အခန်း (၃၃၇-၃၃၉)
Vol. 7 Ch. 337-339
အပိုင်း ၃၃၇
လုံယန်ရဲ့ စိုးရိမ်မှု
သူထိုအရာအား ပြန်တွေးမိတော့ အနည်းငယ်စိုးရိမ်နေတုန်းပင်ဖြစ်သည်။တကယ်လို့ ကျောက်ချန်ရဲ့ ရာသီချိန်နာကျင်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်သာ ယုံရတယ်ဆိုရင်။
နောက်ပြီး ဝေဝေကလည်း အဲ့ဒါကနေ ခံစားနေရတာဆိုရင် သူ့ရဲ့ သေးသွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ ဘယ်လိုလုပ်ခံနိုင်မှာလဲ။သူ့နဖူးရေတွန့်သွားရပြီး အခြေအနေကို ခဏအာရုံမစိုက်နိုင်ဖြစ်သွားတော့သည်။
ဘာကြောင့် အမျိုးသမီးတွေက ရာသီလာရတာလဲ။သူစိတ်ပူနေသော်လည်း အမျိုးသမီးတစ်ယောက်ရဲ့ အတွင်းရေးကိစ္စအား မေးဖို့ရန်မှာ ခက်ခဲလှသည်။
ကျောက်ချန်သည် သူ့သခင်ရဲ့ ညှိုးနွမ်းမှောင်မိုက်လာတဲ့ မျက်နှာအား ကြည့်ရင်း သူ့နှလုံးကျွံသွားသလိုခံစားလိုက်ရသည်။ သူဘာများမှားသွားလို့လဲ။
သူဘာမှများများစားစားမပြောလိုက်ပါဘူး။ နန်းတွင်းသူလေးပြောပြတဲ့အတိုင်း ပြန်လျှောက်တင်ရုံပါပဲ။
နေဦး...အရှင်က အခုလို မျက်နှာညှိုးနေတာ ဒုတိယသခင်မလုကို စိုးရိမ်လို့လား...။
သူ ထိုဖြစ်နိုင်ချေအား တွေးမိလိုက်တော့မှ စိတ်ခွန်အားလေး နည်းနည်းပြန်တက်လာတော့သည်။သူဟာ အရှင်သခင်ရဲ့ နှလုံးသားကို သေချာနားလည်တဲ့ လက်အောက်ငယ်သားတစ်ယောက်လို့ ခံစားရပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
“အရှင် တကယ်လို့ အရှင် နားမလည်တာရှိရင် နန်းတွင်းဆေးဆရာကို ဆင့်ခေါ်ပြီး မေးမြန်းနိုင်ပါတယ်။ သူက အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အထူးပြုယူထားတော့ ဒါတွေအကြောင်း အများကြီး သိမှာသေချာပါတယ်”
လုံယန်က အကြံပြုချက်ကြောင့် လှုပ်ရှားလိုက်သော်လည်း အတွေးတစ်ခုကြောင့် သူ့မျက်နှာက ပိုပြီး ညှိုးသွားတော့သည်။
အပြစ်ပြောဆုံးမခံလိုက်ရခြင်းက ကျောက်ချန်အားး မှင်တက်သွားစေလေသည်။သူဘာများမှားပြောမိလို့လဲ။ဘယ်လိုလုပ်သူကအားနေရမှာလဲ။ သူက အလုပ်များတဲ့ လူတစ်ယောက်ပါနော်။ကျေးဇူးတင်ပါတယ်လို့။
ဟင်း အရှင့်ရဲ့ နှလုံးသားကလည်း တယ်ခန့်မှန်းရခက်ပါလားနော်။အရှင်တွေးနေတာကို သူဖော်ထုတ်နိုင်ပြီထင်နေတာ ဒါပေမဲ့ တကယ်တော့ သူ့ကိုယ်သူ လမ်းကြောင်းမှားပေါ် တင်ပို့လိုက်သလိုဖြစ်သွားတာပဲ။
ထိုအချိန်၌ လုလျန့်ဝေသည် ပိုးထည်တွေ၊ ဖဲအဝတ်အစားတွေ အဝယ်ထွက်နေလေသည်။သူမသည် မကြာခင်၌ ထျန်းကျူးတောင်သို့ သွားတော့မှာဖြစ်သည်။ သူမရာသီချိန်ကလည်း နီးနေပြီဖြစ်သဖြင့် သူမလစဉ်သုံးခါးဝတ်တွေလုပ်ဖို့ရန် အရည်အသွေးကောင်းတဲ့ ဂွမ်းနဲ့ နူးညံ့တဲ့ ပိတ်စအချို့ ဝယ်ဖို့လိုအပ်နေပြီပင်။
ကျူးယွီသည် အရင်ဟာတွေတုန်းက ကူလုပ်ပေးခဲ့လေသည်။ သို့သော်လည်း သူမ ထိုအရာတွေနှင့် သိပ်အသားမကျသေးသဖြင့် ကိုယ့်ဘာသာကိုယ် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ဈေးဝယ်ထွက်ပြီးသည့်နောက် သူမ မြင့်မြတ်တဲ့ မြို့စားမင်းအိမ်တော်ကို ပြန်လာခဲ့သည်။
သို့သော် လုလျန့်ဝေသည် ဂိတ်တံခါးတွေကို ဖြတ်လျှောက်ပြီးသည့်နောက် လုဟယ့်ထျန်းနှင့် ကျီချင်းယွမ်တို့အား တွေ့လိုက်ရသည်။
နှစ်ယောက်လုံးကသူမအား မြင်လိုက်ကြရသည်။ လုဟယ့်ထျန်းသည် လုလျန့်ဝေရဲ့ မျက်လုံးတွေ၌ ချစ်ခြင်းမေတ္တာတွေပြည့်နှက်နေသဖြင့် နန်းတော်ထဲတွင် ဘာဖြစ်ခဲ့သလဲဆိုတာ မေးချင်နေခဲ့သည်။ သို့သော် ကျီချင်းယွမ်လို သူစိမ်းတစ်ယောက် အနားမှာ ရှိနေသဖြင့် သူ့စကားတွေကို ရင်ထဲမှာပဲ သိမ်းထားလိုက်ပြီး အထဲဝင်ပြီးမှပဲ မေးတော့မည်ဟု စီစဉ်လိုက်သည်။
“ဂရုစိုက်ပါ အစ်ကိုကျီ ၊ ကျွန်တော်လိုက်မစောင့်ပေးနိုင်လို့ တောင်းပန်ပါတယ်”
သူ့မျက်နှာထက်တွင် ကျီချင်းယွမ်အား အဝေးကို ပို့ချင်တာ ရှင်းလင်းသေချာနေလျက်ဖြင့် ထိုသူ့အား ယဉ်ယဉ်ကျေးကျေးလှည့်ကြည့်လိုက်လေသည်။
ကျီချင်းယွမ်က မဲ့သွားရသည်။ သို့သော်လည်း သူသည် သူနဲ့ ပတ်သက်ပြီး သိပ်စိတ်ရှုပ်ခံလေ့မရှိခဲ့ပါပေ။ ထိုကြောင့် မကြားသလိုသာ ဟန်ဆောင်ရင်း သိမ်မွေ့သည့် အမူအရာနှင့် လုလျန့်ဝေဘက် လှည့်လိုက်လေသည်။
“ဝေဝေပြန်လာပြီလား”
“ဟုတ်ကဲ့ မြို့စားမင်းကျီ”
လုလျန့်ဝေက ယဉ်ကျေးစွာ ပြန်ဖြေလိုက်တယ်။ကျီချင်းယွမ်ရဲ့ နှလုံးသားထဲ၌ ခံစားချက်များရောထွေးနေရသည်။ ဘာကြောင့်များ အရှင်မင်းမြတ်က ဒီမိန်းကလေးကို မျက်စိကျရတာလဲ။
အရှင်မင်းမြတ်ရဲ့ အခြေအနေကို စဉ်းစားရင်း သူသက်ပြင်းချလိုက်သည်။ဒီချစ်စရာကောင်းတဲ့ မိန်းကလေးရဲ့ဘဝက ခုကစပြီး ပျက်စီးမှုတွေရောက်လာတော့မှာမလား။သို့သော်လည်း လုလျန့်ဝေအား မိဖုရားအဖြစ် လက်ထပ်ယူမည့် အရှင့်ရဲ့ အစီအစဉ်မှတစ်ဆင့် နောက်ဆုံးတစ်ခေါက်တုန်းက ကျီရှုကို ဘာကြောင့် လက်ထပ်ပွဲချီးမြှင့်ခဲ့လဲဆိုသည်အား စဉ်းစားလို့ ရခဲ့ပေသည်။
ထိုသို့တွေးရင်း ကျီချင်းယွမ်က နောင်တရလျက်ပြုံးလိုက်သည်။အရှင်မင်းမြတ်က ထင်မထားလောက်အောင် အာရုံစိုက်တာပဲ။ဒီလောက်ဆို သူ လုလျန့်ဝေကို ဘယ်လောက်နှစ်သက်လဲဆိုတာပြဖို့ လုံလောက်နေပါပြီ။
မည်သို့ပင်ဆိုစေ လင်းဟွေ့သည် နန်းတွင်းထဲ၌ နှစ်အတော်ကြာရှိနေခဲ့ပြီဖြစ်သည်။ အရှင်မင်းမြတ်ကတော့ သူမအား မတူကွဲပြားမှုမရှိစွာ ဆက်ဆံနေတုန်းပင်။ လင်းဟွေ့ရဲ့ တည်ရှိမှုကိုတောင်မှ ထိုသူမှတ်မိသေးရဲ့လားဆိုတာတောင် ပြောဖို့ခက်လှပေသည်။
အပိုင်း ၃၃၈
ငါမင်းဆီခွေးလွှတ်ပေးမလို့။
လုလျန့်ဝေက စူးစူးရှရှ သတိပြုမိလိုက်သည်။ ကျီချင်းယွမ်က သူ့အား စာနာသည့်အကြည့်မျိုးနှင့် ကြည့်နေခဲ့ခြင်းပေ။
သူမအစတွင် ဇဝေဇဝါဖြစ်သွားသော်လည်း ၊နောက်တော့မှ နန်းတွင်းထဲမှ ကြင်ရာတော်တွေအား တွေးမိပြီး နားလည်သွားတော့သည်။
လူတော်တော်များများကထင်ကြသည်။ သူမနန်းတွင်းထဲဝင်ခွင့်ရပြီး
မိဖုရားဖြစ်လာတာဟာ ဂုဏ်ယူစရာကောင်းတဲ့မွန်မြတ်တဲ့အရာဟု။ သို့သော် နန်းတော်ရဲ့နက်ရှိုင်းလှသည့် ရေပြင်ထဲ၌ လက်ပစ်ကူးလို့ရလာသည့် အတွေ့အကြုံအား သူမကိုယ်တိုင်သာ နားလည်နိုင်ပေသည်။
ကျီလင်းဟွေ့သည် ကျီချင်းယွမ်ရဲ့သမီးလေးဖြစ်သဖြင့် သူ့သမီးနန်းတော်ထဲမှာ လက်ထပ်သွားပြီးနောက် မပျော်ရွှင်ရဘူးဆိုတာ၊ တခြားသူထက် သူကဘဲပိုသိလောက်မည်ဖြစ်သည်။ ထို့ကြောင့် သူ့သမီးရဲ့ ခြေရာအား လိုက်နင်းဖို့လုပ်နေသည့် လုလျန့်ဝေအား မစာနာဘဲနေနိုင်ပါ့မလား။
လုလျန့်ဝေကရပ်လိုက်သည် ။ သူမသည် အခုထိ လုံယန်က သူမအပေါ်ကောင်းနေသေးတယ်ဟု ခံစားရပေသည်။ တကယ်လို့ အနာဂတ်၌ ထိုသူ သူမအပေါ်မကောင်းတော့ရင်တောင် သူမသည် စိတ်ဆတ်သည့် လူတစ်ယောက် ဖြစ်လာမှာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၌ လုပ်နိုင်တာတွေ အများကြီးရှိသေးပေသည်။ သူမအတွက် ယောက်ျားတစ်ယောက်နောက်သို့ တစ်ချိန်လုံး လိုက်နေရန်မလိုအပ်ပေ။
သူမကလှည့်ပြီး ကျူးယွီဆီမှ သတ္တာတစ်ခုအား ယူလိုက်သည်။ ထို့နောက် ကျီချင်းယွမ်အား ပြောလိုက်လေသည်။
“မြို့စားကျီ ဒီနေ့ ကျွန်မနန်းတွင်းထဲဝင်တော့ မြော်မြင်မှုနဲ့ပြည့်စုံတဲ့ ကြင်ရာတော်က ကျွန်မကို ဒါပေးခဲ့တယ်။ ဒါပေမဲ့ဒီလက်ဆောင် ကသိပ်တန်ဖိုးကြီးလွန်းနေတယ်။ မင်းသမီးက ဒီလက်ကောက်ကို အများကြီးမြတ်နိုးမယ်လို့ ကျွန်မထင်တယ်။ ကျွန်မသူ့ရတနာကို လုယူဖို့မဝံ့ရဲပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ပြန်ပေးပေးပါ။”
ကျီချင်းယွမ်က တအံ့တဩနဲ့သတ္တာအား ယူလိုက်လေသည်။ ဖွင့်လိုက်တော့ သူ့အမေမသေခင်က ဟွေ့အာကို ပေးခဲ့တဲ့ပစ္စည်းအား တွေ့လိုက်ရသည်။ သူချက်ချင်းပဲ ခံစားချက်တွေ ရောထွေးသွားတော့သည်။
ဤလက်ကောက်သည် သူ့အမေကို မယ်တော်ကြီးမှပေးခဲ့ခြင်းပေ။ ထို့နောက် အမေကမှတစ်ဆင့် ဟွေ့အာအား ပြန်ပေးထားခြင်းဖြစ်သည်။ ဤအရာအား မိသားစုအမွေပစ္စည်းလို့ ပြောရင်တောင် အပိုပြောတာမဟုတ်။ ဟွေ့အာက ဤလက်ကောက်အား သိပ်မြတ်နိုးခဲ့သည်။ ဒါဆို ဒီနေ့ဘာလို့များ အခုလိုတစ်ယောက်ယောက်ကို ပေးပစ်လိုက်ရတာပါလိမ့်။
ကျီချင်းယွမ်ရဲ့ ရင်ထဲ၌ မသေချာမရေရာမှုတွေ ၊ရှုပ်ထွေးတဲ့ခံစားချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။တခြားရတနာဆို ကိစ္စမရှိသော်လည်း ဒါကသူ့သမီးရဲ့ အဖိုးတန်ရတနာ ဖြစ်နေတယ်မဟုတ်လား။ သူမခုလို ပေးဖို့ဆန္ဒရှိခဲ့တာ သူ မယုံနိုင်ခဲ့ပေ။
သူကလုလျန့်ဝေအား မသင်္ကာသလိုကြည့်လိုက်သည်။ လုလျန်းး့ဝေကပြောလိုက်သည်။
‘’အထင်မလွဲပါနဲ့ ကျီမြို့စားမင်း၊သဲ့ဖေးနဲ့ရှုဖေး တို့ကလည်း ကျွန်မအတွက် ဂုဏ်ပြုစားသောက်ပွဲမှာ လက်ဆောင်တွေပြင်လာကြတယ် ဒါကြောင့် အမြော််အမြင်ရှိတဲ့ကြင်ရာတော်က ဒီလက်ကောက်ကို ကျွန်မကိုအလျင်စလိုပေးပြီးအဆုံးသတ်လိုက်ရတာပါ။ ကျွန်မလည်း မငြင်းသာလို့ ဒါကိုနန်းပြင်ကို ယူလာရတာ၊ ကျွန်မအစားမင်းသမီးကို ပြန်ပေးပေးပါနော်မြို့စားကျီ”
သူမသည် စကားအနည်းငယ်နှင့် ကိစ္စတစ်ခုလုံးကိုရှင်းပြလိုက်ပြီး မင်းသမီးကမတတ်သာလို့ပေးလိုက်ရတာ၊ ဘာလက်ဆောင်မှမပြင်ခဲ့တော့ တခြားကြင်ရာတော်နှစ်ပါးရှေ့မှာ အရှက်မရချင်လို့ဆိုတာကိုပါ ရေးတေးတေးလေးပြောပြပေးသွားလိုက်သည်။
ထိုအခါ ကျီချင်းယွမ်သည် သူမ ဆိုလိုချင်သည်အား နားလည်သွားပြီးမလုံမလဲဖြစ်သွားရသည် ။ဒါကဒီလိုဖြစ်သွားတာပေါ့နော်။ သူက သူမအား သံသယနှင့်အကဲဖြတ်မိခဲ့တာပင်။
သူသည် အံကြိတ်လိုက်ပြီးသတ္တာအား သူမဆီပြန်ပေးလိုက်သည် ။
“မင်းသမီးကမင်းကိုပေးလိုက်မှတော့ မင်းဟာဖြစ်သွားပါပြီ။ လုံးဝပြန်ပေးစရာမလိုပါဘူး။”
လုဟယ့်ထျန်းကလှောင်သလိုပြုံးလိုက်ပြီး သူ့ရဲ့မူမမှန်တဲ့အပြုအမူအား တားရန် လက်ကိုဆန့်ထုတ်လိုက်သည်။
“မြင့်မြတ်တဲ့မြို့စားအိမ်တော်ကလက်ကောက်လေးလောက်ဂရုစိုက်မယ်ထင်နေတာလား၊ သွားမင်းဟာကိုယူပြီးထွက်သွားတော့”
“စိတ်မတိုပါနဲ့အစ်ကိုလု၊ကျွန်တော်ကကိစ္စတစ်ခုလုံးကိုရှင်းရှင်းလင်းလင်းနားမလည်လိုက်လို့ပါ”
လုဟယ့်ထျန်းကသူ့အားဒေါသတကြီးစိုက်ကြည့်လိုက်ပြီး
“တကယ်လို့ငါ့သမီးသာကိစ္စကိုရှင်းမပြရင်မင်းကစိတ်ထဲမှာသူကိုနှိမ်နေမှာမလား၊ မေ့လိုက်တော့ မြို့စားအိမ်တော်က မင်းအတွက်နောက်ထပ် တံခါးဖွင့်ပေးတော့မှာမဟုတ်ဘူး။ သွားရင်သွားမဟုတ်ရင် ငါမင်းဆီခွေးတွေလွှတ်ရလိမ့်မယ်”
ပြောရင်းဆိုရင်း သူသည် လုလျန့်ဝေအား လက်ဆွဲပြီးအိမ်တော်ကို ဖြတ်၍ ခြေလှမ်းကျဲကျဲလျှောက်သွားတော့သည်။လုလျန့်ဝေက သူမအဖေနောက်မှ ကျိုးနွံစွာပဲ လိုက်သွားလေသည်။ သူက စိတ်တိုနေတော့ လိုက်နာရုံအပြင်တခြားမရှိဘူးလေ။
ဒါက တကယ့်ကို မြို့စားကျီရဲ့အမှားပဲ။ ဘယ်သူက သူ့ကို အထင်သေးခိုင်းလို့လဲ။ ကျီလင်းဟွေ့ရဲ့ ပိုင်ဆိုင်တာတွေကို ငမ်းငမ်းတက်လိုချင်နေသလိုမျိုး ဘယ်သူက တွေးခိုင်းလို့လဲ။
လက်ကောက်က ဘယ်လောက်ပဲ တန်ဖိုးရှိရှိ တခြားတစ်ယောက်ရဲ့ဟာကို တပ်မက်လောက်တဲ့ထိ သူမ မသိမ်ဖျင်းဘူး။ထို့အပြင် ထိုအချိန်တုန်းက သူမငြင်းခဲ့လေသည်။ မဖြစ်လို့သာ သယ်ခဲ့ရခြင်းဖြစ်သည်။ သူ့အတွက် သိမ်းထားမယ်ဟူ၍လည်း မတွေးခဲ့ဖူးပေ။ နောက်ထပ်အခွင့်အရေးရှိရင်လည်း ကျီလင်းဟွေ့ဆီ ပြန်ပေးဖို့ရန် စီစဉ်ထားပြီးသား။ ထို့ကြောင့်သာ ခု ကျီချင်းယွမ်နဲ့ တွေ့တော့ ပြန်ပေးပေးဖို့ ပြောလိုက်တာဖြစ်သည်။
အဲ့ဒါတောင် သူက အခုလို အကဲဖြတ်လိုက်မှတော့ သူ့အဖေ ဒေါသထွက်တာ မမှားဘူးပဲလေ။
အပိုင်း ၃၃၉
အထူးအခွင့်အရေးတွေအတွက် ကတိပေးခဲ့တယ်
ကျီချင်းယွမ်ရဲ့ရှေ့၌ ဂိတ်တံခါးမှာ ပိတ်သွားလေသည်။ သူ့နှလုံးသည် တုန်လှုပ်ပြီး တဒိတ်ဒိတ်ခုန်နေခဲ့သည်။ပိတ်သွားတဲ့ တံခါးတွေအား ထပ်ကြည့်ရင်းသူ ရှက်နေမိသည်။ သူသည် လုလျန့်ဝေအား အထင်လွဲပြီး ကောက်ချက်ချလိုက်မိခြင်းပေ။ ဘယ်လိုလုပ်လင်းလီဟွားရဲ့ သမီးက အဲ့လို လောဘကြီးတဲ့ သူတစ်ယောက်ဖြစ်မှာလဲ။
သူသက်ပြင်းချလိုက်သည်။ သူသည် လုလျန့်ဝေအား တောင်းပန်ချင်သော်လည်း လုဟယ့်ထျန်းက သူ့ကို ဂိတ်ကနေ ဝင်ခွင့်မပြုတော့ပေ။ သူအတွက် လှည့်ပြန်ရုံကလွဲ၍ အခြားမရှိတော့။
ထိုအချိန် အိမ်တော်ထဲ၌ လုဟယ့်ထျန်းက လှောင်နေလေသည်။
“အဲ့သနားစရာ ကျီချင်းယွမ်က ကျီမိသားစုမှာပဲ ပစ္စည်းကောင်းတွေရှိတယ်ထင်နေလားမသိဘူး အံ့ပါ့ ဖွီ”
သူ့အဖေ ဒေါသတကြီး ဆဲလိုက်တာကို ကြည့်ပြီး လုလျန့်ဝေက ချိုချိုသာသာ ပြုံးရင်း သူနဲ့တူအောင် “ဖွီ”ဟုလိုက်ပြောလိုက်သည်။ ထို့နောက် မခံမရပ်နိုင်ဖြင့်
“အတိအကျပဲ၊ ကျွန်မတို့ မြို့စားအိမ်တော်ကလည်း လက်ဝတ်တန်ဆာကောင်းတွေ အများကြီးရှိတဲ့ မြင့်မြတ်တဲ့ အိမ်တော်ပါ။ ဒီကျောက်စိမ်းညံ့လေးကိုပဲ ရတနာလို့ မြို့စားကျီက မြင်နေတယ်ထင်တယ်။ ဘယ်လောက်အမြင်ကျဉ်းလိုက်သလဲ”
လုဟယ့်ထျန်းက ထိုစကားအား ကြားလိုက်ရတော့ ချက်ချင်းဆိုသလို သူ့ဒေါသတွေ အတော် ပျောက်ကွယ်သွားတော့သည်။ သူသည် နှာခေါင်းကို လက်နဲ့ ပွတ်ရင်း ကျေကျေနပ်နပ်ပြောလိုက်သည်။
သူထိုသို့ပြောနေသော်လည်း အသံအနေအထားကမူ အပြစ်တင်ဟန် လုံးဝပေါ်မနေချေ။လုလျန့်ဝေက ပျော်ပျော်ပြက်ပြက်နှင့် လျှာထုတ်ပြလိုက်သည်။
သူမအား အဲ့လိုမြင်တော့ လုဟယ့်ထျန်းက နည်းနည်းပိုတင်းမာသည့် အမူအရာနှင့် ပြောလိုက်သည်။
“ဒီကျောက်စိမ်းလက်ကောက်မှာက ထူးခြားတဲ့ ဇာတ်ကြောင်းရှိတယ်။ အရင်မင်းကြီးက မယ်တော်မိဖုရားကြီးကို ပေးခဲ့တဲ့ အချစ်သင်္ကေတပစ္စည်းပဲ။ မယ်တော်မိဖုရားကြီးကမှ အရင်မယ်တော်ကြီးကို တစ်ဆင့်ပေးအပ်ခဲ့တာ။ သူက ကျီမိသားစုနဲ့ လေးနက်တဲ့ဆက်ဆံရေးရှိတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျီမိသားစုရဲ့အမျိုးသမီးကြီးကို ပေးခဲ့တာလေ။ အဲ့တာက အခု အမြော်အမြင်ရှိတဲ့ ကြင်ရာတော်လင်းဟွေ့ကို လက်ကောက်ပေးခဲ့တဲ့သူပဲ”
အားလုံးကြားပြီးသည့်နောက် လုလျန့်ဝေက မူးသလိုခံစားလိုက်ရပြီး စိတ်ရှုပ်ထွေးစွာနှင့် ပြောလိုက်သည်။
အရင်မယ်တော်ကြီးတွေ၊ မယ်တော်မိဖုရားကြီးတွေ၊ ကျီမိသားစုက အမျိုးသမီးကြီးတွေနဲ့ ရှုပ်နေတာပဲ။ ထိုဆက်ဆံရေးတွေက သူမအား ဦးနှောက်ခြောက်စေပေသည်။ သို့သော်လည်း ထိုအရာတွေက သူမအား ကျောက်စိမ်းလက်ကောက်ရဲ့ တန်ဖိုးကို နားလည်သွားဖို့ရန်တော့ အတားအဆီးမဖြစ်စေခဲ့ပေ။
အရင်မင်းကြီးရဲ့ မိဖုရားကြီးအတွက် ချစ်သက်လက်ဆောင်ဖြစ်သည့်အပြင် အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့သောကြောင့် ပို၍တန်ဖိုးရှိပြီး ထူးခြားနေတော့မှာပင်။
ကျီချင်းယွမ်နဲ့ လင်းဟွေ့ အဲ့လိုတုံ့ပြန်တာ အံ့ဩစရာမရှိပါဘူး။
ဒါက မြို့စားကတော်မယ်တော်ကြီးရဲ့ ရွှေဓားလိုပဲ ကျီမိသားစုရဲ့ အသက်ချမ်းသာခွင့် အာမခံလို့ပြောနိုင်တာပဲလေ။ နှစ်မျိုးလုံးက ပိုင်ရှင်ရဲ့ အထူးအခွင့်အရေးတွေကို ကတိပြုလိုက်တာပဲ မဟုတ်လား။
“မင်းဒါတွေကို စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ မင်းခုဏကပြောတဲ့ စကားတွေကို ငါ့ရှေ့မှာပဲ ပြောလို့ရမယ်။ အပြင်မှာ မပြောနဲ့။ သူများကြားရင် မင်းက မယ်တော်ကြီးကို အရိုအသေမရှိဘူးဆိုပြီး တိုင်ကြလိမ့်မယ်”
“သမီးနားလည်ပါတယ်၊ အပြင်မှာလည်း မပြောပါဘူး။”
တစ်ချိန်တည်းမှာပဲ လုလျန့်ဝေသည် သူ့အဖေစိတ်တိုမနေတော့သဖြင့် တိတ်တိတ်လေး အသက်ရှုထုတ်လိုက်လေသည်။
လုဟယ့်ထျန်းက ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး ပဟေဠိဆန်ဆန်ပြောလာသည်။
ထိုစကားအားကြားလိုက်တော့ လုဟယ့်ထျန်းက ပြုံးပြီး ဟာသမပါဘဲ ခေါင်းအား လှမ်းထုလိုက်တော့သည်။
“မင်းဘာလို့ ပိုက်ဆံကို ဒီလောက်စွဲလမ်းနေရတာလဲ။ မင်းလိုမိန်းကလေးအတွက် အဲ့ဒါက မကောင်းဘူးနော်။ မင်းက ကျောက်စိမ်းဝတ်ရင် ပို ကောင်းမှာ။”
လုလျန့်ဝေက သဘောမတူပေ။ သူ့အမြင်၌ ကျောက်စိမ်းသည် ကွဲကျပျက်စီးလွယ်ပေသည်။ ဘယ်လောက်တန်ဖိုးရှိရှိ ပျက်စီးသွားလျှင် တန်ဖိုးမဲ့သွားမှာပင်။ တစ်ဖက်မှာကျ ရွှေနဲ့ ပတ်သက်ပြီးတော့ သူမအတွက် အဲ့လို ပူစရာမလိုအပ်ပေ။ရွှေက အံ့ဩစရာကောင်းတယ်။ တန်ဖိုးရှိပြီး အဆင်လည်းပြေတယ်။
ကောင်းပြီ။ သူမက အဲ့လိုလူမျိုးပဲလေ။
လုလျန့်ဝေသည် သိမ်မွေ့တဲ့ လေပြည်နန်းဆောင်ဆီသို့ လုဟယ့်ထျန်းနောက်မှ လိုက်လာခဲ့သည်။
လုဟယ့်ထျန်းက ခြံဝင်းကို ဖြတ်၍ သူမအား စာကြည့်ဆောင်ဆီ ခေါ်သွားလေသည်။
စာကြည့်ဆောင်သို့ ဝင်လာပြီးနောက် လုဟယ့်ထျန်းက လျန့်ဝေလက်ကို လွှတ်လိုက်ပြီး နံရံဘေးက စာအုပ်စင်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် ယန္တရားရဲ့ ခလုတ်အား နှိပ်လိုက်သော် လျို့ဝှက်အခန်းက ပေါ်လာတော့သည်။
လုလျန့်ဝေက ထိုအရာအား မြင်တော့ အရမ်း အံ့အားမသင့်သွားပေ။
ဒီလို စစ်ရေးအင်အားကြီးတဲ့ မြို့စားတစ်ယောက်အနေနဲ့ လျို့ဝှက်စာရွက်စာတမ်းတွေကို စာကြည့်ဆောင်မှာ သိမ်းလေ့ရှိပြီး လုံခြုံမှုလည်းရှိဖို့ ဆိုရင် တစ်ခါတလေတော့ ဒီလိုလျို့ဝှက်အခန်းမျိုးက လိုအပ်တာပဲလေ။