← Chapters

လင်းယိုဟန်၏ခံစားချက်များ

Vol. 11 Ch. 155

လင်းယိုဟန်၏ခံစားချက်များ

Vol. 11 Ch. 155

“မိန်းကလေးက ကျုပ်ကို စတိုက်ခဲ့တဲ့အချိန်ကတည်းက သတ်ဖြတ်လိုစိတ်မရှိတာကို သတိထားမိတယ်၊ ဒါကြောင့် ကျုပ်ကို ထွက်သွားစေဖို့ပဲ ခြောက်လန့်တာလို့ တွေးလိုက်တာကြောင့်ပဲ”

ချန့်ယန်ရှုသည် သူခံစားမိသည့်အရာကို ထုတ်ပြောလိုက်၏။ အမှန်ပင် ယွဲ့ဝူယောင်တို့သည် ဤနေရာစရောက်သည့်အချိန်ကတည်းက သူမတို့အား အသည်းအသန်ရန်ပြုသူများကိုသာ သတ်ဖြတ်ခဲ့သည်။ ချန့်ယန်ရှု ရောက်ရှိလာသည့် အချိန်တွင်လည်း ထိုနည်းတူပင်။

သို့သော် ရှဲ့လင်းချင်းတို့သည် အလွန်ပင် မောက်မာစွာ ရန်ပြုပြီး သူမတို့အား သတ်ဖြတ်လိုသောကြောင့်သာ ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

“ရှင့်ကို ပွင့်ချပ်တစ်ခုတော့ပေးနိုင်တယ်..”

ယွဲ့ဝူယောင်သည် အေးစက်စက်ပင် ပြောလိုက်၏။ ချန့်ယန်ရှုသည် လူကောင်းဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမဂရုမစိုက်ပေ။ သို့သော် လက်ရှိတွင် သူမတို့အား အကူအညီပေးထားပြီး မကောင်းသည့် ရည်ရွယ်ချက်ကို မခံစားမိသောကြောင့် ပွင့်ချပ်တစ်ချပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

“တကယ်လား..”

ချန့်ယန်ရှုသည် အံ့ဩသွား၏။ သူမသည် အေးစက်စက်နိုင်သော်လည်း ထိုမျှ သဘောကောင်းမည်ဟု မထင်ထားခဲ့ပေ။ သူသည် အသက်ရှင်ရန်အတွက်သာ သူမတို့ကို ကူညီခဲ့ခြင်းဖြစ်သည်။ ကျင်းချီတို့သာ ဤနေရာတွင် လွတ်မြောက်ပြီး ကျုးကျိကုန်းမြေသို့ ရောက်ရှိပါက သူ့အတွက် အလွန်ခက်ခဲသွားနိုင်သည်။

ထို့အပြင် ယွဲ့ဝူယောင်၏ အင်အားအရ ကျင်းချီအား ဖြေရှင်းနိုင်လောက်မည်ဟု ယူဆခဲ့သောကြောင့် သူသည် ဤတိုက်ပွဲကို ထိန်းညှိပေးခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူအတွက် အသက်ရှုချောင်သွားပေမည်။ ယွဲ့ဝူယောင်၏ သဘောထားအရ သူသည် သက်တံ့ရောင်ကြာပန်း၏ ပွင့်ချပ်ကို ရရှိနိုင်မည်ဟု မတွေးခဲ့ပေ။

“ကျေးဇူးတင်ပါတယ် မိန်းကလေး..”

ချန့်ယန်ရှုသည် ယွဲ့ဝူယောင်ကို မှင်သက်စွာ ကြည့်လိုက်မိ၏။ ခရမ်းနုရောင်ဆံနွယ်များနှင့် ထူးခြားနေပြီး ခရမ်းရောင်ဂါဝန်ဝတ်စုံလေးကြောင့် သူမ၏ အလှပမှုကို ပို၍ပင်ပြည့်စုံသွားသည်။ မျက်ဝန်းများသည် အေးစက်ဟန်ရှိနေသော်လည်း နူးညံသည့် သူမ၏ မျက်နှာလေးကို ပြည့်စုံစေ၏။ သူမ၏ စွမ်းအားကြောင့် အေးစက်နေသည်ဟု မှတ်ချက်ပေးလိုက်မိသည်။ သူသည် မိန်းမလှများစွာကို မြင်တွေ့ဖူးခဲ့သော်လည်း ယွဲ့ဝူယောင်ကဲ့သို့ ထူးခြားစွာ လှပနေသည့် အလှမျိုးကိုမတွေ့ဖူးသေးချေ။ ချန့်ယန်ရှုသည် တအံ့တဩပင် ကြည့်နေရင်း သူ၏ အမြင်လွှာအတွင်း စူးရှလွန်းသည့် မျက်ဝန်းတစ်စုံ ရောက်ရှိလာ၏။

“ဒီကရောင်းရင်း..ကျုပ်ဓားရဲ့ သိမ်မွေ့မှုကိုစမ်းကြည့်ချင်လား”

ချန့်ယန်ရှုသည် ယွဲ့ဝူယောင်ကို အကြည့်မလွဲပဲ ကြည့်နေခြင်းကြောင့် ပိုင်ကျန့်ယွီသည် အေးစက်စက်နှင့်ပြောလိုက်၏။ သူ၏စကားများသည် ယဉ်ကျေးဟန်ရသော်လည်း သူ၏ မျက်ဝန်းများသည်တော့ ‘သူမကို ဆက်ကြည့်နေရင် မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်’ ဟု ဖော်ကျုးနေသယောင်ပင်။

“ကျုပ်တောင်းပန်ပါတယ်..”

ချန့်ယန်ရှုသည် အလွန်ရှက်ရွံ့သွား၏။ သူ၏လုပ်ရပ်ကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ။

ယွဲ့ဝူယောင်သည် ထိုနှစ်ဦးအား အာရုံမစိုက်တော့ချေ။ သူမသည် သက်တံ့ရောင် ကြာပန်း နှစ်ခုအား ခူးယူရန်ကြယ်ရွှယ်လိုက်၏။

“မိန်းကလေးသတိထား၊ သက်တံ့ရောင်ကြာပန်းကို ခူးတဲ့အချိန် စိတ်ဝိညာဉ်ကို တိုက်ခိုက်တက်တယ်လို့ ကြားဖူးတယ်”

ချန့်ယန်ရှုသည် သူကိုယ်တိုင်မသိသော်လည်း သတိပေးလိုက်၏။ ထိုသို့ တိုက်ခိုက်မှု ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သတိထားခြင်းသည် မလွန်ပင်။

ယွဲ့ဝူယောင်သည် ခေါင်းညိတ်လိုက်ပြီးနောက် သက်တံ့ရောင်ကြာပန်းထံ ချဉ်းကပ်သွားသည်။ ထိုကြာပန်းကို ခူးဆွတ်ဟန်ပြုလိုက်ချိန်တွင် သူမ၏ စိတ်ဝိညာဉ်သည် နာကျင်သွားရ၏။ ထို့အပြင် သူမ၏ စိတ်ဝိညာဉ်အတွင်း ပုံရိပ်များစွာ ထွက်ပေါ်လာသည်။

“ဝုန်း..”

သူမသည် စိတ်မထိန်းချုပ်နိုင်တော့ပဲ အရှိန်အဝါကို တစ်ဆုံးထိပင် ထုတ်လွှတ်လိုက်မိသည်။ ပိုင်ကျန့်ယွီသည် လျှင်မြန်သည့် အမြန်နှုန်းနှင့် သူမနှင့် ဝေးရာသို့ ရှောင်ထွက်လိုက်သည်။ ချန့်ယန်ရှုသည် ပိုင်ကျန့်ယွီ၏ လုပ်ရပ်ကို အံ့ဩသွားသော်လည်း တစ်ခဏအတွင်း နားလည်သွားပြီး သူကိုယ်တိုင်လည်း တိမ်းရှောင်လိုက်ရ၏။

ယွဲ့ဝူယောင်၏ အရှိန်အဝါနှင့်အတူ ဂူအတွင်းတွင် အေးခဲမှု စတင်လာခဲ့သည်။ ခဏအတွင်းပင် လှိုဏ်ဂူ တစ်ခုလုံး အေးခဲလုနီးပါ ဖြစ်သွားခဲ့၏။

ပိုင်ကျန့်ယွီသည် လိုဏ်ဂူအဝနားတွင် ရှိနေသည့် လျှိုမင်ယွမ်နှင့် လင်းယိုဟန် တို့၏ ကြည့်နူးနေပုံကိုကြည့်ရင်း သက်တောင့်သက်သာ ထိုင်လိုက်၏။

လင်းယိုဟန်သည် သူမ၏ ဒဏ်ရာအနည်းငယ်သက်သာလာသောကြောင့် သတိလစ်နေသည့် လျှိုမင်ယွမ်ကို စောင့်ကြည့်ပေးနေ၏။ သူမသည် လျှိုမင်ယွမ် နိုးထမလာတော့မှာကို အလွန်စိုးရိမ်နေသည့် အလားပင်။ ခဏအကြာတွင် လျှိုမင်ယွမ်၏ မျက်လုံးများ ပွင့်ဟလာပြီး ဖြည်းဖြည်းချင်း ထထိုင်လိုက်၏။

“အစ်ကိုမင်ယွမ်..”

လင်းယိုဟန်သည် သူမ၏ စိတ်ကို မထိန်းနိုင်တော့ပဲ လျှိုမင်ယွမ်ကို ပြေးဖက်လိုက်ကာ အသည်းသန် ငိုကြွေးလိုက်၏။

အားနည်းနေသေးသည့် လျှိုမင်ယွမ်သည် မည်သို့တုန့်ပြန်ရမည်ကိုပင်မသိတော့ချေ။ မိနစ်အနည်းငယ် ကြာသည်အထိ လင်းယိုဟန်သည် အငိုမတိတ်ပေ။ လျှိုမင်ယွမ်သည် သူမကို တွန်းထုတ်ရန် ကြံရွယ်သော်လည်း သက်ပြင်းချပြီးနောက် ထိုသို့မလုပ်တော့ပေ။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် လင်းယိုဟန်သည် လျှိုမင်ယွမ်ကို ဖက်ထားမိသည်ကို အသိဝင်သွားပြီး အလျှင်အမြန်ဖယ်ခွာလိုက်၏။ သူမ၏ လုပ်ရပ်ကို တွေးမိကာ ရှက်ရွံ့နေသည်။

“နောက်တစ်ခါ ဒီလို မလုပ်နဲ့..”

လျှိုမင်ယွမ်သည် တိုးလျှစွာပြောလိုက်၏။

“ကျွန်မ..ကျွန်မ..အစ်ကိုမင်ယွမ် သတိရလာတာကို တွေ့တော့ စိတ်မထိန်းနိုင်လို့ပါ..”

လင်းယိုဟန်သည် ရှက်ရွံ့မှု မပျက်ပြယ်သေးပဲ ပြောလိုက်၏။ သူမ၏ အသံသည် တိုးလျှနေသည်။

လျှိုမင်ယွမ် “???”

“အဲ့ဒါကို ပြောချင်တာမဟုတ်ဘူး၊ ကျုပ်ပြောတာက ကျုပ်ရှေ့မှာ ကာကွယ်ပေးဖို့ မလုပ်နဲ့လို့ပြောတာ၊ အဲ့ဒီလိုလုပ်တာက ကျုပ်အတွက် အလွန်ခက်ခဲစေတယ်”

လျှိုမင်ယွမ်သည် လင်းယိုဟန်၏ နားလည်မှု လွဲမှားခြင်းကို စွံ့အသွား၏။ သူသည် ထိုသို့ ကိုယ်စား ခံယူပေးမှုများကို မလုပ်စေချင်ပေ။ သူသည် အကြွေးတင်သည်ဟု ခံစားရသောကြောင့်ပင်။ လင်းယိုဟန်သည် လျှိုမင်ယွမ်၏အေးစက်မှုကြောင့် စိတ်ဓာတ်ကျသွားသော်လည်း သူမ၏ မျက်ဝန်းများ ချက်ချင်းအရောင်လက်လာကာမေးလိုက်၏။

“အဲ့ဒါဆို ဖက်တာကို မတားမြစ်ဘူးပေါ့..”

လျှိုမင်ယွမ် “...”

“ကျုပ်..ကျုပ်..ပြောချင်တာ က..၊ မဟုတ်ဘူး နှစ်ခုလုံးမရဘူး..”

လင်းယိုဟန်၏ တိုက်ခိုက်မှုသည် လျှိုမင်ယွမ်၏ စိတ်ဝိညာဉ်ပါ ပျက်ပြားသွားသည့်အလား ခံစားလိုက်ရ၏။

‘ဒါမိန်းကလေးတစ်ယောက် မေးသင့်တဲ့မေးခွန်းလား’

လင်းယိုဟန်သည် နှာမှုတ်လိုက်ကာ သူမသည် လျှိုမင်ယွမ်နှင့် ဆန့်ကျင်ဘက်သို့ လှည့်လိုက်၏။

“အစ်ကိုမင်ယွမ်၊ ကျွန်မ..ကျွန်မက အစ်ကိုမင်ယွမ်ကို ဒဏ်ရာတွေရမှာ မလိုလားဘူး”

လင်းယိုဟန်သည် ခပ်တိုးတိုးအသံနှင့်သာ ပြောလိုက်သည်။ လျှိုမင်ယွမ်သည် လင်းအိမ်တော်တွင် အလုပ်လုပ်စဉ်ကတည်းက သူမသည် နှစ်သက်ခဲ့ခြင်းဖြစ်၏။ သို့သော် ထိုအချိန်ကတည်းက သူမ၏ စိတ်အား ပေါ်ပေါ်ထင်ထင် ထုတ်ပြခဲ့ပါက လျှိုမင်ယွမ်သည် လင်းအိမ်တော်တွင် နေနိုင်မည်မဟုတ်တော့ချေ။

ထို့ကြောင့်သာ တိတ်တဆိတ်နေခဲ့ရသည်။ သို့သော် သူမ၏ အဖိုးဖြစ်သူ လင်းရှောင်သည် ကြယ်တာယာနန်းတော်တွင် ကျင့်ကြံမှုပြုလုပ်ရန် လာရောက်ခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် သူမသည် လျှိုမင်ယွမ်အား တွေ့နိုင်ခြင်းမရှိတော့ချေ။

ထို့ကြောင့် အကြောင်းအမျိုးမျိုးပြကာ ပြန်လာလေ့ရှိခဲ့၏။ ထိုအကြောင်းအရာများကို လင်းဟွေ့သည် သတိထားမိသွားပြီးနောက် လျှိုမင်ယွမ်အတွက် ပို၍ ခက်ခဲလာခဲ့သည်။ သူမနောက်ဆုအကြိမ် လင်းအိမ်တော်သို့ ပြနါရောက်လာချိန်တွင် လျှိုမင်ယွမ်ကို မတွေ့ရှိတော့ချေ။ ထို့ကြောင့် သူမသည် တိတ်တဆိတ်စုံစမ်းခဲ့ပြီးနောက်တွင် လင်းဟွေ့နှင့် လိုက်ပါသွားပြီးနောက် ပြန်ရောက်လာခြင်း မရှိတော့ကြောင်းသိလိုက်ရသည်။

လင်းယိုဟန်သည် လင်းဟွေ့ကို တိုက်ရိုက်မေးရန် တွေဝေနေသော်လည်း မည်သည့်အရာမျှ ဂရုမစိုက်တော့ပဲ မေးမြန်းခဲ့၏။ သို့သော် လျှိုမင်ယွမ်သည် လင်းယွင်နယ်မြေတွင် အလုပ်ကိစ္စနှင့် ကျန်ရှိနေခဲ့သည်ဆိုသည့် မသေချာမရေရာ သည့်အဖြေများသာ ပေးခဲ့သည်။ ထို့နောက်ပိုင်းတွင် သူမသည် ကြယ်တာယာနန်းတော်မှ ပြန်လာခဲ့ချင်းမရှိတော့ပေ။

လျှိုမင်ယွမ်သည် ထိုအကြောင်းအရာများကို သိရှိသွားပြီးနောက်တွင် မည်သို့ တုန့်ပြန်ရမည်မှန်း မသိသေးချေ။ ထို့ကြောင့် တိတ်ဆိတ်နေမိသည်။ ခဏအကြာတွင် လျှိုမင်ယွမ်သည် စကားစရန်ကြံရွယ်လိုက်၏။

“မိန်းကလေး..ကျုပ်က..”

“အစ်ကိုမင်ယွမ်ဆီက ငြင်းဆိုမှုဆိုရင် ကျွန်မ မကြားချင်ဘူး၊ ဒါ့ကြောင့် ဘာမှမပြောပါနဲ့”

လင်းယိုဟန်သည် လျှိုမင်ယွမ်ကို စကားပြောခွင့်မပေးခဲ့ချေ။ လက်ရှိအခြေအနေတွင် လျှိုမင်ယွမ်သည် သူမအပေါ် ခံစားချက်မရှိသေးသည်ကို သိရှိထားသည်။ လျှိုမင်ယွမ်၏ နှုတ်ဖျားမှ ငြင်းဆိုချက်များကို မကြားချင်ပေ။

All Chapters