← Chapters

လျှိုမင်ယွမ်၏သတ်ဖြတ်မှု

Vol. 11 Ch. 154

လျှိုမင်ယွမ်၏သတ်ဖြတ်မှု

Vol. 11 Ch. 154

“ဝုန်း..”

အအေးစွမ်းအင်များနှင့် မီးစွမ်းအင်များ ထိခက်သွား၏။ ကျင်းချီ၏ မီးစွမ်းအင်များသည် ယုတ်ရင်းကြမ်းတမ်းလှသော်လည်း ခရမ်းရောင်ရေခဲများအား မတွန်းလှန်နိုင်ပေ။ မီးတောက်များသည် ခရမ်းရောင်ရေခဲများအား အရည်ဖျော် ဖျတ်စီးရန်ကြိုးစားနေသော်လည်း ဓားသဏ္ဌာန်ဖြစ်နေသည့် ရေခဲစွမ်းအင်များသည့် တုပ်တုပ်မျှပင် မလှုပ်ချေ။

ထို့အပြင် ထိုယုတ်ရင်းကြမ်းတမ်းလှသည့် မီးတောက်များအား အေးစေစေသည့်အလား မီးတောက်စွမ်းအင်များသည် အားနည်းလာ၏။

“မဖြစ်နိုင်တာ..”

ကျင်းချီသည် မယုံနိုင်ဖြစ်နေချိန်တွင် အအေးစွမ်းအင်များနှင့် ဖွဲ့စည်းထားသည့် ဓားသည် သူ၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားတော့သည်။

သူသည် ပါးစပ်အဟောင်းသားပင် ဖြစ်နေ၏။ ယွဲ့ဝူယောင်၏ စွမ်းအားနှင့် တန်းတူရှိသည်ဟု သတ်မှတ်ထားသော်လည်း သူမ၏ စွမ်းအင်များကို မယှဉ်နိုင်ခဲ့ပေ။ သူ၏ ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ခုရှိနေသည်။ သို့သော် သွေးများစီးကျခြင်းမရှိပေ။ အကြောင်းမှာ သူ၏သွေးများသည် အေးခဲလာပြီး ခန္ဓာကိုယ်ပင်ထုံထိုင်းလာခဲ့သည်။ သူ၏ စွမ်းအင်များကို အလျှင်အမြန်လှည့်ပတ်လိုက်သော်လည်း အချည်းအနှီးပင်။

“အား..”

“မဟုတ်ဘူး..”

ကျင်းချီ၏ ခန္ဓာကိုယ်သည် တောင့်ခဲသွားပြီး လဲကျသွား၏။

“သခင်လေး..”

ရှဲ့လင်းချင်း သည် ကျင်းချီလှဲကျသွားသည်ကို အာရုံရောက်သွားသောကြောင့် သတိတစ်ချက်လွတ်သွား၏။ ထိုအချိန်တွင် ပါးလွှာသည် ဓားတစ်စင်းသည် သူ၏ ရင်ဝအား တိုးဝင်သွားသည်။ ချက်ချင်းပင် သတိကပ်ပြီး တိမ်းရှောင်လိုက်သောကြောင့်သာ ရှပ်ထိရုံလောက်ဖြစ်သွား၏။

“မင်းတို့တွေကို ကျီယွမ်မဟာမိတ်အဖွဲ့အစည်းက ခွင့်လွှတ်မှာ မဟုတ်ဘူး..”

ရှဲ့လင်းချင်း၏ အမူအယာသည် ရှုံ့မဲ့သွားသည်။ ကျင်းချီ သေဆုံးသွားမည်ဟုပင် မထင်ထားခဲ့သလို ထိုမိန်းကလေးလည်း ထိုမျှအထိ အစွမ်းထက်မည်ဟုမထင်ထားခဲ့ပေ။

“စိတ်ဝိညာဉ်ဖြိုခွဲခြင်း..”

ရှဲ့လင်းချင်း တွေဝေနေချိန်တွင် လျှိုမင်ယွမ်သည် သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ထိုသို့ ရုတ်တရက်တိုက်ခိုက်မှုကြောင့် သူ၏ ဝိညာဉ်သည် နာကျင်သွားပြီး တစ်ခဏသတိလွှတ်သွား၏။ ချက်ချင်း သတိကပ်အောင် ကြိုးစားလိုက်သည်။ သို့သော် သူ၏ သတိဝင်လာချိန်တွင် သူ၏ရင်ဘက်မှ စူးရှနေမှုကို ခံစားလိုက်ရသည်။

“မဖြစ်နိုင်တာ..ငါတို့သေဆုံးတာနဲ့ ကျီယွမ်မဟာမိတ်အဖွဲ့အစည်းက မင်းတို့နောက်ကို မသေမချင်းလိုက်နေမှာကွ..”

“ရွှစ်..”

သို့သော် ထိုစကားသည် သူ၏ နောက်ဆုံးစကားပင်။ ပိုင်ကျန်ယွီသည် ထိုးစိုက်ထားသည့် တိမ်လွှာဓားအား ဆွဲထုတ်လိုက်သောကြောင့် လဲကျသေဆုံးသွားရသည်။ တိမ်လွှာဓား၏ ပါးလွှာမှုကြောင့် နာကျင်မှုကို မခံစားခဲ့ရပေ။

ပိုင်ကျန့်ယွီသည် တစ်ဦးချင်းတိုက်ခိုက်နေချိန်တွင် အသာစီးမယူနိုင်သော်လည်း လျှိုမင်ယွမ်၏ အကူအညီကြောင့် ရှဲ့လင်းချင်း၏ တိုက်ခိုက်မှုများကို ကန့်သတ်နိုင်ခဲ့သည်။ ထို့အပြင် ရှဲ့လင်းချင်း၏ အာရုံထွေပြားမှုကြောင့် သူသည် မတုန့်ဆိုင်းပဲ ချက်ချင်း အဆုံးသတ်ပေးလိုက်၏။

ရှဲ့လင်းချင်း သေဆုံးသွားသည်နှင့် တပြိုင်နက် လျှိုမင်ယွမ်သည် ဝိညာဉ်စွမ်းအင်အတော်များများ ကုန်ဆုံးနေသော်လည်း အံကြိတ်ကာ နေရာတစ်ခုသို့ ဦးတည်ကာ အလျှင်အမြန်သွားလိုက်သည်။

တစ်ဖက်ရှိ လန်ယွင်ကောသည် အလွန်ပင် ဒေါသထွက်နေပြီဖြစ်သည်။ ကျင်းချီသေဆုံးခြင်းက သူ မထင်မှတ်ထားသည့် အရာဖြစ်၏။ ထို့အပြင် အဆင့်တစ်နှစ်ဦးနှင့် တိုက်ခိုက်နေသည့် ရှဲ့လင်းချင်းပင် အဆုံးသတ်သွားရသည်။

“ခွေးကောင်... သစ္စာဖောက်ကောင်..”

ချန့်ယန်ရှုသည် သူအား ဖိအားပေးတိုက်ခိုက်ထားသည်။ သူတို့သည် အတွင်းသိများ ဖြစ်နေသောကြောင့် တစ်ဦးကိုတစ်ဦး ထိခိုက်အောင် မတိုက်ခိုက်နိုင်ပေ။ သို့သော် ချန့်ယန်ရှုသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်း ဖြစ်သောကြောင့် နှစ်ဦးစလုံး၏ ဝိညာဉ်စွမ်းအင်များ ယုတ်လျော့နေပြီဖြစ်သည်။

သို့သော် သူ၏ လူနှစ်ဦး သေဆုံးသွားပြီဖြစ်သောကြောင့် သူ့အတွက်လည်း မလွယ်ကူတော့ချေ။ ထို့ကြောင့် ထွက်ပြေးရန်ကြံစည်လိုက်၏။

သူ၏ ဓားမြှောင်နှစ်လက်တွင် ဝိညာဉ်စွမ်းအင်များစွာ စီဆင်းစေကာ ချန့်ယန်ရှုထံ တဟုန်ထိုး ပစ်လွှတ်လိုက်၏။

ချန့်ယန်ရှုသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထို့နောက်သူ၏ ဓားနှင့် ဓားမြှောင် နှစ်လက်ကို တဟုန်ထိုး ခုတ်ချလိုက်သည်။

ဓားမြှောင်နှစ်လက်သည် မြေလွှာတွင် ပြင်းပြင်းထန်ထန် ထိုးစိုက်သွား၏။ ထို့နောက် ချန့်ယန်ရှုသည် လန်ယွန်ဟော့ကို ကြည့်လိုက်ချိန်တွင် ဤနေရာတွင် ရှိမနေတော့ချေ။ လန်ယွင်ဟော့သည် ဂူ၏အဝနားပင်ရောက်ရှိနေပြီဖြစ်သည်။ ချန့်ယန်ရှု လိုက်ရန်ပြင်လိုက်ချိန်တွင် ပိုင်ကျန့်ယွီသည် တားဆီးလိုက်၏။

“သူ မလွှတ်ဘူး..”

ပိုင်ကျန့်ယွီ၏ လေသံကြောင့် ချန့်ယန်ရှုသည် မှင်သက်သွား၏။

လန်ယွင်ဟော့သည် အသည်းအသန်ပင် ထွက်ပြေးလိုက်သည်။ သို့သော် ဂူ၏အဝတွင် ချောမောလွန်းသည့် လူငယ်လေးတစ်ဦးရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုလူငယ်လေး၏ မျက်ဝန်းများတွင် ဒေါသမီးများ တောက်လောင်နေသည်ကို ခံစားနိုင်သည်။

“ဖယ်စမ်း..”

လန်ယွင်ဟော့သည် အဆင်တစ်တစ်ဦးက သူ၏ လမ်းကို ပိတ်ဆို့ထားသောကြောင့် ဒေါသထွက်သွား၏။ ထို့ကြောင့် ထိုးနှက်ရန်ပြင်လိုက်ချိန်တွင် အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရသည်။

“ဝိညာဉ် ငိုကြွေးခြင်း ငရဲ”

မမြင်နိုင်သည့် ဝိညာဉ်လှိုင်းတစ်ခုသည် လန်ယွင်ဟော့ ထံသို့ ချဉ်းကပ်သွားပြီး သူ၏ ဝိညာဉ်ပင်လည်အတွင်းဝင်ရောက်သွားသည်။ သူသည် ရုတ်တရက်ဆန်မှုကြောင့် တုန့်ပြန်ရန်အချိန်မရလိုက်ပေ။

ထိုအချိန်တွင် သူ၏ ဝိညာဉ်သည် ဆိုးရွားသည့်ခံစားချက်မျိုးစုံ ထွက်ပေါ်လာသည်။ အေးစက်ခြင်း၊ ပူလောင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သိမ်ငယ်ချင်း စသည့် ခံစားချက်မျိုးစုံထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်ပင်လယ်သည် အပြင်းအထန် ခါယမ်းလာသည်။ ခံစားချက်ပေါင်းစုံသည် သူ့စိတ်ဝိညာဉ်အတွင်းထိပါ ရောက်ရှိသွားခဲ့၏။

ထိုပြင်းထန်လွန်းသည့် ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပဲ လဲကျသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် တဆက်ဆက်တုန်ယင်နေပြီး ခဏအကြာတွင် သူ၏ စိတ်ဝိညာဉ်ပြိုကွဲကာ ငြိမ်သက်သွားတော့၏။

လျှိုမင်ယွမ်ကိုယ်တိုင်းလည်း အခြေအနေမကောင်းပေ။ လန်ယွင်ဟော့သည် မည်မျှပင် စွမ်းအားလျော့နည်းနေပါစေ အဆင့်နှစ်တစ်ဦးဖြစ်၏။ ထိုသို့အဆင့်နှစ်အား သတ်ဖြတ်ရန် သူ၏ ရှိသမျှစွမ်းအင်များကို သုံးစွဲကာ ပေးဆပ်လိုက်ရသည်။ ထိုနည်းစနည်သည် လော့ရွယ်နင် အသုံးပြုခဲ့သည် နည်းစနစ်နှင့် ဆင်တူသည်။ သို့သော် သူမ အသုံးပြုခဲ့သည်ထက်ပို၍ ရက်စက်သည့် နည်းစနစ်ဖြစ်၏။ ထို့ကြောင့်ပင် လန်ယွင်ဟော့ကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

လျှိုမင်ယွမ် လဲကျလုဆဲဆဲတွင် ပိုင်ကျန့်ယွီသည် ရောက်ရှိလာခဲ့ပြီး ထိန်းပေးလိုက်၏။ သူ၏ စိတ်စွမ်းအင်များ အဆမတန်သုံးစွဲခဲ့သောကြောင့် လွန်စွာပင်ပန်းနေပြီဖြစ်သည်။

“မိန်းကလေး.. ကျုပ်နာမည် ချန့်ယန်ရှုပါ၊ ကျုးကျိကုန်းမြေရဲ့ ချန့်အိမ်တော်ကပါ”

ချန့်ယန်ရှုသည် သူကိုယ်သူမိတ်ဆက်လိုက်ပြီးနောက် သက်တံ့ရောင်ကြာပန်း၏ အကြောင်းကို ရှင်းပြလိုက်၏။

“မိန်းကလေး ဒီသက်တံ့ရောင်ကြာပန်းရဲ့ ပွင့်ချပ်တစ်ချပ်ကို စားလိုက်ရင် ကျင့်ကြံမှုအဆင့်တစ်ခုလောက်တိုးစေနိုင်တယ်၊ ဒါပေမဲ့ ကျင့်ကြံသူတစ်ဦးမှာ တစ်ချပ်ပဲ အသုံးပြုနိုင်တယ်၊ နောက်တစ်ချပ် ထပ်စားရင်တော့ အကျိုးသက်ရောက်မှု မရှိတော့ဘူး”

“ရှင်က တစ်ချပ်လိုချင်တာမလား..”

ယွဲ့ဝူယောင်သည် လိုရင်းကိုသာမေးလိုက်၏။ ချန့်ယန်ရှုသည် သူမတို့အား ကူညီရန်မလိုအပ်သော်လည်း မည်သည့်အကြောင်းရင်းကြောင့် ကူညီခဲ့မှန်းမသိချေ။ ထို့အပြင် သာမာန်ဉာဏ်ရည်နှင့် ဆိုလျှင် ထိုပွင့်ချပ်အားယူရန် ကျင်းချီတို့နှင့် ပူးပေါင်းပါက ပိုအဆင်ပြေသွားမည်ဖြစ်သည်။ သို့သော် အရေးနိမ့်နေသည့် သူမတို့ဘက်မှ ဝင်ရောက်ကူညီချင်းကို နားမလည်သေးချေ။

“မိန်းကလေး၊ အဲ့ဒီလောက်သတိထားစရာမလိုပါဘူး၊ ကျုပ်ပွင့်ချပ်တစ်ချပ်လိုအပ်တာတော့အမှန်ပဲ..၊ ဒါပေမဲ့ ကျင်းချီတို့ဘက်က ဝင်ရောက်ကူညီခဲ့ရင်တောင် ကျုပ်ကို သူတို့က ပွင့်ချပ်တစ်ခုတောင် ပေးမှာမဟုတ်ဘူး..”

ချန့်ယန်ရှုသည် ယွဲ့ဝူယောင်၏ သတိထားနေသည့်အမူအယာကြောင့် ရှင်းပြလိုက်၏။ သူသည် ရှဲ့လင်းချင်းတို့နှင့် သိကျွမ်းနေသောကြောင့် သူတို့၏ စိတ်ဓာတ်များကို သိရှိထားသည်။ ထို့အပြင် သူတို့ဘက်မှ ကူညီရန်ရွှေးချယ်ခဲ့လျှင် သူသည် အသေခံလူသားတစ်ဦး အဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်၏။ ထို့အတွက် မည်သည့်ဝေစုမျှလည်း ရရှိမည်မဟုတ်ပေ။

“ကျွန်မတို့ကို ကူညီရင်ရော ရှင်ကအဲ့ဒီပွင့်ချပ်ကို ရမယ်လို့တွက်ထားတာလား”

ယွဲ့ဝူယောင်သည် အေးစက်သည့် လေသံနှင့်သာ မေးလိုက်၏။

“မဟုတ်ဘူး၊ အနည်းဆုံးတော့ ကျုပ်အသက်မသေတော့ဘူးလို့ တွေးမိလို့”

“ကျွန်မက ရှင့်ကို မသတ်ဘူးလို့ ဘာကြောင့် ယုံကြည်နေတာလဲ”

ယွဲ့ဝူယောင်သည် ချန့်ယန်ရှု၏ ယုံကြည်ချက်ရှိသည့် အဖြေကြောင့် သူမ၏ မျက်ဝန်းများ မှေးကျင်းသွားကာ ထပ်မေးလိုက်သည်။

All Chapters