← Chapters

အခန်း (၃၅၁-၃၅၃)

Vol. 8 Ch. 351-353

အခန်း (၃၅၁-၃၅၃)

Vol. 8 Ch. 351-353

Chapter- 351

အနာဂတ်ယောက္ခထီးကြီးက သူ့ကိုမကျေနပ်ဘူး

လုယွင်ရွှမ်းသည် စူးရှသည့်အကြည့်များနှင့် ကြည့်လိုက်သည်။

“မင်းပြန်သွားပြီး ငါ့အဖေကိုသွားပြောလိုက်။ ငါကိုယ်ဝန်ပျက်ကျသွားတာမို့ ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါးထိခိုက်သွားရတယ်။ စိတ်ဓာတ်အရမ်းကျပြီး ငါ့အဒေါ်ကိုလည်း သတိရနေတယ်။ အဲ့ဒါကြောင့် ငါ့အဒေါ်ရဲ့ဂရုစိုက်မှုကို လိုအပ်နေပါတယ်လို့ “

ဟုန်ရှို့ထိတ်လန့်သွားပြီး အလျင်စလိုမျက်လွှာချလိုက်လေသည်။

အိမ်ရှေ့စံမင်းသမီးသည် သွေးထွက်လွန်မှုကြောင့် မျက်နှာမှာ ဖြူလျော်နေပြီး အမူအရာကလည်း အလွန်မှုန်မှိုင်းနေသည်။

ခေတ္တတုံ့ဆိုင်းနေပြီးနောက် သူမက သတိထား၍ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းသားက...”

လုယွင်ရွှမ်းက သရော်ရင်း ယုံကြည်မှုရှိစွာပြောလိုက်သည်။

“ငါမင်းသမီးက ကိုယ်ဝန်ပျက်ကျသွားတာ မင်းသားက ငါ့ကိုထောက်ထားပြီး ငါ့တောင်းဆိုမှုကိုငြင်းမှာမဟုတ်ဘူး”

“ဒီအစေခံက မင်းသမီးဝေဒနာထပ်ခံစားနေရတယ်လို့ပြောပြီး မင်းသားကိုလာဖို့ တောင်းဆိုလိုက်ရမလား”

နောက်ဆုံးတော့ ဟုန်ရှို့သည် အရမ်းတုံးအမနေတော့တာကြောင့် လုယွင်ရွှမ်း ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။

“မင်းသားကိုသွားတွေ့လိုက် ဘာပြောရမယ်ဆိုတာသိတယ်မလား”

“ဒီအစေခံက အိမ်ရှေ့စံမင်းသမီးကို မြင်လိုက်ရတဲ့အချိန်မှာ အိမ်ရှေ့စံမင်းသမီးက ကလေးကိုဆုံးရှူံးရလို့ အရမ်းစိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။ မင်းသမီးက ဆေးတောင်မသောက် နိုင်လောက်အောင် စိတ်မကောင်းဖြစ်နေခဲ့တာပါ။ မနေ့ညကလည်း မင်းသမီးက အိပ်ရင်းယောင်ပြီး ဒေါ်လေးကျန်းလို့ ဆက်တိုက်ခေါ်နေခဲ့ပါသေးတယ်...”

ထိုစကားအားကြားသော် လုယွင်ရွှမ်း၏ ခံစားချက်များ ကောင်းမွန်လာပြီး

“သွား ကိစ္စပြီးတဲ့အခါ နင့်အတွက် ဆုလာဘ်တွေအများကြီးရှိတယ်”

ဟုန်ရှို့မှာစိတ်သက်သာရရာစွာ သက်ပြင်းချလိုက်ပြီး အမြန်ထွက်ခွာသွားတော့သည်။

လုယွင်ရွှမ်း မျှော်လင့်ထားသလိုပင် ဖြစ်သည်။ လုံချီသည် ဟုန်ရှို့ထံမှ လုယွင်ရွှမ်းမှာ ကလေးဆုံးရှုံးရမှုကြောင့် စိတ်ဓာတ်ကျနေသည့်အပြင် အဒေါ်ကျန်းကိုပင် အိမ်မက်ထဲ၌ ယောင်ရင်း ခေါ်နေမိသည့် အကြောင်းအားကြားသော် သူ၏ နှလုံးသားလည်း ပျော့ပြောင်းသွားရလေသည်။

ခုတင်ထက်တွင် နေမကောင်း‌ဖြစ်နေသော အသွင်အပြင်ဖြင့် လဲလျောင်းနေသည့် လုယွင်ရွှမ်းအား ကိုမြင်သော် လုံချီသည် အပြစ်ရှိမှုကို ခံစားလိုက်ရသည်။ သူသည် လုယွင်ရွှမ်း မတောင်းဆိုခင်ကပင် လုဟယ့်ထျန်းကိုရှာ၍ သူမအားဂရုစိုက်ပေးရန် အဒေါ်ကျန်းကို ပြန်ခေါ်လာပေးမည်ဟု ဦးစွာပြောလိုက်တော့သည်။

မလိုလားအပ်သည်များဖြစ်မလာစေရန် လုံချီသည် သူကိုယ်တိုင် လုံယန်နှင့် သွားတွေ့ပြီး အမိန့်အား ရရှိနိုင်ရန် စီစဥ်လေသည်။

လုံယန်သည် လုံချီ၏တောင်းဆိုချက်အား နားထောင်ပြီး အတန်ကြာတွေးတောလိုက်သည်။

“တကယ်တော့ဒါက မြို့စားအိမ်တော်ရဲ့ အိမ်တွင်းရေးကိစ္စပဲလေ။ ကိုယ်တော် ဝင်စွက်ဖက်ဖို့မလွယ်ကူလှဘူး။ မင်းသားက အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ မြို့စားကို တိုက်ရိုက်သွားရှင်းပြသင့်တယ်”

လုံယန်သည် လုဟယ့်ထျန်းက အဒေါ်ကျန်းအား ဘုရားကျောင်းသို့လေ့ကျင့်ရန် ပို့‌လိုက်သည့်အကြောင်းရင်းအတိအကျကို ရှာမတွေ့သေးပေ။ သူသာ အဒေါ်ကျန်းကို ပြန်‌ခေါ်ဖို့ အမိန့်ထုတ်လိုက်တာကို သူ့အနာဂတ် ယောက္ခထီးက သိသွားခဲ့ရင် သူအမိန့်ထုတ်လိုက်တဲ့အပေါ် မကျေမနပ် ဖြစ်မလာနိုင်ဘူးလား။

လုံယန်ကအရမ်းရိုးရှင်းစွာ ငြင်းပယ်လာလိမ့်မည်ဟု လုံချီမျှော်လင့်မထားခဲ့ပေ။

အနည်းဆုံးတော့ ဤကိစ္စသည် သူဦးရီးတော်အတွက် ခက်ခဲစေမည့်အရာဟုတော့ လုံချီမထင်ပေ။ ဘုရင်တစ်ပါးအတွက်မူ တော်ဝင်အမိန့်စာထုတ်ရန်မှာ အားစိုက်ထုတ်စရာပင် မလိုသည့်အရာဖြစ်သည်။

သို့သော် ဦးရီးတော်သည် တွေဝေခြင်းမရှိဘဲ ရိုးရှင်းစွာငြင်းပယ်ခဲ့သည်။

လုံချီသည် ဝတ်ရုံအောက်တွင်တိတ်တဆိတ်လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

လုံယန်ကသူ့အားကြည့်လိုက်ပြီး

“မင်းသမီးအတွက် မင်းတအားစိုးရိမ်နေတယ်ဆိုတာ ကိုယ်တော်သိပါတယ်။ ဒီကာလမှာ ညီလာခံတွင်း တိုင်းရေးပြည်ရေး ပြဿနာတွေ အများကြီး မရှိတော့ အရှေ့နန်းတော်ကိုသွားပြီးမင်းသမီးကို မင်းစောင့်ရှောက်နိုင်တယ်။ မင်းသမီးကို‌ မင်းအေးအေးစောင့်ရှောက်လို့‌ရအောင် အရင်ကကိုယ်တော် မင်းကိုပေးထားခဲ့တဲ့တာဝန်တွေကို အခြားလူတွေလုပ်ဖို့ စီစဉ်ပေးမယ်”

လုံချီ စိတ်ပူသွားရသည်။

ဦးရီးတော်က ဘာကို ပြောချင်တာလဲ။

သူချက်ချင်းပြန်ပြောလိုက်သည်။

“ဦးရီးတော်အရမ်းမစိုးရိမ်ပါနဲ့ မင်းသမီးက ကျန်းမာရေးမကောင်းဆိုပေမဲ့ ကျွန်တော်ကလည်း သမားတော်မဟုတ်တာမို့ သူမကိုအရမ်း ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ကျွန်တော့်အတွက်တော့ ဘုရင်မင်းမြတ်လွှဲပေးထားတဲ့ တိုင်းပြည်အရေးကိစ္စတွေကိုပဲ ဂရုစိုက်လိုက်တာက ပိုကောင်းမယ်ထင်ပါတယ်”

လုံယန်သည် သူ့အား ကြည့်လိုက်သည်။ အမှန်တော့ သူအခြားမည်သည့်အရာမှမဆိုလိုပေ။ လုံချီက လုယွင်ရွှမ်းအား စိုးရိမ်နေသည်ကို‌တွေ့သဖြင့် သူမအတွက်ဂရုစိုက်နိုင်ပြီး စိတ်အေးစေနိုင်ရန် သူတာဝန်ယူထားရသည့် တိုင်းပြည်ရေးကိစ္စများကို အခြားသူဆီ လွှဲပေးချင်ခဲ့တာဖြစ်သည်။ သို့သော် သိသာစွာပင် သူ၏တူတော်က အသိအမှတ်မပြုသည့်အပြင် သူ၏ရည်ရွယ်ချက်ကိုပါနားလည်မှုလွဲနေခဲ့သည်။

Chapter – 352 ဒုတိယသခင်မလေးလုကိုလက်ထပ်ရတာ ကိုယ်တော့်ရဲ့ကောင်းချီးပဲ

လုံချီ စိတ်သက်သာရာရသွားပြီး

“ကျေးဇူးကြီးမြတ်လှပါတယ် ‌ဦးရီးတော်”

‌လုံချီသည် စကားပြောဆိုပြီးသည့်နောက် အနားယူဖို့အခွင့်ရေးယူချင်ခဲ့သည်တိုင် ရုတ်တရက် ဦးရီးတော်ပြောသည်အား ကြားလိုက်ရလေသည်။

“ကိုယ်တော်သာဆို သမားတော်မဟုတ်ရင်တောင် ဝေဝေ ဘေးကတစ်ဖဝါးမှခွာမှာမဟုတ်ဘူး။ သေချာပေါက် ဝေဝေကို ဘယ်တော့မှ ဒီလိုဖြစ်စေမှာလည်းမဟုတ်ဘူးပေါ့”

လုံချီ သူ့ကိုအံ့အားတသင့်ကြည့်လိုက်မိသည်။ အရှင်မင်းမြတ်အား ဤသို့တိုက်ရိုက်ကြည့်ခြင်းမှာ အင်မတန်ရိုင်းသည်ကိုတောင် သူ့မေ့သွားခဲ့ခြင်းပင်။

လုံယန်မျက်ခုံးပင့်၍ သူ့အားအသာကြည့်လာသည်။

“ကိုယ်တော်ပြောလိုက်တဲ့ထဲမှာ ပြဿနာရှိနေတယ်လို့ မင်းသားကထင်တာလား”

လုံချီသည် သူ့၏ ပုံရိပ်ကိုပင် ဆုံရှုံးနေပြီပင်။

သိူ့သော်လည်း သူရင်ထဲတွင်တော့ တိတ်တဆိတ် ပြောနေလေသည်။ တော်ဝင်ဦးရီးတော်က ဘာလို့ လု‌လျန့်ဝေကို ကာကွယ်ပေးမယ့်အကြောင်း သူ့ရှေ့မှာ ရုတ်တကြီးလာပြောရတာလဲ။

ဘုရင်မင်းမြတ်က သူ့အားဂရုစိုက်နေမည်ဟုတော့ လုံချီ မတွေးမိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရင်မင်းမြတ်သည် သူ၏ လုလျန့်ဝေအပေါ်ပိုင်ဆိုင်မှုအား သွယ်ဝိုက်သောနည်းဖြင့် ကြေညာနေသည်ဟု သူခံစားနေရသည်။

ဤအသိက လုံချီအား အရသာငါးမျိုးပုလင်းကိုဝင်တိုက်မိသကဲ့သို့ ခံစားရစေသည်။ သူ့ရဲ့အမူအယာမှာ အလွန်ရှုပ်ထွေးလွန်းလှသည်။

သို့သော် တော်ဝင်ဦးရီးတော်က အနည်းငယ် ချဲ့ကားနေသည်မှာ သေချာသည်။ လုလျန့်ဝေက သူ(လုံယန်)ရဲ့ အသုံးမဝင်တဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုများ ကိုယ်ဝန်ဆောင်နိုင်ပါ့မလဲ။

ဦးရီးတော်က လုလျန့်ဝေကို ဒီလို အဖြစ်မျိုး ဘယ်တော့မှ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူးတဲ့လား။သေချာတာပေါ့။ ဘာလို့လဲဆိုတော့ သူလုပ်ချင်ရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူးလေ။ထိုအကြောင်းအား စဉ်းစားရင်း လုံချီ၏ခံပြင်းမှုနှင့်မကျေနပ်မှုများမှာ ပျောက်ကွယ်သွားရသည်။

“ဦးရီးတော်က အလွန်ကြင်နာတတ်ပါပေတယ်။ အရှင့်ကိုလက်ဆက်ဖို့က ဒုတိယသခင်မလေးလုရဲ့ အကြီးမားဆုံးကောင်းချီးပဲဖြစ်ရမယ်။”

လုံချီသည် သူ့ ရင်ထဲကလက်မခံနိုင်မှုကို ဖိနှိပ်ရင်း မြှောက်ပင့်လိုက်သည်။

“ဘာလို့အဲ့လိုတွေးရတာလဲ။ ဒုတိယသခင်မလေးလုကို ဇနီးအဖြစ်လက်ဆက်ရတာက ကိုယ်တော်အတွက် ကောင်းချီးပါလို့ပြောသင့်တာ”

ကွဲပြားနေသည့် ဤဦးရီးတော်အားကြည့်ရင်း လုံချီပို၍ဇဝေဇဝါဖြစ်လာခဲ့သည်။

ဤသို့ချဉ်းကပ်ရလွယ်သည့် ဦးရီးတော်ကသူ့ အားပြောမပြတတ်သည့် ကြောက်ရွံ့မှုအနည်းငယ်ကို ခံစားရစေသည်။

ဦးရီးတော်က ဘာလို့ ဒီလိုနည်းလမ်းနဲ့ လုလျန့်ဝေကို ချီးမွမ်းရတာလဲ။ဒါကအရှင်ဘုရင်ပြောသင့်တဲ့စကားလား။ထို့အပြင် ဘုရင်က ထိုသို့ပြောလိုက်လျှင် လုလျန့်ဝေကိုစွန့်ပစ်ပြီး လုယွင်ရွှမ်းကို ရွေးခဲ့တဲ့သူက ကောင်းချီးမင်္ဂလာကို လွဲချော်သွားသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။

ယမန်နေ့ကသူ့ရှေ့တွင် စိတ်ကစဉ့်ကလျားဖြစ်ပြီး ကိုယ်ဝန်ပျက်ကျ‌သွားခဲ့သည့် လုယွင်ရွှမ်းအား စဉ်းစားမိပြီး လုံချီရုတ်တရက်အနည်းငယ်တုန်လှုပ်သွားရသည်။

ဖြစ်နိုင်တာက။ သူရွေးချယ်မှု မှားသွားခဲ့တာလား။

ဦးရီးတော်၏စကားလုံးများအား ရင်ဆိုင်ရသော် သူမည်သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။ ထိုစဥ် လုံယန်၏ နက်ရှိုင်းလှသော အသံကို ကြားလိုက်ရသည်။

“တခြားဘာမှမရှိပါဘူး ဒူးမထောက်နဲ့တော့။ အိမ်ပြန်ပြီး မင်းသမီးကိုစောင့်ရှောက်ချေ”

လုံချီသည် ချက်ချင်းဦးညွှတ်ပြီး တော်ဝင်စာကြည့်ဆောင်မှ ထွက်လာလိုက်သည်။

လုံချီထွက်သွားပြီးနောက် လုံယန်သည် ကျောက်ရှန်ကို ခေါ်၍

“ဒေါ်လေးကျန်းဘာဖြစ်နေတာလဲနဲ့ သူမက ဝေဝေနဲ့ဘယ်လိုပတ်သက်နေတာလဲဆိုတာ သွားရှာခဲ့၊ အကယ်၍ ဝေဝေကဒီဒုတိယဇနီးကို မနှစ်သက်ဘူးဆိုရင် မြို့စားအိမ်တော်ဆီ ပြန်လာတာကိုတားဖို့ နည်းလမ်းရှာရမယ်”

ကျောက်ချန်သည် တံခါးအပြင်ဘက်တွင်ရှိနေခဲ့သောကြောင့် လုံချီကသခင့်အားပြောပြခဲ့သည်များနှင့် သခင်ပြန်ပြောခဲ့သည့်ထူးဆန်းသည့် စကားလုံးများကိုလည်း ကြားခဲ့ရပေသည်။

သခင်က ဤကဲ့သို့သောသခင်မျိုးဖြစ်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဒုတိယသခင်မလေးလုအပေါ် ပိုင်ဆိုင်မှုအား မင်းသားရှေ့မှောက်၌ တမင်သက်သက်ကြေညာခြင်းမှာ သိသိသာသာကို ရိုးရှင်းလွန်းမနေပေ။

သူထွက်သွားသည်ကိုမြင်သော် လုံယန်တစ်စုံတစ်ခုအားတွေးမိပြီးသာမန်ကာလျှံကာပြောလိုက်သည်။

“မင်းသားအခုလေးတင်ဒီမှာရှိခဲ့တာကို ကိုယ်တော် မြို့စားကအခုမြို့တော်မှာရှိမနေဘူးဆိုတာ ပြောဖို့မေ့သွားတယ်။ မင်းသားကအခုမြို့စားဆီသွားနေလောက်ပြီ။ သူအချိန်ဖြုန်းသွားမှာ ကိုယ်တော် စိုးရိမ်မိတယ်”

သံသယဖြစ်စွာဖြင့် ကျောက်‌ချန်၏ နှုတ်ခမ်းမှာ မဲ့သွားရသည်။ သခင် ဒါကိုပြောဖို့ မရည်ရွယ်ခဲ့ဘူးဆိုတာ သေချာရဲ့လား။

“ထျန်းကျိုးတောင်ကဟွေ့ကျိုးအလွန်မှာရှိတာလား”

သို့သော် သူ့ရင်ထဲတွင် ထူးဆန်းနေမိသည်။ သခင်သည် တာ့ရှန်းရဲ့မြေမျက်နှာသွင်ပြင်နှင့် ရင်းနှီးလေသည်။ ထို့အပြင် ဟွေ့ကျိုးသည် ‌မြို့တော်နှင့်လည်း အရမ်းမဝေးပေ။ အဖြေအား သခင်က သိနေမှာ သေချာပေသည်။

ဒါဆိုဘာလို့ သခင်ကရှင်းရှင်းလင်းလင်း သိနေပါလျက်နဲ့ ဒီလိုမေးခွန်းမျိုးမေးတာရလဲ။

Chapter 353: မြေခွေးကဲ့သို့ ပါးနပ်လှသော ဆရာပင်။

ကျောက်ချန်သည် သူ့သခင်၏ ရည်ရွယ်ချက်ကို လျင်မြန်စွာပင် သိလိုက်သည်။

“ဟွေ့ကျိုးစစ်စခန်းမှာ တစ်ခုခုတော့ ဖြစ်နေပြီ။ အခု တော်ဝင်မြို့စားက ထျန်းကျိုးတောင်မှာ ရှိနေတဲ့အတွက်ကြောင့် သူ့ကိုသွားပြီး ပြဿနာကို ချက်ချင်းဖြေရှင်းဖို့ ပြောလိုက်ပါ။”

လုံယန်သည် နက်ရှိုင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။

“မှန်လှပါ။”

ကျောက်ချန်သည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီးနောက် ဒါဟာ သူ့သခင်၏ အာရုံလွှဲပြောင်းရန် အစီအစဥ်ဖြစ်သည်ကို သူထွက်သွားမှပင် သဘောပေါက်လိုက်သည်။

အရှင်သခင်သည် ဒုတိယသခင်မလေးလုထံ သွားရောက်နိုင်ရန်အတွက် မြို့စားဟောင်းအား အဝေးသို့ လှည့်ပတ်ဖျားယောင်းနေသည် မဟုတ်လား ထို့အပြင် မြို့စားဟောင်းသည် ဟွေ့ကျိုးသို့ ရုတ်တရက်ဆန်စွာ စေလွှတ်ခံလိုက်ရပြီးနောက်တွင် အချိန်အတန်ကြာသည်အထိ ပြန်လာနိုင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံး သူပြန်ရောက်လာမည့်အချိန်တွင်လည်း လုယွင်ရွှမ်းဟာ ပြန်သက်သာလာလောက်မည်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားသည် မြို့စားဟောင်းအား စည်းရုံးကာ အဒေါ်ကျန်းကို ပြန်ပို့ရန်အတွက် အိမ်ရှေ့စံမင်းသမီး၏ ကျန်းမာရေးကို ဆင်ခြေတစ်ခုအနေဖြင့် အသုံးချနိုင်တော့မည် မဟုတ်ပေ။

ဤသည်မှာ အလွှာနှစ်ထပ် ထောင်ချောက်ပင် ဖြစ်သည်။

ကျောက်ချန်ဟာ ထိုအတွေးကို တွေးလိုက်မိပြီး‌ ခေါင်းခါမိသည်။ သူ့သခင်ကို အနည်းငယ်ပင် မထီမဲ့မြင်ဖြစ်မိသည်။ သူသည် ဒုတိယသခင်မလေးလုအား တွေ့ရန်အတွက်နှင့် အမှန်တစ်ကယ်ကို အားထုတ်နေပေသည်။

သေချာသည်ကတော့ လုံချီသည် ရူးမိုက်သော အလုပ်ကို လုပ်နေရပြီဖြစ်သည်။

တော်ဝင်မြို့စားအိမ်တော်သို့ ရောက်သည့်အချိန်မှာပင် သူသည် ထိုနေရာတွင် တော်ဝင်မြို့စားမရှိသည်ကို သတိထားမိလိုက်သည်။ သူသည် ဘဏ္ဍာစိုးအား မေးကြည့်လိုက်ပြီးနောက်တွင် တော်ဝင်မြို့စားဟာ လွန်ခဲ့သောနှစ်ရက်ကပင် တော်ဝင်မြို့စားဟောင်းသခင်မကြီးနှင့် လုလျန့်ဝေတို့နှင့်အတူ ဗုဒ္ဓအား ဂါရဝတရားပေးရန်အတွက် ထျန်းကျိုးတောင်သို့ လိုက်သွားသည်ကို သိခဲ့ရသည်။

တခြားသူတွေဆိုလျှင် ကိစ္စမရှိပါ။ ဧကရာဇ်ဦးရီးတော်သည် ဒီကိစ္စကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း။

ယခုအချိန်တွင် သူသည် လုလျန့်ဝေနှင့် စေ့စပ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူ့သတို့သမီး ဘယ်မှာရှိနေလဲဆိုသည်ကို သူမမေးဘဲ နေမည်မဟုတ်ပေ။

သို့သော်လည်း ဧကရာဇ်ဦးရီးတော်၏ သဘောထားကြီးမားမှုကို စဥ်းစားကြည့်လျှင် သူဟာ ဘယ်လိုလုပ်၍ ထိုကဲ့သို့ အသေးအဖွဲဖြင့် ကလေးဆန်သော အပြုအမူကို လုပ်နိုင်မည်နည်း

ဧကရာဇ်ဦးရီးတော်သည် ဘာပဲလုပ်လုပ် သူ့ကိုယ်သူ ထိုကဲ့သို့ နိမ့်ကျသော အပြုအမူနှင့် ယှဥ်တွဲကြည့်ဖို့တော့ မဖြစ်နိုင်ပေ။

သို့သော်လည်း ရွှမ်းအာသည် တော်ဝင်မြို့စားဟောင်းသခင်မကြီး၏ ဗုဒ္ဓကို ဂါရဝတရားပြုရန် လာရောက်ခြင်းနှင့်ပတ်သက်၍ သတင်းတစ်စုံတစ်ခုမှ မရရှိခဲ့ပေ။ ထိုသည်ကို ကြည့်ခြင်းအားဖြင့် တော်ဝင်မြို့စားမိသားစုသည် သူမအတွက် မည်မျှစဥ်းစားကြောင်းကို သိနိုင်သည်။

ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု မဟုတ်သော်လည်း မြို့စားဟောင်းသခင်မကြီးသည် သူမ၏ ခရီးစဥ်မှ မကြာခင်အချိန်တွင်း ပြန်လာသေးမည်မဟုတ်ပေ။ သူမသည် ဘာကြောင့်များ ဒီသတင်းကို အရှေ့ဘက်နန်းတော်သို့ မပို့ခဲ့သနည်း။

ထိုအတွေးသည် လုယွင်ရွှမ်းအပေါ် လုံချီ၏ သံသယကို ပို၍တိုးစေခဲ့သည်။

သူသည် သူ့တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်ခဲ့သောကြောင့် စိတ်ပျက်နေမည့် သူမ၏ မျက်နှာကို ရှောင်ချင်သည့်အတွက် သူမဆီသို့ ပြန်မသွားတော့ပဲ တစ်စုံတစ်ယောက်အား ထိုကိစ္စနှင့်ပတ်သက်၍ အစီအရင်ခံရန်အတွက် သူမဆီသို့ စေလွှတ်လိုက်သည်။

ထိုအကြောင်းအရာကို ကြားပြီးနောက်တွင်တော့ လုယွင်ရွှမ်းသည် ဒေါသအလွန်ထွက်ကာ နောက်ထပ်ခွက်တစ်လုံးအား ရိုက်ခွဲလိုက်သည်။

လုလျန့်ဝေအား ဂရုမစိုက်ခဲ့ပေ။ အဖွားတော်သည် ဗုဒ္ဓအား ဂါရဝတရားပြုရန် ထျန်းကျိုးတောင်သို့ သွားသည်ကို သူမအား ဘယ်လိုတောင် ချန်ထားခဲ့နိုင်သနည်း။ တော်ဝင်မြို့စားမိသားစုသည် တစ်စုံတစ်ယောက်အား သူမထံသို့ သတင်းပို့ရန်တောင် မစေလွှတ်ခဲ့ပေ။

သူတို့သည် သူမအား မိသားစုဝင်အနေဖြင့်တောင် စဥ်းစားပါသလား။

သူမ၏ ဒေါသတကြီး တုန်လှုပ်နေမှုကို မြင်လိုက်ရသောအခါ ဟုန်ရှို့သည် အလျင်အမြန် ရှေ့သို့လှမ်းလိုက်ကာ သူမအား နှစ်သိမ့်ပေးသည်။

“သခင်မလေး၊ ကျေးဇူးပြုပြီး သခင်မလေးရဲ့ကျန်းမာရေးကို ဂရုစိုက်ပါအုံး။ အရေးမကြီးတဲ့သူတွေအတွက်နဲ့ ဒေါသထွက်ပြီး ခန္တာကိုယ်ကို ထိခိုက်စေတာ မကောင်းပါဘူး။”

ဒါကို ကြားလိုက်ရတော့ လုယွင်ရွှမ်းသည် အနည်းငယ် ငြိမ်သက်သွားပြီး သူမ၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်ယောင်ဖြင့် ပြောလိုက်သည်။

“မင်းပြောတာမှန်တယ်။ ငါ့ဘဝအတွက် နေ့ရက်ကောင်းတွေက မရောက်လာသေးဘူး။ ဒါကြောင့် သူတို့ရဲ့ အမြင်ကျဥ်းမှုအတွက်နဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကို ငါဘာကြောင့်ဖျက်ဆီးရမလဲ။ နောက်ဆုံး ငါထီးနန်းတက်တဲ့အခါ သူတို့တွေ ငါ့သဘောအတိုင်း အကြိုက်ဆောင်ရလိမ့်မယ်။ အဲ့ဒီ့အချိန်ကျရင် သူတို့ဒီနေ့ ငါ့အပေါ် လုပ်ခဲ့တဲ့ နှိမ့်ချမှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်။”

ဟုန်ရှို့သည် ခေတ္တမျှစဥ်းစားပြီးနောက် ပြောလိုက်သည်။

“သခင်မလေး၊ အကယ်၍ ဒုတိယသခင်မလေးလုကို ဆွဲချချင်ရင် အခုက အချိန်ကောင်းပါပဲ။”

လုယွင်ရွှမ်းသည် သူမဆိုလိုသည်ကို အလျင်အမြန်ပင် သဘောပေါက်လိုက်ပြီး သူမ၏ အေးစက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

ထျန်းကျိုးတောင်နှင့် အင်ပါယာမြို့တော်ကြားမှ အကွာအဝေးသည် သူမလှုပ်ရှားမှုပြုလုပ်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေးကို ထောက်ပံ့ပေးနေသည်။

“ချန်ကျီပင်းကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားလိုက်ပါ။”

လုယွင်ရွှမ်းသည် အေးစက်စွာပင် အမိန့်ပေးလိုက်သည်။

All Chapters