← Chapters

အခန်း (၃၉၀-၃၉၂)

Vol. 8 Ch. 390-392

အခန်း (၃၉၀-၃၉၂)

Vol. 8 Ch. 390-392

အခန်း ၃၉၀ - ရှင်းပြလို့မရတဲ့ရောဂါ

ရှီချီနောက်ဆုံးတော့အနားရသွားလေပြီး ခပ်လှမ်းလှမ်းက‌နေ မြင်းစီးလာနေသူထံ လျှောက်သွားလိုက်ကာ ဒူးထောက်ချလိုက်ပြီး

“အရှင်မင်းကြီးကိုဂါရဝပြုပါသည်”

“ထလို့ရပြီ၊ မင်းလည်း ဒီလမ်းခရီးတစ်လျှောက် ပင်ပန်းလာရောပေါ့”

ထိုသူက ဩဇာညိမ့်ညောင်းကာ နွေးထွေးလှတဲ့လေသံတစ်ခုနဲ့ပြောလာလေသည်။

“ကျွန်တော့်တာဝန်အရလုပ်သင့်တာကိုလုပ်ခဲ့တာပါ”

ထိုသို့ပြောပြီးနောက် ရှီချီရဲ့မျက်ဝန်းတွေထဲ မျက်ရည်များဝေ့တက်လာတော့သည်။

အဲ့ဒီတစ်ခဏမှာပဲ တင်းကျပ်စွာစေ့ပိတ်ထားတဲ့ လိုက်ကာစတို့ပွင့်ဟလာခဲ့ပြီး အင်မတန်မှလှပတဲ့အမျိုးသမီးဟာ မြင်းပေါ်ကသူကိုကြည့်ရင်း မျက်ဝန်းထဲ၌လည်း မျက်ရည်များဖြင့်ပြည့်နှက်လို့လာသည်။

လုံယန်ကမြင်းပေါ်မှဆင်းလိုက်ပြီး မြင်းလှည်းပေါ်ကအမျိုးသမီးထံလျှောက်လှမ်းလာရင်း ညင်သာစွာခေါ်လိုက်သည်။

ထိုအခိုက်အတန့်ကားလုံချင်းကျီတို့မောင်နှမနှစ်ယောက် နှစ်နှစ်ဆယ်အကြာမှပြန်လည်ဆုံစည်းခြင်းအခိုက်အတန့်ပင်။

လုံချင်းကျီ တန့်ကျွယ်ကိုထိမ်းမြားလက်ထပ်ဖို့ ထွက်သွားချိန်တုန်းက လုံယန်ရဲ့အသက်ဟာ ဆယ်နှစ်ပင်ရှိသေးသဖြင့် သူမမှတ်ဉာဏ်တွေထဲကလုံယန်နဲ့ အခုလက်ရှိလုံယန်ကို နှိုင်းယှဉ်ကြည့်နေမိသည်။ ငယ်ငယ်တုန်းက သူမနောက်တကောက်ကောက်လိုက်လေ့ရှိတဲ့မောင်လေးက ယခုအချိန်တွင်တော့ ဖြောင့်မတ်တည်ကြည်သူတစ်ဦး ဖြစ်လို့နေပြီပင်။

အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်တော့၊ သူမရဲ့ဇာတိမြေဆီပြန်လာနိုင်ခဲ့ပြီး သူမမောင်လေးနဲ့လည်း နောက်တစ်ကြိမ်ပြန်တွေ့နိုင်ခဲ့ပြီ။ ဒီအသိက သူမခင်ပွန်းကိုဆုံးရှုံးလိုက်ရတဲ့ နာကျင်‌မှု့ဝေဒနာကနေ အနည်းငယ်သက်သာစေသည်။

အမြဲတမ်းစိတ်ဓာတ်ကြံ့ခိုင်တဲ့အမဖြစ်သူဟာ ဒီကိစ္စကြောင့် ငိုလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့အတွက် လုံယန်လည်း မည်သို့နှစ်သိမ့်ပေးရမည်ကို ကြံရာမရဖြစ်လို့နေသည်။

ထို့ကြောင့်ပင် အချိန်အတော်ကြာယူလိုက်ရပြီးမှ လေသံတောင့်တောင့်နှင့် နှစ်သိမ့်စကားဆိုလိုက်သည်။

“အမတော်၊ မငိုပါနဲ့တော့။ အခုကစပြီး ဘယ်သူမှ အမတော်တို့ကိုအနိုင်မကျင့်ရဲစေရဘူး”

လုံချင်းကျီလည်း ခေါင့်ငြိမ့်လိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးနှင့်အတူပြောလာလေသည် -

“တကယ်လို့ အဆင်ပြေရင်ကျွန်‌တော်တို့ ခရီးဆက်လိုက်ကြမလား?”

လုံယန်က သူ့အမတော်ရဲ့လက်ထဲက ဖြူဖျော့ဖျော့ကလေးလေးအပေါ် အကြည့်ရောက်သွားပြီး အသံခပ်နိမ့်နိမ့်နဲ့ဆိုလာသည်။

လုံယန်ရဲ့သတိပေးချက်‌ကိုကြားမှ လုံချင်းကျီ သတိရသွားပြီး

ထိုအခိုက်အတန့်တွင် ခုနကလေးတင် ရပ်စဲသွားတဲ့မျက်ရည်တွေဟာ တစ်ဖန်ပြန်လည်ကျဆင်းလာလေတော့သည်။

ကြည့်ရသည်မှာ သူမတစ်သက်လုံးသိမ်းဆည်းထားခဲ့တဲ့မျက်ရည်တွေဟာ ယခုသေရေးရှင်ရေးအခိုက်အတန့်တွင်မှ ကျဆင်းလာခဲ့ပုံပင်။

ထိုသို့ပြောပြီးနောက် လုံယန်က နောက်ထပ်စကားမဆိုလာတော့ပဲ ဒဏ်ရာရနေတဲ့ရှီစီကိုလေးလံစွာပြန်သယ်လာ‌နေတဲ့ချူကျိကိုတစ်ချက်ကြည့်လိုက်ရင်း ထွက်ခွာဖို့ အမိန့်ပေးလိုက်သည်။

“ဝမ်ယန်ကျင်က တန့်ကျွယ်ထီးနန်းကို သိမ်းပိုက်လိုက်ပြီဆိုတော့ အချိန်မရွေးစစ်ကြေညာလာနိုင်တာမို့ ပြင်ဆင်ထားသင့်တယ်နော်”

လုံချင်းကျီက လိုက်ကာစကိုဖွင့်ဟလိုက်ရင်း လုံယန်ကို သတိပေးလာခဲ့သည်။

“အင်း ကျွန်တော်သိပါတယ်၊ ဒီကိစ္စတွေအတွက်မစိုးရိမ်ပါနဲ့”

လုံယန်ရဲ့စကားကိုကြားသော် လုံချင်းကျီလည်းစိတ်ချသွားရတော့သည်။

သူမဟာ အလှမ်းဝေးလှတဲ့တန့်ကျွယ်မှာရှိနေပေမယ့် သူမမောင်လေးရဲ့တိုင်းပြည်အုပ်ချုပ်ရေးဗျူဟာတွေအကြောင်း အမြဲတစေကြားနေကျပင်ဖြစ်သည်။

ဤသို့ယုံကြည်မှု့ရှိရှိဖြေလာပုံကိုကြည့်ခြင်းအားဖြင့် သူမမောင်ဟာ ဒီအရာ‌တွေအတွက် ကြိုတင်ပြင်ဆင်ထားပြီးပြီမှာ အသေအချာပင်။

ဝမ်ယန်ကျင် ဘယ်လောက်ပဲအကြံပိုင်နိုင်ပါစေ သူ့ပြိုင်ဘက်က သူမမောင်ဖြစ်တဲ့အတွက် ရင်ဆိုင်ဖို့ လွယ်ကူစရာအကြောင်းမရှိပေဘူး။

လုံယန်က သူ့အမရဲ့ဝမ်းနည်းတဲ့အမူအရာကိုသတိထားမိလိုက်တဲ့အတွက် စကားတစ်ခွန်းပြောလိုက်သည်။

“ကျွန်တော် လာမယ့်ရှစ်လပိုင်း၊ ဆယ့်ငါးရက်ဆိုရင် လက်ထပ်တော့မယ်”

ဒီစကားကိုကြားတော့ လုံချင်းကျီတစ်ယောက် အံ့ဩသွားရသည်။ ဝေးကွာလှတဲ့တန့်ကျွယ်ကိုရောက်နေပေမယ့် သူမမောင်ရဲ့မောင်းမဆောင်အခြေအနေအကြောင်းကို‌တော့ ကြားပြီးသားပင်။

ဒီနှစ်ဆို အသက်သုံးဆယ်ရှိပြီဖြစ်တဲ့သူမမောင်က မိဖုရားခေါင်လည်းမတင်မြှောက်သလို နန်းမွေဆက်ခံဖို့ရာအတွက် သွေးသားလည်းမရှိတဲ့အပြင် တူတော်ကိုတောင်အိမ်ရှေ့စံတင်မြှောက်လိုက်သေးသည်။

ဒါကို အခုကျမှလက်ထပ်တော့မယ်ဆိုတော့ သူမဒါနဲ့ပတ်သက်ပြီးသိချ‌င်‌သေးပေမယ့် သွားရမယ့်ခရီးကရှည်ကြာမှာကြောင့် မေးဖို့ရာအဆင်မပြေလှပေ။

ဧကန္တ သူ့မောင်မှာ ရှင်းပြလို့မရတဲ့ရောဂါတစ်ခုခုများရှိနေလို့လား။

ထို့နောက် သူမစိတ်ထဲကမေးခွန်းတွေကိုမြိုသိပ်လိုက်ပြီး အတင်းကာ‌ရောပြုံးပြလာရင်း

လုံယန်ရဲ့နှုတ်ခမ်းဖျားထက်မှာ ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့် လှစ်ဟလာကာ

ဒါကိုကြားတော့ လုံချင်းကျီအပြုံးတွေချက်ချင်းပျောက်ကွယ်သွားပြီးမျက်မှောင်ကြုတ်လိုက်မိသည်။

သူမ ဒီမြို့စားမင်းလုရဲ့ဒုတိယမြောက်သမီး နဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်းတွေအများကြီးကြားဖူးသည်။

ရှန်တိုင်းပြည်ကနေတန့်ကျွယ်အထိပျံ့လွင့်လာတဲ့ ကောလဟာလတွေက အချိန်ကြာလာတာနဲ့အမျှ မူရင်းဇာတ်ကြောင်းကနေဆင့်ကဲပြောင်းလဲလာခဲ့သည်။

အရင်တုန်းကဆိုရင်တော့ သူမဒီကောလဟာလတွေကို ဟာသတစ်ခုအနေနဲ့ပဲ မှတ်ယူလိုက်မှာပေမယ့် အခုသူမမောင်နဲ့သက်ဆိုင်လာတဲ့အခါမှာတော့ ဒါတွေကိုလက်ခံဖို့ဆိုတာ အနည်းငယ်ခဲယဉ်းလှသည်။

ဒါကြောင့် သူမလက်ထဲက ကလေးကိုအသာအယာပုတ်ပေးလိုက်ရင်း တိုးဖျဖျဆိုလာခဲ့သည်။

သူ့အမမျက်နှာပေါ်ကအမူအရာပြောင်းလဲသွားတာကိုသတိထားမိလိုက်တဲ့လုံယန်က သူမ‌အ‌တွေးတွေကိုရိပ်မိတာ‌ကြောင့် ဖြောင်းဖျဖို့ကြိုးစားရင်း

“လုအိမ်‌တော်ရဲ့ဒုတိယ‌မြောက်သမီးက ကောလဟာလတွေထဲကနဲ့မတူတဲ့ မိန်းမကောင်းလေးတစ်ယောက်ပါ။ သူနဲ့တွေ့ပြီးတာနဲ့ အမတော်သဘောကျသွားမှာပါ”

Chapter 391: ဒါက ဝေဝေရဲ့ ပိုင်ဆိုင်မှု

လုံချင်းကျီ သူမမောင်၏တည်ကြည်သော လေသံကိုကြားမှ စိတ်အေးသွားရသည်။

သူမမောင်၏ရွေးချယ်မှုကိုသူမယုံကြည် သည်။

သူကကလေးတစ်‌ယောက်မဟုတ်ချေ။ ဒုတိယသခင်မလေးလုကသာ ဆိုးရွားတဲ့လူ တစ်ယောက်ဆိုရင် သူ့မောင်က အဲ့လိုလူမျိုးကို ဘာလို့ကြိုက်မှာလဲ။

သူမအတွေးတိမ်မှုအတွက် ရှက်ရွံ့သွားရသည်။

“ကောင်းပါပြီ၊ ငါ သူနဲ့တွေ့ဖို့မျှော်လင့်နေပါ့မယ်”

သူမထိုသို့လေးနက်စွာပြောလိုက် သည်။

သူမအရင်တုန်းကလို ထိုကိစ္စကိုရှောင်လွှဲမနေ သည်ကိုမြင်တော့ လုံယန်ခေါင်းညိတ်ပြလိုက် သည်။

သူ့အစ်မဖြစ်နေရင်တောင် ဝေဝေကို သွားပုပ် လေလွင့်ပြောသည်ကို လက်မခံနိုင်ပေ။

လုံယန် လက်တစ်ဖက်ဖြင့်မြင်းဇက်ကြိုးကို ဆွဲလိုက်ကာ နောက်လက်တစ်ဖက်ဖြင့် အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။

ဒါလေးက သူထိန်းသိမ်းရမယ့် ဝေဝေရဲ့ ပိုင်ဆိုင်မှုလေးပင်။

သူ့လက်ချောင်းတွေဖြင့် ထိုလက်ကိုင်ပုဝါကို ညင်သာစွာပွတ်သပ်ရင်း ရနံ့လေးကို ရှူရှိုက်လိုက်သည်။ လက်ကိုင်ပုဝါပေါ်၌ သူမ ပိုင်ဆိုင်သောရနံ့ခပ်ဖျော့ဖျော့ ကျန်ရှိနေသည် ။

သူ့လက်ထဲရှိအရာကိုမြင်တော့ လုံချင်းကျီ ပြုံးလိုက်မိသည်။ ကြည့်ရတာ သူ့မောင် ထိုမိန်းကလေးကို နှစ်နှစ်ကာကာချစ်မြတ်နိုး ပုံပင်။

သို့သော် လုံယန်၏ကျန်းမာရေးကိုတွေးမိပြီး သူမစတင်စိုးရိမ်လာရသည်။

သူ့ကျန်းမာရေးကောင်းတယ်ဆိုရင် ဒီလောက် နှစ်တွေအကြာကြီးကို ဘာလို့ကလေးမယူပဲ လုံချီကို အိမ်ရှေ့စံအဖြစ်ထားထားရတာလဲ။

လင်ချင်းယွမ်မှာ ပန်းကန်လုံးအကွဲတစ်ခုကို ကိုင်ရင်း လမ်းမထက်တွင် နေ့တစ်၀က် လောက် အစာတောင်းခံနေခဲ့သည်။ သူမ အထင်သေးသည့်အကြည့်ဖြင့် များစွာအကြည့်ခံခဲ့ရသော်လည်း ဂရုမစိုက်ပါ‌ ချေ။ ဘာပဲဖြစ်ဖြစ် သူမက တကယ်တောင်းစားနေတဲ့သူမှ မဟုတ်ပဲလေ။ သူမထံတွင် လုလျန်ဝေပေးခဲ့သည့် ငွေတုံး အနည်းငယ်ရှိသေးသည်။

သူမရည်ရွယ်ချက်က ချန်ကျူပင်းနှင့် ရနံ့မွှေး ကျောင်းတော်ကို လျှို့ဝှက်စုံစမ်းရန်ဖြစ်သည် ။ သို့သော် ချန်ကျူပင်း အိမ်ထဲမှထွက်မလာ သည်မှာ အတော်ကြာနေပြီဖြစ်သည်။ ရနံ့မွှေး ကျောင်းတော်၌ တစ်ခုခုဖြစ်သွားသည့် အရိပ် အယောင်လဲ မရချေ။

သူမအစီအစဉ် ရှုံးနိမ့်သလိုခံစားလာရကာ စိတ်ပူပန်လာရသည်။

အဲ့ဆန်ကုန်မြေလေးကောင်၊ ချန်ကျူပင်းက အရမ်းသတိထားနေတာပဲ!

ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် သူလုပ်နေတာတွေရဲ့သက်သေကို ငါဘယ်အချိန်မှရမှာလဲ။

သူမဒေါသတကြီးလမ်းလျှောက်နေရင်း အော်သံတစ်သံကိုကြားလိုက်ရသည်။

ထို့ကြောင့် အော်သံလာရာဘက်သို့ ချက်ချင်း သွားကြည့်လိုက်သည်။

ထိုနေရာ၌ နွားလှည်းတစ်ခုရှိနေပြီး လူသန်ကြီးနှစ်ယောက်ဟာ မြေပေါ်မှ မိန်းမ နှစ်ယောက်ကို လှည်းပေါ်၌ချည်နေသည်။ ထို့နောက် မြက်ခြောက်တွေဖြင့် ချက်ချင်း ဖုံးအုပ်လိုက်သည်။

လင်ချင်းယွမ်၏မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားရသည်။

သူမထိုသို့တွေးနေချိန်မှာ ထိုလူကြီး နှစ်ယောက် သူမကိုတွေ့သွားကာ သူတို့ မျက်နှာထက်၌ သတ်ဖြတ်လိုစိတ်တွေ ထင်ဟပ်လာ၏။ သို့သော် သူမ၏ စုတ်ပြဲနေ သည့်အ၀တ်အစားတွေကိုမြင်တော့ ဘာမှ မသိသည့် သူတောင်းစားတစ်ယောက်ဟု ထင်ကာ စိတ်အေးသွားကြဟန်ပေါ်သည်။

သူတို့အလုပ်ကအများကြီးပိုအရေးကြီးသည်။ ဒီနှစ်ယောက်ကို အရင်ဆုံးဝေးနိုင်သမျှ ဝေးဝေးကိုခေါ်သွားရမည်။

ထို့ကြောင့် လူကြီးနှစ်ယောက်ဟာ နွားလှည်း ကို တစ်ဖက်ခြမ်းရှိ တောင်ကြားလမ်းသို့ မောင်းသွားကြတော့သည်။

သူတို့ထွက်သွားတာကိုမြင်မှ လင်ချင်းယွမ် လည်း သက်ပြင်းချလိုက်မိသည်။ ထိုလူနှစ်ဦး သူမကိုသတ်ချင်နေတာကို သူမ ခံစားမိလိုက်သည်။ သို့သော် တစ်ချို့အကြောင်းတွေကြောင့် သူမကို လွှတ်ပေးဖို့ဆုံးဖြတ်လိုက်ပုံပင်။ သူတို့ နွားလှည်းထဲသို့ မိန်းမနှစ်ယောက်ကို ထည့်လိုက်သည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ သူမ အထင်သာမှန်မယ်ဆို ရင် ထိုထဲကတစ်ယောက်က ချန်ကျူပင်းရဲ့ အဖေတူ အမေကွဲအစ်မ ချန်ချူးယွီပင်။

ချန်ကျူပင်းကြောင့် သူမ ချန်ချူးယွီကိုလည်း ကြည့်မရချေ။ တကယ်တော့ သူမ၏ မြှူဆွယ်လိုဟန် မသင့်တော်သည့်အပြုအမူ တွေကြောင့် အထင်သေးခြင်းဖြစ်သည်။

ယခုထိလည်း သူမ ချန်ချူးယွီကို သဘောမကျ ချေ။ သို့သော် သူမကိုယ်တိုင်လည်း အဲ့လောက် ကောင်းမနေတာကြောင့် ကြိုက် မကြိုက်က ကိစ္စမဟုတ်ပေ။ မဟုတ်ရင် ချန်ကျူပင်းလို ဆန်ကုန်မြေလေးကောင်ကို သူမ ဘယ်လိုလုပ်ကြိုက်မိမှာလဲ။

လက်ရှိပြဿနာကိုပြန်ပြောရမယ်ဆိုလျှင် ချန်ချူးယွီက အိမ်ရှေ့စံရဲ့ကိုယ်လုပ်တော်ဖြစ် ပြီး အရှေ့ဘက်နန်းတော်မှာ နေနေတာ မဟုတ်ဘူးလား။ တစ်စုံတစ်ယောက်ဆီက ကန်ထုတ်ခံရပြီး နွားလှည်းပေါ်ပစ်တင်ခံရ အောင် သူဘာလုပ်ခဲ့လို့လဲ။

ဘာတွေဖြစ်နေသလဲဆိုတာကို သူမ ချက်ချင်းနားလည်သွားရသည်။

အရင်တစ်ခေါက်က ရနံ့မွှေးကျောင်းတော် တွင် လုယွင်ရွှမ်းနှင့်ချန်ကျူပင်း တစ်ခုခု လျှို့ဝှက်ကြံစည်နေသည်ကို လင်ချင်းယွမ် ကြားခဲ့ရသည်။ အဲ့တာက သူမကို ပြန်ပေးဆွဲဖို့ များဖြစ်နေမလား။

ချန်ချူးယွီကို လုယွင်ရွှမ်း အပြတ်ရှင်းပစ်မလို့ များလား။

Chapter 392: သူ့ကိုယ်တွင်းက တစ်စုံတစ်ရာက လှုံ့ဆော်နေတယ်

လင်ချင်းယွမ်၏အမူအရာ ပြောင်းလဲသွားရ သည်။ သူမဆုံးဖြတ်ချချလျက် ထိုလူနှစ်ယောက်ထွက်သွားသည့်ဘက်ကို ပြေးလိုက်သွားလိုက်သည်။

လမ်းပေါ်ရှိလူအုပ်ကို အကာအကွယ်ယူလျက် လင်ချင်းယွမ် သူတို့နောက်မှလိုက်လာလိုက် တော့ သူတို့်မြင်းလှည်းကို အပြင်ဘက်သို့ ဆွဲသွားသည်ကို သူမမျက်လုံးနှင့် တပ်အပ် မြင်လိုက်ရသည်။

လင်ချင်းယွမ် အံတင်းတင်းကြိတ်ကာ သူတို့ နှင့်အဝေးမှ ဆက်လိုက်သွားလိုက်သည်။

အရှေ့ဘက်နန်းဆောင်၌။

လုယွင်ရွှမ်းမှာ အစေခံတွေဆက်သလာသည့် အာဟာရဖြည့်စွက်ကြက်စွပ်ပြုတ်ကို သောက်နေလေသည်။ သူမ ကိုယ်၀န်ပျက်ကျ သွားချိန်မှာ တစ်လပင်ကြာမြင့်သွားပြီဖြစ် သည်။ သူမ၏စားသောက်ပုံ၊ အ၀တ်အစား တွေနှင့် နေ့စဉ်အသုံးအဆောင်တွေကို ဒီတစ်လလုံး သေသေချာချာစီစဉ်ခဲ့တာဖြစ် ပြီး အာဟာရဖြည့်စွက်စာတွေကြောင့် သူမမှာ ပန်းရောင်ပင်သန်းနေပြီဖြစ်သည်။

လုယွင်ရွှမ်း သူမကိုယ်သူမ မှန်ထဲ၌ပြန်ကြည့် ကာ အလွန်ကျေနပ်နေတော့သည်။

ဟုန်ရှို့အပြင်မှပြန်လာသည်ကိုမြင်တော့ သူမ မေးလိုက်သည်။

ဟမ့်၊ ချန်ချူးယွီကများ သူ့ကိုဆန့်ကျင်ရဲတယ် ပေါ့။ ဘာလို့သေရမှန်းမသိအောင် သူမကို လုပ်ပေးလိုက်မယ်။

“မယ်မယ် ဒုတိယသခင်မလေးနဲ့ မြို့စားကတော်ဟောာင်းတို့ နန်းမြို့တော်ကို လာနေကြပြီလို့ သတင်းရထားပါတယ်”

အခုချန်ချူးယွီလည်းမရှိတော့ဘူးဆိုတော့ သူမ အိမ်ရှေ့စံကို အိပ်ရာထဲမှာပြုစုပေးဖို့ မစောင့် နိုင်တော့ပေ။ ဒီတစ်ညထဲနဲ့ သူမသာ ကိုယ်၀န် ရခဲ့ရင် ကမ္ဘာပေါ်မှာအကောင်းဆုံးသတင်း ဖြစ်ပေလိမ့်မည်။

လုယွင်ရွှမ်း စားကောင်းသောက်ဖွယ်တွေပြင် ထားကာ ဟုန်ရှို့ကို အိမ်ရှေ့စံအား သွားခေါ် ခိုင်းလိုက်သည်။

လုံချီ အစကတော့လုပ်စရာအလုပ်တွေများ နေတာကြောင့် သွားဖို့အစီအစဉ်မရှိပေမယ့် လုလျန့်ဝေမြို့တော်ကိုပြန်ရောက်နေပြီဆိုတာ ကို သတိရလိုက်တော့ မနက်ဖြန်၌ မြို့စား အိမ်တော်ကိုသွားလည်ရန် လုယွင်ရွှမ်းကို ပြောမည်ဟုတွေးကာ သွားလိုက်သည်။ သူသာ လုယွင်ရွှမ်းနှင့်အဖော်လိုက်ပေးလျှင် လုလျန့်ဝေကိုလည်းတွေ့နိုင်မည်ဖြစ်သည်။

ထိုသို့တွေးမိပြီး လက်ထဲရှိစုတ်တံကိုချကာ လုယွင်ရွှမ်း၏ခြံ၀န်းဆီ ဦးတည်လိုက်သည်။

လုယွင်ရွှမ်းမှာ ထိုင်ခုံ၌ထိုင်လျက်ရှိနေကာ လုံချီ ထိုမျှမြန်မြန်ရောက်လာမည်ဟု မထင်ထားချေ။ ထိုအရာဟာ သူမကို အလွန် ပျော်ရွှင်သွားစေသည်။

သူမထင်သလိုပင် သူအခုထိ သူမကို ဂရုစိုက် သေးသည်။

သူမ၏မိတ်ကပ်အများအပြားလိမ်းခြယ်ထား သည့်မျက်နှာကိုကြည့်ကာ သူမခါးကို သိုင်းဖက်လိုက်ရင်း

လုယွင်ရွှမ်း ရှက်ရွံ့စွာခေါင်းငုံ့ထားရင်း သူ့ကို ညင်သာစွာထုရိုက်လိုက်၏။

လုံချီ၏နှုတ်ခမ်းတွေကွေးတက်သွားကာ သူမကိုဖက်ထားလိုက်ရင်း

“ကိုယ်မင်းကို ဒီညအဖော်လုပ်ပေးမယ်”

လုယွင်ရွှမ်းစိတ်လှုပ်ရှားသွားရသော်လည်း သူမခံစားချက်တွေကိုတော့ သစ္စာမဖောက် ချေ။ သူမ လုံချီ၏လက်ကိုကိုင်လိုက်ပြီး စားပွဲဘေး၌ထိုင်ကာ ညင်သာစွာပြောလိုက် သည်။

“ကျွန်တော်မျိုးမ စားစရာတွေနဲ့ ဝိုင် ပြင်ထားပါတယ်။ အရှင့်သား နည်းနည်း စားကြည့်ပါဦး”

လုံချီ့မျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။ လုလျန်ဝေ သူ့စိတ်ကူးတွေနဲ့ ဆန္ဒတွေကို သူ့နှစ်သက်မှုကိုရဖို့ ဘာမဆိုလုပ်တဲ့ ချန်ချူးယွီ လိုမျိုး နာခံရမယ့်တစ်နေ့ကိုရောက်လာမှာပါ။

နောက်တစ်နေ့၊ မြို့စားအိမ်တော်၌။

မြို့စားအိမ်တော်ကိုရောက်လာတော့ လုယွင်ရွှမ်း တစ်စုံတစ်ရာကိုပြီးမြောက် အောင်မြင်သွားသလိုခံစားလိုက်ရကာ ဂုဏ်ယူနေမိသည်။

မနေ့က တစ်ညလုံး သူမ အိမ်ရှေ့စံနှင့်အတူ ကုန်ဆုံးခဲ့တာပင်။ သူမဒီနေ့မြို့စားအိမ်တော် ကိုပြန်မည်ဆိုတာကိုသိတော့ သူလုပ်လက်စ အလုပ်တွေအကုန်လုံးကိုပစ်ချကာ သူမနှင့် အတူ အဖော်လိုက်လာခဲ့ပေးသည်။

အစေခံတွေ သူမနှင့်မျက်လုံးချင်းမဆိုင်ရဲပဲ ရှောင်နေကြသည်ကိုမြင်တော့ လုယွင်ရွှမ်း အထူးပင်ဘ၀င်ခိုက်နေရသည်။

လုလျန့်ဝေ ဧကရာဇ်နဲ့လက်ထပ်လိုက်တော့ ရော ဘာဖြစ်လဲ။ မကြာခင်မှာပဲ မုဆိုးမအဖြစ်ကျန်နေခဲ့ပြီး သူ့ရဲ့တောက်ပတဲ့ နေ့ရက်‌တွေ ကုန်ဆုံးသွားမှာပင်။

လုယွင်ရွှမ်း၏လက်ချောင်းတွေဟာ သူမထံ၌ ကိုယ်၀န်ရှိနေသလို ၀မ်းဗိုက်ကိုပွတ်သပ်နေ လေသည်။ သူမတစ်ကိုယ်လုံးဟာ တောက်ပ နေပြီး အားအင်ပြည့်၀နေပုံပေါ်နေလေသည်။

လုံချီဟာတော့ လုယွင်ရွှမ်း၏ ဘ၀င်ခိုက်နေ သောအကြည့်ကိုမမြင်ပေ။ သူ့စိတ်ထဲ၌ ခဏ နေလို့ လုလျန့်ဝေနှင့်တွေ့လျှင် ဘယ်လိုဖြစ်မလဲဆိုတာနှင့် ပြည့်နေလေသည် ။

သို့သော်ငြားလည်း မိန်းမတွေရဲ့စကား ဆိုလိုရင်းကို သိတော့ သူစိတ်မပျက်မိပေ။ အဲ့အစား သူမကိုတွေးမိတော့ သူ့ကိုယ်တွင်း က တစ်စုံတစ်ရာကလှုံ့ဆော်လာသည်။

All Chapters