← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 7 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 7 Ch. 334-336

အပိုင်း- ၃၃၄

တွန်းအားမပေးနဲ့လုလျန့်ဝေ

လုလျန့်ဝေက ရပ်လိုက်ပြီး

“နင်လုပ်ချင်တာသာလုပ်”

သူမထင်သည်။ လင်ချင်းယွမ်သည် လူတွေသူမအား အာရုံမစိုက်စေရန်အတွက်နှင့် သူမကိုယ်သူမ ညစ်ပတ်အောင်နေဖို့ မလိုအပ်ပေ။ သူမကို ကြည့်တာနှင့် ရက်အနည်းငယ်လောက်ရေမချိုးရသေးမှန်း သိသာလှသည်။ သူမကိုယ်ဆီက အနံ့က ခပ်လှမ်းလှမ်းကနေတောင် ရနေပေသည်။

လင်ချင်းယွမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ငါအမူးသမားရနံ့အဆောက်အအုံကို ပြီးခဲ့တဲ့ ရက်တွေကရောက်ခဲ့တယ်။ အရင်နဲ့တူမနေဘူး။ ချန်းရွှီပင်းက လတ်တလောရှိမနေဘဲ အဲဒီက သာမန်စားသောက်ဆိုင်နဲ့ ဘာမှမကွာသလိုဖြစ်နေတယ်။ ငါတစ်လျှောက်လုံးအဲ့နားမှာ လျှောက်သွားကြည့်ပေမယ့် ဘာသတင်းမှမရခဲ့ဘူး။ မထူးဆန်းဘူးလား။”

လုလျန့်ဝေက အချိန်အနည်းငယ်စဉ်းစားလိုက်ပြီး

“အမူးသမားရနံ့အဆောက်အအုံက အခုဆို သာမန်စားသောက်ဆိုင်ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ မူရင်းစီးပွားက တခြားတစ်နေရာရွှေ့သွားပြီနေမှာ”

“ဒါဆို ငါလုပ်ခဲ့သမျှက ဘာမှမဟုတ်တော့ဘူးလား။ အမူးသမားရနံ့အဆောက်အအုံသာ သာမန်အဆောက်အအုံဖြစ်သွားရင် ချန်းရွှီပင်းက အဲ့ကို မသွားတော့ဘူးလို့ဆိုလိုတာပဲ။ ငါဟိုမှာထိုင်နေရတာ ဘာလုပ်တော့မှာလဲ။ သတင်းအစအနတောင်မဖမ်းနိုင်ပဲနဲ့”

“အင်း ဉာဏ်များတဲ့ တောယုန်မှာ သူ့တွင်းထဲဝင်ဖို့ အပေါက်သုံးပေါက်ရှိတယ်လို့ ပြောကြတယ်မလား။ ငါထင်တာတော့ လုယွင်ရွှမ်းနဲ့ ချန်းရွှီပင်းက သူတို့ တွေ့ဖို့တစ်နေရာတည်း ရှိမှာတော့မဟုတ်ဘူး။ သူတို့ရဲ့ ကလိမ်ကကျစ်စီးပွားရေးအတွက် တစ်နေရာတည်းရှိတာ မဖြစ်နိုင်ဘူး။ အမူးသမားရနံ့အဆောက်အအုံကို နင်မျက်ခြေမပြတ်စောင့်ကြည့်နေစရာမလိုဘူး။ နင်သွားချင်တဲ့နေရာသွားလို့ရတယ်။ ဘယ်သူမှအာရုံစိုက်မှာမဟုတ်ဘူး။ တကယ်လို့ နင်အမူးသမားရနံ့အဆောက်အအုံကနေ ဘာမှမရခဲ့ဘူးဆိုရင် တခြားနေရာတွေလည်းသွားကြည့်သင့်တယ်။ လုယွင်ရွှမ်းနဲ့ ချန်းရွှီပင်းက မြို့တော်မှာပဲရှိမှာ၊ သူတို့တွေ့ဖို့လိုရင် တစ်ခုခုစီစဉ်လိမ့်မယ်။ သူတို့မြို့တော်တွင်းမှာပဲတွေ့ဖို့လုပ်မှာ”

“နင်ပြောတာမှန်တယ် ငါဘာလို့မစဉ်းစားမိခဲ့ပါလိမ့်။ ငါချန်းမြို့စားအိမ်တော်အပြင်မှာ အေးဆေးလေးစောင့်နေရင်ရသားပဲ၊ တစ်ခုခုထူးခြားရင် ငါဖမ်းနိုင်တာပေါ့”

“ချန်းရွှီပင်းက တော်တော်သတိကြီးတဲ့ သူနော်၊ နင်ဘာမှအလျင်စလိုမလုပ်တာကောင်းမယ်။ တကယ်လို့ သူသတိထားမိသွားရင် သူ့ကို သေချာကြီး သတိပေးလိုက်သလိုဖြစ်သွားမယ်”

“ငါသိပါတယ် ငါသတိထားမှာပါ။ ငါသူသတိထားမိအောင် ဘာမှမလုပ်ပါဘူး။ ငါချန်းမြို့စားအိမ်တော်နားမှာ ပတ်နေရုံပါ။ ငါသူ့ကို တွေ့ရင် အဝေးကနေပဲ စောင့်ကြည့်မှာပါ။ သူသိသွားပြီး ငါ့ကိုယ်ငါ သေတွင်းထဲရောက်အောင်တော့ တွန်းမပို့ပါဘူး”

“ငါ နင်ဘာလုပ်နေတယ်ဆိုတာ သိမယ်လို့ ယုံပါတယ်။ ဘာပဲဖြစ်လာဖြစ်လာ နင့်လုံခြုံရေးက အဓိကနော်။ ရန်သူက အလင်းထဲမှာရှိတုန်း ငါတို့က အမှောင်ထဲမှာ ပုန်းနေရမှာ။ ငါတို့ စိတ်ရှည်နိုင်မှ သူတို့ကို သေချာပေါက်ဖမ်းနိုင်မှာ။”

လင်ချင်းယွမ်က သေချာခေါင်းငြိမ့်လိုက်သည်။ ခုဆို လုလျန့်ဝေနဲ့ စကားပြောပြီးနောက် သူဘာလုပ်ရမလဲဆိုတာ အကြံရသွားပြီဖြစ်သည်။လင်ချင်းယွမ်နဲ့ နည်းနည်းကြာကြာ စကားပြောပြီးတဲ့နောက် လုလျန့်ဝေက သူမနှင့် သူတောင်းစားအိုကြီးရယ် ရုံရုံရယ်ကို နှုတ်ဆက်လိုက်တော့သည်။

“ဆရာကြီး ကျွန်မ သခင်မလေးအာမူကို ရှင့်လက်ထဲမှာ အပ်ခဲ့မယ်နော်။ ဘာမှထွေထွေထူးထူးဂရုစိုက်ပေးစရာ မလိုပါဘူး။ ရှင်လုပ်စရာရှိတာလုပ်ရုံပါပဲ။ သူ့ကို ယဉ်ယဉ်ကျေးကျေးလည်း ပြောဖို့မလိုပါဘူး”

လုလျန့်ဝေက သူတောင်းစားအိုကြီးကို ပြုံးရင်း ပြောလိုက်သည်။ လုလျန့်ဝေရဲ့ အကြည့်ကို ဆုံအောင်လိုက်ဖမ်းနေတဲ့ လင်ချင်းယွမ်အား လျစ်လျူရှုလျက်။

သူတောင်းစားအိုကြီးက လင်ချင်းယွမ်ကို တစ်ချက်ကြည့်ပြီး ပြန်လှည့်လိုက်သည်။ သူက အလေးအနက်ထားသည့် အမူအရာနှင့် လုလျန်ဝေကို ကြည့်ရင်းပြောလိုက်သည်။

“မပူပါနဲ့ လုမိန်းကလေး သခင်မလေး အာမူသာ အလျင်စလိုမလုပ်သရွေ့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး”

ရုံရုံက လင်ချင်းယွမ်အား ထူးဆန်းသည့် အကြည့်နှင့် ကြည့်လိုက်သည်။

သခင်မလေး အာမူက လုလျန့်ဝေကို စိုက်ကြည့်နေခဲ့သည်။လုလျန့်ဝေက သူမပုခုံးကို ပုတ်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိနှင့် ပြောလိုက်လေသည်။

“သခင်မလေးအာမူ၊ ဆရာကြီး စကားနားထောင်ပြီး သေချာနာခံတတ်အောင်နေနော်၊ပေါက်ကရတွေလျှောက်မလုပ်နဲ့ နားလည်လား”

လင်ချင်းယွမ်က ဒေါသတကြီးနှင့် လုလျန့်ဝေအား ကြည့်လိုက်သည်။ ဘာလို့ လုလျန့်ဝေက သူ့ကို ဒီလိုခေါ်မကောင်းတဲ့နာမည်ကြီး ပေးရတာလဲ။လုလျန့်ဝေကတော့ ပုံမှန်ပဲကြည့်ရင်း ပြောလိုက်လေသည်။

“ဒါမှမဟုတ် ရှောင်လင်ဇီလို့ ခေါ်ရင် ပိုကြိုက်လား”

လင်ချင်းယွမ်

“တွန်းအားမပေးနဲ့နော် လုလျန့်ဝေ”

အပိုင်း-၃၃၅

“အမျိုးသမီးတစ်ယောက်စိတ်အနှောင့်အယှက်အဖြစ်ဆုံးအချိန်က ဘယ်အချိန်လဲ” လုံယန်ကမေးလိုက်သည်

လုလျန့်ဝေက သိမ်မွေ့သည့် အကြည့်နှင့် ကြည့်ရင်း သူ့လက်ကို ပြန်ဆွဲလိုက်သည်။ သူမသည် လက်အား လက်ကိုင်ပဝါနှင့် သုတ်လိုက်ပြီး လင်ချင်းယွမ်ရဲ့ လက်ထဲထည့်ပေးလိုက်သည်။

“ရော့ နင်အတွက်”

လင်ချင်းယွမ်က အတော်စိတ်လှုပ်ရှားသွားပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

“သွားသေလိုက်လေ”

သူမသည် လက်ကိုင်ပဝါအား ဘောလုံးလို ညှစ်ကိုင်လိုက်ပြီး ပစ်ရန် ပြင်လိုက်သည်။

သို့သော်လည်း သူတောင်းစားအိုကြီးနဲ့ ရုံရုံတို့ကြည့်နေသေးသောကြောင့် လုပ်ဆောင်ချင်နေသည့်စိတ်အား ဖိနှိပ်ထားလိုက်ရသည်။

“နောက်ကျနေပြီ။ ငါအရင်ပြန်လိုက်ဦးမယ်။ ကျွန်မ အားလုံးဆီကို နောက်ကျ ထပ်လာလည်ပါမယ်”

လုလျန့်ဝေက လက်ပြနှုတ်ဆက်ပြီး သူမကို ထွက်မပို့ခိုင်းတော့ဘဲ ကျူးယွီ၊ ကုအာတို့နှင့် အတူ ထွက်သွားတော့သည်။

နန်းတော်၌......

လုံယန်က နန်းတော်ဂိတ်မှ ပြန်လာပြီး နန်းတော်စာသင်ဆောင်ဘက်ဆီသို့ လျှောက်လာခဲ့သည်။

သူသည် နန်းတော်အမှတ်တရပွဲလုပ်ပြီးသည်နှင့် စဉ်းစားမိတာရှိ၍ ကျောက်ချန်အား ဆင့်ခေါ်လိုက်သည်။

“အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ စိတ်အနှောင့်အယှက်အဖြစ်ဆုံး အခိုက်အတန့်၊ အဲ့တာ ဘာလဲ”

ကျောက်ချန်က သူ့သခင် ဒီလိုမေးမယ်လို့ မျှော်လင့်မထားသောကြောင့် အမူအရာ ပျက်သွားရသည်။ သူ့မှာ အဖြေက ရှိမနေဘူးလေ။

“ကျွန်တော်မျိုးကို ရှာကြည့်ခွင့်ပြုပါ၊ ပြီးရင် အရှင့်ကို ပြန်လာပြောပြပါမယ်”

လုံယန်က စဉ်းစားပြီး သဘောတူကာ ခေါင်းငြိမ့်လိုက်သည်။

ကျောက်ချန်သည် နန်းတော်စာသင်ဆောင်မှ ပြန်လာပြီး နန်းတွင်းသူတစ်ယောက်အား ဆင့်ခေါ်မေးမြန်းလေသည်။ သူက စတင် စုံစမ်းခဲ့သည်။

“မိန်းမတစ်ယောက်အတွက် စိတ်အနှောင့်အယှက်အဖြစ်ဆုံး အခိုက်အတန့်က ဘယ်အချိန်လဲ”

နန်းတွင်းသူသည် ရုတ်တရက်ဆင့်ခေါ်ခံရသဖြင့် အစမှာတော့ အံ့ဩပျော်ရွှင်သွားရသည်။

သို့သော် မေးခွန်းကို ကြားလိုက်သည့်အခါတော့ သူမနှလုံးပြောင်းပြန်ဖြစ်သွားသလိုပင်ခံစားလိုက်ရသည်။ ကျောက်ချန်အား လှမ်းကြည့်လိုက်သည့် အခါ၌ နန်းတွင်းသူလေးရဲ့ မျက်လုံးတွင် ထူးဆန်းတဲ့ အကြည့်မျိုးပေါ်သွားလေသည်။

သူမသည် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ မိန်းမစိုးတွေအကြောင်း ကြားဖူးပေသည်။ နန်းတော်မှာ အာဏာရှိတဲ့ မိန်းမစိုးတော်တော်များများက နန်းတွင်းသူတွေကို နှိပ်စက်ရတာကြိုက်ကြတယ်တဲ့။

သူ ထိုသို့ စဉ်းစားမိတော့ ဆံပင်မွေးတွေပါထောင် သွားခဲ့လေသည်။ သူမ အလွန်ကြောက်နေသော်လည်း ဆိတ်ဆိတ်တော့ မနေရဲပေ။

“ဘဏ္ဍာစိုးကျောက်ရဲ့ မေးခွန်းကို ပြန်ဖြေရရင် မိန်းမတစ်ယောက်ရဲ့ စိတ်အနှောင့်အယှက်အဖြစ်ဆုံး အခိုက်အတန့်က တစ်လမှာ ရာသီလာနေတဲ့နေ့ရက်တွေပဲ”

ကျောက်ချန်က နန်းတွင်းသူလေး၏ လေအေးထဲက ပျိုးပင်လေးလို တုန်တုန်ယင်ယင်ဖြစ်နေသည့် အမူအရာအားတွေ့တော့ သူစဉ်းစားရခက်သွားလေသည်။

ကျောက်ချန်သည် သူ့ရဲ့ခပ်ဖြူဖြူပြည့်ပြည့် မျက်နှာကြီးကို ပွတ်ရင်း တွေးလိုက်လေသည်။ သူသည် အမြဲသူ့ကိုယ်သူ ဖော်ရွေတဲ့ သူဟုထင်ခဲ့တာပင်။ တစ်ခါတလေမှာတော့ သူက သူ့စည်းကမ်းတွေကို လျော့ရဲရဲဖြစ်ခွင့်မပြုဘဲ တင်းကြပ်သည့် အခါတွေရှိသည်။

သို့သော်လည်း သူက အာဏာပြချင်ရုံသက်သက်နှင့် သူများတွေကို ဖမ်းတဲ့၊ ချုပ်ကိုင်တဲ့ ရူးရူးမိုက်မိုက်လူမျိုးတော့ မဟုတ်ပေ။

ဖြစ်နိုင်တာက ဒီနန်းတွင်းသူလေး သိပ်ကြောက်နေပုံထောက်ရင် သူ့ရဲ့ အာဏာသုံးပြတဲ့ ပုံစံကပဲ သူ့စိတ်ထဲ စွဲနေတာထင်တယ်။

“ဘာကြောင့် ရာသီလာတဲ့အချိန်က စိတ်အနှောင့်အယှက်အဖြစ်ဆုံး အချိန်ဖြစ်ရတာလဲ”

သူ့သခင်ကသိချင်မှတော့ သူရှာနိုင်သလောက်ရှာရမှာပဲ။နန်းတွင်းသူလေးက သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သလိုမျိုးကြည့်လိုက်သည်။

ကျောက်ချန်သတိထားမိသည့်အခါ သူ့မျက်နှာကို ပွတ်ရင်းတွေးလိုက်ပြန်သည်။

သူမက ဘာလို့ရုတ်တရက် အကြောက်တရားအပြည့် ဖြစ်မနေတော့ပြန်တာလဲ။ အော် သူသိပ်ပြီး ဖော်ရွေတဲ့ပုံပေါက်သွားပြီမို့လို့နေမှာ။

ထိုအတွေးကြောင့် သူ့အမူအရာက တင်းတဲ့ဘက်ရောက်သွားပြီး ကြောက်စရာအကြည့်ကိုပြရင်း ဟောက်လိုက်လေသည်။

“ခုချက်ချင်းပြောစမ်း”

နန်းတွင်းသူလေးက တုန်လှုပ်သွားပြီး ထူးဆန်းတဲ့ အကြည့်မျိုးနှင့် ဆက်မကြည့်ရဲတော့ပေ၊ သူ့ခေါင်းကို ငုံ့လိုက်ပြီး ရိုရိုသေသေပြန်ပြောလိုက်သည်။

“ကျွန်တော်မျိုးမတို့ရာသီလာတဲ့အချိန်ရက်အနည်းငယ်မှာဆိုရင် ဘာမှလုပ်လို့အဆင်မပြေဘူး။ အစပတ်ပြီး ဝတ်ထားဖို့လိုတယ်။တော်တော်ကို စိတ်အနှောင့်အယှက်ဖြစ်တယ်။ ကျွန်တော်မျိုးမတို့ သတိမထားမိရင် အဲဒါက ပေါက်သွားပြီး ဖိတ်ကျကုန်မယ်။ ဒါ့အပြင် တော်တော်လေး စိတ်ခံစားချက်တွေအဆင်မပြေ ဖြစ်ရတယ်။ ဥပမာပေးရမယ်ဆိုရင် ရာသီလာတဲ့အချိန်ဗိုက်အောင့်တာလဲခံစားရတယ်။ အဲ့နေ့ရက်တွေဟာဆိုရင် ငရဲမှာအချိန်ကုန်ဆုံးနေရသလိုပဲ”

ကျောက်ချန်က အတော်အရေးကြီးတဲ့အရာကို ကြားလိုက်ရသလိုမျိုး သူ့အား ပြူးကြည့်ရင်း

နန်းတွင်းသူလေးက အပြစ်ကင်းစွာကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။

ကျောက်ချန်က သူမနှင့် ဆက်အပင်ပန်းမခံတော့ဘဲ လက်လှုပ်ပြရင်းသွာခိုင်းလိုက်တော့သည်။

“သွားတော့ သွားတော့”

အပိုင်း ၃၃၆

သူ့နားတွေယားပြီး ပူသလိုခံစားနေရတယ်

ကျောက်ချန်က ထိုနေရာမှာပဲ ကျန်ခဲ့ပြီး သူ့ရဲ့လေးလံတဲ့ ခြေလှမ်းတွေနဲ့ ပြန်မသွားခင်မှာ နောက်ကြောင်းပြန်တွေးနေခဲ့သည်။

ရုတ်တရက်ဆိုသလို စင်္ကြံကနေ လူတစ်ယောက်ခေါင်းက တွဲလောင်းကျလာပြီး

“ကျောက်ချန်”

သူသည် လက်ဆစ်အား ကျယ်လောင်စွာ ချိုးလိုက်ပြီးသည်နှင့် လက်သီးကို ပင့်ထိုးလိုက်တော့သည်။သို့သော် သူ့မြင်ကွင်းကနေ ရုတ်တရက်ဆန်စွာ ပျောက်သွားသဖြင့် ခေါင်းနဲ့ လွဲသွားရသည်။

ကျောက်ချန်ရဲ့ ဝဖောင်းဖောင်းနှင့် ဖျော့တော့တဲ့ မျက်နှာမှာ အနည်းငယ်တုန်သွားတော့သည်။သူသည် သူကိုယ်သူ ပြန်ထိန်းပြီး ရှေ့ဆက်လျှောက်လာလေသည်။ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် ချူးရိက စင်္ကြံကနေ ရုတ်တရက် ခုန်ဆင်းလာပြီး သူ့လမ်းကို ပိတ်လိုက်သည်။

“မင်းလဲဒီလို ဇိမ်ခံတာမျိုးရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဘဏ္ဍာစိုးကျောက်”

သူ့မှာ ဇိမ်ခံတာဆိုလို့ လောင်းကစားလုပ်တာပဲရှိတာ ဘာများမှားနေလို့လဲ။

“မင်းနဲ့ နန်းတွင်းသူလေးနဲ့ ခုလေးတင် သိပ်ကို ကောင်းကောင်း အတူတူရှိနေကြတာလေ။ ငါသတိထားမိတယ်နော်။ ဘာလို့ အောင်သွယ်တော်ရှာနေဦးမှာလဲကွာ”

ချူးရိက သူ့ပုခုံးပေါ်သို့ အရောတဝင် လက်တင်ရင်းပြောလိုက်သည်။

ကျောက်ချန်က လက်မြောက်ပြီး ဓားနဲ့ရွယ်ဖို့ အသင့်လုပ်လိုက်သည်။ ထို့နောက် သူ ချူးရိရဲ့ လက်ပေါ်ကို တင်တော့မည်အလုပ် ချူးရိက ချက်ချင်းဆိုသလို ကျောက်ချန်ရဲ့ တုံ့ပြန်မှုအား ကြိုတင်ခန့်မှန်းလျက် သူ့ပုခုံးပေါ်မှ လက်ကို ပြန်ရုပ်လိုက်တော့သည်။

“ဒီလောက်ထိ သဘောထားမသေးသိမ်သင့်ပါဘူးကွာ။ ဒါမှမဟုတ် ငါမှန်းတာမှန်သွားလို့များ ငါ့ကို တိတ်တိတ်လေး လက်စဖျောက်ပစ်မလို့လား”

ချူးရိက ကျောက်ချန်ကို စိုးရိမ်မှုကင်းတဲ့ ရွှင်ပျပျအကြည့်မျိုးနဲ့ ကြည့်လိုက်သည်။

သူတစ်ရက်ရက်တော့ ဒီခေါင်းမာတဲ့ ကောင်ကြောင့် သေလောက်အောင် စိတ်ပျက်ရမှာသေချာတယ်။

“သေသွားပြီမလား။ လူတိုင်း မင်းလိုမျိုး မိန်းမတစ်ယောက်မှ မရှိဘဲ မနေနိုင်ဘူးထင်နေတာလား”

မိန်းမတွေလို့ ပြောလိုက်ရော ချုးရိက အနည်းငယ် စိတ်မချမ်းမြေ့သွားပြီး ပြန်ကန့်ကွက်လာသည်။

“အော် အဘိုးကြီးချန်ရယ် မင်းကငါ့ကို ဒီစကားတွေနဲ့ နာစေလိုက်တာပဲ။ ငါက မိန်းမတစ်ယောက်မှမရှိဘဲမနေနိုင်ရင်တောင် ပြဿနာက ငါ့အနားမှာ တပ်မက်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်မှ ရှိမနေဘူး”

“မင်းဘာကိုဆိုလိုတာလဲမရှိဘူးဆိုတာ။ မင်းမှာ အားကျူရှိပြီးသားမဟုတ်လား”

သူ့အကြောင်း ပြောလိုက်သည်နှင့် ချူးရိက တက်ကြွမှုတွေပျောက်ဆုံးသွားတော့သည်။

“မင်းငါ့ကို အန်ချင်စရာတွေ မပြောစမ်းပါနဲ့။ အားကျူက မိန်းမလို့ စဉ်းစားလို့တောင်ရလို့လား”

“အားကျူကို မိန်းမလို့ မသတ်မှတ်နိုင်ရင် မင်းကိုယ်မင်းရော ယောကျာ်းလို့ သတ်မှတ်လို့ ရတယ်ထင်လို့လား။ သူ့မှာ အမျိုးသမီးတို့ ရှိထိုက်တာ အကုန်ရှိတယ်။ ယောက်ျားတို့ ရှိထိုက်တာ မင်းမှာ အကုန်ရှိစရာတော့လည်း မလိုပါဘူးလေ။”

ချူးရိက ထိုစကားအား ကြားလိုက်ရသည့်အခါ အပြုအမူက သိသိသာသာ မှောင်မည်းရင့်ထန်သွားပြီး

“ဟိတ် ငါမင်းကို တစ်ခါမှ ဒီလို ရည်ရွယ်မပြောဖူးဘူးနော်။ မင်းကတော့ အငြိုးနဲ့ ငါ့ကို သွားပုပ်လေလွင့်ပြောတာဲ။ ယောကျာ်းတို့ရှိသင့်တဲ့ အရာအကြောင်းပြောရင် မင်းလည်း ဥပမာပဲမဟုတ်ဘူးလား”

ကျောက်ချန်က ချူးရိဆီကို လက်သီးကို ယမ်းလိုက်ရင်း

“ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး လမ်းလျှောက်စမ်းပါ၊ သခင့်ကိစ္စတွေမှာ ဝင်မပါနဲ့”

ချူးရိက လာတော့မည့်တိုက်ခိုက်မှုအား အမြန်ရှောင်လိုက်သည်။ သူသည် ကျောက်ချန်က နန်းတော်စာကြည့်ဆောင်ထဲသို့ ဝင်သွားတာတွေ့သဖြင့် သူမိန်းမစိုးနောက်မလိုက်ရဲတော့ပေ။

သူသည် စင်္ကြံအောက်က ခြံစည်းရိုးပေါ်ခြေထောက်တင်ထိုင်ရင်း တောက်လျှောက်မှိုင်တွေနေတော့သည်။

သူတွေးနေခဲ့သည်။ သူ့သခင်တောင်မိန်းမရတော့မယ် သူကတော့အခုထိတစ်ယောက်တည်းပဲ။နန်းတော် စာကြည့်ဆောင်ထဲ၌...

ကျောက်ချန်က လုံယန်အား သူသိခဲ့သမျှကို တင်ပြလိုက်သည်။

လုံယန်က နားထောင်ပြီး သူ့နား နားဆီ ကပ်ပြောဖို့တိုးလာခဲ့သည့် မိန်းမငယ်လေးရဲ့ ပုံရိပ်အား ပြန်တွေးမိလိုက်လေသည်။

ခုထိတောင် သူ့နားတွေက ယားသလို ပူသလို ခံစားနေရတုန်းပဲ။

သူလက်တွေက ကိုင်ထားတဲ့ စုပ်တံပေါ်ကနေ နည်းနည်းချင်း ပြေလျော့လာတော့သည်။

သူနဲ့ သွားတဲ့အခါမှာ အဆင်မပြေဖြစ်တာ သူမရဲ့ အဲ့အချိန်ရောက်နေခဲ့လို့လား၊ သူ့ကို ဒီလိုအတွင်းရေးပစ္စည်းတွေဝယ်ပေးစေချင်ခဲ့တာလား။ ဒီလိုလား။

လုံယန်တွေးနေသည့် အချိန်၌ သူ့ရဲ့ တည်ကြည်ခန့်ညားတဲ့ မျက်နှာမှ အနည်းငယ် ရှက်သွေးဖြာသွားရသည်။ ထို့နောက် သူ့မျက်လုံးထဲက ကသိသအောက်ဖြစ်သွားတာကို ဖုံးကွယ်ရန် သူ့အကြည့်အား အောက်စိုက်လိုက်လေသည်။

ကျောက်ချန်က ထိုအဖြစ်အပျက်အား သတိထားမိလိုက်သည်။ သူ့သခင်က သူစကားပြောပြီးတဲ့ အချိန်ကျ လှုပ်တောင်မလှုပ်တော့ဘူးပဲ။ ကျောက်ချန်သည် သူ့သခင်မျက်နှာအား ချောင်းမကြည့်ပဲမနေနိုင်ခဲ့ပေ။

ထူးဆန်းတယ်။ ဘာလို့ သူ့သခင်ရဲ့ မျက်နှာက ရဲနေရတာလဲ။အခန်းကပဲ အရမ်းပူလို့လား။

သူ့ခေါင်းကို လှည့်ရင်း ဘေးဘီကို ကြည့်လိုက်သည်။ ပြတင်းပေါက်တွေလည်း အကုန်ဖွင့်ထားပါတယ်။ ဆိုတော့ ပူတာကြောင့်တော့မဖြစ်နိုင်ဘူး။နောက်ပြီး ရာသီဥတုကလည်း တအားမပူသေးပါဘူး။လုံယန်ကတော့ နက်နက်နဲနဲ တွေးနေပုံရသည်။

ဝေဝေကို ဒီနေ့တွေ့ရတာတော့ နေကောင်းပါတယ်။ ဘာမှထူးထူးခြားခြားလည်း မတွေ့မိဘူး။ သူမ မပြောခဲ့သဖြင့် သူမရာသီလာနေတာ ဟုတ်မဟုတ်သူမသိနိုင်ခဲ့ပေ။ သူထင်တာတော့ သူမရာသီလာလို့ နာကျင်တာမျိုး မခံစားရတာဖြစ်နိုင်သည်။

All Chapters