အခန်း (၃၈၁-၃၈၃)
Vol. 8 Ch. 381-383
Chapter 381: ရုတ်တရက် ဖွင့်ဟ ၀န်ခံခြင်း
သူလည်း အခုမှရေချိုးသန့်စင်ပြီးသည့်ပုံပင်။
အစိမ်းနုရောင်၀တ်စုံကိုလဲ၀တ်ထားကာ ရေချိုးပြီးစရနံ့လေးသင်းနေသည်။
“ကိုယ်မင်းကိုပြန်လိုက်ပို့မယ်”
လုံယန် ထိုသို့ ပြောရင်း သူမထံလျှောက်လာကာ သူမလက် ထဲ၌ခေါက်ထားသည့် ၀တ်ရုံကိုလွှဲယူလိုက် သည်။
“ကျွန်မဘာသာသယ်နိုင်ပါတယ်”
လုလျန့်ဝေ သူ့ကိုတားလိုက်ချင်သည်။ ထို၀တ်စုံဟာ သူမ လဲ၀တ်ထားသည့်၀တ်စုံဖြစ်ပြီး ချွေးနံ့တွေ ဖြင့် ညစ်ပတ်နေသည်။
သို့သော်လုံယန်ဟာတော့ စိတ်ထဲရှိဟန်မပေါ်ပဲ သူမလက်ထဲမှ အတင်းအကျပ်လုသွားသည်။ ထို့နောက် သူမ၏လက်တစ်ဖက်ကိုဆုပ်ကိုင် ကာ တံခါးဘက်သို့ဦးတည်လျက်
“သွားစို့”
လုလျန့်ဝေလည်း သူ့နောက်ကလိုက်ရုံသာ တတ်နိုင်တော့သည်။ သူမကို ဘာလို့ အိမ်ပြန် လိုက်ပို့ချင်တာလဲဆိုတာမေးလိုက်ချင်ပေမယ့် မမေးဖြစ်လိုက်ပေ။
“မြို့တော်ကနေ အရေးကြီးစာတစ်စောင်ရောက်လာတယ်။ ကိုယ်အချိန်ရှိမှ မင်းကိုနောက်တစ်ကြိမ် ထပ် လာတွေ့မယ်နော်”
သူပြောတာကိုကြားတော့ လုလျန့်ဝေ မျက်လုံးများမှာလခြမ်းကွေးသဏ္ဍာန် တွန့်ကွေးသွားကာ
“ကောင်းပြီလေ”
ဒီကောင်မလေးက သူ့ကိုအိမ်မြန်မြန်ပြန်စေ ချင်နေတယ်ဆိုတာကို သူသိခဲ့သင့်တာ။ သူမ သူ့ကိုမခွဲချင်ဘူးလို့ ဘာလို့များတွေးမိသွားပါ လိမ့်။
အဲ့လိုဆိုရင်တောင် သူလုံး၀စိတ်ထဲမရှိပေ။ သူမလက်ချောင်းလေးတွေကို ဖျစ်ညှစ်လိုက် သည်။
သူတို့နှစ်ဦး လုမိသားစု အပန်းဖြေအိမ်တော် ကိုရောက်တော့ လုလျန့်ဝေကို သူမအခန်းထံ ပြန်လိုက်ပို့ပေးကာသူမပါးပြင်လေးကို ပွတ်သပ်ရင်း သတိပေးလိုက်သည်။
သူထွက်သွားတော့မည်ကိုမြင်တော့ သူမ ရုတ်တရက် သူ့၀တ်ရုံစကို လှမ်းဆွဲလိုက်မိ သည်။ ထို့နောက် သူမ၏ရွှန်းစိုလှပသော မျက်လုံးဝိုင်းကြီးများနှင့်ကြည့်ကာ
“အရှင့်ရဲ့ နိမ့်ကျတဲ့အစေခံကလည်း အရှင့်ကို ဂရုစိုက်ပါလို့ မှာချင်ပါတယ်”
လုလျန့်ဝေ နှုတ်ခမ်းကိုက်လိုက်မိကာ သူ၏ ပြင်းထန်သည့်အကြည့်အောက်၌ ရွေးချယ် စရာမရှိပဲ သူမစကားကိုပြန်ပြင်ပြောလိုက်ရ သည်။
ထိုအခါမှ လုံယန်ကျေနပ်စွာပြုံးကာ သူမ ဦးခေါင်းလေးကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့၀တ်ရုံလက်ကိုကြည့်ရင်း မျက်လုံးတွေမှေးကျဉ်းသွား၏။
လုလျန့်ဝေ ထိုအရာကိုသတိထားမိသွားတော့ သူမလက်ကိုအမြန်လွှတ်လိုက်သည်။ သူမ အပြုအမူအတွက် နောင်တရရင်း အနောက်သို့ နည်းနည်းစီဆုတ်သွားလိုက် သည်။
လုံယန်၏နှုတ်ခမ်းတွေတွန့်ကွေးသွားကာ ချစ်မြတ်နိုးဟန်ဖြင့်ပြောလာသည်။
လုလျန့်ဝေ ထိုသည်ကိုကြားတော့ သူ့ထံပြန် လှည့်လာကာ
လုံယန်ခေါင်းညိတ်ပြကာ ထွက်ခွာရန် ပြင်လိုက်သည်။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် ထပ်မံရပ်တန့်သွားပြန် သည်။
လုလျန့်ဝေ ထိုသည်ကိုမြင်တော့ သူမ ရှုပ်ထွေးနေသောအကြည့်ဖြင့်
“ဘာဖြစ်လို့လဲ။”
လုံယန် သူမထံပြန်လှည့်လာကာ သူမကို စိုက်ကြည့်ရင်း
လုလျန့်ဝေဟာတော့ ဘာမှမသိပေ။ သူ ဒီမှာတစ်ခုခုမေ့ကျန်နေခဲ့ လို့များလား။
ထိုသို့တွေးမိပြီး သူမခေါင်းငုံ့ကာ သူ့လက်ကိုင်ပုဝါကိုရှာနေချိန်တွင် ထိုလူဟာ တော့ ရုတ်တရက် သူမထံချဉ်းကပ်လာကာ သူမပုခုံးတွေကို ဆွဲကိုင်လာသည်။
ထို့နောက်တွင်တော့ သူမသိလိုက်သည်မှာ သူမမျက်နှာဆွဲပင့်ခံလိုက်ရပြီး ထိုလူ၏ ကြည်လင်သည့်ရနံ့မှာ သူမအသိစိတ်များ အားလုံးကို လွှမ်းမိုးသွားတော့သည်။
လုလျန့်ဝေ မျက်တောင်တဖျတ်ဖျတ်ခတ် လိုက်မိ၏။ သူတို့အစောလေးကမှ တောအုပ် လေးထဲမှာ နမ်းခဲ့ကြသေးတာလေ။
ဒါက ဒီလူပြောတဲ့ သူတစ်ခုခုမေ့နေတယ် ဆိုတာလား။
လုံယန် သူ့လက်မောင်းတွေထဲရှိ မိန်းကလေး ၏ ရှုပ်ထွေးနေသောမျက်နှာလေးကို ကြည့်လိုက်သည်။ သူ ခဏတာတွေးဆပြီး နောက် နဂိုကကြံရွယ်ထားသောရည်ရွယ် ချက်ကို ချက်ချင်းပြောင်းလဲလိုက်မိကာ နဖူးပြင်ကိုသာ တစ်ချက်နမ်းလိုက်ပြီး အက်ရှရှအသံဖြင့်
လုလျန့်ဝေ၏နှလုံးသားလေး တုန်ယင်သွားရ သည်။ လုံယန်၏ဆန္ဒပြင်းပျကာ တောက်လောင်နေသည့်မျက်၀န်းတွေကို ကြည့်ရင်း သူမ အနည်းငယ်ထိတ်လန့်လာရ သည်။
လုံယန်၏ရှည်လျားသည့်လက်ချောင်းတွေဟာ သူမ၏ပန်းရောင်သန်းနေသည့်မျက်နှာလေး ကိုပွတ်သပ်ရင်း အသံခပ်နိမ့်နိမ့်ဖြင့် ပြောလာ ခဲ့သည်။
“ကိုယ်မြို့တော်က ထွက်လာတုန်းက ဒီလောက်မြန်မြန်ပြန်ရလိမ့်မယ်လို့ မထင်ထားဘူး… မင်းကိုလမ်းမှာတင် သတိရ နေမှာစိုးတယ်”
ထိုရုတ်တရက်ဖွင့်ဟ၀န်ခံမှုမှာ လုလျန့်ဝေကို ရှက်ရွံ့စွာအနီရောင်သန်းသွားစေသည်။ သူမ စိတ်ထဲ၌ပေါ်လာသည့်အတွေးစများကို အမြန်စုစည်းလိုက်ကာ ပြန်လည်မေးမြန်း လိုက်၏။
သို့သော် သူ့နှလုံးသားထဲ၌ ခါးသက်စွာ ရယ်နေမိသည်။ ဘယ်တုန်းကစပြီး သူက ဒီလောက်အလွမ်းသယ်တတ်တဲ့သူ ဖြစ်သွားရတာပါလိမ့်။
သူတကယ်ကြီး သူမနဲ့ဒီလိုမျိုးစကားတွေကို ပြောနေမိတာပဲ။
သူမမျက်လုံးထဲရှိ စိုးရိမ်သည့်အရိပ် အယောင်ကိုမြင်တော့ သူသေသေချာချာ ထပ်ရှင်းပြလိုက်သည်။
“အရင်မင်းကြီး လက်ထက်တုန်းက တန့်ကျွယ်နဲ့ နိုင်ငံရေးအရ လက်ဆက်လိုက်ရတဲ့ ကိုယ့်အစ်မတော် တစ်ယောက်ရှိတယ်။ တန့်ကျွယ်မှာ နိုင်ငံတော် ပုန်ကန်မှုဖြစ်တော့ ငြိမ်းချမ်းရေးလိုလားတဲ့ ကိုယ့်ယောက်ဖတော်အသတ်ခံလိုက်ရတယ်။ ကံကောင်းစွာနဲ့ ကိုယ့်အစ်မတော်နဲ့ကလေးက ကိုယ်အဲ့မှာလွှတ်ထားတဲ့သူလျှိုတွေဆီကနေ အကယ်ခံလိုက်ရတယ်။ အစ်မတော်က ဒီနှစ် တွေအတွင်းမှာ အများကြီးခံစားခဲ့ရတာ ဆိုတော့ ကိုယ်ကိုယ်တိုင် သူတို့ကိုသွားကြို ချင်လို့”
Chapter 382: အဲ့လိုကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး
လုံယန်ပြောတာကိုကြားပြီးနောက် လုလျန်ဝေ နှလုံးသားတင်းကျပ်သွားရကာ သူ့ကို ဖြောင်းဖျမနေတော့ပဲ
“ဒါဆို ရှင်ပိုပြီးဂရုစိုက် ရမယ်နော် ဒါနဲ့…”
သူမတစ်စုံတစ်ရာကို သတိရသွားကာ အမြန်ပြန်လှည့်လာကာ ပစ္စည်းတစ်ချို့ယူလာပြီး သူ့အားကမ်းပေး လိုက်သည်။
“ဒါတွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်”
လုံယန်သူမထံမှ ဘရိုကိတ်အိတ်ကလေးကို ယူကာ အပြုံးတစ်ပွင့်နှင့်သူမအားကြည့်လိုက် သည်။
“ကိုယ့်ကိုစိုးရိမ်နေတာလား။”
လုလျန့်ဝေ အနည်းငယ်ရှက်သွားရသည်။ သူမပေးတဲ့ပစ္စည်းက သူ့ကိုယ်ခံပညာနဲ့ ယှဉ်လိုက်ရင် ဘာမှအသုံးမ၀င်ချေ။ ထိုသို့ တွေးမိသွားပြီးနောက် ပြန်ယူရန်ပြင်လိုက် သည်။
လုံယန် သူမလက်ကိုရှောင်လိုက်ကာ ထိုအိတ် ကလေးကို သူ့ခါး၌ချည်လိုက်ရင်း
“ပေးပြီးသားပစ္စည်းကို ဘာလို့ပြန်ယူရတာလဲ။”
“ရှင်မလိုလောက်ဘူးထင်လို့”
“လိုရင်လည်းလိုမှာပေါ့ ကိုယ့်ရဲ့ဧကရီလေးကပေးတာပဲကို။ ကိုယ် မသုံးဖြစ်ရင်တောင် အဲ့တာလေးကို ကိုယ်နဲ့ အတူသယ်သွားဦးမှာ”
သူမ ရုတ်တရက်ကြီးတွန်းလာမယ်လို့ မထင်ထားတာကြောင့် လုံယန် အနည်းငယ် ယိုင်သွားရသည်။ သူ့ကိုယ်သူတည်ငြိမ် အောင် ပြန်လုပ်လိုက်ပြီးနောက် သူမလက်ကို ဆွဲကာ စနောက်လိုက်သည်။
လုလျန့်ဝေ သူမလက်ကိုပြန်ရုတ်ရင်း ပြောလိုက်သည်။ သူ့ခါးထက်၌ချိတ်ဆွဲထား သော အိတ်ကလေးကိုကြည့်ရင်း
“ကျွန်မ ဒီတစ်ခါ ဆေးလုံးလေးတွေထဲမှာ မေ့ဆေး ပမာဏအများကြီးထည့်ထားတယ်။ ရှင်ပစ်တဲ့အခါ အဲ့တာတွေကို မရှူမိစေနဲ့ဦး”
လုံယန်သူမကိုအပြုံးတစ်ပွင့်နှင့် ငေးကြည့်နေဆဲဖြစ်သည်။ သူ့နှလုံးသားထဲရှိ လေးလံမှုဟာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
“ဒုတိယသခင်မလေး ကျွန်တော့်ကိုတခြားမှာချင်တာ ရှိသေးလား ခင်ဗျ။”
သူ သူမကိုထပ်စနောက်နေပြန်တာကို မြင်တော့ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းယမ်း ပြလိုက်ကာ
လုံယန်၏ မျက်လုံးတွေမှာ တလက်လက်တောက်ပနေ လေသည်။
လုလျန့်ဝေ သူမအကြည့်ကို နှိမ့်ချ လိုက်ကာ ခနလောက်စဉ်းစားပြီးနောက် ဦးညွှတ်ကာဂါရ၀ပြုလိုက်သည်။
“ဒါဆိုလည်း အရှင့်ရဲ့နာခံတတ်တဲ့အစေခံက ခရီးစဉ်မှာအန္တရာယ်ကင်းဖို့ မျှော်လင့်ပါတယ် လို့ မပြောလိုက်သင့်ဘူးလား။”
လုံယန် သူမကိုလွှတ်ပေးလိုက်တော့သည်။ သူထပ်ပြီးအချိန်ဆွဲနေလျှင် သွားနိုင်တော့မှာ မဟုတ်ပေ။
ထို့နောက် နောက်ဆုံးတစ်ကြိမ် သူမအား ကြည့်ကာ သူ့ကိုယ်သူထိန်းချုပ်လျက် လှည့်ထွက်လာလိုက်သည်။
အချိန်ခဏလေးပဲရှိသေးတာတောင် သူ သူမ ဘေးမှမခွဲနိုင်ပေ။ သူမထံမှာ မှော်အတတ် တစ်ခုခုရှိနေတာဖြစ်ရမည်။
ဒီအသက်အရွယ်မှာ သူမနဲ့တွေ့ခွင့်ရခဲ့တာကို သူတကယ်ကျေးဇူးတင်မိသည်။
သူသာဒီထက်နည်းနည်းပိုငယ်နေမယ်ဆိုရင် သူ့ကိုယ်သူထိန်းချုပ်နိုင်မှာမဟုတ်ချေ။
လုံယန်ထွက်သွားပြီးနောက် ချူကျူနှင့် ကျူးယွီချက်ချင်း၀င်လာ၏။
ကျူးယွီအခန်းထဲ၀င်လာတော့ သူ့သခင်မလေးဖြစ်သူ စားပွဲထက်၌ သတိလက်လွတ်ထိုင်နေသည်ကို မြင်လိုက်ရ သည်။
အရင်တုန်းက မမလေးတစ်ခါမှ ဒီလိုမဖြစ်ဖူး ပါဘူး, ဒီနေ့ပြန်လာတော့မှ ဘာလို့ဒီလောက် စိတ်သောကရောက်နေတဲ့ပုံဖြစ်နေရတာပါ လိမ့်။
ချူကျီ အ၀တ်ပြန်လာယူသွားတာကို သတိရ လိုက်ကာ သူမသခင်မလေး၏ လက်ရှိအပြု အမူနှင့်ဆက်စပ်ကြည့်လိုက်တော့ သူမ ချက်ချင်းစိုးရိမ်လာရသည်။
မမလေးရဲ့အပျိုစင်ဘ၀က ဧကရာဇ်ဆီ ပါသွားပြီလား။
(T/N - သူဆိုသည်မှာလည်း တွေးချင်ရာတွေး😆)
ကျူးယွီ ထိုသို့စိတ်ပူနေချိန်မှာ လုလျန်ဝေ ရုတ်တရက်ချူကျူအားကြည့်ကာ မေးလာ သည်။
သူမ ဘာလို့ဒီမေးခွန်းမေးရသလဲဆိုတာ ချူကျူသိချင်မိသည်။
သူမ တိတ်ဆိတ်နေတာကိုမြင်တော့ သူမ မသိလောက်ဘူးထင်တာ လုလျန့်ဝေ မမေး တော့ပဲနေမလို့လုပ်နေချိန်တွင် ချူကျူ ပြန်ဖြေလာ၏။
“တန့်ကျွယ်က သတ္တိရှိပြီး နေရာအနှံ့လှည့်လည်နေထိုင်နေကြတဲ့ လူမျိုးစုတစ်ခုဖြစ်တဲ့အပြင် စစ်ပွဲဘုရင်တွေ။ အရင်ဧကရာဇ်ရဲ့စည်းမျဉ်းတုန်းက ကျွန်မတို့ နယ်စပ်ကို ခနခနလာတိုက်ပြီး တိုက်ပွဲလာစ လေ့ရှိတယ်”
“အဲ့တုန်းက ရှန်းမင်းဆက်က အခုလောက်ထိ အင်အားမကြီးသေးဘူး။ စစ်ပွဲကြောင့် လူအမျောက်အမြားသေဆုံးခဲ့ရပြီး ပြည်သူ တွေလည်း စိတ်ဆင်းရဲခဲ့ကြရတယ်။ စစ်ပွဲ ကြောင့်ပြည်သူတွေထိခိုက်ကြရတာကို မလိုလားတော့တာကြောင့် အရင်ဧကရာဇ်က ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းလာခဲ့တယ်။ အဲ့တာကြောင့်ပဲ လက်ရှိဧကရာဇ်ရဲ့ အစ်မတော်ဖြစ်တဲ့ သတ္တမမင်းသမီးနဲ့ မဟာမိတ်အဖြစ် လက်ထပ်ထိမ်းမြားခဲ့တာ”
Chapter 383: အများကြီး ခံစားခဲ့ရမှာပဲ
သတ္တမမင်းသမီးအကြောင်းပြောပြရမယ် ဆိုရင် ချူကျူလို အေးစက်တဲ့လူတောင် သူမကိုမလေးစားပဲမနေနိုင်ပေ။
“အဲ့အချိန်တုန်းက မဟာမိတ်အတွက် တန့်ကျွယ်နဲ့လက်ထပ်မယ့် ဧကရာဇ်ရဲ့ အစီအစဉ် သတင်းပြန့်လာတော့ တခြား မင်းသမီးတွေအကုန်ကြေက်လန့်သွားကြပေမယ့် သတ္တမမင်းသမီးတစ်ယောက်ပဲ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တာ။ အဲ့တုန်းကဆို သူမအသက် ၁၅နှစ်ပဲရှိသေးတယ်။ တော်၀င် အမိန့်ပြန်တမ်းထွက်လာတဲ့အချိန်မှာလည်း ပြတ်ပြတ်သားသားလက်ခံခဲ့ပြီး တန့်ကျွယ်ကို လက်ထပ်ဖို့ထွက်သွားခဲ့တာ”
“သူမပုံက အထိအခိုက်မခံနိုင်တဲ့ပုံပေါ်ပေမယ့် စိတ်ဓာတ်မာကျောပြီး အကြမ်းခံနိုင်တဲ့ မိန်းကလေးတစ်ယောက်။ တန့်ကျွယ်ကို ရောက်တော့လည်း အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သဘောတူဖို့ ဘုရင်ကိုဖြောင်းဖျ ခဲ့ပြီး ရှန်နိုင်ငံအတွကိနှစ်အနည်းငယ်ကြာ အောင် ရပ်ဆိုင်းပေးနိုင်ခဲ့တယ်။ အဲ့နောက် တော့ ဘုရင်အသစ်တက်လာပြီး မကြုံစဖူး အတိုင်းအတာထိ ချမ်းသာကြွယ်၀လာစေခဲ့ တယ်”
ခဏရပ်ပြီးနောက် ချူကျူဆက်ပြော လာ၏။
“အထိန်းတော်ကျောက်ဆီက ကြားဖူးတာတော့ အရှင်က သတ္တမမြောက် မင်းသမီးနဲ့ ရင်းနှီးတယ်တဲ့”
ထိုသည်ကိုကြားတော့ လုံယန် သတ္တမမြောက် မင်းသမီးကို ဘာကြောင့်ကိုယ်တိုင်သွားကြို ချင်ရသလဲဆိုတာကို သူမ နားလည်သွားရ သည်။ သူ့အစ်မတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသည်မှာ မထူးဆန်းပေ။ သူမ ယခင်က သတ္တမမြောက်မင်းသမီးကို တစ်ခါမှမတွေးဖူးပေမယ့် သူမအကြောင်း ချူကျူထံမှကြားတာတောင် တကယ် လေးစားမိသည်။
ပိုးမွေးသလိုအမွေးခံထားရတဲ့မင်းသမီး တစ်ပါးအနေနဲ့ မဟာမိတ်ထိမ်းမြားတဲ့ အနေနဲ့ မရင်းနှီးတဲ့နေရာတစ်ခုကို သွားခဲ့ရတာပင်။ ထိုကဲ့သို့ တစ်ဦးတည်းရင်ဆိုင်နိုင်စွမ်းဟာ သူမက သာမန်လူတစ်ယောက်မဟုတ်ဘူး ဆိုတာကို ဖော်ပြနေသည်။
သတ္တမမင်းသမီး၏ဘ၀ဟာ တကယ်တော့ ချူကျူပြောပြသလိုမျိုး မလွယ်ကူခဲ့ပေ။ မတူညီတဲ့ဘာသာစကားနဲ့ နေထိုင်မှုပုံစံတွေ ကြား သူမအများကြီးခံစားခဲ့ရသည်။ ထိုသို့ ဆိုလျှင်တောင် သူမကြိုးကြိုးစားစားနှင့် နိုင်ငံနှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးတည်မြဲ စေရန် အကောင်းဆုံးကြိုးစားခဲ့သည်။
သို့သော်ငြား နှစ်အတော်ကြာအောင် နှစ်နိုင်ငံ အကြား ငြိမ်းချမ်းလာခဲ့ပြီးနောက် တန့်ကျွယ် ၌ နိုင်ငံတော်ပုန်ကန်မှုပေါ်ပေါက်လာကာ ငြိမ်းချမ်းရေးလိုလားသည့် သတ္တမမြောက် မင်းသမီး၏ ခင်ပွန်းဖြစ်သူမှာ အသတ်ခံလိုက် ရသည်။ ထိုသည်မှာ နိုင်ငံနှစ်နိုင်ငံကြား၌ စစ်ပွဲဖြစ်လာနိုင်သည့် အလားအလာရှိသည် ဟု ဆိုလိုခြင်းဖြစ်သည်။
နိုင်ငံအရေးကိစ္စတွေကို သူမ သိပ်မသိပေမယ့် လုံယန်၏စကားထဲမှ ပြင်းထန်မှုကို ခံစားမိ သည်။
ကိစ္စတွေဟာ ထိုမျှမရိုးရှင်းပေ။ နယ်စပ်မှာ သတ္တမမြောက်မင်းသမီးကိုသွားကြိုတာ လုံယန်အတွက် အန္တရာယ်ရှိလာနိုင်စေမလား?
မြို့စားကတော်ဟောင်း သူမ၀မ်းနည်းနေတာကို မြင်တော့ ကျူးယွီကိုခေါ်ကာ မေးတော့သည်။
“နင်တို့သခင်မလေး ဘာဖြစ်နေတာလဲ? သူသိပ်မတက်ကြွနေဘူး လို့ ခံစားနေရတယ်”
ဧကရာဇ်ရက်အတော်ကြာ လာလည်ပြီးနောက် သခင်မလေး ထိုသို့ဖြစ် သွားသည်ဆိုတာကို ကျူးယွီသိသည်။ သို့သော် သူမထိုသို့မပြောရဲတာကြောင့် သူမ နှိမ့်ချစွာသာပြောလိုက်သည်။
“ရာသီဥတု အရမ်းပူလို့ဖြစ်ပါလိမ့်မယ်။ သခင်မလေး ဒီရက်တွေထဲလည်း အစားသိပ်မစားဘူး”
သူမပြောသည်ကိုကြားတော့ မြို့စားကတော်ဟောင်း သက်ပြင်းချလိုက်ကာ အန်တီလန်ကို ပြောလိုက်သည်။
“ဝေဝေအတွက် အပူငြိမ်းစေမယ့်စွပ်ပြုတ်တစ်ခွက်လောက် ပြုတ်လိုက်”
သူတို့တောင်ပေါ်မှာဆိုပေမယ့်လည်း နွေရာသီရဲ့ပြင်းထန်တဲ့အပူကို ခံစားရမြဲဖြစ် သည်။ လုလျန့်ဝေမပြောနှင့် သူမလို လူအိုကြီးပင် ဘယ်မှမသွားနိုင်ပေ။
“ကျွန်မ အခုပဲသခင်မလေးအတွက် မက်မန်း စွပ်ပြုတ်ချဉ်ချဉ်လေးတစ်ခွက် လုပ်လိုက်ပါ့ မယ်”
ထိုအချိန်တွင် လုလျန့်ဝေဟာတော့ သူမအခန်းထဲရှိ ကုတင်ပေါ်၌ထိုင်နေတာဖြစ် သည်။
ကုတင်ပေါ်၌ရေခဲဖျာခင်းထားပေမယ့် သူမ အနည်းငယ်စိတ်တိုနေဆဲဖြစ်သည်။ ပြတင်းပေါက်အပြင်ဘက်မှ ပုစဉ်းရင်ကွဲ အသံက သူမကိုပိုလို့ပင်စိတ်တိုလာစေသည်။
ကျူးယွီ သူမစိတ်အခြေအနေမကောင်းတာ ကိုသိသည်။ သို့သော် ပုစဉ်းရင်ကွဲတွေက ဆက်အော်နေဆဲဖြစ်တာကြောင့် သူမ တုတ်တစ်ချောင်းဆွဲကာ ခြံ၀န်းထဲ၌ သူတို့ကို လိုက်ဖမ်းနေလိုက်သည်။
ချူကျူ ယပ်တောင်တစ်ချောင်းယူကာ လုလျန့်ဝေကို ယပ်ခတ်ပေးနေလိုက်သည်။
ခဏကြာတော့ အန်တီလန် စွပ်ပြုတ်တစ်ခွက် ကိုင်လျက် ၀င်လာသည်။
“သခင်မလေး, မဒမ်က ကျွန်မကို သခင်မလေးအတွက် စွပ်ပြုတ်လုပ်ခိုင်းလို့ ကျွန်မလုပ်လာပေးတာ။ ဒါလေးသောက် လိုက်နော် ညစာစားတဲ့အချိန်ကျ အစာစားချင်စိတ်ပေါ်ရင်ပေါ်လာမှာ”
ထို့သို့ ပြောပြီးနောက် စွပ်ပြုတ်ပန်းကန်ကို သူမထံ ကြင်နာစွာကမ်းပေးလာသည်။
လုလျန့်ဝေ ဘာမှစားချင်စိတ်မရှိပေမယ့် အဘွားဖြစ်သူ၏ သူမအပေါ်ဂရုစိုက်မှုအပြင် အန်တီလန်ကိုယ်တိုင် စွပ်ပြုတ်ကိုလုပ်ပေး လာတာကြောင့် သူမ မသောက်ချင်ပေမယ့် လည်း နည်းနည်းတော့သောက်ရမည်ပင်။
ထိုသို့ပြန်ဖြေလိုက်ကာ ကုတင်ပေါ်မှဆင်းလာလိုက်သည်။