← Chapters

ရှုပ်ထွေးခြင်း

Vol. 11 Ch. 153

ရှုပ်ထွေးခြင်း

Vol. 11 Ch. 153

“ခင်ဗျားတို့ ဘက်ကလူအင်အားနဲ့ဆိုရင် ကျုပ်ဝင်ပြီးကူညီစရာလိုမယ်မထင်ဘူး”

ချန့်ယန်ရှုသည် တုန်လှုပ်မနေတော့ပဲ ပြောလိုက်၏။

“ရွှီး..”

မြည်သံများနှင့်အတူ သက်တံ့ရောင်ကြာပန်းသည်အပြည့်အဝ ပေါ်ထွက်လာ၏။ ထို့ကြောင့် ကျင်းချီသည် ရှဲ့လင်းချင်းအား အမိန့်ပေးလိုက်သည်။

“လင်းချင်း..မင်းအမြန်သွားယူ..”

ယွဲ့ဝူယောင်သည် သက်တံ့ရောင်ကြာပန်းရှိရာသို့ အလျှင်အမြန်သွားလိုက်ချိန်တွင် လင်းချီသည် သူမ၏ ရှေ့တွင်ပေါ်လာကာ တားဆီးလိုက်၏။

“ဒီကြာပန်းကိုလိုချင်ရင် အိမ်မက်မက်နေလိုက်..”

လင်းချီသည် ချက်ချင်းယွဲ့ဝူယောင်ကို တိုက်ခိုက်လိုက်၏။

“စီနီယာအစ်ကို ကျန့်ယွီ ကျွန်မတိုက်ခိုက်လိုက်မယ်..”

ထိုအချိန်တွင် လင်းယိုဟန်သည် ပိုင်ကျန့်ယွီတို့ တိုက်ခိုက်နေသည့် လန်ယွင်ဟော့ ထံဝင်ရောက်တိုက်ခိုက်လိုက်သည်။

ပိုင်ကျန့်ယွီသည် ခေါင်းညိတ်လိုက်ပြီးနောက် လန်ယွင်ဟော့အား သူ၏ ဓားနှင့် ကြမ်းကြမ်းတမ်းတမ်း ဝှေ့ယမ်းကာ ရှောင်ထွက်လိုက်၏။ ထို့နောက် မြန်ဆန်လှသည့် သူ၏ အရှိန်နှင့် ရှဲ့လင်းချင်းထံ ဦးတည်ကာ ခုတ်ပိုင်းလိုက်သည်။

“တော်တော်အနှောက်အယှက်ပေးတဲ့ကောင်ပဲ..”

ရှဲ့လင်းချင်းသည် ဒေါသတကြီးနှင့် ပြန်လည်တိုက်ခိုက်လိုက်သည်။ ပိုင်ကျန့်ယွီသည် စတင်တိုက်ခိုက်သည်နှင့် ရှဲ့လင်းချင်း၏ အနားချဉ်းကပ်ရန် မလွယ်ကူခဲ့ချေ။ ရှဲ့လင်းချင်းသည် စွမ်းအင် အလင်းတန်းများ ဆက်တိုက်စေလွှတ်ကာ ပိုင်ကျန့်ယွီကို ဖိအားပေးလိုက်သည်။ ပိုင်ကျန်ယွီသည် ခုခံ ရှောင်တိမ်းနေရ၏။ သို့သော် သူသည် ရှဲ့လင်းချင်းအား ထိန်းထားသည် ဆိုယုံမျှသာ ပေါ့ပေါ့ပါးပါးနှင့် တိုက်ခိုက်နေသည်။

တစ်ဖက်ရှိ လင်းယိုဟန်သည် ပိုင်ကျန့်ယွီကဲ့သို့ အားမကောင်းသောကြောင့် လန်ယွင်ဟော့အား ဖိအားမပေးနိုင်တော့ချေ။ ထို့ကြောင့် လျှိုမင်ယွမ်သည် ဦးဆောင်ကာ တိုက်ခိုက်လိုက်ရ၏။ လန်ယွင်ဟော့သည် သူ၏ ဓားနှစ်လက်နှင့် လျှိုမင်ယွမ်အား အပြင်းအထန်တိုက်ခိုက်လိုက်သည်။ သူ၏ အမြန်နှုန်းသည် ပိုင်ကျန့်ယွီထက်ပင် သာလွန်သည်ဟုထင်ရသည်။

“ဝုန်း..”

လန်ယွင်ဟော့၏ အားပြင်းပြင်းထိုးနှက်ချက်ကို လျှိုမင်ယွမ်သည် တားဆီးလိုက်နိုင်သော်လည်း အကွာဝေးတစ်ခုအထိ လွင့်စင်သွားရသည်။

“အစ်ကိုမင်ယွမ်..”

လင်းယိုဟန်သည် သူ၏ ငွေရောင်ဓားနှင့် လန်ယွင်ဟော့အား တားဆီးလိုက်သည်။ သို့သော် သူမ၏ ခွန်အား သည် အဆင့်နှစ်ခုပင် ကွာခြားနေသည့် လန်ယွင်ဟော့အား မယှဉ်နိုင်ချေ။

“အာရုံနောက်စရာကောင်းတဲ့ မိန်းကလေး မင်းကို အရင်ရှင်းရမယ်..”

လန်ယွင်ဟော့သည် လွင့်စင်သွားသည့် လင်းယိုဟန်ထံ အလျှင်မြန် ရောက်ရှိသွားပြီး သူ၏ ဓားမြောင်နှင့် လင်းယိုဟန်အား ထိုးစိုက်လိုက်၏။

“စိတ်ဝိညာဉ်အတားအဆီး”

သို့သော် လင်းယိုဟန်အား ထိုးစိုက်လုဆဲဆဲတွင် သူ၏ ဓားမြောင်နှစ်လက်သည် အနည်းငယ်မျှ မရွှေ့တော့ချေ။ လျှိုမင်ယွမ်သည် သူ၏စိတ်စွမ်းအင်များစွာကို အသုံးပြု၍ ဖမ်းဆွဲထားခြင်းပင်။ ထိုအချိန်တွင် လင်းယိုဟန်သည် ရပ်တန့်နေသည့် လန်ယွင်ဟော့အား အလျှင် အမြန်တုန့်ပြန်တိုက်ခိုက်ရန် ကြံရွှယ်လိုက်၏။

“မင်း..မှာ စွမ်းအားလေးတော့ရှိသား၊ ဒါပေမဲ့ အသုံးမဝင်ဘူး..”

လန်ယွင်ဟော့သည် သူ၏ အရှိန်အဝါကို အဆုံးထိမြင့်တင်လိုက်၏။ ထိုအရှိန်အဝါကြောင့် လင်းယိုဟန်သည် ဖိနှိပ်လိုက်ရပြီး နှုတ်ခမ်းမှသွေးများ စီးကျလာသည်။

လျှိုမင်ယွမ်သည် ထိုအရှိန်အဝါကြောင့် သူ၏စိတ်စွမ်းအင်များသည် ပျက်ပြယ်သွား၏။ သို့သော် တုံ့နှေးမနေချေ။ အလျှင်အမြန်နှင့် လန်ယွင်ဟော့ထံ စိတ်စွမ်းအင်ဓားများထုတ်ဖော်ကာ ပစ်လွှတ်လိုက်၏။

“ဝုန်း..”

လန်ယွင်ဟော့သည် အဆုံးစွန်ထိ စွမ်းအင်များကို ထုတ်သုံးလိုက်သောကြောင့် လျှိုမင်ယွမ်၏ တိုက်ခိုက်မှုသည် အချည်းအနှီးဖြစ်သွားသည်။ ထို့နောက် လန်ယွင်ဟော့သည် သူ၏ ဓားမြှောင်နှစ်လက်တွင် ဝိညာဉ်စွမ်းအင်များစွာ စီးဆင်းစေပြီးနောက် လျှိုမင်ယွမ်အား အရှိန်ပြင်းပြင်းနှင့် ထိုးစိုက်လိုက်၏။ လျှိုမင်ယွမ်သည် သူ၏စွမ်းအင်များ နှစ်ကြိမ်တိုက် ပျက်စီးသွားသောကြောင့် အနည်းငယ် တုန့်နှေးသွား၏။ လန်ယွင်ဟော့၏ လျှင်မြန်သည့် ဓားမြှောင်များကို ချက်ချင်းမတုန့်ပြန်နိုင်လိုက်ပေ။

“သေစမ်း..”

“ထန်..”

“ရွီ့..”

လျှိုမင်ယွမ်သည် အလွန်ပင်တုန်လှုပ်သွား၏။ ထိုတုန်လှုပ်မှုသည် လန်ယွင်ဟော့၏ ဓားမြှောင်များကို ကြေက်ရွံ့သွားခြင်းကြောင့် မဟုတ်ပေ။ အကြောင်းမှာ လင်းယိုဟန်သည် လန်ယွင်ဟော့ ဓားမြှောင်များကို ကိုယ်စားခံယူလိုက်ခြင်းကြောင့်ပင်။

သူမသည် လန်ယွင်ဟော့၏ ဓားမြှောင်များ ဝင်ရောက်လာချိန်တွင် အလျှင်အမြန်နှင့် လျှိုမင်ယွမ်အား ကာကွယ်ပေးလိုက်၏။ သို့သော်လည်း ဓားမြောင်သည် နှစ်လက်ဖြစ်နေခြင်းကြောင့် တစ်လက်ကိုသာ ခုခံနိုင်ခဲ့သည်။ ကျန်တစ်လက်သည် သူမ၏ ပခုံးအား ထိမှန်သွားခဲ့၏။

“ယိုဟန်...”

လျှိုမင်ယွမ်သည် ယခုမှပင်ကြောက်ရွံ့မှုကို ခံစားမိလိုက်သည်။ သူသည် လင်းယိုဟန်အား ဂရုမစိုက်စွာနေခဲ့သော်လည်း သူမ၏ အသက်နှင့်ရင်း၍ ကာကွယ်ပေးမည်ဟုမထင်ခဲ့ပေ။

“ကျွန်မ..အားနည်းတာကြောင့် အစ်ကိုမင်ယွမ်အတွက် အနှောက်ယှက်ဖြစ်ရပြီ..”

လင်းယိုဟန်သည် အားနည်းစွာပြောလိုက်၏။ သူမသည် ကွာခြင်းလွန်းသည့် အဆင့်တွင်ရှိသည့် သူ၏တိုက်ခိုက်မှုကြောင့် သူမ၏ ဒဏ်ရာသည် အလွန်ပြင်းထန်သွားသည်။ လျှိုမင်ယွမ်သည် ချက်ချင်းပင် ဒဏ်ရာကျက်စေသည့်ဆေးလုံးကို တိုက်လိုက်၏။ ထိုဆေးလုံးသည် သူတို့ဖော်စပ်ခဲ့သည့် ဒုတိယဆေးအမျိုးအစားပင်။

“သေစမ်း..”

လျှိုမင်ယွမ် သတိလက်လွတ်ဖြတ်နေချိန်တွင် လန်ယွင်ဟော့သည် ထပ်မံတိုက်ခိုက်လိုက်၏။

“ထန်..”

“မင်းတို့ကို ငါ သည်းမခံနိုင်တော့ဘူး..”

ထိုအချိန်တွင် ချန့်ယန်ရှုသည် လန်ယွင်ဟော့၏ ဓားမြှောင်နှစ်လက်ကို တားဆီးလိုက်သည်။

“မင်း သစ္စာဖောက်..၊ ကျီယွမ်မဟာမိတ်ကို မင်းတို့ ချန့်အိမ်တော်က အတိအလင်း သစ္စာဖောက်လိုက်ပြီလား”

လန်ယွင်ဟော့သည် ဒေါသတကြီးဆိုလိုက်၏။ သို့သော် ချန့်ယန်ရှုသည် သူ့အား ဂရုမစိုက်ပဲ ကျင်းချီနှင့် တိုက်ခိုက်နေသည့် ယွဲ့ဝူယောင်ကို မေးခွန်းထုတ်လိုက်သည်။

“မိန်းကလေး..၊ ကျုပ် ဒီကောင့်ကို ထိန်းထားရင် ကျင်းချီကို သေအောင်သတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား..”

“ရှိတယ်..”

ယွဲ့ဝူယောင်သည် ကျင်းချီနှင့် တိုက်ခိုက်နေရင်း ဆိုလိုက်၏။ ယွဲ့တူယောင်သည် ချန့်ယန်ရှု၏ ဆုံးဖြတ်ချက်ကို အံ့အားသင့်သွားသည်။ သူမတို့ဘက်မှ အဘယ့်ကြောင့် ဝင်ရောက်ကူညီရန် ဆုံးဖြတ်ခဲ့သနည်း။

ယွဲ့ဝူယောင်၏ စကားကြားသည်နှင့် ချန့်ယန်ရှုသည် လန်ယွင်ဟော့အားစတင်တိုက်ခိုက်လိုက်သည်။ အကြောင်းမှာ ထိုသုံးဦးသည် ဤနေရာတွင်သေဆုံးသွားပါက သူနှင့်ပတ်သတ်နေကြောင်း ကျီယွမ်မဟာမိတ်သည် သိရှိနိုင်မည်မဟုတ်တော့ချေ။ ထို့အပြင် ယွဲ့ဝူယောင်၏ စွမ်းအားသည် ဤမျှလောက် မဟုတ်ဟု တွေးမိနေ၏။

“ခွေးကောင်”

ကျင်းချီသည် ချန့်ယန်ရှု၏ လုပ်ရပ်ကို အလွန်ပင် ဒေါသထွက်သွားပြီး သူ၏ဓားမော့နှင့် ယွဲ့ဝူယောင်အား တရစပ် တိုက်ခိုက်လိုက်သည်။

လျှိုမင်ယွမ်သည်လည်း လင်းယိုဟန်အား တိုက်ပွဲနှင့်ဝေးရာသို့ပိုဆောင်လိုက်ပြီးနောက် ပိုင်ကျန့်ယွီနှင့် တိုက်ခိုက်နေသည့် ရှဲ့လင်းချင်းထံသို့ သွားလိုက်၏။ သူသည် လန်ယွင်ဟော့အား အလွန်ပင် ဒေါသထွက်နေသော်လည်း ပိုင်ကျန့်ယွီကို ကူညီရန်ရွေးချယ်လိုက်သည်။ ပိုင်ကျန့်ယွီသည် ရှဲ့လင်းချင်းအား ထိန်းထားသည် ဆိုရုံလောက်သာ ရှောင်တိမ်းတိုက်ခိုက်နေ၏။

ယွဲ့ဝူယောင်သည် ချန့်ယန်ရှုအား အပြည့်အဝ ယုံကြည်မှုမရှိသေးသော်လည်း လန်ယွင်ကောနှင့် တိုက်ခိုက်နေပြီမို့ သူမသည် ကျင်းချီကို အလေးအနက်တိုက်ခိုက်ရန်ပြင်လိုက်၏။ အစောပိုင်းတွင် သူမသည် ချန့်ယန်ရှုအား စောင့်ကြည့်ရခြင်းနှင့် သူ၏ဆရာတူမောင်များအား စောင့်ကြည့်နေရခြင်းတို့ကြောင့် သူမသည် အလွန်အကျွံမတိုက်ခိုက်သေးချေ။ ယခုတွင် တိုက်ပွဲသည် မျှခြေနီးပါးဖြစ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူမသည် စိတ်လွတ်လက်လွတ် တိုက်ခိုက်တော့မည်ဖြစ်၏။

ထို့နောက် သူမသည် လစွမ်းအင်များကို အများအပြားစုစည်းလိုက်သည်။ သူမ ခြေချထားသည့် လေထုပင် အေးခဲသွားပြီး ရေခဲအလွှာများပင် ဖြစ်တည်လာ၏။

ကျင်းချီသည် မျက်မှောင်ကြုတ်သွား၏။ ထိုသို့ရုတ်တရက်အပြောင်းအလဲနှင့် ယွဲ့ဝူယောင်၏ စွမ်းအင်များ မြင့်တက်လာမှုကြောင့် အတော်ပင် သတိကပ်သွားသည်။ ထို့ကြောင့် သူ၏ ဓားမော့ကို မီးစွမ်းအင်များ လောင်ကျွမ်းစေလိုက်ပြီးနောက် သူ၏ အစွမ်းထက်ဆုံးနည်းစနစ်ကို ထုတ်သုံးလိုက်၏။

“မီးစွမ်းအင်နဂါး..”

ကျင်းချီ၏ အားကုန်လွှဲယမ်းလိုက်သည့် ပုံစံကြောင့် မီးများတောက်လောင်နေသည့် စွမ်းအင်လှိုင်းကြီး ထွက်ပေါ်လာ၏။ လှိုင်းကြီးသည် နဂါးတစ်ကောင်ကဲ့သို့ပင် ကြမ်းတမ်းသည့် အဖျက်အစီးစွမ်းအင်များထွက်ပေါ်နေသည်။

ယွဲ့ဝူယောင်သည် သူမ၏ လစွမ်းအင်များ စုစည်းပြီးချိန်တွင် လက်ပုံစံများကို ဆက်တိုက်ပြုလုပ်လိုက်၏။ ထိုအချိန်တွင် လစွမ်းအင်များသည် သူမ၏ ရှေ့တွင် စုစည်းလာပြီး လေထုပင် သိပ်သည်းလာပြီး ဓားအသွင်ဖြစ်ပေါ်လာသည်။ ထိုဓားသည် ခရမ်းရောင်များနှင့် တောက်ပနေပြီး တစ်ညနေရာတစ်ခုလုံးကိုပင် အေးခဲလုပ်နီးပါးဖြစ်စေခဲ့သည်။ ထို့နောက် ယွဲ့ဝူယောင်သည် ကျင်းချီထံ ရည်ရွှယ်‌၍စေလွှတ်လိုက်၏။

All Chapters