ရွှေရောင်သစ်ပင်ငယ်လေး
Vol. 11 Ch. 157
ပိုင်ကျန့်ယွီ၏ စကားကိုကြားလိုက်ရချိန်တွင် ချန့်ယန်ရှုသည် မျက်လုံးများတောက်ပသွားသည်။
“ကျုပ်မှာ တည်နေရာ မြေပုံရှိတယ် ကျုပ်တို့ အတူသွားလို့ရမလား”
ပိုင်ကျန့်ယွီသည် ယွဲ့ဝူယောင်ကို ကြည့်လိုက်သည်။
“ရောင်းရင်းချန့်နဲ့ ပူးပေါင်းမယ်လေ”
ယွဲ့ဝူယောင်သည် ခေါင်းညိတ်လိုက်ပြီး ချန့်ယန်ရှုကို ကြည့်ကာ ပြောလိုက်၏။ ချန့်ယန်ရှုထံတွင် တည်နေရာမြေပုံရှိနေခြင်းကြောင့် သူမတို့အတွက် အချိန်ကုန် သက်သာသွားပေမည်။ ထို့အပြင် ချန့်ယန်ရှုထံတွင် မကောင်းသည့်ရည်ရွယ်ချက်မရှိကြောင်း ခံစားမိသောကြောင့်ဖြစ်သည်။
ချန့်ယန်ရှုသည် ယွဲ့ဝူယောင်၏ အကြည့်ကြောင့် စိတ်လှုပ်ရှားသွားသည်။ ခဏတာ မှင်သက်သွားသော်လည်း ခေါင်းတလား၏ အကြောင်းအရာတစ်ချို့ကို ရှင်းပြလိုက်၏။ မဟုတ်လျှင် ပိုင်ကျန့်ယွီ၏ ဓားကို အထူအပါး စမ်းသပ်နေရမည်မှာ ကျိန်းသေပင်။
“ခေါင်းတလားက စစ်တလင်းပိတ်သိမ်း ခါနီးအချိန်မှ ပေါ်ထွက်လာတက်တာ၊ ဒါ့ကြောင့် တစ်ခြားရတနာကို ရှာဖို့ အချိန်အများကြီး ရသေးတယ်”
“ကျွန်မတို့အတွက် ရတနာတွေ မလိုအပ်ဘူး..”
ယွဲ့ဝူယောင်သည် ပြတ်ပြတ်သားသားပင် ပြောလိုက်၏။ ဟွမ်း၏ အမူအကျင့်များ ကူးစွဲသွားခဲ့သည်လားတော့ မပြောတက်ပေ။ ဤရတနာပင် သူမ၏ ဆရာ တာဝန်ပေးလိုက်သောကြောင့် ရအောင်ယူခဲ့ခြင်းဖြစ်သည်။ ချန့်ယန်ရှုပင် အံ့ဩသွား၏ ဤစစ်တလင်းသို့ လာရောက်ပြီး ရတနာမရှာချင်သည့် သူများကို ယခုမှပင် မြင်ဖူးလိုက်ရ၏။
တောင်တန်း တစ်ခုရှိ ရွှေရောင်များနှင့် တောက်ပနေသည့် သစ်ပင်ငယ် အနီးတွင် ကျင့်ကြံသူများသည် အသည်းအသန်ပင် တိုက်ခိုက်နေကြ၏။ ထိုတိုက်ပွဲများအတွင်းတွင် အနီရောင်မီးတောက်များနှင့် လွှမ်းမိုးထားသည့် လူငယ်တစ်ဦးလည်း ပါဝင်နေသည်။ သူ၏ဘေးတွင်လည်း အနီရောင်ကျားတစ်ကောင်သည် အတူတကွ တိုက်ပွဲဝင်နေ၏။
“ရောင်းရင်းလု ဒီလူတွေကို ကျုပ်နဲ့ လွှဲထားခဲ့ စီနီယာထိုက်တို့ကို သွားပြီးကူညီလိုက်”
ရှင်းဝမ်ကျဲသည် လူအုပ်တွင်း တိုက်ခိုက်နေသည့် လုရှင်းယန်ကို ပြောလိုက်၏။ ထိုအဖွဲ့တွင် နတ်ဘုရင်များစွာ ပါဝင်နေသည်။
“ကောင်းပြီ၊ ဒီနေရာကို ရောင်းရင်းရှင်းနဲ့ လွှဲခဲ့လိုက်မယ်၊ ချီဟူ ရောင်းရင်းရှင်းကို ကူညီလိုက်”
လုရှင်းယန်သည် ထိုသို့ ပြောပြီး ထိုက်ဟုန်ကျွင်းတို့ တိုက်ခိုက်နေသည့် တိုက်ပွဲ အတွင်းအလျှင်အမြန်ပြေးဝင်သွား၏။ ချီဟူသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း အဆင့်တစ်နတ်အင်ပါယာသားရဲ ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရင်အဆင့်ကျင့်ကြံသူများအား အေးအေးဆေးဆေး ထိန်းထားနိုင်သည်။
ချီမင်ယောင်သည် အဆင့်နှစ် တစ်ဦးနှင့် တိုက်ခိုက်နေပြီး ထိုက်ဟုန်ကျွင်းသည် အဆင့်တစ်သုံးဦးအား ထိန်းထားရ၏။ ထို့အပြင် နတ်ဘုရင်များစွာလည်း ပါဝင်နေသောကြောင့် သူတို့အတွက် ဖိအားများလွန်းနေသည်။ ထို့ကြောင့် လုရှင်းယန်အား နတ်ဘုရင်များကို အလျှင်အမြန် ရှင်းစေကာ သူတို့သည် နတ်အင်ပါယာများကို ထိန်းထားကြ ခြင်းဖြစ်၏။
သူတို့သည် နယ်မြေစွမ်းအင်ဗဟိုချက်ကို ရှာဖွေနေခဲ့ကြသည်။ သို့သော် ထိုအရာသည် ရှားပါးလွန်းပြီး ရှာတွေ့ရန် ခက်ခဲလာ၏။ စစ်တလင်းမှ ထွက်ခွာရမည့် အချိန်ပင် နီးကပ်လာခဲ့သည်။ သူတို့သည် လက်လျော့လုနီးပါးပင်ဖြစ်ခဲ့ရ၏။ သို့သော် တစ်နှစ်နီးပါး လှည့်လည် ရှာပြီးနောက်တွင် ဤတောင်တန်း သို့ရောက်ရှိလာခဲ့သည်။ ထို့နောက် သူတို့သည် ဤနေရာတွင်း ရောက်ရှိနေသည့် ကျင့်ကြံသူများ၏ စကားအရ တောင်တန်း၏ ယဇ်ပုလ္လင်တွင် နယ်မြေအဆီအနှစ်ရှိကြောင်း သိရှိလိုက်၏။
သို့သော် ကျို့သဲ့ဖန် ဆိုသည့် သက်လက်ပိုင်းအရွှယ်လူသည် လက်ဦးမှု ရရှိသွားပြီး သိမ်းဆည်းရန်ပြင်ဆင်နေခဲ့သည်။ ထိုလူသည် အဆင့်နှစ်တစ်ဦးဖြစ်ပြီး သိမ်းဆည်းလုဆဲဆဲ သောကြောင့် သူတို့သည် ရယူရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍သာ သူတို့သာ လက်ဦးမှုရရှိသွားလျှင်လည်း အခြားသူများက အလွတ်ပေးမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့သည်လည်း ထိုပိုင်ရှင်မဲ့ ပစ္စည်းအား ယူဆောင်ရန်ကြိုးစားလိုက်ကြသည်။
သို့သော် ကျို့သဲ့ဖန်တွင် နောက်လိုက်များစွာရှိနေပြီး အဆင့်တစ်ပင် သုံးဦးပါဝင်နေသည်။ လုရှင်းယန်၏ ဦးတည်ချက်သည် အဆင့်တစ်သုံးဦးထံတွင် မဟုတ်ချေ။ ချီမင်ယောင်နှင့် တိုက်ခိုက်နေသည့် ကျိုးသဲ့ဖန်ထံ ဦးတည်နေခြင်းဖြစ်သည်။
“ဝုန်း..”
သူ၏ ဖီးနစ်နှလုံးသားလှံနှင့် ကျန်းသဲ့ဖန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
“အစ်မမင်ယောင်..အဆင့်တစ်တွေကို အရင်ရှင်းလိုက် ကျုပ် ဒီလူ့ကို ထိန်းထားမယ်”
ချီမင်ယောင်သည် လုရှင်းယန်၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ ထို့ကြောင့် ထိုက်ဟုန်ကျွင်းနှင့် တိုက်ခိုက်နေသည့် အဆင့်တစ်သုံးဦးထံ ဦးတည်သွား၏။
“အဆင့်တစ်တစ်ယောက်က ငါ့ကို ထိန်းထားချင်တာလား.. အိမ်မက်မက်နေတာပဲ..”
ကျို့သဲ့ဖန်သည် ဒေါသထွက်စွာ ရေရွတ်လိုက်၏။ သူသည် ဒေါသမထွက်မှပင် အံ့ဩစရာကောင်းပေလိမ့်မည်။ သူသည် နယ်မြေအဆီအနှစ်ရှိသည့် သစ်ပင်ငယ်ကို ဦးစွာတွေ့ရှိခဲ့၏။ ထို့ကြောင့် သိမ်းဆည်းခါနီးတွင် လှံတစ်စင်းကျဆင်းလာခဲ့ပြီး ကြောက်စရာကောင်းသည့် တိုက်ပွဲကို ဆင်နွဲလိုက်ရ၏။ သူသည် အဆင့်နှစ် တစ်ဦး၊ အဆင်တစ်နှစ်ဦးနှင့် ဘုရင်တစ်ဦးသာ ပါရှိသည့် အဖွဲ့ကို ခက်ခက်ခဲခဲတိုက်ခိုက်နေရသည်။ ထို့အပြင် မောက်မာသည့် ပုံစံနှင့် အဆင့်တစ်သာရှိသေးသည့် ကျင့်ကြံသူသည် သူ့အား ထိန်းထားရန်ကြံရွယ်နေပြန်သည်။
“ဝုန်း..”
လုရှင်းယန်သည် သူ၏လှံနှင့် ကျို့သဲ့ဖန်အား ဖိအားပေးတိုက်ခိုက်နေသည်။ သို့သော် အဆင့်ကွာခြားချက်ကြောင့် ကြီးကြီးမားမား မသက်ရောက်ချေ။
ကျို့သဲ့ဖန်သည် လုရှင်းယန်၏ လှံချက်များကို အသာအယာပင် ရှောင်တိမ်းကာ ပြန်လည်တိုက်ခိုက်မှုများလုပ်လိုက်၏။
သူသည် စွမ်းအင် အလင်းတန်းများနှင့် ချက်ချင်းပစ်လွှတ်လိုက်သည်။ လုရှင်းယန်၏ မျက်ဝန်းများသည် လေးနက်သည့်အကြည့်များပေါ်ထွက်လာ၏။ ကျို့သဲ့ဖန်၏ စွမ်းအင်အလင်းတန်းများသည် သာမန် ခုခံရုံနှင့် တားဆီးနိုင်မည့် အရာများ မဟုတ်ချေ။
ထို့ကြောင့် လုရှင်းယန်သည် သူ၏ ငရဲကိုးဘုံမီးတောက်စွမ်းအင်ကို အဆုံးထိမြင့်တင်လိုက်၏။ အဆင့်နှစ်တစ်ဦး၏ စွမ်းအင်များသည် ရင်ဆိုင်ရမလွယ်ကူချေ။ ထို့အပြင် များပြားလှသည့် အလင်းတန်းများကြောင့် လုရှင်းယန်သည်ရှောင်တိမ်းရန်ပင်ခက်ခဲ၏။ ထို့နောက် တဟုန်ထိုးလာနေသည့် စွမ်းအင်အလင်းတန်းများကို ခုတ်ပိုင်းလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအင်များလည်းများစွာ သုံးစွဲနေရ၏။ ခက်ခက်ခဲခဲ တားဆီးလိုက်သော်လည်း သူခုခံနိုင်သည့် အနေအထားတွင်ရှိနေသေးသည်။
လုရှင်းယန်သည် ကျို့သဲ့ဖန်အား အနီးကပ်တိုက်လိုက်ရန်ကြိုးစားသော်လည်း ကျို့သဲ့ဖန်သည် အခွင့်အရေးမပေးချေ။ သူ၏ စွမ်းအင်အလင်းတန်းများနှင့်သာ ဆက်တိုက်ပစ်လွှတ်နေသည်။
‘စစ်တလင်းထဲက ထွက်ခွာဖို့ အချိန်ကနီးလာပြီ၊ ဒီကောင် တွေကို မြန်မြန် ဖြေရှင်းမှဖြစ်မယ်၊ မဟုတ်ရင်စွမ်းအားကောင်းတဲ့ လူတွေ ထပ်ရောက်လာမှာ စိုးရိမ်ရတယ်’
ကျို့သဲ့ဖန်သည် အချိန်ဆွဲ၍ တိုက်ခိုက်ရန် မဖြစ်တော့မှန်း သိရှိလိုက်သည်။ ထို့ကြောင့် သူသည် လုရှင်းယန်ကို အပြတ်ရှင်းရန်ကြံရွယ်လိုက်၏။
“ရွှီ..”
မီးခိုးကဲ့သို့ ခပ်မှိုင်းမှိုင်းအရောင်ရှိသည့် စွမ်းအင်များသည် သူ၏ အနီးတစ်ဝှိုက်တွင် ထွက်ပေါ်လာ၏။ သူသည် ထိုစွမ်းအင်များနှင့် ကြီးမားသည့် အတောင်ပံများနှင့် ငှက်ကြီးတစ်ကောင်အသွင် ဖန်တီးလိုက်၏။ ထို့နောက်လုရှင်းယန်ကို ဦးတည်ကာ တိုက်ခိုက်လိုက်သည်။
ချီမင်ယောင်သည် အဆင့်နှစ်ရောက်နေသည်မို့ အဆင့်တစ်များအား တိုက်ခိုက်ရန် မခက်ခဲပေ။ သူမသည် အဆင့်တစ်တစ်ဦးအား အဆုံးသတ်လိုက်ပြီးနောက် ထိုက်ဟုန်ကျွင်းသည် ရှင်းဝမ်ကျဲအား ကူညီလိုက်၏။ ထို့ကြောင့် ချီဟူသည် လုရှင်းယန်၏ ဝိညာဉ်ပင်လယ်အတွင်းသို့ အလျှင်အမြန် ဝင်ရောက်သွားခဲ့သည်။ တိုက်ပွဲသည် ရှုပ်ထွေးနေသော်လည်း အချိန်ကြာမြင့်ခြင်းမရှိသေးချေ။
လုရှင်းယန်သည် ချီဟူလည်း ရောက်ရှိလာပြီမို့ သူသည် သူ၏ နည်းစနည်ကို ထုတ်ဖော်လိုက်၏။ သူသည် ဤတစ်ကြိမ်တွင် ဖီးနစ်နှလုံးသားလှံ၏ စွမ်းအားကို အဓိက ထားကာ ထုတ်ဖော်လိုက်သည်။ ထို့အပြင် ဝိညာဉ်ပင်လယ်အတွင်းရှိ ချီဟူသည် မီးစွမ်းအင်များ အဆက်မပြတ်ထောက်ပံ့နေသောကြောင့် လှံတွင် တောက်လောင်နေသည့် ငရဲကိုးဘုံမီးတောက်သည် ပို၍ပြင်းထန်လာသည်။
စွမ်းအင်များစုစည်ပြီးချိန်တွင် သူ၏ ဦးခေါင်းထက်တွင် အနီရောင်မီးတောက်များနှင့် တောက်လောင်နေသည့် အနီရောင်ပုံရိပ်လှံကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မီးခိုးရောင်ငှက်ကြီးအား ဦးတည်ကာ ပစ်လွတ်လိုက်၏။
“ဝှီး..”
ကျို့သဲ့ဖန်၏ မီးခိုးရောင်ငှက်ကြီးသည် အစာကောက်သည့် စွန်ရဲတစ်ကောင်ကဲ့သို့ လျှင်မြန်သည့် အရှိန်နှုန်းနှင့် ဦးတည်လာနေပြီး လုရှင်းယန်၏ မီးလှံကြီးသည် ထိုစွန်ရဲကို သတ်ဖြတ်မည့် မြှားတစ်စင်းအလား တန်းတန်းမတ်မတ်ဦးတည်သွားသည်။
“ဝုန်း..”
ကောင်းကင် တစ်ခုလုံးပင် တုန်လှုပ်သွားသည့်အလား မြည်သံရှည်ကြီးထွက်ပေါ်လာသည်။ ထို့နောက်တွင် မီးခိုးရောင်ငှက်ကြီးနှင့် မီးလှံကြီးသည် တဖြေးဖြေးပျောက်သွား၏။ သို့သော် ထိုပေါက်ကွဲမှုအနီးတွင် ပုံရိပ်နှစ်ခုသည် အသည်းအသည် အားပြိုင်နေကြသည်။