အခန်း (၃၄၆-၃၄၈)
Vol. 7 Ch. 346-348
အခန်း ၃၄၆
လုံယန်ရဲ့ခြိမ်းခြောက်ခြင်း ခံလိုက်ရသော လုထင်ချန်း
လုထင်ချန် တခဏတာမှင်သက်သွားပြီးနောက် လျှို့ဝှက်နက်နဲတဲ့ခါးသက်သက်အပြုံးတစ်ခုအားလှစ်ဟလာသည်။ အရှင်မင်းကြီးက သူ့ရဲ့ယောက်ဖတော်ဖြစ်လာတော့မှာပင်။ ဒီအခြေအနေက လုထင်ချန်းအားမဝံ့မရဲနှင့် ကသိကအောက်ဖြစ်စေပေသည်။ ထို့ကြောင့်လည်း တစ်ချိန်လုံးအရှင်မင်းကြီးနဲ့မတွေ့ရအောင် တမင်တကာ ရှောင်ဖယ်နေခဲ့ခြင်းဖြစ်သည်။
သူသည် ဝတ်ရုံကိုသေသေချာချာ သေသေသပ်သပ်ဖြစ်အောင်ညှိလိုက်ပြီး အရှင်မင်းကြီးရဲ့မျက်နှာချင်းဆိုင်၌ ဝင်ထိုင်ရင်းပြောလိုက်သည်
“ကျွန်တော်နားလည်ပါပြီ”
အရှင်မင်းကြီးက လုထင်ချန်နဲ့ဂိုကစားမည်ကိုသိနေသောကြောင့် လက်ဖက်ရည်နဲ့မုန့်တွေပြင်ဆင်ဖို့ ကျောက်ချန်တစ်ယောက် စီစဉ်စရာရှိတာတွေကိုမြန်မြန်စီစဉ်ပြီး ပြန်လာလိုက်သည်။
လုံယန်က လုပ်ရိုးလုပ်စဉ်အတိုင်းလေးပဲ လက်ဖက်ရည်ခွက်ကိုသူ့လက်နဲ့ယူလိုက်ရင်း နှုတ်ခမ်းနားသို့တေ့ပြီး သောက်တော့မယ်အချိန် ရုတ်တရက် တစ်စုံတစ်ခုကိုသွားသတိရလိုက်မိသည်။ သူလက်ဖက်ရည်ခွက်ကို ခပ်မြန်မြန်ပြန်ချလိုက်ပြီး ကျောက်ချန်အားအေးစက်စက်တစ်ချက်ကြည့်ကာ -
“မင်း ဒုတိယသခင်မလေးလုပြောထားတာကိုမေ့သွားပြီလား။”
ကျောက်ချန် ပထမတော့အံ့အားသင့်သွားရင်း အရှင်မင်းကြီးရဲ့ဆိုလိုရင်းကိုစဉ်းစားဖို့ အချိန်အတော်ကြာယူလိုက်ရသည်။
“ဒီအစေခံ မေ့သွားခဲ့ပါတယ်။ ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ အရှင်မင်းကြီး”
ထိုအခါ လုထင်ချန်းတစ်ယောက် အဖြူရောင်ကျားစေ့ကိုချခါနီးဆဲဆဲ လက်တွေလေထဲမှာ ရုတ်တရက် တန့်သွားရသည်။ သူသည် ခေါင်းမော့လိုက်ရင်း အရှင်မင်းကြီးအား မယုံကြည်စွာနှင့် ကြည့်လိုက်မိသည်။
အရှင်မင်းကြီး လက်ဖက်ရည်ကြမ်းသောက်ရတာကြိုက်မှန်းသူသိပေမယ့် အခုကျတော့ ကျောက်ချန်ကို ပန်းလက်ဖက်ရည်နဲ့ လဲခိုင်းနေပါ့လား။ ဒါတင်မကပဲ ဝေ့ဝေ့ကိုပါ စကားထဲထည့်ပြောလိုက်သေးတယ်။ ဝေ့ဝေ့တစ်ခုခု လုပ်လိုက်ပြန်ပြီလား။
ထိုအချိန် မနေ့ညက ဝေ့ဝေ့တစ်ယောက် သူ့ကိုလည်းကွေ့ဟွားလက်ဖက်ရည်တိုက်ဖို့ကြိုးစားခဲ့တာကို သတိရသွားခဲ့သည်။
လုထင်ချန် ထိုအကြောင်းကိုပြန်တွေးမိတော့ တသိမ့်သိမ့်တုန်သွားမိသည်။
ထိုအခါမှ လုထင်ချန်းထိတ်ထိတ်ပြာပြာနှင့် ခေါင်းအမြန်ခါလိုက်ရင်း
ထိုသို့ပြောပြီးနောက် သူ့ရဲ့အဖြူရောင်ကျားစေ့ကိုချလိုက်လေသည်။
သိပ်မကြာခင်မှာပဲ ကျောက်ချန်တစ်ယောက် လောလောလတ်လတ် ပူပူနွေးနွေးနှပ်ထားတဲ့ ပန်းလက်ဖက်ရည်အား လုံယန်ဆီ ဆက်သလာခဲ့သည်။
ချက်ချင်းပဲ သူတို့ထိုင်နေတဲ့နေရာမှာ ကွေ့ဟွားပန်းရနံ့တွေနဲ့ ပြည့်နှက်လို့သွားတော့သည်။
လုံယန် ခွက်ကိုယူပြီးသောက်တော့မည့်အချိန် မျက်မှောင်ကျုံ့လိုက်ပြီးပြန်ချလိုက်ပြန်သည်။
“အရှင်မင်းကြီး ဘာဖြစ်လို့မသောက်တာလဲဗျ။လက်ဖက်ရည်မှာ ပြဿနာတစ်ခုခုများရှိနေလို့လား။”
လုထင်ချန်း လုံယန့်လက်ဘေးက ပန်းလက်ဖက်ရည်ကို တစ်ချက်ကြည့်လိုက်သည်။ထိုအရာမှာ မွှေးရနံ့သင်းသင်းလေးနဲ့ လူကိုနှစ်ခြိုက်ကျေနပ်မှု့ရှိစေပြီး အရသာတွေ့စေမယ့်လက်ဖက်ရည်ကြမ်းတစ်မျိုးပင်။
သူ့အမြင်အရ၊ ပန်းလက်ဖက်ရည်အား အမျိုးသမီးတွေပဲနှစ်ခြိုက်လေ့ရှိတာကြောင့် အမျိုးသားတစ်ယောက်က အခုလိုမျိုး နေ့တိုင်းနှစ်နှစ်ခြိုက်ခြိုက်သောက်နေတာကို တွေးမိသော် နည်းနည်းတော့အထူးအဆန်းကြီးလိုခံစားနေရသည်။
အရှင်မင်းကြီးလည်း ဒီလိုမျိုးတွေးမိမှာပေါ့၊ ဟုတ်တယ်မလား။
ထိုသို့တွေးမိလိုက်ရင်း လုထင်ချန်းပြောလိုက်တာက
“ကျွန်တော်လည်း ပန်းလက်ဖက်ရည်သောက်ရတာကိုမကြိုက်ဘူး”
တစ်ဆက်တည်း၊ မနေ့ညကအဖြစ်ကိုပြန်တွေးမိရင်း၊ လုထင်ချန်းစိတ်အနှောင့်အယှက်ဖြစ်ဖြစ်နဲ့ဆက်ပြောလိုက်သည် -
“ဒါပေမယ့် ကျွန်တော့်ညီမကတော့ကြိုက်တယ်လေ။ မနေ့ညက သူ့ဆီသွားတော့တောင် ကျွန်တော့်ကို အတင်းသောက်ခိုင်းသေးတယ်”
လုံယန် ထိုစကားကိုကြားတော့ အနက်ရောက်ကျားစေ့ချမည့် လက်များ ရုတ်ချည်း ရပ်တန့်သွားပြီး လုထင်ချန်းကို ပင့်ကြည့်လာလေသည်။
ဒါကိုသတိပြုမိတဲ့ လုထင်ချန်းက အလိုလိုနေရင်း ချက်ချင်းပဲ ကျောမတ်မတ်အနေအထားသို့ရောက်သွားရသည်။
အချိန်နည်းနည်းလောက်ကြာတော့မှ လုံယန် သူ့အကြည့်ကိုရုတ်သိမ်းလိုက်ရင်း အမှု့မထားသလို ခပ်တည်တည်ဖြင့် -
ထိုအခါ လုထင်ချန်းရဲ့ခန့်ညားလှတဲ့မျက်နှာဟာပျော့ပျောင်းသွားပြီး
လုံယန်က ဘာမှမပြောတော့ပဲ လက်ထဲက အနက်ရောင်ကျားစေ့ကိုချလိုက်သည်။ ကစားပွဲရဲ့လေထုအငွေ့အသက်က စစချင်းပထမတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲပေမယ့် ရုတ်ချည်းဆိုသလို အပြတ်အသတ်အနိုင်ယူချင်နေတဲ့ တင်းမာတဲ့အခြေအနေကိုပြောင်းလဲသွားသည်။
လုထင်ချန်းလည်း ဒီအခြင်းအရာကိုရိပ်စားမိတာကြောင့် တခြားစိတ်အနှောင့်အယှက်ဖြစ်စရာတွေဆက်ပြောမနေတော့ပဲ ကစားပွဲကိုပဲအာရုံစိုက်ထားလိုက်တော့သည်။
ကစားပွဲပြီးပြီးသွားချင်းပဲ လုံယန်က ရုတ်တရက်မေးလာခဲ့သည်။
“ထျန်းကျိုးတောင်ကနေ ဝေ့ဝေ့ပြန်လာဖို့ ဘယ်လောက်လောက်ကြာဦးမှာလဲ”
ဒီစကားကိုကြားတော့ လုထင်ချန်းတစ်ယောက် နှလုံးခုန်သံစည်းချက်တောင်လွဲသွားရပြီး နောက်ဆုံးတစ်ခေါက်တုန်းက သူ့အဖွားမှာလိုက်တဲ့စကားတွေကို ပြန်အမှတ်ရသွားသည်။
သူ့အဖွားက ဝေ့ဝေ့ကိုအရှင်မင်းကြီးရဲ့မျက်စိအောက်ကလွတ်အောင် တမင်တကာ ခေါ်ထုတ်သွားခဲ့တာဖြစ်သည်။
“အဖွားက ရုတ်တရက်ဆုံးဖြတ်ချက်ချလိုက်တာဆိုတော့ ကျွန်တော်ဒါတော့ သေသေချာချာမသိဘူးဗျ”
လုထင်ချန်းလိမ်နေမှန်း လုံယန်သိသော်လည်း သူမြင်အောင်တော့ထုတ်မပြခဲ့ပေ။ လုံယန်ပြောလိုက်တာက
“မင်းလည်းငယ်တော့တာမဟုတ်ဘူး၊ ပြီးတော့ ငါကိုယ်တော်အနားခစားတဲ့ အနီးကပ်အရာရှိတစ်ယောက်ဖြစ်တာကြောင့် မင်းအတွက် အကျင့်စာရိတ္တကောင်းပြီးသိမ်သိမ်မွေ့မွေ့နဲ့အရည်အချင်းရှိတဲ့ မိန်းမကောင်းတစ်ယောက်ရွေးပေးဖို့ ယဉ်ကျေးမှု့ရေးရာဌာနကို ငါကိုယ်တော်မိန့်ထားလိုက်မယ်…”
“အရှင်မင်းကြီး၊ ကျွန်တော်အခုပဲမှတ်မိပါပြီ။ အဖွားက နှစ်လလောက်သွားမယ်လို့ပြောခဲ့တာဆိုတော့ ခုနစ်လပိုင်းကုန်လောက်ဆိုပြန်ရောက်လောက်မယ်လို့ထင်တယ်။ ဒါပေမယ့်လည်း ခုနစ်လပိုင်းအစလောက်မှာ အဖွားမွေးနေ့ရှိတာကြောင့် အတိအကျပြောဖို့တော့ခက်ပါတယ်။ အဖွားကဒီနှစ်မှာအသက်ခုနစ်ဆယ်ပြည့်မှာဆိုတော့ ခမည်းတော်က မွေးနေ့စားပွဲကိုခမ်းခမ်းနားနား ကျင်းပပေးဖို့စဉ်းစားနေသေးတာပါ။ ဒါ့ကြောင့်မို့ ခြောက်လပိုင်းကုန်လောက်ဆိုပြန်ရောက်လောက်ပါတယ်”
လုထင်ချန်းက အလွန်လျင်မြန်သည့်နှုန်းနှင့် ဘုရင်မင်းမြတ်ရဲ့စကားအားးကြားဖြတ်ပြောလိုက်လေသည်။
အခန်း ၃၄၇ - အရောင်အသွေးစုံပြီး အံ့သြဖို့ကောင်းအောင်လှတယ်
လုံယန်က နောက်အကြောင်းအရာတစ်ခုကိုလွယ်လွယ်ကူကူပဲ ပြောင်းပြောလိုက်သည်။
“ကောင်းပြီ၊ မြို့စားမင်းကတော်ဟောင်းရဲ့မွေးနေ့ပွဲကို ခမ်းခမ်းနားနားကျင်းပပေးတာ မှန်ကန်တဲ့လုပ်ရပ်ပဲ။ အချိန်ကျရင်ကူညီပေးဖို့ ကိုယ်တော် နန်းတွင်းဓလေ့ထုံးတမ်းဌာနကလူတစ်ချို့လွှတ်ပေးလိုက်မယ်”
ထိုစကားအားကြားသည့်အချိန်၌ လုထင်ချန်းနဖူးပေါ်တွင် ချွေးပါးပါးလေးပြန်လာပြီး သက်ပြင်းတိတ်တိတ်လေးချလိုက်သည်။
ရင်ထဲကနေလည်း သူ့အဖွားအား ကြိတ်တောင်းပန်နေလိုက်သည်။ ဒါတွေအားလုံးက အရှင်မင်းကြီးညစ်ပတ်ပြီး သူ့ကို လက်ထပ်ထိမ်းမြားမှု့နဲ့ခြိမ်းခြောက်လို့ဖြစ်သွားရတာပါ။
တကယ်တမ်းပြောရရင် သူလက်မထပ်ချင်သေးပေ၊ လက်ထပ်တယ် ဆိုတာအဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ပင်။ သူက အရှင်မင်းကြီးအား စံနမူနာယူထိုက်သူတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ အနည်းဆုံးတော့ ဝေ့ဝေ့ထိမ်းမြားပြီး ကလေးလေးတွေမွေးတဲ့အချိန်ထိစောင့်ပြီးမှ သူဒီကိစ္စကိုစဉ်းစားမည်ဖြစ်သည်။ အဲ့ဒီအချိန်ဆိုရင် သူလည်းအသက်သုံးဆယ်လောက်တော့ရှိနေမည်ပင်။
လုယွင်ရွှမ်းဟာ သမားတော်တွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲခန့်အပ်နေသော်လည်း သူတို့အားလုံးက သူမရဲ့ရင်သွေးလေးကိုဆက်လွယ်ထားဖို့မဖြစ်နိုင်ဘူးချည်းပဲပြောနေသောကြောင့် အကြီးအကျယ်ဒေါသထွက်ခဲ့ရပေမယ့် အခုတော့အနည်းငယ် တည်ငြိမ်စပြုလာပြီပင်။
သူမဒီလိုကံကြမ္မာကြီးကိုလက်မခံချင်ပေ။ အကြံအစည်တွေအများကြီးချပြီးမှရလာတဲ့ ဒီကိုယ်ဝန်ပျက်ကျမှာကို သူမ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။
သူမသည် သာမန်လူတွေကြားထဲက တကယ်ကိုအရည်အချင်းရှိပြီး အထုံပါရမီပါသူတွေ အကြောင်းကြားဖူးပေသည်။ နန်းတွင်းကုသဆောင်က အရည်အချင်းမရှိတဲ့သမားတော်တွေ သူမကိုယ်ဝန်ကိုထိန်းထားဖို့မကူညီနိုင်တာနဲ့ပဲ သူမကလေးကိုကယ်တင်နိုင်တဲ့ ပိုတော်တဲ့ဆေးပညာတတ်ကျွမ်းသူတစ်ယောက်မှမရှိတော့ဘူးလို့မဆိုလိုဘူးလေ။
အမျိုးသမီးလင်က စစ်မက်ရေးရာပတ်ဝန်းကျင်မှာ ကြီးပြင်းလာရပေမယ့် အောင်မြင်ကျော်ကြားတဲ့သမားတော်တစ်ယောက်ဖြစ်လာခဲ့သည်။
အမျိုးသမီးလင်တောင် ဒီလိုမျိုးပေါ်ထွက်လာနိုင်ဦးမှတော့ သူ့လိုမျိုးနောက်တစ်ယောက်တော့ရှိကိုရှိရမယ်။
လုယွင်ရွှမ်းက ဒီသာမန်လူတွေကြားထဲမှာ အမျိုးသမီးလင်လိုမျိုး ဆေးပညာကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သမားတော်တစ်ယောက်တော့ရှိရမယ်လို့ကိုယုံကြည်ထားသည်။
သူမအတွက်က ဒီလောကမှာငွေလုံလုံလောက်လောက်သာပေးနိုင်ရင် မဖြစ်နိုင်တာဘာတစ်ခုမှမရှိဘူးလို့ ယုံကြည်လက်ခံထားပေသည်။
ထို့ကြောင့်လည်း မနက်ခင်းဝေလီဝေလင်းအရုဏ်တက်စအချိန်ထဲက လုံချီကိုသွားရှာခဲ့တာပင်။ သူမဗိုက်ထဲက ကလေးကိုကယ်တင်ဖို့ကျွမ်းကျင်တဲ့သမားတော်တစ်ယောက်လောက်ရှာပေးဖို့အတွက် နန်းတော်ကြေညာစာထုတ်ပေးဖို့ရန် လုံချီကို အရှင်မင်းကြီးထံတောင်းဆိုပေးစေချင်ခဲ့တာဖြစ်သည်။
သို့သော်လည်း လုံချီနေတဲ့နန်းဆောင်ဆီမရောက်ခင် အခြားတစ်ဖက်ကနေ လျှောက်လှမ်းလာတဲ့လုံချီနှင့် တည့်တည့်ဝင်တိုးမိခဲ့သည်။
လုံချီကခပ်လှမ်းလှမ်းကနေလာခဲ့ပုံရပြီး ရေစိုနေဆဲဆံပင်နှင့် အသားအရေအရ အခုလေးတင် ရေချိုးပြီးခါစလိုပင်။
လုယွင်ရွှမ်းမျက်မှောင်ကြုတ်ပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
တက်ကြွလန်းဆန်းနေတဲ့သူ့ကိုကြည့်ရင်း သူမစိတ်ထဲ သံသယတို့ကြီးစိုးလို့သွားရသည်။
ထိုသူလာတဲ့လမ်းကြောင်းကိုကြည့်လိုက်ရင်း အတွေးမလွန်မိအောင်နေဖို့က ခက်ခဲလွန်းလှသည်။
လုယွင်ရွှမ်းသူမလက်ထဲက လက်ကိုင်ပုဝါကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း သူ့ဆီကိုလျှောက်သွားပြီးနောက် သတိနဲ့မေးလိုက်သည်။
လုံချီက သူမနဲ့ဒီနေရာမှာအခုလိုမျိုးဆုံဖို့ မမျှော်လင့်ထားတဲ့အတွက် သူ့ရင်ထဲလိပ်ပြာမလုံသလိုခံစားလိုက်ရသည်။ သူမရဲ့ပုခုံးကိုဆုပ်ကိုင်လိုက်ပြီးငြင်သာတဲ့အသံဖြင့်
“ရွှမ်းအာ၊ ဒီလောက်အစောကြီးဘာထလုပ်နေတာလဲ။ မင်းနေမကောင်းရင်လည်း အိပ်ရာထဲမှာ နားနားနေနေလေး နေသင့်တယ်လေ”
သူ့ရဲ့ငြင်သာတဲ့အပြုအမူကြောင့် လုယွင်ရွှမ်းတစ်ယောက်ပျော်ရမယ့်အစား အနည်းငယ်မသက်မသာဖြစ်သလိုတောင် ခံစားလိုက်ရသည်။
သူမမေးခွန်းကို ဘာကြောင့်မဖြေတာလဲ။ ဒီမေးခွန်းလေးတစ်ခုက ဖြေဖို့များအရမ်းခက်ခဲနေလို့လား။
ထိုသူလာရာလမ်းကိုပြန်တွေးကြည့်မိတော့ ဒါကဟိုမိန်းမပျက် ချန်ချီးယွီရဲ့အဆောင်ကနေပြန်လာတယ်ဆိုတာရှင်းနေတာပဲ။
သူမလက်သည်းတွေ အရေပြားထဲကိုစိုက်ဝင်ကုန်တဲ့အထိလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
ဘယ်လောက်ပဲရင်ထဲမှာ အမုန်းတရားတွေပြင်းထန်နေပါစေ၊ သူမဒါကို ချုပ်တည်းထားရမည်ပင်။ သူမမျက်နှာဟာ ဒေါသကြောင့်ဖြူဖျော့သွားပေမယ့်လည်း ခေါင်းခါလိုက်ရင်း
လုံချီအတွက်တော့ အခြားမိန်းမတစ်ယောက်နဲ့အိပ်ရာထဲမှာချစ်ရည်ရွှန်းလဲ့စွာကုန်ဆုံးလိုက်တာက လုလျန့်ဝေကြောင့်ဖြစ်လာတဲ့အလိုရမ္မက်ကို ပြေပျောက်စေသည်ပင်။ ထို့ကြောင့်လည်း သူသည်အခုချိန်၌ လုံးလုံးလျားလျားကိုစိတ်ရှည်နေသည်။
“မျက်နှာအရောင်ကဒီလောက်တောင်ဖြူဖျော့နေတာ ဘယ်လိုလုပ်နေကောင်းတယ်လို့ပြောလို့ရမလဲ။ ပြန်ပြီးကောင်းကောင်းအနားယူလိုက်တာက မင်းအတွက်ပိုကောင်းတယ်လေ။ ကိုယ်မင်းကိုပြန်လိုက်ပို့ပေးမယ်”
လုယွင်ရွှမ်း ထိုစကားကိုကြားတော့ အမြီးနင်းမိတဲ့ကြောင်တစ်ကောင်သဖွယ်ခံစားလိုက်ရပြီး သူမချက်ချင်းပဲဒေါသနဲ့စူးစူးရဲရဲစိုက်ကြည့်လိုက်ကာ လှောင်ပြုံးတစ်ခုနဲ့အတူပြောလိုက်လေသည်။
“ကျွန်မမျက်နှာက အရောင်အသွေးမရှိပေမယ့် တခြားလှသွေးကြွယ်ပြီး အရောင်အသွေးစုံတဲ့အလှလေးတွေတော့အများကြီးပဲပေါ့နော်။ ကျွန်မဖျားနာနေတဲ့တစ်ညလုံး တခြားမိန်းမတစ်ယောက်ရဲ့နူးညံ့နွေးထွေးမှု့တွေနဲ့ နေလိုက်ရတော့ တော်တော်လေးမှသက်တောင့်သက်သာရှိရဲ့လား အရှင့်သား။”
လုံချီက သူမဒီလို မလိုမုန်းတီးမှု့ကိုတိုက်ရိုက်ကြီးဖွင့်ထုတ်လာလိမ့်မယ်မထင်ထားခဲ့တဲ့အလျောက် သူ့ရဲ့မျက်နှာအမူအရာဟာလည်းပြောင်းလဲသွားတော့သည်။
အချိန်တော်တော်ကြာနှုတ်ဆိတ်နေပြီးမှ တည်ငြိမ်လှတဲ့အသံနဲ့အတူ
“ငါက အိမ်ရှေ့စံမင်းသားပဲလေ။ ကိုယ်လုပ်တော်နည်းနည်းပါးပါးလောက်ရှိတာက သဘာဝပဲမဟုတ်ဘူးလား။ အဲ့ဒါအပြင် ဒီကိုယ်လုပ်တော်တွေက ငါ့ကို ဦးရီးတော်ချီးမြှောက်ပေးထားတဲ့သူတွေဆိုတော့ ဘယ်လိုလုပ်သူတို့ကိုဘေးချိတ်ထားလို့ရပါ့မလဲ။”
လုယွင်ရွှမ်း သူ့ကိုမယုံကြည်နိုင်မှု့အပြည့်နဲ့ပဲကြည့်နေနိုင်တော့သည်။ သူဒီလိုပြောလာလိမ့်မည်ဟုသူမ ဘယ်သောအခါကမှ မထင်ထားခဲ့ဖူးပေ။ ထိုသို့ မမှိတ်မသုံစိုက်ကြည့်နေစဉ်တခဏ၌ သူစိမ်းတစ်ယောက်ကို ကြည့်နေရသလိုမျိုး သူမခံစားလိုက်ရသည်။
လုယွင်ရွှမ်း တုန်ရီနေတဲ့အသံနှင့် စကားတစ်ခွန်းပြောထွက်လာဖို့အရေး အချိန်အတော်ကြာယူလိုက်ရသည်။
“အရှင်မင်းသား၊ ကျွန်မကိုလက်ထပ်တုန်းက ပေးခဲ့တဲ့ကတိစကားတွေအားလုံးကို မေ့သွားပြီလား။”
အခန်း ၃၄၈
ဒုတိယသခင်မလေးလုက ဘယ်လိုတောင် သူတော်စင်လိုမျိုးတိကျနေရတာလဲ။
ဒါပေါ့၊ လုံချီဘယ်မေ့ပါ့မလဲ၊ ထို့ကြောင့်လည်း သူစိတ်ထဲ မသက်မသာခံစားလာရသည်။ သူသည် သူမရဲ့ရေခဲတမျှအေးစက်လှတဲ့လက်တွေကို လှမ်းကိုင်လိုက်ရင်း -
“ကိုယ်မမေ့ပါဘူးကွာ၊ ဒါပေမယ့် အခုအခြေအနေက ဒီကတိတွေနဲ့ဘာမှမဆိုင်ဘူးလေ။ သူတို့တွေကို ဦးရီးတော်က ကိုယ့်ကိုမျက်နှာသာပေးတဲ့အနေနဲ့ချီးမြှောက်ထားတာလေ၊ ကိုယ်ကသူ့ကိုဘယ်လိုလွန်ဆန်ရဲပါ့မလဲ”
“အိမ်ရှေ့စံရဲ့မိဖုရားတစ်ယောက်အနေနဲ့ ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုထောက်ထားပြီး သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးသင့်တယ်လေ”
ထိုအခါလုယွင်ရွှမ်းက လှောင်ပြောင်သရော်စွာနှင့်
“အမြဲတမ်း ဦးရီးတော်ကိုခုတုံးလုပ်ပြီးဆင်ခြင်ပေးနေတာတွေတော်လိုက်ပါတော့။ ဦးရီးတော်က အရှေ့နန်းဆောင်တစ်ဆောင်လုံးအပြည့်ကိုယ်လုပ်တော်တွေချီးမြှောက်ပေးထားတယ်ဆိုရင်တောင် အရှင့်သားဘက်ကသာစိတ်ဝင်စားမှု့မရှိရင် ဒီလိုအလှလေးတွေကိုထိမှာတောင်မဟုတ်ဘူး။သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးရမယ်ဆိုတော့ ကျွန်မဒီတစ်လျှောက်လုံး သဘောထားကြီးပေး၊ခွင့်လွှတ်ပေးနေတာတွေကမလုံလောက်သေးလို့လား။ အရှင်မင်းကြီးက အရှင့်သားကို ကိုယ်လုပ်တော်တွေချီးမြှောက်တဲ့အခါတိုင်း ကျွန်မဘယ်တုန်းကညည်းညူဖူးလို့လဲ။”
လုံချီနှုတ်ဆိတ်သွားပေမယ့် သူ့ကိုယ်သူမှားသည်ဟုတော့မထင်မိပေ။
မိန်းမတွေအများကြီးနဲ့ကိုယ်လုပ်တော်တွေအများကြီးထားတာက ယောက်ျားတွေအတွက်က ပုံမှန်ကိစ္စပဲလေ။ ဒါ့အပြင်သူက ထီးမွေနန်းမွေဆက်ခံမည့်သူလည်းဖြစ်သည်။ ဟိုးအစထဲက သူ့အခြေအနေကို သူမနားလည်ထားသင့်တာပင်။
ဒီလိုအတွေးမျိုးဝင်လာတော့ သူ စိတ်အနှောင့်အယှက်ဖြစ်စွာနှင့်
“ဉီးရီးတော်ရဲ့မောင်းမဆောင်ထဲမှာ ကိုယ်လုပ်တော်တွေအများကြီးရှိတာတောင်ဝေ့ဝေ့ကငြိုငြင်တာမျိုးမရှိဘူး။ အမဖြစ်တဲ့မင်းက မင်းညီမကို စံနမူနာယူသင့်တယ်”
ထိုစကားအား ကြားလိုက်ချိန် လုယွင်ရွှမ်းရင်ထဲခံစားချက်တွေလှိုက်တက်လာရသည်။ သူမက လုံချီကိုလက်ညှိုးထိုးရင်း
“အရှင့်သားအခု ကျွန်မကဝေ့ဝေ့လောက်တောင်သဘောထားမကြီးဘူးလို့ပြောလိုက်တာလား။”
လုံချီမျက်မှောက်ကြုတ်ပြီးစိတ်မကြည်လင်မှု့ကို သိသိသာသာထုတ်ပြလိုက်ကာ
“ကိုယ်ပြောချင်တာအဲ့ဒီလိုမဟုတ်ဘူး။ စကားကိုကတ်သီးကတ်ဖဲ့ပြောနေတာတွေရပ်လိုက်တော့!”
လုယွင်ရွှမ်းရဲ့မျက်နှာကဒေါသကြောင့်တင်းမာသွားရပြီး -
“လုံချီ၊ ရှင်ကျွန်မကို ဘယ်လိုများပြောလိုက်တာလဲ။ ရှင့်မှာအသိတရားရောရှိသေးရဲ့လား။”
လုံချီက စိတ်ကိုမရှည်ရှည်အောင်ဆွဲဆန့်ရင်းမည်းမှောင်နေတဲ့မျက်နှာထားနှင့်
“မင်းနေမကောင်းနေတဲ့အချိန် ကိုယ်စကားများရန်မဖြစ်ချင်ဘူး”
သူဒီလိုပြောပြီးနောက် လုယွင်ရွှမ်းဘေးမှာရပ်နေတဲ့ ဟုန်ရှို့ဘက်သို့လှည့်လိုက်ပြီး -
“မင်းဘာရပ်လုပ်နေတာလဲ။ အိမ်ရှေ့စံမိဖုရားကို သူ့အဆောင်ဆီအနားယူဖို့ခေါ်သွားပေးလိုက်လေ”
ဟုန်ရှို့က လုယွင်ရွှမ်းရဲ့လက်မောင်းကိုဂရုတစိုက်ထိန်းကိုင်လိုက်ရင်း -
သူမဒီလိုပြုမူနေတာကို လုံချီတွေ့တော့စိတ်ရှည်သည်းခံမှု့တို့အလုံးစုံပျောက်ဆုံးသွားရပြီး ဝတ်ရုံလက်စကိုခါကာ လှောင်ပြောင်သရော်တဲ့အပြုံးနဲ့အတူထွက်သွားခဲ့သည်။
ထိုအခြင်းအရာက လုယွင်ရွှမ်းအား ဒေါသနဲ့အတူစိတ်ပျက်အားငယ်မှု့ကိုပါခံစားရစေပြီး ထိုအချိန်မှာပဲသူမရဲ့ဗိုက်ထဲက နာကျင်မှု့ကိုခံစားလိုက်ရသည်။
သူမဝမ်းဗိုက်နေရာကိုထိကိုင်လိုက်ရင်းအော်လိုက်မိသည်။
ဟုန်ရှို့ကကြောက်လန့်တကြားနဲ့ လုယွင်ရွှမ်းကို အလျင်အမြန်ထိန်းပေးလိုက်ရင်း -
လုယွင်ရွှမ်းရဲ့မျက်နှာအရောင်အသွေးက စာရွက်တစ်ရွက်လိုမျိုးဖြူစုတ်လို့လာသည်။သူမကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ပဲ ဝေးရာကိုထွက်သွားတဲ့သူ ရဲ့နောက်ကျောကိုကြည့်ရင်း နက်နက်ရှိုင်းရှိုင်းနာကျည်းမိသွားသည်။
“ငါ့ကလေး…ငါ့ကလေးကိုဆက်မထိန်းထားနိုင်လောက်တော့ဘူးထင်တယ်”
ဒါကိုကြားလိုက်တဲ့ဟုန်ရှို့က ထိတ်လန့်တုန်လှုပ်စွာနဲ့သူတို့နဲ့ဝေးရာကိုထွက်သွားနေတဲ့လုံချီကို -
“အရှင့်သား၊ မိဖုရားဗိုက်ထဲကရင်သွေးလေးအန္တရာယ်ရှိနေပါပြီ…”
လုံချီတစ်ယောက် သူ့ရဲ့ခြေလှမ်းတွေကိုရပ်တန့်လိုက်သော်လည်း လုယွင်ရွှမ်းကသူနဲ့အငြင်းအခုံလုပ်ဖို့တောင်ခံနိုင်ရည်ရှိတာကိုပြန်သတိရလိုက်မိတော့ ဒါဟာလည်းသူမရဲ့လိမ်ညာလှည့်စားမှု့တစ်ခုလို့ပဲသတ်မှတ်လိုက်ရင်း ချက်ချင်းပဲဥပေက္ခာပြုပြီးထွက်သွားလိုက်သည်။
ဟုန်ရှို့ အိမ်ရှေ့စံမင်းသားရဲ့အပြုအမူကိုမြင်တော့ မိဖုရားရဲ့မျက်နှာအမူအရာကိုတောင်မကြည့်ဝံ့တော့ပဲ ဘေးကင်းလုံခြုံတဲ့နေရာကိုသာ ခေါ်သွားဖို့လုပ်နေတဲ့အချိန် မိဖုရားရဲ့ဝတ်ရုံ အောက်နားစကသွေးတွေကိုမြင်လိုက်ရသော် ချက်ချင်းပြောလိုက်မိသည်။
လုယွင်ရွှမ်းကိုယ်ဝန်ပျက်ကျတဲ့သတင်းက ကျောက်ချန်ရဲ့နားထဲကိုတောင်ရောက်လာတဲ့အထိနန်းတော်တစ်ခွင် တမဟုတ်ချင်းတောမီးလိုပျံ့နှံ့သွားသည်။
‘ဒုတိယသခင်မလေးလုရဲ့ခန့်မှန်းချက်က ဘယ်လိုတောင် သူတော်စင်တစ်ယောက်လိုမျိုးတိကျနေရတာလဲ။ ’
သို့သော်လည်း နောက်ဆုံးမှာတော့ ဒါကအိမ်ရှေ့စံရဲ့ရင်သွေးဖြစ်တဲ့အတွက် ဒီသတင်းကိုလုံယန်ဆီလျှောက်တင်လိုက်သည်။
ထိုသတင်းအားကြားသော် လုံယန်ကဘာမှထွေထွေထူးထူးပြောကြားခြင်းမရှိပဲ ကိုယ်ဝန်ပျက်ကျပြီးတဲ့အမျိုးသမီးတစ်ယောက်အတွက် အားအင်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ဆေးဝါးတချို့ကိုပဲ အရှေ့နန်းဆောင်ဆီပို့ခိုင်းခဲ့သည်။
ကျောက်ချန်ထွက်သွားတော့မည့်အချိန် ချူကျီကရုတ်တရက်လျှောက်တင်လာသည် -
“ကျွန်တော်သခင့်ကို နောက်ဆုံးတစ်ခေါက် အကြောင်းကြားပြီးတဲ့အချိန်မှာ ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်”
လုံယန်က နန်းတော်အောက်မေ့ဖွယ်ကျောက်စာတိုင်ကိုထွင်းထုနေရင်း ခေါင်းပင်မော့မကြည့်လာပဲ -
“ဘာကိစ္စလဲ။”