← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 7 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 7 Ch. 331-333

အပိုင်း - ၃၃၁

ကြိုက်တယ်လို့ မင်းပြောရင် မင်းတကယ်ကို လိုလိုလားလား ကြိုက်တယ်လို့ ဆိုလိုတာမျိုးဖြစ်ရမယ်

သူတောင်းစားအိုကြီးက သူမအား အကြာကြီးမစောင့်ခိုင်းခဲ့ပေ။ သူသည် သူ့အတွင်းအားတွေကို မမြင်နိုင်လောက်တဲ့အထိ အသေးစိတ် လည်ပတ်ပျံ့နှံ့အောင် ဖြန့်ကျက်လိုက် ပြီးနောက် သူမျက်လုံးအား ပြန်ဖွင့်လိုက်သည်။

သူသည် လုလျန့်ဝေကို မြင်သည့်အခါ အပြုံးတစ်ခုနှင့် လှည့်၍ ပြောလိုက်သည်။

“စောင့်လိုက်ရတဲ့ အတွက် အားနာပါတယ် လုမိန်းကလေး”

ပြောရင်းဆိုရင်း ပူနေတဲ့ စင်ပေါ်မှ ဆင်းလာခဲ့သည်။

လုလျန့်ဝေက ခေါင်းကို ရမ်းရင်း

“တောင်းပန်စရာမလိုပါဘူး ကျွန်မလည်း အခုလေးတင်ရောက်တာပါ။ ဒါနဲ့ ခုဘယ်လိုနေသေးလဲ”

သူတောင်းစားအိုကြီးက ကျေးဇူးတင်စွာနဲ့ ပြန်ဖြေလိုက်သည်။

“ငါ့ရဲ့ ကျန်းမာရေးကိစ္စတွေက အခုအားလုံးအဆင်ပြေပါပြီ။ တအားမပြင်းထန်တော့ပါဘူး လုမိန်းကလေး”

ထို့နောက် သူက လုလျန့်ဝေရှေ့မှာ ဒူးထောက်ချလိုက်ပြီး အတော်လေး စိတ်လှုပ်ရှားစွာနဲ့ ပြောလာသည်။

“မင်း ငါ့အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကို ငါဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

“ဘာလုပ်ရတာလဲရှင်”

သူတောင်းစားအိုကြီးက ခေါင်းရမ်းပြီး လုလျန့်ဝေ၏လက်အား ဖယ်လိုက်သည်။

“လုမိန်းကလေး ငါမင်းအပေါ်မှာ အများကြီး အကြွေးတင်နေတာဖြစ်လို့ ငါဒူးထောက်သင့်တယ်။ မင်းသာ ငါ့ကို ပြုစုကုသဖို့ မကမ်းလှမ်းခဲ့ဘူးဆိုရင် ငါ ကြာကြာအသက်ရှင်နေနိုင်မှာ မဟုတ်ဘူး နောက်ပြီးတော့.....”

သူ့အကြည့်က ရုံရုံဆီသို့ ရောက်သွားခဲ့သည်။ ထို့နောက် သူ့မျက်လုံးထဲ၌ ရောယှက်နေသော ခံစားချက်မျိုးစုံက ရိပ်ခနဲပေါ်လာလေသည်။

သူ့ရဲ့အသံအနေအထားမှာပို၍ လေးစားမှုရှိလာပြီး ဟန်ဆောင်မှုကင်းလာခဲ့သည်။

“နောက်ပြီးတော့ အဲ့ဒါတွေအပြင် လုမိန်းကလေးက ရုံရုံ ကိုလည်း ကယ်ခဲ့သေးတယ်။ မင်းက ငါတို့ကို တအားကူညီပေးခဲ့တယ်။ မင်းအကူအညီလိုတာရှိရင် ငါကို ပြောဖို့ အားမနာပါနဲ့”

စင်စစ်တွင် လုလျန့်ဝေသည် တိုက်တိုက်ဆိုင်ဆိုင် သူတို့နှင့် အချိန်ကိုက် ပက်ပင်းတိုးလို့သာ ကူညီပေးခဲ့ခြင်းပေ။ တစ်ခုခု ပြန်တောင်းဆိုဖို့အတွက် သူမတွင် စိတ်ကူးမရှိခဲ့။ သို့သော် သူတောင်းစားအိုကြီးက တကယ့်ကို ရိုးရိုးသားသား ပြောနေသောကြောင့် သူမရင်ထဲ၌ အနည်းငယ်ခံစားလိုက်ရသည်။

“ထပါ နောက်နောင် ကျွန်မ တစ်ခုခု အကူအညီလိုရင် ဟိတ်ဟန်ကြီးနဲ့ တောင်းခံနေမှာ မဟုတ်ပါဘူး”

သူတောင်းစားအိုကြီးက သူ မထခင် နောက်တစ်ခေါက်ထပ်ပြီး ခေါင်းညိတ်လိုက်သေးသည်။ထို့နောက် သူတစ်ခု သတိရသွားပြီး ခေါင်းအုံးအောက်က ဝါကြင့်ကြင့် စာအုပ်တစ်အုပ်အား ယူရန် အပူပေးတဲ့ စင်ပေါ်သို့ ပြန်လှည့်တက်လိုက်သည်။ သူသည် မိန်းကလေးဆီ စာအုပ်ကမ်းပေးရင်း ပြောလိုက်သည်။

“ငါ့မှာ အခုချက်ချင်း မင်းကို ပြန်ပေးစရာ ဘာမှမရှိသေးဘူး။ တကယ်လို့ လုမိန်းကလေး ကိုယ်ခံပညာကို စိတ်ဝင်စားတယ်ဆိုရင် ဒီလျို့ဝှက်လက်စွဲစာအုပ်ကို ပေးလိုက်မယ်။ ငါ့ရဲ့ ကုသစရိတ်အဖြစ်ပေးတယ်လို့ သဘောထားလိုက်ပါ”

လုလျန့်ဝေက သူ့ဆီမှ စာအုပ်အား လှမ်းယူ၍ စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်လိုက်သည်။ စာအုပ်ထဲတွင် အတွင်းအားနှင့် ကိုယ်ခံပညာပေါ် အခြေခံပြီး ကျွမ်းကျင်မှု အဆင့်တက်အောင်လုပ်တဲ့ နည်းတွေ အပြည့်ပင်။

စာရွက်တွေက အဝါရောင်သမ်းနေသော်လည်း သေသေချာချာ ထိန်းသိမ်းထားတာကို ကြည့်ခြင်းအားဖြင့် ပိုင်ရှင်က အမြတ်အနိုးထားမှန်း သိသာလှသည်။

လုလျန့်ဝေက ကိုယ်ခံပညာနဲ့ မရင်းနှီးသော်လည်း ဒီလျို့ဝှက်လက်စွဲစာအုပ်က မည်မျှအဖိုးတန်မှန်း သူမ ပြောနိုင်သေးသည်။

အကယ်၍ ဒါသာ ဆေးစာအုပ်ဆို သူမြန်မြန် လက်ခံလိုက်မိမှာပင်။ သို့သော် အခုတော့ သူမ ကိုယ်ခံပညာကိုမှ စိတ်မဝင်စားတာလို့။

လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာ၌ အကန့်အသတ်မရှိတဲ့ အားအင်ဆိုတာ မရှိပေ။ သူမက သူ့အားအင်တွေကို သူမကြိုက်တဲ့ အရာအပေါ်၌ မဖြုန်းတီးချင်ပေ။ သူမ ကိုယ်ခံပညာကို လေ့လာမယ့် အစား သူမရဲ့ ဆေးခန်းလေးထဲမှာပဲ နေချင်ပေသည်။

“ကျွန်မ ရှင့်အတွေးကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်မမှာ အဲ့လောက်ပါရမီမပါဘူး။ ကျွန်မအတွက် ဘယ်ကိုယ်ခံပညာကိုမှ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အဲ့တာကို သင်ယူရင်း အချိန်မကုန်ချင်ဘူး။ ရှင်ပြန်ယူထားလိုက်တာ အကောင်းဆုံးဖြစ်မှာပါ”

လုလျန့်ဝေ ပြောရင်း လျို့ဝှက်လက်စွဲစာအုပ်အား သူတောင်းစားအိုကြီးဆီ ပြန်ကမ်းပေးလိုက်သည်။သူတောင်းစားအိုကြီးက ယူဖို့ အတင်းတွန်အားမပေးခဲ့ပေ။ လုမိန်းကလေး၌ ကောင်းမွန်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပြီး ဉာဏ်ကောင်းသည်ကို မြင်နေရသော်လည်း လူတိုင်းက သူတို့ ကြိုက်တာတွေ မတူကြဘူးဆိုတာကို သူကောင်းကောင်းသိပေသည်။ သူမသာရွေးချယ်မည်ဆိုရင်တော့ ကိုယ်ခံပညာကို ကောင်းကောင်းလေ့ကျင့်နိုင်မှာပင်။

သူက စာအုပ်အား ရုံရုံဆီကို ပြန်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

“ ဒီနေ့ကစပြီး ဒီစာအုပ်ထဲက အရာအားလုံးကို မှတ်မိအောင်လုပ်ဖို့လိုတယ်”

ယုံယုံက စာအုပ်အား တရိုတသေလှမ်းယူရင်း မျက်လုံးတွေက တောက်ပနေတော့သည်။သူက စာအုပ်ကို သေချာလေးပိုက်ထားလိုက်သည်။

ထိုပုံစံအား လုလျန့်ဝေက မြင်သွားသည့်အခါ ပြုံးရင်း ယုံယုံ ဆံပင်ကိုဖွ၍ ပြောလိုက်သည်။

ရုံရုံက ခေါင်းညိတ်ပြီး သူမအား တည်ကြည်စွာကြည့်နေလေသည်။ ထို့နောက်

“ဟုတ် ကျွန်တော် ကိုယ်ခံပညာကို ကောင်းကောင်းမွန်မွန် သင်ယူပြီး အနာဂတ်မှာ အစ်မလုကို ကာကွယ်ပေးချင်တယ်။ အဲ့လိုလုပ်ရမှာကိုလည်း အရမ်းသဘောကျတယ်”

လုလျန့်ဝေက အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း ပြန်ပြီး မျက်နှာထားတင်းလိုက်သည်။

“မင်းကြိုက်တယ်လို့ ပြောရင် မင်းတကယ်ကို လိုလိုလားလားကြိုက်နှစ်သက်တယ်လို့ ဆိုလိုတာမျိုးဖြစ်ရမယ်။ တစ်စုံတစ်ယောက်ကြောင့် မင်းမကြိုက်တာကို မင်းကိုယ်မင်း အတင်း တွန်းအားပေးဖို့ မလိုအပ်ဘူး။ နောက်ပြီး အစ်မကို မင်းကာကွယ်ပေးစရာမလိုဘူး။ မင်းလုပ်ရမှာက မင်းကိုယ်မင်း ကာကွယ်ဖို့ပဲ။ အဲဒီလောက်ဆို လုံလောက်ပြီ”

အပိုင်း ၃၃၂

ထိမ်းမြားခြင်း ကတိကဝတ်

ရုံရုံကလုလျန့်ဝေပြောသည်အား ကြားသည့်အခါ သူသည် လုလျန့်ဝေကို ကြောင်ကြည့်နေတော့သည်။ သူ့ရဲ့ လက်သေးသေးလေးတွေက‌တော့ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားလျက်။ သူနည်းနည်းနာကျင်သလိုခံစားနေရသည်။

အစ်မလုက သူ့ရဲ့ ကာကွယ်ပေးမှုကို မလိုဘူးတဲ့လား.....သူ့ရဲ့ နက်မှောင်တောက်ပတဲ့ မျက်လုံးများသည် သူခေါင်းငုံ့လိုက်သည့် အခါတွင် အရောင်မှိန်သွားတော့သည်။

လုလျန့်ဝေရဲ့ နှလုံးသားမှာ ကောင်လေးကို ပြန်ချော့လိုက်ချိန်၌ တင်းကျပ်သွားလေသည်ယ်။

“အစ်မမင်းရဲ့ ကာကွယ်ပေးမှုကို မလိုဘူးဆိုတာက မင်းက ငယ်သေးလို့ပါ။ နောက်ပြီး ငါကလည်း အရွယ်ရောက်ပြီးသားလေ။ ဘယ်လိုလုပ် ကလေးတစ်ယောက်ကို ငါ့ကို ကာကွယ်ပေးခိုင်းရမှာလဲ ဟုတ်တယ်မလား”

ထိုအခါမှ ရုံရုံက နည်းနည်းနေသာထိုင်သာရှိသွားတော့သည်။သူက ခေါင်းမော့ပြီးတော့ အခိုင်အမာဆုံးဖြတ်ထားတဲ့ပုံစံမျိုးနှင့် အစ်မလုအား ကြည့်လိုက်သည်။

“ကျွန်တော် ကောင်းကောင်းကြီးပြင်းလာဖို့ အကောင်းဆုံးကြိုးစားမယ်။ နောက်ပြီး ကိုယ်ခံပညာကိုလည်း ကြိုးကြိုးစားစားသင်ယူသွားမယ်။ ကျွန်တော်ကြီးလာတဲ့တစ်နေ့ အစ်မကို ကာကွယ်နိုင်ရမယ်”

လုလျန့်ဝေလည်း ကလေးရဲ့ ယုံကြည်မှုကို ထပ်ပြီး မကာဆီးတော့ဘဲ ခေါင်းငြိမ့်ရင်း ပြန်ပြောလိုက်သည်

ရုံရုံလည်း နောက်ဆုံးမှာတော့ စာအုပ်အား ပျော်ပျော်ကြီး ယူသွားပြီး ထောင့်တစ်ထောင့်၌ ကိုယ်ခံပညာကျင့်နည်းတွေ သွားမှတ်နေတော့သည်။လုလျန့်ဝေသည် ထိုမြင်ကွင်းအား သဘောကျမိပြီး ခေါင်းခါလိုက်သည်။ သူမသည် ကလေး၏ အပြစ်ကင်းသည့် စကားလုံးတွေအား နှလုံးသားထဲ ထည့်မထားခဲ့ပေ။

သူမသည် ကျူးယွီဆီမှ ငွေအကြမ်းထည်ထောင်ချီယူခဲ့ပြီး သူတောင်းစားအိုကြီးအား ရှစ်ရာပေးလိုက်သည်။

“ဒီအိမ်ကလေ နွေရာသီမှာတော့ ပြီးပြည့်စုံပေမယ့် မိုးရာသီ ဒါမှမဟုတ် ဆောင်းရာသီဆိုရင် အဆင်မပြေဘူး။ တစ်ယောက်ယောက်ကို ပြင်ခိုင်းလိုက်ပါလား ။ ကျန်တဲ့ပိုက်ဆံတွေကို ရုံရုံနဲ့ တစ်ခြားသူတွေအတွက် အစားကောင်းတွေ ဝယ်ကျွေးလိုက်ပေါ့”

သူတောင်းစားအိုကြီးရဲ့ မျက်လုံးများ အနည်းငယ် နီရဲသွားရသည်။ သို့သော်လည်း သူက ယဉ်ကျေးစွာဖြင့် မငြင်းခဲ့လိုက်ပေ။ သူက ခံနိုင်သော်လည်း သခင်လေးကမူ ကြီးလာပြီဖြစ်သည်။ သူသည် ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် အာဟာရဖြစ်သည့် အစားအစာများ လိုအပ်နေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ငွေစတွေကို သူအလကားတော့ မယူနိုင်ပေ။ အချိန်တန်လို့ အနာဂတ်မှာ သခင်လေးက ပိုင်ဆိုင်တာတွေ ပြန်ယူပြီးတဲ့အခါ ပြန်ပေးဖို့ ပြောရမယ်။

သူတောင်းစားအိုကြီးရဲ့မျက်လုံးများသည် တောက်ပနေခဲ့သော်လည်း သူသည် ကျေးဇူးတင်သည့် တခြားစကားဘာမှ ထပ်မပြောတော့ပေ။ကမ္ဘာပေါ်ရှိ အလှပဆုံးသော စကားလုံးများသည် လက်တွေ့ကျသည့် အပြုအမူအား မယှဉ်နိုင်ပါပေ။

ဤကိစ္စသည် လုလျန့်ဝေအတွက်တော့ လက်ချောင်းလေး မြောက်လိုက်သကဲ့သို့ပင်။ ထို့ကြောင့် သူမက နှလုံးသားထဲအထိမထည့်ခဲ့။ ဘာပဲဖြစ်ဖြစ်သူမလည်း ထိုငွေစတွေကို အလကားရခဲ့တာပဲလေ။ သူမ အတွက်တော့ ကိစ္စမရှိ။ လိုအပ်နေတဲ့သူတွေကို ကူညီနိုင်ရင် အဆင်ပြေပြီဖြစ်သည်။

လုလျန့်ဝေသည် တံခါးမှ ခေါင်းပြူကြည့်နေသည့် သူတောင်းစားအမျိုးသမီးဆီသို့ လှည့်ပြီး လျှောက်လာခဲ့သည်။

လုလျန့်ဝေထွက်လာသည်အား သူတောင်းစားအမျိုးသမီးမြင်သည့်အခါ သူမသည် ကောင်းကင်ကြီးကို မော့ကြည့်နေသလိုမျိုး အပြင်သို့ လှည့်ကြည့်ရင်း အဆင်ပြေသလိုထိုင်ချလိုက်သည်။

“ရပါပြီ နင်ဟန်ဆောင်မနေပါနဲ့တော့။ ငါခုမှပထမဆုံးစသိတယ်ထင်နေလား။ ကျန်တဲ့ ငွေစနှစ်ရာကို နင်ယူနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်သူတောင်းစားအစစ်တော့ ဖြစ်မသွားစေနဲ့။ နင်မိဘတွေဆီပြန်မယ်ဆို ဘယ်သူကမှလက်ခံမှာ မဟုတ်ဘူးနော်”

သူမသည် ပြောပြီး ငွေစနှစ်ရာကို သူတောင်းစားအမျိုးသမီးလက်ထဲ ထည့်ပေးလိုက်သည်။သူတောင်းစားအမျိုးသမီးသည် သူ့လက်ထဲမှ ငွေစနှစ်ရာကို ကြည့်ရင်း အနည်းငယ် ကြက်သေသေနေတော့သည်။သူမသည် ဘယ်တုန်းကမှ ဤမျှနည်းပါးသော ငွေအနည်းကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရဖူးပေ။ ခုတော့......။

ဆာလောင်မှုဒဏ်တွေ၊ တခြားသူတွေရဲ့ အထင်သေးမှုတွေကို ခံရဖူးပြီးတဲ့နောက်မှာတော့ ဒီငွေနှစ်ရာလေးက သူမအတွက် ကြင်နာမှုတွေပြည့်နေသည့် ငွေပမာဏအများကြီးလိုပင်။

သူမက ပြောရင်းဆိုရင်း လုလျန့်ဝေကို လှမ်းဖက်လိုက်တယ်။

လုလျန့်ဝေက ဖယ်ထုတ်ရင်း စိတ်အနှောင့်အယှက်ဖြစ်စွာနှင့်

“ သိပ်ချွဲမနေပါနဲ့။ နင်ကိုယ့်နင် ဘယ်လောက်ပေနေလဲမမြင်ဘူးလား။ ငါ့အင်္ကျီတွေပေကုန်ရင် နင့်ကို ရောင်းစားဖို့ပဲရှိတယ်နော်”

သူတောင်းစားအမျိုးသမီးက ရပ်လိုက်ပြီး နှုတ်ခမ်းကို မထီမဲ့မြင်နဲ့ စူ၍

“ငါနင့်ကို ဖက်ချင်လို့ လို့ထင်နေလား။ ငါတို့နှစ်ယောက်လုံးက မိန်းမတွေလေ။ ကျေးဇူးတင်တဲ့အနေနဲ့ ဖက်တာ။ ဖက်ရုံပဲရှိလို့။ ဘာလဲ ငါနင့်ကို လက်ထပ်ဖို့ ကတိပေးမှာတော့ မျှော်မနေနဲ့လေ ဟုတ်တယ်မလား”

“ နင်က ငါ့အတွက်အရမ်းအရေးပါသလိုလာလုပ်နေတယ်။ ငါနဲ့လက်ထပ်ဖို့ ကတိထားချင်တာလား ။ နင်ယောကျာ်းဖြစ်သွားမှပဲရမယ်။”

သူတောင်းစားအမျိုးသမီးက ထိုစကားနှင့် ပတ်သက်ပြီး ဒေါသထွက်မသွားဘဲ ငွေစတွေကို သူ့အိတ်ကပ်ထဲ ပေါ့ပေါ့ပါးပါးထည့်၍ သေချာသိမ်းလိုက်တော့သည်။

သူတောင်းစားအမျိုးသမီးရဲ့ မျက်နှာမှာ ညှိုးသွားပြီး အသံတိုးတိုးနဲ့ပြောလာသည်။

“ငါမသိဘူး ဒါပေမဲ့ ခုတော့ ငါအိမ်ပြန်လို့ မဖြစ်သေးဘူး။ ချန်းရွှီပင်းက ငါမသေမှန်း ရှာတွေ့သွားရင် ငါ့ကို သတ်ဖို့ တစ်ယောက်ယောက်ဆီ ချက်ချင်းပို့လိမ့်မယ်

အပိုင်း-၃၃၃

အိပ်ရာထဲမှာ ခိုးနားထောင်ခြင်း

လုလျန့်ဝေက ခေါင်းငြိမ့်လိုက်သည်။

ဒါမှန်တယ်။ လင်ချင်းယွမ်က ခုသေသွားပြီ။ သူ့မိဘတွေတောင် သူအသက်မရှိတော့ဘူးလို့ ထင်ထားတာ။ တကယ်လို့ ချန်းရွှီပင်းသာ သူအသက်ရှင်နေသေးတာ ကို ရှာတွေ့သွားရင် နောက်ပြီး ဝန်ကြီးအိမ်တော့ရဲ့ ကာကွယ်ပေးမှုလည်း မရှိတော့ သူအရင်ကထက်ပိုပြီး ရဲတင်းလာလိမ့်မယ်။ လင်ချင်းယွမ်လို သူတောင်းစားတစ်ယောက်ကို သတ်ရတာက သိပ်လွယ်လွန်းတယ်။

“နင်ဒီ့ထက်ပိုပြီး သတိထားနေဖို့လိုတယ်”

သူမ ထပ်သတိပေးလိုက်သည်။လင်ချင်းယွမ်က ပေါ့ပေါ့ပါးပါးလိုပဲ ဟန်ဆောင်လိုက်ပြီး

“မပူပါနဲ့ ငါကောင်းကောင်းနေနေပါတယ်။ စည်းဘောင်တွေရဲ့ထိန်းချုပ်မှုမရှိတော့ ဘဝက ပိုပြီး ပူပင်ကြောင့်ကြမှုကင်းတယ်လေ။”

လုလျန့်ဝေက အကဲဖြတ်သလို ကြည့်လိုက်သည်။လင်ချင်းယွမ်လို မြင့်မြတ်တဲ့ အမျိုးသမီးတစ်ယောက်၊ အကောင်းဆုံးတွေပဲ သုံးဆောင်စေပြီး ပိုးမွေးသလို အမွေးခံလာရတဲ့ သူတစ်ယောက်၊ အမြဲအထက်စီးဆန်ပြီး ဗိုလ်ကျတဲ့သူလို လူတစ်ယောက်က တစ်နေ့မှာ ဒီလိုခြံဝင်းအစုတ်အပြတ်လေးထဲမှာ ရပ်ရင်း ဒီလိုစကားတွေပြောနေလိမ့်မယ်လို့ တွေးကြည့်ဖို့တောင် ခက်ခဲလှသည်။

လုလျန့်ဝေက လင်ချင်းယွမ်ရဲ့ အမှန်မဟုတ်တဲ့ စကားတွေကို ဖော်ထုတ်မနေတော့ဘဲ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်လေသည်။လင်ချင်းယွမ်က လှည့်၍ မျက်စိမှိတ်ပြရင်း ရုတ်တရက်စလိုက်သည်။

“မလိုပါဘူး၊ တစ်ယောက်က ပိုပြီး ဂုဏ်ပြုပေးတာ၊ တစ်ယောက်က ဂုဏ်မပြုတာတွေက ဘာမှမကွာခြားသွားပါဘူး”

“ကောင်းပြီလေ ငါဘာမှမပြောခဲ့သလိုပဲ သဘောထားလိုက်ပါ”

လုလျန့်ဝေက လင်ချင်းယွမ်ရဲ့ ပုခုံးကို ရယ်ရင်း ပုတ်လိုက်ပြီး

“ဟုတ်ပါပြီ ငါနင့်ရဲ့ ဆုတောင်းတွေကို ရပါတယ်၊ အော် ဒါနဲ့ ငါ မနက်ဖြန် ငါ့အဘွားနဲ့အတူ ထျန်ကျူးတောင်ကို သွားမှာမို့လို့ အဲ့ဒီမှာ ခဏနေရလိမ့်မယ်။ နင့်ဘာသာ သေသေချာချာလေးနေပါ၊ ရုံရုံနဲ့ ဆရာကြီးက ယုံရသူတွေပါ။ တစ်ခုခုဖြစ်လာရင် အတင်း ဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းမထားပါနဲ့၊ သူတို့နဲဆွေးနွေးပါ”

“ထျန်ကျူးတောင်က မဝေးပေမယ့် နင်လည်း သတိထားနော်”

လုလျန့်ဝေက ခေါင်းငြိမ့်ပြလိုက်သည်။ နောက်ဆုံးအကြိမ် လုပ်ကြံဖို့ ကြိုးစားတာကို ပြန်သတိရသွားတော့ သူမျက်နှာ နည်းနည်းညှိုးသွားပြီး

လင်ချင်းယွမ်ရဲ့ မျက်နှာက အတွေးတစ်ခုရဲ့ ရိုက်ခတ်မှုကြောင့် မကြည်မလင်ဖြစ်သွားလေသည်။

“ငါလွန်ခဲ့တဲ့နှစ်ရက်က အိမ်ကို ခိုးပြန်ပြီး သွားကြည့်တာ ငါ့မိဘတွေ သူတို့ ဝမ်းနည်းမနေတော့ဘူး၊ နလန်ထူလာကြပြီ”

လုလျန့်ဝေက ထိုစကားအား ကြားသည့်အခါ သူမကို ဘယ်လို နှစ်သိမ့်ပေးရမလဲမသိတော့ပေ။

“ငါ့မိဘတွေ ဝမ်းမနည်းတော့ဘူးဆိုတော့ ငါလည်း နေလို့ကောင်းပါတယ်။ ဒါပေမဲ့.....”

“ငါသေတာမှ ဘယ်နှစ်ရက်မှ မရှိသေးဘူးလေ။ သူတို့က ငါ့ကို မေ့သွားသလိုလုပ်နေကြတာ၊ နောက်ထပ်ကလေးတစ်ယောက်ထပ်ယူဖို့ အသင့်ဖြစ်နေတဲ့ အခြေအနေနဲ့”

လုလျန့်ဝေသည် ချင်းယွမ်ဒေါသမထွက်ခင်က အခြေအနေအား အားနာသွားမိသော်လည်း တဖြည်းဖြည်းချင်းပြောလိုက်သည်။

“ဆိုတော့ နင်က အိမ်ပြန်ပြီး နင့်မိဘတွေရဲ့ အိပ်ရာထဲမှာ ခိုးနားထောင်လာတာလား”

နောက်ဆုံးမှာတော့ လင်ချင်းယွမ်သည် မတုံ့ပြန်ခင် တစ်ခဏတာ လွတ်ထွက်သွားတော့သည်။ သူမမျက်နှာပေါ်က အညစ်အကြေးတွေတောင် ရုတ်တရက် သူမ မျက်နှာကြီးရဲလာခြင်းအား မဖုံးကွယ်နိုင်ခဲ့ပေ။

“နင်ဘာတွေပေါက်ကရပြောနေတာလဲ။ ငါကဘာလို့ သူတို့ကို ချောင်းနားထောင်ရမှာလဲ။ ငါက ဒီတိုင်း အဲ့အကြောင်းနဲ့ ပတ်သက်ပြီး လီအိမ်တော်မှာ အစေခံတွေပြောတာကြားခဲ့တာပါ။ အမေက ကိုယ်ဝန်ရှိနေတာ တစ်လကျော်တောင်ရှိပြီဆိုပဲ။ ဒီလျို့ဝှက်ချက်ကို ငါ့ကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့တယ်။ အမေက သူဒီအရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်တာကို စဉ်းစားမရဘူး။ အဖေကလည်း တကယ့်ကို အရှက်မဲ့တဲ့ အရွယ်ပဲ။”

လုလျန့်ဝေက စိတ်အနှောင့်အယှက်ဖြစ်တဲ့ အကြည့်နှင့် လှမ်းကြည့်လိုက်သည်။

“ဒီလိုသာဆိုရင် နင်မသေခင်ကတည်းက ကိုယ်ဝန်ရနေတာဖြစ်ရမယ်။ ဂုဏ်ယူပါတယ်။ နင်မောင်လေး ဒါမှမဟုတ် ညီမလေး ရတော့မယ်”

လင်ချင်းယွမ်က နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ရယ်မောလိုက်သည်။

“မှန်တယ် ငါမကြာခင်မှာ မောင်လေး (သို့) ညီမလေးရတော့မယ်။ ဒါက အမေတို့ ငါ့ကို မေ့ဖို့ ပိုလွယ်စေမှာပါ”

သူမ ပြောလိုက်တဲ့အခါ ဝမ်းနည်းမှုနှင့် ပြည့်နှက်နေသည့်ပုံစံက သူမမျက်နှာထက်တွင် ပေါ်လာခဲ့သည်။သေဖို့ကို ရွေးလိုက်တာက မှန်ရဲ့လားဆိုတာ သူမ မသိတော့ပေ။

အနည်းဆုံးတော့ သူမ ချန်းရွှီပင်းဆီကနေ လွတ်မြောက်နိုင်ခဲ့တာပဲလေ။လုလျန့်ဝေက လင်ချင်းယွမ်ရဲ့ ဒီလိုပုံစံအား မရင်းနှီးခဲ့။ လင်ချင်းယွမ်အား ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ သူမ မသိတော့။

“နင်သူတောင်းစားဘဝနဲ့ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ထားရင်တောင် ဒီလို ပေပေတေတေနေဖို့တော့ မလိုပါဘူးဟာ”

လင်ချင်းယွမ်က သူ့ရဲ့ရှုပ်ပွနေတဲ့ဆံပင်ကို ဖွလိုက်ပြီး

“ဒီလိုဆို သူတောင်းစားနဲ့ ပိုတူသွားပြီ။ ဘယ်သူမှ ငါ့ကို နှစ်ခါပြန်ကြည့်မှာမဟုတ်ဘူး။ ဒါမှ ငါလိုချင်တဲ့ဟာလုပ်ဖို့ ပိုလွယ်မှာ”

All Chapters