ရာထူးနဲ့ လစာတိုးခြင်း
Vol. 18 Ch. 171
အက်ဇစ်ရဲ့ အိမ်ကနေ ထွက်လာပြီးနောက် ကလိုင်းဟာ အများသုံး မြင်းလှည်းစီးပြီး ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။
အိမ်ရောက်လို့ တံခါးဖွင့်လိုက်တဲ့အခါ ထမင်းစားခန်းမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတာကြောင့် သူဟာ အလိုလို လက်ကိုင်တုတ်ကို တင်းတင်း ဆုပ်မိသား ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလူက သူခိုးမဟုတ်ဘဲ အိမ်ဖော်ဗယ်လာဆိုတာကို ချက်ချင်းပဲ သတိရလိုက်ပါတယ်။
ဗယ်လာဟာ စားပွဲပေါ်မှာ ဖြန့်ထားတဲ့ သတင်းစာကို အာရုံစိုက်ပြီး ဖတ်နေပါတယ်။ သူမဟာ တံခါးဖွင့်သံကို ကြားလိုက်ရတဲ့အခါ အလန့်တကြား ထခုန်ပြီး ချက်ချင်း မတ်တတ်ရပ်ကာ ထစ်ထစ်ငေါ့ငေါ့နဲ့...။
“ကျွန်... ကျွန်မ... ဒီမနက် လုပ်စရာတွေ ပြီးလို့ ရေ... ရေနွေးဆူတာ စောင့်နေတာ... ပေါင်မုန့် စားမလို့လေ...”
‘အိမ်ဖော်ရှိနေတာကို ငါ ကျင့်သား မရသေးဘူး’ ကလိုင်းဟာ သူ့ကိုယ်သူ လှောင်လိုက်ပါတယ်။ အဲဒီနောက် ဦးထုပ်ချွတ်ပြီး ခေါင်းညိတ်လိုက်ပါတယ်။
“စာဖတ်တာက ကောင်းတဲ့အကျင့်ပဲ... အလုပ်ရှုပ်တာတောင် စာဖတ်ဖို့ အချိန်ပေးနိုင်တာက အရှင်မ အားပေးတဲ့အရာပဲ”
သူဟာ ဗယ်လာက သူ့ချီးကျူးစကားကို သရော်တယ်လို့ ထင်မှာစိုးတဲ့အတွက် နတ်ဘုရားမကို ထည့်ပြောလိုက်ပါတယ်။
‘ဒါပေမဲ့ တကယ်တော့ အသိဉာဏ်ပညာ နတ်ဘုရားပဲ စာဖတ်တာက အများကြီး အလေးထားတာ... ဒီလိုဆိုပေမဲ့ ဘုရားကျောင်း အကုန်လုံးက ပညာရေးကို အားပေးပါတယ်...အင်း... သူက ၁၈ နှစ် ပြည့်ခါနီးပြီ... အရှင်မကိုလည်း ယုံကြည်တာဆိုတော့... သူ့ရဲ့ စာဖတ်တဲ့အကျင့်က သူ့မိဘတွေဆီက လာတာဖြစ်မယ်... ဒီလိုမိဘတွေက တတ်နိုင်တာနဲ့ သူတို့သမီးကို စာသင်ပေးမှာပဲ... လူထုကျောင်းကို မထားနိုင်ဘူးဆိုရင်တောင် ဘုရားကျောင်းက အလကား သင်ပေးတဲ့ စာသင်ကျောင်းတွေ ရှိတာပဲ... အများဆုံး သူ့ပညာရေး နှောင့်နှေးရုံပေါ့... အဲဒါဆို ဗယ်လာက စာမတတ်တာ မဖြစ်နိုင်ဘူး... သူက သတင်းစာ ဖတ်နိုင်တယ်...’
ကလိုင်းဟာ တွေးတော စဉ်းစားရင်းနဲ့ လက်ကိုင်တုတ်ကို သိမ်းပြီးတဲ့အခါ ဧည့်ခန်းဆီ လျှောက်သွားပါတယ်။
သူဟာ ဗယ်လာကို တော်တော်လေးတော့ သဘောကျပါတယ်။ သူမက သိပ်ပြီး မသေသပ်သလို မီးဖိုးချောင်နဲ့လည်း အကျွမ်းတဝင် မရှိပေမဲ့ သင်ယူ လေ့လာလိုစိတ်တော့ ရှိပါတယ်။
ဗယ်လာဟာ လက်အောက်ချပြီး ရှက်ကိုးရှက်ကန်းနဲ့...။
“အရင်တုန်းက ကျွန်မမှာ သတင်းစာဖတ်ဖို့ အခွင့်အရေး သိပ်မရှိဘူး... အိမ်ရှင်က ကျွန်မတို့ကို သတင်းစာဟောင်းတွေ သုံးပြီး နံရံကို သန့်ရှင်းရေး မလုပ်ခိုင်းဘူး... ကျွန်မ ခုနက ကော်ဖီစားပွဲကို သန့်ရှင်းရေးလုပ်ဖို့ သတင်းစာ ယူတုန်းက တစ်ချက် ခိုးကြည့်လိုက်တာ... သတင်းစာက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျွန်မ ထင်တယ်”
‘သနားစရာကောင်းတဲ့ မိန်းကလေးပဲ... ငါ ဘဝကူးပြောင်းလာတုန်းက စိတ်မဝင်စားဆုံးက သတင်းစာပဲ’
ကလိုင်းဟာ တွေးရင်းနဲ့ သူ့ကိုယ်သူ သရော်လိုက်ပါတယ်။ သူဟာ ပြုံးလိုက်ပြီး အိတ်ကပ်ထဲက ငွေရောင် အိတ်ဆောင်နာရီကို ထုတ်ကြည့်ပါတယ်။ အဲဒီနောက်...။
“အိမ်မှုကိစ္စတွေကို နင် ကောင်းကောင်း လုပ်နိုင်ရင် အားတဲ့အချိန်မှာ ကြိုက်တာလုပ်လို့ ရတယ်... အရမ်းကြီး ကြောက်နေစရာ မလိုဘူး... ဒီလိုဆိုပေမဲ့ ငါတို့မောင်နှမတွေ စကားပြောနေရင် နင့်အခန်းထဲမှာ နင်နေတာ အကောင်းဆုံးပဲ... ငါ့နင့်ကို မီးအိမ်တစ်လုံးနဲ့ သတင်းစာဟောင်းတွေ သုံးခွင့်ပေးမယ်”
“အင်း... တစ်ချက်ထိုးရင် ငါ့အခန်းတံခါးကို လာခေါက်ချည်... ပြီးရင် စီးဘလက် လက်ဖက်ရည်၊ ပေါင်မုန့်ဖြူ နှစ်တုံး၊ ပေါင်မုန့်ကင်တစ်ချပ်နဲ့ ထောပတ်နည်းနည်း ငါ့အတွက် ပြင်ပေး”
ဆုံမှတ် ၈ ရောက်သွားတာကို အောင်ပွဲခံဖို့အတွက် ကလိုင်းဟာ သူ့ကိုယ်သူ နည်းနည်း အလိုလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ သူဟာ စနေ၊ တနင်္ဂနွေကျမှ ဘန်ဆင် စားဖို့ စီစဉ်ထားတဲ့ ပေါင်မုန့်ဖြူကို အခုကတည်းက စားပစ်မှာပါ။
‘အင်း... ငါ ပေါင်မုန့်ကို ရှစ်ပေါင် ပိုဝယ်လိုက်မယ်... နောက်ကျရင် ငါတို့တွေ ဂျုံပေါင်မုန့်အစား ပေါင်မုန့်ဖြူ ပြောင်းစားရမယ်... ဆုံမှတ် ၈ သာလွန်သူဆိုတော့ ငါ့ရဲ့ တစ်ပတ် လုပ်အားခက တိုးသွားမှာ သေချာတယ်... ကပ္ပတိန်က ဒီအကြောင်း မပြောလိုက်ဘူး... သူ ထပ်ပြီးတော့ မေ့သွားတာ ဖြစ်ရမယ်’
ကလိုင်းဟာ တစ်ခဏ ခဲသွားပြီးနောက် မနက်ဖြန်ကျရင် ရှင်းရှင်းလင်းလင်း မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဟုတ်ကဲ့” ဗယ်လာဟာ အံ့အားသင့်သွားပြီး ဝမ်းသာအားရ ပြန်ဖြေပါတယ်။
အဲဒီနောက် သူမဟာ သေချာအောင် ထပ်မေးပါတယ်။
“မစ္စတာကလိုင်း... လက်ဖက်ရည်က ဧည့်သည်တွေအတွက် ထားတဲ့ စီးဘလက် လက်ဖက်ရည်လို့ ပြောလိုက်တာလား”
ဗယ်လာဟာ သူ့ကို ပထမနာမည်နဲ့ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုရက်တီက မိသားစုထဲမှာရှိတဲ့ ဘယ်သူ့ကိုမဆို သုံးလို့ရလို့ပါပဲ။
“ဟုတ်တယ်... နောက်ကျရင် ငါ အဲဒါပဲ ပုံမှန်သောက်မယ်” ကလိုင်းဟာ လက်ဝှေ့ယမ်းကာ ပြောပြီး လှေကားဆီ လျှောက်သွားပါတယ်။
သူဟာ လူရွှင် ဖြစ်လာပြီးနောက် ငွေရေးကြေးရေး အခြေအနေ အတော်အတန် ကောင်းမွန်လာတာကို ရုတ်တရက် သတိထားမိလိုက်ပါတယ်။
ဒီလိုဖြစ်ရတာက သူ့မှာ လောလောဆယ် သုံးစွဲစရာ ကြီးကြီးမားမား မရှိသေးလို့ပါ။ မီးခိုးခေါင်းတိုင်နီအိမ်ကို လိုက်စုံစမ်းတဲ့ ခရီးစရိတ် နှစ်ဆိုလီနဲ့ သူ လိုအပ်တဲ့ ပစ္စည်းတွေ မကြာမကြာ ဝယ်တာကလွဲရင် သူ့မှာ တခြား အသုံးစရိတ် များများစားစား မရှိပါဘူး။ အသုံးစရိတ် အများစုကလည်း ကုမ္ပဏီဆီကနေ ပြန်တောင်းလို့ ရနေပါတယ်။
နောက်ပြီး သူ့ရဲ့ အမည်မဲ့ အကောင့်ထဲမှာလည်း ပေါင် ၃၀၀ ရှိနေပါတယ်။ ပေါင် ၃၀၀ ဆိုတာက နည်းတာ မဟုတ်ပါဘူး။ ဒီနေရာမှာ သိထားရမှာက ကျေးလက်ဒေသမှာ မြေတစ်ဧရိယာကို ငါးဆိုလီကနေ ခြောက်ဆိုလီခွဲထိပဲ ပေးရပါတယ်။ အဲဒါကြောင့် သူ့ပိုက်ဆံက လယ်ယာမြေ ဧရိယ ၉၂၀ ကနေ ၁,၂၀၀ ထိ ဝယ်ယူနိုင်ပါတယ်။ ဒါက ၂၁ ရာစုမှာဆိုရင် ၂၂ ဧက- ၂၉ ဧက လောက်ရှိပါတယ်။ နောက်ပြီး ဒီပိုက်ဆံ ပမာဏက ဒက်ဖဒိုလမ်းမှာ ၁၅ နှစ် စာချုပ်နဲ့ အိမ်တစ်လုံးလည်း ဝယ်လို့ရပါတယ်။
‘ငါ ဒီပိုက်ဆံ အကုန်လုံးနဲ့ မြေဝယ်လိုက်ရင် တစ်နှစ်ကို မြေငှားခ ၂၃ ပေါင်ကနေ ၃၁ ပေါင်ကြား ရနိုင်တယ်... ဒီအကြံ မဆိုးဘူး... ဒါပေမဲ့ လောလောဆယ် မလိုသေးဘူး... ငါ ဒီပေါင် ၃၀၀ ကို အရေးပေါ်သုံးဖို့ ထားမယ်... ငါ့ရဲ့ လုပ်အားခ အမှန်ကို အခွင့်အရေးရှာပြီး ဘန်ဆင်နဲ့ မလီဆာကို ပြောရမယ်...’
ကလိုင်းဟာ အခန်းထဲ ဝင်ရင်းနဲ့ တွေးလိုက်ပါတယ်။
တံခါးကို သော့ခတ်ပြီးနောက် သူဟာ ခုတင်စွန်းမှာ ထိုင်ပြီး တွေးခေါ်မှု အခြေအနေထဲ စဝင်ပါတယ်။ သူဟာ ဒီနည်းလမ်းကို သုံးပြီး ဆေးရည်ရဲ့ စွမ်းအားကို ဖြည်းဖြည်းချင်း ထိန်းချုပ်မှာပါ။ သူဟာ တော်တော်လေးလည်း ဂရုစိုက်သလို သတိလည်း ကြီးကြီးထားပါတယ်။
သူဟာ စိတ်လွတ်သွားတဲ့ ဒဏ်ခတ်သမားကို မျက်စိနဲ့ တပ်အပ် မမြင်ရခင်အထိ စိတ်လွတ်တယ် ဆိုတာကို ပေါ့ပေါ့လေးပဲ တွေးထားခဲ့တာပါ။
သူဟာ အဲဒီဒဏ်ခတ်သမားကို မသိပါဘူး။ သူ ဘာဖြစ်သွားလဲ ဆိုတာကိုလည်း မသိပါဘူး။ ဒီအတိုင်း ရှားပါးဖြစ်စဉ်တစ်ခုလိုပဲ တွေးခဲ့ပါတယ်။ သာမန်လူတစ်ယောက်က သတင်းထဲမှာ ပါလာတဲ့ လူသတ်သမားကို မှတ်ချက် ပေးသလိုမျိုးပါပဲ။ အချိန်ကြာတာနဲ့ လုံးဝ မေ့သွားပါတယ်။
ဒါပေမဲ့ လူအိုကြီးနီးလ်ရဲ့ အဖြစ်အပျက်ကတော့ သူ့ကို ကြီးကြီးမားမား ရိုက်ခတ်လိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကနေ စိတ်လွတ်တယ်ဆိုတာက သူ့ဘေးပတ်လည်မှာ အမြဲတမ်းရှိနေတဲ့ ဖြစ်နိုင်ခြေ တစ်ခုဆိုတာကို သူ ကောင်းကောင်းကြီး သဘောပေါက်သွားပါတယ်။ ဒီစိတ်လွတ်တာက တစ်ချိန်ချိန်မှာ သူ ဘယ်တုန်းကမှ တွေးမထားခဲ့တဲ့ နည်းလမ်းနဲ့ သူ့ဆီကို ဆိုက်ရောက်လာနိုင်ပါတယ်။
“ဒါက တကယ့် သွေးသင်ခန်းစာပဲ” ကလိုင်းဟာ တွေးခေါ်မှု အခြေအနေကို အဆုံးသတ်လိုက်ပြီးနောက် မျက်လုံးဖွင့်ရင်း ရေရွတ်လိုက်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ရက်တွေမှာ အဲဒီမြင်ကွင်းကို ခဏခဏ အိပ်မက်မက်ပြီး လန့်နိုးပါတယ်။ အဲဒီလို လန့်နိုးတိုင်းမှာ သူ့တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေတာချည်းပါပဲ။
သူဟာ လူအိုကြီးနီးလ်ရဲ့ သေဆုံးမှုအတွက် ဝမ်းနည်း ကြေကွဲရုံတင် မဟုတ်ဘဲ သူ့အနာဂတ်အတွက်ပါ စိုးရိမ်နေပါတယ်။ သူ့မှာ အိပ်ပျော်အောင် ကူညီပေးနိုင်တဲ့ တွေးခေါ်မှု အခြေအနေသာ မရှိဘူးဆိုရင် နောက်ကျ သူ အိပ်မပျော်မဲ့ညက တော်တော်လေး များမှာ သေချာပါတယ်။
‘ဆေးရည်ကို ချေဖျက်တာကလွဲရင် ငါ့ရဲ့ ခံစားချက်တွေနဲ့ လိုအင်ဆန္ဒတွေကိုလည်း အကောင်းဆုံး ကြိုးစားပြီး ထိန်းချုပ်ရမယ်... ခံစားချက်တွေနဲ့ လိုအင်ဆန္ဒတွေရဲ့ လောင်မြိုက်တာ မခံရအောင် သူတို့ကို ကျိုးကြောင်းဆီလျော်တဲ့ အဆင့်မှာပဲ ထားရမယ်’
ကလိုင်းဟာ အသက်ရှူထုတ်ပြီး အိပ်ရာထက်မှာ လဲလျောင်းကာ မြန်မြန်ဆန်ဆန်ပဲ အိပ်မောကျသွားပါတယ်။
လူအိုကြီးနီးလ် ဆုံးပါးသွားတဲ့နေ့က ဒန်းစမစ်ရဲ့ အပြုအမူတွေနဲ့ စကားလုံးတွေဟာ သူ့ရင်ထဲကို တိုက်ရိုက် လာထိပါတယ်။ အဲဒါကြောင့် သူဟာ ညသိမ်းငှက် တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ပထမဆုံးအကြိမ် လေးလေးနက်နက် သုံးသပ်မိလိုက်ပါတယ်။ အဲဒါကြောင့် သူဟာ သူ့တာဝန် သူယူပြီး ဒန်းစမစ်နဲ့ တခြားအဖွဲ့ဝင်တွေကို ကူညီချင်ပါတယ်။
အဲဒါကြောင့်ပဲ သူဟာ နေ့လည်းခင်မှာ အချိန်မဖြုန်းဘဲ တိုက်ခိုက်ရေး သင်ခန်းစာကို ဆက်သင်ဖို့ ဆုံးဖြတ်ထားပါတယ်။
...
နေ့လည်းခင်း သုံးနာရီ၊ လေ့ကျင့်ရေးကွင်း။
ရွှေရောင်ဆံပင်နဲ့ ဂဝန်းဟာ ကလိုင်းရဲ့ လှုပ်ရှားမှုတွေက လက်သင်အဆင့်ကနေ ခြောက်လလောက် လေ့ကျင့်ထားတဲ့ စစ်သူရဲတပည့်အဆင့်ထိ ဖြည်းဖြည်းချင်း တက်သွားတာကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလိုင်းရဲ့ ဒီပြောင်းလဲမှုက မိနစ်လေးဆယ်အတွင်း ဖြစ်သွားတာမလို့ပါပဲ။
သူဟာ ကလိုင်းကို ရပ်ခိုင်းပြီး ခေါင်းအစ ခြေအဆုံး ကြည့်ကာ မမေးဘဲ မနေနိုင်ပါဘူး။
“ဘာလို့ တိုးတက်မှုက ဒီလောက်မြန်ရတာလဲ”
ကလိုင်းဟာ ဒီမေးခွန်းအတွက် ဆင်ခြေ ရှာထားပြီးပါပြီ။ သူဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို သုတေသနကြောင့်လို့ ဆင်ခြေပေးဖို့ ပြင်ထားပါတယ်။ ဒါပေမဲ့ သူ ဘာမှ မပြောနိုင်ခင်မှာဘဲ ဂဝန်းက ထပ်ပြောပါတယ်။
“မင်း ဖြေလို့ အဆင်မပြေရင် မဖြေလို့ရတယ်”
‘ကြည့်ရတာ ဂဝန်းက ရဲဌာနနဲ့ ဆက်သွယ်မှု တချို့ ရှိတယ်နဲ့ တူတယ်... ဒါလည်း ဟုတ်တာပဲ... သူက သာလွန်သူတွေကို မကြာမကြာ လေ့ကျင့်ပေးရတာ... ဘယ်လိုလုပ်ပြီး ဒီအကြောင်းကို အရိပ်အမြွက်တောင် မသိဘဲနေမှာလဲ’
ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး အပြုံးနဲ့ ပြောပါတယ်။
“နည်းပြ... ကျွန်တော် လက်တွေ့ တိုက်ခိုက်နိုင်ဖို့ ဘယ်လောက် ကြာကြာ လေ့ကျင့်ရဦးမယ်လို့ ထင်လဲ”
ဂဝန်းဟာ လက်ပိုက်ပြီး သူ့ကို သေသေချာချာ ကြည့်ပါတယ်။ အဲဒီနောက် နည်းနည်းကြမ်းတဲ့ ခပ်ဩဩအသံနဲ့...။
“နှစ်ရက်သုံးရက်ဆို ရတယ်... ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး”
သူဟာ စဉ်းစားရင်း ရှင်းပြပါတယ်။
“လက်တွေ့ တိုက်ခိုက်နိုင်တာနဲ့ တိုက်ခိုက်ရေး ကျွမ်းတာက တခြားစီ... မင်း တိုက်ခိုက်ရေး ကျွမ်းဖို့ဆိုရင် နောက်ထပ် နှစ်ပတ် သုံးပတ်လောက် လေ့ကျင့်ရလိမ့်မယ်”
“နောက်ပြီး မင်း အမြဲတမ်း ဆောင်ထားနိုင်တဲ့ လက်နက်တွေကိုလည်း ကျွမ်းကျင်ဖို့ လိုတယ်... ဥပမာပြောရရင် လက်ကိုင်တုတ်၊ ကြာပွတ်၊ ဓားမြှောင်နဲ့ လှံစွပ်တွေ…”
‘... သင်စရာတွေက အဲဒီလောက် များသေးတာလား’ ကလိုင်းဟာ ဆွံအသွားပါတယ်။
ဂဝန်းဟာ အတွေ့အကြုံရှိတဲ့ အကြည့်နဲ့ သူ့ကို လှမ်းကြည့်ပြီး...။
“မှတ်ထား... အခု မင်းကျတဲ့ ချွေးတစ်စက်ချင်းစီက နောက်ကျရင် မင်းရဲ့ အသက်ကို ကယ်တင်ပေးကောင်း ကယ်တင်ပေးနိုင်လိမ့်မယ်”
“ဟုတ်ကဲ့ပါ နည်းပြ” ကလိုင်းဟာ စိတ်အားထက်သန်စွာနဲ့ ဖြေပါတယ်။
...
တနင်္ဂနွေနေ့ မနက်ခင်းမှာ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ ဝင်ပြီး ကပ္ပတိန်ရဲ့ ရုံးခန်းတံခါးကို ခေါက်ပါတယ်။
ဒန်းစမစ်ဟာ သူလာမယ်ဆိုတာကို ကြိုသိနေသလိုမျိုး ခေါင်းမော့ပြီး ပြောပါတယ်။
“ငါ မင်းကို မနေ့က ပြောဖို့ မေ့သွားတယ်... အခုမင်းက ဆုံမှတ် ၈ ကို တက်သွားပြီဆိုတော့ ရဲဌာနကပေးတဲ့ မင်းရာထူးက အစမ်းခန့် ရဲအုပ်ကနေ ရဲအုပ်ရာထူးကို တိုးသွားပြီ... ငါ သူတို့ကို လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ယူနီဖောင်းကို တက်နိုင်သလောက် မြန်မြန်ရအောင် ပြင်ခိုင်းလိုက်မယ်”
“မင်းရဲ့ တစ်ပတ်လုပ်အားခကလည်း ခြောက်ပေါင်ကနေ ဆယ်ပေါင်ကို တိုးသွားပြီ... ဘုရားကျောင်းနဲ့ ရဲဌာက မင်းလုပ်အားခကို တစ်ဝက်စီ တာဝန်ယူလိမ့်မယ်... ဒီတစ်ပတ်လုပ်အားခက အတွေ့အကြုံရှိတဲ့ ညသိမ်းငှက်တစ်ယောက်ရဲ့ လုပ်အားခပဲ... ငါ ပြောတာက အတွေ့အကြုံရှိတဲ့ ဆုံမှတ် ၉ ညသိမ်းငှက်ကို ပြောတာ”
‘... ကပ္ပတိန်... ကပ္ပတိန်စကားက ရှေ့နောက် နေရာလွဲနေသလိုပဲ’ ကလိုင်းဟာ နားထောင်ရင်းနဲ့ အံ့ဩသွားပြီး ပြုံးလိုက်ပါတယ်။
“အဲဒါက ကျွန်တော် ထင်ထားတာထက် ပိုတယ်”
သူဟာ တစ်ပတ်လုပ်အားခက ရှစ်ပေါင်ထိပဲ တိုးလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။
ဒန်းစမစ်ဟာ ကော်ဖီခွက်ကို ကောက်ယူပြီး တစ်ငုံသောက်ပါတယ်။
“ညသိမ်းငှက်တွေ လစာတိုးတာက ပထမဆုံး လုပ်သက်ပေါ် မူတည်တယ်... ဒုတိယက အကျိုးဆောင်မှု... တတိယက အလုပ်လုပ်နိုင်စွမ်း... ဒီတတိယအချက်က မင်းရဲ့ အကျိုးဆောင်မှုနဲ့ တော်တော်လေး ပတ်သက်တယ်”
‘အင်း... ဟုတ်တယ်... အကျိုးဆောင်မှု မရှိရင် ဆေးရည်ကို ချေဖျက်ပြီးရင်တောင် ဖော်မြူလာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို လျှောက်လို့ရမှာ မဟုတ်ဘူး...’ ကလိုင်းဟာ တွေးရင်းနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
တစ်ပတ်လုပ်အားခ ၁၀ ပေါင်ကို အပိုဆုကြေးငွေတွေပါ ပေါင်းလိုက်ရင် တစ်နှစ်လစာက ၅၄၀ ပေါင်လောက် ရှိပါတယ်။ ဒါပေမဲ့ သူက အခွန်ဆောင်စရာ မလိုတဲ့အတွက် ဒီဝင်ငွေက လူလတ်တန်းစားထဲမှာ တော်တော်လေး မြင့်ပါတယ်။ နာမည်ကြီး ရှေ့နေ့တွေ၊ နာမည်ကျော် ဗိသုကာတွေ၊ အတွေ့အကြုံရင့်တဲ့ ခွဲစိတ်သမားတွေနဲ့ အစိုးရဝန်ထမ်းတွေအောက် နည်းနည်းပဲ လျော့ပါတယ်။
‘လိုအင်နိုင်ငံ ဘဏ်တိုက်ရဲ့ ဒုဥက္ကဋ္ဌတောင် တစ်နှစ်ကို ပေါင် ၇၀၀ ပဲ ရတာ... ဒါတောင် သူက အခွန်ဆောင်ရသေးတယ်... အခွန်ဆောင်ပြီးရင် ပေါင် ၆၄၀ ပဲ ကျန်တာဆိုတော့ ငါ့လစာက သူ့ထက် နည်းနည်းလေး နိမ့်ရုံပဲ... သတင်းစာထဲမှာ ပါတဲ့အတိုင်းဆိုရင် ဘက်ကလင်နဲ့ ဟေးစတင်မှာရှိတဲ့ အိမ်ကောင်းတစ်လုံးက ပေါင် ၂,၅၀၀ ပဲ ကျတာ... ဘန်ဆင်၊ မလီဆာနဲ့ ငါရဲ့ လက်ရှိ အသုံးစရိတ်နဲ့ဆိုရင် ၇ နှစ် ၈ နှစ်အတွင်း အိမ်တစ်လုံး ဝယ်နိုင်တယ်... ငါ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့တင် မြို့တော်ရဲ့ အလယ်ခေါင်မှာ တိုက်အိမ်တစ်လုံးကို ၇ နှစ် ၈ နှစ်နဲ့ ဝယ်နိုင်မှာဆိုတော့ မဆိုးဘူး...’
ကလိုင်းဟာ မတ်တတ်ရပ်ပြီး ဒန်းစမစ်ကို နှုတ်ဆက်လိုက်ပါတယ်။ အဲဒီနောက် မြေအောက်ထပ် ဆင်းပြီး ချန်စီဂိတ် စောင့်ကြပ်တဲ့ တာဝန်ကို လွှဲပြောင်းယူပါတယ်။
ဒါပေမဲ့ ၁၀ နာရီ မထိုးခင်မှာဘဲ တစ်ယောက်ယောက် ချန်စီဂိတ်နား ချဉ်းကပ်လာတဲ့ ခြေသံကို သူ ကြားလိုက်ရပါတယ်။
မကြာခင်မှာပဲ တံခါးမှာ ဒန်းစမစ် ပေါ်လာပါတယ်။
“မင်းရဲ့ အကူအညီလိုတဲ့ အမှုတစ်ခု ပေါ်လာတယ်”
“သာလွန်သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စလား” ကလိုင်းဟာ အလိုလို မေးမိလိုက်ပါတယ်။
“မဟုတ်ဘူး... ဒီမြို့ရဲ့ လွှတ်တော်အမတ် မစ္စတာမေနာ သူ့အိမ်မှာ သေသွားတယ်... အဲဒါ ထင်းဂန်မြို့ ရဲဌာနက ဖိအားများလို့ စိတ်ဝိညာဉ်ခေါ်တဲ့ အစီအရင်သုံးပြီး တရားခံကို ရှာတဲ့နေရာမှာ ကူညီပေးစေချင်တာ... လောလောဆယ် ငါတို့အဖွဲ့ထဲမှာ မင်းတစ်ယောက်ပဲ အဲဒါကို လုပ်နိုင်တာလေ”
ဒန်းစမစ်က ရှင်းပြပါတယ်။ အဲဒီနောက် ဖြည့်ပြောပါတယ်။
“သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက နောက်တစ်ပတ်ထဲမှာတော့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမား တစ်ယောက်ကို လွှတ်ပေးမယ် ပြောတာပဲ...တကယ်တော့ အဲဒါက အစောကြီးကတည်းက လွှတ်ပေးရမှာ... မင်းက ညသိမ်းငှက်ထဲ ဝင်လာပြီး အမြင်ဆရာအဖြစ် ရွေးချယ်လိုက်လို့ ပိုပြီးတော့ ကြန့်ကြာသွားတာ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။