ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှုအဆင့် မြှင့်တင်ခြင်း၊ သန်းနှင့်ချီသော ဝိညာဉ်အရည်များ။
Vol. 24 Ch. 332
စုရှင်းသည် ကျေနပ်စွာ ခေါင်းညိတ်ပြီး သူ့ဘာသာ ရေရွတ်လိုက်၏။
"သားရဲထိန်းသိမ်းခြင်း နယ်မြေက ငါ့အတွက် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲတွေရဲ့ အသားဓာတ်ကို ရရှိဖို့ အကောင်းဆုံးနေရာဘဲ။"
"တစ်နှစ်ကို ပျမ်းမျှအားဖြင့် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲ လေးငါးကောင်ကို သတ်နေတာဆိုတော့ အရှိန်က မနှေးဘူး။ ပြန်လည်မွေးဖွားခြင်း ဆေးလုံးတွေကို ချက်ဖို့အတွက် လုံလောက်တာထက်တောင် ပိုနေသေးတယ်"
"ကံဆိုးတာက ဒီအရှိန်အတိုင်းဆိုရင် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲ အားလုံးကို သုတ်သင်ဖို့ မျှော်လင့်ချက် မရှိဘူး။ ငါ့စွမ်းအားတွေ ပိုမိုအားကောင်းလာတဲ့ အထိ ဒီတာဝန်ကို ဆက်လက် လုပ်ဆောင်ရဦးမှာပဲ။"
ထိုသို့ တွေးလိုက်ပြီးနောက် စုရှင်းသည် သူ့၏လက်ရှိ အဓိကရည်မှန်းချက်မှာ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်နှင့် လွတ်မြောက်ခြင်းသို့ ပြန်လည်ရောက်ရှိခြင်း အဆင့် ကျင့်ကြံမှုများကို အမြင့်ဆုံးအထိ မြှင့်တင်ရန် ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြစ်မှသာလျှင် သူသည် တစ်ရက်တည်းတွင် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲ ရာပေါင်းများစွာကို သတ်ဖြတ်နိုင်မည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်သည်။
သူ၏အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြားပေါ်သို့ ရောက်သွား၏။
[၁၁ နှစ်မြောက်တွင်၊ သင်သည် ကြယ်ပြာ၌ တစ်နှစ်တာ နေထိုင်ခဲ့သည်။ နေ့စဉ် ကျင့်ကြံခြင်းအဆင့် တိုးတက်စေရန် ပြန်လည်မွေးဖွားခြင်း ဆေးလုံးများ သောက်သုံးခြင်းမှအပ၊ သင်သည် သူငယ်ချင်းများ၊ မိသားစုများ နှင့်အတူ ငြိမ်းချမ်းသော ဘဝကို ဖြတ်သန်းခဲ့သည်။]
[၁၂ နှစ်မြောက်တွင်၊ သင်သည် သားရဲထိန်းသိမ်းရေး နယ်မြေရှိ သတ်ဖြတ်ခြင်း စစ်မြေပြင်သို့ ပြန်သွားကာ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများကို ဆက်လက်လိုက်လံ ရှာဖွေခဲ့သည်။]
[သင်သည် သင်၏ ကျင့်ကြံခြင်း အဆင့်ကို တိုးတက်စေရန် အတွက် ပြန်လည်မွေးဖွားခြင်း ဆေးလုံးများကို နေ့စဉ် သောက်သုံးခဲ့သည်။]
[ထိုသို့ဖြင့်၊ နောက်ထပ် နှစ်နှစ် ကုန်ဆုံးသွားခဲ့သည်။]
[၁၄ နှစ်မြောက်တွင်၊ လွန်ခဲ့သော နှစ်နှစ်အတွင်း သင်၏ ကြိုးစားပမ်းစား လေ့ကျင့်မှုများကြောင့် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် တတိယအဆင့်သို့ ပိုမိုနီးကပ်လာပြီ ဖြစ်ကြောင်း သင် သိရှိခဲ့သည်။]
[၁၅ နှစ်မြောက်တွင်၊ တစ်နေ့၌ သင်၏ ကျင့်ကြံခြင်း ရည်မှန်းချက် ပြည့်မြောက်သွားပြီးနောက် သင်၏ အရေးပါသော စွမ်းအင်နှင့် ခွန်အားများသည် နောက်ထပ် အဆင့်တစ်ခုကို ထိုးဖောက်သွားပြီ ဖြစ်ကြောင်း သင် ခံစားလိုက်ရသည်။]
[သင်သည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။]
[၁၆ နှစ်မြောက်တွင်၊ သင်သည် အရင်ကအတိုင်း စစ်မြေပြင်၌ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများကို ဆက်လက်လိုက်လံ ရှာဖွေခဲ့သည်။]
[သို့သော် သင်သည် နှစ်ပေါင်းများစွာ ကြာသည်အထိ ထပ်တလဲလဲ လိုက်လံရှာဖွေခဲ့သည့် အတွက် နောက်ဆုံးတွင် တိုင်းတစ်ပါး မျိုးနွယ်စု၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။]
[ဧကရာဇ်အဆင့် ရှိသော နတ်ဆိုးသားရဲ တစ်ကောင်သည် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများစွာကို ဦးဆောင်ကာ သင့်ကို ရုတ်တရက် ဝိုင်းရံတိုက်ခိုက်ခဲ့သည်။]
[ကံကောင်းစွာဖြင့်၊ သင်၏ကြွယ်ဝသော တိုက်ခိုက်ရေး အတွေ့အကြုံများကြောင့် သင်သည် ဝိညာဉ်စိုက်ခင်းဂူအတွင်း ချက်ချင်းဝင်ရောက် ပုန်းအောင်းနိုင်ခဲ့သည်။]
[ထို့နောက်၊ ဧကရာဇ်အဆင့် ရှိသော ကောင်းကင် စေတမန်တစ်ပါး ရောက်ရှိလာပြီး သင့်ကို အောင်မြင်စွာ ကယ်တင်ခဲ့သည်။]
[ဤအဖြစ်အပျက်မှ အသက်ရှင် လွတ်မြောက်လာပြီးနောက် သင်သည် စစ်မြေပြင်ပေါ်ရှိ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများကို လိုက်လံရှာဖွေရာတွင် ပိုမိုသတိထားလာခဲ့သည်။]
[ကျေးဇူးတင်စရာ ကောင်းသည်မှာ နှစ်များတစ်လျှောက် သင်သည် ပြန်လည်မွေးဖွားခြင်း ဆေးလုံး ထောင်ပေါင်းများစွာကို စုဆောင်းထားခဲ့သောကြောင့် တံခါးပိတ်၍ ကျင့်ကြံခြင်းကို ခဏတာ လေ့ကျင့်ရန် သင် ဆုံးဖြတ်လိုက်သည်။]
[ထိုသို့ဖြင့် သုံးနှစ်တာ အချိန်သည် ကုန်ဆုံးသွားခဲ့သည်။]
[၁၉ နှစ်မြောက်တွင်၊ သုံးနှစ်ကြာ တံခါးပိတ် လေ့ကျင့်ပြီးနောက် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ဆက်လက် မြင့်တက်လာခဲ့ပြီး လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် စတုတ္ထအဆင့်သည်လည်း လက်တစ်ကမ်းအလို၌ ရှိနေပြီ ဖြစ်သည်။]
[သို့သော် သင်သည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ အလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ စတုတ္ထအဆင့်သို့ ထိုးဖောက်ရန် မလွယ်ကူတော့ပေ။ ပိတ်ဆို့မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။]
[ထိုနှစ်၌ သင့်တွင်ရှိသော အဆင့်နိမ့် ဝိညာဉ်အရည် ပမာဏသည် နှစ်သန်း ကိုးသိန်းအထိ ရှိလာခဲ့သည်။]
[၂၀ နှစ်မြောက်တွင်၊ သင်၏ ပြန်လည်မွေးဖွားခြင်း ဆေးလုံးများ အကုန်ကုန်သွားပြီးနောက် သင်သည် နတ်ဆိုးမျိုးနွယ်စုကို ချေမှုန်းရန် အတွက် သတ်ဖြတ်ခြင်း စစ်မြေပြင်သို့ ပြန်သွားခဲ့သည်။]
[တစ်နှစ်အတွင်း သင်သည် ဒဏ္ဍာရီအဆင့်ရှိ နတ်ဆိုးသားရဲများစွာကို သတ်ဖြတ်ခဲ့သည်။]
[တစ်ချိန်တည်းမှာပင် သင်သည် ကျင့်ကြံခြင်းကို လေ့ကျင့်ရန် ပြန်လည်မွေးဖွားခြင်း ဆေးလုံးများကို နေ့စဉ် သောက်သုံးခဲ့သည်။]
[တစ်နေ့၌ သင်သည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ အလယ်အလတ်အဆင့် ပိတ်ဆို့မှုကို နောက်ဆုံးတွင် ချိုးဖျက်နိုင်ခဲ့ပြီး လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။]
[အောင်မြင်မှု ရရှိပြီးနောက် သင်သည် ပေါ့ဆစွာမနေခဲ့ပါ။ သတ်ဖြတ်ခြင်း စစ်မြေပြင်၌ နေ့စဉ် နတ်ဆိုးသားရဲများကို ဆက်လက် သတ်ဖြတ်ပြီး သင်၏ ကျင့်ကြံခြင်း အဆင့်ကို တိုးတက်စေခဲ့သည်။]
[သားရဲထိန်းသိမ်းရေး နယ်မြေမှ ဒဏ္ဍာရီလာ သားရဲထိန်းသူများသည်လည်း သင်၏ အင်မတန် ကြီးမားသော ကိုယ်ခန္ဓာ အင်အားကို သတိထားမိခဲ့သည်။ သို့သော် ၎င်းမှာ ဧရာမနဂါးကြီး တစ်ကောင်က ပေးထားသော စွမ်းအားသာ ဖြစ်သည် ဟူသည့် သင်၏ လှည့်ကွက်ကို ယုံကြည်သွားကြသည်။]
[သင် စီးနင်းလိုက်ပါသော အနီရောင်နဂါးသည် မျက်ရည်များနှင့်အတူ ထိုအရာကို အသိအမှတ်ပြု ပေးခဲ့ရသည်။]
[၂၁ နှစ်မြောက်တွင်၊ သင်သည် နေ့စဉ် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများကို ဆက်လက်သတ်ဖြတ်ခဲ့ပြီး သင်၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန်အတွက် လွတ်မြောက်ခြင်း ဆေးလုံးများကို အသုံးပြုခဲ့သည်။]
[သားရဲထိန်းသိမ်းရေး နယ်မြေ၏ စွမ်းအားသည် ယခင်ကတည်းကပင် ကြောက်စရာ ကောင်းနေခဲ့ပြီး ဖြစ်သည်။ သင်၏အကူအညီကြောင့် နတ်ဆိုးသားရဲများသည် ကစဉ့်ကလျားဖြစ်ကာ စစ်မြေပြင်၌ ဖိနှိပ်ခံခဲ့ရသည်။]
[ထိုသို့ဖြင့် နောက်ထပ် နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။]
[၂၄ နှစ်မြောက်တွင်၊ ဤသည်မှာ စွမ်းအားကြီး နတ်ဆိုးသူတော်စင် ဆင်းသက်လာမည့်နှစ် ဖြစ်ကြောင်း သင် သိရှိခဲ့သည်။]
["ငါ့သူငယ်ချင်းများ အသက်ရှင်မှ ငါလည်း အသက်ရှင်မည်" ဟူသော သတိကြီးသော စိတ်ထားနှင့် သင်သည် ခဏတာ ပုန်းအောင်းရန်နှင့် သားရဲထိန်းသိမ်းရေး နယ်မြေမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။]
[မထွက်ခွာမီတွင် သင်သည် သားရဲထိန်းသူများကို ကြီးမားသော ဘေးအန္တရာယ်တစ်ခု ရောက်ရှိလာနိုင်ကြောင်းနှင့် စောစောစီးစီး ကြိုတင်ပြင်ဆင်သင့်ကြောင်း ပြောပြခဲ့သည်။]
[သို့သော် သူတို့သည် နှစ်နှစ်နီးပါး ဆက်တိုက် အောင်ပွဲများ ရရှိထားသောကြောင့် မူမမှန်ဖြစ်နေကြပြီး နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူနိုင်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေခဲ့ကြသည်။]
[ဘာမှမတတ်နိုင်သည့် အဆုံးတွင် သင်သည် ကြယ်ပြာသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။]
[ထိုအချိန်၌ သင်၏ ကျင့်ကြံခြင်း အဆင့်သည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပဉ္စမအဆင့်နှင့် မဝေးတော့သည့် အတွက် သင်သည် သင့်တွင် ကျန်ရှိနေသည့် ပြန်လည်မွေးဖွားခြင်း ဆေးလုံးများကို အသုံးပြု၍ ပဉ္စမအဆင့်သို့ အမြန်ဆုံး ထိုးဖောက်ရန် ဆုံးဖြတ်လိုက်သည်။]
[၂၅ နှစ်မြောက်တွင်၊ သာမန် နံနက်ခင်း တစ်ခု၌ သင်သည် ပဉ္စမအဆင့်ကို ထိုးဖောက်ပြီး လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။]
ဤသည်ကို မြင်သောအခါ စူးရှင်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
"ပြန်လည်မွေးဖွားခြင်း ဆေးလုံးတွေက စုန်းမျိုးနွယ်စုက လူငယ်တွေရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးဖို့ အသုံးပြုခဲ့တဲ့ ရှေးဟောင်းနတ်ဆေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။"
"ငါ လုပ်ခဲ့တဲ့ တိုးတက်မှုတွေကြောင့် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းက အရမ်းမြန်သွားတယ်။"
စူးရှင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။
ထိုသို့သော ကြောက်မက်ဖွယ် ကောင်းသည့် အာနိသင်များရှိသော ပြန်လည်မွေးဖွားခြင်း ဆေးလုံးများသည် သူ့ကို နှစ်နှစ်ဆယ်ကျော် အတွင်း လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပထမအဆင့်မှ ပဉ္စမအဆင့်အထိ မြင့်တက်စေနိုင်ခဲ့သည်။
ပျမ်းမျှအားဖြင့် ခြောက်နှစ်တစ်ကြိမ် အဆင့်တစ်ဆင့်ကို ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသို့သော အရှိန်မျိုးသည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ကျင့်ကြံသူများကြားတွင် အလွန်ရှားပါးသည်။
"၂၅ နှစ်တောင် ရှိပြီဆိုတော့ ဝိညာဉ်အရည် စုဆောင်းတာကလည်း ပြီးလုနီးပါး ဖြစ်နေပြီ၊ ဒီသရုပ်ပြခြင်းရဲ့ ရည်မှန်းချက်က ပြည့်မြောက်သွားခဲ့ပြီ။"
"သားရဲထိန်းသိမ်းရေး နယ်မြေကသာ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲတွေရဲ့ အသားဓာတ်တွေကို ပံ့ပို့မပေးခဲ့ဘူးဆိုရင် ငါ အခုလက်ရှိ ရောက်နေတဲ့ အဆင့်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး"
ခေတ္တရပ်ပြီးနောက် စုရှင်းသည် ဆက်လက် တွေးတောနေသည်။
"ဒါပေမယ့် အချိန်တွေကို အလဟဿ မဖြုန်းတီးသင့်ဘူး။ နတ်ဆိုးနှိမ်နင်းရေး စခန်းက မကြာခင် ရှုံးနိမ့်တော့မယ်"
"ဒီနောက်ဆုံး အခိုက်အတန့်မှာ သတ်ဖြတ်ခြင်း စစ်မြေပြင်ရဲ့ အဆုံးမှာရှိတဲ့ အချိန်-နေရာ အက်ကွဲကြောင်းကို နောက်ထပ်တစ်ကြိမ် သွားကြည့်သင့်တယ်။"
စုရှင်း၏အကြည့်သည် ပြင်းထန်လာခဲ့သည်။
ပြီးခဲ့သည့် တစ်ကြိမ်က သတ်ဖြတ်ခြင်း တမန်တော်နှင့် တွေ့ဆုံပြီးနောက် စုရှင်း၌ ဖြေရှင်းလိုသော လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေသည်။
သူ၏မျက်လုံးများသည် သရုပ်ပြခြင်း ဖန်သားပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားသည်။
[၂၅ နှစ်မြောက်တွင်၊ ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများနှင့် နတ်ဆိုးဧကရာဇ်တို့သည် နတ်ဆိုးနှိမ်နင်းရေး စခန်းသို့ ဆင်းသက်လာမည်မှာ သေချာကြောင်း သင် သိရှိထားသည်။]
[လူသားမျိုးနွယ်စု၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ခုခံနိုင်မည့် နည်းလမ်းမရှိပေ။]
[ထို့ကြောင့် သင်သည် နတ်ဆိုးနှိမ်နင်းရေး စခန်းမှ သတ်ဖြတ်ခြင်း စစ်မြေပြင်သို့ တစ်ယောက်တည်း ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။]
[စိတ်ကိုငြိမ်စေသော ဆေးလုံးများနှင့် အခြားသော နတ်ဆေးများ အလုံအလောက် ထည့်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။]
…