← Chapters

အခန်း (၃၉၉-၄၀၀)

Vol. 8 Ch. 399-400

အခန်း (၃၉၉-၄၀၀)

Vol. 8 Ch. 399-400

Chapter 399: အဲ့တာမှ သူ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်မှာ

ထိုခဏအတွင်းမှာ လုလျန့်ဝေ ဆုံးဖြတ်ချက်ချလိုက်ကာ ပြတ်သားစွာ ပြောလိုက်သည်။

“ကျူ၊ စီနီယာနဲ့ပေါင်းပြီး သူတို့ကိုအတူတိုက်လိုက်။ ငါအထဲကို အရင်ပြန်၀င်နေလိုက်မယ်”

သူမ ချူကျူ အနားကပ်ကာ တီးတိုးပြောလိုက်ပြီး သူမထံမှခွဲထွက်ကာ အခန်းတစ်ခန်းထဲ ၀င်သွားလိုက်သည်။

သူမရည်ရွယ်ချက်ရှိရှိ အသံကျယ်ကျယ် လှုပ်ရှားလိုက်ခြင်းကြောင့် လုပ်ကြံသူတွေ သူမကို သတိပြုမိသွားကြသည်။

သူမ ထင်းတဲထဲသို့ အလျင်စလိုပြေး၀င်လိုက် သည်။

အဘိုးအိုဟာ ခြံ၀န်းငယ်လေးကို ပြန်လည် ပြုပြင်ထားတာဖြစ်ပြီး ယခင်ကလို ခနော်နီ ခနော်နဲ့လေးမဟုတ်တော့ပေ။ တံခါးနှင့် ပြတင်းပေါက်တွေကိုပင် တောင့်တင်းသည့် အသစ်တွေနှင့်လဲလှယ်ထားတာဖြစ်သည်။

ထင်းတဲထဲ၀င်လိုက်ပြီး လုလျန့်ဝေ အမြန် တံခါးပိတ်လိုက်ကာ လက်ကိုင်ပုဝါကို ထုတ်ပြီး သူမပါးစပ်နှင့်နှာခေါင်း တစ်ဝိုက်၌ ချည်နှောင်လိုက်သည်။

ထို့နောက် သူမယူလာသည့်ဆေးလုံးတွေကို ထုတ်လိုက်ပြီး ကောက်ရိုးပုံထဲ၌ ပုန်းနေလိုက် သည်။

သူမ ထင်ထားသလိုပဲ ထင်းတဲလေး၏တံခါး ဟာ မကြာခင်မှာပဲ ကန်ဖွင့်ခံလိုက်ရကာ လုပ်ကြံသူတစ်အုပ် အထဲ၀င်လာ၏။

ချူကျူနှင့် အဘိုးအိုတို့မှာ လုပ်ကြံသူနောက် တစ်အုပ်နှင့်တိုက်ခိုက်နေရာ လွတ်လမ်းမရှိပေ။

သူမစိတ်ထဲ၌ အတွေးစတစ်ခု၀င်လာကာ ချူကျူ အထဲ၀င်ရန်ပြင်လိုက်ချိန်တွင် လုလျန့်ဝေ အထဲမှပြေးထွက်လာကာ သူမနောက်ရှိတံခါးကို ပိတ်ချလိုက်သည်။

ထိုသည်ကိုမြင်မှ အဘိုးအိုလည်း သက်ပြင်း ချလိုက်မိသည်။ ထို့နောက် ပြန်လှည့်ကာ ခြံ၀န်းထဲရှိလုပ်ကြံသူတွေကို ချူကျူနှင့်အတူ ဆက်လက်တိုက်ထုတ်လိုက် သည်။

ခြံ၀န်းထဲရှိ လုပ်ကြံသူများကို အပြတ်ရှင်းပြီး နောက် လုလျန့်ဝေပြောလိုက်သည်။

“အထဲကလူတွေက သတိ‌ပဲမေ့နေတာ။ ခဏလောက်တော့ သတိမေ့နေလိမ့်မယ်”

ထို့နောက် တစ်စုံတစ်ရာတွေးမိသွားဟန်ရကာ ထပ်မေးလာသည်။

“သူတို့ထဲကတစ်ယောက် လောက် အသက်ရှင်ရက်ထားထားလိုက် ရမလား။”

“မလိုပါဘူး။ သူတို့ကို နှင်းပျံလွှားအိမ်တော်က လွှတ်လိုက်တာ”

သူမပြောတာကိုကြားတော့ အဘိုးအိုမှာ ကြောင်အသွားရသည်။ သို့သော် ဘာမှတော့ ပြောမလာပေ။ သူ ထင်းတဲတံခါးကို ကန်ဖွင့်လိုက်ကာ အထဲမ၀င်ခင် ဆေးနံ့တွေ ပြယ်သွားချိန်ထိစောင့်လိုက်ပြီးမှ လုပ်ကြံသူ တွေကို တစ်ယောက်ပြီးတစ်ယောက် သတ်လိုက်သည်။

ယို့ယို့လည်း ခြံ၀န်းထဲမှဆူညံသံတွေကို ကြားလေသည်။ သို့သော် ၀န်ထုပ်၀န်ပိုးဖြစ် မည်စိုး၍ အပြင်မထွက်ပဲ အထဲ၌သာ ပုန်းနေလိုက်သည်။ အခုတော့ အကုန်လုံး ပြီးသွားပြီဖြစ်တာကြောင့် သူထွက်လာလိုက် သည်။

အဘိုးအိုမှာ ကလေးမြင်မှာကို ကာမနေပဲ သူ့မျက်စိရှေ့မှာတင် ထိုလုပ်ကြံသူတွေကို သတ်လိုက်သည်။

ဤသည်မှာ ယို့ယို့အနေဖြင့် ပထမဆုံးအကြိမ် ဒီလိုအရာမျိုးတွေကို မြင်ဖူးခြင်းဖြစ်သည်။ သူအနည်းငယ်ကြောက်သွားကာ ပုန်းနေချင် ပေမယ့် အဘိုးအိုဟာ သူ့ကိုထိုနေရာ၌သာ နေခိုင်းကာ ရပ်ကြည့်နေစေသည်။

လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်မိသည်။ ယို့ယို့၏မျက်နှာ တစ်စထက်တစ်စဖြူဖျော့ လာသည်ကိုကြည့်ကာ သူမသူ့ဦးခေါင်းလေး ကိုပွတ်သပ်ရင်း နူးညံ့စွာပြောလိုက်သည်။

“သူတို့ကလူဆိုးတွေ၊ တကယ်လို့မမတို့ သူတို့ကိုမသတ်ရင် မမတို့ အသတ်ခံရလိမ့်မယ်၊ အဲ့တာကြောင့် မကြောက်နဲ့”

အဘိုးအို ယို့ယို့အပေါ်ကို အလွန်တင်းကြပ် ထားတာကိုကြည့်ရင်း ယို့ယို့က သာမန်မိသားစုမှလာတာမဟုတ်လောက်ဘူး ဆိုတာကို သူမသတိထားမိသည်။ သူက ကလေးကို အနာဂတ်မှာ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်အောင် လေ့ကျင့်ပေးနေတာ ဖြစ်သည်။

လုလျန့်ဝေ သက်ပြင်းသာချလိုက်သည်။ သူတို့ရဲ့ ဇာစ်မြစ်ကိုမသိတာကြောင့် သူမအနေဖြင့် အဘိုးအို၏သင်ကြားရေးစနစ် မှာ ဘာမှ၀င်ပြောပိုင်ခွင့်မရှိပေ။ ဒီနေ့ ယို့ယို့ အပေါ် မညှာမတာသင်ပြလိုက်ခြင်းက အနာဂတ်မှာ သူ့အတွက် အထောက်အကူ ဖြစ်လာနိုင်သည်။

ခြံ၀န်းထဲ၌ လူသေအလောင်းတွေများစွာ ရှိနေတာကြောင့် ဒီတိုင်းမြှုပ်လိုက်ဖို့ မဖြစ်နိုင် ပေ။ ရုတ်ရုတ်သဲသဲဖြစ်ကာ အခြားလူတွေကို အသိပေးလိုက်သလိုဖြစ်သွားလိမ့်မည်။ ဤနေရာဟာ အပယ်ခံနေရာမဟုတ်သဖြင့် သူမ ချူကျူကို အာဏာပိုင်တွေထံ တင်ပြရန် ပြောလိုက်သည်။

သူဖုန်းစားတွေအနေနဲ့ ဒီနေရာတွင်နေရန် မသင့်တော်ပေ။

“ဒီနေ့ ကျွန်မတို့ရှင့်ကို အရှုပ်‌အထွေးထဲ ဆွဲထည့်မိသွားတယ်။ အရင်ဆုံး တည်းခိုခန်း တစ်ခုရှာပြီး တည်းနေလိုက်ပါလား။ ရက်အနည်းငယ်အတွင် ရှင်နေစရာနေရာ တစ်ခုထပ်ရှာပေးပါမယ်”

Chapter 400: ဆရာကြီးလည်း ဟုတ်တယ်

အဘိုးအိုခေါင်းယမ်းပြလိုက်ကာ

“အဲ့လိုမပြောပါနဲ့ သခင်မလေးလု။ သခင်မလေး ကျွန်တော်တို့ကို ဘယ်ထဲမှ ဆွဲမထည့်မိပါဘူး။ သခင်မလေးက ကျွန်တော့်အသက်ကိုရော ယို့ယို့ကိုပါ ကယ်ခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့နေဖို့ နေရာကိုတောင် ထောက်ပံ့ပေးခဲ့သေးတာ။ ဒါပေမယ့် သခင်မလေးရဲ့ကြင်နာမှုအတွက် ဘာမှပြန်‌မပေးနိုင်ခဲ့ဘူး”

လုလျန့်ဝေ ခေါင်းယမ်းပြကာ

“မဟုတ်တာ၊ ဒီနေ့ကျွန်မဘေးဒုက္ခဖြစ်စေခဲ့ပါတယ်”

ထိုခေါင်းစဉ်ကိုပြန်ရောက်သွားတော့ အဘိုးအို အနည်းငယ်ပဟေဠိဖြစ်နေဟန်ဖြင့်

“သခင်မလေး ဘာလို့နှင်းပျံလွှားအိမ်တော်ရဲ့ လုပ်ကြံသူတွေလိုက်တာ ခံနေရတာလဲ”

လုလျန့်ဝေ သက်ပြင်းချကာ

“ကျွန်မလည်း မသိဘူး”

သူမရဲ့သရုပ်မှန်ကိုသတိရသွားတော့ အဘိုးအိုလည်း ထပ်စုံစမ်းရန်မတိုက်တွန်း တော့ပဲ သတိပေးလိုက်သည်။

“နှင်းပျံလွှား အိမ်တော်ကလုပ်ကြံသူတွေ သခင်မလေးကို ပစ်မှတ်ထားလိုက်ပြီဆိုရင် အတောမသတ် နိုင်တဲ့ပြဿနာတွေပေါ်လာလိမ့်မယ်။ အမှုသည်ဘက်က ဒီအလုပ်ကို ပြန်မရုပ်သိမ်း မချင်း သူတို့ဘက်က သခင်မလေးကို လိုက်သတ်နေမှာပဲ”

လုလျန့်ဝေ မျက်မှောင်ကြုတ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ အဘွားလည်း သူမကိုထိုသို့ပြောခဲ့ဖူးသည်။

ထို့နောက် တစ်စုံတစ်ခုကိုထပ်သတိရသွားပုံ ပေါ်ကာ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလာ သည်။

“နှင်းပျံလွှားအိမ်တော်ရဲ့ခေါင်းဆောင် က မင်းကိုလုပ်ကြံချင်တာကိုသိခဲ့ရင် သူဒီအလုပ်ကို လက်ခံခဲ့မှာမဟုတ်ပါဘူး”

လုလျန့်ဝေ သူပြောတာကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။

“ဘာမှမဟုတ်တော့ပါဘူး။ ဒါပေမယ့် အရမ်း စိတ်ပူမနေပါနဲ့။ နှင်းပျံလွှားအိမ်တော်မှာ စည်းမျဉ်းတစ်ခုရှိတယ်၊ သူတို့အလုပ်တစ်ခု ကိုလက်ခံလိုက်ပြီဆိုတာနဲ့ အမှုသည်က ပြန်မရုပ်သိမ်းမချင်း အလုပ်ပြီးဖို့ အတတ်နိုင် ‌ဆုံးလုပ်ကြလိမ့်မယ်၊ ဒါပေမယ့် ချွင်းချက် တွေလည်း ရှိပါသေးတယ်”

ထိုလူကြီး၏စကားကြောင့် လုလျန့်ဝေ စိတ်ရှုပ်ထွေးသွားရသည်။ သို့သော် ထိုလူကတော့ ဘာမှထပ်မပြောလာတော့ပေ။

လုပ်ကြံသူတွေက ဒီနေရာကိုတောင် ရှာ‌နိုင်တယ်ဆိုတော့ နောက်တစ်ကြိမ်ဆိုရင် အပြင်လူတွေနှင့်ပါ သူမကိုခြိမ်းခြောက် လာနိုင်သည်။

ပိုအရေးကြီးတာက အုပ်ချုပ်ရေးရုံးက ခဏအတွင်း ဒီနေရာကိုရောက်လာလိမ့်မယ် ပြီးရင် ပြဿနာဖြစ်စေတဲ့အရင်းအမြစ်ကို လိုက်စုံစမ်းကြလိမ့်မယ်။ လက်ရှိအချိန်မှာ လူအိုကြီးနဲ့ယို့ယို့တို့ ဒီနေရာမှာရှိနေတယ် ဆိုတာကို အသိခံလို့မရပေ။

သူ့မှာလည်း သူ့ပူပန်မှုနှင့်သူပင်။ လုလျန့်ဝေ အကုန်စီစဉ်ပြီးသွားတာကိုမြင်တော့ သူဘာမှ ထပ်မပြောတော့ပေ။ ထို့နောက် လင်ချင်းယွမ် ကို ကျောပေါ်တင်လိုက်ကာ ယို့ယို့နှင့် ယခုမှ အစာသွားတောင်းရာကပြန်လာသည့် လူငယ် သူဖုန်းစားလေးများနှင့်အတူ ထွက်သွားတော့ သည်။

သူကဲ့သို့ထူးချွန်သည့်လူတစ်ယောက်က ဒီလို ဝေးလံခေါင်ဖျားသည့်နေရာမှာ ဘာလို့လာနေ နေရသလဲဆိုတာ သူမ နားမလည်ပေ။ ဒုတိယသခင်မလေးကရော သူနဲ့ဘယ်လိုလုပ် သိနေတာလဲ။

“ငါလဲ စီနီယာ ကိုယ်ခံပညာနည်းနည်းတတ်လိမ့်မယ်လို့ တော့ ထင်ထားပေမယ့် ဒီလိုဆရာကြီးဖြစ်နေ လိမ့်မယ်လို့ မထင်ထားဘူး”

အစောကသူလူသတ်သွားသည့်နှုန်းကိုကြည့် လျှင် ကျင့်ကြံရေးလောကက သာမန်ဆင်းရဲသားတစ်ယောက် မဟုတ်နိုင်ပေ။

ချူကျူ သူမပြောတာကိုကြားတော့ တစ်ချက်ပြုံးလိုက်ကာ စနောက်လိုက်သည်။

“သခင်မလေးကလည်း ဆရာမကြီးဖြစ်နေ လိမ့်မယ်လို့ ကျွန်မလည်းမထင်ထားဘူး။ ကျွန်မ စီနီယာနဲ့မတတ်သာလို့ပေါင်းတိုက်ခဲ့ရ ပေမယ့် သခင်မလေးရဲ့နည်းလမ်းလောက် လျင်မြန်ပြီးအကျိုးမရှိဘူးလေ”

နောက်ဆုံး၌ ချူကျူစနောက်တတ်လာသည် ကိုမြင်တော့ လုလျန့်ဝေ မျက်ခုံးပင့်လိုက်မိ သည်။

“အဲ့တာလှည့်ကွက်သေးသေးလေးပါ။ နင်နဲ့စီနီယာသာ အဲ့လုပ်ကြံသူတွေကို မတားထားပေးရင် ငါလည်း အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး”

သူမ ထင်ခဲ့သလိုပင် ဒီတစ်ကြိမ်၌ လုပ်ကြံသူ တွေကို နှစ်သုတ်ခွဲပြီးစေလွှတ်ခဲ့သည်။ တစ်ဖွဲ့ကိုခြံ၀န်းထဲ၌ တိုက်ခိုက်ခိုင်းပြီး နောက်တစ်ဖွဲ့ကိုလမ်း၌ချုံခိုတိုက်ခိုက်စေ သည်။

သူမခြံ၀န်းထဲမှ အချိန်အတော်ကြာသည် အထိထွက်မလာတာကိုမြင်တော့ ပုန်းနေသည့်လုပ်ကြံသူတွေထွက်လာကာ သူမကိုလိုက်ရှာခဲ့ကြသည်။

သူမထင်းတဲထဲ၀င်လာတာကိုမြင်တော့ သူမကိုထိုနေရာမှာပဲ ချက်ချင်းဖမ်းရန် ပြင်လိုက်ပေမယ့် ထိုနေရာ၌ သူမ မေ့ဆေး ဆေးလုံးပစ်လွှတ်မယ်လို့ မထင်ထားခဲ့ကြပေ။

၀င်၀င်လာချင်းပဲ သူတို့သူမထောင်ချောက်ထဲ ချက်ချင်းကျသွားကြသည်။

ကိုယ်ခံပညာတစ်ခုမှမတတ်ပဲ ကပ်ဘေးကို နှစ်ကြိမ်ဆက်တိုက်တားလိုက်နိုင်သည်က သူမမျှော်လင့်ထားတာထက်ပင် ပိုလွန်နေသည်။ ၎င်းမှာ သူမ၏ပါးနပ်မှုနဲ့ ဉာဏ်ရည်ကြောင့်သာဖြစ်သည်။

ထိုအချိန်တွင် သူမတစ်ခုတွေးမိသွားကာ တည်ငြိမ်စွာပြောလာသည်။

“ကျွန်မ သခင်မလေးကိုအရင်ပြန်လိုက်ပို့ပေးပါမယ်။ လုပ်ကြံသူတွေကိုတော့ ကျွန်မ ပြီးမှ အုပ်ချုပ်ရေးရုံးကို သတင်းပို့လိုက်ပါမယ်။ ကျွန်မမှာ ဧကရာဇ်ရဲ့အမိန့်ပြားရှိတော့ သူတို့ ကျွန်မကို စစ်လားမေးလားလုပ်ရဲမှာ မဟုတ်ဘူး”

All Chapters