← Chapters

အခန်း (၃၈၄-၃၈၆)

Vol. 8 Ch. 384-386

အခန်း (၃၈၄-၃၈၆)

Vol. 8 Ch. 384-386

Chapter 384: သူ့မျက်လုံးထဲက အကြည့်ကဘာလဲ။

“ကျေးဇူးပါ အန်တီလန်”

စွပ်ပြုတ်သောက်ပြီး နောက် လုလျန့်ဝေ အန်တီလန့်ကို ကျေးဇူးတင်လိုက်သည်။

အန်တီလန်က ဟင်းချက်တာတကယ်တော် ပြီး သူမလုပ်ထားသည့်စွပ်ပြုတ်ဟာလည်း ရေငတ်ပြေစေသည်။ အစက သူမ မသောက် ချင်ပေမယ့် ပါးစပ်ထဲ၀င်လာတော့ သူမ အကုန်သောက်မိသွားသည်။

အန်တီလန်လဲပျော်သွားကာ

“ကျွန်မကို အားနာနေစရာမလိုပါဘူး သခင်မလေးရဲ့၊ အခုကောင်းကောင်းအနားယူလိုက်ပြီး ညနေကျရင် မဒမ်နဲ့အတူ ညစာစားလိုက်နော်၊ သခင်မလေးအကြိုက် အရသာရှိတာလေး တွေ ချက်ထားပေးမယ်”

လုလျန့်ဝေ မျက်လုံးတွေ အရောင်လက်သွား ကာ

“ကျွန်မ ဒီညလာစားပ့ါမယ်”

အန်တီလန် ခေါင်းညိတ်ပြကာ ပန်းကန် အလွတ်ကိုသယ်လျက် ပြန်ထွက်သွားတော့ သည်။

စွပ်ပြုတ်သောက်ပြီးနောက် လုလျန့်ဝေ ‌နေလို့ကောင်းလာသည်။ သူမပြတင်းပေါက် ဘေးရှိခုံ၌ထိုင်ကာ ချူကျူအား မေးလိုက် သည်။

“အခုတလော နန်းမြို့တော်က ဘာသတင်းမှမကြားဘူး လား။”

သူမ ဘာမေးချင်သည်ဆိုတာကို ချူကျူ သိသော်လည်း ကံမကောင်းစွာနဲ့ သူမထံတွင် အဖြေမရှိပေ။

အရင်တစ်ခေါက်က ဧကရာဇ် အလောတကြီး ပြန်သွားတာကြောင့် ဒုတိယသခင်မလေး လုပ်ကြံခံရလုနီးပါးဖြစ်သွားတာကိုတောင် သူမ မတင်ပြလိုက်ရပေ။ ထိုတစ်ကြိမ်ပြီး ကတည်းက ဧကရာဇ်လည်း ထပ်မရောက် လာပေ။

လုလျန့်ဝေ အနည်းငယ်စိတ်ပျက်သွားရ သည်။ ဘာသတင်းမှမရှိလောက်ဘူးဆိုတာ သူမ ထင်ထားပေမယ့်လည်း မမေးပဲမနေနိုင် ပေ။ သူမဟာ သူမ မဟုတ်တော့သလိုပင် ခံစားနေရသည်။

လုပ်စရာအလုပ်တစ်ခုခုရှာရမည်။ မဟုတ်လျှင် ဒီတိုင်းတိုင်းဆက်နေနေရင် သူမ စိတ်လွတ်နေလိမ့်မည်။

လုထင်ချန်း လုလျန့်ဝေနှင့်မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။ သူဒီနေ့အပြင် ထွက်ဖြစ်တာကြောင့် ထျန်းကျိုးတောင်ဆီ သူမထံသွားလည်ရန်စီစဉ်ထားသည်။

သူ အဘွားဖြစ်သူကို အရင်၀င်နှုတ်ဆက်ကာ အန်တီလန်ရဲ့လမ်းညွှန်မှုအတိုင်း လုလျန့်ဝေ ခြံ၀န်းထံသွားလိုက်သည်။

သို့သော် သူခြံ၀န်းထဲ၀င်လိုက်ချိန်၌ အပြင် ဘက်အခန်းရှိစားပွဲထက်၌ အ၀တ်ဖြင့် ဓားသုတ်နေသည့် ယောကျာ်းလိုလို မိန်းမလိုလိုလူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

လုထင်ချန်း မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းလိုက်၏။

“မင်းဘယ်သူလဲ။ ဘယ်သူကမင်းကိုဒီအခန်းထဲ ၀င်ခွင့်ပြုလို့လဲ။”

သူ၀င်လာထဲက ခြေသံကြားထားတာကြောင့် သူမ အာရုံမထားခဲ့ပေ။

ဒုတိယသခင်မလေးရဲ့ခြံ၀န်းထဲကို ၀င်လာနိုင် သည့်လူဟာ လုမိသားစု၀င်သာရှိသည်။ သို့သော် ယခုတော့ သူမယောကျာ်း တစ်ယောက်၏အသံကိုကြားလိုက်ရတာ ကြောင့် မျက်မှောင်ကြုတ်ကာ လှည့်ကြည့် လိုက်မိသည်။

အရပ်ရှည်ပြီးကျစ်လျစ်သည့်ခန္ဓာကိုယ်ရှိ သည့်လူတစ်ယောက် တံခါးနား၌ မတ်တပ် ရပ်နေသည်။ ထိုသူကိုတစ်ချက်ကြည့်ပြီး နောက် သူမချက်ချင်းခေါင်းပြန်လှည့်လာကာ လျစ်လျူရှုလိုက်သည်။

ထိုလူဟာ ဒုတိယသခင်မလေးရဲ့အစ်ကို ဖြစ်သူ လုထင်ချန်းပင် ဖြစ်ရမည်။

သူမဒုတိယသခင်မလေးထံမလာခင်က လုမိသားစုအခြေအနေကို အထိန်းတော်‌ ကျောက် သူမအားရှင်းပြဖူးသည်။ ထို့ကြောင့် လုထင်ချန်းကို သူမတစ်ခါမှမမြင်ဖူးသော် လည်း တစ်ချက်ကြည့်ရုံနှင့်ပင် သူ့ကို သိလိုက်သည်။ ထိုလူမှာ နယ်စားကြီးနှင့် အတော်ရုပ်ဆင်လေသည်။

ထိုလူတစ်ဖက်ပြန်လှည့်သွားတာမြင်တော့ လုထင်ချန်း ကြောင်သွားရသည်။ သူက မိန်းကလေးပဲ။ ဒါပေမယ့် သူ ဘာတွေ၀တ် ထားတာလဲ။ မိန်းကလေးတစ်ယောက် အဲ့လို ကွက်တိဖြစ်နေတဲ့အ၀တ်မျိုး၀တ်ထားတာ ဘယ်လောက်တောင်အရုပ်ဆိုးလိုက်သလဲ။

အဲ့ထက်ပိုအရေးကြီးတာက သူကရုပ်ဆိုးရုံ တင်မကဘူး သူ့ကိုတောင် လျစ်လျူရှုသွား သေးတယ်။ အဲ့တာအပြင် သူကဘာလို့ ဝေဝေအခန်းထဲရောက်နေတာလဲ။ ပြီးတော့ ဓားတစ်ချောင်းနဲ့ သူကဘာလုပ်နေတာလဲ။

“ဒီမှာ ငါမေးပါဦးမယ်၊ မင်းကို ဘယ်သူက ဒီထဲ၀င်ခွင့်ပြုလို့လဲ။”

ချူကျူ လုထင်ချန်းအား ဓားဖြင့်ရွယ်လိုက် ကာ အေးစက်စွာပြန်ဖြေလိုက်သည်။

သူမ သူ့ထံရုတ်တရက်ကြီး ဓားရွယ်လာလိမ့် မည်ဟု လုထင်ချန်း မထင်ခဲ့ပေ။ ကံကောင်း လို့ သူအချိန်မီရပ်လိုက်နိုင်လို့ပင်၊ မဟုတ်လျှင် ဒီနေရာမှာ သူသွေးဖြာထွက်နေ လောက်ပြီ။

လုထင်ချန်း သူ့ရှေ့ရှိ ချွန်ထက်သည့် ဓားသွား ကိုကြည့်လိုက်ကာ သူ့မျက်နှာမှာလည်း ခက်ထန်သွားရသည်။

“မင်းက ငါ့မိသားစုပိုင် မြေမှာ လာရပ်နေတာတောင် ငါ့အလုပ် မဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့။”

ချူကျူ သူ့အားအေးစက်စွာကြည့်လိုက်ကာ ဓားပြန်ရုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

သူမလောက်ရိုင်းစိုင်းသည့်မိန်းကလေးမျိုး လုထင်ချန်း တစ်ခါမှမမြင်ဖူးပေ။

“ငါမင်းကိုစကားပြောနေတာလေ၊ မင်း အ နေတာလား။”

ချူကျူမျက်မှောင်ကြုတ်သွားရသည်။ သူမ ပြန်ဖြေဖို့လိုအပ်သည်ဟု မထင်ပေ။

ဧကရာဇ်က သူမကို ဒုတိယသခင်မလေးရဲ့ အမိန့်ကိုသာ နာခံခိုင်းခဲ့တာဖြစ်ပြီး သူမက လုမိသားစုရဲ့ အစေခံမဟုတ်ပေ။

သူမဓားကိုပြန်သိမ်းလိုက်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။

လုလျန့်ဝေ ထိုအချိန်တွင် အထဲ၀င်လာရာ ချူကျူထွက်သွားသည်ကိုမြင်တော့ သူမ အော်လိုက်သည်။

“ကျူ, ငါအပူအေးစေတဲ့ အချိုပွဲတစ်ချို့လုပ်လာတယ်။ အထဲ၀င်ပြီး လာစားလှည့်။ အေးပြီးချိုချိုလေးနဲ့ စားကောင်းတယ်”

Chapter 385: နည်းနည်းသ၀န်တို တယ်

သူမအော်သံကိုကြားတော့ ချူကျူ ရပ်လိုက် သော်လည်း အခန်းထဲရှိနတ်ဆိုးကောင်ကို သတိရသွားတော့ ခေါင်းယမ်းပြလိုက်ရင်း

“မစားတော့ဘူး၊ သခင်မလေးပဲ စားလိုက်ပါ”

ချူကျူ ထွက်သွားသည်ကိုကြည့်ရင်း လုလျန့်ဝေ ကျူးယွီအားကြည့်ကာ

“သူဘာဖြစ်‌သွားတာလဲ။”

ကျူးယွီ ပုခုံးတွန့်ပြလိုက်ရင်း

“ကျွန်မလည်း မသိဘူး”

ထို့နောက် သူမလက်ထဲရှိ အချိုပွဲကို ကြည့်ကာ

“သခင်မလေး၊ အထဲ၀င်ပြီး စားရအောင်လေ၊ အရည်ပျော်ကုန်တော့မယ်”

ချူကျူ မစားတာကောင်းသည် – သူမ အများကြီးစားရတော့မည်။

လုလျန့်ဝေလည်း သူမအတွေးတွေကို ဘေးဖယ်လိုက်ကာ ကျူးယွီနဲ့အတူ အထဲ၀င် လာလိုက်သည်။

သူမ အခန်းထဲ၀င်၀င်ချင်းပဲ လုထင်ချန်း ခုံ၌ထိုင်နေသည်ကို မြင်လိုက်ရကာ အံ့ဩသလို ပျော်လည်းပျော်သွားရသည်။

လုထင်ချန်း သူမအားအပြုံးတစ်ပွင့်နှင့် ကြည့်ကာ

အစောက ချူကျူနှင့်စကားပြောတုန်းကလို ရန်လိုစိတ်နည်းနည်းလေးပင် သူ့ထံ မကျန်ရှိ တော့ချေ။

လုလျန့်ဝေ အလွန်ပျော်ရွှင်နေရသည်။ သူမ အစ်ကိုဖြစ်သူနှင့် မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်သည်။

“အစ်ကိုကြီး ကံကောင်းသွားတယ်။ ညီမလေး ဒီနေ့ သစ်သီးရေခဲမုန့်လုပ်ထားတာ၊ ‌ချူကျူ မစားဘူးဆိုတော့ အစ်ကိုကြီး သူ့ဟာ စားလိုက်လို့ရတယ်”

“ချူကျူ။”

လုထင်ချန်း မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်မိသည်။ အဲ့တာ အစောက ထူးဆန်းတဲ့မိန်းမကိုပြောနေတာလား။

သူ၏မရင်းနှီးသောလေသံကို နားထောင်ရင်း လုထင်ချန်း အရင်က ချူကျူကို တစ်ခါမှ မတွေ့ဖူးသေးမှန်းသိတာကြောင့် သူမ ရှင်းပြ လိုက်သည်။

“အရှင်က ကျွန်မကိုကာကွယ်ဖို့ သူ့ကိုလွှတ်ပေးထားတာလေ။ အစောကထိ ဒီမှာရှိနေသေးတယ်၊ အစ်ကိုကြီး သူနဲ့ မတွေ့ လိုက်ဘူးလား။”

သူမပြောတာကိုကြားတော့ လုထင်ချန်း အနည်းငယ်အံ့ဩသွားရသည်။

ဧကရာဇ်က ဝေဝေကိုကာကွယ်ဖို့ လူလွှတ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ဧကရာဇ်ပို့လိုက်တာဆိုမှ တော့ သူ သူမကိုကန်မထုတ်တော့ပါဘူး။

အဲ့လိုထောင်လွှားပြီးရိုင်းစိုင်းနေတဲ့ မိန်းကလေးမျိုး ဘယ်ကလာပါလိမ့်ဆိုပြီး သူထူးဆန်းနေခဲ့တာ လတ်စသတ်တော့ ဧကရာဇ်လွှတ်လိုက်တဲ့လူ ဖြစ်နေခဲ့သည်။

ဧကရာဇ်ကိုငဲ့ပြီး သူကပဲ သဘောထားကြီးစွာ နဲ့ အဲ့မိန်းကလေးကို ခွင့်လွှတ်ပေးလိုက်ပါမယ် လေ။

လုလျန့်ဝေဟာတော့ ထိုမတော်တဆမှုကို မသိတာကြောင့် သူမလုပ်ထားသည့် သစ်သီး ရေခဲမုန့်ကို အစ်ကိုဖြစ်သူလက်ထဲ တွန်းထည့် ကာ

“ဒါက ဖရဲသီးအရသာ၊ မြည်းကြည့်လိုက် အစ်ကိုကြီးကြိုက်မှာသေချာတယ်”

လုထင်ချန်း ထိုနီရဲရဲပန်းကန်လုံးကို ကြည့်လိုက်တော့ ခဏတာရပ်တန့်သွားသော် လည်း အနံ့ကတော့ ဖရဲသီးအနံ့ဖြစ်နေတာ ကြောင့် သူတစ်ဇွန်းခပ်ကာ ပါးစပ်ထဲထည့် လိုက်သည်။

အေးမြတဲ့အရသာက သူ့လျှာတစ်လျှောက် ပျော်၀င်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ အပူတွေ အားလုံး ချက်ချင်းလွင့်ပြယ်သွားရသည်။

လုထင်ချန်း၏အနက်ရောင်မျက်၀န်းတွေ တောက်ပသွားကာ ချက်ချင်းပင် စိတ်၀င်တစားမေးလာ၏။

(T/N - သစ်သီးရေခဲမုန့်ဆိုတာက သစ်သီးကို အရည်ဖျော်ပြီး ခဲအောင်လုပ်ထားတဲ့ဟာပါ)

လုလျန့်ဝေ သူမရေခဲမုန့်ကိုစားရင်း ပြန်ဖြေ လိုက်သည်။

(T/N - ဒီမှာဆိုလိုတဲ့ကြွပ်ဆတ်တယ်ဆိုတာက ရေခဲဝါးလိုက်ရင် တကြွပ်ကြွပ် ဖြစ်သလိုမျိုးပါ)

အဘွားက ဒီလိုအအေးစာမျိုးစားဖို့ အသက် ကြီးနေပြီဆိုပေမယ့် လုလျန့်ဝေကတော့ သူမ ဆီ ဒီလိုစားကောင်းတဲ့အရာမျိုး ပို့ပေးနေဆဲ ပင်။

စားပြီးသွားသည့်နောက် မောင်နှမနှစ်ဦး စားပွဲ၌ထိုင်ကာ စကားစမြည်ပြောကြသည်။

“ဒါနဲ့ အခု‌တလော ဧကရာဇ်ဘာတွေလုပ်နေ လဲ။”

“ဘာလို့ရုတ်တရက်ကြီး ဧကရာဇ်အကြောင်း စိတ်၀င်စားနေတာလဲ။”

အစ်ကိုဖြစ်သူ၏ အဓိပ္ပာယ်အပြည့်ပါနေ သောအကြည့်ကို လုလျန့်ဝေ တောင့်မခံနိုင် တော့ပဲ စိတ်ဆိုးမာန်ဆိုးပြောလာ၏။

“သူ့ကိုရုတ်တရက်ကြီး ဂရုစိုက်လာတယ် ဆိုတာ ဘာကိုပြောချင်တာလဲ။ အရင်ကရော သူ့ကို ဂရုမစိုက်လို့လား။”

လုထင်ချန်းမှာ ရုတ်ခြည်းပင် အနည်းငယ် မနာလိုဖြစ်သွားရသည်။

“အခုထိ လက်တောင်မထပ်ရသေးတာကို တစ်နေကုန် ခင်ပွန်းဖြစ်သူအကြောင်းပဲ တွေးနေတာလား။”

လုထင်ချန်း၏ နှုတ်ခမ်းထောင့်စွန်းတွေ ပင့်တက်သွားကာ စနောက်ကာထပ်ပြောလာ ၏။

“ဧကရာဇ်ကိုဂရုစိုက်တယ်ဆိုတာကို ၀န်ခံလိုက်တာလား။”

လုလျန့်ဝေ သူမထောင်ချောက်ထဲကျသွားပြီ ဆိုတာကို သတိထားလိုက်မိသည်။

သို့သော်လည်း သူမ လုံယန့်အကြောင်းကို တကယ်သိချင်နေတာဖြစ်တာကြောင့် အရှက်မရှိစွာ ဆက်ပြောရုံကလွဲပြီး မတတ်နိုင်တော့ချေ။

“အဲ့လိုမဟုတ်ပါဘူးလို့ ဘယ်တုန်းကငြင်းလို့လဲ။”

အခန်း ၃၈၆ - ဇနီးကိုဖူးဖူးမှုတ်ထားတဲ့သူ

မဖြစ်လာစေနဲ့

လုထင်ချန်းက တည်ကြည်လေးနက်စွာနဲ့ -

“အရှင်မင်းကြီးက နန်းတော်ထဲမှာမရှိဘူး”

ဒီစကားကြောင့် လုလျန့်ဝေရဲ့ နှလုံးသားလေးအနည်းငယ်တိမ်မြုပ်သွားရသည်။

ဒီလိုဆိုရင် အရှင်မင်းကြီးက နယ်စပ်ဒေသကို တကယ်ထွက်ခွာသွားပုံပဲ။

သူ့ညီမလေးနှုတ်ဆိတ်သွားတာကိုမြင်တော့ လုထင်ချန်းက အသံခပ်နိမ့်နိမ့်နဲ့ရှင်းပြလိုက်သည်။

“အရှင်မင်းကြီးကနယ်စပ်ဒေသကို တိတ်တဆိတ်ထွက်သွားတာဆိုတော့ အခုလောလောဆယ် အိမ်ရှေ့မင်းသားက အရှင်မင်းကြီးကိုယ်စားအုပ်ချု‌ပ်‌နေတယ်။”

ဒါကိုကြားတော့ လုလျန့်ဝေက လုံယန် ဘာ‌အတွက်ကြောင့်သွားလဲဆိုတာသိပြီးသားဖြစ်တဲ့အတွက် တခြားအကြောင်းအရာတွေကို မေးမြန်းခြင်းမပြုတော့သော်ငြား သူမတစ်စုံတစ်ခုကိုတွေးမိလိုက်သောကြောင့်

“ဒါဆိုသူတစ်ယောက်ယောက်ကိုရောခေါ်သွားသေးလား”

“စိတ်မပူပါနဲ့။ အရှင်မင်းကြီးမှာ စွမ်းဆောင်ရည်ပြည့်ဝပြီးအရည်အချင်းရှိတဲ့ လျှို့ဝှက်တပ်သားတွေရှိတယ်။ အားလုံးအဆင်ပြေသွားလိမ့်မယ်။”

“ညီမစိတ်မပူပါဘူး”

“အကို့အပေါ်ရောမကောင်းပေးလို့လား။ စကားကိုကြည့်ပြောနော်၊ မဟုတ်ရင်စားကောင်းသောက်ကောင်းတွေ မလုပ်ကျွေးပဲနေလိုက်မယ်”

လိုက်ရင်း

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒီအကို စကားကိုမဆင်မခြင်ပြေလိုက်မိတာပါ။ ငါတို့ပြန်ပြေလည်ပြီမဟုတ်လား”

လုလျန့်ဝေ တကယ်စိတ်မဆိုးပေမယ့် သူ့အကိုကို စချင်လာတာကြောင့်

“အခုနေ ရယ်နိုင်တုန်းရယ်ထားဦးပေါ့။ နောင်တစ်ချိန်အိမ်ထောင်ပြုတော့မှ ဇနီးကိုဖူးဖူးမှုတ်အလိုလိုက်တဲ့သူမဖြစ်စေနဲ့နော်”

လုထင်ချန်းသူမနောက်ကပြေးလိုက်သွားရင်း ပိတ်ကန်ဟန်ဆောင်လိုက်သည်။

ချူကျူတစ်‌ယောက် စနောက်ပြေးလွှားနေကြတဲ့မောင်နှမနှစ်ယောက်ကို အိမ်တော်ဝင်းရဲ့အရိပ်အမိုးတစ်ခုအောက်လေးကကြည့်ရင်း ပုံမှန်အချိန်တွေမှာအေးစက်တည်ငြိမ်တဲ့သူမရဲ့မျက်ဝန်းတွေက ကြည်နူးရိပ်လေးသန်းလို့သွားလေသည်။

သူမ ကျူးယွီဆီကနေ သခင်လေးနဲ့သခင်မလေးအကြောင်းအများကြီးကြားဖူးသည်။ သူမရှေ့ကမြင်ကွင်းက ကျူးယွီချဲ့ကားပြောဆိုထားခြင်းမရှိမှန်း သိသာပေါ်လွင်စေသည်။

ကျူးယွီပြောတာက လုထင်ချန်းဟာဒုတိယသခင်မလေးကိုလာကြည့်ရုံလေးတင်တဲ့။

ဒီလိုပူပြင်းလှတဲ့ရာသီဥတု‌အောက်မှာ နန်းမြို့တော်ကနေဒီနေရာအထိ ခရီးပြင်းနှင်လာခြင်းက လုထင်ချန်း သူ့ရဲ့ညီမကိုဘယ်လောက်ထိချစ်သည်ဆိုတာ ထင်ရှားပေါ်လွင်နေသည်။

လုထင်ချန်းရောက်လာသည်ဆိုတဲ့သတင်းဟာ လုအိမ်‌‌တော်ရဲ့ အပန်းဖြေအိမ်တော်တစ်ခုလုံးပျံ့နှံ့လို့သွားသည်။

နေ့ဘက်တွေမှာ လုထင်ချန်းကလုလျန့်ဝေကိုခေါ်ရင်း သစ်ပင်ပေါ်ကငှက်ဥတွေကောက်ပြီး မြစ်ထဲကငါးတွေမြှားသည်။ ညနေစောင်းရင်တော့ တောင်အောက်ထိဆင်းပြီးတော့တောင် ဇီးခြံဝင်း တွေရှိရာမြို့ငယ်လေးဆီခေါ်သွားပေး‌သေးသည်။

ရက်အနည်းငယ်လောက်ကြာတော့ နေလောင်ဒဏ်ကြောင့် လုလျန့်ဝေရဲ့အသားလေးညိုသွားပေမယ့် ရှိရင်းစွဲအလှကိုမပျက်စေဘဲ ပိုလို့တောင် ကျန်းမာတဲ့အသွင်မျိုးဆောင်သွားစေသည်။

ကျူးယွီတစ်ယောက် နေပူဆာလှုံနေတဲ့လုလျန့်ဝေကိုမြင်တော့လန့်ဖျန့်သွားရင်း အလျင်အမြန်နောက်ပြန်ဆွဲလိုက်ကာ

“သခင်မလေး၊ ဘာလုပ်‌နေတာပါလဲ။ သခင်မလေးက နောက်နှစ်လဆိုရင် ထိမ်းမြားလက်ထပ်ရတော့မှာ။ နေပူထဲမှာဆက်ရပ်နေရင် မီးသွေးတုံးလိုမျိုး အသားမဲသွားတော့မှာပဲ။”

“နေလေးနည်းနည်းလောင်တာလောက်က ဘာမှမဖြစ်ပါဘူး။ အသားအရေက နဂိုထဲကဖြူလွန်းနေတာပဲဟာ”

သူမက ချူကျူကဲ့သို့ ပျားရည်ရောင်လွှမ်းတဲ့ အသားအရေမျိုး လိုချင်တာပင်။

ကျူးယွီ ကိုယ့်လက်ကိုယ်ပြန်ကြည့်လိုက်ရင်း နည်းနည်းလေးနာကျင်သွားရသည်။

“ကျွန်မကသခင်မလေးလိုမျိုး အသားဖြူချင်တာကို သခင်မလေးကဘာလို့နေလောင်ခံချင်ရတာလဲ။ အသားမဲသွားရင်ကြည့်လို့မလှ‌တော့ပဲမီးသွေးတုံးလိုမျိုးဖြစ်သွားမှာပေါ့”

“သခင်မလေးက အရမ်းဆိုးတာပဲ။ ကျွန်မကိုဆိုအမြဲစတယ်၊ ကျွန်မဆက်သည်းမခံနိုင်တော့ဘူး။”

လုလျန့်ဝေကတော့ အူလှိုက်သည်းလှိုက်ရယ်မောရင်းကျန်နေခဲ့သည်။

လုထင်ချန်းက သူမဆီလျှောက်လာပြီး ကျစ်ဆံမြီးကိုတစ်ချက်ဆွဲလိုက်ကာ

လုလျန့်ဝေမျက်ခုံးပင့်လိုက်ပြီး လုထင်ချန်းရဲ့စကားတွေကို နားလည်မှု့လွဲချင်ယောင်ဆောင်လိုက်သည်။

“ဘာလို့မေးတာလဲ။ မိန်းမလှလေးကိုနှမြောလို့လား။ သူ့ကို အကို့ရဲ့အစေခံလေးအဖြစ်ပေးစေချင်တာလား။”

ဒါကိုကြားတော့ လုထင်ချန်း သူမခေါင်းကိုတစ်ချက်ရိုက်လိုက်တော့သည်။

“ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ကရားရေလွှတ်ပြောနေတာလဲ။”

“ဒါဆို အကိုကမလိုချင်ဘူးပေါ့။ ညီမလေးကအကိုလိုချင်တယ်လို့ထင်လိုက်တာ”

All Chapters