← Chapters

အခန်း (၃၆၀-၃၆၂)

Vol. 8 Ch. 360-362

အခန်း (၃၆၀-၃၆၂)

Vol. 8 Ch. 360-362

Chapter 360: ကြည့်ကောင်းတဲ့ မျက်နှာလေးတစ်ခုကြောင့်နဲ့ ငါအရူးအမူး စွဲလမ်းမသွားဘူး

ကျူးယွီ၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားကာ အသံတိုးတိုးဖြင့် သူမကိုယ်သူမ ခုခံပြောလာသည်။

“တော်၀င်ဆန်ပြီး မြင့်မြတ်တဲ့ဂုဏ်ပုဒ်နဲ့ ခံ့ညားတဲ့လူတစ်ယောက်အပေါ်မှာ ကျွန်တော်မျိုးမ ဘာခံစားချက်မှ မထားရဲပါဘူး။ ဒီအတိုင်း သူ့ကိုလေးစားရုံပါ”

သူမပြောတာကိုကြားတော့ လုလျန့်ဝေ စိတ်တိုစွာပြန်ပြောလိုက်သည်။

“အဲ့လူကြီးမင်းကလည်း အဆင့်အတန်းမြင့်မယ့်ပုံပေါ်တာပဲလေ နင်သူ့ကိုကျ စိတ်ကူးယဉ်ရဲတာလား”

ကျူးယွီ သူမ သခင်မလေးဖြစ်သူကို လှစ်ခနဲ ကြည့်လိုက်သည်။

“သခင်မလေး အဲ့လိုကြီး မပြောပါနဲ့၊ ကျွန်တော်မျိုးမက ဘယ်လိုလုပ် သူ့အပေါ် စိတ်ကူးယဉ်ရဲမှာလဲ သူက ကြည့်ကောင်းလို့ နည်းနည်းလောက် ပိုကြည့်မိရုံပါ၊ နောက်ကျရင် သူ့ကို ထပ်တွေ့ရမှာမှ မဟုတ်တာ”

လုလျန့်ဝေမှာ ဆွံ့အသွားရသည်။

ထိုမိန်းကလေးဟာ သူမ၏ လိုချင်တပ်မက်မှုကို အပြစ်ကင်းဖြူစင်သည့် ပုံ ဟန်ဆောင်ကာ ဖော်ပြတတ်သည်ကို လုလျန့်ဝေ လျှော့တွက်လိုက်မိသည်။

လုလျန့်ဝေ ကျူးယွီအား ရယ်ချင်ဟန် ကြည့်လိုက်သည်။

“နင့်အတွက်လည်း ကြည့်ကောင်းတဲ့မျက်နှာလေးကို အရူးအမူး စွဲလမ်းမသွားဖို့ အောင့်အည်းရတာ တကယ် ခက်ခဲမှာပဲ။ ဒါပေမယ့် ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာကို ခွဲခြားနိုင်စွမ်းရှိသေးတာကိုပဲ ကျေးဇူးတင်ရမယ်”

လုလျန့်ဝေ ကျူးယွီနှင့်ချူကျူကို ဦးဆောင် ကာ ခေါ်လာလိုက်သည်။ သူတို့ တောင်ပေါ် ဆက်တက်ရန်ပြင်နေသည့်အချိန်၌ တောင်အောက်ဆင်းရန်ပြင်နေသည့် လုံရှောင် မှ ရုတ်တရက် စကားစလာသည်။

“ကျွန်တော်တို့ခရီးအရှည်ကြီးဆက်သွားရဦး မှာ။ အကယ်လို့ သခင်မလေးကို ဒုက္ခမများ စေဘူးဆိုရင် ကျွန်တော်တို့ကို လက်ဖက်ရည် တစ်ခွက်လောက် တိုက်နိုင်မလား”

သူ့စကားများဟာ ယဉ်ကျေးပြီး နှိမ့်ချနေကာ လုလျန့်ဝေ သူ့အားချက်ချင်းဖိတ်ခေါ်လာမည် မှာ သေချာပေသည်။

သို့သော် သူအထင်မှားသွားခဲ့သည်။ လုလျန့်ဝေမှာ သူ့ကိုငြင်းဆိုရန် တစ်စက္ကန့်ပင် တုံ့ဆိုင်းမနေပေ။

“နည်းနည်းလေးတော့ ဒုက္ခများတယ်။ တကယ်တော့ ကျွန်မတို့အိမ်မှာ သက်ကြီးရွယ်အိုတွေနဲ့ မိန်းမတွေပဲရှိတာ။ ရှင်တို့အားလုံးလက်ဖက်ရည်လိုက်သောက် မယ်ဆိုရင် မသင့်တော်ဘူး။ ရှင်တို့ရေဆာနေ တယ်ဆိုရင် ထျန်းကျိုးဘုရားကျောင်းမှာ တောင်းသောက်ကြည့်ရင်ရလောက်တယ်”

ထျန်းကျိုးဘုရားကျောင်းဟာ တောင်ထိပ်တွင်ရှိတာဖြစ်သည်။ အတတ်နိုင်ဆုံး ခြေဖျားထောက်ကြည့်လျှင် တောင် ဘုရားကျောင်း၏ခေါင်မိုးအစွန်းလေး ကိုသာမြင်နိုင်သည်။

လုံရှောင် အဝေးသို့အကြည့်လွှဲလိုက်သည်။ သူ့ရှေ့ရှိ ထိုအမျိုးသမီးငယ်လေးက သူ့ကို ဒီလိုပြတ်ပြတ်သားသားငြင်းလွှတ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။

သူထင်ခဲ့တာက သူမအနေနဲ့ လေးစားသမှုပြုကာ သူမ၏ပုံရိပ်ကို ထိန်းသောအားဖြင့် သူ့ကိုလက်ဖက်ရည် သောက်ရန် ပြန်လည်ဖိတ်ခေါ်လိမ့်မည်ဟု ထင်ခဲ့တာဖြစ်သည်။

“ကျွန်တော်တို့ ခရီးဝေးနှင်လာရတော့ ပင်ပန်းပြီး ရေဆာနေကြတာ။ ရေလေးသောက်ဖို့အတွက်နဲ့ တောင်ထိပ်ထိ ထပ်တက်နေရဦးမှာလား သခင်မလေးအနေ နဲ့ လူ‌တစ်ယောက်ကို အဲ့လိုလုပ်စေလိုတယ် ပေါ့”

လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်မိသည်။ အံ့ချီးလောက်စရာကောင်းတဲ့ လူတစ်ယောက် က ဒီလိုသနားစရာကောင်းတဲ့လူတစ်ယောက် အဖြစ် အလွယ်တကူပြောင်းလဲနိုင်လိမ့်မည် ဟု သူမ တစ်ခါမှမတွေးခဲ့မိဖူးချေ။

“လူကြီးမင်း တကယ်လို့အဝေးကြီး လမ်းမလျှောက်ချင်ဘူးဆိုရင် ရှင်ဘယ်လိုလုပ်ရေဆာမှာလဲ ပြီးတော့ ကျွန်မအိမ်ကဘယ်နေရာမှာလဲဆိုတာတောင် ရှင်မသိပဲနဲ့၊ ကျွန်မအိမ်က တောင်ထိပ်မှာ ဒါမှမဟုတ် ထျန်းကျို့ဘုရားကျောင်းထက် ဝေးတဲ့နေရာမှာလည်း ရှိရင်ရှိနိုင်တာပဲလေ”

“သခင်မလေးက အရင်ထဲက ဒီလိုပြတ်သားတတ်တာလား ကျွန်တော်က ရေလေးတစ်ခွက်သောက်ချင်ရုံ ပါ”

“ကျွန်မက လက်တစ်ကမ်းအလိုမှာရှိတဲ့ အခြေအနေနဲ့ပက်သက်ပြီး ရိုးသားရုံပါ။ ကျေးဇူးပြုပြီး လူကြီးမင်းစိတ်မခုပါနဲ့”

လုလျန့်ဝေ ထိုသို့ပြန်ပြောကာ စကားဆက်မပြောတော့ပေ။ ထို့နောက် ချူကျူနှင့်ကျူးယွီကိုခေါ်ကာ တောင်ပေါ်သို့ ဆက်တက်သွားတော့သည်။

သူမတို့ တစ်ခဏမျှလမ်းလျှောက်ပြီးနောက် ထိုလူတွေမှာ ထွက်မသွားပဲ သူမတို့နောက်မှ လိုက်လာသည်ကို မြင်လိုက်ရသည်။

လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်ပေမယ့် ဘာမှတော့ပြောမလာပေ။

တောင်ပေါ်၌ အပန်းဖြေအိမ်အကြီးအသေး အစုံရှိ၏။ ထို့အပြင် တောင်ထိပ်၌လည်း ထျန်းကျိုးဘုရားကျောင်းရှိသေးသည်။

ထိုအချိန်တွင် ချူကျူ သူမနားကပ်လာကာ အသံခပ်တိုးတိုးဖြင့်ပြောလာ၏။

လုလျန့်ဝေ ထိုအရာကိုကြားတော့ သူမ တုံ့ပြန်မှုအနည်းငယ်နှေးကွေးသွားရသည်။

ချူကျူကတော့ ဘာမှထပ်မပြောလာပေ။ သူမပြောလိုက်တာကို လုလျန့်ဝေ ကြားလိုက်သည်ကို သူမသိသည်။

လုလျန့်ဝေ ယောကျာ်းကြီးနှစ်ယောက်ကို ဆွဲလျက် တိတ်တဆိတ်လမ်းလျှောက်နေ သော ချူကျူကိုကြည့်လိုက်သည်။ သူမ နောက်လှည့်မကြည့်မိစေရန် မနည်းထိန်းချုပ် လိုက်ရသည်။

သူမ ထိတ်လန့်သွားရသည်။

ရှန်းယန်မင်းသား၊ လုံရှောင်။

Chapter 361: အဓိကဗီလိန်

သူကဒီ၀တ္ထုရဲ့ အဓိကဗီလိန်ကြီးမလား

သူက လုံချီရဲ့အင်အားအကြီးဆုံးနန်းလုဖက်ပဲ။

လုလျန့်ဝေနှလုံးသား တုန်လှုပ်သွားရသည်။

လုံရှောင်က ဘာလို့ဒီနေရာမှာ ရုတ်တရက်ကြီး ပေါ်လာရတာလဲ

သူမတို့ လုမိသားစုအပန်းဖြေအိမ်တော် တံခါး၀သို့ရောက်မှသာ သူမအသိပြန်၀င်လာ ၏။ အလွန်ထိတ်လန့်သွားရခြင်းကြောင့် အချက်အလက်အပြည့်အစုံကို ပြန်လည် သုံးသပ်နေရသည်။

သူမတို့နောက်မှ တောက်လျှောက်လိုက်ပါ လာသော လုံရှောင်နှင့်အဖွဲ့သားတွေကတော့ မရှိတော့ချေ။

ချူကျူကရှင်းပြလာ၏။

“သူတို့ တောင်ပေါ် တက်သွားတာ မြင်လိုက်တယ်။ ထျန်းကျိုးဘုရားကျောင်းကိုသွားတာဖြစ်ရမယ်”

ရုတ်တရက် သူမ တစ်စုံတစ်ရာကိုတွေးမိသွား ကာ ကျူးယွီဘက်လှည့်လိုက်သည်။

ကျူးယွီ၏မျက်လုံးထဲမှာ အရိပ်အယောင် တစ်ခုဖြတ်ပြေးသွားကာ သခင်မလေးရဲ့ ပြင်းထန်သောအကြည့်အောက်တွင် ထစ်ငေါ့စွာပြောလာ၏။

“အဲ့တုန်းက မမလေး အန္တရာယ်ဖြစ်မှာကိုကြောက်နေခဲ့တော့ မြို့စားကြီးမိသားစုနာမည်ကို ယူသုံးမိသွားပါတယ်…”

မြို့စားကြီးမိသားစုနာမည်ကို ကြားတာနဲ့ သူတို့ တစ်စက်ကလေးမှ တုံ့ဆိုင်းမနေပဲ တန်းကူညီ လာလိမ့်မယ်သို့ သူမလည်း မထင်ထားခဲ့ပေ။

ထိုအခြင်းအရာကိုကြားတော့ လုလျန့်ဝေ သတိပြုမိလိုက်သည်။

မြို့စားမိသားစုထဲသို့ မည်သူမဆို အလွယ်တကူ မ၀င်နိုင်ပေ။ ထို့ကြောင့်ပဲ အန္တရာယ်ကျရောက်တဲ့အခါ ကူညီရန်ဆန္ဒရှိ သူပေါများလေသည်။ လုံရှောင်ဟာလည်း မြို့စားမိသားစုကို သူ့ဘက်တွင်ရပ်တည် စေလိုသူဖြစ်သည်။

“နင်လဲအဲ့တုန်းက ပြင်းထန်တဲ့ဖိအားအောက် ရောက်နေခဲ့ပြီး ရွေးချယ်စရာလည်း ရှိမှမရှိတာကို။ နင့်အမှားမဟုတ်ပါဘူး။ ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ဂရုစိုက်”

တစ်ချို့သောအကြွေးတွေက ပြန်ဆပ်ဖို့ မလွယ်‌ကူပေ။ ထို့ကြောင့် မြို့စားမိသားစု အနေဖြင့် ‌နန်းတွင်းအရှုပ်တော်ပုံထဲ ၀င်မပါချင်တာပင်။

လုံရှောင် အပေါ် သူမဘာအကြွေးမှ မတင်ခဲ့တာကြောင့် ထိုသို့သော အခြေအနေ မျိူးကို သူမရှောင်လွှဲနိုင်သေးသည်။ သူမအစ်ကိုနှင့်အဖေဖြစ်သူကို သူမကြောင့် နှင့် ကျပ်တည်းသောအခြေအနေသို့ မကျရောက်စေလိုပါ။

ကျူးယွီလည်း သူမအလျင်စလိုပြုမူမိ ကြောင်း သိသည့်အတွက် ငြိမ်ကျသွားလေသည်။

“ငါပြောတာကိုပဲ မှတ်ထားပါ။ ငါနင့်ကို ဘာအတွက်မှ အပြစ်မတင်ပါဘူး”

ချူကျူ အနက်ရောင်၀တ်လူနှစ်ယောက်ကို သယ်လာသည်ကို အစေခံတွေမြင်တော့ မြို့စားကတော်ထံ ချက်ချင်းလျှောက်တင် လိုက်ကြသည်။ တောင်ခြေ၌ဖြစ်ခဲ့သော လုပ်ကြံမှုမှာ လျှို့ဝှက်ထားရမည့်အရာမဟုတ်တာကြောင့် လုလျန်ဝေ သူမအားဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

မြို့စားကတော် ကြားတော့ သူမ အလွန်ဒေါသထွက်လာရ၏။

သူမ ဝေ့ဝေ့ကို ထပ်မတွေ့ရလုနီးပါး ဖြစ်သွား ခဲ့တာပင်။ ထိုသို့တွေးမိပြီး မြို့စားကတော် မှာ လွန်စွာ၀မ်းနည်းသွားရသည်။

“ဘွားဘွား သမီးအဆင်ပြေပါတယ်။ ချူကျူ က သမီးကိုကယ်လိုက်တာလေ”

လုလျန့်ဝေ အဘွားဖြစ်သူကို ထိုကိစ္စအတွက်နှင့် မစိုးရိမ် စေလိုတာကြောင့် ဂရုမစိုက်ဟန်ဖြင့်ပြော လိုက်သည်။

“ချူကျူ ဘယ်လောက်‌သန်မာတယ်ဆိုတာ ဘွားဘွားမသိဘူးမလား။ သူ သမီးကိုသယ်ပြီး လေအဟုန်လိုတောင် ပြေးနိုင်သေးတယ်။ လုပ်ကြံသူတွေဆို ဟိုး အဝေးကြီးမှာ ပြတ်ကျန်ခဲ့တာ”

မြို့စားကတော်မှာ လုလျန့်ဝေဦးခေါင်းကို ပွတ်ပေးရင် သူမဟန်ပန်မှာလည်း အစော ကထက် အနည်းငယ်တည်ငြိမ်လာသည်။

“ကောင်းတာပေါ့၊ အဲ့ချူကျူဆိုတဲ့ မိန်းကလေးက အံ့ဩဖို့ကောင်းတာပဲ သူက အတော်လေးပိန်တော့ သမီးပြောတဲ့အတိုင်းဆို သူအဲ့လောက်သန်မာတယ်ဆိုတာ ယုံရခက်တယ်”

“သမီးက ၀တော့မ၀ဘူးဆိုပေမယ့် အရွယ်ရောက်ပြီးသားလူငယ်တစ်ယောက်ပဲလေ၊ အဲ့တာတောင် သူက သမီးကိုသယ်ပြီး အမြန်ပြေးနိုင်သေးတယ်”

လုလျန့်ဝေ ချူကျူကို ဆက်လက်ချီးကျူးနေလိုက်သည် ။

မြို့စားကတော်ဟောင်းမှာ အတော်လေးကျေးဇူး တင်သွားရသည်။ ဧကရာဇ်ရဲ့အမြင်က ဒီတစ်ခါမှာတော့ အတော်လေးကောင်းမွန် လေသည်။ အကယ်လို့ သူသာ ဝေ့ဝေ့ကို ကာကွယ်ဖို့ သက်တော်စောင့်တစ်ယောက် မပို့ပေးခဲ့လျှင် ဒီတစ်ခါဖြစ်ရပ်က အတော်လေးဆိုးရွားခဲ့မှာပင်။

“လုပ်ကြံသူနဲ့ပက်သက်ပြီး ဘာသဲလွန်စမှ မရခဲ့ဘူးလား”

သူမ စိတ်ငြိမ်သွားမှ ထိုအကြောင်းကိုတွေးမိတော့သည်။

Chapter 362: မင်းတို့ နာနာခံခံနဲ့ ပူးပေါင်းမယ်ဆိုရင်

ဝေဝေဟာ လူတော်တော်များများကို အပြစ်ပြုခဲ့မိတာကြောင့် အတော်လေး လူမုန်းများသည်။ သို့သော်လည်း သူမ‌ကို လုပ်ကြံဖို့ လူလွှတ်ရလောက်တဲ့အထိတော့ မဟုတ်ချေ။

သူမလိုမိန်းမငယ်လေးတစ်ယောက်နောက်ကို ဘာလို့လုပ်ကြံသူတွေ လွှတ်ရတာလဲ

လုလျန့်ဝေ နန်းတော်ထဲက ချန်ကျူပင်းနှင့် လုယွင်ရွှမ်းတို့ကို သံသယ၀င်မိသည်။ သို့သော် သူမထံ၌ ခိုင်လုံသည့်သက်သေမရှိ တာကြောင့် ဘာမှမပြောချင်ပေ။ သူမ ခေါင်းကိုအသာယမ်းပြလိုက်ကာ

“သမီးလဲ မသိဘူး”

ဟုသာပြောလိုက်သည်။

နယ်စားကတော်ဟောင်းဟာတော့ အများကြီး မျှော်လင့်ထားပုံပင်။ သူမ မတ်တပ်ရပ်ကာ ပြောလာ၏။

“ချူကျူ လုပ်ကြံသူနှစ်ယောက် ကို အရှင်ဖမ်းလာတယ်မလား သူတို့ဆီက တစ်ခုခုများသိရနိုင်မလားဆိုတာ ကြည့်ကြ တာပေါ့”

အပန်းဖြေအိမ်တော်တွင် မြေအောက် အကျဉ်းတိုက်မရှိပေ။ ထို့ကြောင့် သူတို့နှစ်ဦး ကို ချူကျူ ထင်းတဲထဲ၌သာ ပစ်ထည့်ထား တာဖြစ်သည်။

လုပ်ကြံသူနှစ်ယောက်မှာ ရေအေးဖြင့်အနှိုးခံ လိုက်ရသည်။ သူတို့ လှုပ်ရှားကြည့်လိုက်မှ ကြိုးချည်ခံထားရသည်ကို သတိပြုမိလိုက် ၏။ ချည်နှောင်ခံထားရသည့်ကြိုးကို ကြည့်ကာ သွားအောက်၌ဖွက်ထားသည့် အဆိပ်ကိုသောက်ရန်ပြင်လိုက်သော်လည်း သူတို့မလှုပ်ရှားနိုင်ခင်မှာ ရုတ်တရက် အလင်းတစ်ချက်လက်သွားကာ သူတို့ပါးစပ် ထဲသို့ တစ်စုံတစ်ခုရောက်လာပြီး လွန်စွာ နာကျင်သွားကာ သွေးတွေဖြာထွက်လာသည် ။

“သတ်သေဖို့ကြိုးစားမနေနဲ့ အသုံးမ၀င်ဘူး။ တကယ်လို့မင်းတို့ နာနာခံခံနဲ့ပူးပေါင်းမယ်ဆို ရင် ဘာမှမနာကျင်စေရဘူးလို့ အာမခံတယ်”

ချူကျူထိုသို့အေးစက်စွာပြောကာ သူမလက်ထဲမှချိတ်ကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ ချိတ်၏ချွန်ထက်သည့် အစွန်း၌ အသားနှင့်သွေးစအချို့ ကျန်ရှိနေ သေးသည်။ အနီးရှိသွေးအိုင်ထဲ၌ သွားအနည်းငယ်လည်း ပြန့်ကြဲနေ၏။

လုပ်ကြံသူတွေ၏မျက်လုံးများမှာ နာကျင်မှု ကြောင့် မျက်ရည်များနှင့်ဝေဝါးသွားရသည်။ သူတို့၏သွားများမှာ အတင်းအကျပ် ဆွဲနှုတ်ခံလိုက်ရကာ အသားတွေပါပါကုန် သည်။ ထိုနာကျင်မှုကို ခံစားရသူသာ နားလည်နိုင်သည်။

လုပ်ကြံသူတစ်ယောက်က သူမစကားကို လှောင်ပြောင်လာသည်။

“ငါတို့က သေရမှာကိုတောင် မကြောက်တဲ့ဟာ ခန္ဓာကိုယ်နာကျင်တာလေးကို ဘာကြောက်ရမှာလဲ”

ချူကျူ သူ့ကိုတစ်ချက်ကြည့် ကာ သူမခြေထောက်နားရှိပုဆိန်ကို ကောက်ယူလိုက်သည်။ ထို့နောက် သူမလက်‌ တွေလျင်မြန်စွာ လှုပ်ရှားသွားကာ သူ့ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်သည်။

အော်သံဟာ အိမ်ခေါင်မိုးမှ အမိုးကိုဆတ်ခနဲ ဆွဲလှန်လိုက်သလိုပင်။

ဒုတိယမြောက်လုပ်ကြံသူဟာ သူ့ပါတနာ မြေပြင်ပေါ်၌ နာကျင်စွာလှိမ့်နေသည်ကို ကြည့်ရင်း သူ့မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် လွန်စွာဖြူဖျော့လာခဲ့သည်။

သူတို့ဟာ သေနိုင်တဲ့အလုပ်ကို လုပ်ကိုင်နေ ကြသူများဖြစ်ပြီး သေခြင်းတရား၏အပေါင်း အဖော်များဖြစ်သည်။ သူတို့အနေနဲ့ သွေးထွက်သံယိုမြင်ကွင်းများနှင့် အသားကျ နေပြီမှာ မှန်သော်လည်း မျက်စိရှေ့မှာ မြင်လိုက်ရတော့ ကြောက်လန့်မိဆဲပင်။

သူမဟာ ယခုပင် သူ့‌ပါတနာ၏ခြေထောက် အား မျက်တောင်တစ်ချက်မခတ်ပဲ ဖြတ်လိုက်လေသည်။ ထိုမြင်ကွင်းဟာ ဒုတိယမြောက်လုပ်ကြံသူ၏စိတ်ထဲတွင် အကြောက်တရားတစ်ခုကိန်းအောင်းသွားစေ သည်။

သူမ ပုဆိန်ကိုနောက်တစ်ခါထပ်မြှောက်လိုက် ကာ သူ့ထံဦးတည်လာသည်ကိုမြင်တော့ ဒုတိယမြောက်လုပ်ကြံသူမှာ အော်လိုက်သည်

သူ့အသံမှာ အလွန်ကြောက်ရွံ့နေသောကြောင့် တုန်ယင်နေသည်။ ထပ်ပေါင်းပြောရလျှင် သူစကားပြောလိုက်တာကြောင့် သွားအနည်းငယ်ကျွတ်ထွက်လာကာ အသံမှာ ဗလုံးဗထွေးဖြစ်နေ၏။ သို့သော်လည်း ထိုအရာမှာ ချူကျူအနေနဲ့ သူပြောတာကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ အ‌ဟန့်အတား တစ်ခုမဟုတ်ချေ။

ဒုတိယမြောက်လုပ်ကြံသူ၏နှလုံးသားမှာ တစ်သိမ့်သိမ့်တုန်သွားရသည်။ သူတို့ တစ်စုံ တစ်ယောက်ရဲ့စေခိုင်းမှုကြောင့်လုပ်ရသည်ကို သူမအကြည့်တစ်ချက်ထဲဖြင့် ကောက်ချက်ချနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

“သခင်မလေး ကျွန်တော်တို့က ခိုင်းတဲ့အတိုင်း လုပ်ရုံပါ။ ကျွန်တော်တို့ရဲ့ အလုပ်ရှင်ကလည်း ကျွန်တော်တို့ရဲ့ အထက်လူကြီးကနေတစ်ဆင့် ဆက်သွယ် တာကြောင့် ဘယ်သူလဲဆိုတာ ကျွန်တော်တို့ လည်း မသိပါဘူး။ သူ့အမိန့်ကိုနာခံရမယ် ဆိုတာပဲ ကျွန်တော်တို့သိတာပါ”

သူပြောတာမှန်နေတာကြောင့် ချူကျူ ထိုမေးခွန်းအပေါ်မှာ အချိန်ဆွဲမနေတော့ပေ။ လုပ်ကြံသူအိမ်‌တော်အနေနဲ့ အလုပ်တစ်ခုလက်ခံလိုက်ပြီဆိုတာနဲ့ သူတို့လက်အောက်က လုပ်ကြံသူတွေကို ချက်ချင်းအမိန့်ပေးကာ စေလွှတ်တတ်သည်။ အလုပ်ရှင်တွေကိုတော့ လုပ်ကြံသူအိမ်တော် က ဘယ်တော့မှမပေါက်ကြားစေပေ။

(T/N - ဒီနေရာလေးမရှင်းမှာစိုးလို့သူတို့‌ဆီမှာက လုပ်ကြံတဲ့အဖွဲ့အစည်းဆိုပြီး ရှိတာ၊ တစ်ဖက်ကအလုပ်လာအပ်ရင် သူတို့ အဖွဲ့အစည်းရဲ့ခေါင်းဆောင်ပဲ လာအပ်တဲ့သူ ကိုသိတာ၊ သူတို့လို အောက်ကလူတွေက အထက်ကလုပ်ကြံခိုင်းတဲ့သူကို သတ်ပေးရုံပဲ ဘယ်သူ‌ခိုင်းလဲဆိုတာကို မသိပါဘူး)

သူထိုသို့ဖြေပြီးသည်နှင့် ချွန်ထက်သည့် ဓားသွားမှ အသားကိုဖောက်၀င်သွားသံကို ကြားလိုက်ရသည်။

ဒုတိယမြောက်လုပ်ကြံသူမှာ သူ့နှလုံးကို ထိုးဖောက်သွားသော ဓားသွားအား မယုံနိုင် ဖွယ် ငုံ့ကြည့်လိုက်မိသည်။

ချူကျူထိုသို့ပြောပြီး ဓားကိုဆွဲထုတ်လိုက်ကာ ပထမလုပ်ကြံသူ အား ထပ်မံထိုးစိုက်လိုက်သည်။

All Chapters