← Chapters

ချန်းဖန်၏ ဝှက်ဖဲ

Vol. 4 Ch. 372

ချန်းဖန်၏ ဝှက်ဖဲ

Vol. 4 Ch. 372

နတ်ဆိုးသခင် လေးယောက် စလုံးမှာ တန်ခိုးရှင် အဆင့်၏ စွမ်းအားကို အပြည့်အဝ မဖော်ထုတ် နိုင်သည့်တိုင် တန်ခိုးရှင်တစ်ပိုင်း အဆင့် စွမ်းအားများအား ပိုင်ဆိုင် ထားသေးသည်။ အကြိမ်ကြိမ် ပြန်လည် ဖွဲ့စည်းနိုင်သော စွမ်းအားကလည်း သူတို့ကို ပြိုင်ဘက် ကင်းမဲ့စေသည်။ အစစ်အမှန် တန်ခိုးရှင် တစ်ယောက်ပင်လျှင် သူတို့နှင့် တိုက်ခိုက်ရပါက ခေါင်းကိုက် မိလိမ့်မည် ဖြစ်၏။

ထို့အပြင် အမှောင် ကောင်းကင် အတားအဆီး ပံ့ပိုးမှုဖြင့် ဘုရားကျောင်း အတွင်း အသုံးပြုနိုင်သော စွမ်းအား၏ ရှစ်ဆယ် ရာနှုန်း အထိပင် ထုတ်ဖော် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် နတ်ဆိုးသခင် လေးယောက်ပေါင်း တိုက်ခိုက်မှုက တန်ခိုးရှင် အဆင့်ကိုပင် အနိုင်ယူရန် ဖြစ်နိုင်သည်။

သို့သော်လည်း ချန်းပေ့ရွှမ်း အတွက်မူ နတ်ဆိုးသခင် လေးယောက်ကို ရင်ဆိုင်ရသည်မှာ ဟင်းရွက်လှီး သကဲ့သို့ လွယ်ကူနေပုံ ရသည်။

နတ်ဆိုး သခင် လေးယောက်မှ သူတို့၏ ခန္ဓာကိုယ်များအား အကြိမ်ကြိမ် ပြန်လည် ဖွဲ့စည်းကာ တိုက်ခိုက်ရန် ကြိုးစားသည့်တိုင် နတ်ဘုရား ဆန္ဒ၏ ဓားအောက်၌ အခါခါ ပျောက်ကွယ်သွား စမြဲပင်။

"သူက ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ ..."

ခရမ်း၏ မျက်နှာက အရောင် အမျိုးမျိုး ပြောင်းလဲ နေခဲ့တော့သည်။

သခင်ကြီး စုဆမ်နိုနှင့် ချန်းပေ့ရွှမ်းတို့၏ တိုက်ပွဲအား သူမ မျက်မြင် ကြုံတွေ့ခဲ့ရသည်။ ထိုတိုက်ပွဲ၌ ချန်းဖန်၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများကိုပင် သခင်ကြီး စုဆမ်နိုက တောင့်ခံနိုင်ခဲ့သည်။ အဆုံး၌ ချန်းပေ့ရွှမ်းမှာ သခင်ကြီး စုဆမ်နိုအား သတ်ဖြတ်ရန် အတွက် သူ၏ အစွမ်းအထက်ဆုံး အသံထက် မြန်သည့် လက်သီးကို ထုတ်သုံးခဲ့ရသည်။

ထို့ကြောင့်ပင် ချန်းပေ့ရွှမ်း အနေဖြင့် နတ်ဆိုးသခင် လေးယောက်ပေါင်း တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ဟု ခရမ်း ထင်ခဲ့မိသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းတွင် ငွေရောင်ဓား ကဲ့သို့သော ဝှက်ဖဲ ရှိနေလိမ့်မည်ဟု သူမ မထင်မိခဲ့ချေ။ ထိုဓားကား နတ်ဆိုးသခင်များ၏ ခန္ဓာကိုယ်များအား လွယ်ကူစွာ ဖြတ်သန်းနိုင်စွမ်း ရှိပုံ ပေါ်သည်။

"သခင်ကြီး စုဆမ်နိုနဲ့ တိုက်တုန်းက ဘာကြောင့် ဒီလို စွမ်းအားကို မသုံးခဲ့တာလဲ ..."

ခရမ်းကား နောင်တရနေပြီ ဖြစ်သည်။ အကယ်၍ ချန်းပေ့ရွှမ်းသာ ယခုလောက် အစွမ်းထက်မှန်း သိခဲ့ပါက သစ္စာဖောက်မိလိမ့်မည် မဟုတ်ချေ။

"ချန်းပေ့ရွှမ်း ... မင်း ငါတို့ကို လွယ်လွယ် နိုင်မယ် ထင်နေတာလား ..."

သခင်ကြီး ကူရိုမီက ခန္ဓာကိုယ် ပြန်လည် ဖွဲ့စည်း ပြီးသည်နှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ စကားသံက လက်ပစ်ဗုံး ပေါက်ကွဲသည့် အလား လူတိုင်း၏ နားစည်သို့ ကြမ်းတမ်းစွာ တိုးဝင်သွားသည်။ ရထား အတွင်းရှိ လူများပင်လျှင် သူ၏ စကားသံကို ကြားနေရသည်။

"အစ်ကို ချန်းပေ့ရွှမ်းက ဒီတိုက်ပွဲမှာ နိုင်ပါ့မလား ..."

အိကျင့်ချီမှာ ရထား၏ ထောင့်တစ်နေရာ၌ အခြား မိန်းကလေးများနှင့် တစုတစည်းတည်း ရှိနေခဲ့၏။ သူမ အနေဖြင့် အပြင်ဘက်မှ တိုက်ပွဲကို ကြည့်ချင်သော်လည်း မည်သို့မျှ မဝံ့ရဲချေ။ သို့သော်လည်း အပြင်ဘက်မှ ဒေါသတကြီး ထွက်ပေါ်လာသည့် အသံအရ ချန်းပေ့ရွမ်း အသာစီး ရနေသည့်ပုံ ပေါ်သည်။

ရန်ဟိုမှာမူ ရထားပေါ် တစ်နေရာ၌ ကုပ်ကုပ်လေး ထိုင်နေခဲ့သည်။ အိကျင့်ချီ၏ အေးစက်သော အကြည့်များကြောင့် သူမတို့နှင့် သွားပေါင်းရန်လည်း သူ မဝံ့ရဲပေ။

သူကား နောင်တရနေမိပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်း ဤမျှသာ အစွမ်းထက်ကြောင်း သိခဲ့ပါက သူ့အား ဆန့်ကျင်၍ ပြောခဲ့မိလိမ့်မည် မဟုတ်ချေ။

ထိုအချိန် ရထား ခေါင်မိုးပေါ်တွင် ...

နတ်ဆိုးသခင် လေးယောက်မှာ သူတို့၏ ခန္ဓာကိုယ်ကို စိတ်ရှည်စွာ ပြန်လည် ဖွဲ့စည်း နေသော်လည်း ငွေရောင် ဓားအလင်းအောက်မှ ကျော်ဖြတ်နိုင်စွမ်း မရှိကြသေးပေ။ ထို့အပြင် ခန္ဓာကိုယ် တစ်ကြိမ် ပြန်လည် ဖွဲ့စည်းပြီးတိုင်း သူတို့၏ စွမ်းအားများ ကလည်း လျော့ကျလာနေခဲ့၏။

"မင်းတို့ အရူးလေးကောင်က ငါ့ကို စိန်ခေါ်ရဲရအောင် ဘယ်က သတ္တိတွေ ရထားတာလဲ ..."

ချန်းဖန်က မဲ့ပြုံး ပြုံးလိုက်၏။

"မင်းတို့လိုမျိုး ဆယ်ယောက်ကိုတောင် ငါက အေးအေးဆေးဆေး သတ်ပစ်နိုင်တယ် ..."

သူက ငွေရောင်ဓားရှည်ကို လက်ဖြင့် တောက်လိုက်ကာ စူးရှသော မြည်သံ တစ်ခု ပေါ်ထွက်လာ၏။ ထိုဓားကား နတ်ဘုရား စိတ်ဆန္ဒဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေါ်လည်း အမာကျောဆုံးသော သတ္တုထက်ပင် ပိုမို မာကျောသည်။ ဓားက လူသား ခန္ဓာကိုယ်များအား ပိုင်းဖြတ်နိုင်သည့် အပြင် ဝိညာဉ် စွမ်းအားများကိုလည်း တိုက်စားနိုင်စွမ်း ရှိသည်။

နတ်ဘုရား စိတ်ဆန္ဒ၏ ဓားပေါ်ထွက်လာမှုက နတ်ဆိုးသခင်များအား အပြတ်အသတ် အရေးနိမ့်စေခဲ့သည်။

ပျံလွှားနီလေး မှာလည်း နှလုံးတစ်ခုလုံး တဆတ်ဆတ် တုန်နေခဲ့သည်။ သူမ အနေဖြင့် ထိုကဲ့သို့သော စွမ်းအားမျိုးကို အဘိုးအို တစ်ယောက်ထံ၌ တွေ့မြင်ခဲ့ဖူးသည်။ ထိုအဘိုးအိုအား နိုင်ငံကြီးများကပင် ကြောက်ရွံ့ရသည်။ သူ၏ နာမည်ကိုပင် ခေါ်ရဲသူ တစ်ယောက်မျှ မရှိချေ။ သို့သော်လည်း ထိုအဘိုးအို၏ အသက်က နှစ်ရာချီ နေပြီ ဖြစ်ကာ ချန်းဖန်မှာမူ နှစ်ဆယ်မျှသာ ရှိသေးသည်။ ငယ်ရွယ်သော အရွယ်နှင့် ဤမျှ အစွမ်းထက်နေခြင်းကား လွန်ကဲ၍ နေသည်။ သူ၏ အနာဂတ်က မခန့်မှန်း နိုင်လောက်အောင်ပင်။

"ချန်းပေ့ရွှမ်း ... တိုက်ပွဲက မပြီးသေးဘူး ..."

ကာရာစုတန်ဂူက ချန်းဖန်အား ဒေါသတကြီး ကြည့်သည်။ သူ၏ မျက်လုံးများက ကောင်းကင်ထက်ပင် ပိုမို နက်မှောင်နေကာ တစ်စုံတစ်ခုက သူ၏ ဘေးတွင် လှည့်ပတ်နေသည်။ သူက တောင်ပံ နှစ်ဖက်အား ခတ်လိုက်ရာ ဒဏ္ဍာရီထဲမှ မိုကြိုး နတ်ဘုရား လဲ့ကျန်းကျီ အလားပင် ထင်ရ၏။

ကာရာစု တန်ဂူက ဟိန်းဟောက်ရင်း လေထုအား အငမ်းမရ စုပ်ယူလိုက်သည်။ အမှောင်ယင်ချီများက တဖြည်းဖြည်း စုစည်းကာ သူ၏ ကြီးမားသော ပါးစပ်အတွင်း တိုးလျှိုး ဝင်ရောက်သွားသည်။

ထိုအခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားလာခဲ့၏။

သုံးမီတာ ...

လေးမီတာ ...

ငါးမီတာ ...

အဆုံး၌ ကာရာစုတန်ဂူမှာ ဆယ်မီတာခန့် ကြီးမားသော နတ်ဆိုးကြီးအလား ပြောင်းလဲသွားတော့၏။ သူက ကောင်းကင်အား တုန်ခါသည် အထိ ဟိန်းဟောက်ရင်း ရှစ်မီတာ ရှည်သော ရွှေရောင် လက်နက်ကို စွဲကိုင်လိုက်၏။ သူ ခြေတစ်လှမ်း လှမ်းတိုင်း ကမ္ဘာမြေကြီးက ငလျင်လှုပ်သည့် အလား တုန်ခါနေကာ ခြေထောက် အောက်မှ ရထားသံလမ်းများ ပင်လျှင် ကျိုးပျက်ကုန်သည်။

ကာရာစုတန်ဂူက မြေပြင်တွင် ရပ်ရင်း ချန်းဖန်အား အထက်စီးမှ ငုံ့ကြည့်သည်။ ချန်းဖန်မှာ ရထား ခေါင်မိုးပေါ်၌ ရပ်နေခြင်း ဖြစ်နေသည့် သူ၏ ဒူးလောက်ထိသာ အမြင့်ရှိသည်။

"ကာရာစုတန်ဂူက ဓမ္မခန္ဓာကိုယ်ကို အသုံးပြုနေပြီ ..."

ကူရိုမီ၏ နီရဲသော မျက်လုံးများက အနည်းငယ် မှေးစင်းသွားသည်။ ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးမှာ ကိုးကွယ်သူများ၏ ယုံကြည်မှု စွမ်းအားကို နှစ်ရာချီ ကြာအောင် စုပ်ယူပြီးမှသာ ရရှိနိုင်ခြင်း ဖြစ်သည်။ များစွာသော စွမ်းအားများအား အေးခဲစေပြီးမှ သာလျှင် ထိုခန္ဓာကိုယ်ကို ဖော်ထုတ်နိုင်သည်။ သို့သော်လည်း ခန္ဓာကိုယ် အတွင်းရှိ ယင်ချီများ ပေါက်ကွဲထွက် ပါက ခန္ဓာကိုယ်ကို အပြီးတိုင် ဆုံးရှုံးရပေလိမ့်မည်။

အကယ်၍ ယခုတိုက်ပွဲ၌ အနိုင်ရခဲ့လျှင်ပင် မူလ စွမ်းအား ရရှိရန် ဘုရားကျောင်း အတွင်းတွင်ပင်  နှစ်ပေါင်းများစွာ နေထိုင်ကာ ပြန်လည် ကျင့်ကြံ ရပေလိမ့်မည်။ ထို့ကြောင့် ဓမ္မခန္ဓာကိုယ်မှာ နတ်ဆိုးသခင်များ၏ နောက်ဆုံး ဝှက်ဝဲဟု ဆိုရမည်။ မလိုအပ်ပါက ထိုစွမ်းအားကို လုံဝ အသုံးမချသင့်ပေ။

"ကာရာစုတန်ဂူတောင် သူ့ရဲ့ ဓမ္မခန္ဓာကိုယ်ကို ဖော်ထုတ်နေပြီ။ ငါတို့ ဘာကို စောင့်နေရမှာလဲ။ ငါတို့သာ အစွမ်းကုန် မတိုက်ရင် ချန်းပေ့ရွှမ်းလက်မှာ ဒီနေ့ သေကုန်လိမ့်မယ်"

ယာမာမီဇူကီ ကလည်း ကျယ်လောင်စွာ ဟိန်းဟောက်ရင်း သူ၏ ပါးစပ်ကို ဖွင့်ကာ ယင်ချီများအား စုပ်ယူပြန်တော့၏။

ကာရာစုတန်ဂူထက် ယာမာမီဇူကီ၏ ဓမ္မ ခန္ဓာကိုယ်က ပိုမို ထူးဆန်းနေသည်။ သူ၏ ခန္ဓာကိုယ် ကြီးထွားလာသည်နှင့် အမျှ ခြေများ၊ လက်များက အမြစ်များ အသွင်ပြောင်းလဲကာ မြေကြီးအား ကုပ်တွယ်သည်။ သူ၏ ခန္ဓာကိုယ်ကလည်း ဆယ်မီတာကျော် အထိ ကြီးထွားသော သစ်ပင်ပင်စည် အသွင်ပြောင်းလဲ သွား၏။ သူ၏ မျက်လုံးများ၊ နှာခေါင်း၊ လက်ချောင်းများနှင့် ဆံပင်များကလည်း အကိုင်းအခက်များ အသွင် ပြောင်းလဲ ကုန်သည်။

"ယာမာမီဇူကီက သစ်ပင်ဝိညာဉ် အသွင် ပြောင်းလဲနိုင်တယ်လို့ ငါကြားဖူးတယ်။ သူက သက်ရှိ ခန္ဓာကိုယ် ပျက်စီးသွားတဲ့ နောက်မှာ သစ်ပင် မိစ္ဆာ အဖြစ် ပြောင်းလဲလိုက်တာ ဖြစ်မယ်"

"ဘာပဲ ဖြစ်ဖြစ် သူတို့က ခွေးတစ်ကောင်နဲ့ သစ်ပင် တစ်ပင်ပါပဲ။ သူတို့ကိုယ် သူတို့ နတ်ဘုရားတွေလို့ ထင်နေပုံ ရတယ် ..."

ချန်းဖန်က မလှုပ်ရှားသေးပဲ သူတို့၏ အသွင်ပြောင်းမှု များအား ကြည့်နေခဲ့၏။

ထိုအချိန်၌ သခင်ကြီး ကူရိုမီနှင့် လက်ခြောက်ဖက် နတ်ဆိုး တို့မှာလည်း ဓမ္မခန္ဓာကိုယ် အသွင် ပြောင်းလဲ နေကြပြီ ဖြစ်သည်။

ကူရိုမီ၏ ဓမ္မ ခန္ဓာကိုယ်မှာ မီးတောက် သံချပ်ကာကို ဝတ်ဆင်ထားသည့် စက်ဆုပ်ဖွယ် နတ်ဆိုး အသွင်ရှိသည်။ သူ၏ အမိန့်အောက်တွင် ဂျပန်ပြည်၏ မည်သည့် ရှိုဂန်များ မဆို လိုက်နာရမည့် အလား အရှိန်အဝါများက ဖြာထွက်နေ၏။ သွေးနီရောင် မျက်လုံးများကလည်း အမှောင်ထု အောက်၌ ဝင်းလက်နေကာ ရက်စက်မှုကို ရှာဖွေနေဟန် ရသည်။

လက်ခြောက်ဖက် နတ်ဆိုး၏ ဓမ္မ ခန္ဓာကိုယ်ကား စိတ်ဝင်စားစရာ အကောင်းဆုံးပင်။ သူ့တွင် ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိ၏။ ခေါင်းသုံးလုံးက အရပ်မျက်နှာ သုံးခုအား လှည့်နေကာ မတူညီသော အမူအရာများ ရှိသည်။ သူ၏ ပုံစံမှာ တိဘက်ဒေသမှ မဟာယန ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ဝိနယရာဂျာ အလား။

နတ်ဆိုးသခင် လေးယောက်ကား ကောင်းကင်ကို ထောက်သည့် တိုင်ကြီးများ အလား ချန်းဖန်အား ဝန်းရံထားကြတော့၏။ ကူရိုမီက ရထားတွဲ တစ်တွဲအား ဒေါသတကြီး ကောက်ယူရင်း ချန်းဖန်အား ထုနှက်ရန် ပြင်လိုက်၏။ တစ်ချိန်တည်းတွင်ပင် ကာရာစုတန်ဂူကလည်း သူ၏ ရွှေရောင် လက်နက်ကြီးဖြင့် အပေါ်မှ ရိုက်ချရန် ကြိုးစားသည်။ ဆယ်မီတာကျော် ရှည်သော သစ်ပင်ကြီးကလည်း သူ၏ လက်တံကြီးများအား ဝှေ့ယမ်းရင်း ချန်းဖန်အား ထိန်းချုပ်နိုင်ရန် ပြင်သည်။

ခန့်မှန်း၍ မရနိုင်သော စွမ်းအင်လှိုင်းများက သေဆုံးခြင်းကို သယ်ဆောင်ကာ ချန်းဖန်တို့ထံ အဘက်ဘက်မှ ဝန်းရံထားသည်။

ယခု အချိန်၌ နတ်ဆိုးသခင် တစ်ယောက်ချင်းစီမှာ တန်ခိုးရှင် အဆင့် ကျင့်ကြံသူများနှယ် အစွမ်းထက် နေကြပြီ ဖြစ်ရာ သူတို့၏ တိုက်ခိုက်မှုများက မခန့်မှန်း နိုင်အောင်ပင်။

"ချန်းပေ့ရွှမ်း ... ဒါတွေကို ရင်ဆိုင်စမ်း။ ငါတို့ရဲ့ ခန္ဓာကို ဖျက်ဆီးနိုင်တာနဲ့ပဲ ဘဝင်မြင့် မနေစမ်းနဲ့ ..."

ကူရိုမီ၏ စကားသံက မိုးချုန်းသံ အလား ဝိညာဉ်များကို ချိုးဖောက်၍ ဝင်ရောက်လာသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ခရမ်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ မြင်ရသည်က သူမ၏ ရွေးချယ်မှု မှန်ကန်ခဲ့ပုံ ပေါ်သည်။ နတ်ဆိုးများ၏ ကြီးမားသော ခန္ဓာကိုယ်များက ချန်းပေ့ရွှမ်းအား ခွန်အား ကင်းမဲ့စေလိမ့်မည်။

ထိုအချိန်၌ ပျံလွှားနီလေး၏ မျက်နှာကမူ ဖြူရော်နေပြီ ဖြစ်၏။ နတ်ဆိုးသခင် လေးယောက်မှ ယခုကဲ့သို့ ပြောင်းလဲ သွားလိမ့်မည်ဟု သူမ မထင်မိခဲ့ချေ။ ချန်းဖန်၏ ဓားမှာလည်း သုံးမီတာခန့်သာ ရှည်ရာ ထိုနတ်ဆိုးများ၏ မီတာ ဆယ်ချီသော ခန္ဓာများအား ထိုးဖောက် နိုင်လိမ့်မည်ဟု သူမ မပြောတတ်ပေ။

သူမက စိုးရိမ်တကြီးဖြင့် ချန်းဖန်အား လှည့်ကြည့်လိုက်၏။ အခြေအနေများ ဆိုးရွားနေသော်လည်း ချန်းဖန်၏ အမူအရာက တည်ငြိမ်နေပုံ ရသည်။

သူက အဝါရောင် ကျောက်မျက်ထဲမှ အရိုးပုလွေ တစ်ချောင်းအား ထုတ်ယူလိုက်၏။ ထိုအရိုးပုလွေက ရှေးကျသည့် အငွေ့အသက်များ ထွက်ပေါ်နေကာ မခန့်မှန်းနိုင်သည့် စွမ်းအားများ ခိုအောင်းနေပုံ ရသည်။

အရိုးပုလွေအား မြင်သည်နှင့် ခရမ်း၏ အပြုံးများကား မျက်နှာပေါ်တွင်ပင် အေးခဲသွားတော့သည်။

"ဝှက်ဖဲက မင်းတို့မှာပဲ ရှိတယ် ထင်နေတာလား ..."

ချန်းဖန်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ ထို့နောက် ခရမ်းဘက်သို့ လှည့်ရင်း မေးလိုက်၏။

"နတ်ဆိုးပုလွေ အကြောင်း သူတို့ကို မင်း မပြောပြထားဘူးလား ..."

ခရမ်း ပြန်မဖြေ ရသေးခင်မှာပင် ချန်းဖန်က ပုလွေအား နှုတ်ခမ်းတွင် တေ့ရင်း မှုတ်လိုက်သည်။ ရုတ်တရက် ရှေ့ဟောင်းဆန်ပြီး လျှို့ဝှက်သည့် သံစဉ် တစ်ခု ပေါ်လာခဲ့၏။ သံစဉ်က အဆုံးမဲ့ စစ်မြေပြင်မှ တစ်သောင်းသော စစ်သည်တော်များ၏ စစ်ဗုံသံများ အလား တစ်လောကလုံးကို စိုးမိုး နယ်ချဲ့လာ၏။

"ဘုန်း ..."

မိုးကြိုးထစ်ချုန်းသံနှင့် အတူ ရွှေရောင် တန်ခိုးရှင် အစောင့်အရှောက် ပေါ်ထွက်လာခဲ့သည်။ တန်ခိုးရှင် အစောင့်အရှောက်က ဆယ့်ငါးမီတာခန့် အမြင့်ရှိကာ ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထား၏။ သူက ကောင်းကင် မျိုးဆက် မြင်းအား စီးနှင်ကာ သူ၏ ရှည်လျားသော ဓားရှည်ကလည်း ရွှေရောင်အလင်း တောက်ပနေခဲ့၏။

တန်ခိုးရှင် အစောင့်အရှောက်၏ ရှေ့၌ နတ်ဆိုးသခင် လေးယောက်ကား အားနည်းသော မကောင်းဆိုးဝါးများ အလားပင်။

***

All Chapters