အခန်း (၃၆၉-၃၇၁)
Vol. 8 Ch. 369-371
Chapter 369: ဧကရာဇ် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ
“အဲ့တာကက မင်းအပေါ်မူတည်တယ်။ တကယ်လို့ ကိစ္စကပြင်းထန်တယ်ဆိုရင်… မင်းတင်ပါးကို လက်ဝါးနဲ့ရိုက်မယ်”
သူပြောတာကိုကြားတော့ လုလျန့်ဝေ တင်ပါး ပူတက်လာသလိုခံစားလိုက်ရသည်။
သူမ၏ပု၀ါပါးအောက်ရှိမျက်နှာ၌ နီရဲရဲအကွက်လေးနှစ်ကွက်ပေါ်လာရကာ စိတ်ထဲ၌ ကြိမ်းမောင်းလိုက်မိသည်။
“ဒီအရိုင်းတုံးကတော့”
“ဒါဆိုလည်း မပြောတော့ဘူး”
ထိုသို့ပြောကာ လုလျန့်ဝေ သူမပါးစပ်ကို တင်းကျပ်စွာ စေ့ပိတ်ရင်း ထပ်ဖွင့်မလာတော့ပေ။
လုံယန်မှာ သူမအပြုအမူကြောင့် အံ့ဩသွားရ သည်။ ထို့နောက် သူ၏ကြီးမားသော လက်ဖြင့် သူမ၏နုနယ်သောလက်ကလေးကို ဆုပ်ကိုင်ကာ
ဟုဆိုကာ သူမနှင့်အတူ တောင်အောက်ဆင်းလာလိုက်သည်။
“ကိုယ့်ကိုချူကျီပြောတာ ထျန်းကျူတောင် အောက်မှာ မြို့ငယ်လေးတစ်မြို့ရှိတယ်တဲ့။ အဲ့နေရာကလူသွားလူလာလဲများတယ်ဆို တော့ ကိုယ်မင်းကိုခေါ်သွားမလို့လေ”
သူမကိုငြင်းဆန်ရန် အခွင့်အရေးပင် မပေးပဲ လုံယန် သူမကို တောင်အောက်ကို ဆွဲခေါ်သွား လိုက်သည်။
“အရှင်ရှိရင် ဒုတိယသခင်မလေး ဘာမှဖြစ်မှာမဟုတ်ဘူး”
ကျူးယွီ တောင်အောက် ဆင်းသွားသည့်လူနှစ်ယောက်ကိုကြည့်ကာ အနည်းငယ်စိတ်ရှုပ်နေဟန်ဖြင့်ပင်။ အရှင် အနားမှာရှိနေတယ်ဆိုပေမယ့်လည်း သခင်မလေး တစ်ခုခုဖြစ်သွားမှာ သူမ စိုးရိမ် မိသည်။
ဧကရာဇ်က သခင်မလေးကိုတွေ့ဖို့ ဒီလောက် အဝေးကြီးအထိတောင် လာခဲ့ရတာ။ မတော်လို့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။
မြို့စားကတော်ဟောင်းက သူမခြေထောက်တွေကို ရိုက်ချိုးပစ်လိမ့်မည်။
သခင်မလေးရဲ့သစ္စာရှိတဲ့အစေခံတစ်ယောက် အနေနဲ့ သူမအာဏာကိုဖီဆန်ပြီး သူ့သခင်မလေးကိုကာကွယ်ပေးရမယ်။
ထိုသို့အတွေး၀င်လာသည်နှင့် သူမ အံကြိတ် ကာ ချူကျီကိုအဝေးသို့တွန်းထုတ်လိုက်ရင်း သူတို့နှစ်ယောက်နောက် လိုက်သွားရန်ပြင် လိုက်သည်။
သို့သော် သူမနှစ်လှမ်းမျှသာလှမ်းရသေး သည် အနောက်မှချောင်းရိုက်ခံလိုက်ရကာ ခြေထောက်တစ်ဖက်မလှုပ်နိုင်တော့ပေ။
မျက်လုံးထောင့်မှတစ်ဆင့် ချူကျီဟာ အရိပ်တစ်ခုလိုသူမအနောက်တွင်ရပ်နေရင်း သူမကိုဖြတ်လျှောက်သွားသည်ကို မြင်လိုက် ရသည်။ သူ သခင်မလေးနှင့်ဧကရာဇ်တို့နှင့် အတူ တောင်အောက်မဆင်းခင် သူမအား စိုက်ကြည့်သွားလေသည်။
ကျူးယွီမှာ ချက်ချင်းပင် ထိတ်လန့်သွားရ၏ ။ အခုသူမဘာဖြစ်သွားတာလဲ။ ဘာလို့လှုပ်လို့မရတော့တာလဲ။ သူမကို သရဲ၀င်ပူးသွားတာလား။
ထိုအချိန်တွင် သူမအစောကတွန်းထုတ်လိုက် သည့် ချူကျူက ရှေ့တိုးလာကာ အပန်းဖြေအိမ်တော်သို့ သူမကို ပြန်သယ်သွားလိုက်သည်။
ကျူးယွီ ကျိန်ဆဲလိုက်ချင်ပေမယ့် အလွန် ထိတ်လန့်နေတာကြောင့် သူမအသံမထွက်နိုင် ပေ။
ချူကျူ သူမကို အိပ်ရာပေါ်သို့ပစ်ချလိုက် သည်။ ကျူးယွီ သူမကိုကြောက်လန့်တကြား စိုက်ကြည့်နေသည်ကိုမြင်တော့ သူမခဏတာ ရပ်တန့်သွားကာ ကျူးယွီကိုရှင်းပြလိုက် သည်။
“ငါနင့်ကိုမလိုက်သွားနဲ့လို့ပြောသားပဲ။ နင်မှနားမထောင်တာ။ အခုတော့ ကောင်းတယ် ချူကျီ နင့်ရဲ့သွေးလွှတ်ကြော တွေကိုပိတ်သွားပြီ။ သူကလွဲရင် ဘယ်သူမှ ပြန်ဖြေပေးတတ်မှာမဟုတ်ဘူး။ ဒီအချိန် အတောအတွင်း နင်ဒီတိုင်းပဲလှဲနေရမှာ”
“သေချာပေါက် ချူကျီကတော့ နင့်ကိုပြန်ဖြေ ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် အချိန်တစ်ခု ရောက်ရင် သူ့အလိုလိုပြန်ပြေသွားလိမ့်မယ်။ အဲ့တာကြောင့်အရမ်းလဲစိုးရိမ်မနေနဲ့။ နင်လည်းပင်ပန်းနေတာပဲမလား၊ ဒါကို အခွင့်အရေးယူပြီး တစ်ရေးလောက်အိပ်လိုက်”
ဤသည်ဟာ ကျူးယွီအနေနဲ့ ချူကျူဒီလောက်စကားအများကြီးပြောတာကို ပထမဆုံးကြားဖူးခြင်းပင်။ ဒါပေမယ့် အခုတော့ သူမ သူ့လျှာကိုသာ ဖြတ်ပစ်လိုက် ချင်နေသည်။
သူတို့အားလုံးက သူမကိုဝိုင်းအနိုင်ကျင့်နေ ကြတာလား။ သခင်မလေး…
သူမမျက်လုံးထဲ၌ ဒေါသမျက်ရည်တွေ ပြည့်နှက်သွားပေမယ့် သူမလည်း ဘာမှမလုပ်နိုင်ချေ။
မြို့စားကတော်ဟောင်းပြန်လာရင် ဒုတိယသခင်မလေးကိုမစောင့်ရှောက်လို့ဆိုပြီး သူမခြေထောက်တွေကိုရိုက်ချိုးတော့မှာပဲ။
ဝူးဟူး။
…
လုံယန် လုလျန့်ဝေကို လမ်းမကြီးအစာ ဖြတ်လမ်းမှခေါ်သွားကာ တောင်ခြေရှိ မက်မန်းမြို့တော်သို့ရောက်လာကြသည်။
ထိုမြို့ငယ်လေးဟာ ထျန်းကျိုးဘုရားကျောင်းနှင့် နီးသောကြောင့် လွန်စွာသက်၀င်လှုပ်ရှားနေလေပြီး အခြား သောမြို့များကဲ့သို့ ခြောက်ကပ်မနေပေ။ ဘုရားဖူးဧည့်သည်များနှင့် နေရာအနှံ့ပြည့် နေပြီး လမ်းပေါ်ရှိအရက်ဆိုင်များ၌လည်း လူအပြည့်ဖြစ်နေသည်။
လုံယန်၏လက်တွေမှာ အလွန်ခြောက်ကပ် နေပြီး လုလျန့်ဝေမှာ သူမလက်ဖဝါးတွေ တစ်ချိန်လုံးဆုပ်ကိုင်ခံရခြင်းကြောင့် ချွေးတွေရွှဲနေသည်။
ထိုအချိန်မှာ လူသွားလူလာများနေတာမြင် တော့ သူမနောက်ဆုံး၌ လက်ကိုဆွဲထုတ် လိုက်နိုင်သည်။
လုံယန် သူမကိုကြည့်လာတော့ မသိလိုက် မသိဘာသာဖြင့်
“လူတွေအရမ်းများနေလို့”
ဟုသာ ပြောလိုက်လေသည်။
Chapter 370: မင်းကိုယ့်ကို ကလေး ဘယ်နှယောက်မွေးပေးမှာလဲ
သူမပြောတာကိုကြားတော့ လုံယန် ရပ်တန့် သွားကာ သူမအားငုံ့ကြည့်လာသည်။ သူ၏ နက်မှောင်သည့်မျက်၀န်းတွေဟာ သူမမျက်နှာထက်ရှိပုဝါပါးကို ဖောက်ထွင်း ကာ မြင်နေရသလိုပင်။
သူ့အကြည့်အောက်မှာ လုလျန့်ဝေ အနည်းငယ် အနေရခက်လာကာ သူမဘာသာ ဆက်လျှောက်သွားလိုက်သည်။
လုံယန် ပြုံးလျက် နောက်မှလိုက်လာ၏။
ထိုအနေရခက်မှုကနေ မြို့ငယ်လေး၏ မြူးကြွသည့်လေထုကို သူမ ဖြေးဖြေးချင်း ခံစားမိလာသည်။
ဤနေရာ၏သက်၀င်မှုမှာ နန်းမြို့တော်နှင့် မတူပေ။ ဤမြို့လေးရှိလူများမှာ ရိုးရှင်းသောဘ၀တွင်သာနေထိုင်ကြပြီး အလွယ်တကူကျေနပ်လွယ်ကြသည်။
တစ်ဖက်ခြမ်း၌ ပစ္စည်းအတင်အချလုပ်ကာ ဆူညံနေပြီး လမ်းနှစ်ဖက်နှစ်ချပ်လုံး၌ ဈေး၀ယ်သည့်အသံများနှင့်ပြည့်နေလေ သောကြောင့် သူမစိတ်၀င်တစားလိုက်ကြည့် ရင်း ကြာလာတော့ သူမဘေးရှိလူကို မေ့သွားတော့သည်။
သူမခေါင်းလှည့်ကာ ချူကျီကိုကြည့်ရင်း မေးလိုက်မိသည်။
လုလျန့်ဝေ ထိုနေရာကိုကြည့်လိုက်တော့ သစ်သီးတုတ်ထိုးနှစ်ချောင်းကိုကိုင်ထားသည့် လုံယန်ကိုတွေ့လိုက်ရသည်။
လုံယန် သူမထံလျှောက်လာကာ တစ်ချောင်း ကို လုလျန့်ဝေထံကမ်းပေးပြီး နောက်တစ်ချောင်းကို ချူကျီထံကမ်းပေး လိုက်သည်။
ချူကျီအနည်းငယ်တုံ့ဆိုင်းနေပြီးမှ ထိုတုတ်ထိုးကို လှမ်းယူလိုက်သည်။
လုလျန့်ဝေ အနီရောင်သန်းနေသည့် သစ်သီး တုတ်ထိုးကိုကြည့်ကာ ဆွံ့အသွားရပြီး အနည်းငယ်လည်းရှက်ရွံ့သွားရသည်။ သူမက ကလေးတစ်ယောက်မဟုတ်တာ ကြောင့် ထိုအရာတွေမစားတော့ပေ။
လုံယန်မှာ သိသိသာသာကို ခေါင်းရှုပ်သွားရပုံ ပေါ်သည်။
လုံယန် ဘေးမှဖြတ်သွားသောမိန်းကလေးများ ကိုကြည့်ကာ
သူမအထင်မှာ ကွက်တိပင်ဖြစ်သည်။ သူ့မျက်လုံးထဲ၌ သူမဟာ ကလေးတစ်ယောက်ပင်ဖြစ်သည် — သူတို့ ဘေးမှဖြတ်သွားတဲ့ သစ်သီးတုတ်ထိုးကိုင် ထားတဲ့သူတွေထဲမှာ အသက်အကြီးဆုံးဆို လျှင်တောင် ဆယ်နှစ်သာရှိသေးသည်။
ရုတ်တရက် သူမကျီစယ်ဟန်ပြုံးကာ စနောက်သည့်ဟန်ဖြင့် ပြောလိုက်သည်။
“အဲ့တာရှင်အဖေမဖြစ်သေးလို့လေ, တစ်ယောက်လောက်ယူကြည့်လိုက်”
လုံယန်၏မျက်လုံးတွေ အန္တရာယ်ရှိဟန် ကျဉ်းမြောင်းသွားကာ ရုတ်တရက် သူမ အနားချဉ်းကပ်လာသည်။
“ဒါပေါ့, အဲ့တာဆို မင်းကိုယ်တော့်ကိုကလေးဘယ်နှယောက်လောက် မွေးပေးမှာလဲ ဒုတိယသခင်မလေးလု။”
သူလူကြားထဲမှာ ဒီလောက်ထိ အတင့်ရဲလိမ့် မယ်လို့ လုလျန့်ဝေ မထင်ခဲ့ပေ။ သူမနားရွက် နား၌ လုံယန်၏အသက်ရှူငွေ့ကို ခံစားလိုက်မိ တော့ သူမရှက်သွေးဖြန်းသွားရသည်။
ထိုအခါမှ ရှက်ယမ်းယမ်းကာ သူ့လက်ထဲက သစ်သီးတုတ်ထိုးကိုဆွဲယူလိုက်ပြီး ပုဝါစကို မကာ တစ်ချက်ကိုက်လိုက်သည်။
လုံယန် သူမကိုကြည့်နေသည့်မျက်၀န်းမှာ အချစ်တွေပြည့်လျှံနေလေသည်။
အစောကတော့ သူ့ကိုစိတ်ကောက်ပြီး ရင့်ကျက်ဟန်ဆောင်နေပေမယ့် အခုကျတော့ သူစကားနည်းနည်းလေးပြောလိုက်တာနဲ့ သူမ ကရှက်သွားလေသည်။
လုံယန်၏နှုတ်ခမ်းထောင့်စွန်းတွေ မြင့်တက် သွားရသည်။
သူမရှက်နေတာကို အစားစားခြင်းဖြင့် ဖုံးကွယ်လိုက်ရင်း အဆုံး၌ လုလျန့်ဝေ ရှက်နေတာတွေ ပျောက်သွားရသည်။ သူ နောက်တစ်ခါ သူမကို သူ့စကားလုံးတွေနဲ့ တိုက်ခိုက်လာမှာစိုးတာကြောင့် သူမ သူ့ကို ထပ်မဆင်မခြင်မပြောရဲတော့ပေ။
လုံယန် သူမ၏ နူးညံ့သည့် လက်လေးအားဆုပ်ကိုင်ရင်း သူမအား နူးညံ့စွာ မေးလိုက်သည်။
သူ့ပါးစပ်ထဲမှကျန်ရှိနေသည်များကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး မျက်မှောက် ကြုတ်ကာ ပြန်ဖြေလာ၏
လုလျန့်ဝေ ချူကျီအား တိတ်တဆိတ် လက်မ ထောင်ပြလိုက်မိသည်။
ထို့နောက် သူမလက်ထဲရှိ သစ်သီးတုတ်ထိုး အား လုံယန့်ထံပြကာ
သူမ ထိုတုတ်ထိုးကို ဆက်မစားချင်တော့တာ ကြောင့် သူ့ကိုပေးနေမှန်း လုံယန်ရိပ်မိလိုက် သည်။
သို့သော်လည်း တုတ်ချောင်း၌ကျန်ရှိနေသည့် သစ်သီးသုံးလုံးကိုကြည့်ကာ သူ၀မ်းမြောက်စွာ ပြန်ယူလိုက်သည်။
သူ့ပါးစပ်ထဲကို သစ်သီးတစ်လုံးပစ်ထည့် လိုက်တာမြင်တော့ လုလျန့်ဝေ တစ်စုံတစ်ရာ မူမမှန်တာကို ခံစားလိုက်မိသည်။
အပိုင်း (၃၇၁)
ဇောချွေးပျံနေတာကို မသိမသာမြင်နေရတယ်။
သူ(မ) တစ်ကိုက်ကိုက်ကြည့်လိုက်သည်။
“ အဲ့တာကချိုတယ် “
သူ(မ)နားရွက်နားလေးကနေ ထိုယောက်ျားရဲ့အသံဩဩကိုကြားလိုက်ရတာက တစ်ခုခုကို အရိပ်အမြွက်ပေးနေသယောင်ပေါ်သည်။ လုလျန့်ဝေမျက်နှာပူလာပြီး အရှေ့ကို မြန်မြန်လျှောက်သွားကာ မကြားချင်ယောင်ဆောင်လိုက်သည်။
သူ(မ) တကယ်ကို ကိုယ့်သေတွင်းကိုယ်တူးမိသွားသည်ပင်။
“ သခင်ကြီး၊ အထဲကြွပါ .... “
အသံတွေကိုကြားမှ လုလျန့်ဝေ အသိပြန်ကပ်လာပြီး သူ(မ) အနီရောင်ခရိုင်လမ်းကြားထဲရောက်နေမှန်း သိလိုက်ရသည်။ လမ်းဘေးနှစ်ဖက်လုံးမှာ ပြည့်တန်ဆာတွေကရပ်နေပြီး ဧည့်သည်တွေကို ဖြားယောင်းခေါ်နေကြသည်။
သူ(မ)အတွေးတစ်ခုရလာပြီး ရုတ်တရက် အနောက်လှည့်ကြည့်လိုက်သည်။ သေချာပေါက်ကို လုံယန်နဲ့ချူကျီတို့အနားမှာ တကျီကျီဆာနေတဲ့မိန်းမတစ်အုပ်ကိုတွေ့လိုက်ရသည်။
လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက်အသံမြှင့်လိုက်သည်။
“ ယောက်ျား၊ ဘာလို့နှေးနေတာလဲ။ ကလေးကို မြန်မြန်ခေါ်လာခဲ့လေ “
တစ်ဖက်မှာတော့ ချူကျီက မျက်မှောင်ကြုတ်သည်။ ကလေး၊ ဟုတ်လား။ သူ(မ) ဘယ်သူ့ကိုကလေးလို့ပြောနေတာလဲ။
လုလျန့်ဝေ သူတို့ဆီလျှောက်လာပြီး လုံယန်လက်မောင်းကိုဆွဲသည်။
အဲ့ဒီနောက် သူ(မ)တို့လာရာလမ်းဘက်ကို ဦးတည်လိုက်သည်။
သူ(မ) မထွက်သွားခင်မှာ ငေးငိုင်ကြည့်နေတဲ့ချူကျီကိုလှည့်ပြီးပြောဖို့လည်း မမေ့ပေ။
သူ(မ)ကို ဆွံ့အစွာကြည့်ပြီးတဲ့နောက် သူတို့နောက်မှလိုက်ကာ လမ်းကြားကနေထွက်ကြတော့သည်။
လုံယန်မျက်နှာပေါ်မှာ ကျေနပ်နေတဲ့အမူအရာရှိသည်။ သူ့လက်မောင်းပေါ်က သူ(မ)ရဲ့လက်ပေါ် အကြည့်ရောက်တဲ့အခါ မထိန်းနိုင်ဘဲ ခပ်ဩဩရယ်သည်။
သူ့ရဲ့ခပ်နောက်နောက်စကားသံကိုကြားတဲ့အခါ လုလျန့်ဝေ အသိပြန်ကပ်လာသည်။ နည်းနည်းစိတ်တိုသွားပြီး လက်ဖယ်ဖို့လုပ်တဲ့အချိန်မှာဘဲ လုံယန်က သူ(မ)လက်ကိုဖိထားသည်။
လုံယန် ရုတ်တရက်ခေါ်လိုက်ကာ သူ့လေသံဖျော့ဖျော့တွင် စေခိုင်းသည့်အရိပ်အယောင်ပါနေသည်။
သူတို့နောက်ကနေလိုက်နေတဲ့ချူကျီက ချက်ချင်းဘဲတစ်ခြားလမ်းဘက်ကိုလှည့်သွားတော့သည်။
ဒီသခင်နဲ့တပည့်ဘာကြံနေလဲဆိုတာကို လုလျန့်ဝေနားမလည်ဖြစ်နေချိန်မှာဘဲ ရုတ်တရုတ် နံရံနဲ့လုံယန်ကြားရောက်သွားပြီး လုံယန်က သူ(မ)ကိုဖိထားသည်။
သူ့ရဲ့လတ်ဆတ်ပြီး သာယာစရာကောင်းတဲ့ကိုယ်သင်းနံ့က သူ(မ)နှာခေါင်းနားမှာဝေ့နေသည်။ အဲ့ဒီနောက် သူ(မ)ရဲ့မျက်နှာဖုံးကို အဖြုတ်ခံလိုက်ရကာ သူ(မ)မျက်နှာကို လက်ဖြင့်အပင့်ခံလိုက်ရသည်။ လုလျန့်ဝေ ချက်ချင်းအသက်ရှုသံတို့မှားသွားရသည်။
သူ(မ)မယုံကြည်နိုင်ဖြစ်ကာ မျက်လုံးတို့ပြူးကျယ်လာသည်။
ဒီလမ်းကြားကို ဖြတ်သွားတဲ့သူ သိပ်မများပေမဲ့ ဝင်ပေါက်က သူတို့အရှေ့တင်ဖြစ်ပြီး ဘယ်သူမဆို အချိန်မရွေးဝင်လာနိုင်သည်။ ဆောင်ကြာမြိုင်က သူတို့အနောက်တင်ဖြစ်ပြီး အထဲကမိန်းကလေးတွေက ခေါင်းထွက်ကာ သူတို့ကိုကြည့်နေကြသည်။
လုလျန့်ဝေမျက်နှာ ပူသထက်ပူလာပြီး သူ(မ)နှဖူးပြင်မှာ ဇောချွေးပျံနေတာကို အနည်းငယ်မြင်ရသည်။
သူ(မ)ရုန်းကန်နေပေမဲ့ သူ့လက်ကနေ မလွတ်နိုင်ပေ။ တခြားနည်းသုံးပြီးရုန်းဖို့လုပ်နေတုန်းမှာဘဲ လုံယန်က သူ(မ)ကိုလွှတ်ပေးလိုက်တော့သည်။
လုလျန့်ဝေရဲ့ခါးကို လက်တစ်ဖက်တည်းနဲ့သိမ်းကြုံးဖက်လိုက်ပြီး နောက်တစ်ဖက်ကိုမြှောက်ကာ နဖူးပေါ်ကချွေးတွေကိုသုတ်ပေးသည်။
လုံယန်လည်းစကားမပြောသလို လုလျန့်ဝေသည်လည်း ဘာမှမပြောချေ။
သူ(မ)နှုတ်ခမ်းတစ်ဝိုက်မှာ လုံယန်ရဲ့ဝင်သက်ထွက်သက်တို့ကရှိနေသည်။ လုလျန့်ဝေ နည်းနည်းမူးဝေလာတော့သည်။
သူ ဘာလို့ရုတ်တရက်ကြီး ဒီလိုလုပ်လဲ နားမလည်ပေ .......
သူ(မ)ချွေးတို့ကို သုတ်ပေးပြီးတဲ့နောက် လုံယန်မျက်နှာဖုံးကို ပြန်ကောက်ကာ ကူတပ်ပေးလေသည်။
လုလျန့်ဝေ တိတ်တခိုးသက်ပြင်းချလိုက်ပြီး သူ့ကိုတွန်းထုတ်ဖို့ကြံနေတုန်းမှာဘဲ လုံယန်က သူ(မ)နား ကိုယ်ကိုစောင်းလိုက်ပြီး ကပ်ပြောသည်။
လုလျန့်ဝေ ချက်ချင်းရှက်သွေးဖြန်းသွားတော့သည်။ ကံကောင်းစွာဖြင့် သူ(မ)မျက်နှာဖုံးတပ်ထားလေသည်။
သူမ လုံယန်ကို မျက်စောင်းထိုးကြည့်လိုက်ပြီး ထွက်သွားဖို့လှည့်လိုက်သည်။
သို့ပေမဲ့ သူမ ခြေလှမ်းတွေမလှမ်းခင်နိုင်ဘဲ လက်ကောက်ဝတ်ကနေ ဆောင့်ဆွဲခံလိုက်ရသည်။ အဲ့ဒီနောက် အေးစက်စက်အရာတစ်ခုက ရောက်လာလေသည်။
လုလျန့်ဝေရပ်ပြီးလှည့်ကြည့်လိုက်တဲ့အခါ လက်ကောက်တစ်ခုက သူမရဲ့လက်ကောက်ဝတ်ထက်တွင် နေရာယူထားသည်။
ထိုလက်ကောက်က အနီရောင်တောက်တောက်ဖြစ်ပြီး သူမရဲ့အသားအရေကိုပိုပြီးထင်ပေါ်စေသည်။
လုံယန်က သူမလက်ကိုကိုင်ပြီး တစ်ခဏကြည့်ပြီးတဲ့နောက် ပြောသည်။
“ မင်းမှာ နှင်းလိုဖြူတဲ့အသားအရေရှိတာဘဲ “