← Chapters

ပုံရိပ်ယောင်တိုက်ခိုက်မှု

Vol. 11 Ch. 156

ပုံရိပ်ယောင်တိုက်ခိုက်မှု

Vol. 11 Ch. 156

ချန့်ယန်ရှုသည် ပိုင်ကျန့်ယွီ၏ အေးအေးဆေးဆေးနှင့် အနားယူနေသည်ကို ကြည့်ကာ အံ့ဩသွား၏။ ယွဲ့ဝူယောင်သည် သူတို့၏ ဆရာတူအစ်မဟု နားလည်ထားသည်။ သို့သော် ယခုကဲ့သို့ ဖြစ်နေချိန်တွင် ပိုင်ကျန့်ယွီသည် မည်သည့်ပူပန်မှုမျှ မရှိသည့်အလားပင်။

သို့သော် ပိုင်ကျန့်ယွီသည် သူတို့၏ အစ်မကြီးအား ယုံကြည်မှု အပြည့်ရှိနေသည်။ ထိုသို့ ကိစ္စများတွင် ‘သူမ လုပ်နိုင်ပါ့မလား’ ဆိုသည့် အတွေးလုံးဝမရှိပေ။ ယွဲ့ဝူယောင် အောင်မြင်မည်ကို ကျိန်းသေယုံကြည်ထား၏။

‘ဒီမိန်းကလေးက ဘယ်လောက်ထိစွမ်းအားကောင်းနေလို့ သူ့ရဲ့ဂျုနီယာတွေက ဒီလောက်ထိ ယုံကြည်မှုပြင်းထန်နေရတာလဲ’

ချန့်ယန်ရှုသည် ပိုင်ကျန့်ယွီ၏ ရှင်းပြမှုကြောင့် နားလည်သွား၏။ ထိုသို့ ယုံကြည်ချက်မျိုးသည် အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းလွန်းသည်။ သူသည် ပိုင်ကျန့်ယွီနှင့် စကားများ အပြန်အလှန်ပြောပြီးနောက်တွင် သူတို့အကြောင်းအား အနည်းငယ်သိရှိသွားခဲ့သည်။

သို့သော် ထျန်းယွမ်ကုန်းမြေသည် မည်သည့်နေရာတွင်ရှိမှန်း သူပင်မသိချေ။ ထို့ကြောင့် အဆင့်မြင့်နယ်မြေတစ်ခုဖြစ်မည်ဟု တွေးထင်မိလိုက်သော်လည်း ပိုင်ကျန့်ယွီသည် အပျက်အစီးနယ်မြေတစ်ခုဖြစ်ကြောင်း ပြောပြလိုက်သည်။ ချန့်ယန်ရှုသည် ပါးစပ်အဟောင်းသားနှင့် သူ၏ အံ့ဩမှုများကို မထိန်းသိမ်းနိုင်တော့ချေ။

‘အပျက်အစီးနယ်မြေတစ်ခုကနေ ဒီလို စွမ်းအားကြီး ကျင့်ကြံသူတွေ ထွက်ပေါ်လာနိုင်တာလား’

သက်တံ့ရောင်ကြာပန်းကို ခူးဆွတ်နေသည့် ယွဲ့ဝူယောင်သည် ပုံရိပ်ယောင်များ အတွင်းနစ်မြောနေ၏။ ထိုပုံရိပ်များအတွင်းတွင် သူမသည် ခရမ်းလနယ်မြေ၏ မင်းသမီးလေးတစ်ပါးဖြစ်နေသည်။ အသက်ဆယ့်ငါးနှစ်အရွယ်တွင်ရှိနေပြီး သူမ၏ ဆံနွယ်များသည်လည်း နက်မှောင်နေဆဲပင်။ ခရမ်းလမျိုးနွယ်လည်း မပျက်စီးပေ။

သူမ၏ ဖခင်ယွဲ့ဖုန်းချန်လည်း အသက်ရှင်နေဆဲဖြစ်ကာ သူမ၏ဘဝသည် သာယာဖြောင့်ဖြူးနေ၏။ သူမသည် ခရမ်းလမျိုးနွယ်ဝင်များ၏ ချစ်ခင်နှစ်သက်မှုများကို များစွာရရှိနေပြီး သူမ၏ ဘဝသည်လည်း လိုလေးသေးမရှိ ပြည့်စုံနေသည်။ တစ်ရက်တွင် သူမသည် မည်သည့်အချိန်ကတည်းကရှိနေမှန်းမသိသည့် အနီရောင်များ ဖုံးလွှမ်းနေသည့် ကျောက်စိမ်းပြားတစ်ချပ်ကိုတွေ့လိုက်ရ၏။ ထူးဆန်းမှုကြောင့် ထိုကျောက်စိမ်းပြာလေးအား ကိုင်ယူလိုက်သည်။

“အား..”

ကျောက်စိမ်းပြားလေးသည် သူမလက်တွင်းရောက်သည်နှင့် သူမ၏ ဦးခေါင်းသည် ရုတ်တရက် ကိုက်ခဲသွား၏။ ထိုစဥ် သူမ၏ စိတ်ဝိညာဉ်တွင် ဟွမ်း၏ မထင်မရှားဖြစ်နေသည့်ပုံရိပ်များ၊ လုရှင်းယန်၏ ရင်းနှီးနေသည့်အပြုံးများ၊ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့၏ စကားသံများသည် သူမ၏ ဝိညာဉ်အတွင်း ဝင်ရောက်လာသည်။ သူမသည် ခရမ်းလမျိုးနွယ်တွင် နေထိုင်ခဲ့သည့် တစ်လျှောက် ထိုသူများနှင့် မဆုံတွေ့ဖူးဟု ခံစားမိသည်။

သို့သော် သူမစိတ်၏ အနက်ရှိုင်းဆုံးနေရာတစ်ခုတွင် မသဲမကွဲဖြစ်နေသည့် လစ်ဟာမှုတစ်ခုကို ခံစားနေရ၏။ သူမသည် အပြင်းအထန် စဉ်းစားနေသော်လည်း သူမ၏ ဦးခေါင်းသည် ပို၍နာကျင်လာခဲ့သည်။

“မဟုတ်သေးဘူး..မဟုတ်သေးဘူး..”

ယွဲ့ဝူယောင်၏ မှတ်ဉာဏ်တွင် မှတ်မိဟန်ဖြစ်လာသော်လည်း မသဲကွဲသေးချေ။ ထိုအကြောင်းအရာများကို မှတ်မိဖို့ လိုအပ်နေသည်ဟု မသိစိတ်က အလိုလိုအသိပေးနေ၏။ ထို့ကြောင့် သူမသည် နာကျင်နေသော်လည်း သူမ၏ မှတ်ဉာဏ်များကို အတင်းအကြပ် ဖွင့်လှစ်နေသည်။

သူမ၏ ခရမ်းလမျိုးနွယ်သည် ပျက်စီးသွားပြီဖြစ်သည့် အကြောင်းသည် ရုတ်တရက် အတွေးထဲ ဝင်ရောက်လာ၏။

“ဒါတွေက အမှန်တကယ်မဟုတ်ဘူး... ဒါတွေက အမှန်တကယ်မဟုတ်ဘူး...”

သူမ၏ စိတ်ထဲမှ တဖွဖွ ရေရွတ်နေမိ၏။ ထိုအချိန်တွင် သူမခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းတန်းများသည် စက်ဝိုင်းပုံသဏ္ဌာန်နှင့် ပေါ်ထွက်လာတော့၏။ ဝိညာဉ်စွမ်းအင်များသည်လည်း သူမပတ်ပတ်လည်တွင် စီးဆင်းနေပြီး သူမရှိနေသည့် တည်နေရာသည် စတင်ပြိုကွဲလာသည်။

သူမအနားရှိ ခရမ်းလမျိုးနွယ်စုဝင်များ၏ အပြုံးမျက်နှာများလည်း တဖြည်းဖြည်း မှုန်ဝါးလာပြီး နောက်ဆုံးတွင် လေထဲမှ မီးခိုးငွေ့များအလား ပျောက်ကွယ်သွားတော့သည်။ ရုတ်တရက်ဆိုသလို သူမ၏ ပတ်ဝန်းကျင်သည် အေးစက်ပြီး ဆိတ်ငြိမ်သွား၏။ သူမ အနားတွင် မည်သူမျှ မရှိတော့ပေ။

“ခရမ်းလ မျိုးနွယ်ကပျောက်ကွယ်သွားပြီလား..ဘာကြောင့် ပျောက်ကွယ်သွားရတာလဲ”

သူမ၏ စိတ်တွင် လက်တွေ့လား အိမ်မက်လားဟုသည့် ရှုပ်ထွေးမှုများစွာရှိနေပြီး သူမ၏ ရင်ဘက်မှ စူးနစ်မှုကို ခံစားလိုက်ရသည်။ ထိုအရာသည် ခရမ်းလမျိုးနွယ်ပျောက်ကွယ်သွားသောကြောင့်ပင်။ သူမ၏ စိတ်များသည် ပိုမိုရှုပ်ထွေးလာသည် ကျွမ်းဝင်မှုမရှိသည့် တည်နေရာတစ်သို့ကျရောက်နေသည့်အလားပင်။ ထိုအချိန်တွင် သူမ၏ လက်ထဲရှိ အနီရောင်ကျောက်စိမ်းပြားလေးကိုကြည့်ရင်း ရေရွတ်လိုက်မိ၏။

“ဆရာ..”

သူမသည် သတိလက်လွတ်ရေရွတ်လိုက်သည့်နောက်တွင် သူမ၏ မှတ်ဉာဏ်များသည် တသီတန်းကြီးပေါ်ထွက်လာခဲ့သည်။ သူမသည် ဟွမ်းကို သတိရသွားခဲ့လေ၏။

‘ငါပုံရိပ်ယောင်တစ်ခုထဲကို ကျရောက်သွားတာလား’

ထိုအချိန်၌ သူမ၏ စိတ်ဝိညာဉ်တွင် သက်တံ့ရောင်ကြာပန်း၏ လွှမ်းမိုးမှုစတင်လိုက်သည်။ သို့သော် သက်တံ့ရောင်ကြာပန်းသည် သူမစိတ်ဝိညာဉ်စ အနက်ရှိုင်းဆုံးနေရာမှ မှတ်ဉာဉ်များ ဖက်ရှုနေချိန်တွင် ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရ၏။

“ထွက်သွားစမ်း..”

“ခလွမ်း..”

ထိုအသံကြောင့်ပင် မှန်တစ်ချပ် ကွဲကြေသွားသည့် အသံပေါ်ထွက်လာပြီး သက်တံ့ရောင်ကြာပန်း၏ ပုံရိပ်ယောင်သည် ပြိုကွဲသွားခဲ့၏။ ထို့အပြင် ယွဲ့ဝူယောင်၏ မျက်ဝန်းများပွင့်ဟသွားပြီး မြင်ကွင်းတွင်လည်း ကြာပန်း နှစ်ခုကို တွေ့ရှိလိုက်၏။ ထိုကြာပန်းနှစ်ခုသည် သူမ၏ လက်အတွင်းပင်ရောက်ရှိနေပြီဖြစ်သည်။

ယွဲ့ဝူယောင်သည် ဖြစ်စဉ်တစ်ခုလုံးအား သုံးသပ်နေမိသွား၏။ သက်တံ့ရောင်ကြာပန်း၏ တန်ပြန်တုန့်ပြန်မှုကြောင့် သူမသည် ပုံရိပ်ယောင်အတွင်းကျရောက်သွားခဲ့ရသည်။ သူမသည် ခရမ်းလမျိုးနွယ်အကြောင်း တွေးကာ ဝမ်းနည်းသွား၏။ ခရမ်းလမျိုးနွယ်တွင် ခံစားခဲ့ရသည့် ပျော်ရွှင်မှုများသည် အစစ်မှန်များမဟုတ်ခဲ့ပေ။ ထိုအရာသည် သူမ၏ နှလုံးသားကို ဓားနှင့် အချက်ပေါင်းများစွာ ထိုးစိုက်ခံရသည့်အလား နာကျင်စေသည်။

သို့သော် သူမ၏ စိတ်တွင် ဟွမ်းဝင်ရောက်လာပြီး တည်ငြိမ်သွားသည်။ သက်တံ့ရောင်ကြာပန်း၏ ပုံရိပ်ယောင် တိုက်ခိုက်မှုသည် အလွန်ပင် သန်မာလွန်းပြီး ချိုးဖျတ်ရန် မလွယ်ကူချေ။ ယွဲ့ဝူယောင်ပင် ရုန်းထွက်ရန်မလွယ်ကူခဲ့ချေ။ သူမဆရာ၏ ကျောက်စိမ်းပြားသည် ပုံရိပ်ယောင်မှ ရုန်းထွက်နိုင်ရန် လမ်းစတစ်ခုဖြစ်ခဲ့၏။ သို့သော် တစ်ပိုင်းတစ်စသာ ရုန်းထွက်နိုင်ခဲ့ပြီး ဟွမ်း၏ ပုံရိပ်သည် သူမ၏ စိတ်အတွင်း အပြည့်အဝ ပေါ်ပေါက်လာချိန်တွင် ရုန်းထွက်နိုင်သွားခဲ့သည်။

‘ဆရာက ပုံရိပ်ယောင်တိုက်ခိုက်မှုတွေအထိပါ ဝင်ရောက်စွက်ဖက်နိုင်တာလား၊ ငါ့စိတ်ဝိဉာဉ်ထဲ ပေါ်ထွက်လာတာ ဆရာဆိုတာသေချာပေမဲ့၊ ဆရာနဲ့ မတူဘူးလို့ ဘာလို့ခံစားနေရတာလဲ’

ယွဲ့ဝူယောင်သည် ရှုပ်ထွေးသွား၏။ သို့သော် ဟွမ်းပေးအပ်ထားသည့် ကျောက်စိမ်းပြားလေးကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်ပြီး ထပ်မံမတွေးတော့ချေ။ သူမ၏ အေးစက်စက်မျက်နှာထက်တွင် မြင်ရခဲသည့် နူးညံ့သည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ နာကျင်မှုများနှင့် မျှော်လင့်ချက်များ ရောထွေးမနေတော့ပဲ အစစ်မှန်လောက်ကြီးထံ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။

သူမ၏ စိတ်တွင်ပိုမိုရှင်းလင်းလာ၏။ သူမဘက်တွင် မည်သူမျှ မရှိတော့လျှင်တောင် သူမ၏ ဆရာသည် ထာဝရတည်ရှိနေမည်ဟု တွေးထင်လိုက်သည်။ ထို့ကြောင့် သူမသည် အတိတ်ကိုရင်ဆိုင်ရန် မကြောက်ရွံ့နေတော့ချေ။ ထို့နောက် သူမ၏ အရှိန်အဝါကို ရုတ်သိမ်းကာ ပိုင်ကျန့်ယွီတို့ရှိရာသို့ ထွက်လာ၏။

“မိန်းကလေးယွဲ့..၊ သက်တံ့ရောင်ကြာပန်းကို ရခဲ့ပြီလား”

ချန့်ယန်ရှုသည် အလျင်စလိုမေးလိုက်၏။ ယွဲ့ဝူယောင်သည် သက်တံ့ရောင်ကြာပန်းကို ခူးဆွတ်ရန် အချိန်များစွာ မယူခဲ့ရပေ။ ထိုအရာက သူ့ကို အံ့အားသင့်သွားစေသည်။

ထို့နောက်ယွဲ့ဝူယောင်သည် ချန့်ယန်ရှုကို ပွင့်ချပ်တစ်ချပ်ပေးလိုက်၏။

ချန့်ယန်ရှုသည် စိတ်လှုပ်ရှားလွန်း၍ နှလုံးသားများ ခုန်ထွက်တော့မည့်အလားပင်။ တုန်တုန်ရီရီနှင့် လက်ခံလိုက်၏။

“ကျေးဇူးတင်ပါတယ်..”

“ကျေးဇူးတင်ဖို့မလိုအပ်ဘူး၊ ခင်ဗျားရပိုင်ခွင့်ကို ပေးရုံသပ်သပ်ပဲ”

ပိုင်ကျန့်ယွီသည် ဝင်ရောက်ပြောဆိုလိုက်၏။ သူတို့အတွက်တော့ ဝင်ရောက်ကူညီသည့်အတွင် ပြန်လည်ပေးအပ်လိုက်သည့် သဘောပင်။ သို့သော် ချန့်ယန်ရှုအတွက်တော့ မတူညီပေ။ ဤ ပွင့်ချပ်တစ်ခုသည် သူ၏ဘဝကို အပြောင်းလဲကြီး ပြောင်းလဲပေးနိုင်စွမ်းရှိသည်။

‘ငါက ရှဲ့လင်းချင်းတို့ကို ဝင်ပြီးကူညီခဲ့ရင် ဒီပွင့်ချပ်ရဖို့ မပြောနဲ့ ငါ့အသက်တောင် အာမခံချက် မရှိလောက်ဘူး’

ချန့်ယန်ရှုသည် အတွေးများ ဝင်လာပြီးနောက် ပိုင်ကျန့်ယွီကို မေးမြန်းရန်ပြုလိုက်၏။

“ရောင်းရင်းပိုင်၊ ဒါပြီးရင် ဘယ်ကို ဆက်သွားဖို့ စဉ်းစားထားလဲ”

“ကျုပ်တို့က ခေါင်းတလား ရှိတဲ့နေရာ”

ပိုင်ကျန့်ယွီသည် ဖုံးကွယ်ခြင်းမရှိ ဖြေလိုက်၏။ ချန့်ယန်ရှုသည် ပိုင်ကျန့်ယွီ၏ အဖြေကြောင့် တဒင်္ဂ အံ့ဩသွားသော်လည်း ‌သူ၏ ခေါင်းအသာယမ်းလိုက်ပြီး မေးလိုက်၏။

“ရောင်းရင်းပိုင်တို့က တည်နေရာသိပြီလား..”

“ခုမှ စုံစမ်းပြီး သွားမှာလေ..”

All Chapters