အခန်း (၃၄၃-၃၄၅)
Vol. 7 Ch. 343-345
Chapter 343
အလွန်အမင်း နာကျင်ရခြင်း။
လုလျန့်ဝေသည် ခေါင်းယမ်းပြလိုက်သည်။
“ဘာမှမဖြစ်ခဲ့ပါဘူး။”
လုထင်ချန်းက အစားအသောက်ကို ယူနေစဥ် ရပ်လိုက်ပြီး ပြောလိုက်သည်။
“ကိုယ်လုပ်တော်ဟာ အအေးနန်းတော်ထဲကို ပြည်နှင်ဒဏ်ပေးခံလိုက်ရတယ်လို့ ငါကြားတယ်။ အဲ့အချိန်က ဘာတွေဖြစ်သွားခဲ့တာလဲ။”
လုလျန့်ဝေက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ၏ အစ်ကိုကြီးသည် အတင်းအဖျင်းပြောတတ်သူမဟုတ်မှန်း သူမသိသည်။ သူသည် သူမ ဘာတွေဖြစ်ခဲ့သည်ကို သိရှိနိုင်ရန် မသိမသာမေးမြန်းရန်အတွက် ကြိုးစားနေသည်။
“တိုင်းပြည်ရေးရာကို မသင့်တော်စွာ ဝင်ဆွေးနွေးခဲ့ခြင်းကြောင့်ပါ။”
လုလျန့်ဝေသည် အကျဥ်းချုပ်ပင် ပြန်ဖြေလိုက်သည်။
လုထင်ချန်းက အံ့အားသင့်သွားသည်။
ထိုအချိန်က ဖြစ်ပျက်ခဲ့သည်ကို ပြန်စဥ်းစားရင်း လုလျန့်ဝေသည် မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
“အမှန်တစ်ကယ်တော့ ကိုယ်လုပ်တော်က အများကြီးမပြောခဲ့ပါဘူး။ ဧကရာဇ်မင်းဟာ တိုင်းပြည်ကို စီမံအုပ်ချုပ်ဖို့ အလုပ်တွေအများကြီး လုပ်ရတယ်လို့ပဲ မှတ်ချက်ပေးခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ အရှင်မင်းကြီးက ဒေါသထွက်သွားခဲ့ပြီး သူမကို အအေးနန်းတော်ထဲကို ပြည်နှင်ဒဏ်ပေးခဲ့တာပါ။”
သူမ၏ မိသားစုအား မစိုးရိမ်စေရန်အတွက် ကိုယ်လုပ်တော်ဟာ သူမအား သတ်ဖို့ကြိုးစားခဲ့သည်ဆိုသော အချက်ကို ထည့်မပြောဖြစ်ခဲ့ပေ။
လုထင်ချန်းသည် တစ်ခုခုက မှားယွင်းနေသည်ကို ခံစားမိ၍ သူ၏ မျက်ခုံးတို့သည် တွန့်ချိုးသွားသည်။
ကိုယ်လုပ်တော်သည် အရိုအသေမဲ့စွာဖြင့် ဧကရာဇ်မင်းအား အထွန့်တက်ပြောဆိုခဲ့ပြီး အရှင်ဘုရင်ကို စိုးမိုးချယ်လှယ်သည်ဟု စွပ်စွဲပြောဆိုနိုင်သော်လည်း ဧကရာဇ်မင်းဟာ ထိုမျှလောက်သော အမှားတစ်ခုအတွက်နှင့် အအေးနန်းတော်သို့ ချက်ချင်း ပြည်နှင်ဒဏ်ပေးလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဧကရာဇ်မင်းက ထိုသတင်းကို ဖုံးကွယ်ထားရန် အမိန့်ပေးခဲ့သောကြောင့် လူအများစုသည် ဘာဖြစ်ခဲ့သည်ကို အတိအကျမသိနိုင်ပေ။ ကိုယ်လုပ်တော်ဟာ အအေးနန်းတော်ထဲသို့ ပြည်နှင်ဒဏ်ပေးခံလိုက်ရသည်ကိုသာလျှင် သူသိခဲ့ရသည်။
လုလျန့်ဝေသည် သူအတွေးလွန်နေမည်ကို စိုးရိမ်မိပြီး ပြောလက်စ အကြောင်းအရာအား အလျင်အမြန်ပင် ပြောင်းလိုက်သည်။
လုလျန့်ဝေသည် လုယွင်ရွှမ်းးအပေါ် သူ၏ဂရုမစိုက်မှုကို ကျင့်သားရနေပြီဖြစ်သော်လည်း ထိုအချိန်တွင် သူမသည် ကောလဟာလတစ်ခုကို စိတ်ဝင်စားမိသည်။
“သူမဟာ စိတ်ဖိစီးနေတာကြောင့် သူမရဲ့ခန္ဓာကိုယ်က အားနည်းနေတယ်။ ဒါဟာ သနားဖို့ကောင်းပါတယ်။ သူမ ဒီကလေးကို ထိန်းသိမ်းနိုင်လောက်မှာ မဟုတ်ဘူး။”
ထိုအချိန်တွင် လုထင်ချန်းသည် သူမကို လှမ်းကြည့်ပြီး သတိပေးလိုက်သည်။
“သူမဟာ ဉာဏ်နီဉာဏ်နက် များတဲ့သူပဲ။ မင်းသူမနဲ့ ရင်းရင်းနှီးနှီးမနေတာ ပိုကောင်းလိမ့်မယ်။”
သိပ်မကြာခင်မှာပင် ကျူးယွီသည် ပင်လုံးကြိုင်ပန်းလက်ဖက်ရည်နှစ်ခွက်နှင့် ပြန်လာလေသည်။
လုထင်ချန်း၏ နှုတ်ခမ်းသည် မဲ့ကျသွားသော်လည်း သူသည် သူ၏ ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် မနှစ်သက်သောအမူအရာဖြင့် ခွက်ကို ပြန်ချထားလိုက်သည်။
ဒါကိုတွေ့လိုက်ရတော့ လုလျန့်ဝေနှင့် ကျူးယွီတို့သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကာ တစ်ပြိုင်နက် ရယ်မိကြသည်။
ထိုအခိုက်တွင် လုထင်ချန်းသည် သူတို့ကို ရိုက်ပုတ်လိုစိတ် ဖြစ်မိသည်။
သူ့ကိုယ်ထဲမှ အရက်သောက်ချင်စိတ်သည် ပြင်းပြနေသော်လည်း သူဟာ စားပွဲပေါ်တွင် တင်ထားသော ဝိုင်အိုးကို မသောက်နိုင်ဘဲ ကြည့်ရုံသာကြည့်နေနိုင်ခဲ့သည်။ ဒါဟာ အလွန်အမင်း နာကျင်ရသော ခံစားချက်ပင် ဖြစ်သည်။
သူ၏ ပင်လုံးကြိုင်ပန်းလက်ဖက်ရည်ကို ကြိတ်မှိတ်သောက်လိုက်ပြီးနောက်တွင် သူသည် အလျင်အမြန်ပင် ထရပ်လိုက်သည်။
“ငါလက်ဖက်ရည်သောက်ပြီးပြီ။ ဒါဆို အခုငါ ပြန်အိပ်တော့မယ်။ မင်းလည်း စောစောနားသင့်တယ်။ မင်းမနက်ဖြန် စောစောထရအုံးမယ်။”
“ကျွန်မသိပါပြီ။ အစ်ကိုကြီးလည်း အနားယူလိုက်ပါအုံး။”
သူ့ကို တံခါးဆီသို့ လမ်းလျှောက်ပို့ပြီးနောက်တွင် သူမသည် စနောက်စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးက အရွယ်ရနေတဲ့ အသက်အရွယ်ကို ရောက်နေပြီ။ ဒါပေမယ့် အစ်ကိုကြီးဘေးမှာ မိန်းကလေးတစ်ယောက်တောင် မရှိဘူး။ ကျွန်မဒါကို အစ်ကိုကြီးကောင်းဖို့အတွက် လုပ်ပေးတာပါ။ အစ်ကိုကြီးက အပူသောကတွေနဲ့ ပြည့်နေတယ်။ ဒီပန်းလက်ဖက်ရည်က အစ်ကိုကြီးရဲ့ ဒေါသတွေနဲ့ နောင်တရစရာ ကိစ္စတွေမလုပ်မိအောင် အစ်ကိုကြီးရဲ့ ခန္တာကိုယ်ထဲက အပူသောကတွေကို လျော့ကျစေနိုင်ပါတယ်။”
လုထင်ချန်းသည် ခလုတ်တိုက်မိပြီး လဲကျမတတ်ဖြစ်သွားသည်။
သူအသိစိတ်ပြန်ကပ်လိုက်ကာ သူ၏ ခေါင်းကို ပြန်လှည့်ပြီး လုလျန့်ဝေအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဒီမိန်းကလေးက တစ်ကယ့်ကို အရှက်မဲ့တာပဲ!
သူအံကြိတ်လိုက်ပြီး
“လုလျန့်ဝေ၊ မင်း…”
လုလျန့်ဝေသည် မျက်နှာကို မဲ့ချလိုက်ကာ သူပြန်လှည့်လာပြီး သူမကို ရိုက်ဖို့ပြင်နေသည်ကို မြင်လိုက်၍ သူမသည် အလျင်အမြန်ပင် အခန်းတံခါးကို ဆွဲပိတ်လိုက်သည်။
ဘန်း! (အခန်းတံခါးပိတ်သံ)
လုထင်ချန်း
“…”
အရှေ့ဖက်ခြမ်းနန်းတော်။
လုံချီဟာ လုယွင်ရွှမ်း၏ အခန်းမှ ပင်ပန်းစွာဖြင့် ထွက်လာခဲ့ချိန်တွင် ညနှောင်းပိုင်းပင် ရောက်နေပြီဖြစ်သည်။
မနက်ပြန်ရောက်ကတည်းကပင် လုယွင်ရွှမ်းသည် အဆက်မပြတ် ငိုနေခဲ့ပြီး ဧကရာဇ် သမားတော်၏ ရောဂါစစ်တမ်းကို မယုံကြည်နိုင်ဟု ပြောနေခဲ့သည်။ ထို့ကြောင့် သူမ၏ နှလုံးခုန်နှုန်းကို စစ်ဆေးကြည့်ရန်အတွက် အပြင်မှ သမားတော်ကို သူခေါ်ပေးခဲ့ရသည်။
လုယွင်ရွှမ်းးသည် အမှန်တစ်ကယ်ပင် ကိုယ်ဝန်ရှိနေခဲ့သော်လည်း သူမ၏ စိတ်ဖိစီးမှုတို့ကြောင့် သူမ၏ ခန္တာကိုယ်သည် အားနည်းနေခဲ့ပြီး ကိုယ်ဝန်ပျက်ကျခြင်း လက္ခဏာပေါ်နေသည်။
သမားတော်ဟာ သူ၏စကားလုံးတွေကို ထိန်းသိမ်းကာ ပြောနေခဲ့သည်ကို သူသိသော်Chapter 344
အရှင်ဘုရင် ဒေါသထွက်နေလိမ့်မယ်
လုံချီသည် ဒီကလေးမှာ သူ၏ ပထမဆုံးကလေးဖြစ်သောကြောင့် မျှော်လင့်ချက်ထားခဲ့သည်။ သို့သော်လည်း ဒီလိုဖြစ်လာလိမ့်မည်လို့ သူလုံးဝကို မမျှော်လင့်ခဲ့ပေ။
သူ့နှလုံးသားထဲတွင်တော့ လွန်စွာမှ စိတ်ပျက်မိသည်။ သမားတော်ပြောသည့် စကားကို ကြားပြီးနောက် လုယွင်ရွှမ်းသည် စိတ်ပိုင်းဆိုင် ကြေကွဲမှုအပြည့်နှင့် မျက်ရည်ကျခဲ့ရသည်။ သူသည် နောက်ဆုံးတွင် သူမအိပ်ပျော်သွားသည်အထိ သူမကို နှစ်သိမ့်ပေးခဲ့သည်။
သူသည် အဆောင်သို့ ပြန်လာခဲ့သည်။ ထိုနေရာတွင် ရပ်နေမိပြီး ကြည်လင်တောက်ပနေသော ကောင်းကင်ပေါ်မှ လမင်းကို ငေးကြည့်ရင်း သူ၏ တုန်လှုပ်ခြောက်ခြားနေသောစိတ်တို့သည် တည်ငြိမ်သွားသည်။
ညကောင်းကင်ယံတွင် တောက်ပနေကြသော ကြယ်လေးများကို ငေးကြည့်ရင်း ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသော မိန်းမငယ်လေးတစ်ဦး၏ ပုံရိပ်ဟာ သူ့စိတ်ထဲသို့ ရောက်လာသည်။ သူတို့က ကောင်းကင်ယံပေါ်မှ ကြယ်လေးများလိုပင် အလွန်တောက်ပကြသည်။
ဒီမိန်းကလေးဟာ ဘယ်အချိန်ကတည်းက သူ့၏ ခံစားချက်တွေကို ဒီလောက်အလွယ်တကူ စိုးမိုးနိုင်ခဲ့တာလဲ။
သို့သော်လည်း ဒီနေ့ ဧကရာဇ်ဥယျာဥ်တော်ထဲတွင် ထိုမိန်းကလေးနှင့် သူ၏ ဧကရာဇ်ဦးရီးတော်ကြားမှ နားမလည်နိုင်သော ရင်းနှီးမှုကို သူပြန်မြင်ယောင်မိရင်း သူ၏နှလုံးသားသည် မနာလိုမှုတို့ဖြင့် ပြည့်နှက်သွားသည်။
ဒီအရူးမလေး လုလျန့်ဝေဟာ အမှန်တစ်ကယ်ပင် သူ၏ဧကရာဇ်ဦးရီးတော်က သူမအတွက် ကောင်းမွန်သော ဘဝတစ်ခုကို ပေးနိုင်မည်ဟု ထင်နေတာလား။ သူ၏ ဧကရာဇ်ဦးရီးတော်က မစွမ်းဆောင်နိုင်တော့သည်ကို သူမ သိမည်မဟုတ်ပေ။ လက်ထပ်ထိမ်းမြားပွဲကြီး ပြီးသွားသောအခါတွင် သူ့ဦးလေးသည် အိမ်ထောင်ရေးရာ အိပ်ရာပေါ်တွင် ကောင်းစွာ စွမ်းဆောင်နိုင်မည်မဟုတ်ပေ။
ထိုအတွေးသည် သူ့နှလုံးသားထဲမှ မနာလိုမှုကို အနည်းငယ် သက်သာရာရစေသည်။
ကံကောင်းထောက်မစွာဖြင့် သူ့ဧကရာဇ်ဦးရီးတော်၏ မစွမ်းဆောင်နိုင်ခြင်းသည် အကယ်၍ လုလျန့်ဝေနဲ့သူ လက်ထပ်ထိပ်မြားလျှင်တောင်မှ စိုးရိမ်စရာမရှိပေ။ သူ့ဧကရာဇ်ဦးရီးတော် ကွယ်လွန်သွားခဲ့လျှင် လုံချီသည် သူမကို ယူမည်ဖြစ်သည်။ ထို့အပြင် သူမသည် ဖြူစင်ပြီး အပြစ်ကင်းစင်နေသေးသည်။ ထို့နောက် သူမအား သူ့ဘေးတွင်ထား၍ စောင့်ရှောက်ထားမည်။
ထိုအတွေးသည် သူ့ခန္တာကိုယ်အတွင်းမှ ပြင်းပြသော ခံစားချက်ကို ဖြစ်ပေါ်စေပြီး သူ့မျက်လုံးများသည် လိုချင်တပ်မက်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်တော့ဘဲ ခြံဝန်းထဲမှ လမ်းလျှောက်၍ လှည့်ထွက်လာသည်။
သူ၏ ဧကရာဇ်ဦးရီးတော်ဟာ သူ့အပေါ်တွင် အလွန်ပင် ကောင်းမွန်သော ကြင်နာမှုတို့ဖြင့် ဆက်ဆံပေးခဲ့သောကြောင့် ထိုကဲ့သို့ လေးစားထိုက်သော လူကြီးသူမအပေါ်တွင် သူမည်သို့ စိတ်ပျက်နိုင်မည်နည်း။
လုလျန့်ဝေ၏ မြင်းလှည်းကို လုမိသားစု၏ အစောင့်အကြပ်ဖြင့် မြို့ပြင်သို့ ခြံရံခေါ်ဆောင်သွားသည်ကို ရှိရိက စောင့်ကြည့်နေသည်။ အဲ့ဒီ့နောက်မှာတော့ သူသည် နန်းတော်သို့ ပြန်လှည့်သွားခဲ့သည်။
ဒုတိယသခင်မလေးလုသည် မင်းနေပြည်တော်မှ ထွက်ခွာပြီးနောက် ထိုက်ကျိုးဘုရားကျောင်းတွင် အချိန်အတန်ကြာ ရှိနေမည်ဖြစ်သည်။ သူသည် ပြန်လာပြီး သူ့သခင်ထံမှ နောက်ထပ်ညွှန်ကြားချက်များကို တောင်းခံရန်ဖြစ်သည်။ သူမကို ကာကွယ်ရန်အတွက် သူမနှင့်အတူ လိုက်ပါသွားရန် လိုသည်လား။
ကျောက်ချန်သည် ရှိရိအား နန်းတော်ထဲတွင် ရုတ်တရက်တွေ့လိုက်ရသဖြင့် အံ့ဩသွားမိသည်။
“မင်းဘာလို့ ဒီမှာရှိနေတာလဲ။ တစ်ခုခုဖြစ်ခဲ့လို့လား။”
ရှိရိသည် အချိန်ခဏမျှ ယူပြီးနောက် ပြန်ဖြေလိုက်သည်။
“သခင့်ဆီက ညွှန်ကြားချက်ယူဖို့ ကျွန်တော်ဒီကို လာခဲ့တာပါ။ ကျွန်တော် ဒုတိယသခင်မလေးလုနှင့်အတူ လိုက်သွားဖို့ လိုပါသလား။”
ယခင်က သခင်သည် သူ့ကို တော်ဝင်မြို့စားအိမ်တော်တွင် နေစေပြီး လျှို့ဝှက်စွာဖြင့် ဒုတိယသခင်မလေးလုအား စောင့်ရှောက်ရန်သာ ညွှန်ကြားထားသည်ဖြစ်သည်။ သို့သော်လည်း သခင်သည် သခင်မလေးလုအား လျှို့ဝှက်စွာဖြင့် ဆက်လက်စောင့်ရှောက်ရမည်ဟု မညွှန်ကြားထားသေးပေ။
ကျောက်ချန်သည် သူပြောပြသည့် အကြောင်းအရာများမှ တစ်ခုခုက မှားယွင်းနေကြောင်း ပြောနိုင်ပြီး သူ့နှလုံးသားဟာ စိုးရိမ်မိသွားသည်။
“ဒုတိယသခင်မလေးလုက ဘယ်သွားတာလဲ။”
ရှိရိ၏ မျက်ခုံးသည် ပင့်တက်သွားသည်။ ကျောက်ချန်ဟာ ထိုကိစ္စကို လုံးဝပင် မသိပုံပေါ်သည်။ မနေ့က သူမနန်းတော်ကို လာခဲ့တုန်းက ဒုတိယသခင်မလေးလုက သခင့်အား ဘာမှမပြောပြခဲ့တာလား။
“တော်ဝင်မြို့စားအိမ်တော်က အစောင့်အရှောက်နဲ့အတူ ဒီနေ့မနက်စောစောမှာ ဒုတိယသခင်မလေးလုနဲ့ မြို့စားကတော်ဟောင်းတို့က ထိုက်ကျိုးတောင်ကို ထွက်သွားကြပါတယ်။”
ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ကျောက်ချန်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။
“ဒုတိယသခင်မလေးလုနဲ့ မြို့စားကတော်ဟောင်းတို့က ဗုဒ္ဓကို ဂါရဝတရားပြုဖို့အတွက် သွားကြတာ ဟုတ်တယ်မလား။”
ထိုက်ကျိုးတောင်ပေါ်မှ ထိုက်ကျိုးဘုရားသည် အလွန်ပင် တန်ခိုးကြီးမားသည်ဟု ပြောစမှတ်ပြုကြသည်။ အိမ်ထောင်ရှိသည်ဖြစ်စေ၊ အိမ်ထောင်မရှိသည်ဖြစ်စေ အမျိုးသမီးတွေဟာ ထိုနေရာသို့သွားကြ၍ ဆုတောင်းလေ့ရှိကြသည်။ ဒုတိယသခင်မလေးလုသည်လည်း မကြာခင်တွင် လက်ထပ်ထိမ်းမြားတော့မည်ဖြစ်၍ ထိုနေရာသို့ ဆုတောင်းဖို့သွားတာ ဖြစ်နိုင်သည်။
သူသိထားသလောက်တော့ အသက်ကြီးသောသူ အများစုသာလျှင် ထိုမြင့်မြတ်သော ဗုဒ္ဓ၏ အေးချမ်းမှုနေရာကို သဘောကျနှစ်သက်လေ့ရှိကြသည်။ ငယ်ရွယ်သော မိန်းကလေးများသည် ထိုနေရာတွင် ရက်အနည်းငယ်မျှသာ နေနိုင်ကြပြီး ထွက်ခွာချင်လေ့ရှိသည်။
ထို့ကြောင့် လုလျန့်ဝေသည်လည်း နှစ်ရက်အကြာတွင် ပြန်လာလိမ့်မည်ဟု သူခန့်မှန်းထားသည်။
ရှိရိဟာ ထိုအချိန်တွင် ကျောင်ချန်သည် ဘယ်လိုအတွေးမျိုးရှိနေပြီး ဘာကြောင့် စိတ်သက်သာရာရနေသည်ကိုတော့ သေချာမသိပေ။
“ဟုတ်ပါတယ်။ သူတို့ ဗုဒ္ဓကို ဂါရဝပြုဖို့ သွားကြတာပါ။ ဒါပေမယ့် ကျွန်တော်ကြားမိသလောက်တော့ မြို့စားကတော်ဟောင်းက ဒုတိယသခင်မလေးလုကို ထိုနေရာမှာ အချိန်အတော်ကြာနေဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။”
ကျောက်ချန်သည် သူ၏ စိတ်ပူပန်မှုများကို ဘေးဖယ်ထားလိုက်သော်လည်း ယခုတွင်မူ စိတ်ပူပန်မှုများသည် ရုတ်တရက်ဆန်စွာ အရှိန်ပြင်းပြင်းဖြင့် ပြန်ဝင်ရောက်လာတော့သည်။ သူသည် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“သူမက အဲ့မှာ ဘယ်လောက်ကြာကြာနေမှာလဲ။”
“အနည်းဆုံး တစ်လဖြစ်ပြီး အများဆုံး နှစ်လကြာနိုင်ပါတယ်။”
ကျောက်ချန်သည် သူ့ပေါင်ကို ရိုက်ချလိုက်ပြီး ထိတ်လန့်စွာဖြင့် အော်လိုက်သည်။
“အိုး၊ မဖြစ်ဘူး။”
ထို့နောက်တွင်တော့ ချက်ချင်းပင် သူသည် ဧကရာဇ်စာကြည့်တိုက်သို့ ပြေးထွက်သွားသည်။
ကျောက်ချန်ပြောပြသည်ကို လုံယန်ကြားပြီးနောက်တွင် သူ့မျက်နှာပေါ်မှ အမူအရာသည် အေးစက်ပြင်းထန်၍ မနှစ်မြို့မှုတို့ ဖြစ်ပေါ်လာသည်။ အခန်းတွင်းအပူချိန်သည်လည်း ရုတ်တရက် ကျဆင်းသွားသည်။
ယခုအချိန်သည် ဇွန်လရောက်တော့မည်ဖြစ်သော်လည်း ကျောက်ချန်ဟာ သူ၏ အရိုးများထဲထိ အေးစက်မှုတို့ကို ခံစားရနေဆဲဖြစ်သည်။
စာရေးသူ၏ မှတ်ချက်: လုံယန်သည် အံကြိတ်ထားလိုက်သည်။ ထိုသတ္တိကောင်းသော ကောင်မလေးသည် ဒီကိစ္စအား သူ့ကို အသိပင်မပေးဘဲ ဘယ်လိုတောင်ထားခဲ့ရဲတာလဲ။ ဧကရာဇ်ဘုရင်ကို လှည့်ဖျားခြင်းကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို သူမသေချာသိရှိစေရန် သူလုပ်ရတော့မည်။
ဝေးလံသော ထိုက်ကျိုးတောင်ပေါ်မှ လုလျန့်ဝေသည် အကြောင်းတစ်ခုခုကြောင့် နှာချေမိသည်။ ရုတ်တရက်ဆန်စွာဖြင့် သူမသည် သိသိသာသာပင် အေးစက်မှုကို ခံစားလိုက်မိသည်။
Chapter 345
ထိုမိန်းကလေးသည် ဤမျှထိလက်စားချေနိုင်သည်ကို သူမသိခဲ့ပေ။
ကျောက်ချန်သည် သူ့သခင်၏ မျက်နှာအမူအရာအား အကဲခတ်၍ သတိထားစွာ ပြောလိုက်သည်။
“မနေ့က သခင်မလေးလုက ဒီကိစ္စကို ပြောပြဖို့ မေ့သွားပုံပေါ်ပါတယ်…။”
‘ဟုတ်တယ်။ သူမဟာ သခင့်ကို တမင်တကာ လျစ်လျူရှုခဲ့တာမဟုတ်ဘဲ မေ့သွားခဲ့တာပါ။”
သူ့ဘာသာ ပြန်တွေးနေမိသည်။
သူသည် စကားအဖြစ်သာ ပြောလိုက်သော်လည်း သူကိုယ်တိုင်သည်လည်း ထိုကိစ္စကို မသေချာပေ။
ဤထိုက်ကျိုးတောင်ကိုသွားသော ခရီးသည် အလွန်ပင် အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။ သခင်မလေးလုသည် ထိုကိစ္စအား ဘယ်လိုတောင် မေ့နိုင်ရသလဲ။ ဒါသည် အရမ်းကို လွန်သွားခဲ့ပြီဖြစ်သည်။
ပြန်မလာမှီအချိန်တွင် သူမသည် ထိုနေရာ၌ ရက်အနည်းငယ်မျှသာ အပန်းဖြေသွားသည် မဟုတ်ပေ။ ထို့အပြင် သူမကိုယ်တိုင်နှင့် သူ့သခင်ကြားမှ လက်ရှိဆက်ဆံရေးအရ သူမမကြာခင် ပြန်လာမည်ဆိုလျှင်တောင်မှ သူ့ကို သူမကိုယ်တိုင် အသိပေးသွားသင့်သည်။
အမှန်ပြောရလျှင် ဒီတစ်ခေါက်တွင် သူမဘယ်သွားမည်ကို သခင်ကို တမင်တကာပင် အသိပေးမသွားသော သခင်မလေးလု၏ အပြုအမူသည် အရိုအသေမဲ့လှသည်။ သို့ပေမယ့် တစ်ချိန်တည်းမှာပင် ကျောက်ချန်ဟာ သူမသည် အတော်လေး ချစ်ဖွယ်ကောင်းသည်ဟု ခံစားမိသည်။ သူ့သခင်အား ယခုကဲ့သို့ လှည့်စားရဲသော သူမှာ ဒီကမ္ဘာပေါ်တွင် သူမတစ်ယောက်တည်းပင် ဖြစ်သည်။
လုံယန်သည် ဘာမှမပြောပေ။ သူ၏ မျက်လုံးများသည် နက်မှောင်၍ ကြေကွဲနေသည်။
ထိုကောင်မလေးသည် တမင်တကာပင် လုပ်ခဲ့ခြင်းဖြစ်သည်။ ဘာကြောင့် သူ့ကို မပြောပြခဲ့သလဲ။
သူ့သခင်၏ တိတ်ဆိတ်နေမှုကို သတိထားမိလိုက်၍ ကျောက်ချန်သည် သူ့နောက်မှ ရှိရိအား အော်ဟစ်ဆူပူလိုက်သည်။
“မိုက်မဲလိုက်တာ! ဒုတိယသခင်မလေးလု ထိုက်ကျိုးတောင်ကို သွားတဲ့အကြောင်းက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ မင်းဘာလို့ သခင့်ကို အရင်သတင်းမပို့ခဲ့တာလဲ။ ရှိရိ၊ မင်းက မင်းတာဝန်ကို ပေါ့လျော့လွန်းတယ်!”
“ကျွန်တော်က မနေ့က ဒုတိယသခင်မလေးလု နန်းတော်ထဲကို လာခဲ့တုန်းက သူမဟာ သခင့်ကို အသိပေးပြီးသွားခဲ့ပြီလို့ ထင်လိုက်မိတာပါ။”
ရှိရိသည် အပြစ်ကင်းစွာပင် ပြန်ဖြေလိုက်သည်။ သခင်နဲ့ ဒုတိယသခင်မလေးလုတို့၏ လက်ရှိဆက်ဆံရေးအခြေအနေအရ သူမသည် သူ့ကို အသိမပေးစရာ အကြောင်းမရှိသည်မို့ ရှိရိသည် ချက်ချင်း သတင်းမပို့ခဲ့ခြင်းဖြစ်သည်။
လုံယန်သည် အရှက်ရမိသည်။ ကြည့်ပါလား။ ရှိရိပင် ဝေဝေဟာ သူ့သခင်ကို ပြောပြခဲ့သင့်သည်ကို သိသည်။ သို့ပေမယ့် သူမသည် မနေ့က နှုတ်ဆိတ်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ မနေ့က သူတို့သည် ကောင်းမွန်သော အခြေအနေတွင် ရှိနေခဲ့သည်မလား။
လုံယန်သည် သူ့လက်ထဲတွင် ကိုင်ထားသော အက္ခရာသင်ပုန်းစုတ်တံကို ပစ်ချလိုက်ပြီးနောက် မတ်တပ်ရပ်ဖို့ ပြင်လိုက်သည်။ သို့ပေမယ့် သူတစ်စုံတစ်ခုကို သတိရမိသွားသည်။ သူပြန်ထိုင်ချလိုက်ပြီး သူ၏ လက်ချောင်းသွယ်များဖြင့် နှာတံကို ညစ်လိုက်ကာ တိတ်ဆိတ်စွာ ရယ်မောလိုက်သည်။
ထိုမိန်းကလေးသည် ဤမျှထိလက်စားချေနိုင်သည်ကို သူမသိခဲ့ပေ။
သူတို့သခင်၏ အမူအရာအား အကဲခတ်နေကြသော ကျောက်ချန်နှင့် ရှိရိတို့သည် ထိုအရာကို သတိထားမိပြီး တစ်ယောက်နှင့်တစ်ယောက် ထိတ်လန့်စွာ အချင်းချင်း ကြည့်လိုက်မိသည်။
လုံယန်သည် သူ၏နဖူးကို ပွတ်လိုက်ပြီးနောက် ကျောက်ချန်အား ရုတ်တရက် ကြည့်လိုက်သည်။
ကျောက်ချန်သည် ထိုသည်ကို သတိထားမိသွားပြီး ချက်ချင်းပင် မျက်လွှာချလိုက်သည်။ ကွဲပြားစွာပင် သူသည် တည်တည်တံ့တံ့နေလိုက်ပြီး ဘာကိုမှ မမြင်ခဲ့သလို ဟန်ဆောင်လိုက်သည်။
ရှိရိသည်လည်း အလျင်အမြန်ပင် ခေါင်းငုံ့ချလိုက်သည်။ အချိန်အတန်ကြာ စဥ်းစားပြီးနော် သူမေးလိုက်သည်။
“အရှင်သခင်၊ အရှင်သခင်ရဲ့ နိမ့်ကျသော လက်အောက်ခံသားက သူမနောက်လိုက်ပြီး စောင့်ကြည့်ဖို့ လိုပါသလား။”
ကျောက်ချန်သည် အရင်ဦးအောင် ဖြေလိုက်ပြီး ရှိရိ၏ အဖြေကို တားလိုက်သည်။
“သူမကို ထိုက်ကျိုးတောင်ကို သွားခိုင်းလိုက်ပါ။ အခုချိန်ကစပြီး သူမဟာ ဒုတိယသခင်မလေးလုကို စောင့်ရှောက်ဖို့ တာဝန်ရှိသွားပြီ။”
နောက်ဆုံးမှာတော့ ရှိရိက ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ သူသည် လုပ်ရည်ကိုင်ရည်ရှိလျှင်တောင်မှ သူ့အတွက် အဆင်မပြေနိုင်ပါ။
ကျောက်ချန်သည် ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်သည်။
“ဒါဆို နောက်ပိုင်းမှာ တခြားတာဝန်တွေ ရှိလာခဲ့ရင် သူမကို တာဝန်ပေးဖို့ မလိုဘူးလား။”
“ဟုတ်တယ်။ အခုချိန်ကစပြီး သူမရဲ့တာဝန်က ဒုတိယသခင်မလေးလုရဲ့ လုံခြုံရေးပဲ။”
လုံယန်သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“မှန်လှပါ၊ အရှင်သခင်။”
ကျောက်ချန် ထွက်သွားပြီးနောက်တွင် လုံယန်၏အကြည့်သည် ရှိရိထံသို့ ရောက်သွားသည်။
ကျောက်ချန်က သခင့်ကို အခုနလေးတင် မပြောလိုက်ဘူးလား။
ရှိရိသည် လုံယန်၏ စိတ်ထဲတွင် ဘာတွေရှိနေသည်ကို သေချာမသိပေ။ ခဏမျှစဥ်းစားပြီးနောက်တွင် သူသည် သတိထား၍ ပြန်ပြောလိုက်သည်။
လုံယန်သည် ဘာမှထပ်မပြောတော့ပေ။ တစ်ခဏအကြာတွင် သူအမိန့်ပေးလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးကို တွေ့ချင်ပါသလား။”
သူသည် လုံယန်အား ဦးညွှတ်ပြီး လေးစားစွာပင် မေးလိုက်သည်။
“အမ်း။”
လုထင်ချန်းသည် သူ၏ခါးမှ ဓားမြောင်ကို ဖယ်လိုက်ပြီး ထိုင်လိုက်သည်။ သို့ပေမယ့် သူသည် ထိုင်ခုံပေါ်တွင် အနေအထား ခပ်မတ်မတ်ဖြင့်ပင် ထိုင်နေသည်။
“ငါနဲ့ စစ်တုရင်တစ်ပွဲ ကစားကြရအောင်။”
လုံယန်သည် ဧကရာဇ် စားပွဲတွင် ထိုင်နေရာမှ ထလာသည်။
ထိုစကားကိုကြားလိုက်ပြီးနောက် လုထင်ချန်စသည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။
“မှန်လှပါ၊ အရှင်သခင်။”
လုံယန်သည် ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး သူ့ကို လှမ်းကြည့်လိုက်သည်။
“အရမ်းကြီး ရိုကျိုးနေဖို့ မလိုပါဘူး။ မင်းအရင်က ပြုမူနေကျအတိုင်းပဲ နေပါ။”
လည်း အမှန်တစ်ကယ်ရလဒ်သည် ပိုဆိုးနေနိုင်သည်။
သူသည် ချက်ချင်းကိုပင် စိတ်ဓာတ်ကျသွားရသည်။