← Chapters

တရားမျှတမှု မရှိ(4)

Vol. 16 Ch. 160

တရားမျှတမှု မရှိ(4)

Vol. 16 Ch. 160

ကုကျစ်စုန့် အစီအရင်အား ဖယ်ရှားလိုက်ပြီးနောက် ကံကြမ္မာချင်း ပြန်လည်ပြောင်းလဲလိုက်ပြီးနောက် နျူနျူသည်လည်း ချက်ချင်းပင် သူမ၏ ရင်ဘတ်က တင်းကြပ်မနေတော့ကြောင်း ဆိုလာခဲ့သည်။

သူမ ခန္ဓာကိုယ်သည်ကား ယခင်က ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ထားခဲ့သည်။ ထို့ကြောင့် ကံကြမ္မာချင်း ပြောင်းလဲပြီးချိန်တွင်တောင်  ပြန်လည်သက်သာရန် အချိန်ယူရလိမ့်မည်။

ကံကောင်းစွာပင် ပိုင်စစ်က သူမခန္ဓာကိုယ်အား အစီအရင်မဖယ်ရှားခင်အချိန်တည်းက ကုသပြင်ဆင်ပြီးဖြစ်နေခဲ့သည်။ ထို့ကြောင့် နောက်ထပ် နှစ်လ၊ သုံးလလောက် အနားယူပြီးလျှင် နျူနျူသည်ကား သူမ နေမကောင်းခင်က ခန္ဓာကိုယ်အတိုင်း ပြန်ဖြစ်သွားလိမ့်မည်ဖြစ်သည်။

ပရိုဂရမ်ပြီးဆုံးပြီးချိန်တွင် ဒေသခံဝိဉာဉ်ဆိုင်ရာ အထူးဌာနခွဲမှ သူငယ်ချင်းအဖြစ် ကျန်းရူယွီမှတစ်ဆင့် အပ်ထားကာ ယန်ဇီ၏အမှုအတွက် အခြေအနေအား ပြောပြခဲ့သည်။

ယန်ဇီကိုယ်၌ကပင် လူသန်းပေါင်းများစွာ၏ အရှေ့၌ နျူနျူအား သေစေချင်သည့် စိတ်ဖြင့် ‘သူတို့၏ ကံကြမ္မာအား ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း’ ဝန်ခံခဲ့သည်။

ထို့ကြောင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ သူမအား ရည်ရွယ်ချက်ရှိရှိဖြင့် လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲခဲ့လေသည်။

သူမသည်ကား နောက်နှစ်အနည်းငယ်ခန့်ကို ထောင်ထဲတွင် ကုန်ဆုံးရမည်ဖြစ်သည်။

သူမ၏ ခင်ပွန်းကလည်း သူမနှင့် ကွာရှင်းခွင့်တောင်းလိုက်ကြောင်း ကြားရပြီး ရှောင်ဟုန်အကြောင်းကတော့ မည်သည့်သတင်းကိုမှ မကြားရတော့ပေ။

သူမအား ‘ကံကြမ္မာပြောင်းလဲမှု’တွင် ကူညီပေးခဲ့သော တောက်ကျန့်သည်လည်း ကုကျစ်စုန့် ပြန်လည်၍ အစီအရင်အား ဖျက်ဆီးလိုက်ချိန်တွင် တန်ပြန်သက်ရောက်မှုခံခဲ့ရသည်။

သူအား ဒေသခံဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့က ဖမ်းဆီးခြင်းခံရပြီးနောက်တွင် ပြစ်မှုများစွာအတွက် တရားရင်ဆိုင်နေခဲ့ရသည်။

သို့သော် လဝက်ခန့်ကြာပြီးနောက် ကုကျစ်စုန့်တစ်ယောက် အိမ်တွင် တရားကျင့်ကြံကာ အနားယူနေချိန်တွင် များပြားလှသည့် စွမ်းအားများ - လေးနက်စွာယုံကြည်သူတစ်ဦး၏ ကောင်းချီးများ နီးနီးများပြားသည့် စွမ်းအားများက သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။

၎င်းတို့အထဲတွင် ကောင်းချီးကျေးဇူးများလည်း အနည်းငယ်ပါဝင်လေသည်။

ထိုကောင်းချီးများကြောင့် မြေကမ္ဘာမသေမျိုးအဆင့်သို့ ရောက်နေပြီဖြစ်သော သူမ၏ ဝိဉာဉ်သည်လည်း အနည်းငယ် အဆင့်တက်သွားခဲ့တော့သည်။

ထိုညက လဝန်းသည်က ထိန်ထိန်သာနေပြီး တိမ်ကင်းစင်သည့် ညတစ်ညဖြစ်သော်လည်း ရုတ်ချည်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးမုန်တိုင်းသက်လာခဲ့သည်။

ကုကျစ်စုန့်တစ်ယောက် နောက်တစ်နေ့မနက်တွင် ထိပ်တန်းရှာဖွေမှု၌ ‘အံ့ဩဖွယ်သတင်း! နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်ယောက်ရဲ့ အိမ်ကို မိုးကြိုးပစ်ခံလိုက်ရတယ်၊ သူမက မကောင်းတာလုပ်လို့ တန်ပြန်သက်ရောက်မှု ခံရတာများလား!?’ဟူသောခေါင်းစဥ်ဖြင့် နာမည်ကြီးမနေစေရန်အတွက် နည်းလမ်းရှာရသည်။

ကုကျစ်စုန့်တစ်ယောက် အဆင့်တက်တော့မည့် စွမ်းအားများအား ချုပ်တည်းကာ အနီးဆုံးတောင်ပေါ်တောအုပ်တစ်ခုသို့ ပြေး၍ ချုပ်တည်းထားသော စွမ်းအားများအား လွှတ်ချလိုက်လေသည်။

ထို့နောက် သူမ မိုးကြိုးနှစ်ချက် အပစ်ခံလိုက်ရသည်။

သူမက လူမသိ၊ သူမသိ အဆင့်တက်နိုင်ခဲ့သည်ဟု တွေးမိသော်လည်း အမှန်တကယ်မှာတော့ သဘာဝလွန်လောကတွင် ထိုသတင်းက ဟိုးလေးတကျော်ဖြစ်သွားခဲ့လေသည်။

ရွှမ်းမင်အဖွဲ့အစည်းမှ လူများအပြင်၊ ဗုဒ္ဓဘာသာမှလူများ၊ နတ်ဆိုးကျင့်ကြံသူများပါ ထိုအကြောင်းကိုသာ ပြောဆိုနေခဲ့ကြသည်။

သူတို့က မည်သည့်အဖွဲ့အစည်းက လူကများ အဆင့်တက်သည့် ဒုက္ခကပ်ဆိုးအား‌ ကျော်ဖြတ်နေသနည်းဟု မေးခွန်းထုတ်နေခဲ့သည်။

[ဘယ်စီနီယာကများ ရုန်ချန်တောင်ပေါ်မှ ဒုက္ခဘေးကို ကျော်လွှားနေတာလဲမသိဘူး? ငါမှတ်မိသလောက်တော့ ရုန်ချန်နဲ့ အနီးဆုံး တောက်ကျန့်က ယိယွမ်ဂိုဏ်းရဲ့ ချင်တုန်ချန်းတစ်ယောက်ပဲ ရှိတယ်၊ ချင်တုန်ချန်း.. ဝိရီယရှိရှိနဲ့ကျင့်ကြံမှုကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ်!]

[ရှုတာ့ကောက လာနောက်နေပြန်ပြီ၊ ကျွန်တော် အဆင့်မတက်တာ ၁၂နှစ်ရှိပြီ၊ မနေ့ညက ကိစ္စက ကျွန်တော်မဟုတ်ဘူး၊ ရှီတာ့ကောကသာ မြေကမ္ဘာတောက်ကျန့်အဆင့်ကို တက်လုနီးနီးဖြစ်နေတဲ့ပုံပေါ်တယ်နော်…]

[ညတုန်းက အဆင့်တက်တာ ငါလည်း မဟုတ်ဘူး၊ အဲဒီတောက်ကျန့်က တော်တော်လေး အဆင့်မြင့်ပုံပဲ၊ ဘာလို့များ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို လျှို့ဝှက်ထားပြီး အခြားလူတွေကို ပြောမပြတာပါလိမ့်?]

[ဒါမှမဟုတ် နတ်ဆိုးဂိုဏ်းထဲက ‘မသေမျိုးမိသားစု’ဝင်‌ တစ်ဦးဦးများ အသွင်ပြောင်းသလား?]

[……]

ရွှမ်းမင်ဂိုဏ်းမှ စီနီယာများက ခန့်မှန်းနေကြသော်လည်း ခန့်မှန်းခံရသူတိုင်းကလည်း သူတို့မဟုတ်ကြောင်း ငြင်းဆန်ခဲ့ကြသည်။

သို့သော် ဘယ်သူကမှ‌တော့ ကုကျစ်စုန့်လို့ မထင်ခဲ့ကြ။

အဝေးတစ်နေရာအား စိုက်ကြည့်နေခဲ့သော ရှင်းယိချင်းသည်ကတော့ အဘယ်ကြောင့်မှန်းမသိဘဲ စိတ်ထဲတွင် မျက်ခုံးကောင်းကောင်းနှင့် ဖီးနစ်ငှက်မျက်ဝန်းတစ်စုံက ပေါ်လာခဲ့သည်။ အစပိုင်းတွင်တော့ တွေဝေနေသော်လည်း သူ့၏စိတ်ထဲတွင် ရှိနေသည့်စကားအား မေးလိုက်မိသည်။

“ရှစ်ဖူ၊ ကုကျစ်စုန့်များ ဖြစ်နိုင်လောက်လား?”

တောက်ကျန့်ချင်းက အချိန်ကြာမြင့်စွာ စဉ်းစားနေပြီးမှသာ ကုကျစ်စုန့်က မည်သူဖြစ်ကြောင်းကို ပြန်သတိရသွားခဲ့သည်။

“အဲဒီကောင်မလေးလား?”

သူ ရယ်မောရင်း ပြောလာလေသည်။

“ဘာတွေတွေးနေတာလဲ ကောင်လေး? မနေ့ညက မိုးကြိုးဒုက္ခကပ်ဘေးက ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ ဥပဒေစွမ်းအားတွေ ပါတယ်၊

အနည်းဆုံးတော့ မြေကမ္ဘာတောက်ကျန့်အဆင့်ရှိတဲ့ သူလောက်မှ ဖြစ်နိုင်လိမ့်မယ်၊ အဲဒီကလေးမလေးက အသက်ဘယ်နှစ်နှစ်လဲ?

သူမက မြေကမ္ဘာအဆင့်ရှိတဲ့ ထူးခြားပညာရှင်ဘဝကို ရောက်နိုင်ပါ့မလား?”

သူ့ဆရာ့၏ပြောစကားကြားလိုက်ရပြီးနောက်တွင်တော့ ရှင်းယိချင်းက သူ့၏သံသယများအား ဖယ်ရှားလိုက်တော့သည်။

ထိုမေးခွန်းသည်ကား ဝိဉာဉ်ဆိုင်ရာအထူးဌာနခွဲမှ လူများလည်း အလွန်သိချင်နေခဲ့သည့် မေးခွန်းတစ်ခုဖြစ်နေပေသည်။

ကျန်းရူယွီတစ်ယောက် သူမ၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးထံမှ မေးခွန်းအား နားထောင်လိုက်ရင်း နားကြားမှားသလားဟုပင် တွေးမိသည်။

“ဘယ်လို?”

“ကျွန်တော်ပြောတာက မနေ့က ကပ်ကျော်နေတာ မစ်စ်ကုကျစ်စုန့်များ ဖြစ်နိုင်မလားလို့?”

စုန့်ချန် ထပ်မေးသည်။

ကျန်းရူယွီ: “……”

“အိပ်မက်ယောင်နေတာလား? မနေ့ညက မိုးကြိုးကပ်ကျော်တာက ‘မြေကမ္ဘာအဆင့်’လောက် ရှိတယ်၊ ရွှမ်းမင်မှာတောင် အဲဒီလိုလုပ်နိုင်တဲ့သူတွေက မိသားစုကြီးကြီးက အသက်ကြီးကြီးလူတွေချည်းပဲ”

ကုကျစ်စုန့်က စွမ်းအားကြီးသည်မှာ မှန်သော်လည်း ငယ်လွန်းနေသည်။

ဝမ်ရှောင်လဲ့‌က ခေါင်းကိုမော့ကာ မျက်မှန်ကို ပင့်တင်လိုက်ရင်း ဆက်မေးသည်။

“ဒါပေမယ့် အစ်မကျန်းပဲ မပြောခဲ့ဘူးလား? ကုတောက်ကျန့်က ကျွန်တော်တို့ စီနီယာတွေထက်တောင် တော်တော်လေး စွမ်းအားကြီးပြီးတော့ ပိုပြီး ဖိနှိပ်အားကောင်းတယ်ဆိုပြီးတော့လေ၊ သူမရဲ့အဆင့် ဘယ်လောက်လဲဆိုတာတောင် ကျွန်တော် ကြည့်လို့ မရဘူး” 

စုန့်ချန် ခေါင်းငြိမ့်သည်။

“ဟုတ်တယ်၊ ရုံးချုပ်က လူတွေကို.. နေပါဦး.. ရွှမ်းမင်က လူတွေအကုန်လုံးကိုပါ ပေါင်းလိုက်ပါဦး၊ သူမလောက် ဖုန်းရွှေကို သိနိုင်တဲ့သူရှိလို့လား? မရှိဘူးလေ၊

သူမကပဲ အင်ပါယာရဲ့ သင်္ချိုင်းကို ရှာတွေ့ခဲ့တာ၊ ကြည့်ရတာ သူမက ဝတ္ထုတွေထဲကလို ပညာရှင် ဉာဏ်ကြီးရှင်ပဲ ဖြစ်ရမယ်”

ကျန်းရူယွီကတော့ မဖြစ်နိုင်ဘူးဟုသာ တွေးမိသောကြောင့် ခေါင်းခါ၍ ပြောသည်။

“မင်းတို့တွေ အရည်မရ အဖတ်မရ ဝတ္ထုစာအုပ်တွေဖတ်တာလျှော့၊ ဖြစ်နိုင်ချေက နည်းလွန်းတယ်လေ”

“ရွှမ်းမင်က ဆရာအိုကြီးတွေအကုန်လုံးကလည်း သူတို့ မဟုတ်ပါဘူးတဲ့၊ ယုံချန်မှာ မသေမျိုးမိသားစုက စွမ်းအားကြီးတဲ့သူလည်း မရှိဘူး”

စုန့်ချန်က ဖုန်းကို ထုတ်ကာ ကုကျစ်စုန့်နံပါတ်ကို ရှာလိုက်ရင်း :

“ကျွန်တော်က သိချင်လို့ပါ၊ အဲ့တာက တကယ် မစ်စ်ကုကျစ်စုန့်ဆိုရင်ရော? ဒါက အဖွဲ့အစည်းအတွက် သတင်းထောက်တဲ့သဘောပါပဲ”

ကျန်းရူယှီ မျက်မှောင်ကျုတ်မိသည်။

“ပညာရှင်တစ်ယောက်ကို သူတို့ရဲ့အဆင့်အကြောင်း တိုက်ရိုက်မမေးရဘူး၊ အဲဒါ ရိုင်းတယ်။ ကုကျစ်စုန့်က အဲဒီလိုမျိုးဆိုရင် လုံးဝမကြိုက်လောက်ဘူးနော်”

“စိတ်မပူပါနဲ့ ကျဲ၊ ကျွန်တော် အဲ့လောက်မတုံးပါဘူး”

သူ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။

[ဘော့စ်ကု၊ ကျွန်တော်က ယုံချန်ဝိဉာဉ်ဆိုင်ရာအထူးဌာနက စုန့်ချန်ပါ]

ကုကျစ်စုန့်: “???”

[ကျွန်မ မှတ်မိပါတယ်။ ဘာကိစ္စများရှိလို့လဲ?]

စုန့်ချန်:

[ဒီလိုပါ၊ မနေ့က ယုံချန်တောင်ပေါ်မှာ မိုးကြိုးကပ်ကျော်တာ ဖြစ်သွားသေးတယ်၊ အဲဒါကို သိလိုက်လား?  ဘော့စ်ကိနေတဲ့ နေရာနဲ့ တော်တော်လေး နီးတယ်လေ]

ထိုစာကို ပို့ပြီးနောက် သူ စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေခဲ့သော်လည်း မိနစ်ဝက်ကျော်သည်ထိ အဖြေပြန်မလာခဲ့ပေ။

ဝမ်ရှောင်လဲ့ ပြုံးစိစိဖြင့် မေးလာသည်။

“ဘော့စ်က မင်းကို စကားမပြန်ဘူးမလား?”

ကျန်းရူယွီကလည်း နှာခေါင်းရှုံ့သည်။

“ငါသိနေတယ်…”

“သောက်ကျိုးနည်း!!?”

သူမ စကားတောင် မဆုံးလိုက်ချေရ စုန့်ချန်တစ်ယောက် ဆိုဖာပေါ်မှ ဖုန်းကို ကိုင်ထားရင်း မျက်လုံးပြူး၊မျက်ဆံပြူးနှင့် ထခုန်မတတ် ဖြစ်သွားသည်။

“ဘာဖြစ်တာလဲ?!”

သူက ဖုန်းမျက်နှာပြင်ကို ညွှန်ပြနေရင်း ပြောစရာစကားပျောက်နေခဲ့သည်။

ခေတ္တခန့် အသံပျောက်နေခဲ့ပြီးမှ :

“လန်ထွက်နေတာပဲ!!”

မိုဘိုင်းဖုန်းမျက်နှာပြင်ပေါ်တွင် မြင်နေရသည်မှာ ကုကျစ်စုန့်ထံမှ ပြန်စာပင်ဖြစ်သည်။

[မနေ့ညက ကိစ္စတစ်ခုဖြစ်ပြီးတော့ မတော်တဆ အဆင့်နိမ့်တစ်ခု တက်သွားလို့ပါ၊ အရမ်းချုပ်တည်းထားရတာကြောင့် ယုံချန်လောက်အထိပဲ သွားချိန်ရလိုက်တယ်၊ တကယ်လို့ မြို့တော်ဥပဒေက ကပ်ကျော်လွှားတာတွေကို လက်မခံဘူးဆိုရင် နောက်တစ်ခေါက် ပိုပြီးသတိထားလိုက်ပါမယ်]

ကျန်းရူယွီနှင့် ဝမ်ရှောင်လဲ့တို့ နှစ်ဦးလည်း ပါးစပ်အဟောင်းသားဖြစ်နေခဲ့ပြရသည်။

တစ်ခဏလောက်ကြာမှသာ ဝမ်ရှောင်လဲ့က တီးတိုးရေရွတ်သည်။

“ဘော့စ်က ‘မတော်တဆ’ ‘အဆင့်အနိမ့်လေး’ တက်သွားတယ်တဲ့….”

သူ မသိသည့်အချက်မှာ မြေကမ္ဘာမသေမျိုးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကုကျစ်စုန့်အတွက်ကတော့ ထိုအဆင့်သည်ကား အမှန်တကယ်ပင် အဆင့်နိမ့်လေးသာဖြစ်သည်။

“ကျွန်တော် မပြောဘူးလား? ဘော့စ်ကုက အရမ်းမိုက်တယ်လို့!! အဲဒီ ရွှမ်းမင်က လူအိုကြီးတွေ အခုထိ မှန်းနေကြတုန်းပဲ၊ ပြောရရင် တကယ့်ဆရာသမားက အနီးအနားမှာ ရှိနေတယ်လို့ သိတာ ကျွန်တော်တို့ပဲ ရှိတယ်”

ကျန်းရူယွီတစ်ယောက် ဖုန်းကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်း စုန့်ချန်၏ ပုခုံးကို ပုတ်ကာ အထက်လူကြီးအား ဆက်သွယ်ချင်သည့် စိတ်ကို မနည်းအောင့်အီးထားရသည်။

“မင်း တော်တယ်!!”

ကုကျစ်စုန့်ဘက်တွင်တော့ မိုးကြိုးမုန်တိုင်းအား သက်ရောက်စေသည့်အတွက် တောင်းပန်စာပို့လိုက်သော်လည်း စကားပြန်မရသောကြောင့် သူမလည်း ဆက်၍ အာရုံမထားတော့ချေ။

ရုတ်တရက်ကြီး ထိုးတက်လာသည့် စွမ်းအားနှင့် ကောင်းချီးများ မည်သည့်နေရာကရောက်လာလဲဆိုသည့် မေးခွန်းအတွက် သူမ အဖြေရှာနိုင်ခဲ့ပြီးဖြစ်သည်။

သူမ၏ ကောက်ချက်ချမှုနှင့် ခန့်မှန်းမှုတို့အရ သူတို့ အစီအစဉ်တွင် တွေ့ခဲ့ရသည့် နတ်ဘုရားအစေခံ ရှောင်ဟုန်လေးသည်ကား လွန်ခဲ့သည့် သုံးရက်က မတော်တဆမှုဖြင့် ဆုံးပါးသွားပြီဖြစ်ပေသည်။

သူ့အား ပြန်လည်ဆင့်ခေါ်ခံလိုက်ရခြင်းပင်။

သူသည်က အမှန်တကယ်လည်း သက်ရှိကမ္ဘာတွင် ကြာကြာနေရန် အစီအစဉ်မရှိချေ။ ထိုကောင်းချီးကုသိုလ်များသည်ကား ကုကျစ်စုန့်အား သူ၏ ‘ကျေးဇူးရှင်’အနေဖြင့် ကျေးဇူးဆပ်ခြင်းသာဖြစ်နိုင်သည်။

ကုကျစ်စုန့်သာလျှင် သူတို့၏ ကံကြမ္မာအား အချိန်မှီ မပြောင်းလဲပေးခဲ့ပါက သူသည်လည်း မသေမျိုးသတ်မှတ်ချက်အား ဆုံးရှုံးသွားရမည်ဖြစ်ကာ မြေအောက်ကမ္ဘာသို့သာ သွားရပေလိမ့်မည်။

ကလေးငယ်လေးတစ်ဦးသည်က ဤမျှများပြားသော ကောင်းချီးများအား ပေးနိုင်သည်ဟုသောအချက်မှတဆင့် ရှောင်ဟုန် ခ,စားသည့် မသေမျိုးနတ်ဘုရားမှာ ကိုးကွယ်သူများပြားသည့် ‘သဘာဝနတ်ဘုရား’ဖြစ်သည်ဆိုသည့် အချက်အား အတည်ပြုလိုက်ပေသည်။

*

All Chapters