← Chapters

အခန်း (၃၅၇-၃၅၉)

Vol. 8 Ch. 357-360

အခန်း (၃၅၇-၃၅၉)

Vol. 8 Ch. 357-360

Chapter 357: သူမကိုချီရင်း ထွက်ပြေး

မြှားဟာ သူမဦးခေါင်းထိပ်မှ ဝှီးခနဲဖြတ်သွား ၏။

ထောင်နေသည့်ဆံပင်တစ်မွှေး မြှားနှင့်အတူ ပါသွားကာ သူမရှေ့ရှိသစ်ပင်၌ ထိုးစိုက်သွား သည်။

တစ်ချိန်ထဲမှာပဲချူကျူတစ်ဟုန်ထိုးပြေးလာကာ လုလျန့်ဝေကို ဆတ်ခနဲပွေ့ချီလိုက်သည်။

လုလျန့်ဝေမှာ ဤအချိန်ဟာ အနှောင့်အယှက် ပေးရမည့်အချိန် မဟုတ်မှန်း သိသော်လည်း…

ချူကျူသူမအား အေးအေးဆေးဆေးပင် ချီလိုက်တာကိုမြင်တော့ မထိန်းနိုင်ပဲ ရယ်မောကာ

“ကျူ၊ နင်ကအရမ်းအားကြီး တာပဲ”

ဟုပြောလိုက်မိသည်။

ချူကျူမှာ လုလျန့်ဝေနှင့် စနောက်လိုစိတ် ရှိမနေပေ။ သူမကိုချီထားရင်း သစ်ပင်၌ စိုက်နေသည့်မြှားကို ဆွဲထုတ်လိုက်သည်။

သူမ၏စိုးရိမ်ပူပန်နေသောမျက်နှာကိုမြင် တော့ လုလျန့်ဝေ၏အပြုံးလည်း ပျောက်ကွယ်သွားရသည်။ ချူကျူ၏ပုခုံးကို ကိုင်လျက် သူမနောက်လှည့်ကြည့်လိုက်တော့ အနက်ရောင်မျက်နှာဖုံး၀တ်ဆင်ထားကာ ချွန်ထက်သောဓားများကိုင်ဆောင်ထားသည့် လုပ်ကြံသူတစ်အုပ်ကို မြင်လိုက်ရသည်။

ချူကျူ၏တောင့်တင်းနေသောခန္ဓာကိုယ်ကို စိတ်အေးစေရန်ပုတ်လိုက်ကာ ပြောလိုက်သည်။

သူမနှုတ်ခမ်း တင်းတင်းစေ့ထားကာ ဘာတစ်ခွန်းမှ ပြောမလာပေ…

ချူကျူ၏ထိုပုံကိုမြင်တော့ လုလျန်ဝေလည်း သူမကို အတင်းဖိအားမပေးတော့ပေ။ သူမ အိမ်လုပ်ဆေးလုံးလေးတွေကို ထုတ်ယူကာ အနောက်မှထိုလူတွေထံ တတ်နိုင်သလောက် ပစ်လိုက်သည်။

ထိုခနအတွင်းတွင် တောအုပ်အား မီးခိုးလုံးကြီး ဝါးမျိုသွားတော့သည်။

ထိုဆေးလုံးထဲ၌ သူမအထူးပြုလုပ်ထားသည့် မေ့ဆေးကိုပါ ထည့်သွင်းထားတာဖြစ်သည်။ ၎င်းကို ရှူမိသည့်သူတိုင်း ချက်ချင်းမေ့လဲနိုင် သည်။

သူမထိုလူတွေအကြောင်း တွေးမနေတော့ပဲ လက်ကိုင်ပုဝါတစ်ခုအမြန်ထုတ်ကာချူကျူနှာခေါင်းနှင့်ပါးစပ်အားစည်းပေးလိုက်သည်။

သူမတို့အနောက်မှ ထူးဆန်းသည့်အသံများစွာ ထွက်ပေါ်လာ၏။

“အား၊ ဒါသတိမေ့စေတဲ့အငွေ့တွေပဲ…အဟွတ်, ငရုတ်ကောင်းမှုန့်တွေလည်း ပါတယ်ထင်တယ်။ အားလုံး မင်းတို့ နှာခေါင်းနဲ့ပါးစပ်တွေကို ပိတ်ထားကြ၊ မရှူမိစေ‌နဲ့…”

ထို့နောက်တွင်တော့ ဘာသံမှမကြားရတော့ချေ။ ပြောနေသူမှာလည်း မေ့လဲသွားပြီဖြစ်သည်။

ချူကျူ လုလျန့်ဝေကိုချီထားရင်း ဆက်ပြေးလာခဲ့၏။ အနောက်က ဘာသံမှ မကြားရတော့တဲ့အခါမှ သူမရပ်တန့်လိုက် ကာ ပြန်လှည့်ကြည့်လိုက်သည်။ တောအုပ်မှ လွဲ၍ ဘာမှမရှိတော့ချေ။ လုပ်ကြံသူတွေကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

ထိုအခါမှသာချူကျူသူမအား အောက်ချပေးလိုက်သည်။ သူမ ခဏမျှ စဉ်းစားကာ မေးလာ၏။

“ရှင်ပစ်လိုက်တဲ့ ဆေးလုံးတွေကြောင့် လုပ်ကြံသူတွေ မေ့ကုန်ကြတာလား”

“ဟုတ်တယ်၊ မေ့လဲသွားရုံပါပဲ။ ဒါပေမယ့် နည်းနည်းကြာမှ ပြန်နိုးလာမှာ။ ငါတို့ခဏထိုင်နားရအောင်”

ချူကျူ ထိုသည်ကိုကြားတော့ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုဟန်ပေါ်လာ ကာ သူမမျက်နှာထက်ရှိ လက်ကိုင်ပုဝါကို ‌ဆွဲဖြဲလိုက်သည်။

လုလျန့်ဝေ ကျောက်တုံး‌တစ်တုံးပေါ်၌ ထိုင်ရင်း မေးစေ့ထောက်လိုက်သည်။ချူကျူထိုသို့လူသတ်ချင်စိတ်ပြင်းပြနေပုံမှာ အတော်လေးမိုက်သည်။

သူမထံ၌ နူးညံ့သည့်အသွင်အပြင် ရှိသော်လည်း ထိုအေးစက်သည့်အသွင်နှင့် ယောကျာ်းလေး၀တ်စုံဖြင့် အလွန်လိုက်ဖက် လှသည်။ သူမအသားအရည်လေး နည်းနည်းညိုနေသည်သာ ပြစ်ချက်ဟူ၍ ရှိသည်။

ထိုသို့သော မိန်းကလေးမျိုး၏နှလုံးသားကို ဘယ်လိုယောက်ျားမျိုးက ပိုင်ဆိုင်နိုင်မလဲ ဆိုတာကို သူမတကယ်သိချင်မိသည်။

နောက်ဆုံး၌ချူကျူ လုလျန့်ဝေသူမကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။ သူမ၏ခက်ထန်သောအမူအရာမှာ ကွဲကြေ သွားကာ ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

လုလျန့်ဝေ ပွင့်လင်းစွာပြောလိုက်သည်။ သူမ ထိုသို့ပြောလိုက်သည့်အပေါ် မှားယွင်းသည် ဟု မခံစားရချေ။ ဘာပဲဖြစ်ဖြစ် သူမတို့ နှစ်ဦးလုံးက မိန်းကလေးတွေသာဖြစ်သည်။

ချူကျူ၏ပါးပြင်၌ ရှက်သွေးဖြာသွားကာ သူမ မသက်မသာဖြစ်စွာဖြင့် တစ်ဖက်သို့ လှည့်သွားသည်။

လုလျန့်ဝေ သူမ၏တုံ့ပြန်ပုံကို မှတ်သားလိုက် ကာ သူမအလွယ်တကူပျာယာခတ်သွားတာ ကိုမြင်တော့ ဆက်မစတော့ပေ။ ထို့နောက် မတ်တပ်ရပ်လိုက်ကာ

“သွားစို့၊ သူတို့ကို သွားရှင်းရအောင်။ ဒါပေမယ့် အဲ့မတိုင်ခင် သူတို့ဘယ်ကလာတာလဲနဲ့ ဘယ်သူလွှတ်လိုက်တာလဲဆိုတာကို အရင်မေးရမယ်”

(T/N - သူတို့တစ်စုံတစ်ယောက်ကို နောက်ဆုံးထိ သတိမရခဲ့ပါဘူး😆)

Chapter 358: သူမကို ခေါင်းအစခြေအ‌ဆုံးစစ်ဆေး

သူတို့တောထဲသို့ ပြန်လာချိန်၌ မီးခိုးငွေ့တွေ အကုန်ရှင်းလင်းသွားပြီဖြစ်ကာ လူခုနစ်ယောက် ရှစ်ယောက်ခန့် မြက်ခင်းပေါ် ၌ လဲကျနေ၏။

လုလျန့်ဝေ သူတို့အနားကပ်ရန်ပြင်တော့ ချူကျူသူမအား တားလိုက်သည်။

ထိုလူတွေ တကယ်သတိမမေ့ပဲ သတိမေ့ချင် ယောင်ဆောင်ပြီး သူမကို အန္တရာယ်ပေးလာ မှာကို ချူကျူစိတ်ပူနေမှန်း သူမ သိသည်။

သူမထွင်ထားသည့်ဆေးကို သူမ ယုံသော်လည်း ချူကျူ၏ကောင်းမွန်သည့် ရည်ရွယ်ချက်ကို မငြင်းဆန်လိုတာကြောင့် သူမငြိမ်ငြိမ်လေးရပ်နေလိုက်သည်။

ချူကျူရှေ့တိုးကာ ငုံ့ကိုင်းရင်း ထိုလုပ်ကြံသူ အားလုံး၏ မျက်နှာဖုံးကို လိုက်ချွတ်လိုက် သည်။

လုလျန့်ဝေ သူတို့ကိုကြည့်ကာ မျက်နှာလွှဲလိုက်မိသည်။ သူမကို လုပ်ကြံဖို့ လွှတ်လိုက်သည့်သူတွေက သူမ မသိသည့် လူစိမ်းတွေဖြစ်မည်မှန်း သူမ မျှော်လင့်ထားပြီးသားဖြစ်သည်။

မူလပိုင်ရှင်ထံတွင် ရန်သူများစွာရှိသော်လည်း သူမကို တကယ်သေစေလိုသောသူတော့ မရှိပေ။

သူမကိုယ်သူမလည်း ပြဿနာမဖြစ်စေခဲ့ သောကြောင့် ထိုလူတွေကိုဖယ်ထုတ်လိုက် လျှင် သူမကိုတကယ်သတ်ချင်နေတဲ့သူကို ကောက်ချက်ချနိုင်သည်။

သူမလည်း သူတို့ကို သံသယမ၀င်ချင်ပါ။ သို့သော် သူတို့ကလွဲပြီး သူမကို သေစေချင် လောက်အောင် မုန်းနေသူကို စဉ်းစားမရချေ။

မဟုတ်သေးဘူး၊ သူမက တခြားလူတွေရဲ့ စိတ်၀င်စားစရာဖြစ်နေမလားတောင် မသိဘူး။

သူတို့ကလည်း သူမရဲ့တည်ရှိမှုကို မုန်းနေနိုင်တယ်လေ။

ဒါပေမယ့် သူတို့လူတောင်သတ်ရဲတယ်ပေါ့။

သူမ ထိုသို့တွေးနေစဉ် ချူကျူဟာတော့ သူမ၏ဓားမြှောင်ကိုထုတ်ကာ သတိမေ့နေ သည့်လုပ်ကြံသူတွေအား တုံ့ဆိုင်းမနေပဲ လည်လှီးသတ်လိုက်သည်။ ထိုလူတွေထဲမှ နှစ်ယောက်ကိုသာ အသက်ရှင်လျက်ထား လိုက်ကာ သူတို့သတိရလာလျှင် နှိပ်စက်ပြီး စစ်မေးဖို့ စီစဉ်လိုက်သည်။

လုလျန့်ဝေဟာတော့ သူမလုပ်နေသည်များကို သတိမထားမိပဲ သူမအတွေးထဲ၌သာ စီးမျော နေဆဲဖြစ်သည်။

သူမ၏ကျွမ်းကျင်သောလှုပ်ရှားမှုများ ပြီးဆုံး သွားသည့်နောက် ရုတ်တရက် ချူကျူ တစ်စုံ တစ်ရာကိုတွေးလိုက်မိကာ လုလျန့်ဝေအား လှည့်ကြည့်လာသည်။

လုလျန့်ဝေ ကြောက်ရွံ့မနေတာကိုမြင်မှ သူမ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ သည်။

ယခုလုလျန့်ဝေ သူမဘေး၌ရှိနေသည်ကို မေ့လျော့သွားကာ အကျင့်အတိုင်း လုပ်လိုက်မိသည်။ အကယ်လို့ ဒုတိယသခင်မလုသာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပါလျှင် သူမသခင်ထံ ပြန်လည်ရှင်းပြနိုင်မည်မဟုတ်ချေ။

ကံကောင်းစွာနဲ့ ဒုတိယသခင်မလုက သူမ ထင်သလို သွေးမြင်ရင်ကြောက်တတ်သည့် အထိအခိုက်မခံနိုင်တဲ့သခင်မလေးမျိုး မဟုတ်လို့ပင်။

ဒါပေမယ့် ဘာလို့ဒုတိယသခင်မလုက မကြောက်တာလဲ။

သူမထံတွင် နူးညံ့သိမ်မွေ့သောသွင်ပြင်ရှိပြီး မြို့စားမင်းကြီးနှင့် မြို့စားကတော်၏ ချစ်မေတ္တာများနှင့် ကြီးပြင်းလာခဲ့တာ ဖြစ်သည်။ တော်၀င်မျိုးနွယ်မှဆင်းသက် လာသော သမီးတစ်ယောက်အနေနဲ့ ထိုမြင်ကွင်းမျိုးကိုကြောက်လန့်မည်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် လုပ်ကြံသူတွေအလိုက်ခံရတုန်းက သူမ၏တည်ငြိမ်နေသည့်မျက်နှာကို ပြန်မြင်ယောင်လာတော့ ချူကျူရင်ထဲရှိ သံသယများပျောက်ကွယ်သွားတော့သည်။

ဒုတိယသခင်မလုက ပျော့ညံ့တဲ့ပုံပေါ်ပေမယ့် အားနည်းတဲ့အမျိုးသ‌မီးတစ်ယောက်တော့ ဖြစ်ဟန်မတူ။

မြေပြင်ပေါ်၌ကျန်ရှ်ိနေသည့် ရှင်သန်သူ လုပ်ကြံသူနှစ်ယောက်အား ချူကျူ အလွယ်တကူပင် သယ်မလိုက်သည်။

သူမ မသိခဲ့သည်မှာ လုလျန့်ဝေဟာ ဆရာ၀န်တစ်ယောက်ပင်။ သူမ ဘယ်သူ့ကိုမှ မသတ်ခဲ့ဖူးပေမယ့် အခြေအနေ ဆိုးရွားသည့်လူနာများစွာကို မြင်ဖူးပြီး ထိုသူတို့ကို ခွဲစိတ်ကုသပေးခဲ့ဖူးသည်။ ထိုအရာဟာ သူမအတွက် သွေးနည်းနည်းလေးသာဖြစ်သည်။ ဒါ့အပြင် ထိုလုပ်ကြံသူတွေဟာ သူမကို သတ်ချင်ခဲ့တာ ဖြစ်ပြီး သူမ၏ရန်သူအပေါ်တွင် သူမ သက်ညှာနေမည်မဟုတ်ပေ။

ချူကျူဟာ သူမကိုသယ်ရင်းတောင် အေးဆေးပြေးနိုင်သူဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ကြံသူနှစ်ယောက်ကိုသယ်ရခြင်းမှာ သူမအတွက်စာမဖွဲ့ပေ။

“မမလေး, မမလေး… မမလေးဘယ်မှာလဲ။ကျွန်မအကူအညီခေါ်လာတယ်…”

ထိုအချိန်တွင် ကျူးယွီ၏အသံဟာ တောအုပ်တစ်ဖက်ခြမ်းမှ ပျံ့လွင့်လာ၏။

(T/N - သူပြန်ပေါ်လာပြီ😆)

လုလျန့်ဝေ၏မျက်နှာလည်း ပြေလျော့သွားကာ မကြာခင်တွင် ကျူးယွီနှင့် အတူ လူတစ်အုပ်ပါလာသည်ကိုမြင်လိုက် ရသည်။

သူမ ကျူးယွီကို အလျင်အမြန်ဝေ့ယမ်းပြလိုက်ကာ

“ကျူးယွီ, ငါဒီမှာ”

ကျူးယွီလည်း သူမထံပျော်ရွှင်စွာ ပြေးလာရင်း လမ်းတွင် ခလုတ်တိုက်လဲတော့ သည်။

“မမလေး, ကျွန်မအရမ်းကြောက်နေခဲ့တာ…”

“အဆင်ပြေသွားပါပြီ။ ငါ့ကိုကြည့် ငါဘာမှမဖြစ်ဘူးလေ။ ဒါပေမယ့် နင်ထိခိုက်ထားသေးလား”

လုလျန့်ဝေ သူမကို မေးရင်း ခေါင်းအစခြေအဆုံး စစ်ဆေးကြည့် လိုက်သည်။

ကျူးယွီ ချူကျူအားကြည့်လိုက်သည်။ ထိုနောက်လိုက်ဟာ မမလေးကိုတော့ ချီပြေး သွားပေမယ့် သူမကိုတော့ တစ်စက်လေးမှ ဂရုမစိုက်ခဲ့ဘူး။ ထိုလုပ်ကြံသူတွေရဲ့ပစ်မှတ် က သူမမဟုတ်တာကိုကျေးဇူးတင်ရမည်။ သူမ မသေပဲကပ်သီးလေးလွတ်လာတာပင်။

နောက်တော့ လူတစ်အုပ် တောထဲ၀င်လာတာ မြင်တော့ သူမ အကူအညီသွားတောင်းခဲ့တာပင်။

Chapter 359: ရုတ်တရက်ကြီး သူမ လမ်းမလျှောက်နိုင်တော့ဘူး

သူတို့ယခုရောက်နေသည့်နေရာမှာ တောင်ခြေနှင့်နီးလေသည်။ တောင်အလယ်တွင်ရှိသည့် လုမိသားစု အပန်းဖြေအိမ်မှ အချိန်မီအကူအညီရရန် မလွယ်ကူပေ။ ထို့အပြင် တောင်တက်လမ်း များဟာလည်း ယခုအချိန်တွင် သွားလာရ ခက်ခဲ၏။

ကျူးယွီမှာ သူမ၏သခင်မလေးကို စိုးရိမ်စွာ ဖြင့် တောင်ခြေကိုဖြတ်သွားသော လူအုပ်ကို တော်၀င်မျိုးနွယ်ဟု လူအထင်ကြီးအောင် နာမည်တပ်ကာ အော်ဟစ်အကူအညီတောင်း ခဲ့တာပင်။

ထိုလူတွေ သူမကိုယုံသည်ဖြစ်စေ မယုံသည် ဖြစ်စေ သူတို့ရပ်တန့်ကာ တောင်ဘက်သို့ ဦးတည်လာကြသည်။

ကျူးယွီမှာ ၀မ်းပမ်းတနည်းဆိုလာ၏။

“ကျွန်မဒဏ်ရာလည်းရသွားသေးတယ်။ကြည့် တံတောင်ဆစ်မှာတောင် ခြစ်မိထား သေးတယ်”

သူမ ထိုသို့ပြောကာ အင်္ကျီလက်ကို ပင့်တင်လိုက်သည်။

အမှန်ပင် သူမတံတောင်ဆစ်၌ သွေးထွက်နေပြီး ကျိုး‌တော့မည့်ဟန်ပင် ပေါ်နေသည်။

ထိုသည်ကိုမြင်တော့ လုလျန့်ဝေနှလုံးသား ဖျစ်ညစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

“ငါတို့ပြန်ရောက်မှ ဒဏ်ရာကိုဆေးထည့်ပေးမယ်နော်။ အမာရွတ် မကျန်စေရဘူး။ ငါကတိပေးတယ်”

ချူကျူ သူတို့ပြောနေသည်ကိုကြားတော့ သူမ ကျူးယွီ၏ဒဏ်ရာကိုကြည့်လိုက်သည်။ သို့သော် အမြန်အကြည့်လွှဲလိုက်တော့သည်။

ထိုဒဏ်ရာသေးသေးလေးက သူမအတွက် ဒဏ်ရာဟုတောင် မဆိုသာပေ။ ထိုခြစ်ရာ အသေးလေးအတွက် ငိုဖို့ဆိုသည်မှာတော့…

သခင်မလေး သူမကိုစိတ်ပူနေတာကိုမြင်တော့ ကျူးယွီ ချူကျူကို အနည်းငယ်ဂုဏ်ယူနေဟန်ဖြင့် ကြည့်လိုက်သည်။ ချူကျူဟာတော့ တစ်ချက်သာကြည့်ကာ မနာလိုတာမျိုး ဖြစ်မနေပေ။ သူမရဲ့သခင်မလေးက ကျူးယွီကို ပိုဂရုစိုက်တာပင်။

ကျူးယွီ တစ်စုံတစ်ရာကို သတိရကာ လုလျန့်ဝေကို ပြောလာသည်။

“သခင်မလေး သူတို့သခင်မလေးနောက်ကို လိုက်လာတာ မြင်တော့ ကျွန်မလဲကြောက်ပြီး ဒီသတ္တိရှိတဲ့ လူတွေကို ကူညီဖို့ခေါ်လာတာ”

ကျူးယွီ ထိုအုပ်စုကိုဦးဆောင်လာသည့် လူကိုကြည့်လိုက်တော့ သူမ ရှက်ရွံ့မှု အနည်းငယ်ဖြင့် ခေါင်းငုံ့သွားသည်။

သူမတကယ်ကိုကံကောင်းတာပင်။ သူမ အကူအညီသွားခေါ်ရုံလေးပဲဆိုပေမယ့် ဤကဲ့သို့ ကြည့်ကောင်းသောလူငယ်နှင့် တွေ့ခွင့်ရခဲ့သည်။

လုလျန့်ဝေသည်လည်း ကျူးယွီနောက်၌ ရပ်နေသည့်ထိုလူအနည်းစုကို သတိထားမိ သည်ပင်။ သူတို့က တော်၀င်အိမ်တော်မှ လူတွေ မဟုတ်ပေ။

ထိုလူတွေ သူမတို့ကို ဘာမှအကူအညီမပေး လိုက်နိုင်သော်လည်း ကျူးယွီ အကူအညီ တောင်းသောအခါ တောင်ပေါ်သို့ကူညီရန် လိုက်လာပေးခဲ့လေသည်။

လုလျန့်ဝေ သူမရှေ့ရှိ ထိုလူတွေကို ကျေးဇူးတင်ဟန်ဖြင့် ဦးညွတ်လိုက်သည်။

ထိုအုပ်စု၏ခေါင်းဆောင်ဖြစ်ဟန်တူသူမှာ နှစ်ဆယ်၀န်းကျင်သာရှိဦးမည်။ သူ့အကြည့်နှင့်အပြုအမူတွေဟာ သူ၏ သာလွန်သောနောက်ခံကို ညွှန်ပြနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် မြင့်မြတ်သည့် ဟန်ပေါ်၏။

“သခင်မလေး ယဉ်ကျေးလွန်းရာကျနေပါပြီ။ ကျွန်တော်တို့လဲ ဘာအကူအညီမှ မပေးလိုက် ရပါဘူး”

“အဲ့လိုဆိုရင်တောင် ကျွန်မအစေခံဖြစ်သူ အကူအညီတောင်းတဲ့အခါ ကူညီပေးဖို့ တောင်ပေါ်တက်လာပေးခဲ့တယ်လေ။ ဒီကြင်နာမှုက ကျေးဇူးတင်ထိုက်ပါတယ်”

သူ့ရှေ့ရှိထိုမိန်းကလေးဟာ သူ၏အကိုတော် ဧကရာဇ်ထံမှ ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး တော်၀င်မျိုးနွယ်မှ ဇနီးကြီး၏သမီးဖြစ်သူ လုလျန့်ဝေဖြစ်သည်။

သူရှန်းယန်တွင်ရှိနေစဉ်တွင် တော်၀င်မိသားစု မှာ အလွန်လှပသည့်သမီးတော်တစ်ပါး ရှိကြောင်း ကြားခဲ့ဖူးသည်။ ကံမကောင်းစွာနဲ့ သူမထံတွင် ဆိုးရွားသောဒေါသနှင့် အိမ်ရှေ့စံ မင်းသားနှင့် သမိုင်းကြောင်းများစွာလည်း ရှိနေသည်။ သူ့အကိုတော် ဧကရာဇ် သူမထံ၌ ကျရှုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူမှတ်မိတာမှန်တယ်ဆိုရင် သူတို့နှစ်ဦး၏ အသက်ကွာခြားချက်မှာ ဆယ့်ငါးနှစ်တောင် ဖြစ်သည်။

သူ့အကိုတော်က သူ့ရဲ့ဒီဧကရီငယ်လေးက တူမအရွယ်လောက်ရှိတာကို တကယ် စိတ်ထဲမထားဘူးလား။

လုလျန့်ဝေ မသိစိတ်မှ ထိုလူသူမကို အကဲဖြတ်‌နေသည်ကို သတိထားမိလိုက် သည်။

သူမ မသိမသာမျက်မှောင်ကြုတ်သွားကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

“ကျွန်မတို့ ရှင်တို့ရဲ့ခရီးလမ်းကို မနှောင့်ယှက်တော့ပါဘူး။ ဒီနေရာမှာပဲ နှုတ်ဆက်လိုက်ကြတာပေါ့”

ထိုသို့ပြောပြီး သူမ တုံ့ဆိုင်းမှုမရှိစွာ ကျူးယွီကိုဆွဲခေါ်လိုက်သည်။

ကျူးယွီဟာတော့ လုံရှောင်ကိုလှည့်ကြည့် လှည့်ကြည့်ဖြင့် ထွက်မသွားချင်သေးပေ။

သူ သူမကိုရုတ်တရက်ကြီး ပြုံးပြလာမယ်လို့ မထင်ထားခဲ့ချေ။ ကျူးယွီ သူ့အပြုံးကို မြင်တော့ ရုတ်တရက်ကြီး သူမ လမ်းဆက် မလျှောက်နိုင်တော့ပေ။

လူငယ်လေးရဲ့သွင်ပြင်ဟာ အနည်းငယ် မိန်းမဆန်နေပုံပေါ်ပေမယ့် သူ့အကြည့်တွေ ဟာတော့ တော်၀င်မျိုးနွယ်တစ်ပါးလို ပြင်းထန်နေဆဲပင်။

“သခင်မလေး, ဒီကလူကြီးမင်းက ကျွန်မတို့ကို အတော်လေး ကူညီချင်နေခဲ့တာ၊ သူ့ကို အပန်းဖြေအိမ်တော်ကိုဖိတ်ပြီး လက်ဖက်ရည်တစ်ခွက်လောက်တိုက်ရင် မကောင်းဘူးလား။”

လုလျန့်ဝေ ကျူးယွီမျက်နှာထက်ရှိ ကြည်နူး နေသောအကြည့်ကိုမြင်တော့ သူမ၏ လှပတဲ့ မျက်နှာလေး ချက်ချင်းပြိုလဲသွားကာ

သူမစကားကိုကြားတော့ ကျူးယွီ၏မျက်နှာ ညှိုးငယ်သွားကာ လုလျန့်ဝေအား ၀မ်းနည်း စွာ ကြည့်လာသည်။

“နင် ငါ့အစ်ကိုကိုပဲ မျက်စိကျတယ်ထင်နေ တာ၊ ကြည့်ကောင်းတဲ့ယောကျာ်းတွေအကုန် လုံး နင့်ကိုအကြည့်တစ်ချက်နဲ့ ၀ယ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး”

All Chapters