← Chapters

အခန်း (၃၉၆-၃၉၈)

Vol. 8 Ch. 396-398

အခန်း (၃၉၆-၃၉၈)

Vol. 8 Ch. 396-398

Chapter 396: မျက်လုံးထဲက ချစ်ခြင်းတရား

လုံချီ ပျော်သွားပေမယ့် သူမပြန်ပြောလိုက် သည်ကိုကြားတော့ သူ့အမူအရာမဲမှောင်သွား ရသည်။

“အရှင့်သား ကျွန်မကိုဒေါ်လေးလို့ပဲခေါ်ဖို့ အရင်ထဲကပြောခဲ့ဖူးပါတယ်။ အဲ့စကားကို မှတ်ထားပေးပါ။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ် ပေးလိုက်ပေမယ့် နောက်တစ်ကြိမ်ထပ်ဖြစ် ရင်တော့ ရှင့်ဦးရီးတော်ကိုပြောပြရလိမ့်မယ်။ အိမ်ရှေ့စံတစ်ယောက်အနေနဲ့ ကျင့်၀တ် ထုံးတမ်းအတိုင်းမပြုမူတာမျိုးမလုပ်သင့်ဘူး။”

လုလျန့်ဝေ ထိုသို့ပြောပြီးနောက် ချူကျူနှင့် ကျူးယွီတို့နှင့်အတူထွက်လာလိုက်သည်။

လုံချီဒေါသတကြီးဖြင့် ဘေးရှိတိုင်လုံးကို ထိုးလိုက်မိသည်။

‘သူကဦးရီးတော်ကိုပဲ ဆက်တိုက်တတွတ်တွတ်ပြောနေတာပဲ။ ဦးရီးတော်အပေါ် တစ်ဘ၀လုံးမှီခိုလို့ရမယ်လို့ ထင်နေတာလား။ တုံးအလိုက်တာ။ အဲ့အချိန်ရောက်မှ ငိုနေရလိမ့်မယ်”

နေ၀င်ချိန်ခြံ၀န်း၌။

လုလျန့်ဝေ ယခုမှသက်တောင့်သက်သာဖြစ် သွားသလိုခံစားလိုက်ရကာ ရေချိုးပြီး အ၀တ်အစားအသစ်တစ်စုံလဲလှယ်လိုက် သည်။

ကျူးယွီဟာတော့ အစောကဥယျာဉ်ထဲက ကိစ္စကိုပြန်တွေးနေတာဖြစ်သည်။

အိမ်ရှေ့စံရဲ့ သခင်မလေးအပေါ် လွဲမှားတဲ့ သဘောထားကို သူမသတိပြုမိသည်။ သူမကို ကြည့်သည့် သူ့မျက်လုံးတွေထဲ၌ ချိုမြိန်တဲ့အချစ်တွေရှိနေသည်။ ကျူးယွီ မလွယ်ကူဘူးဟု ခံစားလိုက်မိသည်။

အိမ်ရှေ့စံစည်းကျော်လာမှာကို သူမ စိုးရိမ်မိသည်။

“သခင်မလေး၊ ဧကရာဇ်က ဘယ်အချိန် ပြန်လာမှာလဲ။”

သူမလုလျန့်ဝေ၏ဆံပင်ကို သုတ်ပေးရင်းမေးလိုက်သည်။

လုံယန်မြို့တော်ကထွက်သွားတာ လ၀က်လောက်ရှိနေပြီဖြစ်သည်။ ရက်အနည်းငယ်ကြာလျှင် သူမအဘွား၏ မွေးနေ့ရှိ၏။ သူထိုနေ့အမီပြန်မလာနိုင်မှာကို သူမစိုးရိမ်မိသည်။

သူမ‌ဖီးနစ်ကျောက်စိမ်းလက်ကောက် ထည့်ထားသည့်သေတ္တာကိုဖွင့်လိုက်ကာ အထဲရှိလက်ကောက်ကိုစမ်းလိုက်သည်။ ထို့နောက်တွင်တော့ သူမအတွေးတွေထဲ နစ်မြုပ်သွားတော့၏။

ချူကျူ သူမကိုကြည့်ရင်း အစောက ဥယျာဉ် ထဲမှအိမ်ရှေ့စံ၏ထူးဆန်းသောအပြုအမူကို ပြန်တွေးလိုက်မိသည်။

အိမ်ရှေ့စံနဲ့ဒုတိယသခင်မလေးကြားမှာ ဘာတွေဖြစ်ထားလဲသူမ မသိပေ။ အထိန်းတော်ကျောက်ကလဲ ထိုကိစ္စနဲ့ ပက်သက်ပြီး ဘာမှမပြောချေ။ သူမ သိသမျှကလည်း ကျူးယွီမရည်ရွယ်ပဲ ပြောမိသည်များသာရှိသည်။

ကျူးယွီပြောပုံအရဆိုလျှင် အိမ်ရှေ့စံ ဒုတိယသခင်မလေးကို ချစ်ကြိုက်နေတာ မဖြစ်နိုင်ပေ။ ဒါပေမယ့် အစောက ဥယျာဉ် ထဲမှ အိမ်ရှေ့စံရဲ့အပြုအမူတွေက အလွန် မျက်နှာပြောင်တိုက်နေလေသည်။

အိမ်ရှေ့စံ ဒုတိယသခင်မလေး၏မျက်နှာကို ထိလုနီးပါးဖြစ်နေသည်ကိုပင် သူမမျက်လုံး နှင့် တပ်အပ်မြင်လိုက်ရသည်။

အထိန်းတော်ကျောက်ကို ထိုအကြောင်း တင်ပြသင့်သလား မသိချင်ယောင်ဆောင် လိုက်သင့်သလားဆိုတာ သူမ မသိပေ။

‘ဒုတိယသခင်မလေးက အိမ်ရှေ့စံကို ယဉ်ကျေးသမှုနဲ့တောင် မဆက်ဆံဘူး။ သူ့မှာသာ မျှော်လင့်တာမျိုးရှိနေရင် သူ့ဘာသာသူထင်ချင်ရာထင်နေတာပဲ ဖြစ်ရမယ်’

ထိုအချိန်အမှာပဲ တံခါးစောင့်ထံမှ ကလေး တစ်ယောက်ကျူးယွီထံလာလည်သည်ဟု သတင်းရလိုက်သည်။

သူမ ဘယ်ကလေးနဲ့မှမသိပါဘူး၊ အဲ့တာ ဘယ်ကကလေးလဲ။

“တံခါးစောင့်မှားပြောတာမဟုတ်ဘူးလား။ ငါဘယ်ကလေးနဲ့မှ မသိပါဘူး”

တံခါးစောင့်ပြောလိုက်သည့်စကားကို လာပါးသည့်အစေခံမှာ ကျူးယွီပြောတာကို ကြားတော့ ချီတုံချတုံဖြစ်သွားရသည်။

“အပြင်ဘက်မှာ တကယ်ကလေးတစ်ယောက် ရှိနေတာ၊ သူကနင့်နာမည်ကိုလည်း သိနေတယ်”

တံခါးစောင့်လည်း ကျူးယွီက ဒုတိယသခင်မလေးရဲ့အနီးကပ်အစေခံဆိုတာသိသည်။ အစကတော သူတို့ ထိုကလေး ကို မောင်းထုတ်မလို့ဆိုပေမယ့် ကျူးယွီနဲ့ ထိုကလေးသိနေမှာကိုစိုးတာကြောင့် သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ချင်ပေ။

“ကလေးနာမည်ကဘာတဲ့လဲ။ သူ့ပုံကရော ဘယ်လိုလဲ။”

ထိုသို့ပြောရင်း ကလေး၏ အရပ်ကို သူမလက်ဖြင့်တိုင်းတာပြလာသည်။

လုလျန့်ဝေ ဖြေနေစရာပင်မလိုတော့ချေ။ ကျူးယွီထံမှ အသံထွက်လာ၏။

“အဘွားရဲ့အစ်မရဲ့ မြေးလေးများလား မသိဘူး အမြန်သွားကြည့်ရအောင်”

အစေခံလည်း ထိုအခါမှ သက်ပြင်းချကာ လမ်းညွှန်ပြလိုက်သည်။

သိပ်မကြာခင်မှာ ကျူးယွီ ယို့ယို့ကိုခေါ်လျက် အထဲ၀င်လာသည်။

ယို့ယို့အနည်းငယ်စိတ်လှုပ်ရှားနေ၏။ မမလုက သူနဲ့သူ့အဘိုးအပေါ် ကြင်နာလေ သည်။ သူမက မြို့စားမိသားစုရဲ့ ဒုတိယ သခင်မလေး၊ ရှန်းအင်ပါယာရဲ့ အနာဂတ် ဧကရီ‌လောင်း ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ ကျူးယွီနောက်မှလိုက်ကာ အခန်းထဲသို့ ၀င်လာလိုက်သည်။ လုလျန့်ဝေကိုမြင်တော့ စိတ်လှုပ်ရှားမှုအနည်းငယ် ပြေပျောက်သွား ကာ နှုတ်ဆက်လိုက်၏။

“မမလု”

Chapter 397: သူ့ကိုတင်းကျပ်စွာ တွယ်ဖက်ထား

သူမကိုလှမ်းခေါ်ပြီးနောက် နေရာ၌သာရပ်နေကာ သူယခင်ကလုပ်နေကျလို လုလျန့်ဝေအနား အလျင်စလိုမကပ်သွားပေ။

ထိုအပြုအမူကိုမြင်တော့ သူ့အပြုအမူတွေကို သတိထားနေတာပဲဆိုပြီး လုလျန့်ဝေ တွေးလိုက်မိသည်။

ထို့ကြောင့် သူမကပဲသူ့အနားကပ်သွားလိုက် ကာ ခေါင်းလေးကိုပွတ်သပ်ပေးလိုက်ရင်း နူးညံ့စွာမေးလိုက်သည်။

“ယို့ယို့ ဒီကို ဘာလို့ ရောက်လာတာလဲ။ တစ်ခုခုဖြစ်လို့လား။”

သူမပြောတာကိုကြားတော့ ယို့ယို့စိတ်ဓာတ် တွေတက်ကြွလာကာ အမြန်ပြောလာ၏။

“ဟုတ်၊ မမအာ့မုကို တစ်ယောက်ယောက်က ထိခိုက်အောင်လုပ်လိုက်တယ်။ အဲ့တာ သူက ဒီကိုလာပြီး မမလုကိုလာရှာခိုင်းလိုက်လို့”

သူပြောတာကိုကြားတော့ လုလျန့်ဝေ အခြေအနေကိုနားလည်လိုက်သည်။

၎င်းက ယို့ယို့သူမကိုဘယ်မှာလာရှာရမလဲ ဆိုတာကို မည်သို့သိသလဲဆိုတာကို ရှင်းပြနေသည်။ လင်ချင်းယွမ် သူ့ကိုလာရှာခိုင်းလိုက်တာ ဖြစ်ရမည်။

လုလျန့်ဝေ ယို့ယို့ဘေး၌ ဒူးထောင်ထိုင်ကာမေးလိုက်သည်။

“မနေ့က အစာသွားတောင်းရင် မမအာ့မု ပြန်မရောက်လာဘူး။ ဒီနေ့မနက်မှ ဘိုးဘိုးနဲ့ သား မမသွားလေ့ရှိတဲ့နေရာတွေကို လိုက်ရှာ တာတောင် ရှာလို့မတွေ့ဘူး။ အဲ့တာ‌နဲ့ မြို့ပြင် ကိုထွက်ခဲ့ကြတာ။ အချိန်အတော်ရှာပြီးတော့ သူ့ကိုမြို့အစွန်ကတောအုပ်ထဲမှာ တွေ့ပေမယ့် သတိရရုံလေးပဲရှိတော့တယ်။ သားတို့ကိုမြင်တော့ ဒီကိုသွားပြီး မမလုကို ရှာဖို့ပြောလိုက်တာ။ ဘိုးဘိုးကတော့ မမကို ပြန်ခေါ်သွားတယ်။ သားကဒီကိုလာလိုက်တာ ။ မမအာ့မု အများကြီးထိခိုက်ထားတာ အသက်ရှင်ပါ့မလားတောင်မသိဘူး”

တစ်ကြိမ်ထဲနှင့် ဖြစ်ကြောင်းကုန်စင်ရှင်းပြပြီး နောက် ယို့ယို့စိတ်ပူပန်မှုကြောင့် ချွေးတွေနှင့် ရွှဲနစ်နေလေသည်။

လုလျန့်ဝေ သူ့မျက်နှာလေးကို လက်ကိုင်ပုဝါ ဖြင့် သုတ်ပေးလိုက်ကာ ကျူးယွီကို ရေတိုက်ဖို့ခေါ်သွားခိုင်းလိုက်သည်။

သူရေသောက်ပြီးချိန်၌ လုလျန့်ဝေ ဆေးခန်းအသေးလေးထဲမှထွက်လာကာ ကျူးယွီကိုပြောလိုက်သည်။

သူမ အရင်တစ်ခါက လုပ်ကြံမှုကို သတိရသွားကာ ချူကျူကိုပြောလိုက်သည်။

“ချူကျူ နင်သခင်မလေးကို ကောင်းကောင်းကာကွယ် ရမယ်နော်”

လုလျန့်ဝေ အချိန်ထပ်မဆွဲနေတော့ပေ။ ကျူးယွီကို ယို့ယို့ကို သွားခေါ်ခိုင်းလိုက်ကာ ချူကျူနှင့်အတူ ထွက်ခဲ့လိုက်သည်။

သို့သော် သူမတို့အိမ်တော်တံခါးကို ခြေချရုံလေးရှိသေး အရှေ့ဘက်နန်းဆောင် သို့ ပြန်ရန်ပြင်နေသည့် လုံချီနှင့်လုယွင်ရွှမ်းတို့နဲ့ တိုးတော့သည်။

လုယွင်ရွှမ်း သူမလက်ကိုချစ်မြတ်နိုးမှု အပြည့်နှင့်ဆုပ်ကိုင်လိုက်ကာ ချူကျူထံ တိတ်ဆိတ်သည့်အကြည့်တစ်ချက် ပေးလိုက်သည်။

“ဟုတ်တယ်။ အစ်မရော ပြန်တော့မလို့လား။ အဘွားနဲ့ဘာလို့ကြာကြာမနေတာလဲ။”

“အဘွားလည်းပင်ပန်းနေပြီလေ။ သူအနားယူတော့မှာကို ငါကဘယ်လိုလုပ် နှောင့်ယှက်ရမှာလဲ။”

သူမထိုသို့ပြောနေသော် လည်း အတွင်း၌ခါးသက်နေလေသည်။

ထိုသည်မှာ အဘွားသူမကို ပထုတ်ချင်လို့ ပြောလိုက်သည့်ဆင်ခြေပင်။ သူမအဖော်ပြု ပေးမှာကို အဘွားဖြစ်သူက တစ်စက္ကန့်ပင် မလိုချင်ပေ။

“အဘွားလည်းအသက်ကြီးလာပြီဆိုတော့ လွယ်လွယ်နဲ့ပင်ပန်းတတ်လာပြီ။ ဒါဆိုလည်း အစ်မ နောက်တစ်ခါမှလာလည်ပေါ့”

ထိုသို့ ပြောပြီးနောက် လုံချီကိုတစ်ချက်မှမကြည့်ပဲ ချူကျူနဲ့အတူ ထွက်လာလိုက်သည်။

ထွက်ခွာသွားသည့် သူမ၏ပုံရိပ်ကိုကြည့်ရင်း လုံချီ၏မျက်လုံးထဲ၌ အန္တရာယ်ရှိသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

လုလျန့်ဝေက အဘွားရဲ့အာရုံတွေကို အကုန် သိမ်းပိုက်ထားလို့သာ မဟုတ်လျှင် အဘွားက သူမအပေါ် ဒီလောက်အေးစက်စက်ဆက်ဆံ မှာမဟုတ်ပေ။

ဝေါယာဉ်ပေါ်ရောက်တော့ လုယွင်ရွှမ်း လုံချီ၏မဲမှောင်နေသည့်အမူအရာကို သတိထားမိသွားကာ စိုးရိမ်တကြီး မေးလိုက် မိသည်။

“အရှင့်သား ဘာဖြစ်လို့ပါလဲ။ နေလို့‌မကောင်းလို့လား။”

လုံချီဟာတော့ သူမပြောတာကို ကြားလိုက်ပုံ မပေါ်ပေ။ သူမနောက်တစ်ကြိမ် ထပ်မေးလိုက်ကာမှ ပြန်ဖြေလာ၏။

ထို့နောက် ဝေါယာဉ်ကိုမှီရင်း မျက်စိပိတ်ကာ အနားယူနေလိုက်သည်။

လုယွင်ရွှမ်း သံသယအနည်းငယ်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ ဒီကို ရောက်လာတုန်းက အရှင့်သားစိတ်အခြေ အနေအကောင်းကြီးရှိပါသေးတယ်။ ဒါပေမယ့် အခုမှဘာလို့ဆိုးသွားရတာလဲ။

မနေ့ညကဖြစ်ခဲ့တာကိုပြန်တွေးမိတော့ သူမ မျက်နှာ ပူတက်လာရသည်။

သူမသူ့ကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်မိသွားလို့ သူပင်ပန်းသွားတာများလား။

ထိုသို့တွေးမိပြီး သူမ လုံချီ၏နားထင်ကို နှိပ်ပေးရန်ပြင်လိုက်သည်။

သို့သော် သူမ သူ့မျက်နှာကို ထိရုံသာထိရ သေးသည် လုံချီ သူမလက်ကိုဖမ်းဆွဲကာ အောက်ချလိုက်သည်။

“ကိုယ်အဆင်ပြေပါတယ် ရွှမ်းအာ။ ခဏလောက်နားလိုက်ရင်ရပြီ”

ထိုသို့ပြောပြီး သူမလက်ကိုလွှတ်ပေးလိုက်ကာ ဘေးသို့ ရွှေ့သွားလေသည်။

Chapter 398: ချုံခိုတိုက်ခိုက်မှု

လုယွင်ရွှမ်း၏မျက်နှာတောင့်တင်းသွားကာ သူ၏ငြင်းဆန်မှုအပေါ် မခံမရပ်နိုင်ဖြစ်သွား ရသည်။

သူဘာဖြစ်နေတာလဲ။

သူ သူမကိုကြင်ကြင်နာနာချစ်ခဲ့ဖူးတယ် မဟုတ်ဘူးလား။

ဒါဆို အခုဘာလို့သူ့ဆီက ငြင်းဆန်လိုတဲ့ အရိပ်အယောင်ကို သူမခံစားမိနေရတာလဲ။

ထိုအရာကိုသူမသတိပြုမိသွားကာ သူမနှလုံးသားထဲ၌ မကျေမချမ်းဖြစ်လာရ သည်။

လုံချီက အဲ့ခြေသလုံးအိမ်တိုင်ချန်ချူးယွီကို တကယ်ကြီးနှစ်သက်နေတာလား။

အဲ့မိန်းမပျက်မကတော။

ချန်ချူးယွီကို ရှင်းထုတ်ပြီးပြီဖြစ်တာကြောင့် သူမတစ်ဖန်စိတ်သက်သာရာရသွားရသည်။

ချန်ချူးယွီ ကံကောင်းပြီးအသက်ရှင်နေရင် တောင် အရှေ့ဘက်နန်းဆောင်ကိုတော့ နောက်တစ်ခါ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး ။ လုံချီ သူမကိုဘယ်လောက်ပဲ အရူးအမူး စွဲလမ်းနေပါစေ သူမလိုမသန့်စင်တဲ့လူကို တော့ လိုချင်မှာမဟုတ်ပေ။

သူဖုန်းစားများနေထိုင်သည့် မြို့အနောက်ဘက်ခြမ်းကို လုလျန့်ဝေ ရောက်ချိန်၌ လင်ချင်းယွမ်မှာ သတိလစ်နေပြီဖြစ်သည်။

သူမကိုစစ်ဆေးကြည့်ပြီးနောက် ရင်ဘတ်ကို တစ်ချက်အရိုက်ခံလိုက်ရတာကြောင့် အတွင်းဒဏ်ရာများစွာရသွားသည်ကို လုလျန့်ဝေရှာတွေ့သွားသည်။ ကံကောင်းစွာနဲ့ သူဖုန်းစားအဘိုးကြီးက သူမကို ဆေးတစ်ချို့ တိုက်ထားတာကြောင့် သွေးခုန်နှုန်းကို အချိန်မီထိန်းထားလိုက်နိုင်တာဖြစ်သည်။

လုလျန့်ဝေ သူမအခြေအနေကို ယို့ယို့ထံမှ ကြားထားပြီးဖြစ်တာကြောင့် သွေးခုန်နှုန်း ထိခိုက်ခြင်းအတွက် ဆေးများယူလာခဲ့သည်။

လင်ချင်းယွမ်ကို ဆေးတိုက်ပြီးနောက် ဆေးစာရေးကာ သူဖုန်းစားအဘိုးကြီးကို သွား၀ယ်ခိုင်းလိုက်သည်။

သူမတို့လုပ်စရာရှိတာလုပ်ပြီးချိန်၌ ညနေပင် စောင်းနေပြီဖြစ်သည်။

လင်ချင်းယွမ်ဟာတော့ နိုးမလာသေးချေ။ လုလျန့်ဝေ အဘိုးအိုကို သတိပေးလိုက်သည် ။

“သူညကျရင်အဖျားတက်လာလိမ့်မယ်။ အဲ့တာကြောင့် သူ့ကိုဂရုစိုက်ပြီး စောင့်ကြည့် နေပေးပါ။ ကျွန်မ မနက်ဖြန်မှပြန်လာခဲ့မယ်”

“စိတ်မပူပါနဲ့။ ကျွန်တော်တို့ စောင့်ရှောက် ထားလိုက်ပါမယ်”

အဘိုးအိုလည်း လင်ချင်းယွမ်ကို အနည်းငယ်သနားဖို့ကောင်း သည်ဟု ထင်မိသည်။ သူမအသက်က ငယ်ငယ်လေးပဲရှိသေးပေမယ့် တောင်းစားရတဲ့အခြေအနေကို ရောက်နေရ သည်။

သို့သော် သူမတို့တံခါးမှထွက်သွားချိန်၌ အဘိုးအို၏အမူအရာရုတ်ခြည်းပြောင်းလဲ သွားတော့သည်။ လျှပ်တပြက်အတွင်းမှာပဲ သူ လုလျန့်ဝေရှေ့၌ပိတ်ရပ်လိုက်ကာ သူမကို ခြံ၀န်းထဲပြန်တွန်းလိုက်သည်။

တစ်ချိန်ထဲမှာပဲ ချူကျူဓားကိုဆွဲထုတ်ကာ သူမတို့ကိုချုံခိုတိုက်ခိုက်လာသူအား ပြန်လည်တိုက်ခိုက်လိုက်သည်။

ချွင်ခနဲမြည်သံနှင့်အတူ ဓားသွားနှစ်ခု ထိခတ် သွားကာ မီးပွားများလွင့်စင်လာသည်။

အဘိုးအို တစ်ဖက်သို့လှည့်ကာ လက်ဖဝါးဖြင့် တစ်ချက်ရိုက်လိုက်သည်။

ဘန်း ဘန်း။ ပေါက်ကွဲသံနှစ်ချက်ပေါ်လာကာ အနက်ရောင်၀တ်လူနှစ်ယောက် မြေပေါ်သို့ လဲကျလာသည်။

သူတို့နှစ်ဦး အသက်ပင်မရှူနိုင်ခင်မှာ အနက်ရောင်၀တ်လူတစ်ဒါဇင်ခန့် ထပ်ပေါ်လာကာ ခြံ၀န်းငယ်လေးကို ၀န်းရံလိုက်သည်။

All Chapters