အခန်း (၃၆၆-၃၆၈)
Vol. 8 Ch. 366-368
Chapter 366: အကြောက်လွန်ပြီး ချွေးအေးတွေပါထွက်လာတယ်
ချန်ကျူပင်း သူမတို့အပေါ်မှာ အထင်သေးတာ ကလွဲပြီး ဘာမှမခံစားရချေ။ ထိုကိုယ်လုပ်တော်တွေနှင့် သူတို့သားသမီး တွေကို သူအမြဲစက်ဆုပ်ရွံရှာခဲ့တာဖြစ်သည်။
ဟုန်ရှို့ သူ့မျက်နှာပေါ်က စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်ကိုမြင်တော့ သူမထံ၌ အတွေးတစ်ခု၀င်လာကာ အကူအညီမဲ့ကာ စိတ်မကောင်းဖြစ်နေဟန်ဖြင့် ပြောလာသည်။
“ကျွန်မတို့ရဲ့အိမ်ရှေ့စံမယ်မယ်က အကောင်းဆုံးကြိုးစားနေခဲ့တာ၊ ဒါပေမယ့် တော်၀င်ကြင်ရာတော်ကျင်းပတဲ့ ပန်းရှုစားတဲ့ ညစာစားပွဲအပြီး နောက်တစ်နေ့မှာ ရုတ်တရက်ကြီး ကျန်းမာရေးကပိုဆိုးလာပြီး အဲ့နောက်တစ်နေ့မှာပဲ… မယ်မယ် ကိုယ်၀န် ပျက်ကျသွားခဲ့တာ”
ချန်ကျူပင်း သူမစကားရဲ့ဆိုလိုရင်းကို သတိပြု မိသွားကာ မျက်ခုံးကိုနှိပ်လိုက်မိသည်။
“အဲ့ပွဲမှာ မယ်မယ့်ကိုထိခိုက်စေလိုတဲ့ တခြား ဘယ်သူတွေရှိသေးလဲ။”
ဟုန်ရှို့သက်ပြင်းချလိုက်ရင်း
“မယ်မယ့်ရဲ့ မြင့်မြတ်တဲ့ဂုဏ်သတင်းကို ထည့်စဉ်းစား တတ်တဲ့ ဘယ်သူကများ အဲ့လိုလုပ်ရဲမှာလဲ။အဲ့လိုဆိုပေမယ့်….”
သူမ ဆက်မပြောရဲဟန် ခဏတာတုန့်ဆိုင်း သွား၏။
ချန်ကျူပင်း ချက်ချင်းဘယ်သူ့ကိုဆိုလိုသည်ကို ခန့်မှန်းမိသွားကာ အံကြိတ်လျက် ပြောလာ သည်။
“ဆက်ခံသူသခင်လေး, ကျေးဇူးပြုပြီး အဲ့လို စကားမျိုးမပြောပါနဲ့။ ဒုတိယသခင်မလုလဲ အဲ့ပွဲမှာရှိတယ်ဆိုပေမယ့်…”
“မင်းဆက်ပြောစရာမလိုတော့ဘူး ငါနားလည်ပြီ။ အိမ်ပြန်လိုက်တော့”
သူဒေါသထွက်နေသည်ကိုမြင်တော့ ဟုန်ရှို့ လည်း ရွေးချယ်စရာမရှိတော့ပဲ နှုတ်ဆက် လိုက်ရသည်။
“ဟုတ်ကဲ့ပါ။ မယ်မယ် သတင်းပါးလိုက်တာကို မှတ်ထားပြီး သခင်လေး အကောင်းဆုံးထင်တဲ့အရာကို ဆက်လုပ်ပါ”
ထို့နောက် အနည်းငယ်မျက်ရည်ဝဲလျက် ဆက်ပြောလာ၏။
“ဒီနေ့အထိ မယ်မယ်က သူနဲ့ဒုတိယသခင်မလုကြားက ညီအစ်မ သံယောဇဉ်ကို တန်ဖိုးထားနေဆဲပါ။ အမှန်တိုင်းပြောရရင် ကျွန်မဒီနေ့ဒီကိုလာတာ မယ်မယ်မသိပါဘူး။ ကျွန်မတို့ အဲ့အကြောင်း ကိုမေ့လိုက်တာပိုကောင်းမယ်။ ကျွန်မ ဒီနေ့ သခင်လေးကို ဘာမှမပြောခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ။ တကယ်လို့ မယ်မယ် ဒီအကြောင်းတွေသိသွားရင် သူ၀မ်းနည်းနေရ လိမ့်မယ်”
သူမပြောတာကိုကြားတော့ ချန်ကျူပင်း ဒေါသထွက်လာရသည်။
လုယွင်ရွှမ်းက ကြင်နာတတ်ပြီး သူ့ညီမ လုလျန့်ဝေကို ဘယ်သောအခါမှ မထိခိုက်စေ လိုတာ သူသိသည်။ သူမကတော့ အခြားလူ တွေအပေါ် အမြဲတမ်းစေတနာထားပေမယ့် သူတို့ကတော့ သူမကိုထိခိုက်စေရန်သာ အစီအစဉ်ဆွဲနေကြသည်။
“ငါနားလည်ပြီ။ သူ့ကိုဒီနေ့အကြောင်း ဘာမှ ပြန်မပြောနဲ့။ လုလျန့်ဝေကို သတ်ဖို့က အခြေအနေကြည့်ပြီး လုပ်လိုက်မယ်”
သူမ တစ်ဖက်လှည့်လိုက်ချိန်၌ မျက်လုံးထဲ၌ တစ်ချက်လက်သွားသည်။
ချန်ကျူပင်းက အိမ်ရှေ့စံမယ်မယ်ကို အရူးအမူးချစ်နေမိတာပဲ။ သူ့နှလုံးသားထဲမှာ သူမက စေတနာထက်သန်ပြီး ကြင်နာတတ် တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး လုလျန့်ဝေကိုသတ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးတဲ့လူတစ်ယောက်လို့ ထင်နေ တာ။ သူ မသိလိုက်တာက လုယွင်ရွှမ်းက လုလျန့်ဝေကို မနာလိုဖြစ်နေပြီး သေလောက် အောင်မုန်းနေတယ်ဆိုတာကိုပင်။ လုလျန့်ဝေ အပိုင်းပိုင်းဖြတ်ခံရပြီး ခွေးစာဖြစ်သွားမှာကို စောင့်မျှော်နေသူဖြစ်သည်။
ဟုန်ရှို့ ချန်ကျူပင်းကို ပြောခဲ့သည်များမှာ လုလျန့်ဝေကို ပိုပြီး ရွံရှာသွားစေရန်ဖြစ်သည် ။ အဲ့လိုသာဆို ထိုမိန်းမနောက်တစ်ကြိမ် ကံမကောင်းနိုင်တော့ပေ။
ဟုန်ရှို့ခန့်မှန်းထားသလိုပင် ချန်ကျူပင်း၏ လုလျန့်ဝေကို သတ်လိုသောဆန္ဒမှာ သူမကြောင့် လုယွင်ရွှမ်း ကိုယ်၀န်ပျက်ကျရ သည်ကိုသိပြီးနောက် ပိုမိုပြင်းပျလာလေ သည်။
သို့သော်ငြား သူဟာပေါ့ပျက်ပျက်နိုင်သောသူ မဟုတ်ချေ။ အရင်တစ်ခေါက် သူမကို လုပ်ကြံလိုက်သောကြောင့် အသိပေးသလို ဖြစ်သွားလေပြီ။ ဒီတစ်ကြိမ် သူအလျင်စလို လုပ်မိလျှင် သူ့အစီအစဉ်ကျရှုံးရုံတင်မကပဲ သူ့ကိုယ်သူပါ ဖော်ထုတ်မိသွားပေလိမ့်မည်။
လုလျန့်ဝေမကြာခင် ဧကရီဖြစ်လာတော့မည် ကို တွေးမိတော့ သူ့ရဲ့လုပ်ကြံသူတွေ အသတ်ခံလိုက်ရခြင်းမှာ ဧကရာဇ်၏စနက် မကင်းနိုင်ပေ။
မဟုတ်ရင် သူ့ရဲ့ထူးချွန်တဲ့လုပ်ကြံသူတွေ အဲ့လိုပျောက်ကွယ်သွားပါ့မလား။
အကယ်၍ ထိုသို့သာဆိုလျှင် အခုကစပြီး သူပိုသတိထားမှရတော့မည်။ တစ်ချိန်ထဲမှာပဲ သူထိုနေ့ကလွှတ်လိုက်သည့် လုပ်ကြံသူတွေ ပြန်မလာတာက ကံကောင်းသည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့်သာ တစ်ခုခု မှားယွင်းနေမှန်း သူသတိထားမိသွားတာ ဖြစ်သည်။ ထိုအချက်ကြောင့်သာ ရနံ့မွှေး ကျောင်းတော်က လုပ်ကြံသူတွေအားလုံးကို သက်သေမကျန်စေရပဲ နေရာရွှေ့ပြောင်းခဲ့ တာပင်။ မဟုတ်ရင် သူ….
ချန်ကျူပင်း ကြောက်လန့်ပြီး ချွေးအေးများ ထွက်လာရသည်။
ဒီဧကရာဇ်က ဉာဏ်နီဉာဏ်နက်များပြီး ခန့်မှန်းရခက်၏။ သူ့လှုပ်ရှားမှုတွေဟာ ကြိုတင်ခန့်မှန်းရခက်ပြီး ရက်စက်သည့် နည်းလမ်းတွေအသုံးပြုဖို့လည်း လက်မတွန့်ချေ။ ချန်ကျူပင်း ထိုအချက်ကို အမြဲထိတ်လန့်နေခဲ့တာဖြစ်သည်။
တကယ်လို့သူသာ အရှင့်ဆီက စောင့်ကြည့်ခံ နေရတယ်ဆိုရင်…
သူလက်သီးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်လိုက်မိကာ အနည်းငယ်ထိတ်လန့်လာရ သည်။
ချူကျီသည် ချန်နယ်စားအိမ်တော် အနောက်တံခါး မှ ဟုန်ရှို့ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
Chapter 367: လုံယန်ရဲ့ချောမောတဲ့ မျက်နှာက အနီရောင်သန်းသွားရတယ်
လုံယန် သူ့အား ဟုန်ရှို့နှင့် ချန်ကျူပင်းကို စောင့်ကြည့်ရန်အမိန့်ပေးလိုက်ကတည်းက တိတ်တဆိတ်စောင့်ကြည့်ရန် မှာလိုက်သည်။
ဒီလိုကိစ္စမျိုးကို သူဒီလောက်မြန်မြန်ရှာတွေ့ လိမ့်မည်ဟု သူမထင်ခဲ့ချေ။
“အရှင်၊ ဒီအစောင့်က အိမ်ရှေ့စံမယ်မယ်ရဲ့ အစေခံနဲ့ ချန်ကျူပင်းတို့တွေ့နေကြတာကို မြင်ခဲ့ပါတယ်”
ထိုသတင်းက လုံယန်အားအံ့ဩမသွားစေပေ။
“အင်း, သူတို့လှုပ်ရှားသမျှကို ဆက်စောင့်ကြည့်နေ၊ တကယ်လို့ လုလျန့်ဝေ ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာပြီဆိုတာနဲ့ ငါ့ကိုသတင်းပေးစရာမလိုပဲ နေရာမှာတင် သတ်ပစ်လိုက်လို့ရတယ်”
“အမိန့်တော်အတိုင်းပါ”
ချူကျီ ထိုသို့ရိုသေစွာဖြေပြီးနောက် အရှင်မင်းကြီးလည်း တော်၀င်စားပွဲမှ လမ်းလျှောက်ထွက်သွားသည်။
အိပ်ဆောင်သို့ခပ်ဖြည်းဖြည်း လျှောက်သွား ကာ ထသွားထလာ၀တ်စုံလဲ၀တ်လိုက်သည်။
အရှင် ဒီတစ်ခါ အပြင်ထွက်တာ လုလျန့်ဝေကိုတွေ့ဖို့ဆိုတာ လူတိုင်းရိပ်မိကြ သည်။
ရက်အတော်ကြာခွဲထားရတော့ သူလည်း လုလျန့်ဝေကို လွမ်းနေပြီဖြစ်သည်။
“နေနေခဲ့ပါ, ချူကျီတစ်ယောက်တည်းကိုပဲ ခေါ်သွားလိုက်မယ်”
လုံယန် သူ့အပြောကို တစ်စက္ကန့်တောင်မစဉ်းစားပဲ ချက်ချင်း ငြင်းဆိုလိုက်သည်။
ကျောက်ချန်မျက်နှာငယ်သွားရ၏။ အရှင့် သဘောထားကို သူခံစားနိုင်သည်။
သို့သော် ထိုသို့ဆိုလျှင်တောင် သူ့၀တ်ရုံထဲက စာအုပ်ကိုထုတ်ကာ ဧကရာဇ်ထံကမ်းပေး လိုက်သည်။
“ကျွန်တော်မျိုး အရှင့်အတွက် ဒီစာအုပ်ကိုရှာလာတာပါ။ အရှင် တစ်ချက် ကြည့်ကြည့်လိုက်ပါဦး”
သခင်က မကြာခင်ထိမ်းမြားတော့မှာဆိုတော့ လုပ်ထုံးလုပ်နည်းတွေကို သေချာမလေ့လာ ထားရင် မင်္ဂလာဦးညမှာ အရှက်ရနိုင်သည် မလား။
သူဟာ အရည်အချင်းရှိပြီး တာ၀န်သိတတ် တဲ့ လက်အောက်ငယ်သားတစ်ယောက် ဖြစ်တာကြောင့် အရှင့်အတွက် ထိုကိစ္စတွေကို ပါ ထည့်စဉ်းစားပေးထားတာဖြစ်သည်။
ဖြန်း လုံယန် စာအုပ်ကိုအမြန်ပိတ်လိုက်ကာ သူ့မျက်နှာမှာလည်း အနီရောင်သန်းသွားရ သည်။
ကျောက်ချန်ပြောတာကိုကြားတုန်းက သူ အဲ့လောက်မတွေးခဲ့မိပေ။ သို့သော် စာအုပ်ကို လှန်ကြည့်ပြီး နည်းနည်းဖတ်ကြည့်လိုက် တော့ သူဆိုလိုတာကို နားလည်သွားရသည်။
သူ့အရှင်ဖြစ်သူ အံကြိတ်ထားတာမြင်တော့ ကျောက်ချန်၏၀ဖိုင့်ဖိုင့်ကိုယ်မှာ တုန်ယင် သွားရသည်။
ထို့နောက် နောက်ပြန်လှည့်မကြည့်ပဲ ထွက်သွားတော့သည်။
ကျောက်ချန် အလွန်စိတ်ဓာတ်ကျသွားရ သည်။ သူအလွန်ခက်ခဲသည့်ရာထူးတွင် နေရာယူရတာပင်။ သူ့နှလုံးသားထဲမှာ သူ့အရှင်ပျော်ရွှင်သာယာဖို့ကသာ ဦးစားပေး ပင်။ မည်သို့ပင်ဆိုစေကာမူ အရှင်ကတော့ သူ့ကိုကြမ်းကြမ်းတမ်းတမ်းသာ ဆက်ဆံသွားလေသည်။
အရင်တစ်ခါက အပတ်နှစ်ဆယ်ပတ်ပြေးပြီး တော့ အလွန်ပင်ပန်းပြီး လဲကျသွားခဲ့ရသည်။ ချူယိမှ သူ့ကိုကြင်နာစွာသယ်လာခဲ့ပေး သော်လည်း သူ့ခန္ဓာကိုယ်ဟာတော့ ရက်အနည်းငယ်အနားယူပြီးမှ ပြန်လည် သက်သာလာခဲ့သည်။
အခု အပတ်သုံးဆယ်ထပ်ပြေးရဦးမှာလား။ သူ့ရဲ့အိုဆွေးနေတဲ့အရိုးတွေက ခံနိုင်ရည် ရှိပါဦးမလား။
ကျောက်ချန်၏ခိုကိုးရာမဲ့နေသည့် အမူအရာ ကို သွားရန်ပြင်နေသည့်ချူကျီ သတိမထားမိ ပဲ မနေပေ။
ထိုစာအုပ်က လုံယန့်ကို အလွန်ဒေါသထွက်စေတာကြောင့် သူ ကျောက်ချန်ကို ပြင်းပြင်းထန်ထန်အပြစ်ပေး သွားတာဖြစ်ရမည်။
ချူကျီ အေးစက်စွာနှာမှုတ်လိုက်မိသည်။ သူ့ကို ကလေးလိုဆက်ဆံတာကို အမုန်းဆုံး ဖြစ်သည်။
ထို့ကြောင့်စိတ်တိုကာ ကျောက်ချန် ခြေထောက်ကိုပိတ်ကန်လိုက်သည်။
ကျောက်ချန်လည်း ဒေါသထွက်သွားရသည်။ ဒီသောက်ကလေးလေးက သူ့ကိုအနိုင်ကျင့်ရဲ တယ်ပေါ့ နောင်များ သူထိမ်းမြားခဲ့ရင် သူ့ကို သင်ထောက်ကူပစ္စည်းတွေ လုံး၀မပေးတော့ ဘူး။ မင်္ဂလာဦးညကျမှ သတို့သမီးရှေ့မှာ အရှက်ရပါစေ ဟမ့်။
ကျောက်ချန်ထိုသို့တွေးရင်း နန်းတော်ကို ပတ်ပြေးလိုက်သည်။ အရှင့်အမိန့်ကိုတော့ သူ မလွန်ဆန်ရဲပေ။
လုလျန့်ဝေ မြို့စားကတော်ဟောင်းကို ထျန်းကျိုး ဘုရားကျောင်းသို့သွားကာ ဘုန်းတော်ကြီး ချင်ကျန်း၏ဘုရားစာရွတ်ဖတ်ခြင်းကို နားထောင်ရန် နောက်ဆုံး၌ ဖျောင်းဖျလိုက် နိုင်သည်။
အစက နယ်စားကတော်မှာ သူမကို တစ်ယောက်ထဲထားခဲ့ရမှာစိုးတာကြောင့် မသွားပဲတောင့်ခံနေခဲ့တာဖြစ်သည်။
သို့သော် သူမချင်ကျန်းကို အလွန်ကြည်ညို ပြီး သူဘုရားစာရွတ်ဖတ်တာကို နားထောင်ရ သည်ကိုနှစ်ခြိုက်ကြောင်း သူမ သိလေသည်။ သို့ရာတွင် သခင်ချန်ကျန်းမှာ အများအားဖြင့် လှည့်ပတ်သွားလာနေပြီး ထျန်းကျိုးဘုရား ကျောင်းတွင် နေခဲသည်။ ဒီတစ်ကြိမ်မှသာ တိုက်တိုက်ဆိုင်ဆိုင် ခရီးကပြန်ရောက်လာ တာဖြစ်သည်။
Chapter 368: လုံယန်ရောက်လာတယ်
အဘွားဖြစ်သူကို သူမကြောင့်နှင့် နောင်တမရ စေချင်ပေ။
သခင်ချင်ကျန်းပြန်လာတယ်ဆိုတဲ့သတင်းရ ထားတာကြောင့် ထျန်းကျိုးတောင်၌ သူနှင့် တွေ့ခွင့်မရသော်လည်း ယုံကြည်သက်၀င်သူ များနှင့်ပြည့်နှက်နေသည်။
မြို့စားကတော်ဟောင်းမှာ သခင်ချင်ကျန်းနှင့် ဆက်ဆံရေးတစ်ချို့ရှိသူဖြစ်တာကြောင့် သူမ အတွက် ခုံနေရာရှိပြီးသားပင်။ သူမကြောင့်နှင့် အဘွားဖြစ်သူ ဤအခွင့် အရေးကို လက်လွှတ်ရလျှင် အလွန်ပင် အရှက်ရစရာဖြစ်သည်။ သူမအနေနှင့် သခင် ချင်ကျန်းကို ထျန်းကျိုးဘုရားကျောင်း၌ ဘယ်အချိန်ပြန်တွေ့နိုင်မလဲဆိုတာ မသေချာ ပေ။
လုလျန့်ဝေ အဘွားဖြစ်သူကို ထျန်းကျိုးတောင်သို့ လိုက်ပို့ပြီးနောက် ဘယ်မှထပ်မသွားတော့ပဲ လုမိသားစု အပန်းဖြေအိမ်တော်သို့ တန်းပြန်လာခဲ့သည်။ ချူကျူကလည်း လုလျန့်ဝေကို သေချာ ကာကွယ်ပါ့မည်ဟု ထပ်ခါထပ်ခါပြောနေတာ ကြောင့် မြို့စားကတော်ဟောင်းလည်း အင်တင်တင် နှင့် သဘောတူလိုက်ရသည်။
မြို့စားကတော်ဟောင်းကို လိုက်ပို့ပြီးနောက် သူမ အပန်းဖြေအိမ်တော်ကို ပြန်လာခဲ့လိုက်သည်။ သို့သော် ထျန်းကျိုးဘုရားကျောင်းမှ ထွက်လာလာချင်း လုံရှောင်နှင့်တိုးတော့သည် ။
လုံရှောင်ဟာ သူ့လက်အောက်ငယ်သားအချို့ နှင့် ယခုမှတောင်ပေါ်တက်လာဟန်တူသည်။ လုလျန့်ဝေကိုတွေ့တော့ ပြုံးပြကာ
လုလျန့်ဝေ သူ့ကိုခေါင်းညိတ်ပြလိုက်ပြီး လျစ်လျူရှုလိုက်ကာ ချူကျူနှင့်ကျူးယွီကို ခေါ်လျက် တောင်အောက်ဆင်းသွားတော့ သည်။
လျစ်လျူရှုခံလိုက်ရတာကြောင့် လုံရှောင် ရှက်ရွံ့သွားရသည်။
ဒုတိယသခင်မလေးလုက ဘာလို့တခြားမိန်းကလေးတွေနဲ့ ဒီလောက် တောင် ကွာခြားနေရတာလဲ။
ထိုမိန်းကလေးတောင်အောက်ဆင်းသွားသည် ကိုကြည့်ရင်း သူ့မျက်လုံးထဲမှ စိတ်၀င်စားမှု ဟာ ပိုလို့မြင့်တက်လာရသည်။
သူမက သူမပုံစံအတိုင်းသာနေနေတာဖြစ်ပြီး ကောလဟလတွေထဲကလို အိမ်ရှေ့စံမယ်မယ်ကို လိုက်အတုခိုးနေခြင်းမျိုး မရှိချေ။
သူကြားထားသည်မှာ ဒုတိယသခင်မလေးလု က အိမ်ရှေ့စံရဲ့ကိုယ်လုပ်တော်ဖြစ်ရဖို့ အတွက် သူ့ကိုယ်သူသိက္ခာကျစေခဲ့သည်ဟု ပင်။ ထိုအကြောင်းရင်းကြောင့် သူမကိုယ် သူမပင် ကြိုးဆွဲချခဲ့သေးသည်ဟုပင်။
သို့သော် သူယခုမြင်နေရသည့် ဒုတိယသခင်မလေးလုဟာတော့ ကောလဟလတွေနှင့် အလွန်ကိုကွဲပြားနေ သည်။
ရှစ်လပိုင်း ၁၅ ရက်နေ့မှ ဧကရီတင်မြှောက်ပွဲ ရှိသည်ဟု သူကြားထားသည်။ ထိုနေ့ရောက် လျှင် သူသည်လည်းနန်းတော်သို့ပြန်ကာ ထိုပွဲကိုတက်ရောက်ရမည်ပင်။
သို့သော်ငြား ထိုမိန်းကလေးမှာတော့ ယခုအချိန်တွင် သူနှင့်မပက်သက်ချင်ပုံပင်။ တော်၀င်မင်းသားတစ်ပါးအနေနဲ့ သူမ အမြင်ကောင်းရစေရန် သူအလွန်အကျွံကြီး ကြိုးစားနေစရာမလိုပေ။
သူ့အနေနဲ့နယ်စားမိသားစုကို သူ့ဘက်မှာ ရှိစေချင်သည်မှာမှန်သော်လည်း မင်းသား တစ်ပါး၏ဂုဏ်သိက္ခာကိုတော့ မကျဆင်းစေလိုပါ။
လုလျန့်ဝေ ကျူးယွီနှင့်ချူကျူတို့နှင့်အတူ တောင်လမ်းတစ်လျှောက်ဆင်းလာလိုက် သည်။
တောင်ပေါ်သို့အလောတကြီးတက်နေကြ သည့် အခြားယုံကြည်သူများစွာရှိနေသေး ကာ သူမတို့ဘေးမှဖြတ်သွားကြသည်။
လုလျန့်ဝေ သူမမျက်နှာကို ပုဝါပါးတစ်ခုဖြင့် အုပ်လိုက်တာကြောင့် အခြားသူများမှာ သူမ၏ ရင်သက်ရှုမောဖွယ်အလှကို မှုန်ဝါးဝါးသာမြင်ရတော့ကာ ဘယ်မိသားစုက မိန်းမပျိုလဲဆိုတာကို မသိနိုင်တော့ပေ။
သူမတို့လုမိသားစု အပန်းဖြေအိမ်တော်ကို ရောက်တော့ အခန်းထဲသွားရန်ပြင်နေတုန်း သစ်ပင်ကိုမှီလျက် ရပ်နေသောလူကိုတွေ့ကာ ကြောင်ငေးသွားရသည်။
ထိုလူဟာ လရောင်ဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး သဖန်းပင်ကိုမှီလျက် ခပ်ဖျော့ဖျော့ပြုံးကာရပ်နေသည်။
ခဏအကြာမှ လုလျန့်ဝေအသိပြန်၀င်လာကာ အံ့ဩတကြီးအော်လိုက်မိသည်။
သူဒီကိုရောက်နေတာ အချိန်အနည်းငယ် ကြာနေတဲ့ပုံပင်။
အခြေအနေကိုအမြန်သတိထားမိတော့ ချူကျူနှင့်ကျူးယွီတို့ ခြေတစ်လှမ်းတိုးကာ အရိုအသေပေးလိုက်ကာ အရှင့်အား လမ်းဖယ်ပေးလိုက်သည်။
လုံယန် လုလျန့်ဝေထံလျှောက်လာရင်း သူမကို ပျော်ရွှင်စွာကြည့်ကာ
“ထျန်းကျိုးတောင်ကို သွားမယ်လို့ ကိုယ့်ကိုလည်းမပြောပါလား။ဘာရည်ရွယ်ချက်နဲ့လဲ။”
လုလျန့်ဝေ နောက်ဆုံး၌နားလည်သွားရသည် ။ သူမဒီကိုရောက်နေခြင်းအတွက် ရှင်းပြတာကို လိုချင်နေတာပင်။
မည်သို့ပင်ဆိုစေကာမူ သူမကတော့ ဒီကိစ္စနှင့် ပက်သက်ပြီးအပြစ်ရှိတယ်လို့ မခံစားရပေ။ ထိုနေ့က သူမတမင်သက်သက်ကို မပြောခဲ့တာပင်။
လုံယန် သူမ၏နဖူးပြင်လေးကို နဖူးတစ်ချက် တောက်လိုက်သည်။
“ဒီလောက်အရေးကြီး တဲ့ကိစ္စကို မေ့သွားတယ်ပေါ့။ ကိုယ်က အဲ့စကားကိုယုံမယ်လို့ ထင်နေတာလား။”
သူမ နဖူးထက်၌နီရဲသွားတာကိုမြင်တော့ သူအမြန်ထိုနေရာကိုလက်မနှင့် ညင်သာစွာ ဖိပွတ်ပေးလိုက်ရင်း သူမအသားအရေမှာ အလွန်နူးညံ့တာနေသဖြင့် စိတ်အနှောင့် အယှက်ဖြစ်စွာ သက်ပြင်းချလိုက်သည်။
“အဲ့တာဆို အရှင်က အမှန်ကိုကြားချင်တာလား ကျွန်တော်မျိုးမရဲ့အလိမ်အညာကို နားထောင်ချင်တာပါလား။”
သူမ နဖူးထက်ရှိ နာကျင်မှုကိုလျစ်လျူရှုလိုက်ကာ လုံယန်၏ လက်ကိုလည်း ဖယ်ရှားလိုက်ပြီး လုလျန့်ဝေ သူ့အားပြန်ကြည့်လိုက်သည်။
လုံယန်၏နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေး သွားရသည်။
“ဒါဆိုရင် ဧကရီကလှည့်ဖျားတယ်ဆိုပြီး အပြစ်မပေးရဘူးနော် အရှင်”
လုလျန့်ဝေ ထိုသို့အမြန်ပြောလိုက်သည်။