နစ်နာကြေး(1)
Vol. 16 Ch. 154
“ကျွန်မ ပြောပြမယ်၊ သူက နျူနျူလေးရဲ့ ခေါင်းကိုင်အမေပဲ၊ ငယ်ငယ်လေးတည်းက သူမက နျူနျူကို ဈေးကြီးတဲ့ အရုပ်တွေ၊ ကစားစရာတွေ ဝယ်ပေးတယ်။
နျူနျူလေး အရင်တုန်းက တိုက်ကွမ်ဒိုကစားရင်းနဲ့ ခိုက်မိတုန်းကလည်း ကျွန်မကို ဒေါသတွေ ထွက်ပြီး ဆူသေးတာ၊
မိန်းကလေးတွေဆိုတာ နူးနူးညံ့ညံ့ အလိုလိုက်ထားပြီး အဲဒီလိုမျိုးတွေ ထိခိုက်အောင် မလုပ်ရဘူးတဲ့…”
“နျူနျူလေးမှာ ထူးဆန်းတဲ့ရောဂါရှိမှန်းလည်း သိရော ချက်ချင်းပဲ နာမည်ကြီးဆရာဝန်တွေနဲ့ မိတ်ဆက်ပေးပြီး သမီးလေးကို ဂရုစိုက်ပေးခဲ့တာ၊ ကျွန်မ အခြားနေရာတွေကို သွားပြီး နျူနျူလေးကိုဆေးကုတော့လည်း သူမကပဲ အဖော်လိုက်ပေးခဲ့တာ၊
သူမက ကျွန်မကို နှစ်သိမ့်ပေးပြီး ကျွန်မ လဲကျမသွားဖို့ အားပေးတာလည်း သူပဲ။ ကလေးလေးက ရောဂါ ကုလို့ ရစေရမယ်လို့ အမြဲပြောတတ်တယ်..”
“နောက်ထပ်လည်း အများကြီးရှိသေးတယ်ရ သူ့မှာလည်း သားလေးတစ်ယောက်ရှိတယ်လေ သူတို့ မိသားစု အခြေအနေကလည်း ကျွန်မတို့ထက် အများကြီးကောင်းတယ်၊
နျူနျူလေးရဲ့ ရောဂါကိုကုရတာ ငွေကုန်ကြေးကျ အရမ်းများတယ်၊ ကျွန်မသူငယ်ချင်းကပဲ နျူနျူလေးရဲ့ ဆေးဖိုးတွေ အများကြီး စိုက်ရှင်းပေးထားခဲ့တာ။
ပြီးတော့ ပြောသေးတယ်။ နောက်ကျလို့ ကျွန်မတို့ မိသားစု နျူနျူလေးကို တကယ် ထပ်ပြီး မထောက်ပံ့ပေးနိုင်တော့ရင် သူ့ကိုပဲ တိုက်ရိုက်ပြောပါတဲ့။ သူကူညီပြီး ကုပေးပါမယ်လို့ ပြောခဲ့တာ”
မစ်စ်လျှို့ အားဖျော့စွာ ပြုံးလိုက်သည်။
“သူမသာ လူကောင်းမဟုတ်ဘူးဆိုရင် ဘာလို့ နျူနျူအတွက် အချိန်ကုန်ငွေပန်းခံပေးနေမှာလဲ? ကျွန်မတို့ သိတာ ကြာလှပါပြီ။ သူမဆီမှာ နျူနျူလေးအပေါ်မှာ မကောင်းတဲ့စိတ်ဆိုတာ မရှိခဲ့ဖူးဘူး၊ ကလေးဘဝတည်းက အဲဒီအတိုင်းပဲ”
“ပြောရမှာတောင် ရှက်ပေမဲ့ နျူနျူနဲ့ အဲဒီသူငယ်ချင်းရဲ့သား ရှောင်ဟုန်တို့ ပြဿနာဖြစ်တိုင်း ကျွန်မရဲ့ သူငယ်ချင်းက နျူနျူလေဘက်ကပဲ အမြဲလိုက်ပေးတတ်ဆယ်၊
တစ်ခါတစ်လေဆိုရင် ကျွန်မတို့အပေါ်မှာ ကောင်းလွန်းတယ်လို့တောင် တွေးမိပါတယ်။ အဲဒှလို သူငယ်ချင်းတစ်ယောက်ရထားတာကိုက ကျွန်မအတွက် ဒီဘဝလုံလောက်သွားသလိုပါပဲ”
မစ်စ်လျှို့၏ စကားအရဆိုလျှင် သူငယ်ချင်းအား အဘယ်ကြောင့် တထစ်ချ ယုံကြည်ရလဲဆိုသည်မှာ သိသာလှသည်။
ကုကျစ်စုန့် ခေါင်းလေး စောင်းငဲ့လိုက်သည်။
“သူ့မှာ သားရှိတာလား? အသက် ဘယ်နှစ်နှစ်လဲ?”
“နျူနျူနဲ့ တစ်နှစ်တည်းပဲ၊ အဲဒါကလည်း ကျွန်မတို့ရဲ့ ကံလို့ ပြောရမလားပဲ၊ ကျွန်မတို့နှစ်ယောက်က တစ်ချိန်တည်းနီးပါး ကိုယ်ဝန်ရကြတာလေ၊
ကျွန်မတို့ရဲ့ ရင်းနှီးမှုကြောင့် မွေးတတဲ့အချိန်ရော၊ ပြင်ဆင်တာတွေကိုပါ ဆေးရုံတစ်ခုတည်း၊ တစ်ဌာနတည်းမှာပဲ လုပ်ခဲ့ကြတာ”
မစ်စတာဟဲကလည်း ကြားဖြတ်ဝင်ပြောလည်းသည်။
“သူ့အမျိုးသားက ကျွန်တော်နဲ့အတဖု အမြဲတမ်း စွပ်ပြုတ်တွေ အတူယူလာနေကြလေ”
“ဟုတ်ပါတယ်၊ တစ်ချိန်တည်း အတူတူ ကိုယ်ဝန်ရှိတဲ့ ခံစားချက်က တကယ်ပျော်စရာကောင်းတယ်၊ညကျွန်မတို့က တကယ့်ကို အစကနေ အဆုံးထိ အတူတူပဲရှိခဲ့တယ်”
“အဲဒီတုန်းက ကျွန်မတို့ရဲ့မွေးမယ့်အချိန်တွေက အတူတူလောက်ပဲလေ၊ ကျွန်မတောင် စ,နေသေးတယ်. ဒီကလေးတွေက တစ်ချိန်တည်းမှာ မွေးဖို့ ကံပါလာတာလို့။
ဒါပေမယ့် သူက နေ့လည်အစောပိုင်းလောက်တည်းက ဗိုက်နာပေမဲ့ ကျွန်မက တော့မနာသေးဘူး။ လှုပ်ရှားမှုတောင် မရှိဘူး။
ဒါကြောင့် ကလေးတွေက တစ်ရက်တည်းတောင် မမွေးလောက်တော့ဘူးလို့ ထင်နေခဲ့တာ”
မထင်မှတ်ထားစွာပင် သူငယ်ချင်းဖြစ်သူ မီးဖွားချိန်တွင် မီးဖွားရခက်ခဲနေခဲ့သည်။ ကလေးငယ်၏ ပုံစံ နေရာမကျ၍ သူမ တော်တော်ကြာအောင် လူးလိမ့်ခံခဲ့ရသည်။
သို့သော် သူမသည်လည်း ညဘက်တွင် ဗိုက်နာ၍ မွေးဖွားခဲ့ပြီး နောက်နေ့မနက်အစောပိုင်းတွင် အတူတူမီးဖွားနိုင်ခဲ့သည်။
ကုကျစ်စုန့် သေချာတွေးနေရင်း တစ်ခုခုကို သတိရသွားခဲ့ရသည်။
“ဆိုတော့.. ရှင်တို့ရဲ့ ကလေးနှစ်ယောက်က တစ်ချိန်တည်းမှာ မွေးတာပေါ့”
“တစ်ချိန်တည်းနီးနီးပါပဲ. ဆရာဝန်တွေပြောတာကြားရတာတော့ အချိန်က သိပ်ပြီး မကွာဘူးတဲ့။ အတိအကျတော့ မသိဘူး၊ ကျွန်မသိတာကတော့ နျူနျူက နည်းနည်းလောက်နောက်ရောက်ပြီးမှ မွေးတော့ သူက အငယ်လေရး၊ ရှောင်ဟုန်က နည်းနည်းလေး စောမွေးတဲ့ အကြီးပေါ့”
“အဲဒီကောင်လေးရဲ့ မွေးချိန်အတိအကျကိုရောသိလား? သမီးနဲ့ တစ်နာရီတည်း မွေးတာလား?”
“အဲဒီလောက်ထိတော့ သေချာမမေးဖူးဘူး”
မစ်စ်လျှို့ တဒင်္ဂမျှ မှင်သေသွားပြီးနောက် ကုကျစ်စုန့်၏ မေးခွန်းကိုလည်း ထူးဆန်းသည်ဟု တွေးလိုက်မိသည်။
“ဘာလို့ ကုတောက်ကျန့်က အဲဒီလိိမေးခွန်းတွေ မေးနေတာလဲ? အဲဒါက သမီးလေး နေမကောင်းဖြစ်တာနဲ့ ဘာများ သက်ဆိုင်လို့လဲဟင်?”
ကုကျစ်စုန့်က သူမ၏ ဖီးနစ်ငှက်မျက်လုံးများ ကွေးညွှတ်သွားရုံလေးသာ ပြုံးလိုက်သော်လည်း အပြုံးသည် အသက်မပါလှပါချေ။
“ဖြစ်နိုင်ချေရှိတယ်လေ”
“အဲဒီကောင်လေးကလည်း ယင်ရှီမှာ မွေးတယ်ဆိုရင် သူကလည်း နတ်ဘုရားရဲ့ အစေခံ ကလေးဖြစ်နိုင်ချေ များတယ်”
“ဒါက….”
မစ်စ်လျှို့ မည်သည့်စကားကိုပြောရမှန်းမသိတော့ချေ။
“ရှင့် သူငယ်ချင်းရဲ့သားကရော ဘယ်လိုလဲ? သူကရော ဉာဏ်ရည်ထက်မြတ်တဲ့ ကလေးပဲလား?”
ထိုမေးခွန်း မေးခံရပြီးနောက် မစ်စ်လျို့တစ်ယောက် ကလေးငယ်၏ အကြောင်းကို တွေးလိုက်မိသည်။
သူငယ်ချင်း၏ သားဖြစ်သူရှောင်ဟုန်သည်ကား သူမ မြင်ခဲ့ဖူးသမျှတွင် ဉာဏ်အကောင်းဆုံးကလေးဖြစ်သည်။
နျူနျူသည်က အဆိုးကြီးမဟုတ်ချေ။ သူမသည်ကား မြို့ထဲမှ အကောင်းဆုံးကျောင်းတွင် တက်ကာ အဆင့်သည်လည်း အတန်းထဲမှ အတော်ဆုံးစာရင်းတွင် ပါသည်။
ဆိုရလျှက် နျူနျူမှာ သင်္ချာအိုလံပစ်အတွက်ပင် လေ့လာနေသည်ဖြစ်သော်လည်း ရှောင်ဟုန်ထက်တော့ နောက်ကောက်ကျနေသေးသည်။
ထိုကောင်လေးသည်ကား ကလေးပါရမီရှင်ဟု ခေါ်လို့ရနိုင်ပြီး ‘အသန်မာဆုံးဦးနှောက်’တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်လောက်သည်ထိ ထက်မြက်သည့်ကလေးဖြစ်သည်။
နျူနျူကဲ့သို့ပင် သူသည်လည်စ အသက် ၉နှစ်သာ ရှိသေးသော်လည်း အလယ်တန်းကျောင်းစာများထိ သိနေပြီးဖြစ်သည်။
ထို့အပြင် သူက ပရိုဂရမ်ရေးဆွဲခြင်း၊ စိတ်တွက်သင်္ချာ၊ မှတ်ဉာဏ်လေ့ကျင့်ခြင်းများအပြင် မိသားစု၏ ပျိုးထောင်မှုအောက်တွင် အခြားအနုပညာဘာသာရပ်များကိုပါ လေ့လာနေပြီဖြစ်ပေသည်။
ထိုကလေးသည်ကား ဉာဏ်ကောင်းရုံသာမက ရုပ်ရည်လည်း ချောမောသည်။ သူနှင့် နျူနျူတို့ ငယ်စဉ်က အတူတူရှိနေချိန်ဆိုလျှင် အရုပ်ကလေးနှစ်ရုပ်နှင့်ပင် ဆင်တူသေးသည်။
သူတို့နှစ်ယောက် ငယ်စဥ်အရွယ်ကတည်းက သူငယ်ချင်းဖြစ်သူမှာ နျူနျူအား ပို၍ အလိုလိုက်သော်လည်း ရှောင်ဟုန်ကတော့ စိတ်ဆိုးဒေါသဖြစ်ခဲသည်။
သူသည် လူကြီးလေးကဲ့သို့ပင် ပြောတတ်သေးသည်။
‘နျူနျူက မိန်းကလေးလေ၊ ပြီးတော့ သားရဲ့ညီမလေးဆိုတော့ ကြီးလာရင် သားက သူ့ကို စောင့်ရှောက်ပေးမှာ’
မစ်စ်လျှို့အနေနဲ့ ခင်ပွန်းသည်နှင့် စကားပြောကြချိန်တွင်လည်း သူမ သူငယ်ချင်းဖြစ်သူ၏ဘဝသည်ကား အစပိုင်းက ကြမ်းတမ်းခဲ့သော်လည်း ယခုတော့ အဆင်ပြေသွားပြီဖြစ်ကြောင်းသာ ပြောတတ်သည်။
ရှောင်ဟုန်၏ ခန္ဓာကိုယ်ကတော့ နျူနျူထက် ပို၍ ချူချာသည်မှာ အမှန်ပင်။ သူသည်ကား ရာသီဥတုအကူးအပြောင်းတိုင်း ဖျားနာလေ့ရှိသည်။
မစ်စ်လျှို့ စိတ်ထဲတွင် ကလေးငယ်နှစ်ယောက် အသက် ၂နှစ်၊၃နှစ်ခန့်က သူငယ်ချင်းထံမှ ရှောင်ဟုန်လေး အပြင်းအထန် နေမကောင်းဖြစ်နေသည်ဆိုသော သတင်းကြားရသည်ကို ခပ်ရေးရေးလောက် သတိရလိုက်မိသည်။
သို့သော် ထိုအချိန်မှ စ၍ ရှောင်ဟုန်လေးထံတွင် ဖျားနာသည်ဟု မကြားရတော့ချေ။
မစ်စ်လျှို့ ၏ စကားအား နားထောင်ပြီးနောက် ကုကျစ်စုန့် မျက်ခုံးလေးတစ်ဖက်ကို အသာပင့်သည်။
“အဲဒီလိုအခြေအနေတွေက ရင်းနှီးနေတယ်လို့များ မထင်ဘူးလား?”
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်များလည်း မှတ်ချက်ချသည်။
[မွေးရာပါ ဉာဏ်ကြီးရှင်လူငယ်လေး၊ ရုပ်ချောတယ်၊ ဒါပေမယ့် နူးညံ့ပြီး ခဏခဏ ဖျားနာတယ်၊ ဒါက ခုနက ပြောသွားတဲ့ နတ်ဘုရားအစေခံကလေးငယ်တွေရဲ့ ပုံစံပဲမဟုတ်ဘူးလား?
ဒီကောင်လေးကမှ ‘နတ်ဘုရားအပါးတော်ကလေးငယ်တစ်ယောက်’ရဲ့ လုံးဝ စံဥပမာပဲမဟုတ်ဘူးလား?]
[ကလေးနှစ်ယောက်က တစ်ရက်တည်းမှာ မွေးတယ်။ တစ်ယောက်က ချမ်းသာတယ်၊ နောက်တစ်ယောက်က ဖျားနာပြီး သေလုမျောပါးဖြစ်နေတယ်၊
ဒါပေမယ့် ကောင်လေးရဲ့ အမေက ကောင်မလေးကိုပဲ အလိုလိုက်တယ်… ငါက တစ်ကိုယ်ကောင်းဆန်ဆန်တွေးမိတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်.
ဒါပေမယ့် ကလေးနှစ်ယောက် ကတောက်ကဆဖြစ်တယ်ဆိုရင်တော့ ငါကတော့ ငါ့ကလေးဘက်ကိုပဲ ဘက်လိုက်မိမယ်ထင်တယ်
ငါလည်း အမေတစ်ယောက်အနေနဲ့ မျက်နှာလိုက်မှာပဲလေ? ငါအတွေးလွန်နေတာလည်း ဖြစ်နိုင်ပေမယ့် ငါကတော့ ဒီသူငယ်ချင်းက ထူးဆန်းတယ်လို့ပဲ ထင်တယ်]
[အပေါ်ကတစ်ယောက်က ဒါကို ထူးဆန်းတယ်လို့ပဲ ထင်တာလား? သူက အသက်ရှိနေတဲ့ ဗုဒ္ဓလိုတောင် အကြင်နာတရားကြီးလွန်းနေပြီ၊
ပြီးတော့ စုန့်စုန့်စကားအရဆိုရင် သူက ‘ဆိုးရွားတဲ့သူ’ဆိုတော့ မကောင်းတာ တစ်ခုခု လုပ်ခဲ့လို့ပဲ ဖြစ်ရမယ်]
ယုံကြည်ပုံ မပေါ်သေးသည့် မစ်စ်လျှို့၏ မျက်နှာကြောင့် ကုကျစ်စုန့်စကားဆက်သည်။
“အဲဒီသူငယ်ချင်းနဲ့ သူ့သားရဲ့ ဓာတ်ပုံရှိလား? သူတို့ရဲ့ အချက်အလက်ကို သေချာ စစ်ကြည့်ချင်တယ်၊ တကယ်လို့ အဲဒီကောင်လေးကသာ နတ်ဘုရားရဲ့ အစေအပါးဆိုရင် နောက်ပိုင်းကျရင် ကပ်ဆိုးတွေ ကြုံတွေ့ရမှာပဲလေ”
မစ်စ်လျှို့ ခေါင်းငြိမ့်လိုက်သည်။
“ရှိပါတယ်”
သူမ ပြောပြီးသည်နှင့် ဖုန်းကိုဖွင့်ကာ ဓာတ်ပုံရှာလိုက်သည်။
သို့သော် အချိန်အတော်ကြာ ရှာပြီးသည့်နောက်တွင် သူငယ်ချင်း၏ ဓာတ်ပုံများကိုသာ ရှာတွေ့ခဲ့သည်။
ထိုအခါမှသာလျှင် မစ်စ်လျှို့ သဘောပေါက်လိုက်သည်။ ဤမျှလောက် အချိန်အကြာကြီး ပေါင်းသင်းခဲ့သော်လည်း သူမတွင် ရှောင်ဟုန်၏ အရှေ့တည့်တည့်မှ ဓာတ်ပုံတစ်ပုံမှ မရှိပေ။
ကလေးနှစ်ဦးသည်ကား တစ်ပတ်လျှင် တစ်ကြိမ်၊နှစ်ကြိမ်တော့ တွေ့နေကြဖြစ်သည်။
ထို့နောက် သူငယ်ချင်းပြောဖူးသည်အား အမှတ်ရလိုက်သည်။
‘ကလေးတွေရဲ့ကိုယ်ရေးကိုယ်တာက အရေးကြီးတယ်လေ၊ ပုံတွေကို လိုင်းပေါ်မှာ သိပ်မတင်တာက အကောင်းဆုံးပဲ။ ဘယ်လိုလူတွေက ဘယ်လို အကြံဆိုးတွေ ရှိနေမလဲဆိုတာ မသိနိုင်ဘူးမလား’
သူမ ထိုအချိန်က သူငယ်ချင်းဖြစ်သူမှာ စိုးရိမ်စိတ်ကြီးလွန်းသည်ဟု ထင်မိသော်လည်း လက်ခံခဲ့ပြီး နျူနျူလေး၏ ကိုယ်ရေးကိုယ်တာအားလည်း သေချာ ဂရုစိုက်ထားခဲ့သည်။
ဥပမာဆိုလျှင် သူမ သူငယ်ချင်း၏ ဝီချက် moment ကြားတွင် ရှောင်ဟုန်၏ ဆုကိုင်ထားသောလက်၊ စင်ပေါ်တွင် ကျောပေးရပ်နေပုံများသာ ရှိသည်။
အမှန်ပင် အရှေ့တည့်တည့်မှ ဓာတ်ပုံမရှိပေ။
မိသားစုနှစ်စု ဆုံတွေ့ချိန်တိုင်းလည်း သူငယ်ချင်းကသာ ဓာတ်ပုံရိုက်ပေးလေ့ရှိသည်။
နျူနျူတစ်ယောက်တည်းသာ ဓာတ်ပုံတွင်ပါပြီး ရှောင်ဟုန်ကတော့ ခန္ဓာကိုယ်သာ ပါသည်။
မစ်စ်လျှူ ယခင်က သတိမထားမိသော်လည်း ယခုတော့ စိတ်ထဲ၌ ထူးဆန်းလာရသည်။
သူမ ကုကျစ်စုန့်အား ဖုန်းလှမ်းပေးလိုက်သည်။ ဖုန်းထဲတွင် သူမသူငယ်ချင်း တင်ထားသည့် ပုံများသာဖြစ်သည်။
ဓာတ်ပုံထဲမှ အမျိုးသမီးသည်ကား သပ်သပ်ရပ်ရပ်ဝတ်စားထားကာ ဈေးကြီးအဝတ်အစားများအား ဝတ်ဆင်ထားသည်။
သူမသည် နာမည်ကြီးလက်ကိုင်အိတ်တစ်လုံးကိုလည်း လွယ်ထားကာ ဇိမ်ခံကားတစ်စင်း၏ မောင်းသူနေရာတွင် ဂုဏ်ယူစွာ ပြုံးနေခဲ့သည်။
သူမက လက်ရှိဘဝတွင် ပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့အား ခံစားနေရကြောင်း ပြထားသည့် ဓာတ်ပုံတစ်ပုံပင်။
ကင်မရာ၏ effectကြောင့် မျက်နှာအနည်းငယ် ပြောင်းလဲနေသော်လည်း ကုကျစ်စုန့်အနေဖြင့် ဘက်စုံမှ ရိုက်ထားသော ပုံအမျိုးမျိုးမှ ထိုအမျိုးသမီး၏ ဘဝအကြောင်း အကြမ်းဖျင်းခန့် ခန့်မှန်းနိုင်ပြီးဖြစ်သည်။
သူမ ခေါင်းကို မော့ကာ မစ်စ်လျှို့ကို ပြောလိုက်သည်။
“သူငယ်ချင်းရဲ့ မိသားစုတွေက သူငယ်ငယ်တုန်းက တော်တော်လေး ကျပ်တည်းခဲ့တယ်၊ မိဘဆွေမျိုးတွေနဲ့ သူ့ကြားက ဆက်ဆံရေးကလည်း ကောင်းလှတာတော့ မဟုတ်ဘူး၊
ဒါကိုတော့ သိပ်ပြီးတော့ အကျယ်ချဲ့ မပြောတော့ပါဘူး၊ ရှင်နဲ့သူနဲ့က အထက်တန်းကျောင်းမှ တွေ့ကြတာပဲ၊ ကျောင်းဆင်းပြီးတော့ ရှင်တို့နှစ်ယောက် တက္ကသိုလ်တစ်ခုတည်းကို ဝင်ခွင့်ရခဲ့တယ်၊ ဆက်ဆံရေးလည်း တော်တော်လေး ကောင်းခဲ့ကြတယ်”
*