အခန်း (၃၇၈-၃၈၀)
Vol. 8 Ch. 378-380
Chapter 378: အလျင်လိုသွားတယ်
လုံယန်ရပ်တန့်သွားကာ အခြားလက်တစ်ဖက် ကိုမြှောက်ရင်း သူမဦးခေါင်းကိုညင်သာစွာ ပွတ်သပ်လိုက်သည်။
“ကိုယ်က မင်းယောကျာ်းအနေနဲ့ မေးနေတာ”
လုလျန့်ဝေ ထိတ်လန့်သွားရသည်။
သူမထိတ်လန့်သွားသည်ကို အခွင့်ကောင်း ယူကာ လုံယန် သူမခါးကိုဆွဲကိုင်ရင်း အပြင်သို့ပျံထွက်သွားလိုက်သည်။
ချူကျူနှင့်ကျူးယွီထွက်လာချိန်၌ သူတို့ မရှိတော့ပေ။
“အရှင် သခင်မလေးကို ဘယ်ခေါ်သွားတာလဲ။”
ကျူးယွီမှာတော့ ပုံမှန်အတိုင်းစိုးရိမ်နေဆဲပင်။
ချူကျူဘာမှပြောမလာပါ။
ထို့ကြောင့်ပဲ ကျူးယွီမှာအနည်းငယ်၀မ်းနည်း သွားရပြီး
“နင်က သခင်မလေးကို လုံး၀ စိတ်မပူဘူးပဲ။ အဲ့တာများ ဒီကိုဘာလာလုပ် နေသေးလဲ။”
ချူကျူဟာတော့ သူမနှင့်မငြင်းခုံချင်ပေ။ ထို့ကြောင့်လှည့်ထွက်လာလိုက်ကာ သူမကို တစ်ယောက်တည်းဒေါသတွေနှင့် ထားခဲ့လိုက်သည်။
လုလျန့်ဝေ တော်၀င်အပန်းဖြေအိမ်တော်ကို ရောက်မှ ထျန်းကျိုးတောင်မှာ ဒီလိုနေရာမျိုး ရှိတယ်ဆိုတာကို သတိထားမိတော့သည်။ ဤနေရာဟာ ယာယီအပန်းဖြေအိမ်တော်နှင့် ပင် တူနေလေသည်။
လုလျန့်ဝေ သူမရှေ့ရှိမြင်းပြိုင်ကွင်းကြောင့် အံ့ဩသွားရသည်။ သူမ ဒီလောက်ကြီးတဲ့ မြင်းပြိုင်ကွင်းမျိုး ပထမဆုံးမြင်ဖူးတာ ဖြစ်သည်။
လုလျန့်ဝေ ထိုမြင်းကိုမြင်တော့ အနည်းငယ် ဆွဲဆောင်ခံလိုက်ရသည်။ ဤမျှကျယ်ပြော သည့်ကွင်းပြင်မှာ မြင်းစီးရမှာက အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းသည်။
ထိုသို့ပြန်ဖြေရင်း သူမခါးကိုထိန်းကိုင် ကာ မြင်းပေါ်တက်နိုင်ရန် ကူညီပေးလိုက် သည်။
လုလျန့်ဝေ သူ့လက်ဖဝါးပြင်၏နွေးထွေးမှုကို လျစ်လျူရှုရန် အကောင်းဆုံးကြိုးစားလိုက် သော်လည်း သူမခါးနေရာ၌ ဓာတ်လိုက်သလို ကျင်တက်သွားရလေသည်။
လုံယန် သူမကိုမြင်းစီးရန်အခွင့်အရေးပေး ထားတာကြောင့် သူမသူ့ကိုမငြင်းဆန်နေ တော့ပေ။
ထို့နောက် မြင်းဇက်ကြိုးကိုဆွဲကိုင်လျက် စတင်ထွက်ခွာရန်ပြင်လိုက်ချိန်တွင် ရုတ်တရက်ကြီး လုံယန်သူမနောက်မှ တက်လာလေသည်။
သူတို့နှစ်ဦး၏ခန္ဓာကိုယ်တွေနီးကပ်နေသော ကြောင့် သူမမသက်မသာဖြစ်လာရကာ ခန္ဓာကိုယ်ဟာလည်း တောင့်ခဲနေတော့သည်။
သူမထိုအရာကိုလျစ်လျူရှုဖို့ကြိုးစားလိုက် သော်လည်း လုံယန်က ဆင်းသွားမယ့် အမူအရာမပြတော့ မထိန်းနိုင်ပဲ ထုတ်ပြော လိုက်မိသည်။
“ဒီမြင်းပြိုင်ကွင်းမှာ မြင်းတစ်ကောင်ထဲရှိတာတော့ မဟုတ်ဘူးမလား။”
လုံယန်၏နှုတ်ခမ်းထက်၌ လှည့်ဖြား လိုသောအပြုံးတစ်ပွင့်ပေါ်လာကာ ဂရုမစိုက် ဟန်ဖြင့်ပြန်ဖြေလာသည်။ ထို့နောက် သူမအားအနောက်မှသိုင်းဖက်ကာ မြင်းဇက်ကြိုးကိုဆွဲကိုင်လိုက်သည်။
သူကဧကရာဇ်ဆိုတာနဲ့ ဒီလိုဗြောင်ကျကျ လိမ်လို့ရတယ်ပေါ့။
ဒီလောက်ကျယ်တဲ့မြင်းပြိုင်ကွင်းကြီးမှာ မြင်းတစ်ကောင်ပဲရှိတယ်ဆိုတာ သူမတော့ လုံးဝ မယုံချေ။
“ကိုယ်မင်းကိုခေါ်သွားပေးမယ်။ အဲ့တာဆို ကိုယ်တို့အတူ မြင်းစီးလို့ရပြီ”
လုံယန် သူ့လက်မောင်းထဲ၌ဖက်ထားသည့် မိန်းမငယ် လေးကို ငုံ့ကြည့်လိုက်သည်။ သူ့စိတ်အခြေ အနေအလွန်ကောင်းနေ၏။
သူ့အသက်အရွယ်ကြီးနဲ့ လုံယန်စနောက်နိုင်နေ သေးဦးမယ်လို့ သူမ မထင်ခဲ့ပေ။
သူမသာ ဒီထက်ပိုငယ်လျှင် သူ့ရဲ့စနောက်မှု ကြောင့် သူမဒူးတွေခွေကျသွားနိုင်သည်။
“မင်းကကိုယ့်ရဲ့သတို့သမီးလောင်းလေ။ မင်းကိုကိုယ်နဲ့အတူစီးခိုင်းတာ ဘာမှမမှားဘူး”
“အရှင့်ရဲ့နိမ့်ကျတဲ့အစေခံက တကယ်အကူအညီမလိုအပ်ပါဘူး”
လုလျန့်ဝေ သူ့အားခပ်တင်းတင်း ပြန်စိုက်ကြည့်လိုက်သည်။
သူက ဧကရာဇ်အာဏာပြလာမှတော့ သူမ ဘာထပ်ပြောနိုင်ဦးမှာလဲ။
လုံယန် သူမစကားနှင့်သူမ ချုပ်မိသွားအောင် လုပ်လိုက်နိုင်သည်ကိုမြင်တော့ ပြုံးလိုက်ကာ မြင်းဇက်ကြိုးကိုဆွဲရင်း အရှိန်မှန်မှန်နှင့် သွားစေလိုက်ကာ မြင်းပြိုင်ကွင်းကို တစ်ပတ် ပတ်လိုက်သည်။
အစကတော့ လုလျန့်ဝေ မသက်မသာဖြစ်ကာ တောင့်တင်းနေခဲ့ပေမယ့် အရှိန်မြန်လာသည် နှင့်အမျှ သူမ ဖြည်းဖြည်းချင်း သက်သာလာ ရသည်။
လုံယန်မြင်းစီးရာ၌တကယ်တော်တာကိုတော့ သူမလက်ခံရမည်။
သို့သော် အပတ်အနည်းငယ်ပတ်ပြီးတော့ လုလျန့်ဝေနောက်ကျောမှာ စိုရွှဲလာရသည်။ ယနေ့၌ နေအလွန်ပူကာ အကြိမ်အနည်းငယ် ပတ်စီးပြီးနောက် အပူဒဏ်ကြောင့် သူမ ချွေးတွေစိုရွှဲလာနေပြီပင်။
ထိုအရာကိုသတိထားမိတော့ လုံယန် မြင်းကို ချက်ချင်းရပ်တန့်လိုက်သည်။ ထို့နောက် လက်ကိုင်ပုဝါတစ်ထည်ထုတ်ကာ သူမကို ချွေးသုတ်ပေးလိုက်သည်။
လုလျန့်ဝေ သူ့လက်ထဲမှ လက်ကိုင်ပုဝါကို ယူလိုက်ကာ ထိုလက်ကိုင် ပုဝါက သူမဟာဟုထင်လိုက်သော်လည်း သူမဟာမဟုတ်နေပေ။ ထိုလက်ကိုင်ပုဝါဟာ သန့်ရှင်းပြီးသိမ်မွေ့သည့်ရနံ့ရှိကာ လုံယန်၏ လက်ကိုင်ပုဝါဖြစ်နေသည်။
Chapter 379: ခပ်အုပ်အုပ်အသံနဲ့ သက်ညှာပေးဖို့တောင်းဆိုတယ်
လုလျန့်ဝေ ထိုလက်ကိုင်ပုဝါနှင့် သာမန်ကာ လျှံကာသုတ်လိုက်ကာ ချက်ချင်းပြန်ပေးရန် ပြင်လိုက်သည်။ သို့သော် သူမချွေးတွေ ပေကုန်တာကြောင့် ထိုသို့လုပ်ရန်မသင့်တော် ပေ။
“ကျွန်မလျှော်ပြီးရင် ရှင့်ကိုပြန်ပေးမယ်”
လုံယန် မြင်းပြိုင်ကွင်းဘေး၌ရှိနေသည့် တောထဲသို့ ဦးတည်လိုက်သည်။ တောအုပ်ထဲ ၌ နေမပူတာကြောင့် ပိုအေး၏။
လုံယန် မြင်းကိုခပ်ဖြည်းဖြည်းနှင်ရင်း ခေါင်းယမ်းလိုက်ကာ
“မင်းဘာလို့ ကိုယ့်အပေါ်မှာ အခုထိ ယဉ်ယဉ်ကျေးကျေး ပြောနေရတာလဲ။ ကိုယ်တို့လက်ထပ်ပြီးရင် တောင် ဒီလိုပဲတလေးတစားပြောနေတော့ မလို့လား။”
လုလျန့်ဝေလည်းပဲသိချင်မိသည်။ သူမ တစ်ခုခုပြောရန်ပြင်လိုက်ပေမယ့် လုံယန် ဖြတ်ပြောလာသည်။
လုံယန်၏သွယ်လျသည့်လက်ချောင်းတွေဟာ သူမပါးပြင်၌ချွေးဖြင့်ကပ်နေသည့် ဆံနွယ်ကို ဖယ်ရှားပေးရင်း သက်ပြင်းချကာ အကူအညီ မဲ့စွာပြောလာသည်။
“ဝေဝေ”
“အင်း။”
လုလျန့်ဝေ သူ့အားလှည့်ကြည့်လိုက် သည်။
“ကိုယ်ကမင်းရဲ့အထက်လူကြီးမဟုတ်ဘူးလေ။ ကိုယ်နဲ့စကားပြောတဲ့အခါ တလေးတစားပြောနေစရာမလိုပါဘူး”
သူမသူ့ကိုလေးစားတဲ့အသုံးအနှုန်းနှင့် ယဉ်ကျေးစွာပြောလာတိုင်း သူမသူ့ကို အထက်လူကြီးအနေနဲ့ဆက်ဆံနေတယ်လို့ ခံစားရစေကာ စိတ်မကောင်းဖြစ်စေသည်။
ထိုသို့အသေးအမွှားကိစ္စလေးကို သူဒီလောက် စိတ်ထဲထားနေလိမ့်မယ်လို့ လုလျန့်ဝေ မထင်ထားခဲ့ပေ။
သူကဧကရာဇ်တစ်ပါးဖြစ်တာကြောင့် တလေးတစားခေါ်ဝေါ်ရတာကို သူမအနေနှင့် နေသားကျနေပြီဖြစ်တဲ့အပြင် သူမထက်လဲ အသက်အများကြီးကြီးကာ ပုံမှန်အတိုင်း ဆက်ဆံမိလျှင် အတော်လေးမယဉ်ကျေးရာ ကျပေလိမ့်မည်။
“အဲ့လိုလုပ်ရင် မယဉ်ကျေးရာကျမှာပေါ့”
လုလျန့်ဝေ သူမစိတ်စနိုးစနောင့်ဖြစ်ရသည် ကို ရှင်းပြလိုက်သည်။
“ကိုယ်ကမင်းခင်ပွန်းပါ၊ မင်းရဲ့ အထက်လူကြီးမဟုတ်ဘူးလေ။ ကိုယ့်အနား ဆို အရမ်းဂရုတစိုက်ပြုမူနေစရာ မလိုပါဘူး”
လုလျန့်ဝေ သူ့ကိုအနည်းငယ်အံ့ဩစွာကြည့် လိုက်မိသည်။ သူမ သတိမထားလျှင် ဤခေတ်ရှိလူတွေက သူတို့ရာထူးတွေနှင့် ပက်သက်လျှင် သူတို့ကိုယ်သူတို့ အဆင့် အတန်းမြင့်မြင့်သတ်မှတ်ထားကြတာပင်။ သူတို့ဇနီးဖြစ်သူ သူတို့ကိုမလေးမစားပြုမူ တာကို ကြိုက်ကြမှာမဟုတ်ပေ။
လုံယန်ကျမှ ဘယ်လိုလုပ်ပြောင်းပြန်ဖြစ်သွား ရတာလဲ။ သူဆို ဧကရာဇ်ဆိုတဲ့ခေါင်းစဉ်အပို တောင်ရှိနေသေးတယ်။
သူ၏ပြတ်သားသည့်အမူအရာကိုမြင်တာနဲ့ အတည်ပေါက်ပြောနေသည်ဆိုတာကို သူမ နားလည်လိုက်သည်။
“ကောင်းပါပြီ”
သူမ၀တ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။
လုံယန်သူမသဘောထားကိုဖတ်ကြည့်လိုက် ကာ သူ၏ဗာဒံစေ့သဏ္ဍာန်မျက်လုံးများ ကျဉ်းမြောင်းသွားရကာ ရုတ်ခြည်းပြောလာ သည်။
“ကျွင့်ကျီ၊ အဲ့တာကိုယ့်နာမည်”
လုလျန့်ဝေ တအံ့တဩကြည့်လိုက်မိသည်။
“နောက်တစ်ခါ ကိုယ်တို့နှစ်ယောက်ပဲရှိတဲ့ အချိန်တွေဆို အဲ့နာမည်ကိုခေါ်လို့ရတယ်”
လုံယန် သူမဆံပင်တွေကို ပွတ်သပ်ကာ ပြောလိုက်သည်။
ထို့နောက် အသံခပ်နိမ့်နိမ့်ဖြင့်ပြောလာ၏။
“မင်းကိုယ့်ကိုအဲ့လိုခေါ်တာကြားချင်တယ်”
လုလျန့်ဝေ ရုတ်တရက်ကြီးထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။
အဲ့တော့ သူ့နာမည်အရင်းက လုံကျွင့်ကျီပေါ့…
သူမ ပါးစပ်ကထိုနာမည်ကိုခေါ်ဖို့ ခက်ခဲနေ၏။
လုံယန် သူမမျက်နှာနီရဲလာသည်ကိုတွေ့ကာ အပူကြောင့်များလား သူတွန်းအားပေးမိသွား လို့များလားဆိုပြီး စဉ်းစားမိလိုက်သည်။ ထို့ကြောင့် အသံနှိမ့်ကာ သူမကိုပြန်ချော့ လိုက်သည်။
“လိမ္မာပါကွာ၊ ကိုယ် မင်းအဲ့လိုခေါ်တာလေး ကြားချင်လို့”
လုလျန့်ဝေ နဖူးထက်၌ချွေးပျံလာ၏။
ထိုနာမည်က အလွန်ရင်းနှီးနေ၏။ သူမ ထုတ်မခေါ်နိုင်ပေ။
လုံယန်ဟာလည်း အလွန်စိတ်ရှည်၏။ သူထပ်ပြီးမတိုက်တွန်းတော့ပဲ သူမ၏ လက်ကောက်၀တ်ကိုသာ ထပ်ခါထပ်ခါ ပွတ်သပ်နေတော့သည်။ ထိုသည်မှာ သူမနှလုံးသားကို အကောင်တစ်ကောင် ကောင် ကုတ်ခြစ်နေသလိုပင်။ ထိုယားယံ သည့်ခံစားချက်က သူမကိုလွှမ်းမိုးသွားသည် ။
သူမမျက်နှာတစ်ပြင်လုံးနီရဲနေကာ အစက သူမ သည်းခံနိုင်သေးပေမယ့် ကြာလာတော့ မခံနိုင်တော့ပေ။ သူမရွေးချယ်စရာမရှိတော့ ပဲ ခပ်အုပ်အုပ်အသံဖြင့် သက်ညှာရန် တောင်းခံလိုက်သည်။
“ယားအောင်မလုပ်နဲ့ တော့။ ကျွန် … ကျွန်မ … ကျွင့်ကျီလို့…. ခေါ်မယ်!”
လုလျန့်ဝေ အသက်ပင်မရှူနိုင်တော့ပေ။
လုံယန်လည်း မခံမရပ်နိုင်ဖြစ်လာကာ သူမကို လွှတ်လိုက်ပြီး ထိုအစား သူ့လက်မောင်းတွေ ထဲပွေ့ဖက်လိုက်သည်။
လုလျန့်ဝေ ထိတ်လန့်နေကာ မလှုပ်ရဲပေ။ သူမမျက်နှာဟာ သူ့လက်မောင်းတွေကြား၌ နစ်မြုပ်နေပြီး သူ့ကိုယ်သင်းနံ့ဟာ သူမ အသိစိတ်ကိုဝါးမျိုသွားသည်။
လုံယန်၏ပြင်းပျသည့်ကြီးစိုးခြယ်လှယ်မှု အောက်မှာ သူမအသိစိတ်တွေ လွှမ်းမိုးခံလိုက်ရသည်။
နောက်တစ်နေ့တွင်တော့ သူမအဘွားနှင့် အတူ ထျန်းကျိုးတောင်သို့လိုက်သွားရန်သာ တိတ်တဆိတ်ဆုံးဖြတ်လိုက်တော့သည်။ ဘုရားစာရွတ်တာကိုနားထောင်ရတာက ပျင်းစရာကောင်းတယ်ဆိုပေမယ့် သူမ သွားချင်သည်။
သူမ တိတ်သွားတာကိုမြင်တော့ လုံယန် ခေါင်းကိုက်လာရပြန်သည်။ သူ… သူမကို ထပ်ခြောက်လှန့်မိသွားတာလား။
သူ မင်္ဂလာရက်ရွေးမိသည်ကို တိတ်တဆိတ် နောင်တရလာရသည်။ ထိုထက်ပိုစောသည့်ရက်ကို ရွေးခဲ့သင့်တာပင်။
လုမိသားစု အပန်းဖြေအိမ်တော်၌။
ချူကျီရုတ်တရက်ပေါ်လာတာကို ချူကျူ မအံ့ဩမိပေ။ သို့သော် ကျူးယွီဟာတော့ သူ့နောက်ကျောဘက်ကိုကြည့်ရင်း လုလျန့်ဝေကိုမမြင်တော့ စိုးရိမ်ပူပန်စွာ မေးလာသည်။
“သခင်မလေးက ဘာလို့ပြန်မလာတာလဲ။”
Chapter 380: သခင် ဒုတိယ သခင်မလေးကို တောအုပ်ငယ်လေး ဆီ ခေါ်သွားတယ်
“ဒုတိယသခင်မလေးရဲ့အ၀တ်တစ်စုံလောက် ထုပ်ပေးပါ”
ချူကျီ ကျူးယွီ၏မေးခွန်းကို လျစ်လျူရှုလိုက်ကာ လိုရင်းကိုသာ ပြောလိုက်၏။
သူ့စကားကြားတော့ ကျူးယွီ ချက်ချင်း မျက်လုံးပြူးသွားရသည်။
“သခင်မလေးက ဘာလို့အကြောင်းမရှိပဲ အ၀တ်လဲဖို့လိုရတာလဲ။”
ချူကျီအနည်းငယ်စိတ်အနှောင့်အယှက်ဖြစ် သွားကာ
“အဲ့တာကိုငါကဘယ်လိုလုပ်သိမှာလဲ။”
“ရှင် အရှင့်ဘေးကနေ အနီးကပ်လိုက်သွား တာမဟုတ်ဘူးလား။”
“သခင်က ဒုတိယသခင်မလေးကို တောအုပ် ငယ်လေးဆီခေါ်သွားတာ။ ငါသူတို့နောက်ကို မလိုက်သွားဘူး”
ချူကျီ ထိုသို့ပြောပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူလည်းပဲ နားမလည်ချေ။ ဘာလို့သူ့သခင်က အဲ့တောထဲသူနဲ့အတူ မလိုက်ခိုင်းရတာလဲ။
သူပြောတာကိုကြားတော့ ကျူးယွီ ချက်ချင်း ဆိုးရွားသည့်ခံစားချက်တစ်ခုရလိုက်သည်။
အရှင်က ချူကျီကို အကြောင်းပြချက်တစ်ခု ပေးပြီး ပြန်လွှတ်လိုက်ပြီးတော့ သူကတော့ သခင်မလေးကို တောအုပ်ထဲခေါ်သွားတယ်။ သူ သခင်မလေးကို တစ်ခုခုလုပ်မလို့များလား။
ကျူးယွီ ရုတ်တရက် သူမကမ္ဘာကြီးပြိုကျ သွားသလို ခံစားလိုက်ရသည်။
ဘာလို့အရှင်က ဒီလိုလုပ်ရတာလဲ။ သူက သန့်ရှင်းပြီးဖြူစင်တယ်မဟုတ်ဘူးလား။ သူက သခင်မလေးကို ထိပါးချင်နေတာလား။
မြို့စားကတော်ဟောင်းသာ ဒီကိစ္စကိုသိသွားရင် ကျူးယွီရဲ့ခြေထောက်တွေကို ရိုက်ချိုးရုံတင် မကဘူး မြို့စားအိမ်တော်ကနေတောင် နှင်ထုတ်ခံရနိုင်သည်။
ကျူးယွီ သူမအနာဂတ်ကိုတွေးမိပြီး ငိုမိလုနီးပါးဖြစ်သွားရသည်။
ကျူးယွီအတွေးထဲလွင့်မျောနေကာ သူမ ကမ္ဘာထဲ၌သာတည်ရှိနေသည်ကို ချူကျူ မြင်တော့ လုလျန်ဝေ၏အ၀တ်အစားကို သူမ ကိုယ်တိုင်သာထုပ်ပိုးပေးရန် ပြင်လိုက်သည်။
ချူကျူအတွက် အ၀တ်တစ်စုံရှာရတာ အနည်းငယ်တော့ခက်ခဲသည်။ သူမ ချူကျီထံ ကမ်းပေးလိုက်တော့ ကျူးယွီက ကြားထဲမှ ဆွဲလုသွား၏။
“အရှင်က သခင်မလေးကို စားလိုက်ပြီလေ။ ကျွန်မကိုယ်တိုင်လိုက်ပြီး သခင်မလေးကို ပြုစုပေးရမှာပေါ့၊ ကျွန်မကိုငြင်းဆန်ရင် အဲ့တာစည်းကျော်တာပဲနော်”
ချူကျီနှင့်ချူကျူ တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာကြည့်လိုက်မိသည်။ ကျူးယွီက ထူးထူးဆန်းဆန်းတွေ ပြောနေ တာပဲ။ သူတို့သခင်က လူရိုင်းတစ်ယောက်မှ မဟုတ်တာ ဒုတိယသခင်မလေးကို ဘယ်လို လုပ်စားမှာလဲ။
ချူကျီ သူမ၀င်ရှုပ်နေတာကြောင့် အချိန်တွေ နောက်ကျကုန်တာကို သတိပြုမိတော့ သူ သခင့်ကိုစိတ်ပျက်အောက် မလုပ်ချင်ပေ။ ထို့ကြောင့် ကျူးယွီထံမှ ၀တ်စုံကိုဆွဲလုကာ ခုန်ပျံလာလိုက်သည်။
“နင်ပျံနိုင်တယ်ဆိုတာနဲ့ နင့်ကိုယ်နင် သိပ်တော်နေတယ်လို့ ထင်နေတာလား။”
တော်၀င်အပန်းဖြေအိမ်တော်၌ ရေပူစမ်း တစ်ခုရှိ၏။ လုလျန့်ဝေ ရေပူစမ်းထဲ၌ ခနလောက်ထိုင်ပြီး သဘောကျနေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ သာယာကြည်နူး ဖွယ်ကောင်းသော စောင်းတီးသံတစ်သံ ပျံ့လွင့်လာသည်။ သူမ ထိုသီချင်းသံ၌ တဖြည်းဖြည်းပျော်၀င်သွားရသည်။
လုံယန်ဟာ စောင်းကိုကောင်းမွန်စွာတီးခတ်နိုင် သူဖြစ်သည်။ ထိုသံစဉ်မှာ ညင်သာစွာ ရေစီးဆင်းသွားသကဲ့သို့ သူမနားအား ရိုက်ခတ်လာသည်။
လုံယန် ရုတ်တရက်ဇွတ်၀င်လာမည်ကို သူမ လုံး၀မစိုးရိမ်ပေ။
သူအကြိမ်အနည်းငယ်ခန့် စည်းကျော်ခဲ့သော် လည်း နမ်းသည်ထက်မပိုခဲ့ပေ။ သူသာ တကယ်ကြီးစည်းမစောင့်တဲ့လူတစ်ယောက် ဆိုလျှင် နမ်းရုံနှင့်ပင်ရပ်လိုက်မှာမဟုတ်ချေ။
လုလျန့်ဝေ အပြင်ဘက်မှစောင်းသံကို နားထောင်ရင်း အိပ်ချင်လာရကာ တစ်မှေး အိပ်ပျော်လုနီးပါးဖြစ်နေသည်။
သို့သော် သူမ အခုအိပ်ပျော်သွားလို့မဖြစ်ချေ ။ထို့ကြောင့် သူမကိုယ်သူမ သတိပေးကာ နိုးနိုးကြားကြားဖြစ်အောင် နေလိုက်သည်။
ခဏကြာတော့ စောင်းသံရပ်သွားကာ ပိတ်ကားနောက်မှ ခြေသံ တစ်ချို့ကြားလိုက် ရသည်။ (ပိတ်ကားဆိုတာက နန်းတွင်းကား တွေထဲမှာမြင်ရတဲ့ အခန်းထဲမှာ လူမမြင်ရအောင်ကန့်ထားတဲ့ ခေါက်တံခါး လေးပါ)
“ဝေ့ဝေ့ ကိုယ်မင်းအတွက်၀တ်စုံကို စားပွဲပေါ် တင်ပေးခဲ့တယ်နော်”
လူတစ်ယောက်၏အက်ရှရှအသံဟာ ပိတ်ကားနောက်ကွယ်မှ ပျံ့လွင့်လာ၏။ လုလျန့်ဝေ၏အိပ်ချင်စိတ်များမှာလည်း ချက်ချင်းပျောက်ကွယ်သွားရသည်။
ခြေသံထွက်ခွာသွားမှ သူမ ရေထဲကနေ ထွက်လာလိုက်သည်။
သူမရေပူစမ်းထဲမှထွက်ကာ ပိတ်ကားနောက် ကိုသွားလိုက်ပြီး အပြင်ဘက်သို့တစ်ချက် ချောင်းကြည့်ကာ ဘယ်သူမှမရှိတာကိုမြင်မှ လက်ဆန့်ထုတ်လိုက်ပြီး ၀တ်စုံကိုယူကာ ၀တ်ဆင်လိုက်သည်။
အခန်းအပြင်၌ လုံယန်၀ရန်တာကိုမှီရင်း စောင့်ဆိုင်းနေခဲ့သည်။
သူဟာ အတွင်းအားအလွန်ကောင်းတဲ့အပြင် လက်ဖျားခါလောက်သည့်အကြားစွမ်းရည် လည်းရှိတာကြောင့်အခန်းထဲရှိ လှုပ်ရှားမှုတိုင်းကို သူကြားနိုင်၏။
သူမရေထဲကထွက်လာကာ အ၀တ်အစား ၀တ်လိုက်သံကိုကြားနေရသည်။
သူ၏နက်မှောင်ကာလျှို့ဝှက်တတ်သည့် မျက်လုံးတွေမှာ ပိုလို့ပင်နက်မှောင်သွားရ သည်။
သူခပ်ကြာကြာမနေပဲ ချက်ချင်းလှည့်ထွက် လာလိုက်သည်။
ထိုအချိန်တွင် ချူကျီအပြင်ဘက်မှ အမြန် ပြေး၀င်လာ၏။ လုံယန်ကိုတွေ့တော့ စာအိတ် တစ်အိတ်ကို အမြန်ကမ်းပေးလိုက်သည်။
စာထဲ၌ပါရှိသည့်အကြောင်းအရာကို ဖတ်ပြီး နောက် လုံယန်မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် စာကိုစာအိတ်ထဲပြန်ထည့်လိုက်တော့ သည်။
လုလျန့်ဝေ သူမကိုယ်သူမ သန့်ရှင်းပြီးနောက် အခန်းထဲမှထွက်လာလိုက်သည်။ ထို့နောက် လုံယန်ကိုမတွေ့လို့လိုက်ရှာရင်း သိပ်မဝေးသည့် ၀ရန်တာထောင့်တစ်နေရာ၌ ထိုသူ့အားတွေ့လိုက်ရသည်။