← Chapters

အရိပ်တိမ်တိုက်ဂိုဏ်း

Vol. 11 Ch. 164

အရိပ်တိမ်တိုက်ဂိုဏ်း

Vol. 11 Ch. 164

လေဟာနယ်သင်္ဘောကြီးသည် အာကာသအတွင်း လျှင်မြန်သည့် အရှိန်နှင့် ရွှေ့လျားနေသည်။ ဝမ်မမုန့်ယွင်သည် ရှယီကုန်းမြေအား တိုက်ရိုက်မဝင်ရောက်စေလိုပေ။ အကြောင်းမှာ ဤလေဟာနယ်သင်္ဘောသည် ချီကျင်းဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်သည်။ ထို့အပြင် ချီကျင်းဂိုဏ်းရှိ ဘိုးဘေများသည် ချီလုံဟန် သေဆုံးသွားသည်ကို သိရှိလောက်ပြီးဖြစ်သည်။ လေဟာနယ်သင်္ဘောနှင့် ရှယီကုန်းမြေသို့ တိုက်ရိုက်ဝင်ရောက်ပါက ချီကျင်းဂိုဏ်းသည် ချက်ချင်းသတိထားမိသွားမည်ဖြစ်၏။ ထို့ကြောင့် ပြသနာများစွာ ဖြသ်ပေါ်လာနိုင်သည်။

ဝမ်မုန့်ယွင်လည်း အနည်းငယ် အခက်တွေ့နေ၏။ ချီလုံဟန်နှင့် ထျယ်ကျင်းတုန် သေဆုံးသော်လည်း သူမရှင်သန်နေခဲ့ခြင်းကို ထိုဂိုဏ်းနှစ်ခုသည် သံသယများစွာ ဝင်ရောက်ကြမည်ဖြစ်သည်။ သို့သော် သူမထံတွင် ဖြေရှင်းချက် အချို့ကို ကြိုတင် စဉ်းစားထားသော်လည်း အနည်းငယ်တော့ စိတ်ပူနေသေး၏။

“ဒါက အဆင့်သုံးကုန်းမြေလား..”

ချုးယွီဟွာသည် သူမ၏ မြင်လွှာတွင် ဝင်ရောက်လာသည့် ကုန်းမြေတစ်ခုကို ကြည့်ရင်းမေးလိုက်၏။

“ဒါက အဆင့်သုံးကုန်းမြေတစ်ခုရဲ့ ပိုင်နက်အတွင်းမှာရှိတဲ့လက်အောက်ခံနယ်မြေတစ်ခုပါ”

ဝမ်မုန့်ယွင်သည် အဆင့်သုံးကုန်းမြေ၏ အနေအထားကို ရှင်းပြလိုက်သည်။ အဆင့်သုံးကုန်းမြေသည် ကျီယွမ်ကုန်းမြေဖြစ်ပြီး ကျီယွမ်မဟာမိတ်အဖွဲ့သည် ထိန်းချုပ်ထား၏။ ကျီယွမ်ကုန်းမြေ၏ ပတ်ဝန်းကျင်တွင် ရှိသည့် ကုန်းမြေငယ်များသည် မဟာမိတ်အဖွဲ့၏ လက်အောက်ခံကုန်းမြေများအဖြစ်ရပ်တည်နေကြသည်။ ထိုကုန်းမြေငယ်များတွင် ရှယီကုန်းမြေလည်း ပါဝင်၏။

“အတော်ရှုပ်ထွေးတာပဲ..”

ဝမ်မုန့်ယွင်၏ ရှင်းပြမှုကို တိတ်တဆိတ်နားထောင်နေသည့် ဟွမ်းသည် တိုးလျစွာ မှတ်ချက်ပေးလိုက်၏။

ဝမ်မုန့်ယွင် “...”

‘ရှင်က အဆင့်သုံးကုန်းမြေ မရောက်ဖူးဘူးလား..’

ဝမ်မုန့်ယွင်သည် စွံအသွား၏။ ဟွမ်း၏ စွမ်းအားနှင့် ထျန်းယွမ်ကုန်းမြေမှ မွေးဖွားသူမဟုတ်မှန်း သူမ သိရှိလေသည်။ ထိုသို့လူသည် အဆင့်သုံးနယ်မြေသို့ မရောက်ဖူးသည်ကို ယုံနိုင်စရာမရှိပေ။

“စီနီယာအစ်ကို အဆင့်သုံးနယ်မြေကို မရောက်ဖူးဘူးလား”

ချုးယွီဟွာသည် အံ့ဩသွားကာ မေးလိုက်၏။

“အဆင့်သုံးကုန်းမြေတွေကိုတော့ ဖြတ်သွားဖြတ်လာလုပ်ဖူးတယ်၊ အတွင်းထဲတော့ မရောက်ဖူးဘူး”

ဟွမ်းသည် ခေါင်းခါယမ်းကာ ပြောလိုက်၏။ အဆင့်သုံးကုန်းမြေသည် သူအတွက် နိမ့်ကျသည့်ကုန်းမြေတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် သူသည် အလည်အပတ်နှင့်ပင် အဆင့်သုံးကုန်းမြေတွင်း မဝင်ရောက်ဖူးချေ။

“အကြီးအကဲက ဘယ်သူလဲ မေးလို့ရမလား..”

ဝမ်မုန့်ယွင်သည် ဟွမ်း၏ စကားကြောင့် သာမန်အစွမ်းထက်ကျင့်ကြံသူမဟုတ်မှန်းသိလိုက်ရသည်။ အစွမ်းထက်ကျင့်ကြံသူများသည် နိမ့်ကျသည့် ကုန်းမြေများတွင် သူတို့၏ ခွန်အားကို ပြသကာ နာမည်တစ်ခုတည်ဆောက်ကြ၏။ ထိုနောက်တွင် တဖြေးဖြေးကျော်ကြားလာပြီးချိန်တွင် အဆင့်မြင့်ကုန်းမြေများသို့ ဝင်ရောက်သွားတက်သည်။

“ဒါတွေက အရေးမကြီးတော့ပါဘူး..”

ဟွမ်းသည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။ သူ၏ အထောက်အထားကို ထုတ်ပြလျှင်ပင် အဆင့်သုံးနယ်မြေ၏ ကျင့်ကြံသူများ သိရှိကြမည်ဟု မထင်ထားပေ။ ထို့အပြင် အရေးမကြီးသောကြောင့်လည်း ပါဝင်၏။

ဝမ်မုန့်ယွင်သည် စိတ်ပျက်မှုကို ခံစားလိုက်ရသော်လည်း သူမ တက်နိုင်သည့်အရာမရှိပေ။ အထောက်အထားကို ထုတ်မပြောလိုသောကြောင့် ထပ်မံမေးမြန်းခြင်းမရှိတော့ချေ။

“ဒီနယ်မြေက ရှကျဲ့နယ်မြေလို့ခေါ်တယ်၊ ရှကျဲ့နယ်မြေကနေ ငါးရက်ခန့်လောက် ပျံသန်းသွားရင် ရှယီကုန်းမြေကို ရောက်ရှိသွားလိမ့်မယ်၊ လေဟာနယ် သင်္ဘောနဲ့ဆိုရင်တော့ နေ့ဝက်လောက်ပဲ ကြာလိမ့်မယ်”

ဝမ်မုန့်ယွင်သည် ရှကျဲ့နယ်မြေသို့ မဆင်းသက်ခင် လေဟာနယ်အား ကောင်းကင်ထက်တွင် သိမ်းဆည်းလိုက်သည်။ ထို့နောက် လေဟာနယ်သင်္ဘောအား လက်တစ်ဖဝါးစာလောက်အထိ ချုံ့လိုက်ပြီးနောက် ဟွမ်းကို ပေးအပ်လိုက်၏။

“အကြီးအကဲ ကျွန်မ ဒီမှာတင်နှုတ်ဆက်လိုက်လို့ရမလား..၊ ကျွန်မ ဂိုဏ်းကို တစ်နှစ်ကျော်လောက်ပစ်ထားခဲ့တာကြောင့် ပြန်ကြည့်ဖို့ လိုနေပါပြီ”

ဝမ်မုန့်ယွင်သည် တောင်းဆိုလိုက်၏။ ဟွမ်း၏ စွမ်းအားကို ကြောက်ရွံ့သောကြောင့် သူမ အလျင်စလို မပြုရဲချေ။

“ကောင်းပြီ..၊ ဘာအကြောင်းပဲရှိရှိ ထျန်းယွမ်ကုန်းမြေကို မပတ်သတ်စေနဲ့..”

ဟွမ်း ခွင့်ပြုကာ သတိပေးလိုက်၏။ ထိုအမျိုးသမီးကို ဆက်လက်ခေါ်ဆောင်ထားစရာ အကြောင်းမရှိပေ။ သို့သော် သူမတစ်ဦးတည်းသာ ရှယီကုန်းမြေကို ပြန်ရောက်လာသည့် အကြောင်းအရာများ ဖြေရှင်းရမည်ကို သိရှိနေ၏။ ထို့ကြောင့် ထျန်းယွမ်ကုန်းမြေကို ဆွဲမသွင်းရန် မှာကြားလိုက်ခြင်းဖြစ်သည်။

“စိတ်ချပါ အကြီးအကဲ..”

ဝမ်မုန့်ယွင်သည် ကတိပေးလိုက်ပြီးနောက် တပည့်မ နှစ်ဦးနှင့်အတူ ထွက်ခွာသွားတော့၏။

“အခုကစပြီး ထျန်းယွမ်ကုန်းမြေမှာ အသုံးပြုခဲ့တဲ့ သလင်းကျောက်တွေက အသုံးမဝင်တော့ဘူး၊ ဒါကြောင့် ငွေရေးကြေးရေးအတွက် ဝိညာဉ်ကျောက်တုံး လဲလှယ်ဖို့လိုတယ်”

ဟွမ်းသည် ငွေရေးကြေးရေးအတွက် ဆွေးနွေးလိုက်၏။

“ဒါဆို ကျုပ်တို့ ရှာထားတဲ့ သလင်းကျောက်တွေက အလကား ဖြစ်သွားပြီပေါ့..”

လုရှင်းယန်၏ မျက်နှာထက်တွင် စိတ်ပျက်မှုများအတိုင်းသား ပေါ်လွင်နေသည်။ သူတို့သည် ဆေးလုံးများ အသည်းအသန် ဖော်စပ်ကာ ရှာဖွေထားရသည့် သလင်းကျောက်များဖြစ်သည်။ သို့သော် အဆင့်သုံးနယ်မြေတွင် ထိုသလင်းကျောက်များသည် အသုံးမဝင်တော့ချေ။

‘ဒါကြောင့် ဆရာက သလင်းကျောက်တွေကို စုစောင်းထားဖို့ စိတ်ကူးမရှိတာများလား’

ပိုင်ကျန့်ယွီသည် ထိုသို့ အတွေးပေါ်လာခဲ့သည်။ သလင်းကျောက်များ မရှိလျှင် ကုန်းမြေအပြောင်းအလဲများတွင် ဆုံးရှုံးစရာလည်း မရှိတော့ချေ။

“အရင်ဆုံး သလင်းကျောက်နဲ့ ဝိညာဉ်ကျောက် လဲလို့ရတဲ့ နေရာရှိမလား ရှာကြည့်ရအောင်..”

ဟွမ်းသည် တပည့်များ စိတ်ဓာတ်ကျနေမှုကို ကြည့်ကာ နှစ်သိမ့်ရန်ကြိုးစားလိုက်သည်။ ငွေရေူကြေးရေးနှင့် ပတ်သတ်လျှင်တော့ သူသည် ဘာတစ်မျှမသိချေ။ ထို့ကြောင့် ဖြစ်နိုင်သည် ထင်သည့်အရာကို ပြောလိုက်ခြင်းဖြစ်၏။

ထို့နောက် တပည့်များနှင့် အတူ ရှကျဲ့နယ်မြေအတွင်း လှည့်လည်ကြည့်ရှုလိုက်ကြသည်။

ဝမ်မုန့်ယွင်သည် အရိပ်တိမ်တိုက်ဂိုဏ်းသို့ မြန်ဆန်သည့် အရှိန်နှင့် ဦးတည်နေသည်။ သူမသည် အရိပ်တိမ်တိုက်ဂိုဏ်းသို့ ရောက်ရှိရန် လေးရက်ကျော်ခန့်သာ အချိန်ယူခဲ့လိုက်ရ၏။ သို့သော် ဂိုဏ်းတွင်းသို့ ဆင်းသက်လိုက်ချိန်တွင် သူမ၏ မြင်ကွင်းကြောင့် ပြိုလဲလုမတက် ဖြစ်ကာ သွေးများပင် အန်ထုတ်လိုက်ရသည်။ ဝမ်ရွှမ်းနှင့် ဝမ်ရှီးသည်လည်း အလားတူပင်။

အကြောင်းမှာ အရိပ်တိမ်တိုက်ဂိုဏ်းတွင်း ဂိုဏ်းသူများစွာ သေဆုံးနေကြပြီး အဝတ်အစားများပင် မကပ်တော့ချေ။ ထို့အပြင် အရိပ်တိမ်တိုက်ဂိုဏ်းသည် အမျိုးသမီးများသာ လက်ခံသည့်ဂိုဏ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းသူများဖြစ်သည့် အမျိုးသမီးငယ်များသည် ရက်စက်သည့် နည်းလမ်းများနှင့် နင်းချေခံထားရဟန်ရှိသည်။ အရိပ်တိမ်တိုက်ဂိုဏ်း၏ အဆောက်အဦးများသည်လည်း ပျက်စီးယိုယွင်းနေပြီး အသက်ရှင်ကျန်ရစ်သည် ဂိုဏ်းသူများပင် မရှိတော့ချေ။

“ဘယ်သူလဲ.. ဘယ်သူ့ လက်ချက်လဲ”

ဝမ်မုန့်ယွင်သည် သူမ၏ နှုတ်ခမ်းမှသွေးများ ဆက်တိုက် ယိုစီးနေ၏။

“အား..”

သူမသည် နာနာကျင်ကျင် အော်ဟစ်လိုက်ကာ ရူးသွပ်သွားသည့် အမူအရာများ ထွက်ပေါ်လာသည်။

အရိပ်တိမ်တိုက်ဂိုဏ်းသည် သူမကိုယ်တိုင် တည်ထောင်ခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်သည်။ အနှစ်တစ်ရာဝန်းကျင်အတွင်း သူမ၏ စွမ်းအားကြောင့် ဂိုဏ်းသည် လျှင်လျှင်မြန်မြန်တိုးတက်ခဲ့၏။ ထိပ်တန်းဂိုဏ်းကြီးများကို မယှဉ်နိုင်သော်လည်း ရှယီကုန်းမြေ၏ လူငယ်မျိုးဆက်တွင် ဝမ်ရွှမ်းနှင့် ဝမ်ရှီးတို့နှစ်ဦးသည် ထိပ်တန်းဆယ်ဦးအတွင်း ဝင်ရောက်နိုင်သည်အထိ တိုးတက်လာခဲ့သည်။ ထိုသို့ တိုးတက်စေရန်အတွက်လည်း သူမသည် များစွာ ကြိုးစားအားထုတ်ခဲ့ရသည်။

အမျိုးသမီးတစ်ဦးအနေနှင့် ရှယီကုန်းမြေတွင် နေရာတစ်ခုရအောင် ရပ်တည်နိုင်ခဲ့သည်မှာ အလွန်ပင် ချီးကျုးစဖွယ်ကောင်းလှ၏။ သို့သော် တည်ထောင်ချိန်မှာ အနှစ်တစ်ရာခန့် သာရှိသေးသောကြောင့် ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် မခိုင်မာသေးချေ။

ဝမ်မုန့်ယွင်သည် သူမကြိုးစားတည်ဆောက်ခဲ့ရသည့် ဂိုဏ်းကို ဖျတ်ဆီးခဲ့ရုံမက ဂိုဏ်းသူများအေပါ် အရှက်မဲ့သည့် လုပ်ရပ်များပါ ပြုမှုခဲ့ကြသည်။ သူမ၏ နှလုံးသွေးများ ယိုစီးလာသည်ဟု ခံစားရသည်အထိ နာကျင်နေရ၏။ သူမ၏ တတွတ်တွတ် ရေရွတ်နေသည့် အသံသည် အားကုန်ခမ်းသွားသည့်အလား တဖြည်းဖြည်း တိုးလျှပျောက်ကွယ်သွားသည်။ သူမသည် ဒေါသများ ဖြေထုတ်လိုက်ချင်သော်လည်း အသက်မဲ့သည့် ခန္ဓာကိုယ်အလား မလှုပ်မယှက်နှင့် တောင့်တင်း နေ၏။

“ဆရာ..”

ဝမ်ရွှမ်းနှင့် ဝမ်ရှီးတို့၏ စိတ်လည်း အလဲလဲအပြိုပြိုဖြစ်နေ၏။ သို့သော် သူမတို့သည် သတိကပ်ပြီး ဝမ်မုန့်ယွင်ကို ထိန်းထားကြရသည်။ မဟုတ်လျှင် ဝမ်မုန့်ယွီ လဲကျသွားတော့မည်ဖြစ်၏။ သူမတို့ကိုယ်တိုင်လည်း တစ်ဆစ်ဆစ်နှင့် နာကျင်မှုကို ခံစားနေရသည်။

“သစ္စာဖောက်မ မင်းကိုစောင့်နေတာ..”

All Chapters