သားရဲထိန်းချုပ်ခြင်းဘုံသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း၊ ခွေးကောင်ကျုံးအား နောက်ဆုံးတွင် သတ်ပစ်ခြင်း
Vol. 24 Ch. 328
"ပေါင်းစပ် ဝိညာဉ်စုစည်းမှု အစီအရင်ရဲ့ ထိရောက်မှုက တစ်အပေါင်းတစ် ဆိုတာထက် အများကြီး သာလွန်နေတယ်..."
အစီအရင် ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက သူ့ လက်ရှိ ကျင့်ကြံမှု၏ ကွက်လပ်များစွာအား ဖြည့်ဆည်းပေးနိုင်သည်ကို စုရှင်း တွေ့ရှိလိုက်သည်။
ပတ်ဝန်းကျင်ကို ပြောင်းလဲရန်နှင့် တိုက်ပွဲအတွက် သင့်တော်သော အခြေအနေများ ဖန်တီးရန် အစီအရင်များကို ဖွဲ့စည်းခြင်းဖြင့် လူတစ်ဦး၏ စွမ်းရည်ကို သိသိသာသာ တိုးမြှင့်နိုင်ပြီး ရန်သူများကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
သို့မဟုတ် လူတစ်ဦး၏ ကျင့်ကြံမှုတွင် အထောက်အကူ ဖြစ်စေရန် အစီအရင်ကို အသုံးပြုနိုင်ပြီး ဝိညာဉ်စွမ်းအင်များ၏ ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်သည်…
ထိုအရာများအပြင် အစီအရင်များ၏ အသုံးဝင်မှုသည် ရေတွက်၍ပင် မရနိုင်အောင် များပြားလှသည်။
စုရှင်းသည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သည်။
မျှော်လင့်ထားသည့် အတိုင်းပင် ဝိညာဉ်စိုက်ခင်းဂူထဲတွင် ဆွဲဆောင်မှုရှိသော အဖြူရောင်ပန်းလေးများ တစ်ပြိုင်တည်း ပွင့်လန်းလာကြသည်။
ပန်းပွင့်များ၏ တုန်ခါမှုတိုင်းတွင် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ဆွဲဆောင်ကာ ပို၍ များပြားသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိမ့်မည် ဖြစ်သည်။
စုရှင်းသည် ခဏတာ ဂရုတစိုက် စောင့်ကြည့်နေလိုက်သည်။ ပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းတယ်... ဒီလို တိုးတက်နှုန်းနဲ့ဆိုရင် အများဆုံး တစ်ပတ်အတွင်း အလယ်အလတ်အဆင့် ဂူအဖြစ် တိုးတက်လာနိုင်တယ်"
စုရှင်းသည် ဝိညာဉ်ပန်းများကို အလျင်အမြန် ရွှေ့ပြောင်းခြင်းနှင့် ပေါင်းစပ် ဝိညာဉ်စုစည်းမှု အစီအရင်အား ဖွဲ့စည်းခြင်းကို မပြုလုပ်သေးချေ။
ထိုအစား သူသည် ကျင့်ကြံသူကျုံးကို ရှာဖွေရန် မသွားခင် သူ့ကိုယ်သူ ရုပ်ဖျက်ရန်နှင့် သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန် ပြင်ဆင်လိုက်သည်။
"ရွှမ်ချင်းမြို့ကို မသွားခင် မှောင်သွားအောင် စောင့်ရအောင်"
စုရှင်းသည် ကောင်းကင်ကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။
ဆောင်းဦးရာသီသည် ပိုမို နက်ရှိုင်းလာပြီး နေ့ရက်များသည် ပိုတိုလာကာ ညတာများ ပိုမိုရှည်ကြာလာသည်။
စုရှင်းသည် ညအမှောင်ကို အခွင့်ကောင်းယူကာ ဓားပျံကို စီးနင်းလျက် အမြင့် မီတာ တစ်သောင်းမှ ခရီးသွားခဲ့သည်။ နှစ်နာရီပင် မကြာသေးခင်တွင် ရွှမ်ချင်းမြို့သို့ ရောက်ရှိလာသည်။
သူ၏ အရှိန်အဝါများ ဖုံးကွယ်ထားခြင်းနှင့် သူ၏ ရုပ်ရည်နှင့် အရပ်အမောင်း လုံးဝ ပြောင်းလဲသွားကြောင်း သုံးကြိမ်တိုင်တိုင် အတည်ပြုပြီးနောက် စုရှင်းသည် ရွှမ်ချင်းမြို့၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာသည်။ ထို့နောက် သူ၏ နတ်အာရုံကို ဒီရေကဲ့သို့ ဖြန့်ကျက်လိုက်သည်။
စုရှင်းသည် သူ၏ နတ်အာရာံကို အပြည့်အဝ ထုတ်လွှတ်ခြင်း မပြုဘဲ ပေတစ်သောင်းခန့် အကွာအဝေး အတွင်းတွင်သာ ထားရှိခဲ့သည်။
သူသည် သူ့ နတ်အာရုံ၏ စွမ်းရည်ကိုလည်း အနည်းငယ် လျှော့ချထားခဲ့သည်။
ထို့နောက် စုရှင်းသည် မြို့ပတ်ပတ်လည်တွင် ရည်ရွယ်ချက် မရှိဘဲ လှည့်လည်သွားလာနေပြီး သူ၏ နတ်အာရုံကို ပေါ့ပေါ့ဆဆ ထုတ်လွှတ်နေမိဟန် ဆောင်နေခဲ့သည်။
အချိန်သည် နောက်တစ်နေ့ နံနက်သို့ ရောက်ရှိသွားသည်။
သူ၏ သရုပ်ပြခြင်း မှတ်ဉာဏ်များအရ စုရှင်းသည် လမ်းဘေးဆိုင်တစ်ခုမှ ပေါင်မုန့်ပေါင်း အနည်းငယ်ကို ဝယ်လိုက်သည်။
သူသည် ရွှေတစ်စကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်သည်။
သူ ထိုသို့ ပြုလုပ်ရသည့် အကြောင်းရင်းမှာ အိပ်ပျော်ခြင်းမှ လက်တလော နိုးထလာသည့် ကျင့်ကြံသူတစ်ဦး အဖြစ် သူ့ကိုယ်သူ အယောင်ဆောင်ရန် ဖြစ်သည်။
ယနေ့ခေတ်တွင် ရွှေနှင့်ငွေကို အသုံးပြုပြီး ဈေးဝယ်သူ မည်သူ ရှိမည်နည်း။
ထိုသို့ဖြင့် စုရှင်းသည် ကျင့်ကြံသူကျုံးကို သတ်ပစ်ခဲ့သည့် နေရာသို့ သူ၏ မှတ်ဉာဏ်ထဲကအတိုင်း ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့သည်။
"အချိန်က အတိအကျပဲ ဖြစ်လောက်ပါပြီ"
စုရှင်းသည် ကောင်းကင်ကို ကြည့်လိုက်ပြီး ပျင်းရိစွာ သမ်းဝါးလိုက်ကာ ရှေ့ဆက်သွားသည်။
ထိုအချိန်မှာပင် စုရှင်း၏ နောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"အကြီးအကဲ...ကျေးဇူးပြုပြီး ခဏလေး စောင့်ပါဦး"
စုရှင်းသည် သူ၏ ခြေလှမ်းများကို ရပ်ပြီး လှည့်ကြည့်လိုက်ရာ ရိုးသားကာ ရိုးရှင်းပုံရသည့် တာအိုကျင့်ကြံသူတစ်ဦးကို အမှန်တကယ်ပင် တွေ့လိုက်သည်။
သူ၏ နတ်ဘုရားအဆင့် နတ်အာရုံဖြင့် စုရှင်းသည် ဤသူမှာ အသွင်ယူထားသော ကျင့်ကြံသူကျုံး ဖြစ်ကြောင်း အလွယ်တကူ သိလိုက်ရသည်။
စုရှင်းသည် ဂုဏ်သိက္ခာရှိသော အကြီးအကဲတစ်ဦး၏ ပုံစံဖြင့် ကျင့်ကြံသူကျုံးကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။
သို့သော်လည်း ကျင့်ကြံသူကျုံးက စကားစပြောလိုက်သည်။
"အကြီးအကဲ...ကျွန်တော်တို့ နှစ်ဦးစလုံးက ကျင့်ကြံသူတွေပဲ... အကြီးအကဲက အိပ်ပျော်ခြင်းကနေ ခုမှ နိုးထလာတာလား၊ ဘယ်ကမ္ဘာကနေ လာတာလဲဆိုတာ သိပါရစေ"
"ဒီကမ္ဘာမှာ ကျွန်တော်မှာ အရေးကိစ္စအချို့ရှိတယ်... အကယ်၍ အကြီးအကဲက စိတ်ထဲမထားဘူးဆိုရင် ကျွန်တော် အကြီးအကဲကို ဒီကမ္ဘာ လိုက်ပြပေးနိုင်ပါတယ်"
ကျင့်ကြံသူကျုံးသည် ကယ်တင်ရှင် တစ်ဦးကဲ့သို့ ဟန်ဆောင်နေသည်။ သူသည် အမှန်တကယ်ပင် လှည့်စားတတ်ပုံရသည်။
စုရှင်းသည် ကျင့်ကြံသူကျုံး ပေါ်လာသည်ကို မြင်သောအခါ မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူ၏ နှုတ်ခမ်းများသည် ရပ်တန့်မရအောင် ပြုံးသွားသည်။
နောက်တစ်စက္ကန့်တွင် အစွမ်းထက်သော မူလစွမ်းအင်များသည် သူ၏ လက်သီးပတ်ပတ်လည်တွင် ရစ်ပတ်သွားပြီး ကျင့်ကြံသူကျုံး၏ နဖူးဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
ဘုန်း!
တစ်သန်းတန် မဟာစွမ်းအားအောက်တွင် ကျင့်ကြံသူကျုံးသည် သွေးမှုန်အဖြစ် ချက်ချင်း ပျောက်ကွယ်သွားသည်။
အနက်ရောင် ဝိညာဉ်တစ်စသည် သွေးမှုန်များကြားမှ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ ထွက်ပြေးရန် ကြိုးစားနေသည့်ပုံပင်။
သို့သော်လည်း စုရှင်းက သူ့ကို အခွင့်အရေး ပေးမည်လား?
သူသည် လီမီး နည်းစနစ်ကို အသုံးပြုပြီး ကျင့်ကြံသူကျုံး၏ ဝိညာဉ်အား လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
ထိုအချိန်တွင် ကျင့်ကြံသူကျုံးသည် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဤကမ္ဘာမှ အပြီးအပိုင် ဖယ်ရှားပစ်ခြင်း ခံလိုက်ရသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် စုရှင်းသည် ကျင့်ကြံသူကျုံး၏ သိုလှောင်အိတ်ကို ကောက်ယူကာ ဝိညာဉ်စိုက်ခင်း ကောင်းကင်ဂူသို့ ယူဆောင်သွားသည်။
ထို့နောက် သူနှင့်ပတ်သက်သည့် သဲလွန်စများအားလုံးကို ဖယ်ရှားရန် အတွကိ ကောင်းကင်ဘုံ လျှို့ဝှက်ချက်များအား ကာကွယ်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့သည်။
မနီးမဝေးရှိ အရိပ်ထောင့်တစ်ခုကို တိတ်တဆိတ် စောင့်ကြည့်ရင်း စုရှင်းသည် သူ၏ ဝိညာဉ်စွမ်းအင်များကို လည်ပတ်နေစေသည်။ ထို့နောက် သူ၏ ဓားပျံပေါ်သို့ တက်ကာ မြောက်ဘက်သို့ ဦးတည်သွားသည်။
လမ်းတစ်လျှောက်တွင် စုရှင်း၏ နှလုံးခုန်နှုန်းသည် အနည်းငယ် ပိုမြန်နေဆဲ ဖြစ်သည်။
ယင်းသည် သရုပ်ပြခြင်းတွင် မဟုတ်ဘဲ လက်တွေ့တွင် ကျင့်ကြံသူကျုံးအား သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
"ချီး...ကျင့်ကြံသူကျုံးက ဒီကမ္ဘာကနေ ဒီလိုမျိုး ပျောက်ကွယ်သွားတယ်... ငါ သူ့ကို သရုပ်ပြခြင်း အသစ်တွေထဲမှာ မတွေ့ရတော့ဘူးဆိုတော့ အခုတောင် သူ့ကို လွမ်းသလိုလို ဖြစ်နေပြီ..."
စုရှင်းက သူ့ကိုယ်သူ တွေးလိုက်သည်။
ပျံသန်းနေသော ဓား၏ အရှိန်က မမြန်ပေ။ အဓိကအားဖြင့် စုရှင်းသည် သူ့နောက်မှ လိုက်လာနေသည့် ပုဂ္ဂိုလ်ကို စောင့်လိုသောကြောင့် ဖြစ်သည်။
နာရီဝက်ကျော် ကြာပြီးနောက် စုရှင်းသည် မိုင်တစ်ထောင် အကွာအဝေးရှိ ရင်းနှီးသော တောင်တစ်လုံးတွင် ရပ်လိုက်သည်။
သူသည် အတော်လေး ပြန့်ပြူးသည့် မျက်နှာပြင်ကို ရွေးချယ်လိုက်သည်။ ထို့နောက် ကျောက်စားပွဲ တစ်လုံးနှင့် ကျောက်ခုံတစ်စုံကို ပြင်ဆင်လိုက်သည်။
ထို့နောက် သူ မှတ်မိထားသည့် နည်းလမ်းများအတိုင်း လက်ဖက်ရည် တစ်အိုးကို ပျင်းရိစွာ ဖျော်လိုက်သည်။
အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်သောအခါ စုရှင်းသည် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"မိတ်ဆွေက အဝေးကနေ လာရောက်ပေးတဲ့ အတွက် ဝမ်းမြောက်မိပါတယ်"
"ဘာလို့ ခုထိ ထွက်မလာသေးတာလဲ... ကျွန်တော်နဲ့ အတူတူ စကားပြောရအောင်လေ"
ပြောပြီးနောက် စုရှင်းသည် လက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်သည်။
မကြာမီမှာပင် စုရှင်းနှင့် မလှမ်းမကမ်းရှိ အရိပ်ထဲမှ ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာသည်။ ၎င်းမှာ လောရွှေရင် ဖြစ်သည်။
"ခင်ဗျား ဘယ်သူလဲ... ဘာလို့ ကျင့်ကြံသူကျုံးကို သတ်ပစ်တာလဲ"
လောရွှေရင်က လေးနက်သော အသံဖြင့် မေးသည်။
သူမ ထွက်ပြရဲရသည့် အကြောင်းအရင်းမှာ သူမ၏ ကိုယ်ပိုင် ထွက်ပြေးနည်းကို ယုံကြည်သောကြောင့် ဖြစ်သည်။
ယင်းက လောရွှေရင်ရင်အား လက်တွေ့တွင် စုရှင်း ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
သူ၏ နှလုံးသားသည် လှုပ်ရှားပြီး သိလိုစိတ်များ ပြင်းပြနေသည်။
"လူသားမျိုးနွယ်အပေါ် သစ္စာဖောက်တဲ့သူကို ဘာလို့ မသတ်ရမှာလဲ"
စုရှင်းသည် လောရွှေရင်ကို တည်ငြိမ်စွာ ကြည့်ကာ ပြန်ပြောသည်။
အမှန်တကယ်ပင်... စုရှင်း၏ မေးခွန်းကို ကြားသောအခါ သရုပ်ပြခြင်းထဲက အတိုင်းပင် လောရွှေရင်သည် သတိဝင်လာပြီး သူမ၏ ဓားမြှောင်ကို ဆုပ်ကိုင်လိုက်သည်။
"အဲဒီလိုဆိုရင် ခင်ဗျားရဲ့ သရုပ်မှန်ကို ပြပါ..."
လောရွှေရင်၏ အမူအရာကို မြင်သောအခါ စုရှင်းသည် "အောင်မြင်မှု သခင်" စွမ်းရည်ဖြင့် သူမကို လှည့်စားရန် အချိန်တန်ပြီ ဖြစ်ကြောင်း သိလိုက်သည်။
"မိန်ကလေး... ခင်ဗျားက ဝိညာဉ်မျိုးနွယ်ဝင် မဟုတ်လား"
စုရှင်းသည် အကြီးအကဲတစ်ဦးအဖြစ် ဟန်ဆောင်ပြီး လောရွှေရင်ကို နာရီဝက်ကြာအောင် ဦးနှောက်ဆေးခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း လောရွှေရင်သည် အစပိုင်းတွင် သံသယဝင်ရာမှ တစ်ဝက်တစ်ပျက် ယုံကြည်လာသည်။ နောက်ဆုံးတွင်မူ စုရှင်းအပေ့် လုံးလုံးလျားလျား ယုံကြည်သွားကာ သူမ၏ နာမည်ကိုပင် ဖော်ပြလိုက်သည်။
အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်သောအခါ စုရှင်းက နောက်ဆုံးတွင် ပြောလိုက်သည်။
"လောရွှေရင်... ငါ့အတွက် အမှုထမ်းပေးပါ"
"အဆုံးသတ်ကျရင် တိုင်းတစ်ပါး မျိုးနွယ်တွေကို ဒီကမ္ဘာကနေ မောင်းထုတ်ပစ်မှာပါ”
…