ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှုအဆင့် မြင့်တက်ခြင်း၊ သန်းနှင့်ချီသော ဝိညာဉ်အရည်များ။
Vol. 24 Ch. 333
[ဤနှစ်တွင်၊ သင်သည် စုစုပေါင်း ဝိညာဉ်အရည် ၃.၈ သန်းကို စုဆောင်းနိုင်ခဲ့သည်။]
[သင်သည် သတ်ဖြတ်ခြင်း စစ်မြေပြင်ထဲသို့ ဝင်ရောက်ခဲ့ပြီး ခြောက်သွေ့သော မြေနီပေါ်တွင် လမ်းလျှောက်ခဲ့သည်။]
[သင့်တွင်ရှိသည့် တစ်ခုတည်းသော ဦးတည်ရာသည် သင့်အပေါ်တွင် တွဲလောင်းကျနေသော လနီကြီးပင် ဖြစ်သည်။]
[လမ်းတစ်လျှောက်တွင် သင် တွေ့ဆုံခဲ့သည့် လမ်းပျောက်နေသော နတ်ဆိုးမျိုးနွယ်စုဝင်များသည် ပိုမို အားကောင်းလာသည်။]
[နတ်ဆိုးဘုရင်မှ နတ်ဆိုးဧကရာဇ်အထိ၊ နောက်ဆုံးတွင် ဒဏ္ဍာရီအဆင့် နတ်ဆိုးသားရဲများအထိ ဖြစ်သည်။]
[သင့်မျက်လုံးရှေ့ရှိ လနီကြီးသည် ပို၍ပို၍ ကြီးလာပြီး နောက်ဆုံးတွင် ကြိတ်ဆုံကျောက်ကဲ့သို့ ကြီးမားလာသည်။]
[ထို့ပြင် သတ်ဖြတ်ခြင်း စစ်မြေပြင်ထဲသို့ သင် ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေ၊ သင့်နှလုံးသားထဲမှ အနုတ်လက္ခဏာ စိတ်ခံစားချက်များလည်း ပိုမိုလေးလံလာလေ ဖြစ်သည်။]
[အစပိုင်းတွင် သင်သည် ခုခံနိုင်သေးသည်။ သို့သော် နောက်ပိုင်းတွင် သင်သည် သင်၏အခြေအနေကို ထိန်းသိမ်းရန် စိတ်ငြိမ်ဆေးပြားကို ရံဖန်ရံခါ သောက်သုံးရတော့သည်။]
[နောက်ဆုံးတွင်၊ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်]
[သင်သည် လမ်းခွဲတစ်ခုသို့ ရောက်ရှိလာသည်။ သို့သော် ထိုအချိန်၌ သင်သည် လူသားပုံသဏ္ဍာန် လမ်းညွှန်မှုစွမ်းရည်ကို ဆုံးရှုံးနေပြီဖြစ်ရာ မည်သည့်လမ်းကို ရွေးချယ်ရမည်ကို မသိတော့ပေ။]
[တွန့်ဆုတ်ပြီးနောက် သင်သည် ဒင်္ဂါးပြားပစ်၍ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။]
[သင် ကံကောင်းသည်။ သင်သည် မှန်ကန်သောလမ်းကို ရွေးချယ်နိုင်ခဲ့သည်။]
[ခဏတာ လမ်းလျှောက်ပြီးနောက် သင်သည် နောက်ထပ် လမ်းခွဲတစ်ခုနှင့် တွေ့ဆုံခဲ့သည်။]
[သင်သည် ဒင်္ဂါးပြားကို ထပ်ပစ်လိုက်သည်။ သင်သည် မှန်ကန်သောလမ်းကို ထပ်မံ ရွေးချယ်နိုင်ခဲ့သည်။]
[ဤကဲ့သို့ပင်၊ သင်သည် လမ်းခွဲ တစ်ဒါဇင်ကျော်ကို ဖြတ်သန်းခဲ့ရပြီး အားလုံးကို ဒင်္ဂါးပြားပစ်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။]
[ကြောက်မက်ဖွယ် ကောင်းသော ကံကောင်းခြင်းနှင့်အတူ သင်သည် နောက်ဆုံးတွင် သတ်ဖြတ်ခြင်း စစ်မြေပြင်၏ အဆုံးသို့ ရောက်ရှိလာသည်။]
[သင်သည် လနီကြီးကို အလွန်နီးကပ်စွာ မြင်နေရသည်။ လက်လှမ်းလိုက်ရုံဖြင့် ထိတွေ့နိုင်မည်ကဲ့သို့ပင် ဖြစ်နေသည်။]
[တံခါးဆီသို့ ဦးတည်သည့် လမ်းကြောင်းသည် အနီးအနားတွင် ရှိကြောင်း သင်သိသည်။ ထို့ကြောင့် သင်သည် မီတာ သုံးသောင်းပတ်လည်အတွင်း စေ့စေ့စပ်စပ် ရှာဖွေရန် သင်၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ခဲ့သည်။]
[သင်သည် ထိုတံခါးကို သေချာပေါက် ရှာတွေ့ခဲ့သည်။]
[သို့သော် တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်း၏ ကောင်းကင်တမန်ဟု ကိုယ့်ကိုယ်ကိုယ် ပြောဆိုနေသည့် ထိုထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် သတ္တဝါကိုလည်း သင် အာရုံခံမိခဲ့သည်။]
စုရှင်းသည် အသက်ပြင်းပြင်း ရှုသွင်းပြီး ရေရွတ်လိုက်၏။
"ဒီအခြေအနေကို ရောက်လာပြီဆိုတော့ နောက်ပြန်ဆုတ်စရာ လမ်းမရှိတော့ဘူးဘဲ"
"ငါ့စွမ်းအားက အရင်ကထက် ပိုအားကောင်းလာပြီ ဆိုတော့ ငါ ကြိုးစားကြည့်လို့ ရနိုင်တယ်။"
ထိုသို့ တွေးလိုက်ပြီးနောက် စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ ပြောင်းသွားသည်။
[ခဏတာ တွန့်ဆုတ်ပြီးနောက် သင်သည် အဖြူရောင် တံခါးအနီးသို့ ဦးတည်သွားခဲ့သည်။]
[ထိုထူးဆန်းသော သတ္တဝါက သင့်ကို တိုက်ခိုက်ခဲ့သည်။ သင်သည် ကာကွယ်ရေး ဂန်ချီကို အသက်သွင်းခဲ့သည်။]
[ကာကွယ်ရေး ဂန်ချီသည် ကျယ်လောင်စွာ မြည်ဟည်းကာ ကွဲကြေသွားသည်။ သင်သည်လည်း မီတာတစ်ရာအထိ ချက်ချင်း လွင့်စင်သွားကာ နံရိုးနှစ်ချောင်းပင် ကျိုးသွားသည်။]
[ရုန်းကန်ရင်း ထရပ်လိုက်သော်လည်း သင့်ရှေ့မှ သတ္တဝါသည် သင့်လက်ရှိအဆင့်နှင့် ယှဉ်လျှင် အလွန်အမင်း အင်အားကြီးမားလွန်းနေသည်မှာ ထင်ရှားသည်။]
[သတ်ဖြတ်ခြင်း၏ ကောင်းကင်တမန်ဟု ကိုယ့်ကိုယ်ကိုယ် ခေါ်သော ဤသတ္တဝါသည် သင့်ကို စိတ်ဝင်တစား ကြည့်နေပြီး သင်သည် သူ၏စမ်းသပ်မှုကို အောင်မြင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။]
[သူသည် သင့်ကို လနီကြီး၏ ရင်ခွင်ထဲသို့ ဝင်ရောက်ကာ သူကဲ့သို့ အစွမ်းထက်သော သတ္တဝါတစ်ဦး ဖြစ်လာရန် ဆန္ဒရှိပါသလားဟု မေးမြန်းခဲ့သည်။]
ဤအရာကို မြင်သောအခါ စုရှင်း၏ မျက်လုံးများသည် ခက်ထန်သွားသည်။ သူ၏ယခင် ရွေးချယ်မှုသည် ငြင်းပယ်ရန် ဖြစ်သည်။
ဤတစ်ကြိမ် သူ သဘောတူလိုက်ပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။
ထိုသို့ တွေးလိုက်ပြီးနောက် စုရှင်း၏အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ပေါ်သို့ ပြန်ရောက်သွားသည်။
[သင်သည် ကောင်းကင်တမန်ကို လနီကြီး၏ ရင်ခွင်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ပြောပြလိုက်သည်။]
[ကောင်းကင်တမန်သည် စိတ်ကျေနပ်စွာဖြင့် သဘောတူညီကြောင်း ခေါင်းညိတ်ပြီး သင့်အား ပညာရှိသည်ဟု ချီးကျူးလိုက်သည်။]
[သူသည် သင့်ကို သူ၏ဘေးသို့ ခေါ်ဆောင်ပြီး လနီကြီးထံ စတင် ဆုတောင်းသည်။]
[ကောင်းကင်တမန်သည် မနားတမ်း ရေရွတ်နေခဲ့သည်။ သင်သည် သူပြောနေသည်ကို နားမလည်ပေ။ ၎င်းသည် သားရဲဘာသာစကား နယ်ပယ်အတွင်းမှ မဟုတ်သည်မှာ ထင်ရှားသည်။]
[ခဏအကြာတွင် ကောင်းကင်မှ လနီကြီးသည် လျှပ်တပြက် လင်းလာသည်။ ထို့နောက် မမြင်ရသော လက်တစ်စုံက သင့်အား ထိတွေ့နေသည်ကို သင် ခံစားလိုက်ရသည်။]
[သင်သည် ကြီးမားသော တည်ရှိမှုတစ်ခု၏ အကြည့်ကို အာရုံခံမိသည်။ သင့်ရှေ့တွင် အနီရောင် အလင်းတန်းတစ်ခု လင်းလက်လာသည်။]
[ထိုအရာပြီးနောက် ကောင်းကင်တမန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ဆူညံစွာ အော်ဟစ်ရင်း ဒူးထောက်ကျသွားပြီး ခွင့်လွှတ်ပေးရန် တောင်းပန်ရင်း လနီကြီးအား ဦးညွှတ်နေခဲ့သည်။]
[ထို့နောက် ချွန်ထက်သော ခြေသည်းများသည် သင်၏လည်ပင်းကို ဖြတ်တောက်သွားသည်။]
[ကောင်းကင်တမန်က သင်၏ မူလဝိညာဉ်ကို ကြိတ်ချေလိုက်ချိန်တွင် သင်၏ခေါင်းသည် ပြုတ်ကျသွားသည်။]
[သင် သေဆုံးသွားသည်။]
[ဒင်၊ သင်၏ 'သေခြင်းတရားကို အန်တုသော မျက်လုံးများ' စွမ်းရည်သည် အသက်ဝင်လာသည်။]
[ကောင်းကင်တမန်က တစ်စုံတစ်ခု ပြောနေသည်ကို သင် မြင်နေရသည်။ ဤတစ်ကြိမ်တွင် သူသည် ထူးဆန်းသော ဘာသာစကားဖြင့် မပြောဆိုတော့ပေ။]
[ကြောက်ရွံ့မှုသည် သူ၏မျက်လုံးများတွင် ရှိနေဆဲ ဖြစ်သည်။]
[သင်သည် သူ၏နှုတ်ခမ်းလှုပ်ရှားမှုများမှ သူသည် "ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ လနီကြီး၊ သူက သတ်ဖြတ်ခြင်း လနီကြီးရဲ့ မုန်းတီးသူတစ်ဦး ဖြစ်ကြောင်းကို ကျွန်ုပ် မသိခဲ့ပါဘူး" ဟု ပြောနေသည်ကို သိလိုက်ရသည်။]
[ဒင်၊သရုပ်ပြခြင်း ပြီးဆုံးပါပြီ။]
သရုပ်ပြခြင်း ပြီးဆုံးသွားပြီးနောက် စုရှင်းသည် မျက်မှောင်ကြုတ်သွားသည်။
"ငါ ထပ်သေပြန်ပြီ။ ငါ လနီကြီးရဲ့ ရင်ခွင်ထဲကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ရလဒ်က အကျိုးမထူးဘူးဘဲ"
"ပြီးတော့ ထပ်ပြောပြန်ပြီ။ သတ်ဖြတ်ခြင်းရဲ့ မုန်းတီးခံရသူတဲ့။"
"ဘာကြောင့်လဲ။ လနီကြီးက ဘာလို့ ငါ့ကို မုန်းပြီး ပယ်ချရတာလဲ။"
"ငါက ကျင့်ကြံသူတစ်ဦး ဖြစ်နေတာကြောင့်လား?"
စုရှင်းသည် ကောင်းကင်တမန်၏ တုံ့ပြန်မှုကို ကြည့်ပြီး အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။
လနီကြီး၏ မုန်းတီးခြင်းကို ခံရခြင်းသည် ရှားပါးသည်။ မဟုတ်လျှင် အလွန်ရှားပါးသော အဖြစ်အပျက် ဖြစ်ပေမည်။
အဘယ်ကြောင့် သူ့အပေါ် ကျရောက်လာရသနည်း။
စုရှင်း မည်သို့မျှ မသိခဲ့ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် စုရှင်းသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"ထားလိုက်တော့၊ ဒီပြဿနာတွေကို အာရုံမစိုက်တော့ဘူး။"
"သတ်ဖြတ်ခြင်း စစ်မြေပြင်ကို ဖြတ်ကျော်ပြီး အဖြူရောင် တံခါးကို ရောက်ဖို့လမ်းက တစ်ခုတည်းဘဲ ဖြစ်မယ်ထင်တယ်။ အဲဒါက သတ်ဖြတ်ခြင်းရဲ့ ကောင်းကင်တမန်ဆိုတဲ့ အဲ့ဒီသတ္တဝါကို သတ်ပစ်ဖို့ပဲ။"
"ဒါပေမဲ့ ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ ဆိုရင်တော့ မရလောက်သေးဘူး။"
စုရှင်း၏ ပိုမိုအားကောင်းလာလိုသော ဆန္ဒသည် ပိုမိုပြင်းထန်လာသည်။
"ဒီသရုပ်ပြခြင်း အတွက် ဆုလာဘ်တွေကို အရင်ကြည့်ရအောင်။"
ဤသို့တွေးပြီးနောက် စုရှင်း၏ အကြည့်သည် ဆုလာဘ်စာရင်းသို့ ပြောင်းသွားသည်။
[နတ်ဘုရား၏ ထိတွေ့မှု- ခရမ်းရောင်စွမ်းရည်၊ စွမ်းအင်မှတ် ၁ သန်းဖြင့် ဈေးဖြတ်ထားသည်။]
[နှစ်နှစ်ဆယ်ကြာ ဆေးဝါးဗေဒ အတွေ့အကြုံ- လဲလှယ်သောအခါ လက်ရှိ ဆေးဝါးဗေဒ၏ ထိုးထွင်းသိမြင်မှုကို အနည်းငယ် တိုးစေသည်။ စွမ်းအင် ၂ သန်းဖြင့် ဈေးဖြတ်ထားသည်။]
[လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပဉ္စမအဆင့်- လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ အလယ်အလတ် ကျင့်ကြံမှုအဆင့်၊ အခြေခံခိုင်မာခြင်း၊ အစွမ်းထက်သော စွမ်းအားကို အသုံးပြု၍ အတုအယောင်များ အားလုံးကို ထိုးဖောက်နိုင်ခြင်း၊ ကိုယ်ခန္ဓာစွမ်းအား သိသိသာသာ တိုးလာခြင်း၊ သန့်စင်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည် တန်ချိန် ၂ သန်းအထိ ရောက်ရှိခြင်း။ စွမ်းအင် သန်း ၄၀၀ ဖြင့် ဈေးဖြတ်ထားသည်။]
[အဆင့်နိမ့် ဝိညာဉ်အရည် ၃.၈ သန်း- စွမ်းအင် သန်း ၃၈၀ ဖြင့် ဈေးဖြတ်ထားသည်။]
[ပြန်လည်မွေးဖွားခြင်း ဆေးလုံး (အဆင့်မြင့်) ၂၀၀ လုံး- ရှေးခေတ် စုန်းမျိုးနွယ်စုမှ တီထွင်ထားခြင်း။ နတ်ဘုရား အင်အားအဆင့် ကျင့်ကြံသူတစ်ဦး သောက်သုံးသောအခါ ကျင့်ကြံမှု အဆင့်ကို လျင်မြန်စွာ တိုးတက်စေပြီး လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ရှိ ကိုယ်ခန္ဓာ ကျင့်ကြံသူများ အတွက် အကျိုးရှိသည်။ ဘေးထွက်ဆိုးကျိုးအချို့ ရှိသည်။ သရုပ်ပြခြင်း စွမ်းအင် သန်း ၄၀၀ ဖြင့် ဈေးဖြတ်ထားသည်။]
…