← Chapters

အခန်း (၃၉၃-၃၉၅)

Vol. 8 Ch. 393-395

အခန်း (၃၉၃-၃၉၅)

Vol. 8 Ch. 393-395

Chapter 393: ရပ်တန့်ဖို့ရည်ရွယ်ချက်မရှိ

သက်ရှည်ခန်းမသို့သွားချင်လျှင် ဥယျာဉ်ကို အရင်ဖြတ်ရလေသည်။

ထိုအချိန်တွင် ဥယျာဉ်ထဲမှ ဆူဆူညံညံအသံ တွေကို ကြားနေရ၏။

“သခင်မလေး၊ လုပ်နိုင်ပါတယ်။”

“မြို့စားကတော်ဟောင်း လုပ်နိုင်တယ်။”

လုံချီ လုလျန့်ဝေ၏ အနီးကပ်အစေခံ အားပေးနေသည့်အသံကို ကြားလိုက်ရသည်။

လုလျန့်ဝေလည်း ဥယျာဉ်ထဲမှာပဲလား။

ထိုသို့တွေးမိပြီး သူလမ်းလျှောက်နေတာကို ရပ်လိုက်မိသည်။

လုယွင်ရွှမ်းလည်း ထိုအသံကိုကြားလိုက် သည်။ သူတို့၏အဆင်အခြင်မဲ့မှုအပေါ်မှာ သူမ စိတ်ပျက်နေမိသည်။ လုလျန့်ဝေပဲ ဥယျာဉ်ထဲမှာရှိနေတာဆိုရင် သူမလျစ်လျူရှု လိုက်ပြီဖြစ်သည်။ ကံမကောင်းစွာနဲ့ အစေခံ တစ်ယောက် မြို့စားကတော်ဟောင်းဟု အော်လိုက် သံကို သူမကြားလိုက်ရသည်။

လုယွင်ရွှမ်း သိချင်စိတ်ပေါ်လာတာကြောင့် ဟုန်ရှို့ဘက်လှည့်ကာမေးလိုက်သည်။

“ကျူးယွီအသံကိုကြားလိုက်သလိုပဲ။ အမြန်သွားပြီး အဘွားရောရှိနေလားဆိုတာ ကြည့်ခဲ့”

ဟုန်ရှို့ထိုသို့ဖြေကာ ဥယျာဉ်ထဲသို့ အမြန်ပြေးသွားလိုက်သည်။

ခဏကြာတော့ ထူးဆန်းသည့်ရုပ်ဖြင့် သူမ ပြန်ရောက်လာ၏။

“မယ်မယ်ရှင့် မြို့စားကတော်ဟောင်းနဲ့ ဒုတိယ သခင်မလေးတို့က ဥယျာဉ်ထဲမှာပါ။ ဒါပေမယ့်…”

မြို့စားကတော်ဟောင်းနဲ့ဒုတိယသခင်မလေးတို့က ဘက်တံလိုဟာမျိုးကို လက်ထဲမှာကိုင်ထား ပြီး ငှက်မွှေးနဲ့လုပ်ထားပုံရတဲ့တစ်စုံတစ်ခုကို ရိုက်နေကြသည်။

“ကျွန်မလဲမပြောတတ်ဘူး။ မယ်မယ်ကိုယ်တိုင်သွားကြည့်လိုက်တာ ပိုကောင်းမယ်ထင်တယ်”

ထို့ကြောင့် လုံချီလည်းမထိန်းနိုင်တော့ပဲ ဥယျာဉ်ထဲသို့ အမြန်လျှောက်သွားတော့သည် ။

လုယွင်ရွှမ်းမှာတော့ ဟုန်ရှို့ပြောသည်ကိုသာ သိချင်စိတ်ပြင်းပျနေပြီး ခင်ပွန်းဖြစ်သူ၏ အပြုအမူကို သတိမထားလိုက်မိပေ။

လုလျန့်ဝေနဲ့မြို့စားကတော်ဟောင်းတို့ ဥယျာဉ်ထဲ၌ ကြက်တောင်ရိုက်နေကြတာဖြစ်သည်။

သူမ လုထင်ချန်းကို လက်မှုပညာသည် တစ်ယောက်ရှာခိုင်းပြီး ကြက်တောင်နှင့် ဘက်တံပြုလုပ်ခိုင်းခဲ့တာဖြစ်သည်။ ထိုအတွက် သူမ ပုံဆွဲပေးလိုက်ရုံသာရှိသည်။ ဒီလောက်မြန်မြန်ပစ္စည်းရလာမည်ဟု သူမ မထင်ထားချေ။

သူမတို့ခေတ်ကကြက်တောင်နဲ့ တစ်ပုံစံတည်း တော့မတူပေမယ့် သုံးလို့တော့ရသည်။

ဒီနေ့မိုးအုံ့တာကြောင့်နေမပူပေ။ သူမတို့ နှစ်‌ဦး ခဏလောက်ဆော့ပြီးနောက် ၀တ်စုံ များမှာ ချွေးဖြင့်စိုရွှဲလာရသော်လည်း ရပ်တန့်ရန် စိတ်ကူးမရှိချေ။

ဘေးမှကြည့်နေသောအစေခံများမှာလည်း သူမတို့ကို အားပေးနေကြလေသည်။

မြို့စားကတော်ဟောင်းအနေနဲ့ အခုမှ ပထမဆုံး ကစားဖူးတာ‌ဖြစ်သော်လည်း အတော်လေး သွက်ကာ အမြန်ပဲသဘောကျသွားပုံပေါ်ကာ အခုတော့ လုလျန့်ဝေနှင့် ပြင်းထန် သော တိုက်ပွဲဆင်နွှဲနေလေသည်။

လုံချီ ဥယျာဉ်ထဲခြေချချချင်းပဲ လုလျန့်ဝေ ကို မြင်လိုက်ရသည်။

သူမဟာ ဒီနေ့ ပန်းရောင်၀တ်စုံကို ၀တ်ဆင် ထားတာဖြစ်၏။ သူမ၏ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားကာ အနောက်တွင်ခပ်လျော့လျော့ ချထားပြီး သူမပြေးလိုက်တိုင်း ၎င်းဟာ လည်း အထက်အောက်ခုန်နေလေတော့သည် ။ သူမပုံမှာ လွန်စွာတက်ကြွနေလေ၏။

ထိုအချိန်တွင် ရုတ်တရက် အဖြူရောင် ငှက်မွှေးနှင့်အရာတစ်ခု သူ့ထံ ပျံလာသည်။

လုံချီ၏မျက်လုံးတွေကျဉ်းမြောင်းသွားကာ ၎င်းကိုအလွယ်တကူဖမ်းယူလိုက်သည်။

လုယွင်ရွှမ်း ထိုအရာကိုမြင်တော့ လုလျန့်ဝေ ကိုဒေါသတကြီး စိုက်ကြည့်လာသည်။

“ဝေဝေ၊ နင်ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်တာ မလား။ သူ့ကိုအဲ့တာနဲ့ထိသွားရင် ဖြစ်လာမယ့်ထိခိုက်မှုအတွက် နင်ဘယ်လို တာ၀န်ယူရမယ်ဆိုတာကို စဉ်းစားကြည့်ဖူး လား။”

သူမ ထိုသို့ပြောလိုက်ချိန်တွင် ယခင်က သူမတို့ကိုနောက်ကျောပေးကာရပ်နေသည့် မြို့စားကတော်ဟောင်းမှာ ချက်ချင်းလှည့်လာသည် ။

“အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံမယ်မယ်တို့ ရောက်နေတာကို ဘာလို့တစ်ယောက်ယောက် ကို လွှတ်ပြီး ကျွန်မတို့ကို အသိမပေးခိုင်း လိုက်ရတာပါလဲ။ ကျွန်မတို့ တံခါး‌၀ကို ထွက်ကြိုမှာပေါ့”

လုယွင်ရွှမ်း သူမပြောတာကိုကြားတော့ လုလျန့်ဝေကို ခပ်စူးစူးစိုက်ကြည့်လိုက်သည်။ သူမညီမမျက်နှာ၌ အပြစ်ကင်းစင်ဟန်ဖြင့် ရှိနေတာကြောင့် လုယွင်ရွှမ်း မြို့စားကတော်ဟောင်း ကို ကသိကအောက်ပြန်ဖြေလိုက်ရသည်။

“အဘွားပြန်ရောက်နေတယ်လို့ကြားလို့ အရှင့်သားကို ကျွန်မနဲ့အတူ အလည်ခေါ်လာ တာပါ။ အဘွားကိုအလုပ်မရှုပ်စေချင်လို့ သက်ရှည်ခန်းမကိုပဲ တန်းလာလိုက်တာ။ အဲ့တာ အဘွားဒီမှာရှိနေတယ်ကြားတာနဲ့ ဒီကို ချက်ချင်းပြန်လှည့်လာလိုက်တာ။ ဝေဝေ အရှင့်သားကို ထိခိုက်စေလုနီးပါးဖြစ်သွား လိမ့်မယ်လို့ မထင်ထားဘူး…”

မြို့စားကတော်ဟောင်းလည်း လုံချီလက်ထဲရှိ ကြက်တောင်ကိုကြည့်လိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။

“ဒီလိုပေ့ါပါးပြီး သေးငယ် တဲ့ပစ္စည်းလေးက အရှင့်သားလို ကျန်းမာ သန်စွမ်းတဲ့လူကို ထိခိုက်သွားစေနိုင်တာလား။”

လုယွင်ရွှမ်း သူမအကြည့်နောက်လိုက်ကာ ကြည့်လိုက်တော့မှ “လူသတ်လက်နက်”ဟာ ဘဲမွှေးတပ်ထားသည့် ပစ္စည်းလေးတစ်ခုမှန်း သိလိုက်ရတော့သည်။

“အဲ့လိုဆိုရင်တောင် အရှင့်သားက မြင့်မြတ်တဲ့လူတစ်ယောက်လေ။ သူဒါနဲ့ ထိခိုက်သွားရင်…”

မြို့စားကတော်ဟောင်း၏အမူအရာမှာ မှောင်မဲလာရ သည်။

လုံချီ ချက်ချင်းပင် လုယွင်ရွှမ်းကို တံတောင် နှင့်တွတ်လိုက်ကာ ပြောနေသည်ကို ရပ်ခိုင်း လိုက်သည်။

Chapter 394: လုလျန့်ဝေ ကြက်သီးထလာရ

လုံချီ သူ့လက်ထဲရှိအရာကိုကြည့်ကာ မြို့စားကတော်ဟောင်းကို တောင်းပန်လိုက်သည်။

“ကျွန်တော်တို့ မြို့စားကတော်ဟောင်းရှေ့မှာ မတော်မတရားပြုမူမိသွားတယ်။ ရွှမ်းအာက ကျွန်တော်ထိခိုက်မှာကြောက်သွားလို့ပါ…”

ထို့နောက် ခဏရပ်ကာဆက်ပြောလာလေ သည်။

“ရွှမ်းအာကို စိတ်မဆိုးပါနဲ့ မြို့စား ကတော်”

မြို့စားကတော်ဟောင်း လက်ယမ်းပြလိုက်ကာ

“ကျွန်မက အိမ်ရှေ့စံမယ်မယ်ကို ဘယ်လိုများစိတ်ဆိုးရဲပါ့မလဲ။ အရှင့်သား ဒီလိုမျိုးတောင်းပန်နေစရာမလိုပါဘူး”

လုယွင်ရွှမ်း၏မျက်နှာမှာ စာရွက်တစ်ရွက်လို ဖြူဆုတ်သွားရသည်။ သူမအရှေ့သို့တိုးကာ မြို့စားကတော်ဟောင်း၏၀တ်ရုံစကိုဆွဲလိုက်ပြီး သနားစရာကောင်းစွာ ပြောလိုက်သည်။

“အဘွား၊ သမီးအပိုတွေလုပ်လိုက်မိတာပါ။ ဝေဝေကို အပြစ်မတင်လိုက်သင့်ဘူး…”

မြို့စားကတော်ဟောင်း သူမ၀တ်ရုံစကို ပြန်‌ဆွဲယူ လိုက်ကာ

“အိမ်ရှေ့စံမယ်မယ်က အိမ်ရှေ့စံ ဘေးမှာအမြဲရှိနေပြီး သူ့ရဲ့လုံခြုံရေးအတွက် လည်း ဂရုစိုက်ပေးရမှာပေါ့။ ဒါကဖြစ်သင့်တဲ့ အရာပဲမို့ ကျွန်တော်မျိုးမ စိတ်မဆိုးပါဘူး။ နောက်တစ်ခါ မြို့စားအိမ်တော်ကိုလာမယ် ဆိုရင် အရင်အသိပေးပြီးမှလာတာ ပိုကောင်း ပါလိမ့်မယ်။ ကျွန်တော်မျိုးမတို့ကို ဥယျာဉ် ထဲမှာမတွေ့ခင် တစ်ခုခုဖြစ်ခဲ့ရင် အရှင့်သားတို့ ဒီနားမှာရှိမှန်းမသိတာကြောင့် မြို့စားမိသားစုကလည်း ဘာမှအကူအညီ မပေးနိုင်ပဲဖြစ်နေလိမ့်မယ်”

လုယွင်ရွှမ်း၏မျက်နှာထက်မှ သွေးတွေ အားလုံးကုန်ခမ်းသွားသလိုပင်။

မြို့စားကတော်ဟောင်း ဘာမှပြင်းပြင်းထန်ထန် ပြောမလာပေမယ့် သူမပြောလိုက်သည့် စကားလုံးတိုင်းက လုယွင်ရွှမ်းနှင့်လုလျန့်ဝေ ကြားမှ ထင်ရှားသည့်မျဉ်းကို ဖော်ပြနေသည်။

လုယွင်ရွှမ်း မလှုပ်မယှက်နေနေရင်း ရုတ်ခြည်း အကူအညီမဲ့သလိုခံစားလိုက်ရ သည်။

လုံချီ သူမအတွက် အနည်းငယ်စိတ်မကောင်း ဖြစ်သွားရသည်။

သူကဘာလို့မလိုအပ်ပဲ ရေးကြီးခွင်ကျယ်လုပ်လိုက်ရတာလဲ။

သူမအပြုအမူကိုဖယ်လိုက်လျှင် သူမဟာ သူ့မြေးမပင်ဖြစ်တာကြောင့် မြို့စားကတော်ဟောင်း သက်ပြင်းချလိုက်ကာ

“တော်လောက်ပြီ။ ဒီနားမှာရပ်‌မနေကြနဲ့တော့။ အထဲ၀င်ပြီး လက်ဖက်ရည်သောက်ရအောင်”

လုယွင်ရွှမ်း အဘွားဖြစ်သူထံမှနှစ်သက်မှုရရန် အနောက် မှ အမြန်လိုက်သွားလိုက်သည်။

ဘာတွေပဲဖြစ်နေပါစေ သူမအဘွား သူမကို သဘောမကျဖြစ်တာမျိုး အဖြစ်မခံနိုင်ပေ။ သူမထံမှ မျက်နှာသာရအောင် ပြန်လုပ်ရမည်။

လုယွင်ရွှမ်းမှာ မြို့စားကတော်ဟောင်းစိတ်ကျေနပ် စေရေး၌သာ သူမအာရုံကိုနစ်မြှုပ်ထားတာ ကြောင့် လုံချီ သူမနောက်ကပါမလာသည်ကို မသိချေ။

လုံချီမှာ နဂိုနေရာ၌သာ ရပ်ကျန်နေခဲ့တာ ဖြစ်သည်။ လုလျန့်ဝေ ဘက်တံကိုကိုင်ရင်း လျှောက်လာသည်ကိုမြင်တော့ သူ့မျက်လုံးထဲ ၌ အလင်းတစ်ချက်ဖြတ်ပြေးသွားကာ သူမထံ ချဉ်းကပ်လာသည်။

“ဝေဝေ မင်းကအရမ်းဆော့တာပဲ၊ ကိုယ့်မျက်နှာကိုတောင် အဲ့တာနဲ့ထိသွားတော့ မလို့”

ထိုသို့ပြောရင်း သူမထံကို ကြက်တောင် ပြန်ပေးလိုက်သည်။

လုလျန့်ဝေ ကြက်သီးထသွားရသည်။ သူမ ကြက်တောင်ကိုပြန်မယူတော့ပဲ ကျူးယွီ ဘက်လှည့်ကာပြောလိုက်သည်။

ကျူးယွီချက်ချင်းနားလည်သွားကာ အမြန် အရှေ့သို့တက်လာလိုက်သည်။ ထို့နောက် လုံချီ့လက်ထဲမှ ကြက်တောင်ကိုပြန်ယူလိုက် သည်။

လုံချီ သူမကိုပင်မကြည့်ပဲ လက်ကိုပြန်ရုတ် လိုက်ကာ ကြက်တောင်ကိုသိမ်းလိုက်ပြီး လုလျန့်ဝေကိုဖိထားလျက် ပြောလိုက်သည်။

“မြို့စားကတော်ဟောင်းပင်ပန်းနေလောက်ပြီ။ ကိုယ်မင်းနဲ့ဆော့ပေးရင်ရော။”

သူမတို့ဆော့နေသည်ကို သူ ခဏကြာအောင် ရပ်ကြည့်ထားတာကြောင့် ထိုထူးဆန်းသည့် ကစားနည်းကို ဘယ်လိုဆော့ရမလဲဆိုတာ သူသိသည်။

လုလျန့်ဝေ သူမလက်ထဲရှိဘက်တံကို ချူကျူ လက်ထဲထည့်ကာ

ချူကျူ ဘက်တံကိုယူကာ လုံချီကိုကြည့်လျက် အရှေ့တစ်လှမ်းတက်လာလိုက်သည်။

လုံချီ့နဖူးထက်ရှိ သွေးကြောများ တင်းကြပ် သွားရသည်။ ဘယ်သူက ဒီယောကျာ်းလျာ ကောင်နဲ့ ကစားချင်နေလို့လဲ။

သူချက်ချင်းပျင်းရိသွားရကာ ကျူးယွီထံ ကြက်တောင်ပစ်ပေးလိုက်သည်။

“မင်းတို့နှစ်ယောက်ပဲ ကစားလိုက်ကြတာ ပိုကောင်းမယ်”

ကျူးယွီဟာ မြို့စားကတော်ဟောင်းနှင့် သခင်မလေးဆော့နေတာကို ကြည့်ပြီးကတည်းက ဆော့ချင်လွန်းလို့ လက်ယားနေတာဖြစ်သည။ ယခု သူမ လက်ထဲသို့ကြက်တောင်ရောက်လာပြီ ဖြစ်တာကြောင့် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ထခုန်လျက်

ချူကျူ ခေါင်းငုံ့ကာ သူမလက်ထဲရှိ ဘက်တံ ကိုကြည့်လိုက်သည်။ ဘက်တံအပြင်ပိုင်းကို သစ်သားဖြင့်ပြုလုပ်ထားပြီး အတွင်းပိုင်း၌ ပိုက်ကွန်သဏ္ဍာန်ကြိုးများကို တပ်ဆင်ထား သည်။

ကြည့်ရတာရိုးရှင်းသော်လည်း ဒုတိယ သခင်မလေးနှင့်မြို့စားကတော်ဟောင်းတို့ ကစားရင်း အလွန်ပျော်ရွှင်နေခဲ့ကြသည်။ သူမ ထိုကြိုးတွေကို ပွတ်သပ်လိုက်ရင်း ကျူးယွီကို ခေါင်းညိတ်ပြလိုက်သည်။

ထိုမိန်းကလေးနှစ်ယောက် ဆော့ကြတော့ မည်ကိုမြင်တော့ လုလျန့်ဝေ စိတ်၀င်စားသွား ကာ နားနေဆောင်ထဲ၀င်လိုက်သည်။

လုံချီ သူမ၀င်သွားသည်ကိုမြင်တော့ နောက်မှ လိုက်လာသည်။ ထို့နောက် အစေခံတစ်ယောက်ဆီမှ ယပ်တောင် တစ်ချောင်းတောင်းလိုက်ကာ သူမကို ယပ်ခတ်ပေးနေလိုက်သည်။

လုလျန့်ဝေ သူမထံတိုက်ခတ်လာသည့် လေပြေလေးကိုခံစားမိတော့ ဘယ်လို အမြော်အမြင်ရှိတဲ့အစေခံများလဲဟု တွေးမိသွားရသည်။ ထို့ကြောင့် လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် သူမမျက်နှာ မဲမှောင်သွားရတော့သည်။

ဒီဆန်ကုန်မြေလေးအိမ်ရှေ့စံ လုံချီက ဘာဖြစ်ချင်နေတာလဲ။ ဘာလို့ သူ့နောက်ပဲ လိုက်နေရတာလဲ။

Chapter 395: သူ့ဆီသွားနေမိတာ မရပ်တန့်နိုင်ဘူး

လုံချီ လုလျန့်ဝေ သူ့အားကြည့်နေသည်ကို မြင်တော့ သူ့အတွေးတွေကိုဖယ်ရှားလိုက်ကာ အပြုံးတစ်ပွင့်ဖြင့်

“ဘာဖြစ်လို့လဲ။”

လုလျန့်ဝေ ထောင်းခနဲဒေါသထွက်သွားရကာ

“ဒါရှင်လုပ်နိုင်တာအကုန်ပဲလား အရှင့်သား။”

လုံချီ၏မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားပေမယ့် သူ့လက်လှုပ်ရှားမှု ဟာတော့ မြန်ဆန်လေသည်။

ထိုအရာကိုမြင်တော့လုလျန့်ဝေ အနည်းငယ် စိတ်ကျေနပ်သွားသည်။ သူ့ဂုဏ်သိက္ခာကို တောင်ချပြီး သူမကိုယပ်ခတ်ပေးဖို့ ဆန္ဒရှိနေတယ်ဆိုမှတော့ သူမကဘာလို့ အဲ့တာအပေါ်အခွင့်အရေးမယူရမှာလဲ။

“လိမ္မာလိုက်တဲ့ တူလေး၊ အရှင်ပြန်ရောက်လို့ သူနဲ့တွေ့ဖြစ်တဲ့အခါကျရင် ဆုချဖို့ သေချာလေးပြောပေးမယ်”

လုလျန့်ဝေ သူ့ကို နားလည်ဟန်ဖြင့်ကြည့်လိုက်သည်။

လုံချီ၏ယပ်တောင်ခတ်‌နှုန်းမှာ တဖြည်းဖြည်းနှေးကွေးသွားကာ

“ဦးရီးတော်ရှေ့မှာ ချီးကျူးတာခံချင်လို့ ‌ဒီလိုလုပ်နေတယ်လို့ထင်နေတာလား။”

လုံချီနှုတ်ခမ်းတင်းတင်းစေ့လျက် သူ့လက်ထဲရှိယပ်တောင်ကို ဘေးရှိစကျင်ကျောက်စားပွဲပေါ် ပစ်တင်လိုက်သည်။ ထို့နောက် သူမလက်ကို ဆွဲကိုင်ရန်လက်လှမ်းလာတော့သည်။

“လုလျန့်ဝေ ဟန်ဆောင်နေတာရပ်လိုက်တော့ အစောနက အဲ့တာကိုငါမင်းကိုအာရုံစိုက်လာ အောင် ရည်ရွယ်ချက်ရှိရှိပစ်လိုက်တာမလား၊ အခုမှလာပြီး အကွာအဝေးခြားချင်မနေနဲ့။ မင်းသရုပ်ဆောင်တာ တော်တော်လေး ကောင်းပေမယ့် ငါ့ကိုတော့ အရူးလုပ်လို့ မရဘူး”

လုလျန့်ဝေ သူ့အား သူမလက်ထဲရှိ ငွေအပ် တစ်ချောင်းကိုထုတ်ပြလိုက်သည်။

“ကျွန်မရှင့်ကိုသတိမပေးဘူးလို့တော့ မပြောနဲ့ နော် အရှင့်သား။ ဒီငွေအပ်မှာ အဆိပ်သုတ် ထားတယ်။ မတော်တဆထိုးမိရင်တောင် နေရာမှာတင် တန်းသေသွားလိမ့်မယ်။ အရှင့်သားအနေနဲ့ သည်းထိတ်ရင်ဖိုတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလိုကစားတာ ပျော်ဖို့ကောင်းမှာပါ”

သူမပြောတာကိုကြားတော့ လုံရန် ရပ်တန့်သွားတော့သည်။

“ရှင့်လိုရွံစရာကောင်းအောင်လုပ်နေတာထက် စာရင် ကျွန်မကသာပါသေးတယ်”

လုလျန့်ဝေ သူမလက်ထဲရှိငွေအပ်နှင့် ကစားနေလိုက် သည်။ အကယ်၍ သူ့လက်သူမထံ ထပ်ရောက်လာလျှင် သူ့ကိုထိုးပစ်ဖို့ တုံ့ဆိုင်း နေမှာမဟုတ်ချေ။

သူမက သူ့အာရုံစိုက်မှုကိုလိုချင်လို့ ဆွဲဆောင် နေပါတယ်လို့ ဘာလို့ထင်နေရတာလဲ။

သူ့ကိုယ်သူ မှန်ထဲမှာသေချာပြန်သွားကြည့် သင့်တယ်။ သူကလည်း နီးနီးကပ်ကပ်လာရပ် နေသေးတယ် သူမကကြက်တောင်နဲ့ပေါက်ပါ တယ်ဆိုပြီး လာစွပ်စွဲနေသေးတယ်။ သူမအပြုအမူတွေကို ဆိုးဆိုးရွားရွားကို နားလည်မှုလွဲနေတာပဲ။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။။

လုံချီ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွား သော်လည်း သူမရဲ့လှပတဲ့မျက်နှာလေးကို မြင်တော့ သူ့ထံ၌ပြင်းပျသည့်ခံစားချက် တစ်ခု ပေါ်ပေါက်လာပြန်သည်။

သူမဦးခေါင်းထက်၌ မည်သည့် အဆင်တန်ဆာမှ မတပ်ဆင်ထားသလို ဘာမိတ်ကပ်မှမလိမ်းခြယ်ထားတာတောင် သူမအလှက သူ့စိတ်ဝိဉာဉ်ကိုလှုပ်ခတ်စေနိုင် သေးသည်။ သူမကို သူ့လက်မောင်းတွေထဲ ကြမ်းကြမ်းတမ်းတမ်းဆောင့်ဆွဲပြီး ထိုနှုတ်ခမ်းပါးတွေကို နမ်းရှိုက်လိုက်ချင်သည်။

သူ့နှလုံးသားထဲရှိ ထိုမကျေမချမ်းဖြစ်မှုဟာ သူမထံမှအကြည့်မလွှဲနိုင်ဖြစ်စေပြီး သူမကို ယစ်မူးစွာကြည့်နေမိသည်။

သူမဒီလောက်လှတယ်ဆိုတာကို သူအရင်က ဘာလို့သတိမထားခဲ့မိပါလိမ့်။

အခုလည်း သိပ်နောက်မကျသေးပါ။ ဦးရီးတော်က မစွမ်းဆောင်နိုင်တော့ပေ။ ဦးရီးတော်ကွယ်လွန်သွားရင် သူသူမကို ပိုင်ဆိုင်နိုင်လိမ့်မည်။ ထိုသို့တွေးမိပြီး သူ့နှလုံးသားထဲရှိ ‌အမှောင်ထုကြီးလည်း ပျောက်ကွယ်သွားရသည်။

ရုတ်တရက် သူ့လက်ခုံကို တစ်စုံတစ်ခု ပြင်းပြင်းထန်ထန်ရိုက်ခတ်လာသည်။

လုံချီ အောက်သို့ပြုတ်ကျသွားသည့်အရာကို ငုံ့ကြည့်လိုက်တော့ သူ့မျက်နှာထက်၌ မှောင်မဲသွားရလေသည်။

“ကျေးဇူးပြုပြီး ကျွန်မတို့ကိုခွင့်လွှတ်ပေးပါ အရှင့်သား။ ချူကျူမှားပစ်မိသွားလို့ပါ။ အရှင့်သား မနာသွားဖို့မျှော်လင့်ပါတယ်”

သူမအသံဟာတော့ ခွင့်လွှတ်ဖို့တောင်းခံနေ ပေမယ့် ဒူးတော့မထောက်ချေ။ သူမ၏ သေးငယ်သောမျက်နှာလေးထက်၌ ကြောက်ရွံ့မှုနှင့်စိုးထိတ်မှုကြောင့် ဒူးထောက် ရန်မေ့သွားသည်ကိုမြင်နေရသည်။

လုလျန့်ဝေ ကျူးယွီကို တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

ကျူးယွီဆိုတဲ့ဒီမိန်းကလေးက တစ်နေ့ထက် တစ်နေ့ ဉာဏ်ပိုကောင်းလာတယ်။ သူနဲ့ ချူကျူနှစ်ယောက်ပေါင်းလိုက်ရင် လိုက်ဖက်ညီနေရောပဲ။

လုံချီ လုလျန့်ဝေကြောင့် သူမကို အပြစ်မပေး တော့ရန်ဆုံးဖြတ်လိုက်ပေမယ့် သူ့အသံဟာတော့ မပျော်မရွှင်ဖြစ်နေဟန်ဖြင့်

“ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင့်သား”

ကျူးယွီ ကြောက်လန့်တကြားကြည့်ကာ ပြန်ဖြေလိုက် သည်။

“သခင်မလေး ရာသီဥတုက ပူလာပြီ။ အထဲအမြန်၀င်ရအောင်လေ”

လုလျန့်ဝေ ရယ်ချင်စိတ်ကို ထိန်းချုပ် ကာ မြေကြီးပေါ်မှကြက်တောင်ကို ပြန်ကောက်လိုက်ပြီး လုံချီကို တစ်ချက်မှ မကြည့်ပဲ နားနေဆောင်ထဲမှ ထွက်လာလိုက် သည်။

လုံချီ:

“ဝေဝေ….”

လုလျန့်ဝေရပ်တန့်လိုက်ရသည်။

All Chapters