← Chapters

မုန်းတီးမှု

Vol. 11 Ch. 165

မုန်းတီးမှု

Vol. 11 Ch. 165

“ရှယီကုန်းမြေကို ပြန်လာရဲမယ်လို့ မထင်ထားခဲ့ဘူး၊ မင်းကို သတ်ဖို့ ငါတို့တကူးတကလိုက်ရှာစရာလိုတော့ဘူး”

ကောင်းကင်ထက်တွင် ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်များသည် သက်လက်ပိုင်းလူကြီးများအရွယ်ရှိပြီး တစ်ဦးသည် ချီကျင်းဂိုဏ်း၏ အကြီးအကဲချုပ် ကျင်းလုံမု ဖြစ်ပြီး အခြားတစ်ဦးမှာ ချီကျင်းဂိုဏ်း၏ ဒုတိယအကြီးအကဲ ချီကျောင်းယန် ဖြစ်သည်။ ‌နောက်ဆုံးတစ်ဦးသည် သွေးသံမဏိဂိုဏ်းချုပ် ကျားရှင်ထန် ဖြစ်ပြီး ထိုသုံးဦးသည် အဆင့်လေးများပင် ဖြစ်ကြ၏။

“ကျွန်မ ဂိုဏ်းကို ဖျတ်ဆီးတာ ရှင်တို့လား..”

ဝမ်မုန့်ယွင်သည် ကျင်းလုံမု၏ အသံကြောင့် အသိဝင်လာပြီးနောက် ဒေါသတကြီး မေးလိုက်၏။ သူမ၏ ဒေါသများသည် တဟုန်ထိုး တိုးထွက်လာခဲ့သည်။ ထို့နောက် သူမ၏ တပည့်နှစ်ဦးကို အသံပို့လွှတ်ကာ ဆိုလိုက်၏။

‘ဆရာစတိုက်တာနဲ့ မင်းတို့နှစ်ယောက် ချက်ချင်းထွက်ပြေးတော့’

ဝမ်ရွှမ်းနှင့် ဝမ်ရှီးသည် ငြင်းဆန်လိုသည့် အကြည့်နှင့် ကြည့်လိုက်ကြသည်။ ဝမ်မုန့်ယွင်သည် အဆင့်လေး သုံးဦးကိုအချိန်ကြာကြာတိုက်ခိုက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူမတို့နှစ်ဦးရှိနေလျှင် ထိုလူများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။ သို့သော် ထိုမိန်းကလေးများသည် ခေါင်းမာသည့်ဟန်ပင်။

“ငါ့တို့ဂိုဏ်းချုပ်တွေကို ပြင်ပကျင့်ကြံသူနဲ့ ပူပေါင်းပြီး သတ်ဖြတ်ခဲ့တဲ့အတွက် မင်းရဲ့ဂိုဏ်းရော မင်းရော ဖျတ်စီးခံသင့်တယ်”

ချီကျောင်းယန်သည် ဒေါသတကြီး တုန့်ပြန်လိုက်၏။ လွန်ခဲ့သည့်တစ်နှစ်က သူတို့ဂိုဏ်းနှစ်ခု၏ တပည့်များအပြင် ဂိုဏ်းချုပ်နှစ်ဦးပါ သေဆုံးသွားကြောင်း သိခဲ့ရသည်။ ထို့အပြင် ချီလုံဟန်သည် အစောပိုင်းကတည်းက ချီကျင်းဂိုဏ်းကို ဟွမ်းအကြောင်း အသိပေးရန်ပြင်ဆင်ထားခြင်းဖြစ်သည်။

သို့မှသာ ကျီယွမ်မဟာမိတ်ကို အကူအညီတောင်းကာ ဟွမ်းအားတိုက်ခိုက်နိုင်မည်ဖြစ်သည်။ဝမ်မုန့်ယွီ၏ စတင်တိုက်ခိုက်မှုသည် သူ မထင်မှတ်ထားသည့် အကြောင်းအရာဖြစ်၏။ သို့သော် သူမ၏ စတင်တိုက်ခိုက်လိုက်ချိန်တွင် ချီလုံဟန် အခွင့်ကောင်းရသွားကာ သတင်းပေးပို့သည့်အဆောင်ကို အသုံးပြုနိုင်ခဲ့သည်။ ထိုအကြောင်းအရာများတွင် ဝမ်မုန့်ယွီ၏ သစ္စာဖောက်မှုပါ ပါဝင်နေ၏။

ချီလုံဟန်သည် ကျီယွမ်မဟာမိတ်ရောက်သည် အထိ အချိန်ဆွဲထားနိုင်မည်ထင်ခဲ့သော်လည်း ဟေးယန်၏ မီးတောက်များအောက်တွင် မည်သို့မျှမတုန့်ပြန်နိုင်ပဲ သေဆုံးသွားခဲ့ရသည်။

ကျင်းလုံမုသည် ချီလုံဟန်၏ သတင်းပေးမှုအကြောင်းအရာ လအနည်းငယ်ကြာမှ ရရှိခဲ့သည်။ သူ၏ ဒေါသများ ပေါက်ကွဲထွက်သွား၏။ ထို့အပြင် လေဟာနယ်သင်္ဘော၏ ချိတ်ဆက်မှုပါ ပျောက်ကွယ်သွားသောကြောင့် ထျန်းယွမ်ကုန်းမြေ၏ တည်နေရာကို မရှာဖွေနိုင်တော့ချေ။ သူသည် သွေးသံမဏိဂိုဏ်းကိုပါ ထိုအချင်းအရာများကို ရှင်းပြခဲ့သည်။

တရားခံကို မရှာဖွေနိုင်သောကြောင့် ပြင်ပကျင့်ကြံသူနှင့် ပူးပေါင်းသည့် အရိပ်တိမ်တိုက်ဂိုဏ်းသည် သူတို့၏ ဒေါသများ ဖြေဖျောက်စရာ ဖြစ်လာ၏။ ထို့အပြင် အမျိုးသမီး များသာ ရှိသောကြောင့် သူတို့၏ ယုတ်မာမှုများသည် အတိုင်းထက်လွန်သွားခဲ့သည်။ သို့သော် ဝမ်မုန့်ယွင်ကို မသတ်ရမချင်း သူတို့၏ ဒေါသများ မပြေပျောက်နိုင်ပေ။

“သေစမ်း..”

ဝမ်မုန့်ယွင်သည် အဆုတ်ကွဲမတက်အော်ဟစ်ကာ စတင်တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

သူမသည် ကျင်းလုံမုကို ဦးတည်ကာ တိုက်ခိုက်လိုက်သော်လည်း ချီကျောင်းယန် သူမ၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။

“မိုက်မဲတဲ့ အမျိုးသမီးပဲ..”

ချီကျောင်းယန်သည် ခေါင်းခါယမ်းကာပြန်လည်တိုက်ခိုက်လိုက်သည်။

“ပုံရိပ်ယောင်စက်ဝန်း..”

ဝမ်မုန့်ယွင်သည် သူမ၏ ပုံရိပ်ယောင်တိုက်ခိုက်မှုအတွင်း ချီကျောင်းယန်ကို ဆွဲသွင်းလိုက်၏။

“မင်းက အဆင့်လေးတွေထဲမှာတောင် တော်တော်အားကောင်းနေပြီ”

ကျားရှင်းထန်သည် ဝမ်မုန့်ယွင် တိုက်ခိုက်မှုများကို ကြည့်ကာ မှတ်ချက်ပေးကာ ဆိုးယုတ်စွာပြောဆိုလိုက်သည်။

“ဒါပေမဲ့ ငါတို့ဂိုဏ်းချုပ်နဲ့ တပည့်တွေကို သေဆုံးစေခဲ့တဲ့အတွက် မင်းကို ဆိုးရွှားတဲ့ ငရဲကို ပို့ပေးမယ်၊ စိတ်မပူနဲ့ မင်းကို မသတ်ဖို့စဉ်းစားထားတယ်၊ ဒါမှ ဂိုဏ်းတပည့်တွေ တစ်သတ်လုံးပျော်ပါးလို့ရမှာ ဟားဟား..”

“သေစမ်း..”

ဝမ်မုန့်ယွင်သည် ပုံရိပ်ယောင် စွမ်းအင်လှိုင်းများကို ကြမ်းကြမ်းတမ်းတမ်း ပစ်လွှတ်လိုက်သည်။ ထိုလှိုင်းများသည် နူးညံ့သည်ဟု ထင်ရသော်လည်း ထိမှန်သွားပါကာ သူတို့၏ စိတ်ဝိညာဉ်များသည် ပုံရိပ်ယောင်များတွင် ကျဆင်းသွားမည်ဖြစ်သည်။ သို့သော် ကျားရှင်းထန်သည် အသာယာပင် ရှောင်တိမ်းကာ သူ၏ လက်ဝါးနှင့် ဝမ်မုန့်ယွင်ကို ရိုက်ရန်ကြံရွယ်လိုက်သည်။

“ရွှီး..”

ကျားရှင်းထန်သည် ဝမ်မုန့်ယွင်ကို ရိုက်မိသွားပြီဟု အပိုင်တွက်လိုက်၏။ သို့သော် ထိမိသွားချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် အလင်းလှိုင်းများအဖြစ်ပြောင်းလဲကာ ပြိုကွဲသွားသည်။

“ပုံရိပ်ယောင်လား..”

“ဝုန်း..”

ကျားရှင်းထန်သည် ထိုသို့ တွေးမိချိန်တွင် ဝမ်မုန့်ယွင်သည် သူ၏ နောက်မှ ပေါ်လာခဲ့ပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်လိုက်သည်။ ထို့နောက် သူမသည် ‘ပုံရိပ်‌ယောင်စက်ဝန်း’ တိုက်ခိုက်မှုကို ထပ်မံ ပြုလုပ်လိုက်၏။ သို့သော် ကျားရှင်းထန်သည် ချက်ချင်း ထိုပုံရိပ်များကို ဖြိုခွဲလိုက်သည်။

“ဝုန်း..”

တစ်ဖက်ရှိ ချီကျောင်းယန်သည် ပုံရိပ်ယောင်စက်ဝန်းကို ဖျတ်စီးလိုက်သည်။ သို့သော် ထိုအချိန်တွင် ပြေပြစ်သွယ်လျသည့် လက်ဖဝါးနှစ်ခုသည် သူထံ တန်းတန်းမက်မက်လာနေခဲ့သည်။ ထို့ကြောင့် သူသည် ချက်ချင်း ခုခံလိုက်၏။

“ပုံရိပ်ယောင်တွေလား”

ချီကျောင်းယန်သည် သူ့ရှေ့ရှိ ဝမ်မုန့်ယွင်နှင့် တူညီနေသည် မိန်းကလေးနှစ်ဦးကိုကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ ဝမ်မုန့်ယွင်၏ ပုံရိပ်ယောင်များသာဖြစ်သော်လည်း တိုက်ခိုက်မှုနှုန်းသည် ဝမ်မုန့်ယွင်နီးနီး အားကောင်းလွန်းသည်။ ထိုသို့ ပုံရိပ်ယောင်နှစ်ခုကို ချီကျောင်းယန်သည် ခုခံနေရခြင်းဖြစ်၏။

တစ်ဖက်ရှိ ကျားရှင်းထန်လည်း အလားတူ ပုံရိပ်ယောင် နှစ်ခုနှင့် တိုက်ခိုက်နေရသည်။ နှစ်ယောက်တစ်ယောင် တိုက်ခိုက်နေသော်လည်း ပုံရိပ်ယောင်လေးခုနှင့် ဝမ်မုန့်ယွင်ကပင် တိုက်ပွဲကို လွှမ်းမိုးထားသည်။

“မြန်မြန် အဆုံးသတ်ရမယ်..”

ကျင်းလုံမုသည် ကောင်းကင်ထက်မှ ဝမ်မုန့်ယွင်၏ ပုံရိပ်လေးခုကိုကြည့်ကာ ခန္ဓာကိုယ်အစစ်ကို ရှာဖွေနေသည်။

“မင်းကို တွေ့ပြီ..”

ကျင်းလုံမုသည် မျက်မှောင်ကြုတ်သွားကာ ကျားရှင်းထန်နှင့် တိုက်ခိုက်နေသည့် ဝမ်မုန့်ယွင်၏ ပုံရိပ်ယောင်တစ်ခုထံ ဦးတည်သွား၏။ ထို့နောက် စွမ်းအင်လက်သီးနှင့် ထိုးနှက်လိုက်သည်။

“ဝုန်း..”

“ရွှမ်းအာ.. ရှီးအာ..”

ဝမ်မုန့်ယွင်သည် လွင့်စင်သွားသည် ဝမ်ရွှမ်းနှင့် ဝမ်ရှီးကို ကြည့်ကာ ထိတ်လန့်သွားသည်။ သူမသည် ပုံရိပ်ယောင်များနှင့် ရောယှက်၍ ကျားရှင်းထန်ကို တိုက်ခိုက်နေခြင်းဖြစ်၏။ ဝမ်မုန့်ယွင်၏ ခန္ဓာကိုယ်အစစ်ကို ကျင်းလုံမုသည် သတိထားမိသွားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဝမ်ရွှမ်းနှင့် ဝမ်ရှီးသည် ကျင်းလုံမု၏ လက်သီးချက်ကို ဝင်ရောက်တားဆီးပေးခဲ့ကြသည်။ သို့သော် အင်အားချင်းအဆမတန်ကွာခြားမှုကြောင့် သူမတို့သည် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။

ဝမ်မုန့်ယွင်သည် ထိုအဖြစ်အပျက်ကြောင့် တစ်ခဏသတိလွတ်သွားသည်ကို ကျားရှင်းထန်သည် အခွင့်ကောင်းယူလိုက်ကာ ထိုးနှက်လိုက်၏။ ကျားရှင်းထန်သည် ဝမ်မုန့်ယွင်၏ ဝမ်းဗိုက်ကို လက်ဝါးဖြင့် ရိုက်လိုက်လေသည်။

“အာ့..”

ထိုသို့ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ဝမ်မုန့်ယွင်လည်း အဝေးသို့ လွင့်စင်သွား၏။

“ရှင်တို့ကို ခွင့်မလွှတ်ဘူး..”

သူမသည် နာကျင်စွာ ထလာပြီး ထိုသုံးဦးအား နာကျည်း မုန်းတီးစွာကြည့်လိုက်မိ၏။ သူမ၏ မျက်ဝန်းများတွင် ထိုသုံးဦးအား သတ်ဖြတ်ချင်စိတ်များပေါ်ထွက်နေသော်လည်း သူမ၏ ခွန်အားက ခွင့်မပြုခဲ့ချေ။ ထို့နောက် သူမသည် တပည့်နှစ်ဦးကို အလျှင်မြန် သယ်ဆောင်ကာ ထွက်ပြေးရန် ကြံစည်လိုက်သည်။ လက်ရှိ သူမသည် ထိုသုံးဦးကို အနိုင်မယူနိုင်ပေ။ ထို့အပြင် တပည့်နှစ်ဦးသည်လည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရှိနေပြီဖြစ်သည်။

“ဆရာ..၊ တပည့်တို့ကို ထားခဲ့..”

ဝမ်ရွှမ်းသည် အားနည်းစွာပြောလိုက်၏။ သူမတို့သာ မပါလျှင် ဝမ်မုန့်ယွင်သည် ထိုလူများလက်မှ လွှတ်မြောက်နိုင်စွမ်းရှိပေသည်။ ထို့ကြောင့် သူမတို့၏ ဆရာအား လွတ်မြောက်စေချင်သည်။

“ဒီလိုယုတ်မာတဲ့ လူတွေလက်ထဲ မင်းတို့ကို ထားခဲ့နိုင်မယ်ထင်လို့လား..”

ဝမ်မုန့်ယွင်သည် သူမ၏ ကျန်ရှိသည့် တပည့်နှစ်ဦးကို ထိုလူများလက်ထံ မကျရောက်လိုပေ။ ထို့ကြောင့် သူမ၏ စွမ်းအင်များစွာသုံးကာ တပည့်နှစ်ဦးပါ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“မင်း ဒီနေ့ လွှတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ကျင်းလုံမုသည် ထွက်ပြေးသွားသည့် ဝမ်မုန့်ယွင်ကို ကြည့်ကာအေးစက်စက်ရေရွတ်လိုက်၏။ သူ၏ မျက်နှာထက်တွင် အပြုံးများပေါ်ထွက်နေသည်။ သို့သော် ထိုအပြုံးများသည် ဆိုးယုတ်ဟန်ရှိ၏။

All Chapters