← Chapters

အခန်း (၃၅၄-၃၅၆)

Vol. 8 Ch. 354-356

အခန်း (၃၅၄-၃၅၆)

Vol. 8 Ch. 354-356

Chapter 354: ဧကရာဇ်မင်းကြီးသည် ဒါကို သူ့အတွက် စီစဥ်ပေးခဲ့သည်။

ထျန်းကျိုးတောင်သည် ကြီးမား၍ ဆိတ်ငြိမ်လှသည်။ တောင်ပေါ်တွင် ထျန်းကျိုးဘုရားရှိခိုးကျောင်းကိုလည်း တည်ထားသောကြောင့် ဂုဏ်သရေရှိလူကြီးများသည် သူတို့၏ အပန်းဖြေစံအိမ်ကို ထိုနေရာတွင် တည်ဆောက်လေ့ရှိကြသည်။

သူတို့သည် ထိုနေရာတွင် အနားယူနိုင်သည်သာမက သူတို့၏အားလပ်ချိန်များတွင် ဘုရားကျောင်းဆောင်သို့သွားနိုင်ကာ တရားနာခြင်း၊ ဗုဒ္ဓအား ပူဇော်ခြင်းများကိုပါ ပြုလုပ်နိုင်သည်။

လုမိသားစုသည်လည်း ထိုနေရာတွင် အပန်းဖြေစံအိမ်တစ်လုံးရှိသည်။ တောင်ပေါ်တစ်ဝက်တွင် ဆောက်လုပ်ထားသည်။

ထိုအချိန်၊ လုမိသာစုအပန်းဖြေစံအိမ်၌။

လုဟယ့်ထျန်းသည် သူ့လက်ထဲမှ ဧကရာဇ်အမိန့်စာကို ပြီးဆုံးအောင် ဖတ်ပြီးနောက်တွင် လုံယန်အပေါ် သူ၏မကျေနပ်မှုသည် အဆင့်တစ်ခုတိုးလာခဲ့သည်။

ဧကရာဇ်သည် ဒါက ဘာကို ဆိုလိုချင်သည်လဲ။

သူသည် သူ၏မိခင်နှင့် ဝေဝေတို့နှင့်အတူ ထျန်းကျိုးတောင်သို့ အတူလိုက်ပါနိုင်ရန်အတွက် သူ၏စစ်ရေးကိစ္စများအားလုံးကို ပြီးပြတ်အောင် စီမံခဲ့သည်။ သူသည် ဤအားလပ်ရက်အနည်းငယ်ကို ဝေဝေနှင့်အတူ လည်ပတ်ရက် အသုံးပြုချင်ခဲ့သော်လည်း ဧကရာဇ်မင်းကြီးသည် ဒါကို သူ့အတွက် စီစဥ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဧကရာဇ်အမိန့်စာကို ယူဆောင်လာသော အငယ်တန်းအမတ်သည် မည်မျှပင် နားမလည်နိုင် ဖြစ်နေသော်လည်း တော်ဝင်မြို့စားဟာ အလွန်ပင် စိတ်ပျက်နေသည်ဖြစ်ကြောင်းကို ပြောနိုင်သည်။

သူဟာ ဘယ်သူ့ကို စိတ်ပျက်နေပါသလဲ။ ဧကရာဇ်မင်းကိုလား။

အငယ်တန်းအမတ်သည် ထိုအတွေးနှင့်ပင် ထိတ်လန့်သွားမိပြီး ထိုအကြောင်းကို ဆက်မတွေးဝံ့တော့ပေ။

တော်ဝင်မြို့စားသည် အင်ပါယာနန်းတွင်း၌ သိသိသာသာပင် ပါဝင်ကူညီမှုများ ပြုလုပ်ခဲ့ပြီး တော်ဝင်ရှန်ဘုရင်နိုင်ငံတော်၏ သူရဲကောင်းတစ်ဦးဖြစ်သည်။ မကြာခင်အချိန်တွင် သူသည် ဧကရာဇ်မင်း၏ ယောက္ခမဖြစ်လာမည်ဖြစ်ပြီး သူ၏ အာဏာသည် အထွက်အထိပ်သို့‌ ရောက်လာလိမ့်မည်ဖြစ်သည်။

ထိုအခြေအနေမျိုးတွင် တော်ဝင်မြို့စားသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသင့်သည်။ ထို့ကြောင့် သူသည် ဧကရာဇ်မင်းအား မည်သို့မကျေမနပ်ဖြစ်နိုင်မည်နည်း။

အငယ်တန်းအမတ်ဟာ ထိုကြောက်မက်ဖွယ်အတွေးဖြင့် ထိတ်လန့်တုန်လှုပ်သွားကာ မဝံ့မရဲနှင့်ပင် ပြောလိုက်သည်။

“ဟွေ့ကျိုး၏ စစ်ရေးကိစ္စဟာ အရေးတကြီးဖြစ်နေပြီး ဘုရင်မင်းမြတ်သည် ထိုပြသနာများအား မနှောင့်နှေးစေဘဲ ချက်ချင်းဖြေရှင်းရန် အမိန့်ပေးလိုက်ပါတယ်၊ အရှင်။”

လုဟယ့်ထျန်းသည် သူ့အား ဒူးထောက်ချစေနိုင်လောက်သည်အထိ လူသတ်ချင်သော အကြည့်နှင့် ကြည့်လိုက်သည်။

သူသည် ဧကရာဇ်အမိန့်စာကို ယူဆောင်လာပေးသော အငယ်တန်းအမတ်မျှသာ ဖြစ်သည်။ တော်ဝင်မြို့စားသည် မည်မျှပင် စိတ်ပျက်နေသည်ဖြစ်စေ သူ့ဒေါသအား အစေခံတစ်ဦး‌ပေါ်သို့ ပုံမချသင့်ပေ။

ဒါကို ကြားလိုက်ရတော့ အငယ်တန်းအမတ်သည် သူ့ကို ဆက်မတိုက်တွန်းဝံ့တော့ဘဲ အလျင်အမြန်ပင် ထွက်ခွာလာခဲ့သည်။

အငယ်တန်းအမတ် ပြန်သွားပြီးဖြစ်သော်လည်း လုဟယ့်ထျန်း၏ မျက်နှာသည် မှင်များစိမ့်ထွက်နိုင်သည်အထိ မည်းမှောင်သွားသည်။

လုလျန့်ဝေသည် မြို့စားဟောင်းသခင်မကြီး၏ လက်မောင်းကိုတွဲကာ လမ်းလျှောက်ဝင်လာသည်။

“အဖေ၊ အဲ့ဒါက နန်းတော်က ဧကရာဇ်အမိန့်စာမလား။ ဘာအကြောင်းလဲ။”

လုဟယ့်ထျန်းသည် ဒေါသတကြီးဖြင့် ပြန်ဖြေလိုက်သည်။

လေးစားမှုမရှိသော စကားလုံးတွေ ထပ်မထွက်လာစေရန် သူ့ကိုယ်သူ အမြန် ထိန်းချုပ်လိုက်သည်။

“စစ်ရေးကိစ္စတွေ ဖြေရှင်းဖို့အတွက် ဧကရာဇ်မင်းက အဖေ့ကို ဟွေ့ကျိုးကို သွားစေချင်တယ်။”

လုလျန့်ဝေသည် သူပြောထွက်လုနီးပါးဖြစ်ခဲ့သော စကားလုံးများကို မကြားချင်ယောင်ဆောင်လျက် သူ့ကို အလိုက်တသိဖြင့် လှမ်းကြည့်လိုက်သည်။

မြို့စားဟောင်းသခင်မကြီးသည် မျက်မှောင်ကြုံ့လိုက်မိသည်။

“ဒါဟာ စစ်ရေးကိစ္စဆိုတော့ သူတို့အရေးတကြီး ဖြစ်လောက်တယ်။ မင်းတတ်နိုင်သမျှ မြန်မြန်ရောက်အောင် သွားသင့်တယ်။”

လုဟယ့်ထျန်းသည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“ငါမင်းတို့နှစ်ယောက်လုံးနဲ့အတူ နောက်ထပ်ရက်အနည်းငယ်လောက် ထပ်နေချင်သေးတယ်။”

မြို့စားဟောင်းသခင်မကြီးသည် သူမ၏လက်ကို ခပ်ပြင်းပြင်းခါယမ်းလိုက်သည်။

“ငါက အသက်ကြီးတဲ့အထိ သန်မာနေတုန်းပါပဲ။ မင်းက ငါ့ကို ဘာကြောင့်အဖော်ပြုနေဖို့ လိုမှာလဲ။ မင်းဒီမှာလျှောက်လည်ရင်လည်း မျက်စိရှုပ်ရုံပဲ ရှိမှာ။ ငါက နေ့တိုင်း ထျန်းကျိုးဘုရားကျောင်းဆောင်ကိုသွားပြီး ဆရာကြီး ချင်းကျန့်ရဲ့ တရားတွေကို နားထောင်မှာ။ မင်းက ပထမဆုံး လွတ်မြောက်တဲ့သူပဲ။”

“ကျွန်တော် အဲ့ဒီဆံပင်မရှိတဲ့သူတွေဆီကနေ ဗုဒ္ဓအကြောင်း နားမထောင်ချင်ဘူး။ အဲ့ဒီကို သွားတာက ကျွန်တေ့ာ်အတွက် အချိန်ဖြုန်းသလိုပဲ။”

လုလျန့်ဝေဟာ သူ့အဖေသည် အခုလေးတင် မြည်းကတုံးတွေဟု ပြောလိုက်တော့မည်ကို တွေးမိကာ မျက်ခုံးပင့်မိသည်။

မြို့စားဟောင်းသခင်မကြီးသည်လည်း ထိုစကားကို အတိုင်းသားကြားလိုက်သည်မို့ စိတ်တိုစွာပင် ပြောလိုက်သည်။

“ဒီနေရာကို ဗုဒ္ဓဘာသာရဲ့ ဘုံဗိမာန်အဖြစ် သတ်မှတ်ထားတယ်။ မင်းသဘောမကျဘူးဆိုရင် ချက်ချင်းထွက်သွားသင့်တယ်။”

လုဟယ့်ထျန်းသည် တစ်ကိုယ်တည်း တွေးလိုက်မိသည်။

‘ငါဒီမှာ နေချင်တယ်လို့ မင်းထင်နေတာလား။ နေ့တိုင်း ထျန်းကျိုးဘုရားကျောင်းတော်ကနေ ဘုရားစာ ရွတ်ဆိုသံတွေကို ကြားနေရရုံနဲ့တင် ငါရူးသွားနိုင်တယ်။ ငါသမီးကြောင့်သာ ငါဒီမှာရှိနေရတာလေ။’

“ကျွန်တော့်ကို စိတ်ရှုပ်စရာအဖြစ် မြင်တယ်ဆိုရင် အမေ၊ ကျွန်တော်သွားတော့မယ်။”

မြို့စားဟောင်းသခင်မကြီးသည် ယင်ကောင်တစ်ကောင်ကို ဖယ်ရှားသကဲ့သို့ စိတ်မရှည်စွာဖြင့် သူမ၏လက်ကို ခါယမ်းလိုက်သည်။

အဖွားတော်သည် အမှန်တစ်ကယ်တွင် ဖခင်အား လေးလေးနက်နက်ဖြင့် စိတ်ထဲမှ ဂရုစိုက်သော်လည်း သူမကိုယ်တိုင် ထိုကဲ့သို့ ပြောရမည်ဟု ခံစားရသည်။

အဖေသည် ပို၍ ကောင်းကောင်းမပြုမူခဲ့ပေ။ သူသည် ဒီနေရာမှ စိတ်အားထက်သန်စွာဖြင့် ထွက်သွားလိုသည့်ဟန်ကို ဟန်ဆောင်ရန် လိုအပ်ပါရဲ့လား။ သူဒီနေရာမှ ထွက်မသွားနိုင်သည်မှာ သိသာလှသည်။

“အဖေ၊ ကျွန်မတောင်အောက်အထိ လိုက်ပို့ပါမယ်။”

Chapter 355: မင်းဟာ သူလက်ထပ်ချင်တဲ့ တစ်ဦးတည်းသောသူပါ။

လုဟယ့်ထျန်းသည် သူ့အတွက်ကြောင့်ဖြင့် သူ့သမီးအား မပင်ပန်းလိုစေသည့်အတွက် ပထမတွင် ငြင်းဆန်ချင်ခဲ့သော်လည်း သူသည် သူ့သမီးအနားတွင် အချိန်ပိုကြာကြာ ရှိနေချင်သောကြောင့် ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။

“ကောင်းပြီလေ။”

သူခေတ္တမျှ တွေးတောပြီးနောက် ထပ်လောင်းပြောလိုက်သည်။

“အဲ့ဒါပြီးရင် ငါမင်းကို ပြန်လိုက်ပို့ပေးမယ်။”

လုလျန့်ဝေ၊“...”

သူမသည် သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“ပြီးကျရင် အဖေ့ကို တောင်အောက်ထပ်လိုက်ပို့ပေးရမှာလား။”

မြို့စားဟောင်းသခင်မကြီးသည် သူ့ကို ရယ်မောရင်းနှင့် ဆူပူလိုက်သည်။

“မင်း ဟွေ့ကျိုးကို သွားချင်တာလား မသွားချင်တာလား။”

လုဟယ့်ထျန်းသည်လည်း သူ့၏ အကြံပြုချက်က လက်တွေ့မကျသည်ကို သဘောပေါက်သွားသောအခါတွင် လုလျန့်ဝေအား ပြောလိုက်သည်။

“အဖေ၊ ကျွန်မကို လျှော့တွက်နေတာပဲ။ တောင်ပေါ်တက်ရုံနဲ့ ကျွန်မကျိုးကြေသွားနိုင်တယ်လို့ အဖေထင်နေတာလား။ ဒီခြံဝန်းထဲမှာပဲ တစ်ချိန်လုံးနေရမယ်ဆိုရင် ကျွန်မငြီးငွေ့သွားလိမ့်မယ်။ နောက်ကျနေပြီ၊ သွားကြရအောင်။”

လုဟယ့်ထျန်းသည် သူမ၏ခေါင်းကို ပွတ်သပ်လိုက်သည်။

သူတို့တောင်ခြေကို ရောက်သောအခါ လုဟယ့်ထျန်းသည် ဝမ်ဟေးအား သူမကို ကာကွယ်စောင့်ရှောက်ရန် ထားခဲ့ချင်သော်လည်း လုလျန့်ဝေက ထိုစိတ်ကူးကို ငြင်းပယ်ခဲ့သည်။

“အဲ့လိုလုပ်ဖို့မလိုပါဘူး။ အစ်ကို့ကို အဖေနဲ့အတူ နေခိုင်းလိုက်ပါ။”

ထို့နောက် သူမသည် အနောက်ဘက်သို့ လက်ညှိုးညွှန်ပြ၍ အပြုံးဖြင့် ပြောလိုက်သည်။

သူသိထားသလောက်တော့ ဧကရာဇ်မင်းတွင် သူ့၏လျှို့ဝှက်စောင့်တပ်တစ်တပ်ရှိပြီး သူတို့ဟာ မရဏစစ်သားများကဲ့သို့ သစ္စာရှိကြပြီး လွန်စွာပင် ကျွမ်းကျင်ကြသူများ ဖြစ်ကြသည်။

“ကျွန်မသိပါတယ်။ အကယ်၍ အခုမှ မသွားဘူးဆိုရင် အဖေ ဟွေ့ကျိုးကို မမှောင်ခင် ရောက်နိုင်မှာမဟုတ်ဘူး။”

လုဟယ့်ထျန်းသည် သူ့မြင်းပေါ်သို့တက်လိုက်ပြီး သူ့လက်အောက်ငယ်သားများနှင့်အတူ တွန့်ဆုတ်စွာ ထွက်ခွာသွားသည်။

လုလျန့်ဝေသည် လမ်းဘေးတွင် ရပ်ကာ တပ်များထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ပြန်လှည့်၍ တောင်ပေါ်သို့ ဖြည့်ညှင်းစွာပင် လျှောက်သွားလိုက်သည်။

ကျူးယွီသည် ချက်ချင်းပင် သူမအား မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ကာ သူမသည် တခြားအမျိုးသမီးကို မနှစ်သက်ကြောင်း သိသာနေသည်။

ချူကျူအပေါ်တွင်တော့ လုံးဝသက်ရောက်မှုမရှိပေ။ သူမသည် လုလျန့်ဝေတစ်ယောက်တည်းကိုသာ မြင်သောကြောင့်ဖြစ်သည်။

ကျူးယွီ၏ မျက်လုံးများသည် စိုက်ကြည့်ရလွန်း၍ နာကျင်နေပြီဖြစ်ကာ ချူကျူသည် သူမအား လျစ်လျူရှုထားသည်ကို တွေ့လိုက်ရတော့ နောက်ဆုံးတွင် သူမလက်လျှော့လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမသည် သခင်မလေး၏ အရင်းနှီးဆုံးသော လူယုံတော်ဖြစ်ပြီး သူမနဲ့အတူတူ ကြီးပြင်ခဲ့ခြင်းဖြစ်သည်။ ချူကျူသည် ဘယ်လိုပင် မယုံနိုင်စရာကောင်းလောက်အောင် တော်နေပါစေ သူမသည် သခင်မလေး၏ နှလုံးသားထဲတွင် ဘယ်သောအခါမှ နေရာယူနိုင်မည် မဟုတ်ပေ။

လုလျန့်ဝေသည် သူမ၏ လည်ပင်းကို လှည့်လိုက်ကာ ခြေလှမ်းတိုင်းတွင် နောက်မှလိုက်နေသော ချူကျူအား လှမ်းကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“ကျူ ၊ မင်းဒီလောက်ထိ အနီးကပ် လိုက်စရာမလိုပါဘူး။”

ကျူသည် သူမကို ကြည့်လိုက်ကာ ထို့နောက် အကြည့်ကို နှိမ့်ချလိုက်ပြီးခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။

“မိန်းမစိုးကျောက်ပြောပြထားတာက သခင်မလေးဟာ မကြာခင်မှာ ဧကရာဇ်ဘုရင်မ ဖြစ်လာတော့မှာဖြစ်ပြီး သခင်မလေးသာလျှင် အရှင်ဘုရင် လက်ထပ်ထိမ်းမြားချင်တဲ့ တစ်ဦးတည်းသောသူဖြစ်ပါတယ်။ သခင်မလေးက အရှင်ဘုရင်အတွက် အလွန်ပင် အရေးပါပါတယ်။ ဒါကြောင့် ကျွန်မကို သခင်မလေးဘေးကနေ မခွာဖို့နဲ့ ဘာမှမဖြစ်စေဖို့ မှာကြားထားပါတယ်။”

လုလျန့်ဝေသည် အံ့အားသင့်သွားမိသည်။

“မိန်းမစိုးကျောက်က မင်းကို အဲ့လိုပြောခဲ့တာလား။”

ချူကျူက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်ပါတယ်။”

“ဒါဆိုရင်တော့ မင်းလှည့်စားခံလိုက်ရပြီ။ နန်းတော်ထဲမှာ နောက်ထပ်ကြင်ယာတော်လေးပါး ရှိတယ်ဆိုတာ မင်းမသိဘူးလား။ မဟုတ်ဘူး။ ခနလေး။ အခုသုံးယောက်ပဲရှိမှာပေါ့။ ငါက သူ့အတွက် တစ်ပါးတည်းသော ကြင်ယာတော်မဟုတ်ဘူး။”

ချူကျူသည် ဧကရာဇ်မင်းတွင် ကြင်ယာတော်လေးပါးရှိသည်ကို မမှတ်မိလိုက်ခင် ခေတ္တမျှ ဆွံ့အသွားသည်။ သူမသည် မျက်ခုံးပင့်၍ ပြောလိုက်သည်။

“သို့ပေမယ့် အရှင်ဘုရင်က ထိုကြင်ယာတော်တွေအတွက် သူကိုယ်တိုင် မတောင်းဆိုခဲ့ဖူးပါဘူး…”

သူမသည် ခဏမျှရပ်လိုက်ပြီးနောက် ဆက်ပြောလာသည်။

“ကျောက်ချန်က ထိုကြင်ယာတော်တွေဟာ နန်းတွင်းအစေခံပါပဲ အဆင့်ပိုမြင့်တာပဲ ရှိတယ်လို့ ပြောခဲ့တယ်။ သူတို့တွေက ဘုရင်မင်းမြတ် ပေးသနား၍ စောင့်ရှောက်ထားသူတွေပဲဖြစ်တယ်။”

Chapter 356:ဘယ်လောက်ရုန်းရုန်း အသုံးမ၀င်ဘူး

လုလျန့်ဝေ သူမပြောတာကိုကြားတော့ အကျယ်ကြီး အော်ရယ်လိုက်မိသည်။

“ရှင်အထိန်းတော်ကျောင်းဆီက အလိမ်မခံရဖူးဘူးလား။ သူပြောတာကို ယုံတယ်ပေါ့။ ရှင့်ဘာသာရှင် မဆုံးဖြတ်နိုင်ဘူးလား။”

ချူကျူတုန်လှုပ်သွားကာ

“အထိန်းတော် ကျောက်က ဘယ်တုန်းကမှငါ့ကို မလိမ်ခဲ့ဖူး ဘူး။ သူက သခင့်ဘေးမှာအချိန်အကြာဆုံး နေခဲ့ပြီး သခင့်အကြောင်းလည်း အသိဆုံးပဲ။ တကယ်လို့ သူတစ်ခုခုပြောလာရင် သူပြောတာကသာ အမှန်ပဲ”

ထိုအခြင်းအရာကိုကြား‌တော့ လုလျန့်ဝေမှာ ထိုအမျိုးသမီး၏ အထိန်းတော်ကျောင်း အပေါ်ယုံကြည်မှုအား အံ့ဩသွားရသည်။

ထိုနေ့က သူမ သူ့(လုလျန့်ဝေ)ရှေ့၌ ရုတ်တရက်ကြီးပေါ်လာသည်ကို လုလျန့်ဝေ ရုတ်ခြည်းသတိရသွားသည်။

သူမအဘွားနှင့်အဖေဖြစ်သူတို့နှင့် ထျန်ကျိုးတောင်ကိုရောက်ပြီး သိပ်မကြာခင် မှာ ချူကျူရောက်လာခဲ့တာပင်။

ထို့နောက် ဘာတစ်ခွန်းမှမပြောပဲ လုံယန် ပေးလိုက်သည့် အမိန့်စာကိုထုတ်ကာ လုလျန့်ဝေထံပြလာသည်။ သူမဟာ လုံယန် သူမအားစောင့်ရှောက်ရန်လွှတ်လိုက်သည့် လျှို့ဝှက်အစောင့်ဖြစ်ကြောင်းပြောကာ ထိုအချိန်မှစ၍ သူမနောက်လိုက်လာတာ ဖြစ်သည်…

အရိုးသားဆုံးပြောရလျှင် သူမယခင်က ဘယ်တုန်းကမှ လုံယန်၏လျှို့ဝှက်အစောင့်ကို မမြင်ဖူးချေ။ သူမအဖေက ထိုအမျိုးသမီးဟာ လုံယန်လွှတ်လိုက်သည့် အစောင့်ဖြစ်ကြောင်း ပြောလာမှသာ သူမလည်း လုံယန်မှ သူမအားကာကွယ်ရန် ချူကျူကို လွှတ်လိုက်သည်ဆိုသည်ကို ယုံခဲ့တာပင်။

ရုတ်တရက် ချူကျူဘာလို့ အထိန်းတော် ကျောက်စကားကို ဒီလောက်နာခံနေရသလဲ ဆိုတာကို သူမသိချင်လာသည်။

လုံယန့်ရဲ့အမိန့်ထက် ကျောက်ချန်ပြောတာက သူမအတွက် ပိုအရေးကြီးနေတာလား။

ချူကျူ သူမကိုကြည့်ပြီး ကျူးယွီကို ပြန်ကြည့်ကာ တုံ့ဆိုင်းမနေပဲ ပြောလာသည်။

“သူ့ကိုဖမ်းခိုင်းလိုက်။ ကျွန်မက ရှင့်ကို ကာကွယ်ပေးရဦးမယ်”

ကျူးယွီမျက်လုံးပြူးသွားရကာ သူမကိုယ် သူမ မယုံကြည်နိုင်စွာ လက်ညှိုးထိုးပြလိုက် သည်။

ချူကျူဟာတော့ ဘာမှပြောမလာပဲ သူမကို လျစ်လျူရှုထားသည်။ သို့သော် သူမအမူအရာကိုကြည့်လျှင်ပင် အလွန်ရှင်းလင်းနေသည်။

ကျူးယွီ ဒေါသူပုန်ထသွားကာ ခါးထောက်လျက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာ၏။

“မမလေးက နင့်ကိုဖမ်းခိုင်းတာလေ နင်ချက်ချင်း သွားဖမ်းပေးရမှာပေါ့”

“ငါက ဒုတိယသခင်မ ကိုကာကွယ်ဖို့အတွက်ပဲ တာ၀န်ရှိတာ တခြားဟာတွေလုပ်ဖို့က ငါ့တာ၀န်မဟုတ်ဘူး”

“မမလေးရဲ့အမိန့်ကို လိုက်နာရမှာလည်း နင့်တာ၀န်ပဲလေ”

ကျူးယွီမှာ အလွန်ကိုစိတ်ဆိုးလာရပြီ ဖြစ်သည်။ ဒီလူက မမလေးကိုကာကွယ်ဖို့ ရောက်နေတာမဟုတ်ဘဲ သူမကို စိတ်ကုန် သွားအောင်လုပ်ဖို့ ရောက်နေတာဖြစ်မယ်။

ချူကျူဟာတော့ မလှုပ်မယှက်ရှိနေဆဲပင်။ သူမတာ၀န်မှာ ဒုတိယသခင်မကို ကာကွယ်ရန်သာဖြစ်သည်။ သူမ ယုန်သွားဖမ်းနေတုန်း ရုတ်တရက်ကြီး လူတစ်ယောက်ထွက်လာပြီး ဒုတိယသခင်မလုကို အန္တရာယ်ပေးသွားရင် ဘယ်လိုလုပ်မလဲ။

လုလျန့်ဝေမှာတော့ သူမတို့နှစ်ယောက်အား ကြည့်ရင်း ခေါင်းသာခါလိုက်မိတော့သည်။ နှစ်ယောက်လုံးက ကျွဲတွေလိုပဲ အရမ်းခေါင်းမာကြပြီး သူမအမိန့်ကိုနာခံရန် လည်း သူမ မလုပ်နိုင်ပေ။

သူမတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် စိမ်းစိမ်းဝါးဝါးကြည့်နေစဉ် လုလျန့်ဝေ ထိုအဖြူလုံးလေးအနားသို့ ချဉ်းကပ်သွားလိုက်သည်။

သူမလက်ခုပ်ထဲ၌ အထူးပြုလုပ်ထားသော မေ့ဆေးကိုထည့်ကာ ယုန်ကိုသတိမေ့သွား စေရန် ကြံရွယ်ထားသည်။

ချူကျူ လုလျန့်ဝေကို မျက်စိထောင့်မှတစ်ဆင့်ကြည့်နေတာ ဖြစ်ပြီး သူမယုန်အနားသို့ ချဉ်းကပ်သွားသည်ကို မြင်သော် သူမတိတ်တိတ်သာနေလိုက်သည်။ ကျူးယွီ အော်ခေါ်တော့မည်ကိုမြင်တော့ သူမ ကျူးယွီပါးစပ်ကို အမြန်လှမ်းပိတ်လိုက်သည် ။ သူမဘယ်လောက်ရုန်းနေပါစေ အသုံးမ‌၀င်ချေ။

ကျူးယွီ ချူကျူ၏အေးစက်သော ဘေးတိုက်မျက်နှာကို ထိတ်လန့်စွာကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် သူမက အလွန်ကြောက်ဖို့ကောင်းသည်ဟု ခံစားလိုက် ရသည်။

သူမကိုချုပ်ထားသည်ကို သူမလုံး၀လွတ်အောင်မရုန်းနိုင်ပေ…

လုလျန့်ဝေ ယုန်ကို သတိမေ့အောင်လုပ်လိုက် သည်ကိုသေချာမှသာ ချူကျူ ကျူးယွီကို လွှတ်လိုက်သည်။

သူတို့နှစ်ဦး၏ ထူးဆန်းနေပုံကို သတိမထားမိစွာ လုလျန့်ဝေ ယုန်ကိုကိုင်၍ တစ်ပတ်လှည့်ရင်း ပျော်ရွှင်စွာဖြင့် သူတို့ကို ပြောလိုက်သည်။

သို့သော် ထိုအချိန်မှာပဲ ချူကျူ၏အမူအရာ ကြီးစွာပြောင်းလဲသွားပြီး လျှပ်တပြက် အတွင်း သူမဓားကိုဆွဲထုတ်ကာ လုလျန့်ဝေ နောက်ကျောဘက်ထံသို့ ဦးတည်လိုက်သည်။

ကျူးယွီ ထိတ်လန့်စွာအော်ဟစ်လိုက်၏။

“မမလေး သတိထား –”

တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသွား‌ တော့ လုလျန့်ဝေ ဘာမှတွေးမနေတော့ပဲ မြေပြင်ပေါ်လှဲချလိုက်သည်။

ချူကျူ၏ဓားဟာ လုလျန့်ဝေထံဦးတည်လာ သည့်မြှားကို အောင်မြင်စွာရှင်းလင်းလိုက်နိုင် သည်။ သို့သော် ထပ်မံ၍နောက်မြှားတစ်စင်း သူမထံ အလင်းအမြန်နှုန်းဖြင့် ဦးတည် လာပြန်၏။

All Chapters