အခန်း (၃၇၅-၃၇၇)
Vol. 8 Ch. 375-377
အပိုင်း (၃၇၅)
ခံစားရတဲ့အတိုင်းထုတ်ပြောမှာမဟုတ်တဲ့ကောင်မလေး။
လုလျန့်ဝေ သူ့မျက်လုံးကိုကြည့်မိတဲ့အခါ နည်းနည်းကြောက်သွားသည်။ သူ(မ)ခေါင်းငြိမ့်ပြပြီးတဲ့နောက် အပန်းဖြေအိမ်တော်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။
အထဲသို့ ခြေလှမ်းအနည်းငယ်လျှောက်ဝင်ရင်း လက်ကောက်ဝတ်ပေါ်က ဇာမဏီသွေးကျောက်လက်ကောက်ကို ထိနေမိသည်။ သူ(မ) မထိန်းလိုက်နိုင်ဘဲ လှည့်ပြောလိုက်သည်။
“ အပြန်ခရီးလမ်းမှာ ဂရုစိုက်ပါ၊ အရှင်မင်းကြီး “
လုံယန်ရဲ့အဖြေစကားကိုမစောင့်တော့ဘဲ လုလျန့်ဝေ အိမ်တော်ထဲသို့ပြေးဝင်သွားသည်။
ဝင်ပေါက်နေပျောက်ကွယ်သွားတဲ့ကောင်မလေးကို ငေးကြည့်နေရင်း လုံယန် ထိုနေရာမှာဘဲ မတုန်မလှုပ်ရပ်နေမိသည်။
အိမ်ထဲမဝင်သွားခင် ရှက်ရဲရဲဖြစ်နေတဲ့ ထိုကောင်မလေးရဲ့အကြည့်ကို မြင်လိုက်တဲ့အကြောင်းတွေးရင်း လုံယန်နှုတ်ခမ်းမှာ အပြုံးတစ်ခုပေါ်လာသည်။
ဒီကောင်မလေးကတော့ အမှန်တကယ် ခံစားရတဲ့အတိုင်းပြောမှာမဟုတ်ဘူးဘဲ။
လုံယန်သည် နန်းတော်ပိုင်အပန်းဖြေအိမ်တော်မှာရှိတဲ့ ကျယ်ပြန့်တဲ့မြင်းပြိုင်လမ်းကြောင်းကို တွေးမိပြီး မနက်ဖြန် လုလျန့်ဝေကို နန်းတော်ပိုင်အိမ်တော်သို့ခေါ်ပြီး မြင်းပြိုင်ပွဲကို ခေါ်သွားမည့်အကြံပေါ်လာလေသည်။
လုလျန့်ဝေသည် အိမ်ထဲသို့ အသားကုန်ပြေးဝင်သွားသည်။ သူမသည် တံခါးကိုပိတ်ပြီးမှသာ ခြေလှမ်းအရှိန်ကိုလျှော့လိုက်လေသည်။
ထို့နောက် မထိန်းနိုင်ဘဲ ဘယ်ဘက်ရင်ဘတ်ပေါ်ကို လက်ဖိလိုက်ရသည်။ သူ(မ)ရင်တွေ ဗလောင်ဆူနေတာကို ခံစားနေရသည်။
သူ(မ)အခန်းကိုပြန်လာတဲ့အခါ ကျူးယွီက အေးစက်တောင့်တင်းတဲ့မျက်နှာထားနဲ့ထိုင်နေသည်။
သူ(မ)က လုလျန့်ဝေကို ကြိုဆိုတာတောင်မလုပ်ပေ။ ချူးကျူကတော့ လုလျန့်ဝေနားကပ်လာပြီး လက်ထဲက ပစ္စည်းတွေကို ကူချပေးလေသည်။
လုလျန့်ဝေလက်ကောက်ဝတ်က ကျောက်လက်ကောက်ကိုမြင်တဲ့အခါ ချူးကျူမျက်နှာမှာ အားကျတဲ့ရုပ်ပေါ်လာသည်။
လုလျန့်ဝေပြုံးလိုက်သည်။ ချူးကျူက တစ်ချိန်လုံး ယောက်ျားလေးပုံစံဝတ်ထားရပေမဲ့ သူ(မ)ရဲ့နဂိုမူရင်းစိတ်နေစိတ်ထားကိုတော့ မပြင်နိုင်ပေ။
မိန်းကလေးတွေက အသုံးအဆောင်ပစ္စည်းလှလှလေးတွေနဲ့ပတ်သက်လာလျှင် သဘာဝအရ အထိမခံဖြစ်တတ်ကြသည်။
လုလျန့်ဝေ လက်ကောက်ဝတ်ကိုပင့်ပြပြီး ချူးကျူကိုပြသည်။
“ ဟုတ်တယ်နော်၊ ငါလည်းလှတယ်လို့ထင်တယ်။ ဒီလက်ကောက်ကိုတော်တော်လေးကြိုက်တာ “
ချူးကျူတစ်စုံတစ်ခုကို ချက်ချင်းသဘောပေါက်သွားသည်။
လုလျန့်ဝေ ခပ်ပြုံးပြုံးသာလုပ်နေပြီး ဟုတ်ကြောင်းမပြောသလို ငြင်းလည်းမငြင်းပေ။
ချူးကျူကနားလည်သွားပြီးဆက်မမေးတော့ပေ။
“ ဒီတို့ဖူးပုပ်တွေကို နင်တို့နှစ်ယောက်အတွက်ဝယ်လာတာ။ ကျူးယွီနဲ့အတူတူစားလိုက်နော် “
လုလျန့်ဝေက သူ(မ)မျက်နှာအမူအရာကိုသတိထားမိသွားပြီး ခန့်မှန်းကြည့်လိုက်သည်။
“ အရင်ကမစားဖူးဘူးလား။ ချူကျီကဒါကိုကြိုက်တော့ နင်လည်းအကြိုက်တူမယ်ထင်လို့ “
“ တို့ဖူးပုပ်က အနံ့ဆိုးပေမဲ့ ပါးစပ်ထဲကျ အရသာကောင်းတယ်။ စားကြည့်။ မကြိုက်ဘူးဆို အတင်းမစားနဲ့ “
တို့ဖူးပုပ်ကိုမကြိုက်တဲ့ လုံယန်က ဥပမာအဖြစ်ရှိနေသည်။
လုလျန့်ဝေ သူ့ကိုစနောက်လိုက်တဲ့အခါ မြို့ငယ်လေး၌ အန်ထွက်ကုန်တဲ့အကြောင်းတွေးမိသည့်အချိန် သူမ နှုတ်ခမ်းတို့ကော့တက်လာရသည်။ ရယ်စရာကောင်းတယ်လို့ သူမ ထင်မိလေသည်။
ချူးကျူက လုလျန့်ဝေစကားတွေကိုကြားပြီးတဲ့နောက် စက္ကူအိတ်ကိုဖွင့်ဖို့လုပ်နေတဲ့အချိန် အေးစက်တောင့်တင်းတဲ့မျက်နှာထားနဲ့ထိုင်နေတဲ့ကျူးယွီက သူတို့ဆီ ရုတ်တရက်ပြေးလာပြီး ချူးကျူလက်ထဲကစက္ကူအိတ်ကိုလုလိုက်သည်။
ကျူးယွီက စက္ကူအိတ်ကိုဖွင့်ပြီး မြန်မြန်စစားတော့သည်။
မေ့ကြောကိုအရိုက်ခံရပြီး နေ့တစ်ဝက်လုံးအတင်းအိပ်ခံထားရတာကို မမှတ်မိတော့ပေ။
“ သခင်မလေး၊ အရမ်းသဘောကောင်းတာဘဲ။ တို့ဖူးပုပ်ဝယ်လာဖို့သတိရတယ်။ ဒီဟာကအရမ်းကို အရသာရှိ ........ “
ကျူးယွီရဲ့အကဲပိုချီးကျူးစကားကို လုလျန့်ဝေပြုံးလျက်နဲ့သာနားထောင်နေသည်။
တစ်ချို့က တို့ဖူးပုပ်ကိုမကြိုက်ကြပေမဲ့ တချို့ကတော့ အလွန်ကိုနှစ်သက်ကြသည်။
ကျူးယွီနဲ့ သူ(မ)ရယ် ပြီးတော့ အဲ့ဒီခေါင်းမာပြီးအမြဲခပ်ခွာခွာနေတတ်တဲ့ကောင်ငယ်လေး ချူကျီရယ်က ဥပမာဖြစ်သည်။
ကျူးယွီစားနေတာကိုကြည့်ရင်း တို့ဖူးပုပ်က ဘယ်လိုအရသာရှိလဲဆိုတာ ချူးကျူသိချင်လာသည်။
ဘယ်လိုအစားအစာမျိုးမလို့ အနံ့ကနံပေမဲ့ အရသာကတော့ကောင်းနေရတာလဲ။
ထိုအတွေးနဲ့အတူ ကျူးယွီအာရုံမစိုက်နေတုန်း ချူးကျူက ကျန်တဲ့တို့ဖူးပုပ်ကို ယူစားလိုက်သည်။
ဝါးတူနဲ့ညှပ်ပြီး ပါးစပ်ထဲထည့်လိုက်တဲ့နောက် ချူးကျူမျက်လုံးများတောက်ပသွားသည်။
ဒါအရမ်းကိုအရသာရှိတာဘဲ။
ချူးကျူက ကျန်တဲ့တို့ဖူးတုံးတွေကို မရပ်မနားတရစပ်သွပ်နေတာမြင်တဲ့အခါ ကျူးယွီစိတ်လှုပ်ရှားသွားသည်။
Chapter 376: သူစိတ်ဆိုးသွားလိမ့်မယ်
ချူးကျူဟာ အလွန်လျင်မြန်တာကြောင့် ကျူးယွီဘယ်လောက်ကြိုးစားပါစေ သူမထံမှ ပြန်မလုနိုင်ပေ။
လုလျန့်ဝေမှာ သူမတို့နှစ်ဦး နံစော်နေသည့် တို့ဖူးပုပ်ကိုလုနေသည်ကိုကြည့်ရင်း အူတက် အောင်ရယ်နေမိသည်။
“နင်တို့နှစ်ယောက်လုံးတော်သင့်ပြီ။ အဘွား ပြန်လာလို့ နင်တို့နှစ်ယောက်လုနေတာမြင်ရင် အဆူခံနေရမယ်”
ထိုသည်ကိုကြားတော့ ချူးကျူ ကျူးယွီအား ချက်ချင်းတို့ဖူးပုပ်ပြန်ပေးလိုက်သည်။
ကျူးယွီမှာအလွန်ပျော်ရွှင်သွားရသည်။ သို့သော် သူမစက္ကူထုပ်ကိုပြန်ယူလိုက်ချိန်၌ အထဲတွင် တို့ဖူအပိုင်းသေးသေးလေးသာ ကျန်တော့တာကို မြင်လိုက်ရသည်။
ကျူးယွီဒေါသထွက်သွားရသည်။
“ချူးကျူ နင်ဘာလို့အဲ့လောက်အစားကြီးရတာလဲ။ ဒီလောက်သေးသေးလေးနဲ့ ဘယ်သူက စားလို့၀မှာလဲ။”
ချူးကျူ သူမကိုသာမန်ကာလျှံကာကြည့်ရင်း
ချူးကျူ “........”
တကယ်အစားကြီးတာဘယ်သူလဲ။
သိပ်မကြာခင်မှာပဲမြို့စားကတော်ဟောင်းပြန်ရောက်လာခဲ့ကာ ချက်ချင်း လုလျန့်ဝေ အခန်းသို့ရောက်လာခဲ့သည်။
သူမအခန်းထဲခြေချလိုက်သည်နှင့် ထူးဆန်း သည့်အနံ့တစ်ခုကိုရလိုက်၏။
“ဘာအနံ့လဲ။”
လုလျန့်ဝေ မျက်လုံးတစ်ချက်လက်သွားကာ မြို့စားကတော်ဟောင်းထံပြေးဖက်လိုက်သည်။ ထို့နောက် ပါးနပ်စွာပင် ခေါင်းစဉ်ပြောင်း လိုက်၏။
“အဘွား၊ ထျန်းကျိုး ဘုရားကျောင်းမှာ တစ်နေကုန် ဘုရားစာရွတ် တာနားထောင်နေရတော့ ပင်ပန်းနေမှာပဲ။ သမီး ပုခုံးနှိပ်ပေးမယ်လေ”
မြို့စားကတော်ဟောင်းလည်း ထိုကိစ္စနှင့်ပက်သက် ပြီး စိတ်ထဲထားမနေတော့ချေ။ ထို့အပြင် သူမ နောက်တစ်ကြိမ်ထပ်ရှူကြည့်လိုက်တော့ အနံ့မရတော့ပေ။
မြေးဖြစ်သူရဲ့ သူမကိုစိုးရိမ်နေသည်အား ကြားတော့ လုလျန့်ဝေ လက်ကလေးကို ပုတ်လိုက်သည်။ ထို့နောက်ပြုံးကာ
“ဒီအဘွား ကိုအထင်မသေးပါနဲ့။ အဲ့မှာနေ့တစ်၀က်လေး ပဲ ထိုင်ရတာကို ဘာမှမပင်ပန်းဘူး။ ပြီးတော့ သခင်ချင်ကျန်းရဲ့ဂါထာတွေက ဆန်းသစ် တယ်။ တစ်နေ့လုံးထိုင်နားထောင်နေရရင် တောင် ပင်ပန်းမှာမဟုတ်ဘူး”
အဘွားက သခင်ချင်ကျန်းကို အတော်လေး သဘောကျတာပဲ။
“အဘွားကအကောင်းဆုံးပဲဆိုတာ သိပါတယ်။ အခုတော့ ခဏထိုင်လိုက်ဦးနော်”
လုလျန့်ဝေ သူမကိုထိုင်ခုံမှာထိုင်ရန် ကူပေးကာ ပုခုံးကိုနှိပ်ပေးလိုက်သည်။
သို့သော် သူမလက်မြှောက်လိုက်တဲ့အချိန်မှာ ပဲ ကျောက်စိမ်းဖီးနစ်လက်ကောက် တစ်စွန်း တစ်စပေါ်သွား၏။ သူမ အင်္ကျီလက်ကို အမြန်ဆွဲချကာ ကွယ်လိုက်ရသည်။ ဒီလို ဖြစ်လာမယ်မှန်းသိရင် သူမ ထိုလက်ကောက် ကို ချွတ်ထားပါတယ်။
သူမ ဘာမှမလုပ်ထားပေမယ့် လိပ်ပြာမလုံ ဖြစ်နေဆဲပင်။
သူမအဘွားဖြစ်သူက လုံယန်ကို သဘောမကျ တာကြောင့် လုလျန့်ဝေ လုံယန်နှင့်အတူ နေ့တစ်၀က်လောက်လျှောက်လည်နေတာကို သိရင် စိတ်ဆိုးသွားလိမ့်မည်။ ထိုသို့တွေးမိ ပြီး အဘွားဖြစ်သူအပေါ် အနည်းငယ်အပြစ်ရှိ သလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် အန်တီလန် ဂျင်ဆင်းလက်ဖက်ရည်ကိုကိုင်လျက် အခန်းထဲ၀င်လာရာ လုလျန့်ဝေ ၀တ်ရုံလက် ဆွဲချနေသည်နှင့်တိုးတော့သည်။ သို့သော် သူမ ဘာမှပြောမလာပေ။
ဒုတိယသခင်မလေးက မကြာခင် လက်ထပ် တော့မှာဖြစ်ပြီး သူမထံတွင် လျှို့ဝှက်ချက် သေးသေးမွှားမွှားရှိသည်က ဘာမှမထူးဆန်း ပေ။
“တစ်နေကုန် ခြံထဲမှာပဲနေနေရတော့ ပျင်းနေ ပြီလား။”
မြို့စားကတော်ဟောင်းမှာ လုလျန့်ဝေ၏ လှုပ်ရှားမှုကို မမြင်လိုက်ချေ။ သူမ ဂျင်ဆင်း လက်ဖက်ရည်ခွက်ကို မကာ အန်တီလန်ကို ကမ်းပေးလိုက်ပြီး သူမကိုယ်တိုင်လည်း တစ်ငုံသောက်လိုက်သည်။
လုလျန့်ဝေခေါင်းယမ်းပြကာ
“မပျင်းပါဘူး။ ဆေးစာအုပ်ဖတ်နေလိုက်တာ အချိန်တွေ တောင် အကုန်မြန်သွားတယ်”
ထိုသို့ဖြေနေရင်း လုလျန့်ဝေမှာ အပြစ်ရှိသလို ခံစားနေရပြန်သည်။
သူမထံတွင် ဖတ်နေကျဆေးစာအုပ်ပါ ရှိလေသည်။ သို့ပေမယ့် ဒီနေ့ဟာတော့ သူမ တစ်လုံးမှမဖတ်ဖြစ်သောနေ့ပင်။ သူမသည် နေ့တစ်၀က် လောက် အားအားယားယားလျှောက်လည် နေခဲ့ခြင်းဖြစ်သည်။
နန်းတော်ထဲ၌။
ကျီလင်းဟွေ့ ၀ရန်တာတွင်ထိုင်ရင်း လှောင်အိမ်ထဲရှိ ခိုလေးနှင့် ကစားနေခဲ့သည်။
သူမပုံမှာ ပူပင်ကြောင့်ကြမဲ့နေပုံပေါ်သော် လည်း အမှန်တော့ သူမမျက်နှာထက်ရှိ မျက်မှောင်ကြုတ်ထားပုံကိုကြည့်ရင်း သူမ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည်ဆိုတာ ကို ပြောနိုင်သည်။
ခဏကြာတော့ အပြင်ဘက်မှ အဖြူရောင်ခို တစ်ကောင်ပျံ၀င်လာသည်။ ၎င်းဟာ သူ့သခင်ကိုမှတ်မိနေဟန် ကျီလင်းဟွေ့ပုခုံး ထက်၌ နားလိုက်သည်။ ကျီလင်းဟွေ့လည်း ခို၏အမွှေးကိုပွတ်သပ်လိုက်ပြီး ခဏကြာ တော့ သူ့ခြေထောက်မှ စာတိုတစ်စောင်ကို ဆွဲထုတ်လိုက်သည်။
ထိုစာကိုဖွင့်ဖတ်ပြီးပြီးချင်း သူမမျက်နှာ ထက်၌ အလွန်၀မ်းနည်းကာ မယုံကြည်နိုင် သည့်အမူအရာဖြစ်သွားရသည်။
ရှုံးနိမ့်သွားတယ်! သူတို့တကယ်ရှုံးနိမ့်သွား တာလား။
အဲ့လူကမသေသွားတဲ့အပြင် နှင်းပျံလွှား အိမ်တော်ကလုပ်ကြံသူတွေတောင် အရှင်းခံ လိုက်ရသေးတယ်။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက် သလဲ!
သူမကဒီတိုင်းမိန်းမလှလေးတစ်ယောက်ပဲကို နှင်းပျံလွှားအိမ်တော်ကလုပ်ကြံသူတွေက ရှုံးနိမ့် သွားတယ်။ သူ့မှာဘာအစွမ်းတွေများ ရှိနေလို့လဲ။
Chapter 377: လက်ချော်သွားတယ်
သို့သော် ကျီလင်းဟွေ့၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခုပေါ်ပေါက်လာသည်။
သူတို့ရှုံးနိမ့်သွားလဲဘာအရေးလဲ။ ကံကောင်းပြီး ဒီတစ်ကြိမ်လွတ်သွားတယ် ဆိုရင်တောင် နောက်တစ်ကြိမ်တွေကျရင် ကော။
နှင်းပျံလွှားအိမ်တော်ပါလာပြီဆိုတာနဲ့ သူတို့ကို ဘယ်အရာမှရပ်တန့်နိုင်မှာ မဟုတ်ဘူး။
ထိုသို့တွေးပြီး ကျီလင်းဟွေ့ စိတ်အခြေအနေ အဆင်ပြေသွားသည်။ သူမ အဖေ သူမကို ပို့ပေးခဲ့သည့် လက်ကောက်၀တ်ရှိ လက်ကောက်ကို ထိလိုက်ရင်း အဖြူရောင်ခို ကို ပုတ်ပေးလိုက်ကာ
“သွား၊ မင်းသခင်ဆီ ပြန်တော့”
အဖြူရောင်ခိုမှာ သူမစကားကို နားလည် သယောင် တောင်ပံတဖျတ်ဖျတ်ခတ်ရင်း ပျံသန်းသွားတော့သည်။
ခိုအဖြူရောင် အဝေးသို့ပျံသွားတာကို ကြည့်ပြီးမှ သူမအခန်းထဲပြန်၀င်လာလိုက် သည်။
သခင်ချင်ကျန်းဟာ ဘုရားစာများကို ငါးရက် တိုင်တိုင် ရွတ်ဖတ်မှာကြောင့် မြို့စားကတော်ဟောင်းမှာ မနက်စာစားပြီးသည်နှင့် ထျန်းကျိုးဘုရားကျောင်းသို့ ထပ်သွားလေ သည်။
ဤတစ်ကြိမ်တွင်တော့ လုလျန့်ဝေကို လိုက်မပို့ခိုင်းတော့ပဲ အန်တီလန်ကို အဖော်ခေါ်သွားလေသည်။
သူတို့ထျန်းကျိုးတောင်ကိုသွားတော့ လုလျန်ဝေ မဒမ်လင်း၏အခန်းထဲမှ ရှားပါး သည့်ဆေးစာအုပ်တွေကို သွားယူလိုက်သည်။ သူမ ဒီနေ့ကို စာအုပ်ဖတ်ရင်း ကုန်ဆုံးမည်ဟု စဉ်းစားထားသည်။
သို့သော် သူမ နှစ်မျက်နှာသာဖတ်ပြီး စိတ်၀င်စားလာရုံရှိသေး သူမလက်ထဲ၌ ဗလာကျင်းသွား၏။ သူမ၏ဆေးစာအုပ်မှာ တစ်စုံတစ်ယောက်ဆွဲယူသွားခြင်းကို ခံလိုက် ရသည်။
“ဒီလိုသာဆက်ဖတ်နေရင် စာကြမ်းပိုးလေး ဖြစ်တော့မှာပဲ”
လုလျန့်ဝေ ကြောင်သွားရသည်။ သူမခေါင်းမော့ကြည့်လိုက်တော့ လုံယန်ကို မြင်ပြီးလန့်သွားရ၏။ ထို့နောက် အိပ်ရာပေါ်မှ ချက်ချင်းခုန်ထကာ အပြင်ကို စိုးရိမ်စွာ ကြည့်လိုက်သည်။
“ဒီမှာဘာလာ လုပ်ပြန်တာလဲ။ မနေ့ကအိမ်ပြန်သွားပြီ မဟုတ်ဘူးလား။”
သူမစိတ်လှုပ်ရှားနေပုံမှာ အလွန်ချစ်ဖို့ကောင်းသည်ဟု လုံယန်ထင်မိ သည်။ သူ၏နက်ရှိုင်းကာ လျှို့ဝှက်သည့် မျက်လုံးထဲ၌ အပြုံးရိပ်ခပ်ရေးရေးပေါ်လာ ကာ
“စိတ်မပူပါနဲ့၊ မင်းအဘွားက ထျန်းကျိုး ဘုရားကျောင်းကိုသွားပြီ။ ကိုယ်မ၀င်လာခင် သူမရှိတာသေချာအောင်ကြည့်ခဲ့တယ်။ ကိုယ်ဆူညံအောင် မလုပ်ပါဘူး”
သူပြောတာကိုကြားမှ လုလျန့်ဝေ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထို့နောက် သူမခေါင်းလှည့်ကာ သူ့ကို မေးခွန်းထုတ်လိုဟန်ကြည့်လိုက်သည်။
လုံယန် ဆေးစာအုပ်ကိုကိုင်ရင်း သူမအစောက လှဲနေသည့်နေရာ၌ ထိုင်ချလိုက်သည်။
လုလျန့်ဝေ သူပြောလိုက်သည်ကို စဉ်းစား ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“မင်းကကိုယ့်ကို အိမ်ပြန်စေချင်နေတာ မလား။ တကယ်လို့ ကိုယ်သာအဲ့လိုပြောလိုက် ရင် မင်းကိုယ့်ကိုပုန်းနေမှာပေါ့”
လုံယန် အပြုံးခပ်သေးသေးဖြင့် ပြောလာသည်။
သူပဲပြန်မယ်လို့ပြောခဲ့တာပင်။ သူအိမ်မပြန် ဘူးဆိုတာသာ သူမသိခဲ့လျှင် သူ့ကို တကယ် ကြီးပုန်းနေမိမှာပင်။
နန်းတော်ခုံရုံးအတွက် တာ၀န်မဲ့ရာမကျနေ ဘူးလား။
သူမ ဘာမှမပြောပဲတိတ်နေတာကြောင့် လုံယန် သူမလက်ကောက်၀တ်ကိုဆွဲလိုက် သည်။
လုံယန် တစ်စုံတစ်ရာကိုတွေးမိသွားကာ နားလည်သွားပြီး သူမကို ဘာမှထပ်မမေး တော့ပေ။
အသားမာတက်နေသော သူ့လက်ချောင်းထိပ် တွေနှင့် သူမ၏နူးညံ့ချောမွတ်သော လက်ကောက်၀တ်ကို ပွတ်သပ်နေ၏။
လုလျန့်ဝေ တဖြည်းဖြည်းနှင့်ယားလာကာ လက်ပြန်ရုတ်လိုက်သည်။ သူမ သူ့လက်ကို အဝေးသို့တွန်းထုတ်လိုက်သော်လည်း ရုတ်တရက် လုံယန်အားထည့်ကာ ပြန်ဆွဲလိုက် တာကြောင့် သူမသူ့လက်မောင်းတွေကြား လဲကျသွားရသည်။
လုလျန့်ဝေ၏အသက်ရှူနှုန်းတွေမှာ ကမောက်ကမဖြစ်သွားရသည်။ ထို့ကြောင့် သူ့လက်မောင်းတွေကြားမှရုန်းထွက်ကာ နီမြန်းနေသောမျက်နှာဖြင့် လုံယန့်အား ကြည့်လိုက်သည်။
လုံယန် တဟားဟားအော်ရယ်ကာ သူမ ပါးပြင်လေးကို ပွတ်သပ်ရင်း
ရှင့်ကိုဘယ်သူမှမယုံဘူး ညစ်ပတ်တဲ့ လူအိုကြီး။
သူမမျက်နှာနီရဲနေကာ ဒေါသထွက်နေသည် ကို လုံယန်မြင်တော့မှ စနောက်နေသည်ကို ရပ်လိုက်ကာ မတ်တပ်ထပြီး သူမလက်ကို ဆွဲလျက် အပြင်သို့ဦးတည်လိုက်သည်။
“ကိုယ်မင်းကို ပျော်စရာကောင်းတဲ့နေရာ တစ်ခုကို ခေါ်သွားပေးမယ်”
“မသွားချင်ဘူး”
လုံယန်ခေါင်းငုံ့ကာ သူမအား ကြည့်လာသည်။ သူ့လေသံမှာ ဆုံးဖြတ်ပြီးသားပင်။
လုလျန့်ဝေ သူမနှလုံးသားထဲ၌ အေးစက်စက် ရယ်လိုက်ကာ
“ရှင့်ရဲ့ဘယ်ရာထူးနဲ့ ကျွန်မကို လာတောင်းဆိုနေတာလဲ။”