← Chapters

မင်းသားနဲ့မင်းသမီးများရောက်လာခြင်း(၃)

Vol. 13 Ch. 171

မင်းသားနဲ့မင်းသမီးများရောက်လာခြင်း(၃)

Vol. 13 Ch. 171

မဏ္ဍပ်အဆောက်အအုံနှင့် အနီးဆုံးထောင့်တွင် ပိုးချည်သားကောင်းများနှင့် ကျောက်စိမ်းများဝတ်ဆင်ထားသော မှူးမတ်တစ်ဦးသည် စားပွဲနောက်တွင်ထိုင်ကာ လင်းယွဲ့နှင့် အခမ်းအနားအလယ်ရှိ သတို့သမီးကို မဲမှောင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“ပဉ္စမမြောက်ညီ မကြည့်ပါနဲ့တော့”

နောက်ထပ် ပိုးချည်သားကောင်းများဝတ်ဆင်ထားသော မှူးမတ်တစ်ဦးက “ဖခင်က ခင်ဗျားအတွက် ချီမိသားစုရဲ့သမီးအကြီးဆုံးကို လက်ထပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဘာတစ်ခုမှ သေချာမရှိခဲ့ဘူး။ ဟန်အိမ်တော်က ဘယ်ဘက်မှမပါဘူး။ ဟိုဘက်ဒီဘက် စောင့်ကြည့်နေတဲ့ကြားနေသူတွေနဲ့ပဲ ရင်းနှီးတယ်။ ကျွန်တော်တို့ရဲ့ မင်းယွမ်မှုးမတ် စံအိမ်ကတော့ ရှစ်ယောက်မြောက်မင်းသားနဲ့ အလွန်အမင်းနီးကပ်နေတယ်” ဟု ပြောလိုက်သည်။

ခရမ်းရောင်ဝတ်စုံဝတ်ထားသော မှူးမတ်သည် အသံတိုးတိုးဖြင့် “ဆန္ဒမရှိတာပဲ။ ကျွန်တော် လျောင်ယွမ်တင်းက ဘယ်ကမှပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ဆီ ကျွန်တော်ချစ်တဲ့မိန်းမကို ဆုံးရှုံးရတယ်ဆိုတာ” ဟု မကျေမနပ် ရေရွတ်လိုက်သည်။

မင်းယွမ်မှုးမတ် စံအိမ်မှ အခြားသူများက ချက်ချင်းပင် နှစ်သိမ့်စကားများပြောကြားကြသည်။ မဏ္ဍပ်တွင် အကာအကွယ်တစ်ခု ထားရှိထားသော်လည်း အခြားသူတစ်ဦး၏ မင်္ဂလာဆောင်နေ့တွင် မကောင်းပြောဆိုခြင်းမှာ မသင့်လျော်ပေ။

ခရမ်းရောင်ဝတ်စုံဝတ်ထားသော မှူးမတ်သည် ဆက်လက်သောက်သုံးနေပြီး အနီရောင်ပုဝါဖြင့် ဖုံးအုပ်ထားသော သတို့သမီးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

“နှလုံးသားနန်းတော် ချီမိသားစုရဲ့ သမီးအကြီးဆုံးက ဒဏ္ဍာရီလာ နှလုံးသားနန်းတော်က တပည့်ဖြစ်ရမယ်။ နှလုံးသားနန်းတော်ရဲ့သခင်က အနက်နဲဆုံး ဒုတိယမင်းသားဖြစ်တယ်။ နှလုံးသားနန်းတော်က သူ့အဖွဲ့ဝင်တွေကို အလွန်တင်းကျပ်တဲ့လိုအပ်ချက်တွေနဲ့ ရွေးချယ်တာ။ ချီမိသားစုမှာ ဒီလိုအသင့်ရှိပြီးသား အဖွဲ့ဝင်တစ်ယောက်ရှိနေတာ။ ကျွန်တော်သာ ချီမိသားစုရဲ့သမီးအကြီးဆုံးနဲ့ လက်ထပ်နိုင်ခဲ့မယ်ဆိုရင် ရှစ်ယောက်မြောက်မင်းသားဆီကနေ အကျိုးကျေးဇူးတွေ အများကြီးရခဲ့မှာ။ ဒါပေမဲ့ အခုတော့...”

မကျေမနပ်ဖြစ်ခြင်းဟုခေါ်သော မီးတောက်တစ်ခုက သူ့နှလုံးသားထဲတွင် ပြင်းထန်စွာ တောက်လောင်နေသည်။

ရောက်ရှိလာသော ဧည့်သည်များစွာထဲတွင် သခင်မလေးချီကို သဘောကျသူ အနည်းငယ်ရှိသော်လည်း အများစုမှာ စိတ်ပျက်စွာဖြင့် သောက်စားနေကြပြီး အသစ်ရောက်လာသော သတို့သားကို စိတ်အနည်းငယ်တိုနေကြသည်။

မကြာမီ အခမ်းအနားက နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

“သတို့သားသတို့သမီးအခန်းသို့ ပို့ဆောင်ပါ”

အခမ်းအနားမှူး၏ အသံမြင့်လာသည်နှင့်အမျှ လင်းယွဲ့သည် သခင်မလေးချီ၏ အေးစက်သောလက်ကိုဆွဲကာ အပျိုတော်အဖွဲ့၏ အစောင့်အရှောက်ဖြင့် နှလုံးသားကျွန်း၏ ရှည်လျားသော တံတားကိုဖြတ်၍ ချင်ဟူဧည့်ရိပ်သာရှိ သတို့သားသတို့သမီးအခန်းသို့ လျှောက်သွားသည်။

ထင်းရှူးပင်များနှင့် ကျောက်တုံးများရှိသော ဥယျာဉ်ကို ဖြတ်သွားစဉ် ဘိုင်လီဖုန်းကျီသည် ဝိညာဉ်တစ်ပါးကဲ့သို့ သူတို့နောက်မှ လိုက်လာသည်။

“ဘာလို့ ဒီမှာရှိနေတာလဲ”

လင်းယွဲ့ ချောင်းဆိုးပြီး ဘိုင်လီဖုန်းကျီကို ကြည့်လိုက်ကာ “ဒီနေ့ အရေးကြီးတဲ့ ဧည့်သည်တွေ အများကြီးပဲ။ မင်း ပုန်းနေသင့်တာမဟုတ်ဘူးလား” ဟု ပြောလိုက်သည်။

“မလိုပါဘူး”

ဘိုင်လီဖုန်းကျီ ခေါင်းခါလိုက်သည်။

“မဟာပုဂ္ဂိုလ်တစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် ပြဿနာမရှိဘူး”

သူတို့နှစ်ဦးသည် ဘိုင်လီဖုန်းကျီက လူမဟုတ်သောမျိုးနွယ်စု၏တစ်ဝက်ဖြစ်သောကြောင့် မဟာပုဂ္ဂိုလ်များက သူမကို မှတ်မိနိုင်သည်ဟူသော ဖြစ်နိုင်ခြေကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။

သို့သော် ဘိုင်လီဖုန်းကျီသည် မီးဖီးနစ်ဝိညာဉ်ကို ပေါင်းစပ်ပြီးနောက် သူမသည် ထူးဆန်းသောစွမ်းရည်များ ပိုမိုနိုးထလာပုံရပြီး သူမ၏ကျင့်ကြံမှုက ကြောက်မက်ဖွယ်ကောင်းသောနှုန်းဖြင့် တိုးတက်လာခဲ့သည်။

သူမ၏နယ်ပယ်သည် မီးဖီးနစ်သွေးနှင့် ပေါင်းစပ်လိုက်သောအခါ လေးသင်္ကေတကောင်းကင်အတားအဆီး၏ အထွတ်အထိပ်သို့ လအနည်းငယ်အတွင်း ရောက်ရှိခြင်းမှာ ပြဿနာတစ်ခုမျှမဟုတ်ပေ။

“သခင်မလေး ဒီရက်ပိုင်း ကျွန်တော်တို့ မတွေ့ကြဘူး။ မင်းကို မိတ်ဆက်ပေးဖို့ အချိန်မရခဲ့ဘူး”

လင်းယွဲ့သည် သူလက်ကိုကိုင်ထားသော သတို့သမီးကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် “ဒါက ကျွန်တော့်ရဲ့ ယုံကြည်ရတဲ့ လက်ထောက်ပါ။ မင်းက ကျွန်တော့်ကို မတွေ့ဘူးဆိုရင် ဘာမဆို သူ့ကို ပြောလို့ရတယ်” ဟု ပြောလိုက်သည်။

“သခင်မလေးကို ဂါရဝပြုပါတယ်”

ဘိုင်လီဖုန်းကျီက ဦးညွှတ်လိုက်သည်။

ခဏအကြာတွင် အနီရောင်သတို့သမီးပုဝါအောက်မှ ကြောက်ရွံ့သော အသံဖြင့် “ဟုတ်... အရှင်...” ဟု ထွက်ပေါ်လာသည်။

လင်းယွဲ့ မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။

အသံက အတူတူပင်ဖြစ်သော်လည်း သခင်မလေးချီ၏ ပင်ကိုစရိုက်က သိသိသာသာပြောင်းလဲသွားသည်။ သူမသည် လူစိမ်းများကို တစ်ခါမှမမြင်ဖူးသော လူမှုရေးရှောင်ဖယ်နေသူတစ်ဦးနှင့် တူနေသည်။

လူသားဧကရာဇ်မင်း၏ ဤနှလုံးသားအဆင့် ကျင့်ကြံမှုနည်းလမ်းသည် အမှန်တကယ် မဟုတ်မဟတ်ဖြစ်သည်။ တစ်လမျှပင် မကြာသေးဘဲ ပင်ကိုစရိုက်များ ပြောင်းလဲသွားသလား။

ဒါမှမဟုတ် စိတ်စရိုက်အများအပြားရှိနေတာလား။

သခင်မလေးချီ၏ လျှို့ဝှက်ချက်များကို ထည့်သွင်းစဉ်းစားပါက စိတ်စရိုက်အများအပြားရှိခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။

စိတ်ရောဂါက တကယ်ကို ကြောက်စရာကောင်းတယ်။

ကံကောင်းစွာဖြင့် အမျိုးသမီး၏ လျှို့ဝှက်ချက်များထဲတွင် အခြေအနေကို ဖြေရှင်းရန် နည်းလမ်းလည်း ပါရှိပြီး လင်းယွဲ့တွင် သံသယများရှိနေသည်။

ဟန်အိမ်တော်က အလွန်ကျယ်ဝန်းသည်။ လူတိုင်း အမြန်လျှောက်သော်လည်း ချင်ဟူဧည့်ရိပ်သာရှိ သတို့သားသတို့သမီးအခန်းသို့ ရောက်ရှိရန် အချိန်အနည်းငယ် ကြာနေသေးသည်။

“အရှင် ဒီလောက်ဆို လုံလောက်ပါပြီ”

သခင်မလေးချီ၏ ကိုယ်ရေးကိုယ်တာ အပျိုတော်များက လေးစားစွာဖြင့် “ညမှ သတို့သားသတို့သမီးအခန်းထဲ ဝင်သင့်ပါတယ်” ဟု ပြောလိုက်သည်။

“ကျွန်တော် နားလည်ပါတယ်”

လင်းယွဲ့သည် သခင်မလေးချီ၏ လက်ကို လွှတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် “ဒါဆို ကျွန်တော် ပြန်သွားပြီး ဧည့်သည်တွေနဲ့အတူ သောက်သင့်တယ် ဟုတ်တယ်မလား” ဟု ပြောလိုက်သည်။

စကားများများမပြောတော့ဘဲ သူက ဖြည်းဖြည်းချင်း ပြန်လျှောက်သွားသည်။

အပျိုတော်များသည် နောက်တွင်ကျန်ခဲ့သော်လည်း ဘိုင်လီဖုန်းကျီက သူ့နောက်မှ လိုက်လာသည်။

“လက်ထောက်လေး”

လင်းယွဲ့ နှစ်ချက်ချောင်းဆိုးပြီး “ခုနက လူတော်တော်များများက ကျွန်တော့်ကို မဖော်ရွေတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။ ကျွန်တော် တစ်ယောက်ချင်းစီကို သတိထားမိတယ်။ ကျွန်တော်က အငြိုးအတေးထားတတ်တဲ့သူဆိုတော့ ဒီလူတွေကို နောက်မှ ကျွန်တော် ချီးကျူးပြီး သောက်ပေးမှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

“အရှင်သခင်ရဲ့ ဂုဏ်အဆင့်နဲ့ဆိုရင် ခြီးကျူးသောက်ပေးဖို့ ထိုက်တန်တဲ့ ဧည့်သည်တွေက လက်ချိုးရေလို့ရပါတယ်”

ဘိုင်လီဖုန်းကျီက “သောက်ပေးဖို့ ဆန္ဒမရှိရင် မလုပ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ဟန်အိမ်တော်က အရှင်သခင်ဘက်က ရပ်တည်ပေးမှာပါ” ဟု ပြောလိုက်သည်။

“ဒါတွေ မလိုပါဘူး။ ကျွန်တော်က ဘယ်တုန်းကမှ အဆင့်အတန်းမြင့်မြင့် မနေတတ်သလို ဒီလိုကိစ္စတွေကိုလည်း ဂရုမစိုက်ဘူး”

လင်းယွဲ့က ပြုံးပြီး ပြောလိုက်သည်။

“ဟန်အိမ်တော်က ဖိတ်ထားတဲ့ ဧည့်သည်တွေထဲမှာ မင်းသားဘယ်သူ့ကိုမှ သစ္စာမခံရသေးတဲ့ ကြားနေအဖွဲ့တွေ အများကြီးပဲ။ ဟန်အိမ်တော်ကလည်း ကျွန်တော် ဘုရင်အဖြစ်ခံယူမယ့်အချိန်မှာ အနည်းဆုံးတော့ သူတို့နဲ့ ရင်းနှီးအောင်လုပ်ဖို့၊ ဒီလူတွေရဲ့ ထောက်ခံမှုကို ရဖို့ အခွင့်အရေးပေးနေတာပဲ”

သူသည် ဖုံးကွယ်ထားသော အသွင်အပြင်ဖြင့် ရှိနေသော်လည်း သူတို့နှင့် တစ်ယောက်ပြီးတစ်ယောက် ရင်းနှီးကျွမ်းဝင်လာဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး ခေါင်းဆောင်ကြီးများကလည်း သူတို့ကိုယ်ပိုင် ခန့်မှန်းချက်များ ပြုလုပ်နေကြသည်။

ဤကမ္ဘာတွင် အာဏာသည် လူတစ်ဦးချင်းစီနှင့် သက်ဆိုင်နေသော်လည်း လူ့အဖွဲ့အစည်းကို မစွန့်ခွာသရွေ့ နတ်ဘုရားဧကရာဇ်မင်းပင်လျှင် လက်အောက်ခံများမပါဘဲ မနေနိုင်ပေ။ မဟုတ်ပါက နန်းတွင်းအရာရှိများ ရှိနေခြင်း၏ ရည်ရွယ်ချက်က ဘာလဲ။

“ဟူး”

ထိုအချိန်တွင် တောက်ပသော သုံးရောင်ခြယ်အလင်းတန်းတစ်ခုသည် ဟန်အိမ်တော်၏ ဂိတ်ပေါက်မှ ကောင်းကင်ကို ဖြတ်၍ ရေအလယ်ကျွန်းဆီသို့ တည့်တည့်တိုးလာသည်။

“နန်းတော်ထဲဝင်ဖို့ အမြင့်ဆုံးအဆင့် ဖိတ်စာလား”

လင်းယွဲ့ ခေါင်းမော့ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ်ပင့်ကာ ချက်ချင်းပင် “ထင်ရှားကျော်ကြားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာပြီထင်တယ်” ဟု သိလိုက်၏။

နန်းတွင်းရှိ အနည်းဆုံး ဒုတိယအဆင့် ရာထူးရှိ အရာရှိတစ်ဦးက နန်းတော်ထဲဝင်ရန် ဖိတ်စာပို့လိုက်မှသာ ကောင်းကင်ကို ဖြတ်၍ အလင်းတန်းဖြတ်ပြေးသွားသည့် ထိုကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာမည်ဖြစ်သည်။ ၎င်းသည် ဟန်အိမ်တော်၏ အစီအရင်စွမ်းအားကြောင့် ဖြစ်သည်။

ယခုနစက ဖြတ်ပြေးသွားသော အလင်းတန်းသည် သုံးရောင်ခြယ်ဖြစ်ပြီး အနည်းဆုံး မင်းမျိုးမင်းနွယ်တစ်ဦးနှင့် အဆင့်အတန်းတူသူတစ်ဦးက သူတို့၏ဖိတ်စာကို ပို့လိုက်ကြောင်း ပြသနေသည်။ ထိုသို့သောကိစ္စမျိုးသာ ဖြစ်နိုင်သည်။

ဘယ်သူဖြစ်နိုင်မလဲ။

All Chapters