်ရတနာများ များစွာရှိသေးသည်ပင်။ ထို့အပြင် ဤလက်ကောက်များသည် အရည်အသွေးမြင့်သောကြောင့် ပေါင်လိုက်ပါကလည်း နှမျောစရာကောင်းလှသည်။ ကျုးယွီမှာ လုလျန့်ဝေရဲ့ လူယုံတော်ဖြစ်သဖြင့် သူမအား ပေးလိုက်သည်က မည်သည့်ပြဿနာမှရှိမနေချေ။။

“ဒီလက်ကောက်တစ်စုံက မင်းအတွက်ပဲ။ ယူထားလိုက်”

ကျုးယွီသည် ဆက်ငြင်းမနေရဲတော့သောကြောင့် လုလျန့်ဝေ ပြောလိုက်သည်အား ကြားကြားချင်မှာတင် တုန်တုန်လှုပ်လှုပ်နှင့် ထိုလက်ကောက်လေးများအား ယူလိုက်တော့သည်။

လုလျန့်ဝေက သူမ၏ပုံစံကြောင့် အနည်းငယ် စိတ်တိုသွားသော်လည်း ဘာမှတော့ မပြောလိုက်ပေ။

နောက်ဆုံးတွင် သူတို့သည် အပေါင်ဆိုင်သို့ ရောက်ရှိသွားပြီဖြစ်သည်။ လုလျန့်ဝေက ရှုဖေးလက်ဆောင်အဖြစ် ပေးထားသည့် ဆံထိုးများပါသော သေ‌‌တ္တာအား အပေါင်ထားလိုက်သည်။ သို့သော်လည်း တတိယမိဖုရား ပေးခဲ့သည့်လက်ကောက်လေးကိုတော့ မပေါင်ခဲ့လိုက်ပေ။ နောက်ဆုံးတွင်တော့ ထိုလက်ကောက်သည် အရင်ဧကရီက ချန်ထားခဲ့သည့် ပစ္စည်းလေးပင်ဖြစ်သည်။

သဲ့‌ဖေး၊ ရှုဖေးတို့နှင့် ခြားနားစွာ လက်ဆောင်တွေကြိုပြင်မလာခဲ့ရသည့် တတိယမိဖုရားသည် ထိုလက်ကောက်လေးအား လက်ဆောင်အဖြစ်ပေးရန် အတင်းတိုက်တွန်းခံလိုက်ရသည်အား သူမသတိပြုမိပေသည်။

သူမသည် တတိယမိဖုရားထံမှ လက်ကောက်အား မူလကတည်းက ယူဖို့အစီအစဉ်မရှိခဲ့ပေ။၊ ဟုတ်တာပေါ့။ သူမလည်း သူများစိတ်ထဲကမပါဘဲ ပေးထားတဲ့လက်ဆောင်ကို ငွေ‌စတွေနဲ့တော့ မလဲလှယ်နိုင်ပါဘူး။

Chapter 330:

မနေ့ကခေါင်းလျှော်ထားလို့ တော်သေးတယ်....

လုလျန့်ဝေသည် မြင်းလှည်းပေါ် ပြန်ထိုင်၍ သူမလက်ထဲက ငွေများအား ရေတွက်လိုက်သည်။ အားလုံးပေါင်းပါက ငွေစတစ်ထောင်ရှိနေပေသည်။

ရှုဖေးရဲ့ ဆံထိုးသေတ္တာမှာ အမှန်ပင် တန်ဖိုးရှိလှသည်။

လုလျန့်ဝေသည် ပိုနေသည့် အကြွေများအား ကျူးယွီကိုပေးလိုက်ပြီး အမိန့်ပေးလိုက်သည်။

“မြို့အနောက်ဘက်ကို သွားမယ်”

“ဟုတ်ကဲ့ပါ သခင်မလေး”

ကုအာက အပြင်ဘက်မှ ပြန်ဖြေ၍ မြင်းလှည်းအား မြို့နောက်ဘက်သို့ ဦးတည်လိုက်သည်။

သူတို့ရောက်ပြီး သိပ်မကြာခင်၊ လုလျန့်ဝေ လှည်းပေါ်မှ ဆင်းလာသည့်အချိန်၌ တောင်းစားနေသော အမျိုးသမီးတစ်ယောက်မှာ သူမနားသို့ ချဉ်းကပ်လာလေသည်။

ထိုအမျိုးသမီးရဲ့ မျက်နှာမှာ ညစ်ပေနေပြီး အင်္ကျီအစုတ်အပြဲများကိုလည်း ၀တ်ဆင်ထားသည်။ ဆံပင်များမှာလည်း ရှုပ်ပွခတ်လျက်။ သူမရဲ့သေးသွယ်သည့် ကိုယ်လုံးကိုယ်ပေါက်ကြောင့်သာ သူမက မိန်းမတစ်ယောက်ဆိုသည်အား သိနိုင်ခြင်းဖြစ်သည်။ သူမရဲ့မျက်နှာသည် ညစ်ပေနေခဲ့သော်လည်း အဆင်းသဏ္ဍာန်မှာတော့ မိန်းမဆန်ဆန်ရှိနေသေးပေသည်။

လုလျန့်ဝေသည် ထိုသူတောင်းစားမက သူမအား ထူးဆန်းသည့်အကြည့်များနှင့် ကြည့်နေသည်ကို သတိပြုလိုက်သည်။ သူမက ခြေလှမ်းများကိုရပ်လိုက်ပြီး သူတောင်းစားမအား မျက်ခုံးပင့်၍ ကြည့်လိုက်သည်။

သူတောင်းစားမသည် ရှေ့ဆက်မတိုးလာတော့ဘဲ လုလျန့်ဝေအား ပြုံးပြနေခဲ့သည်။ ထို့နောက် သူမသည် ရုံရုံနှင့် တခြား‌သူတွေနေသည့် ခြံ၀င်းထဲသို့ ပြေးဝင်သွားတော့သည်။ ကျုးယွီက သူတောင်းစားမရဲ့ အပြုံးမှာအတော် ကြောက်ဖို့ကောင်းသည်ဟု ခံစားမိနေသည်။ သူမက လုလျန့်ဝေအား ခြံထဲမ၀င်ခင် ပြောလိုက်သည်။

“သခင်မလေး ဒီလူက တော်တော်မသင်္ကာစရာကောင်းနေတယ်။ ဒီနေ့တော့ မသွားပဲနေကြရအောင်လေ၊ နောက်ရက်ကျမှ ပြန်လာရအောင်နော်”

“အခုလည်း အဆင်ပြေပါတယ်။ ပြီးတော့ အားကောင်းမောင်းသန် ကုအာလည်းရှိတယ်မဟုတ်လား။”

ကျုးယွီသည် ကုအာဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုံလိုက်သည်။ သူမကတော့ မသန်မစွမ်းကုအာက အကူအညီဖြစ်မယ်လို့ လုံးဝမထင်ချေ။

ကုအာသည် အရှေ့သို့လာ၍ လုလျန့်ဝေအား အနောက်ဘက်မှ ကြည့်ရှုစောင့်ရှောက်ပေးနေသည်။ လုလျန့်ဝေသည် သူ့အားပြုံးပြလိုက်ကာ ခြံထဲ၀င်ရန် သူမရဲ့ ခြေထောက်ကို မတင်လိုက်သည်။ ကုအာက အနည်းငယ်ထိတ်လန့်သွားသော်လည်း သူမနောက်သို့ မြန်မြန်လိုက်သွားလေသည်။

ကျုးယွီမှာတော့ ဤနေရာမှ ပြန်ချင်လှပြီဖြစ်သည်။ သို့သော်လည်း ခြံထဲတောင် ၀င်ပြီးနေပြီမို့ ‌အတော်နောက်ကျသွားခဲ့ပြီပင်။ သူမရဲ့ သခင်မ စိတ်တိုင်းကျပဲ လိုက်လုပ်ရတော့မှာပေါ့...

သူမတို့ မကြာခင်ကတွေ့ခဲ့သည့် သူတောင်းစားမသည် ယခုအချိန်၌ ခြံ၀င်းထဲတွင် ထိုင်နေလေသည်။ သူမလက်ထဲတွင် ညစ်ပတ်နေသည့် ပေါင်မုန့်တစ်လုံးအား ကိုင်ထားပြီး စိတ်တိုင်းမကျ ဖြစ်ကာပြောလာသည်။

“နင်ကများ ငါ့ကို ဒီလောက်ညစ်ပတ်နေတဲ့ ပေါင်မုန့်ပေးရဲတယ်ပေါ့”

“ငြီးညူမနေဘဲ ဒီလောက်စားရတာတောင် ကျေးဇူးတင်ဦး။ မင်းမစားဘူးဆို ကျွန်တော့်ကိုပေးခဲ့လိုက်”

သူတောင်းစားမသည် ပေါင်မုန့်အား သူ့လက်ထဲသို့ ချက်ချင်းပြန်ထည့်ပေးလိုက်သည်။

“ဒါ‌ကိုတော့ မစားနိုင်ဘူး။ ရော့ နင့်ဟာနင်ပြန်ယူ”

ရုံရုံက ခေါင်းခါလိုက်သည်။ သူမအားသနားသည့်အတွက် ခေါ်ပေးထားခဲ့တာကိုပင် နောင်တရလာမိသည်။

ဒါဘာအချိုးလဲ။ အစာ‌ငတ်လို့ တောင်းစားနေတာတောင် သူ့မကိုယ်သူမ အခုထက်ထိ မြင့်မြတ်‌တယ်လို့ ထင်နေသေးတာလား။

ရုံရုံသည် သူမ မစားဘဲခေါင်းမာနေသည်အား လွတ်ထားပေးလိုက်တော့သည်။

သူသည် ပေါင်မုန့်အား ယူ၍ ကိုက်လိုက်သည်။ ထို့နောက် သူ့အနောက်ဘက်သို့ လှည့်ကြည့်လိုက်သော် လာနေသည့်လူအား တွေ့လိုက်ရပြီး သူရဲ့မျက်နှာ၌ ပျော်ရွှင်သွားသည့် အပြုံးလေးပေါ်လာခဲ့သည်။

“အစ်မတော် လု ဒီမှာဘာလုပ်နေတာလဲ”

လုလျန့်ဝေက သူ့ရဲ့ ဆံပင်ကို သပ်ပေးလိုက်၍

“ငါက မင်းတို့ဆီ အလည်လာတာပါ”

ရုံရုံက ဖွဖွလေးရယ်လိုက်ပြီး

“အစ်မတော် လု ဒီကိုမရောက်ဝာာတောင် ကြာပြီ”

ရုံရုံသည် သူ မနေ့ကခေါင်းလျှော်ထားတာ ကံကောင်းသွားသည်ဟု ခံစားမိလိုက်သည်။ မဟုတ်ပါက အစ်မတော် လု ဆံပင်သပ်‌ပေးလိုက်သည်နှင့် သူ့ခေါင်းပေါ်မှ အညစ်အကြေးများသည် သူမရဲ့ လက်တွင် ပေသွားတော့မည်ပင်။

“မင်းရဲ့ အဘိုးရော သက်သာလာပြီလား”

လုလျန့်ဝေက မေးလိုက်သည်။

ရုံရုံက ခေါင်းငြိမ့်၍

“အဘိုးရဲ့ ကျန်းမာရေးက အရင်ကထက်ပိုကောင်းလာပြီ။ အခုဆို သူက အိပ်ရာကထပြီး လမ်းတောင်လျှောက်နိုင်နေပြီ။ အခုတော့ သူ့အခန်းထဲမှာရှိတယ်။ ကျွန်တော် လိုက်ပို့ပေးမယ်။”

လုလျန့်ဝေက ပြုံးပြီး

“ကောင်းပြီ”

သူသည် သူမအား မျက်စောင်းထိုးကြည့်နေသည့် သူတောင်းစားမကို လျစ်လျူရှုထားလိုက်သည်။

ရုံရုံက တခစ်ခစ်ရယ်၍ လုလျန့်ဝေရဲ့ လက်အား ဆွဲကိုင်လိုက်ကာ အခန်းဆီသို့ လိုက်ပို့ပေးခဲ့သည်။

“အဘိုးရေ အစ်မ လု က အဘိုးကိုတွေ့ချင်လို့တဲ့”

သူသည် အထဲမ၀င်ခင်မှာပဲ အပြင်မှ လှမ်းအော်လိုက်သည်။

သူတို့နှစ်ယောက် အခန်းထဲ၀င်လိုက်တော့ သူတောင်းစားအဘိုးအိုကြီးသည် အပူပေးထားသည့် နေရာပေါ်၌ တင်ပလ္လင်ခွေထိုင်နေသည်အား တွေ့လိုက်ရသည်။ အဘိုးအိုကြီး တရားထိုင်နေပုံရသည်။

လုလျန်ဝေက ထိုမြင်ကွင်းကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူမသည် အရင်က TVထဲ၌ သိုင်းဆရာတစ်ယောက်သည် ကိုယ်ခံပညာလေ့ကျင့်နေရင်း ထိုပုံစံလုပ်သည်အား မြင်ဖူးခဲ့သည်။ သူလုပ်နေသည့် ပုံစံမှာလည်း ယခုသူတောင်းစားအဘိုးအိုလုပ်နေသည်နှင့် တစ်ထပ်တည်းပင်။ တည်ငြိမ်ပြီး အချုပ်အနှောင်ကင်းသည်။

သူမသည် အဖိုးအိုအား မနှောင့်ယှက်ချင်သောကြောင့် အခန်းရဲ့တစ်ဘက်တစ်ချက်မှတစ်ဆင့် ငေးကြည့်နေလိုက်သည်။

ရုံရုံက သူမအား တိုးတိုးလေးပြောလိုက်သည်။

“အစ်မ လု, အဘိုးက ကိုယ်ခံပညာလေ့ကျင့်နေတာ။ သူနေ့တိုင်း လေ့ကျင့်ဖြစ်ပြီး သူလည်းနည်းနည်းတတ်ကျွမ်းလာပြီဆိုတာနဲ့ ကျွန်တော့်ကိုပါ ကိုယ်ခံပညာတွေ သင်ပေးမှာတဲ့။”

လုလျန့်ဝေက သူ့ခေါင်းအား ဖြည်းဖြည်း‌လေးပုတ်၍ ဘာမှတော့ ပြန်မပြောလိုက်ပေ။

ထိုအဘိုးအိုတွင် သာမန်ဇာတ်ကြောင်းထက်ပိုသည့် နောက်ခံတစ်ခုရှိနေသည်အား သူမ သိတာကြာနေပြီဖြစ်သည်။ ထို့ကြောင့်လည်း ထိုသူတရားထိုင်ပြီး သိုင်းပညာလေ့ကျင့်နေသည်အား တွေ့ရသည်မှာ သူမအတွက် အံ့ဩစရာတော့မဟုတ်ချေ။။

All Chapters