အခန်း (၃၆၃-၃၆၅)
Vol. 8 Ch. 363-365
Chapter 363: မိန်းမဆန်ခြင်းနှင့် ယောကျာ်းဆန်ခြင်းကြားက အလှတရား
လုလျန့်ဝေနှင့် နယ်စားကတော်တို့ရောက်ချိန် ၌ ထင်းတဲထဲတွင်ရှင်းလင်းနေပြီး လုပ်ကြံသူ နှစ်ယောက်လည်း မရှိတော့ချေ။ လွန်ခဲ့သော တစ်ခဏက ကြမ်းပြင်ပေါ်တွင်ရှိနေခဲ့သော သွေးစသွေးနများလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ကျူ, နင်သူတို့ကို ဘာမှမမေးကြည့်လိုက်ရ ဘူးလား”
လုလျန့်ဝေ ထင်းတဲကိုကြည့်ကာ ချူကျူထံပြန်ကြည့်လာသည်။
လုလျန့်ဝေ သူမထံဦးတည်လာသည်ကို မြင်တော့ ချူကျူ ထင်းတဲထဲမှ ထွက်လာ လိုက်သည်။
ချူကျူဟာ အနက်ရောင်ကိုယ်ကျပ်၀တ်စုံကို ၀တ်ဆင်ထားတာဖြစ်ပြီး ထို၀တ်စုံဟာ သူမ၏ သွယ်လျဖြောင့်စင်းသော ခြေတံကို ပိုမိုပြည့်စုံစေ၏။ သူမ၏ရှည်လျားနက်မှောင် သည့်ဆံနွယ်တွေဟာတော့ သစ်သားဆံထိုး တစ်ခုဖြင့် ထိပ်တွင် စုထုံးခံထားရသည်။
သူမပုံစံဟာ အေးစက်ကာခပ်တန်းတန်းဖြစ် နေသော်လည်း ရဲစွမ်းသတ္တိရှိကာ ကျွမ်းကျင် ဟန်ပေါ်လေသည်။
လုလျန့်ဝေ၏မျက်လုံးထဲ၌ လေးစားသည့် အရိပ်အယောင်များဖြတ်ပြေးသွားသည်။
ဤခေတ်ရှိမိန်းမသားများမှာ များသောအားဖြင့် ကျက်သရေရှိပြီး သိမ်မွေ့ကြသည်။ ချူကျူကဲ့သို့သော ဒွိလိင် ဆန်ဆန်အလှတရားမျိုးမှာ အတော်ရှားပါး၏ ။
ချူကျူဟာ လှပသောမိန်းကလေးတစ်ဦး တော့ မဟုတ်ပေ။ သူမအသားအရေဟာ မွဲခြောက်ခြောက်ဖြစ်နေပြီး အခြားသော မိန်းကလေးများကဲ့သို့ နူးညံ့သောအသား အရေမရှိချေ။ ထိုသည်မှာလည်း သူမအသား အရေထိန်းသိမ်းခြင်းမျိုး မလုပ်ခဲ့ခြင်း ကြောင့် ဖြစ်နိုင်သည်။
သို့သော် အနီးကပ်ကြည့်ကြည့်မည်ဆိုလျှင် ချူကျူ၏ မျက်နှာပုံစံမှာ အတော်လေး ချစ်ဖို့ကောင်းပြီး ထူးခြားသည့် ဩဇာတိက္ကမ နှင့်ပြည့်စုံလေသည်။
ထိုသို့ အစဉ်အလာကိုဆန့်ကျင်သော အလှတရားမျိုးကို လုလျန့်ဝေ အတော်ပင် လေးစားအားကျမိသည်။
၎င်းဟာ မိန်းမဆန်ခြင်းနှင့် ယောကျာ်းဆန်ခြင်းကြားက အလှတရားကို ညီမျှစေပြီး ကြည့်လေလှလေဖြစ်သည်။
“သူတို့ကို ကျင့်ကြံရေးလောကမှာ နှင်းပျံလွှားအိမ်တော်လို့ လူသိများတဲ့ လုပ်ကြံသူအိမ်တော်က လွှတ်လိုက်တာပါ။ ခိုင်းစေတဲ့သူကိုတော့ သူတို့လည်း မသိပါဘူး”
သူမ၏လုပ်ကြံမှုနောက်ကွယ်ကလူတွေကို တစ်ယောက်ယောက်က စစ်သားတစ်အုပ်ကို လက်သပ်မွေးပြီး တိတ်တဆိတ်လွှတ်လိုက်ကာ သူမကတော့ ကံဆိုးစွာနဲ့ခံလိုက်ရတဲ့ သားကောင်လေးဖြစ်မယ်လို့ ထင်ခဲ့တာပင်။ သူမကို တကယ်ကြီး လုပ်ကြံချင်တဲ့သူရှိနေလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိချေ။
မူရင်း၀တ္ထု၌ဖော်ပြထားသည့် လုယွင်ရွှမ်း ထောင်ထားတဲ့ လုပ်ကြံသူအဖွဲ့အစည်းကို သူမ မှတ်မိသည်။ ထိုအဖွဲ့အစည်း၏နာမည် မှာ အဲ့တာမဟုတ်ချေ။
ထိုအရာနှင့်ပင် ချန်ကျူပင်းနဲ့လုယွင်ရွှမ်းကို သံသယရှိသူစာရင်းမှ ဖယ်ထုတ်လို့ရနေပြီပင် ။ တကယ်သူတို့လုပ်တာမဟုတ်ဘူးဆိုရင် သံသယရှိသူစာရင်းက ပိုလို့ပင်နည်းသွားလေ ပြီ။
လုယွင်ရွှမ်းနဲ့ ချန်ကျူပင်း မဟုတ်လျှင် နန်းတော် ထဲ၌ လူအနည်းငယ်သာ ကျန်တော့သည်။
သူမကိုသတ်ဖို့လှုပ်ရှားသည့်မည်သူမဆို သံသယရှိသူဖြစ်နိုင်သည်။
သူမထိုအကြောင်းစဉ်းစားနေပေမယ့် အပြင်ပန်းတွင်တော့ တည်ငြိမ်နေလေသည်။
သူမထံတွင် သက်သေမရှိပဲ ဘာမှမပြောချင် ပေ။ အဘွားဖြစ်သူကိုလည်း မစိုးရိမ်စေ လိုသောကြောင့်ဖြစ်သည်။
ထိုအချိန်တိုလေးအတွင်းမှာ လုလျန့်ဝေ စိတ်ထဲ၌ သံသယရှိသူစာရင်းပေါ်လာပြီ ဖြစ်ကြောင်း မြို့စားကတော်ဟောင်းမှာတော့ ဘာမှ မသိချေ။ နယ်စားကတော်မျက်မှောင်ကြုတ် လိုက်ကာ
“ဒါဆို နောက်ကွယ်ကလူကို စုံစမ်းရတာ ပိုခက်သွားပြီပဲ”
လုလျန့်ဝေ သူမပြောသည်ကိုကြားတော့ အဘွားဖြစ်သူလည်း နှင်းပျံလွှားအိမ်တော် အကြောင်းသိသည်ကို သတိပြုမိလိုက်ကာ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“အဘွား နှင်းပျံလွှားအိမ်တော်က အရမ်း အရှိန်အဝါကြီးတယ်လား”
“ဟုတ်တယ်၊ နှင်းပျံလွှားအိမ်တော်က အရင် မင်းကြီးလက်ထက်ထဲက ရှိခဲ့တာ။ လုပ်ကြံသူ အိမ်တော်လို့လဲခေါ်ပေမယ့် အတည်တကျ ရယ်လို့မရှိဘူး၊ အဲ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာကို ဘယ်သူမှမသိသလို အဲ့အိမ်တော်က လုပ်ကြံသူတွေကလည်း ကမ္ဘာအနှံ့မှာပြန့်နေ တာ။ သူတို့လုပ်ရမယ့်တာ၀န်တွေကိုလည်း လျှို့ဝှက်အချက်ပြပြီးလုပ်တာကြောင့် ခိုင်းစေသူက ဘယ်သူလဲဆိုတာကိုလည်း လုံး၀မသိကြရဘူး။ နှင်းပျံလွှားအိမ်တော်က အလျှို့ဝှက်ဆုံးအဖွဲ့အစည်းတစ်ခုပဲ၊ အဲ့တာကြောင့်ပဲ သူတို့ကိုငှါးရင် လျှို့ဝှက်ချက်တွေပေါ်မှာကို လုံး၀စိုးရိမ်နေစရာ မလိုဘူး”
ထိုအကြောင်းကြားတော့ လုလျန့်ဝေ လွန်စွာ အံ့ဩသွားရသည်။
“အဲ့လိုလုပ်ကြံသူအဖွဲ့ အစည်းမျိုးရှိလိမ့်မယ်လို့ တစ်ခါမှတောင် မတွေးခဲ့မိဖူးဘူး”
သူတို့ဟာ အလွန်လျှို့ဝှက်ကြပြီး ခိုင်းစေသူကို ဖော်ထုတ်ဖို့ဆိုသည်မှာ လုံး၀ မဖြစ်နိုင်ချေ။
Chapter 364: ဒုတိယသခင်မလုက … လူရမ်းကားပဲ
ထိုအကြောင်းကြားတော့ မြို့စားကတော်ဟောင်းမှာ အတန်ငယ်အံ့ဩသွားရသည်။ လုလျန့်ဝေ ထိုသို့ခန့်မှန်းတတ်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးမိချေ။
ချူကျူ၏အေးစက်သည့်မျက်ဝန်းတစ်စုံ တောင် အံ့ဩရိပ်သန်းသွားရသည်။
ဒုတိယသခင်မလုက အတော်လေးလျင်တာပဲ။
သူတို့နှစ်ဦးလုံးတိတ်ဆိတ်သွားသောကြောင့် သူမအထင်မှန်မှန်း လုလျန့်ဝေသိလိုက်သည်။
မြို့စားကတော်ဟောင်းကြီးလည်း သက်ပြင်းချကာ မကြည်မသာဖြင့်ပြောလာသည်။
“နှင်းပျံလွှားအိမ်တော်ရဲ့ ၀န်ဆောင်ခက အရမ်းများတယ်။ အဲ့လောက်များတဲ့ငွေကို သာမန်လူတွေပေးဖို့မတတ်နိုင်လောက်ဘူး”
လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။
တကယ်ဆို သူတို့လို အရှိန်အဝါကြီးတဲ့ အဖွဲ့အစည်းတစ်ခုက ဒီလောက်အဝေးကြီးကို တော်ရုံငွေပမာဏလောက်နဲ့တော့ လာမှာမဟုတ်ဘူးလေ။
သူမခပ်ဟဟရယ်လိုက်မိသည်။
ဘယ်သူကများ နှင်းပျံလွှားအိမ်တော်ကို ဒီလောက်ငွေအများကြီးပေးပြီး သူမကို လုပ်ကြံစေတာပါလိမ့် ။ သူမကို ဘယ်လောက် တောင်မုန်းနေလို့များလဲ။
တကယ်လို့ သူမသာမသေခဲ့ရင် အလကား ပိုက်ဆံဖြုန်းရာကျမနေဘူလား။
မြို့စားကတော်ဟောင်းမှာ အလွန်အမင်းဒေါသထွက် နေလေသည်။
“အခုနောက်ပိုင်း မြေးလေးက အိမ်မှာပဲနေပြီး အပြင်ထွက်ခဲတာကို ဘယ်လိုလူကများ ဒီလိုချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို သတ်ချင်နေရ လောက်အောင် ရူးသွပ်ရတာလဲ”
“အဘွား၊ စိတ်မဆိုးပါနဲ့။ မြေးတို့အလင်းထဲမှာရှိနေချိန် မှာ ရန်သူကအမှောင်ထဲမှာ ပုန်းနေတာလေ၊ မြေးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ တောင် ခက်ခဲတယ်။ အဲ့အထိက နည်းနည်း အဆင်ပြေသေးတယ်၊ အဲ့သူက လူပဲဖြစ်ဖြစ် မကောင်းဆိုးဝါးပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ကိုယ်ထင်ပြလာရမှာပဲလေ”
မြို့စားကတော်ဟောင်းမှာ စိုးရိမ်နေဆဲဖြစ်သော် လည်း လုလျန့်ဝေရှေ့တွင် ဖော်ပြပြီး သူမ၏ စိတ်အခြေအနေကို မဖျက်ဆီးချင်ပေ။
သူမအခန်းပြောင်းလိုက်ရုံလေးတင်ဖြစ်ရာ အဘွားဖြစ်သူ စိုးရိမ်မနေရဖို့ကသာ အရေးအကြီးဆုံးဖြစ်သည်။
မြို့စားကတော်ဟောင်းက ချူကျူကို လှည့်ကြည့် လိုက်သည်။
“မင်းကို မင်းကြီးကိုယ်တိုင် လွှတ်လိုက်တာဆိုတော့ ငါ့မှာ မင်းကို အမိန့်ပေးပိုင်ခွင့်မရှိဘူး၊ ဒုတိယသခင်မလုကို မင်းအတတ်နိုင်ဆုံးကာကွယ်ပေးလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
“စိတ်ချပါ မြို့စားကတော်ဟောင်း၊ သခင်က ကျွန်မကို ဒုတိယ သခင်မလုကို ကာကွယ်ဖို့လွှတ်လိုက်တာပါ။ အဲ့တာရဲ့ဆိုလိုရင်းက ကျွန်မကို ဒုတိယသခင်မလုဆီ လက်ဆောင်ပေးလိုက် တာမို့ အခုကစပြီး ကျွန်မကဒုတိယသခင်မ လု အပိုင်ဖြစ်သွားပါပြီ။ သူမ အသက်ရှင် နေသရွေ့ ကျွန်မလည်း အသက်ရှင်နေမှာပါ၊ သူမထံမှာသာ တစ်ခုခုတစ်စုံစုံဖြစ်ခဲ့ရင် ကျွန်မလည်း သူနဲ့အတူ အုတ်ဂူအထိ လိုက်သွားမှာပါ”
သို့သော် လုလျန့်ဝေမှာတော့ ထိုအရာနှင့် နေသားမကျပေ။
ချူကျူက ဒီကိစ္စနဲ့ပက်သက်ပြီး ဒီလောက် အတည်ကြီးဖြစ်စရာလိုလို့လား။
လုလျန့်ဝေထံမှာ တစ်ခုခုဖြစ်တာနဲ့ သူက တကယ်ကြီး သူ့ဘ၀ကိုအဆုံးရှုံးခံလိုက်မှာ လား။
သူမ ချူကျူမျက်နှာထက်ရှိ ဆုံးဖြတ်ပြီး သော ဟန်ပန်ကိုကြည့်ကာ သူမစိတ်ကို ပြောင်းလဲရန် အခွင့်အရေးမရှိတော့မှန်း သိလိုက်ရသည်။ ထိုအစား သူမရုတ်တရက် ချူကျူကို စနောက်လိုက်သည်။
“ငါအသားချက်ရင်တော့ နင်ငါနဲ့အတူ လာကပ်စားလို့မရဘူးနော်”
ချူကျူထိတ်လန့်သွားရ၏။ လုလျန့်ဝေ ထိုသို့ပြောလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။
လုလျန့်ဝေ ချူကျူအား ဂြိုလ်သား တစ်ယောက်လားဟု ကြည့်လိုက်မိသည်။ တကယ်ကြီး အသားမစားတဲ့သူ ရှိတယ်လား လုလျန့်ဝေဟာ အလွန်ကိုမှ အသားကြိုက်တဲ့သူဖြစ်ပြီး အခြားသူတွေကို လည်း ထိုသို့သာထင်နေခဲ့တာဖြစ်သည်။
လုလျန့်ဝေ ထိုစကားကြားတော့ သူမရှေ့ရှိ မိန်းကလေးကိုအကဲဖြတ်လိုက်မိသည်။ သူမ အကြည့်တွေဟာ တစ်ကိုယ်လုံးကိုဖြတ်ပြီး နောက် ရင်ဘတ်နေရာတွင် ရပ်တန့်သွားသည် ။
ချူကျူ သူမအကြည့်ကိုသတိထားမိသွား တော့ တောအုပ်ထဲမှာတုန်းက သူမရင်ဘတ်ထံ လုလျန့်ဝေမျက်နှာအပ်ဖူးတာကို ပြန်သတိရသွားသည်။ ယခုသူမထပ်ပြောတာ နှင့်ဆက်စပ်ကြည့်လိုက်တော့ ဆိုလိုရင်းကို နားလည်သွားကာ ရှက်သွေးဖြာသွားရသည်။ ခနအတွင်း ချူကျူ၏မျက်နှာမှာ နီရဲလာရ၏။
“သခင်မလေး၊ ကျွန်မကိုလည်း သခင်မလေး ပဲပိုင်ပါတယ်။ ကျွန်မလဲ သခင်မလေး အတွက် အသက်ပေးဖို့ဆန္ဒရှိတယ်”
“ငါကနင့်အသက်ကိုဘာလုပ်ရမှာလဲ နင့်ဘာသာနင်ရှင်သန်တာက ပိုမကောင်းဘူး လား”
ထိုစကားတွေကို ချူကျူပြောသွားတာကြောင့် သူမလည်း သူ့ကိုအရှုံးမပေးချင်၍ လိုက်ပြောခြင်းသာ ဖြစ်သည်။ မဟုတ်ရင် သခင်မလေးက ချူကျူကိုပဲကြိုက်ပြီး သူ့ကိုမကြိုက်တော့ ရင် ဘယ်လိုလုပ်မလဲ။ အဲ့ကျရင် သူမ ဘာသွားလုပ်ရမှာလဲ။
Chapter 365: ဖြစ်လာမယ့်ပြဿနာ တွေအတွက် အဆုံးသတ်
ကျူးယွီဘာတွေးနေလဲဆိုတာကို လုလျန့်ဝေ တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။
“စိတ်မပူပါနဲ့၊ တကယ်လို့ ငါမကြိုက်တဲ့သူ တစ်ယောက်ယောက်ရှိလာရင်တောင် နင်တော့မဖြစ်ပါဘူး ချစ်လှစွာသော မမလေး ကျူးယွီရဲ့”
သူမပြောသည်ကိုကြားတော့ ကျူးယွီ၏ မျက်နှာနီရဲလာရသည်။
“သခင်မလေး, ကျွန်မကို စနေပြန်ပြီ…”
ရှက်သွေးဖြာနေတာကလွဲရင် ထိုစကားလုံး တွေက ချိုမြိန်တယ်လို့ခံစားရတာကြောင့် သူမ ချူကျူထံ ရန်စလိုဟန်ဖြင့် ပျော်ရွှင်စွာ ကြည့်လိုက်သည်။
လုလျန့်ဝေ အသာခေါင်းယမ်းလိုက်ကာ မြို့စားကတော်ဟောင်းအား အခန်းပြန်ရန်ကူညီပေး လိုက်သည်။
နန်းမြို့တော်ရှိ ချန်နယ်စားအိမ်တော်၌၊
ချန်ကျူပင်း လတ်တလောတွင် ဘယ်မှမသွား ဖြစ်ပေ။ ရနံ့မွှေးကျောင်းတော်ကိုပင် မရောက်ဖြစ်ပါ။ သူ၏ သတင်းပေးကောင်လေးမှ ဟုန်ရှို့ သူ့အား တွေ့ရန်ရောက်နေသည်ဟု လာပြောတော့ သူမျက်မှောင်ကြုတ်လိုက်မိသည်။
သူမကရောက်နေပြီဖြစ်ကာ လုယွင်ရွှမ်းက အရေးတကြီးဖြစ်နေသည်ဆိုလျှင် ဆိုးရွားသွားနိုင်ပေသည်။
သူမအနေနဲ့ အလွန်သာမန်ဖြစ်စွာ ၀တ်ဆင် ထားသောကြောင့် အိမ်ရှေ့စံမယ်မယ်၏ အနီးကပ်အစေခံဖြစ်သည်ကို မည်သူမှ သိမည်မဟုတ်ချေ။
“အိမ်ရှေ့စံမယ်မယ် ငါ့ကိုတစ်ခုခု အမှာပါး လိုက်လို့လား”
ဟုန်ရှို့ သူ၏ခန့်ညားသောသွင်ပြင်ကို တစ်ချက်ကြည့်လိုက်ကာ စိုးရိမ်ပူပန်မှုတွေကို သတိပြုမိလိုက်သည်။ သူမ လုယွင်ရွှမ်း၏ ဆုံးရှုံးမှုအပေါ် အနည်းငယ်စိတ်မကောင်းဖြစ် သွားရသည်။
သူမရဲ့သခင်မလေးသာ ရည်မှန်းချက်ကြီးပြီး ထိပ်ဆုံးရောက်ချင်နေခြင်း မဟုတ်လျှင် ချန်နယ်စား၏ ဆက်ခံသူအလောင်းအလျာ ဟာ သူမအတွက် ကောင်းမွန်တဲ့တွဲဖက် တစ်ယောက်ဖြစ်လာနိုင်သည်။
ဆက်ခံသူအလောင်းအလျာမှာ သူမ၏ သခင်မလေးကို တစ်ကယ်ကြိုက်နှစ်သက်ပြီး သူတို့၏ဆက်ဆံရေးအပေါ် မည်သို့သော အမြတ်ထုတ်လိုသည့်အတွေးမှ မရှိချေ။
“မယ်မယ်က လုလျန့်ဝေ့ ထျန်းကျိုးတောင်ကို ရောက်နေတယ်ဆိုတဲ့အကြောင်း သတင်းပါး ခိုင်းလိုက်ပါတယ်။ သူမ ခဏလောက် ပြန်မလာနိုင်လောက်တာကြောင့် အခုက လုပ်ငန်းစဖို့ အချိန်ကောင်းပါတဲ့”
ထိုသည်ကိုကြားတော့ ချန်ကျူပင်း၏မျက်လုံး ထဲ၌ သတ်ဖြတ်လိုသည့်အရိပ်အယောင် ဖြတ်ပြေးသွားသည်။
လုလျန့်ဝေကို သူသတ်ချင်နေတာကြာပြီဖြစ်သဖြင့် အနာဂတ်မှာဖြစ်လာမယ့် ပြဿနာအားလုံးကို အဆုံးသတ်လိုက်တော့ပေမည်။
သို့သော် သူအရင်တစ်ခါပို့လိုက်တဲ့ လုပ်ကြံသူတွေဟာ ရှုံးနိမ့်သွားခဲ့သည်။ အသက်ရှင်ကျန်သူတစ်ယောက်မှ မရှိတော့ပဲ ထို့နေ့က သူတို့ထံမှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို သူလည်းအခုထိရှာမတွေ့သေးချေ။
ကိစ္စတွေဟာထိုမျှမရိုးရှင်းဘူးဆိုတာကို သူအာရုံခံမိသွားကာ ထိုနေ့မှစပြီး လုပ်ကြံသူ တွေအားလုံးကို ရနံ့မွှေးကျောင်းတော်မှ အခြားလျှို့ဝှက်နေရာသို့ ပြောင်းရွှေ့ခဲ့သည်။
ယခင်တစ်ခေါက်လုပ်ကြံမှုကြောင့် ရနံ့မွှေးကျောင်းတော် စစ်ဆေးခံရလိမ့်မယ်လို့ သူထင်နေခဲ့၏။
ရနံ့မွှေးကျောင်းတော်၏အမှောင်ထဲက လုပ်ငန်းများ မပေါ်သွားစေရန် ဆက်စပ်နေသည့်သက်သေအစအနများကို အကုန်ဖယ်ရှားပစ်ခဲ့ပြီး သူကိုယ်တိုင်တောင် စားသောက်ဆိုင်သို့ သွားရောက်ခြင်း မပြုတော့ပေ။
သူထိုအကြောင်းတွေကို လုယွင်ရွှမ်းကို မပြောပြရသေးတာကြောင့် သူမ ဟုန်ရှို့ကို ပို့လိုက်ခြင်းဖြစ်လောက်သည်။
ချန်ကျူပင်း သူ့အားတစ်စုံတစ်ယောက် လျှို့ဝှက်စောင့်ကြည့်နေမည်ကို စိုးရိမ်နေခဲ့ပြီး သူနှင့်လုယွင်ရွှမ်း၏ နီးကပ်သောဆက်ဆံရေးကြောင့် သူမကို ပြဿနာဖြစ်စေမှာကိုလည်း စိုးရိမ်နေခဲ့သည်။
“တစ်ခုခုပြောင်းလဲသွားလို့ လုပ်ကြံသူတွေ မလှုပ်ရှားနိုင်သေးဘူး။ ပြောင်းလဲနေတဲ့ အခြေအနေပေါ်မူတည်ပြီး ငါ့ဘာသာကြည့်လုပ်လိုက်မယ်လို့ မင်းပြန်ရောက်တဲ့အခါ သူမကို ပြန်ပြောပြ လိုက်။ ပြီးတော့ အရေးကြီးကိစ္စမရှိရင် နောက်ဆိုမတွေ့ရအောင်။ ငါတို့ကို တစ်ယောက်ယောက်စောင့်ကြည့်နေတယ်လို့ သံသယရှိနေတယ်”
သူပြောသည်ကိုကြားတော့ ဟုန်ရှို့ ထိတ်လန့် သွားရသည်။
“ကျွန်မဒီနေ့ရှင်နဲ့တွေ့ဖို့ နန်းတော်ကထွက်လာတာ၊ အဲ့တော့ ရှင်ဆိုလိုချင်တာက…”
“ကိစ္စမရှိပါဘူး။ ဒီတိုင်းငါ့စိတ်ထင်ပါ။ မယ်မယ်နဲ့ငါနဲ့မှာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်ဆိုတာထက်ပိုပြီး ဘာမှထပ်တွေးမိမှာ မဟုတ်ဘူး”
ထိုသို့ပြောရင်း ချန်ကျူပင်း မျက်လုံးတွေမှေးကျဉ်းလိုက်မိသည်။
သူပြောတာကိုကြားပြီးတာတောင် ဟုန်ရှို့မှာ အနည်းငယ်စိတ်ပူနေဆဲပင်။
ချန်ကျူပင်းထိုနေရာ၌ရပ်သွားကာ စိုးရိမ်စွာဆက်ပြောလာ၏။
အိမ်ရှေ့စံမယ်မယ် ကိုယ်၀န်ပျက်ကျတဲ့ သတင်းဟာ နန်းတွင်နန်းပြင်အကုန်ပျံ့ကုန်ပြီ ဖြစ်သည်။ ချန်ကျူပင်းဟာတော့ သဘာ၀အလျောက် ထိုသည်ကို ခန့်မှန်းထားမိပြီးသားဖြစ်၏။
ထိုကိစ္စနှင့်ပက်သက်ပြီး လှောင်ပြောင်နေကြ သူများစွာရှိသည်။ သူတို့ပြောကြသည်မှာ လုယွင်ရွှမ်းအနေနဲ့ အိမ်ရှေ့စံမင်းသားကို လက်ထပ်ခွင့်ရတာ ဒီလောက်ကံကောင်း နေတာကို သူကတော့ ပထမဆုံးရတဲ့ကိုယ်၀န် ကိုတောင် ပျက်ကျစေလိုက်သေးတယ်။ အနာဂတ်မှာ သူမအနေနဲ့ ကိုယ်၀န်ရဖို့ ခက်ခဲတော့မှာပဲ ဟူ၍။
ထိုစကားများကို အန်တီလျှို အခြားကိုယ်လုပ်တော်တွေထံပြောနေတာကို သူ မထင်မှတ်ပဲကြားခဲ့ရတာဖြစ်သည်။
ထိုကိစ္စနှင့်ပက်သက်ပြီး အပျော်ဆုံးလူမှာ အန်တီလျှိုသာဖြစ်သည်။ သူမ ထင်နေသည် မှာ သူမသမီးဖြစ်သူက အခုနန်းတော်ထဲမှာ ရှိနေတာကြောင့် အိမ်ရှေ့စံနဲ့နီးစပ်လာနိုင်ပြီး သူမဟာလည်း အနာဂတ်မှာ ဂုဏ်သိက္ခာ မြင့်မားလာတော့မည်ဟုပင်။
သို့သော် သူမသမီးဖြစ်သူက သူမကိုယ်သူမ သာ သဘောကျနှစ်ခြိုက်တဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး လူအများကြား၌ မ၀င်ဆံ့ပေ။ သူမလိုလူက လုယွင်ရွှမ်းလို ဖြူစင်ပြီးအရာရာပြီးပြည့်စုံကာ ကျက်သရေ တင့်တယ်သည့်မိန်းကလေးမျိုးနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။