← Chapters

သားရဲထိန်းချုပ်ခြင်းဘုံသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ ကျင့်ကြံသူကျုံးအား နောက်ဆုံးတွင် သတ်ပစ်ခြင်း

Vol. 24 Ch. 327

သားရဲထိန်းချုပ်ခြင်းဘုံသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ ကျင့်ကြံသူကျုံးအား နောက်ဆုံးတွင် သတ်ပစ်ခြင်း

Vol. 24 Ch. 327

"နောက်ပြီးတော့ သူတို့ ကြိုးကိုင်လိုက်တဲ့ ကမ္ဘာက ဒီက သားရဲထိန်းချုပ်ခြင်းဘုံပဲ ဖြစ်လောက်တယ်"

စုရှင်းက သက်ပြင်းချလိုက်သည်။

အရေအတွက်ရော အချိန်ကာလရောပါ တိုက်ဆိုင်နေသည်။

ထိုအချက်သည် နှစ်ဆယ့်ငါးနှစ်မြောက်တွင် လာသည့် ကြီးကျယ်ခမ်းနားသော နတ်ဆိုးသားရဲများ၏ တပ်ကြီးသည် သားရဲထိန်းချုပ်ခြင်းဘုံမှ လာခြင်းဖြစ်ကြောင်း စုရှင်းကို သေချာစေသည်။

"တကယ်ပါပဲ...တိုင်းတစ်ပါးမျိုးနွယ်တွေက စစ်ပွဲတွေကို အမြဲတမ်း တစ်ပြိုင်နက် လုပ်နေတာပဲ"

"တိုင်းတစ်ပါး မျိုးနွယ်တွေနဲ့ စစ်တိုက်နေတဲ့ ငါတို့ရဲ့ နတ်ဆိုးနှိမ်နှင်းရေး စခန်း စစ်မြေပြင်က အစိတ်အပိုင်း သေးသေးလေးပဲ ဖြစ်မယ်ထင်တယ်"

"အစွမ်းထက်တဲ့ ကမ္ဘာတစ်ခုကို ချိုးဖောက်ပြီးတာနဲ့ တိုင်းတစ်ပါး မျိုးနွယ်တွေရဲ့ စစ်တပ်တွေက တခြားကမ္ဘာတွေကို ကျူးကျော်ဖို့ အတွက် သူတို့ရဲ့ အင်အားစုတွေကို ပြောင်းရွှေ့ပြီး အရှိန်မြှင့်တင်နိုင်တယ်"

စုရှင်းသည် သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူ့ကို အများဆုံး စိုးရိမ်ပူပန်စေသည်က ထိုအရာ မဟုတ်ပေ။

ထိုအစား... သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ကြီးကျယ်ခမ်းနားသောသူများကို သတ်နိုင်သည့် နတ်ဆိုးမျိုးနွယ်မှ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့ဝင်၊ ဘုရင်အဆင့် အင်အားကြီး သတ္တဝါသာ ဖြစ်သည်။

"ဒီလို စွမ်းအင်မျိုး ပိုင်ဆိုင်ဖို့ဆိုရင် အနည်းဆုံး နတ်သူတော်စင် အဆင့်တော့ ဖြစ်ရမယ်"

"နတ်ဆိုး သူတော်စင်လား"

ထိုအရာကို တွေးမိသောအခါ စုရှင်း၏ မျက်နှာသည် မှုန်မှိုင်းသွားသည်။

"အခြေအနေက အဆိုးဆုံး လမ်းကြောင်းကို ဦးတည်နေတယ်"

စုရှင်း အရင်က မှန်းဆခဲ့သလိုပင် နတ်ဆိုးမျိုးနွယ်များတွင် ပို၍ အစွမ်းထက်သော အင်အားများ ရှိနေသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။

၎င်းတို့အတွက်မူ အချို့သော ကမ္ဘာများကို ယခုကဲ့သို့ အင်အားများ မလိုအပ်ဘဲ သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

တနည်းပြောရလျှင်... ကမ္ဘာတစ်ခုလုံး၏ စုပေါင်းစွမ်းအားသည် နတ်ဆိုးမျိုးနွယ်များ အတွက် အလေးအနက် ထားရလောက်သည့် ပမာဏ မဟုတ်ပေ။

"ဒါပေမဲ့ ဘာလို့ နတ်ဆိုး သူတော်စင်က သားရဲထိန်းချုပ်ခြင်းဘုံကို တစ်ခါတည်း သုတ်သင်ရှင်းလင်းပစ်ဖို့ မလှုပ်ရှားခဲ့တာလဲ"

"သူတို့က တခြားနေရာမှာ အလုပ်များနေလို့လား... ဒါမှမဟုတ် တခြား လျှို့ဝှက်ကိစ္စတွေ ရှိနေလို့လား"

စုရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ လက်ရှိရရှိနိုင်သော သတင်းအချက်အလက်သည် မများသေးပေ။

သို့သော်လည်း သူသေချာသိသည်မှာ ကြယ်ပြာပေါ်တွင် တိုင်းတစ်ပါး မျိုးနွယ်များကို တိုက်ခိုက်ရန် စစ်မှန်သည့် အင်အားစုတစ်ရပ် ပေါ်ပေါက်လာသော လက္ခဏာများ ရှိလာပါက ၎င်းသည် တစ်ခါတည်း အမြစ်ပြတ် တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။

"ငါ ထုတ်ဖော်မခံရတာ ကံကောင်းတယ်... မဟုတ်ရင် တိုင်းတစ်ပါးမျိုးနွယ်တွေရဲ့ အာရုံစိုက်မှုကိုသာ ဆွဲဆောင်မိခဲ့ရင် သေရေးရှင်ရေး ကိစ္စ ဖြစ်သွားလိမ့်မယ်"

စုရှင်းသည် သက်ပြင်းချလိုက်ပြီးနောက် သားရဲထိန်းချုပ်ခြင်းဘုံ၏ တည်နေရာကို ရယူရန် ပြင်ဆင်လိုက်သည်။

"မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို တစ်နာရီကြာအောင် လုပ်ဆောင်မယ်"

[ဒင်]

လက်တွေ့ကမ္ဘာတွင် စက္ကန့်အနည်းငယ် ကြာပြီးနောက် စုရှင်း၏ အသိစိတ်သည် မူလနေရာသို့ ပြန်ရောက်လာသည်။

တစ်ချိန်တည်းမှာပင် စုရှင်းသည် သားရဲထိန်းချုပ်ခြင်းဘုံ၏ တည်နေရာကို ရရှိလိုက်သည်။

"ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေ၊ တိုင်းတစ်ပါး မျိုးနွယ်တွေရဲ့ လျှို့ဝှက်ချက်တွေ... ငါ ပိုပြီး နီးစပ်လာနေပုံဘဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီသရုပ်ပြခြင်းကို အရင်ဆုံး ပြီးအောင် လုပ်ရအောင်"

စုရှင်းသည် သက်ပြင်းချလိုက်ပြီး သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ ကြည့်လိုက်သည်။

[ကြယ်ပြာသို့ ပြန်ရောက်ပြီးနောက် နတ်ဆိုးမျိုးနွယ်များ၏ ကြီးကျယ်ခမ်းနားသော စစ်တပ်သည် နတ်ဆိုးနှိမ်နှင်းရေး စခန်းအား တိုက်ခိုက်နေသည့် သတင်းကို သင် လျင်မြန်စွာ ရရှိလိုက်သည်။]

[တိုက်ခိုက်မှုသည် ပြီးခဲ့သည့် တစ်လအကြာက ဖြစ်ပွားခဲ့ပြီး ခုချိန်တွင် နတ်ဆိုးနှိမ်နှင်းရေး စခန်းသည် ပျက်စီးသွားပြီ ဖြစ်သည်။ လူသားမျိုးနွယ်၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများ အားလုံးနီးပါးလည်း သေဆုံးကုန်သည်...]

[ထိုသတင်းကို ကြားပြီးနောက် နတ်ဆိုးမျိုးနွယ်၏ စစ်တပ်နှင့် သားရဲထိန်းချုပ်ခြင်းဘုံကို ကျူးကျော်ခဲ့သူများသည် တစ်ဖွဲ့တည်း ဖြစ်သည်ဟူသော သင်၏ ယုံကြည်ချက်သည် ပို၍ ခိုင်မာလာသည်။]

[လအနည်းငယ် ကြာပြီးနောက် ကောင်းကင်ကို ဖုံးအုပ်ထားသော ဧရာမ သားရဲကြီး တစ်ကောင်သည် ကြယ်ပြာပေါ်သို့ ကျရောက်လာပြီး တစ်ခုလုံးကို မျိုချလိုက်သည်]

[သင်သည် သားရဲကြီးရဲ့ ဝမ်းဗိုက်အတွင်းသို့ မျိုချခြင်း ခံလိုက်ရသည်။ သင့်ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်...]

[သင်၏ ကာကွယ်ရေး ဂန်ချီကို ထိန်းထားရင်း ကမ္ဘာ အပိုင်းအစများကြားမှ ထိခိုက်မှုများကို သင် တောင့်ခံနိုင်ခဲ့သည်။ သို့သော်လည်း အာကာသ အက်ကွဲကြောင်းများ၏ ဖရိုဖရဲဖြစ်မှုကြားတွင် သင် သေဆုံးသွားသည်...]

[သင့် နတ်အာရုံသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်...]

[သင် သေဆုံးသွားပြီ။]

[ဒင်...သရုပ်ပြခြင်း ပြီးဆုံးသွားပါပြီ။]

သရုပ်ပြခြင်း ကုန်ဆုံးသွားပြီးနောက် စုရှင်းသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

တကယ်ပင်...အချိန်ကာလသည် အပြည့်အဝ တိုက်ဆိုင်နေသည်။

"နောက်ဆိုရင် ငါ ပိုပြီး သတိထားဖို့ လိုအပ်တယ်... ငါ့ရဲ့ ကိုယ်ပွားကို ဘယ်လိုနည်းနဲ့မှ ထုတ်ဖော်လို့ မရဘူး၊ မဟုတ်ရင် ငါ့ကို လုပ်ကြံဖို့ ပိုပြီး အစွမ်းထက်တဲ့ ရန်သူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်"

လက်ရှိတွင် သူ့စွမ်းရည်များကို ယုံကြည်သော စုရှင်းသည် သာမန် လုပ်ကြံမှုများကို မကြောက်တော့ပေ။

သို့သော် ရိုးရှင်းသော လက်ဟန်ခြေဟန်ဖြင့်ပင် စစ်ဘုရင်အဆင့် ပညာရှင်များကို သတ်နိုင်သည့် တိုင်းတစ်ပါး အင်အားကြီး သတ္တဝါနှင့် ရင်ဆိုင်ရပါက စုရှင်းသည် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

ထိုအရာကို တွေးပြီးနောက် သူ၏ စွမ်းရည်များကို တိုးတက်စေလိုသော စိတ်ဆန္ဒသည် ပိုမို ပြင်းထန်လာသည်။

"နောက်ဆုံးတော့ အားလုံးက စွမ်းရည်အကြောင်းပဲ... ငါသာ လုံလောက်အောင် အစွမ်းထက်မယ်ဆိုရင် ဒီလို အခြေအနေမျိုး ရောက်မှာ မဟုတ်ဘူး"

"ကောင်းပြီ... ငါ့ရဲ့ လက်ရှိ အခြေအနေကတော့ အတော်လေး ဘေးကင်းနေသေးတယ်၊ ဒါကြောင့် တစ်ဆင့်ချင်းစီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရအောင်"

စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း၏ ဆုလာဘ်များဆီသို့ ရောက်ရှိသွားသည်။

[ပျော်ရွှင်စွာ အာရုံလွဲခြင်း] - ခရမ်းရောင် စွမ်းရည်၊ စွမ်းအင် ၁ သန်း ကုန်ကျမည်။

[အနှစ် ၂၀ ဆေးဖော်စပ်ခြင်း အတွေ့အကြုံ] - လဲလှယ်ပါက ဆေးဖော်စပ်ခြင်း နားလည်မှုကို အနည်းငယ် တိုးတက်စေမည်။ စွမ်းအင် ၂ သန်း ကုန်ကျမည်။

[အစီအရင် ပညာရပ်ကို နိဒါန်းပျိုးခြင်း] - မီးစုစည်းမှု အစီအရင်၊ ဖုံးကွယ်ခြင်း အစီအရင်၊ ရေစုစည်းမှု အစီအရင်ကဲ့သို့ အမျိုးမျိုးသော ဖွဲ့စည်းပုံ အစီအရင်များအား ဖွဲ့စည်းခြင်း အပြင် နိယာမများကို ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်မည်။ ဝိညာဉ်စုစည်းမှု အစီအရင် ဖွဲ့စည်းခြင်းတွင် အသေးစားအောင်မြင်မှုများ၏ ထိပ်သို့ ရောက်ရှိမည်။ ပေါင်းစပ်အစီအရင်များကို ဖွဲ့စည်းရန် လုံလောက်မည်။ ပေါင်းစပ်အစီအရင် ဆယ်မျိုးကို လေ့လာပြီးနောက် အစီအရင်ပညာရပ်တွင် အသေးစားအောင်မြင်မှုသို့ ရောက်ရှိမည်။ စွမ်းအင် သန်း ၂၀ ကုန်ကျပါမည်။

[ရင့်မှည့်သော ဝိညာဉ်ပန်းများ (အပင် ၇,၀၀၀)၊ ဝိညာဉ်ပန်း မျိုးစေ့များ (အစေ့ ၃,၀၀၀)] - စွမ်းအင် ၇ ဘီလီယံ ၃၀ သန်း ကုန်ကျမည်။

[အဆင့်နိမ့် ဝိညာဉ်အရည် ပုလင်း၂ သန်း] - စွမ်းအင် သန်း ၂၀၀ ကုန်ကျမည်။

စုရှင်းသည် ဤသရုပ်ပြခြင်းထဲရှိ စွမ်းရည်အား ဦးဆုံး ပယ်လိုက်သည်။

ပျော်ရွှင်စွာ အာရုံလွဲခြင်းသည် ဤသရုပ်ပြခြင်း၌ အမှန်တကယ် အကျိုးသက်ရောက်မှု ရှိခဲ့ပါသည်။

၎င်းသည် စုရှင်းအား ဝိညာဉ်ပန်းများ စိုက်ပျိုးရာတွင် နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ပေးခဲ့သည်။

သို့သော်လည်း စုရှင်းတွင် "မယိမ်းမယိုင်ဘဲ ခံနိုင်ရည်ရှိခြင်း" စွမ်းရည် ရှိပြီးဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုသည် "ပျော်ရွှင်စွာ အာရုံလွဲခြင်း" ထက် ပိုကောင်းသဖြင့် ထပ်မံရွေးချယ်ရန် မလိုအပ်ပေ။

"အဆင့်နိမ့် ဝိညာဉ်အရည် ၂ သန်းကတော့..."

စုရှင်းသည် အနည်းငယ် ခေါင်းခါလိုက်သည်။

ဝိညာဉ်အရည်အား ရွေးချယ်ခြင်းသည် အမြင်ကျဉ်းမြောင်းမှုသာ ဖြစ်ကြောင်း သူသိသည်။

သူသာ ဝိညာဉ်ပန်းများနှင့် အစီအရင်ပညာရပ်အား နားလည်သဘောပေါက်မှု နှစ်ခုလုံးကို ရွေးချယ်နိုင်ခဲ့မည်ဆိုရင် ဝိညာဉ်အရည်များကို ပိုမိုရရှိရန် အတွက် ဘယ်အတွက်ကြောင့် စိုးရိမ်နေရမည်နည်း။

၎င်းသည် ရေရှည်စီမံကိန်း ဖြစ်သည်။

"ငါ ဝိညာဉ်ပန်းတွေကို ထုတ်ယူမယ်... အစီအရင်ပညာရပ် နိဒါန်းပျိုးခြင်းကိုလည်း ထုတ်ယူမယ်"

စုရှင်း၏ စကားသံ ဆုံးသွားသည်နှင့် သရုပ်ပြစက်၏ သတိပေးသံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။

[သင့်အနေဖြင့် ရင့်မှည့်သော ဝိညာဉ်ပန်းများ (အပင် ၇,၀၀၀)၊ ဝိညာဉ်ပန်းမျိုးစေ့များ (အစေ့ ၃,၀၀၀) ကို အောင်မြင်စွာ ထုတ်ယူလိုက်ပါပြီ။ စွမ်းအင် ၇ ဘီလီယံ ၃၀ သန်း ကုန်ကျသွားပါပြီ။ ကျန်ရှိသော စွမ်းအင်အမှတ်: ၅ ဘီလီယံ ၁၂.၃၆ သန်း]

[သင့်အနေဖြင့် အစီအရင်ပညာရပ်အား နိဒါန်းပျိုးခြင်းကို အောင်မြင်စွာ ထုတ်ယူလိုက်ပါပြီ။ စွမ်းအင် သန်း ၂၀ ကုန်ကျသွားပါပြီ။ ကျန်ရှိသော စွမ်းအင်အမှတ်: ၄ ဘီလီယံ ၉၂.၃၆ သန်း]

အသိပေးသံ ဆုံးသွားသည်နှင့် စုရှင်း၏ သရုပ်ပြခြင်း စွမ်းအင်သည် များစွာ လျော့နည်းသွားသည်။

သို့သော်လည်း သူ၏ စိတ်ထဲတွင် မှတ်ဉာဏ် အပိုင်းအစများစွာသည် ရုတ်တရက် ရောက်ရှိလာသည်။

၎င်းတို့သည် သရုပ်ပြခြင်းအတွင်း အစီအရင် ပညာရပ်အပေါ် သူ၏ နားလည်သဘောပေါက်မှုများ ဖြစ်သည်။

ဝိညာဉ်စုစည်းမှု အစီအရင်၊ မီးစုစည်းမှု အစီအရင်... အခြေခံ ဖွဲ့စည်းပုံများ၊ ပေါင်းစပ် ဖွဲ့စည်းပုံများ…

များပြားလှသော ဗဟုသုတများသည် စုရှင်း၏ စိတ်ထဲသို့ ရူးသွပ်စွာ စီးဝင်လာသည်။

စုရှင်းသည် မျက်လုံးများကို အချိန်အကြာကြီး မှိတ်ထားပြီးနောက် ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ထူးခြားသော အမူအရာတစ်ခုသည် သူ၏ မျက်လုံးများပေါ်တွင် ဖြတ်ပြေးသွားသည်။

"ဒါဆိုရင် ဝိညာဉ်စုစည်းမှု အစီအရင်နဲ့ ပတ်သက်ပြီး ငါ အရင်က နားလည်ထားတာက ဒီလောက်တောင် တိမ်တယ်ပေါ့... ဝိညာဉ်စွမ်းအင်ကို အရည်အသွေးပိုင်းအရ ပြောင်းလဲအောင် လုပ်ဖို့ အတွက် အရေအတွက်ကိုပဲ ‌ဒီတိုင်း အားကိုးမယ်ဆိုရင် ခက်မှာ”

…

All Chapters