← Chapters

စွမ်းအားပေါင်းစည်းခြင်း

Vol. 1 Ch. 12

စွမ်းအားပေါင်းစည်းခြင်း

Vol. 1 Ch. 12

နတ်မျိုးနွယ်ကျင့်စဉ်များက စွမ်းအားအနှစ်သာရ ပြောင်းလဲခြင်းကို အခြေခံသည့်နည်းလမ်းဖြစ်ရာ ပြင်ပချီစွမ်းအားကို ခန္ဓာကိုယ်အတွင်းစုပ်ယူကျင့်ကြံသည့်နည်းလမ်းနှင့် အလွန်ခြားနားသည်။

ထို့ပြင် နတ်မျိုးနွယ်ကျင့်စဉ်ကို ကျင့်ကြံရာတွင် စိတ်တည်ငြိမ်စွာဖြင့် အတွင်းပိုင်းသိစိတ်နယ်ပယ်အတွင်း ဝင်ရောက်ရန် လိုအပ်သည်။

သို့ပေသိ ဝိညာဉ်စွမ်းအားကောင်းမွန်သော ခုန်မင်ကဲ့သို့ လူတစ်ယောက်အတွက်တော့ ဤသည်က ခက်ခဲသည့်အရာ မဟုတ်ပေ။

သူက လျှင်မြန်စွာပင် ရောက်သင့်သည့်အဆင်သို့ ရောက်ရှိသွားသည်။

သုံးပြည်ထောင်ခေတ်တွင်နေထိုင်စဉ်ကလည်း ခုန်မင်က “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ကို ကျင့်ကြံကြည့်ခဲ့ဖူးသည်။

သို့သော် သူ၏ ခန္ဓာကိုယ်အခြေအနေကြောင့် စွမ်းအားစီးဆင်းမှုကို အာရုံခံရန် မတတ်နိုင်ခဲ့ဘဲ ဆက်လက်ကျင့်ကြံနိုင်ခြင်း မရှိခဲ့ပေ။

ခုန်မင် တိတ်ဆိတ်စွာဖြင့် “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ကို စတင်ကျင့်ကြံလိုက်သည်နှင့် တုံ့ပြန်မှုကို ချက်ချင်းခံစားလိုက်ရသည်။

“တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ၏ တုံ့ပြန်မှုကို ခံစားရသည်ဆိုခြင်းထက် ၊ တကယ်တမ်းတွင် သူ၏ခန္ဓာကိုယ်ထဲ၌ “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ကျင့်ကြံပြီးမှသာ ဖြစ်ပေါ်လာနိုင်သည့် နတ်ဘုရားစွမ်းအားက ရှိနှင့်ပြီးသား ဖြစ်နေခြင်းပင်။

“တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ကို စတင်ကျင့်ကြံလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ ခရမ်းရောင်လျှပ်စီးအလင်းတန်းမှဆင်းသက်လာသော လျှို့ဝှက်ဆန်းကျယ်သည့်စွမ်းအားက ကျင့်စဉ်လမ်းညွှန်မှုအတိုင်း ကိုယ်တွင်းသွေးကြောများတစ်လျှောက် အလိုအလျောက် စီးဆင်းရွေ့လျားသွားသည်။

ပိုပြီး အံ့သြစရာကောင်းသည်မှာ ယခင်က ခုန်မင် ထိန်းချုပ်နိုင်ခြင်းမရှိသော ထိုလျှို့ဝှက်စွမ်းအားသည် ခရမ်း‌ရောင်အလင်းတန်းနှင့်ပေါင်းစပ်ပြီး ခုန်မင်၏သွေးကြောများထဲသို့ စီးဆင်းသွားကာ “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ကျင့်ကြံမှသာ ဖြစ်ပေါ်လာနိုင်သည့် နတ်ဘုရားစွမ်းအားအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားသည်။

ခုန်မင် ထိန်းချုပ်မရနိုင်သော ဤလျှို့ဝှက်ဆန်းကျယ်သည့်တန်ခိုးစွမ်းအားက ဤသို့နှယ် ထူးဆန်းစွာပြောင်းလဲသွားခြင်းမှာ နတ်မျိုးနွယ်ကျင့်စဉ်တစ်ခုဖြစ်သော “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ၏ သက်ရောက်မှုကြောင့်လေလား။

ယခု လျှို့ဝှက်ဆန်းကျယ်သည့်တန်ခိုးစွမ်းအားက နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားသည်ဖြစ်ရာ “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ၏ ပထမအဆင့်ကို လွယ်ကူစွာပင် ကျင့်ကြံအောင်မြင်သွားခဲ့သည်။

သို့သော် ခုန်မင် ဝမ်းမသာနိုင်ခင်မှာပင် ကြီးမားသောပြဿနာတစ်ခုကို သတိထားလိုက်မိသည်။

ဤလျှို့ဝှက်ဆန်းကျယ်သောတန်ခိုးစွမ်းအားက မူလက ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းတည်ရှိနေပြီး မှန်းဆရခက်သော အရာတစ်ခု ဖြစ်သည်။ ယခု ထိုစွမ်းအးက ရုတ်တရက် သူ၏သွေးကြောများထဲစိမ့်ဝင်သွားလေရာ ၊ နဂိုကပင် ခန္ဓာကိုယ်ထဲတွင် စုဝေးပြီးသားဖြစ်နေသော ဒြပ်စင်စွမ်းအားနှင့် ပေါင်းစည်းနိုင်ခြင်းမရှိပါက မည်သို့ဖြစ်လာမည်နည်း။

ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းနည်းလမ်းက ဒြပ်စင်စွမ်းအားကို ခန္ဓာကိုယ်တွင်းသို့စုပ်ယူပြီး ကိုယ်တွင်းသွေးကြောများအတွင်း သိုလှောင်ထားကာ ထိုမှတစ်ဆင့် စွမ်းအင်ဗဟိုချက်တွင်ဖွဲ့စည်းထားသည့် ချီပင်လယ်မှတစ်ဆင့် လူသားခန္ဓာကိုယ်က ထိန်းချုပ်နိုင်သော စွမ်းအားအဖြစ် ပြောင်းလဲခြင်း ဖြစ်သည်။

ထို့ကြောင့် ဒြပ်စင်စွမ်းအားကျင့်ကြံသူများသည် ဒြပ်စင်စွမ်းအားကို ခန္ဓာကိုယ်ထဲတွင် တတ်နိုင်သမျှ များများစုစည်းရန်လိုအပ်ပြီး သွေးကြောဆုံချက်များအတွင်းရှိ နေရာတစ်လျှောက်လုံး တစ်ချက်ကလေးပင် အလဟသမဖြစ်စေရန် သေချာ‌အောင် ကျင့်ကြံကြလေ့ရှိကြသည်။

ခုန်မင်၏ ခန္ဓာကိုယ်က ဒြပ်စင်စွမ်းအားကျင့်ကြံရန် အထူးသင့်လျော်သည်။

ခုန်မင် ပြန်လည်နေကောင်းလာပြီးနောက် ဒြပ်စင်စွမ်းအားကို ထပ်မံစုပ်ယူလာနိုင်သည့်အခါ သူ၏ သွေးကြောစုံချက်များက စွမ်းအားနှင့်ပြည့်လျှံနေပြီး နေရာလွတ်ပင် မရှိတော့ပေ။

ယခု လျှို့ဝှက်ဆန်းကျယ်သောစွမ်းအားက နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သူ၏ သွေးကြောများထဲသို့ ရုတ်တရက် စိမ့်ဝင်သွားလေရာ စွမ်းအားအဆမတန်မြင့်တက်လာပြီး သူ၏သွေးကြောဆုံချက်များကို ပေါက်ကွဲသွားစေမည်လား။

ထိုသို့သော ဆိုးရွားသည့်အကျိုးဆက်ဖြစ်ပေါ်လာပါက ခုန်မင်အနေဖြင့် ချက်ချင်းပင် စွမ်းဆောင်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

မူလကတည်းကပင် ခုန်မင်၏၏ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားနှင့် လျှို့ဝှက်ဆန်းကျယ်သောစွမ်းအားတို့က အဆင်ပြေစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ ဒြပ်စင်စွမ်းအားက သွေးကြောဆုံချက်များထဲတွင် သိုလှောင်ထားပြီး လျှို့ဝှက်ဆန်းကျယ်သောစွမ်းအင်က သူ၏ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် လွင့်မျောလျှက် ရှိသည်။

သို့ပေသိ ဤစွမ်းအားနှစ်ခုလုံး တစ်ချိန်တည်း သွေးကြောဆုံချက်များအတွင်းဝင်ရောက်ပြီး အချင်းချင်းရိုက်ခတ်မိပါက ထိုသို့ သီးခြားစီ ရပ်တည်နိုင်ပါဦးမည်လား။

ခုန်မင် အလွန်စိုးရိမ်နေမိသည့်တိုင် ယခုအချိန်မှာတော့ သူ၏ကိုယ်ထဲမှ လျှို့ဝှက်ဆန်းကျယ်သောစွမ်းအားက သူ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားပြီ ဖြစ်သည်။

ခရမ်းရောင်အလင်းတန်း၏ လမ်းညွှန်မှုအောက်တွင် လျှို့ဝှက်ဆန်းကျယ်သောစွမ်းအားမှ ပြောင်းလဲသွားသော နတ်ဘုရားစွမ်းအားသည် သူ၏သွေးကြောများအတွင်းမှ ဒြပ်စင်စွမ်းအားနှင့် ရောယှက်ပေါင်းစပ်သွားခဲ့သည်။

ထိုခဏတွင် သူခံစားလိုက်ရသည့် ထူးဆန်းသောခံစားချက်ကို ခုန်မင် အတိအကျ မပြောနိုင်ခဲ့ပေ။

သူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်ပျက်နေသမျှ ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသော ‘ကိုယ်တွင်းမျက်စိ’ တစ်စုံ ရုတ်တရက် ရရှိသွားသည့်ပမာ ခံစားလိုက်ရသည်။

သူ၏သွေးကြောဆုံချက်များတွင် ထူထဲသည့် အစိမ်းရောင်အခိုးအငွေ့များက နေရာတိုင်းတွင် ဖုံးလွှမ်းနေပြီး အကြားအလပ်တစ်ခုပင် မရှိခဲ့ပေ။

သို့သော် ရုတ်တရက်ပင် အစိမ်းရောင်အခိုးအငွေ့များကြား ခရမ်းရောင်အလင်းတန်းတစ်ခု ဖြတ်သန်းလာပြီး ခရမ်းရောင်အခိုးအငွေ့များက လူးလွန့်နေသည့်နဂါးတစ်ကောင်ပမာ ထွက်ပေါ်လာသည်။

ခရမ်းရောင်အခိုးအငွေ့များ သွေးကြောများအတွင်း ဝင်ရောက်လာသည်နှင့်တပြိုင်နက် အစိမ်းရောင်မြူခိုးများနှင့် ရစ်ပတ်သွားပြီး တစ်ခုနှင့်တစ်ခုလိမ်ယှက်ကာ သွေးကြောဆုံချက်များအတိုင်း စီးဆင်းသွားသည်။

ပုံမှန်ဆိုလျှင် သွေးကြောဆုံချက်များ၏ လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ်ရှိပြီး စွမ်းအားနှစ်မျိုးကို တပြိုင်တည်းလက်ခံနိုင်စွမ်း မရှိသင့်ပေ။

သို့သော် စွမ်းအားနှစ်ခု ရောယှက်ပြီး သဘာဝကျစွာသိပ်သည်းသွားသည့်အခါ သွေးကြောများအတွက် ဖိအားများစွာအဖြစ်တော့ဘဲ ခရမ်းရောင်အခိုးအငွေ့များနှင့် အစိမ်းရောင်မြူခိုးများကို အတူတကွ လက်ခံနိုင်စွမ်းရှိသွားကြသည်။

အနည်းဆုံးတော့ သွေးကြောဆုံချက်များ ပေါက်ကွဲထွက်နိုင်သည့်အန္တရယ် မရှိခဲ့ပေ။

အစိမ်းရောင်နှင့် ခရမ်းရောင် စွမ်းအားက ခုန်မင်၏သွေးကြောထဲတွင် အံ့သြဖွယ်ရာ မြန်နှုန်းဖြင့် ရွေ့လျားနေပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့လှည့်ပတ်ကာ စွမ်းအင်ဗဟိုချက် ချီပင်လယ်အတွင်းသို့ စီးဆင်းဝင်ရောက်သွားကြသည်။

ချီပင်လယ်က အဆုံးမရှိသော သမုဒ္ဒရာတစ်ခုပမာ ကျယ်ပြန့်လှကြောင်း သူ၏ ကိုယ်တင်းမျက်စိဖြင့် တွေ့မြင်နေရသည်။

အစိမ်းရောင်နှင့် ခရမ်းရောင်စွမ်းအားများက ချီပင်လယ်အတွင်း အဆက်မပြတ် စီးဆင်းဝင်ရောက်နေသော်လည်း ချီပင်လယ်က ပြည့်ဝသွားခြင်း မရှိပေ။

ထို့ပြင် ချီပင်လယ်ထဲတွင် အစိမ်းရောင်နှင့် ခရမ်းရောင်စွမ်းအားတို့က ခိုင်မြဲစွာ ရောယှက်ရစ်ပတ်နေပြီး ကွဲထွက်သွားမည့်လက္ခဏာလည်း မပြခဲ့ပေ။

ခဏအတွင်းမှာပင် အစိမ်းရောင်နှင့် ခရမ်းရောင် စွမ်းအားတို့က ထိုက်ကျိသင်္ကေတ (ယင်ယန်သင်္ကေတ) အဖြစ် ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်း စတင်လည်ပတ်လာသည်။

အစိမ်းရောင်နှင့် ခရမ်းရောင် စွမ်းအားများ၏ အနေအထားကိုကြည့်လျှင် စွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခုက ဝါးမျိုရန်ကြိုးစားနေပြီး ကိုယ့်ကိုယ်ကိုယ်အားကောင်းအောင် လုပ်ဆောင်ရန် ကြိုစားနေကြသည့်ပမာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဒြပ်စင်စွမ်းရော နတ်ဘုရားစွမ်းအားရော (၂)မျိုးလုံးကို စကြာဝဠာ၏ အခြေခံစွမ်းအားအဖြစ် သတ်မှတ်နိုင်သည်။

စကြာဝဠာတည်ရှိနေသရွေ့ ဤစွမ်းအားများက လုံးဝ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ထို့ကြောင့် ဤစွမ်းအား(၂)ခုတွင် တစ်ခုက အခြားတစ်ခုကို ဝါးမျိုပစ်ရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။

အစိမ်းရောင်နှင့် ခရမ်းရောင်စွမ်းအားများက စွမ်းအင်ဗဟိုချက်တွင် ဆက်လက်တိုက်ခိုက်နေကြသည်။ တစ်ခုကိုတစ်ခုက အပြည့်အဝ ဝါးမျိုနိုင်စွမ်းမရှိသည့်တိုင် တဖြည်းဖြည်း အနိုင်ရသူ ထွက်ပေါ်လာသည်။

နတ်ဘုရားစွမ်းအားကိုကိုယ်စားပြုသော ခရမ်းရောင်စွမ်းအားက ဒြပ်စင်စွမ်းအားကို ကိုယ်စားပြုသော အစိမ်းရောင်စွမ်းအားထက် အနည်းငယ် ပိုမိုအားကောင်းသည်။

ထို့ကြောင့် ထိုက်ကျိသင်္ကေတ မျှခြေပျက်ယွင်းလာပြီး ခရမ်းရောင်စွမ်းအားက အချိုးအစား တိုးလာသည်။

ဤအတိုင်းဆက်သွားမည်ဆိုလျှင် အစိမ်းရောင်စွမ်းအားက စွမ်းအင်ဗဟိုချက်မှ လုံးဝထွက်ခွာသွားရမည်လား မသေချာပေ။

သို့သော် အစိမ်းရောင်စွမ်းအား ရှုံးနိမ့်ရန် နီးကပ်လာချိန်တွင် မယုံနိုင်စရာဖြစ်ရပ်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

စွမ်းအင်ဗဟိုချက်တွင် အစိမ်းရောင်စွမ်းအားက ခရမ်းရောင်စွမ်းအားကိုအနိုင်ရရှိရန် ရုန်းကန်နေရသော်လည်း အစိမ်းရောင်စွမ်းအားများက သွေးကြောဆုံချက်များမှတစ်ဆင့် စွမ်းအင်ဗဟိုချက်သို့ ဆက်လက်စီးဝင်နေဆဲ ဖြစ်သည်။

ထိုအချိန် မျက်စိတစ်မှိတ်အတွင်းမှာပင် အကြောင်းရင်းကိုမသိရဘဲ သွေးကြောဆုံချက်များအတွင်းမှ ထွက်ပေါ်လာသည့် အစိမ်းရောင်စွမ်းအားက အနီရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။

ထိုစွမ်းအားက လောင်ကျွမ်းနေသည့် မီးလျှံများနှင့်ဆင်တူသည်။

ထို အနီရောင်စွမ်းအားက ကျန်ရှိနေသည့် အစိမ်းရောင်စွမ်းအားနှင့်ပေါင်းစပ်သွားပြီး ခရမ်းရောင်စွမ်းအားကို ထပ်မံတိုက်ခိုက်လိုက်သည်။

ဤတစ်ကြိမ်မှာတော့ စွမ်းအား(၂)ခု အင်အားချင်း တန်းတူညီသွားလေသည်။

ထို့ကြောင့် စွမ်းအင်ဗဟိုချက်မှ တိုက်ပွဲက တဖြည်းဖြည်း မျှခြေရလာပြီး ၊ နောက်ဆုံတွင် တည်ငြိမ်သည့် ထိုက်ကျိသင်္ကေတတစ်ခု ဖြစ်ပေါ်လာကာ ဖြည်းဖြည်းချင်း စတင်လည်ပတ်လာသည်။

ဤထိုက်ကျိသင်္ကေတ၏ထူးခြားချက်က အရောင် (၃)မျိုး ပါဝင်နေခြင်း ဖြစ်သည်။

ထိုက်ကျိသင်္ကေတတွင် ခရမ်းရောင် ၊ အနီရောင်နှင့် အစိမ်းရောင်များက သုံးပုံတစ်ပုံစီ ပိုင်ဆိုင်ထားသည်။ ဤသင်္ကေတက သွေးကြောဆုံချက်များအတွင်းမှ စွမ်းအင်ဗဟိုချက်သို့ စီးဆင်းဝင်ရောက်လာသော ခရမ်းရောင် ၊ အနီးရောင်နှင့် အစိမ်းရောင် စွမ်းအားအခိုးအငွေ့များကို စုပ်ယူသန့်စင်ကာ သွေးကြောများဆီသို့ ပြန်လည်ပို့ဆောင်ပေးသည်။

ခုန်မင်က သူ၏ စွမ်းအင်ဗဟိုချက်မှ ထိုက်ကျိသင်္ကေတကို သန့်စင်ပြီးနောက် အရောင်(၃)မျိုးစပ်သော တန်ခိုးစွမ်းအား အခိုးအငွေ့များက ပိုမိုသိပ်သည်းလာကြောင်း သတိပြုမိသည်။

စွမ်းအားပမာဏလျော့နည်းသွားသည့်တိုင် ပါဝင်သည့်စွမ်းအင်က ပိုမိုသန့်စင်ပြီး စစ်မှန်လာသည်။

ဤသို့သော ထူးဆန်းသည့်ကျင့်ကြံမှုက ခုန်မင်၏ ကျင့်ကြံခြင်းမြန်နှုန်းကို ယခင်ကထက် အဆပေါင်းများစွာ မြင့်တက်လာစေသည်။

သို့သော် ဤ ထူးဆန်းသည့် ကျင့်ကြံမှုပုံစံ မေးခွန်းတစ်ခု ထုတ်စရာဖြစ်လာခဲ့၏။

သူက ဒြပ်စင်စွမ်းအားကို ကျင့်ကြံနေသည်လား ၊ သို့မဟုတ် တိမ်လွှာလေးပြင်း ရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံနေခြင်းလား။

All Chapters