← Chapters

Chapter 50

Vol. 5 Ch. 50

Chapter 50

Vol. 5 Ch. 50

ချန်ဖန်းရှု အလုပ်မှပြန်ရောက်လာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ(မ) မနေနိုင်တော့ဘဲ ကလေးမလေး၏ ခေါင်းကို ထိလိုက်ပြီး မီးဖိုပေါ်မှာ ယခုလေးတင်မှ ဖုတ်လာခဲ့သော ကန်စွန်းဥတစ်လုံးကို သူ့လက်ထဲထည့်ပေးလိုက်သည်။

"ထောင်ထောင်.. မူကြိုမတက်ချင်ဘူးလား။ မေမေက သမီးကို မူကြိုလိုက်ပို့ပေးမယ်လေ။ ဟုတ်ပြီလား"

ယခုရက်ပိုင်း သူ(မ)က အလွန်အလုပ်များနေခဲ့သည်ဖြစ်ရာ သူ(မ)၏သမီးလေးကို အချိန်ခဏသာ ပေးနိုင်ပေသည်။ လုကွေ့ယင်းကလည်း လုပ်စရာအလုပ်များက အတောမသတ်နိုင်လောက်အောင်ပင်။

သူ(မ)ကို လုပ်ချင်ရာလုပ်ခွင့်ပေးထားလိုက်မည့်အစား ထောင်ထောင်ကို မူကြိုပို့လိုက်တာက ပိုကောင်းပေလိမ့်မည်။ ပထမအချက်အနေနှင့် သူ(မ)ကို ကြည့်ရှုစောင့်ရှောက်ပေးမည့် လူတစ်ယောက် ရှိသွားလိမ့်မည်။ ဒုတိယအချက်အနေနှင့် သူ(မ)နှင့် သက်တူရွယ်တူကစားဖော်များလည်း ရလိမ့်မည်။ တတိယအချက်ကတော့ သူ(မ) တစ်စုံတစ်ခုကို သင်ယူနိုင်ပေသည်။

ချန်ဖန်းရှု လုထောင်ကို ပေးလိုက်သည့် ကန်စွန်းဥမှာ အခွံခွာချလိုက်သည့်အခါ အတွင်းထဲတွင် ပူနွေးနေသည့် လိမ္မော်ရောင်အသားများ ပေါ်လာလေသည်။

ကလေးမလေးက သူ့ကန်စွန်းဥကို သေးသေးလေးကိုက်စားလိုက်သည်။ သူ(မ)၏မျက်ဝန်းအစုံမှာ ထိုစကားကိုကြားချိန်ဝယ် တောက်ပလင်းလက်သွားပြီး မရတရဲလေးမေးလိုက်သည်။

"တကယ်လား"

"တကယ်ပြောတာ။ အခု မေမေ့ခြေထောက်တွေကလည်း လမ်းလျှောက်နိုင်နေပြီဆိုတော့ သမီးကို နှစ်ရက်နေရင် မူကြိုလိုက်ပို့ပေးမယ်"

ယခုတော့ လုထောင်၏ စိတ်အခြေအနေက အနည်းငယ်ကောင်းမွန်သွားလေသည်။

သူ(မ)က ကန်စွန်းဥသေးသေးလေးတစ်လုံးကို အခွံခွာလိုက်ပြီး အစင်းကြားရှဉ့်လေးကို ကျွေးလိုက်သည်။

"ပီကာချူး.. ထောင်ထောင်က မကြာခင် မူကြိုသွားရတော့မှာ။ ထောင်ထောင်က မိုက်တယ်မလား"

အစင်းကြားရှဉ့်လေးက ချိုပြီး နူးညံ့သောအရာများကို စိတ်မဝင်စားပေ။ သူက ထိုကန်စွန်းဉကို အနံ့ခံကြည့်ပြီးနောက် တစ်ဖက်ကို လှည့်သွားပြီး သူ့လက်ဖဝါးလေးများဖြင့် အသိုက်ဘေးရှိ နေကြာစေ့များကို ကော်ထုတ်နေသည်။

လုထောင်လည်း အနည်းငယ် စိတ်ပျက်သွားချေသည်။

"မင်းမကြိုက်ဘူးဆိုရင်..ထောင်ထောင်က မင်းကို ထင်းရှူးစေ့တွေ ကူကောက်ပေးမယ်" ကူကောက်ပေးမည်ဆိုခြင်းမှာ စင်စစ်ကူကောက်ပေးခြင်းဖြစ်၏။

ချင်းရှန်းရွာထဲရှိ တောင်အနောက်ဘက်ခြမ်းတွင် ထင်းရှူးတောအုပ်တစ်ခုရှိသည်။ ဆောင်ဦးရောက်တိုင်း ထင်ရှူးပင်ပေါ်တက်ပြီး ထင်ရှူးစေ့ခူးရန်အတွက် လူစုကြသည်။ အချို့ထင်းရှူးစေ့များကိုတော့ ရွာသူရွာသားများကို ဝေငှပေးလိုက်ပြီး ကျန်တာတွေကိုတော့ အသင်းမှ ရောင်းချလိုက်သည်။ ထိုပိုက်ဆံသည် အသင်း၏ဝင်ငွေအရင်းအမြစ်သာ ဖြစ်၏။

ဤနှစ်ထဲတွင် ကောက်ရိုးဦးထုပ်ရက်လုပ်ခြင်းအတွက် သင်တန်းတစ်ခုတစ်ခုရှိလေရာ အဖွဲ့ကလည်း ယခင်နှစ်များတုန်းကထက် ပိုအလုပ်များလာသဖြင့် ယခုထိ ထင်းရှူးစေ့မခူးရသေးပေ။

လုထောင်လေးက ကြွေကျနေသော ထင်းရှူစေ့များကို သွားကောက်ပြီးမှ ပြန်လာကာ ထင်းရှူစေ့များကို ခြေမွှပြီး အစင်းကြားရှဉ့်လေးကို ပေးမည်ဖြစ်၏။

သူ(မ) အပြင်ထွက်သွားချိန်မှာ အပ်နှင့်အပ်ချည်ထည့်ထားသည့် ခြင်းသေးသေးလေးတစ်ခုလုံးလည်း သယ်သွားသည်။ ထိုခြင်းထဲတွင် အစင်းကြားရှဉ့်လေး၏ အသိုက်လည်းပါသည်။

ခြင်းက အလွန်သေးလွန်းလှသဖြင့် အသိုက်သေးသေးလေးကို ထည့်ပြီးနောက်မှာ ထင်းရှူးစေ့များကို ထည့်ဖို့မဆန့်တော့ချေ။ ထို့ကြောင့် သူ(မ)လည်း ကြွေအိုးအဟောင်းတစ်လုံးကိုပါ ယူလာလိုက်သည်။

"ကောက် ကောက်..ဒီတောအုပ်က မင်းအပိုင်ချည်းပဲ"

ဦးလေးလုက လမ်းလျှောက်ရင်းဖြင့် အစင်းကြားရှဉ့်လေးကို ခပ်တိုးတိုးပြောလိုက်သည်။

ထင်မထားပါဘဲ နှစ်လုံးလောက်ကောက်ဖို့ သူ(မ) ထိုင်ချလိုက်ချိန်မှာပင် တစ်စုံတစ်ယောက် သူ(မ)ကို အနောက်က ရုတ်တရက်တွန်းလိုက်သည်။

အစင်းကြားရှဉ့်လေး၏ သားမွေးများမှာ ထောင်ထသွားပြီး သူ ဒဏ်ရာရနေသည်ကိုမေ့ကာ စူးစူးဝါးဝါးအော်ဟစ်လျက် ထွက်ပြေးရန် ကြိုးစားလေတော့သည်။

ကံကောင်းချင်တော့ လုထောင်က တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်ချလိုက်သည့်အတွက် တစ်ဖက်လူက သူ့ကို အားသုံးပြီး တွန်းလိုက်သည့်တိုင် သူ(မ)ကို တွန်းမချလိုက်နိုင်ပေ။

သူ(မ)က မကျေမနပ်ဖြင့် စူပုတ်ပုတ်လုပ်လျက် ပြန်လာခဲ့လိုက်သည်။

"နင် ဘာလို့ ငါ့ကိုတွန်းတာလဲ"

"ဘယ်သူက.. ဘယ်သူက နင့်ကို အရှက်မရှိ ငါ့အဖေကိုလာခိုးခိုင်းလို့လဲ"

ရှုလောင်စန်း၏ ခြောက်နှစ်အရွယ်သမီးဖြစ်သူ ရှုလိုင်နန်က မသိလိုက်မသိဘာသာဖြင့် ပခုံးကျုံ့သွားပြီးနောက် ပြန်စိုက်ကြည့်လိုက်လေသည်။

"နင်..နင်နဲ့တန်လို့လေ"

သူ(မ)က ပိန်ပါးလွန်းသဖြင့် စိုက်ကြည့်လိုက်သည့်အချိန်မှာ သူ(မ)၏ မျက်လုံးများက ပိုထင်ရှားသွားပြီး အလွန်ကြောက်စရာကောင်းနေပေသည်။

လုထောင်လေးကလည်း တုံ့ခနဲရပ်ကာ ပြောလိုက်လေသည်။

"ငါ့မှာ အဖေရှိပြီးသား။ နင့်အဖေကို ဘာလို့ခိုးရမှာလဲ"

"နင် လုသွားခဲ့တယ်လေ။ နင် လုသွားတာ..ပြီးတော့ နင့်အမေလည်း လုသွားခဲ့တာ။ နင်တို့နှစ်ယောက်လုံး အရှက်ကိုမရှိကြဘူး"

တစ်ဖက်လူက သူ့အမေကို စော်ကားပြောဆိုနေသည်ကို ကြားသောအခါ လုထောင်လို နူးနူးညံ့ညံ့ရှိသူတစ်ယောက်ပင် ဒေါသထွက်သွားရချေသည်။

ရှုလိုင်နန်က သူ(မ)ကို ဆက်တိုက်တွန်းထုတ်ဖို့ ကြံနေသည်ကိုမြင်သောအခါ သူ(မ)ကလည်း ဘာမှတွေးမနေဘဲ သူ့ကို ပြန်တွန်းပစ်လိုက်သည်။

အစင်းကြားရှဉ့်လေးက အသိုက်ထဲတွင် ဝင်ခွေနေပြီး ထင်းရှူးစေ့ သေးသေးလေးတစ်ခုကို ကောက်ယူကာ ရှုလိုင်နန်ဆီသို့ ပစ်ပေါက်လိုက်သည်။

ရှုလိုင်နန်က သုံးနှစ်သမီးသာ ရှိသေးသော်လည်း သူ(မ)က နှစ်ပေါင်းများစွာ အာဟာရချို့တဲ့လာပြီး ပိန်ပိန်သေးသေးလေး ကြီးပြင်းလာခဲ့ခြင်းပင်။

သူ့ခမျာ လုထောင်ကို တွန်းမပစ်လိုက်နိုင်ဘဲ အစင်းကြားရှဉ့်လေးပစ်လိုက်သော ထင်းရှူးစေ့ကို တက်နင်းမိသွားပြီး လဲကျသွားလေတော့သည်။ ထိုအချိန်မှာ သူ(မ)၏ ညာဘက်လက်က ကျောက်ခဲတစ်လုံးနှင့် ခြစ်မိသွားပြီး ပြတ်ရှရာကြီးတစ်ခု ဖြစ်သွားချေသည်။

လုထောင်လေးခမျာ အနည်းငယ်ကြောင်အသွားရသည်။

ခဏတာမျှတိတ်ဆိတ်နေပြီးနောက်တွင် ရှုလိုင်နန်က အော်ငိုပြီး မတ်တတ်ထရပ်ကာ သူ့ဒဏ်ရာကိုအုပ်ကိုင်၍ ထွက်ပြေးသွားလေသည်။

ယခုမူ လုထောင်မှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားရပြီး သူ(မ)၏ တိုတုတ်တုတ် လက်ချောင်းလေးများကို အကြောင်သားငေးကြည့်နေမိသည်။

သူ(မ)ကသာ ထောင်ထောင်ကို အရင်လာအနိုင်ကျင့်သူဖြစ်၏။ သို့ဖြစ်လေရာ သူက ဘာလို့ငိုသွားရတာလဲ။

သူ(မ) ဘာမှမဖြစ်လိုက်သည့်အတွက် လုထောင်လေးလည်း ထိုကိစ္စကို ခပ်မြန်မြန်မေ့ပစ်လိုက်ပြီး စုန်းတာ့ကို စတင်ရှာဖွေတော့သည်။

ကံဆိုးချင်တော့ ခဏအကြာတွင် ရှုလိုင်နန်က ကြို့တထိုးထိုးဖြင့် ပြန်ရောက်လာပြီး သူ့အနောက်တွင်လည်း အရက်မူးနေသော ရှုလောင်စန်းက ပါလာလေသည်။

"ဖေဖေ သူပဲ။ သမီးကို အနိုင်ကျင့်တာ သူပဲ။ ကြည့်လိုက်ဦး။ သမီးလက်တွေ သွေးထွက်နေပြီ"

ရှုလောင်စန်း၏ မျက်နှာက အရက်သောက်ထားသောကြောင့် နီမြန်းနေသည်။ သူသည် လုထောင်ကို အချိန်အကြာကြီးစိုက်ကြည့်နေသော်လည်း မမှတ်မိနိုင်ဖြစ်နေ၏။

"သမီး ဘယ်တစ်ယောက်ကိုပြောနေတာလဲ"

"သူတစ်ယောက်တည်းရှိတာလေ"

ရှုလိုင်နန်က လုထောင်ကိုကြည့်လိုက်ပြီးနောက် ဒယီးဒယိုင်ဖြစ်နေသော သူ့အဖေကို တစ်ဖန်ပြန်ကြည့်လိုက်ပြီးနောက် ရှုလောင်စန်း၏အဝတ်အနားစကို ဂရုတစိုက်ဆွဲကိုင်ထားလိုက်သည်။

"ဖေဖေ.. သူ သမီးကိုအနိုင်ကျင့်တာ။ သူ သမီးကိုရိုက်တယ်။ သမီး အဲ့လိုအစ်မမျိုးမလိုချင်ဘူး"

သူ(မ)၏ အဖေက အရက်သောက်ထားသည့်တိုင် သူ(မ)ကိုကူညီပေးချင်စိတ်ဖြစ်နေသည်မှာ ရှားပါးလှသည်။ ထို့ကြောင့် သူ(မ)အနေနှင့် သူ(မ)၏အဖေကို သူများလက်ထဲမပေးလိုက်နိုင်ချေ။

အတိတ်မှာတုန်းက လုချန်က လူတွေကို အမြဲလုယက်လေ့ရှိသည်။ လုထောင်အနေနှင့် လူဆိုးတစ်ယောက်လို တိုင်တန်းခံရသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်၏။

သူ(မ) မျက်လုံးမပြူးဘဲမနေနိုင်ပေ။

"ငါ နင့်ကို ရိုက်တယ်လို့ ဘယ်သူပြောလဲ။ နင် အရင် ငါ့ကိုတွန်းတာ အသိသာချည်းလေ"

ကံဆိုးချင်တော့ ရှုလောင်စန်းက သူ(မ)ပြောသည့်စကားများကို နားမထောင်ပေ။ သူက ဒယီးဒယိုင်ဖြင့် ရှေ့ကိုလျှောက်လာပြီး ပြောလိုက်လေသည်။

"မင်းလား။ မင်းက ငါ့သမီးကို ရိုက်လိုက်တာလား"

အစတုန်းက ရှုလောင်စန်းသည် လုထောင်ကိုလက်ညှိုးထိုး၍ ဆူပူပစ်လိုက်ချင်သော်လည်း သူ လက်မြှောက်လိုက်ချိန်မှာပင် ကလေးမလေးက မြေကြီးပေါ်ကို ထိုင်ချလိုက်သည်။

"ထောင်..ထောင်ထောင် လဲသွားပြီ။ မတ်တတ်ရပ်နိုင်တဲ့အချိန်ကျရင် ထောင်ထောင့်ကိုအနမ်းပေးပြီး ဖက်ထားပေးပြီး အမြင့်ကြီးမြှောက်ပေးရမယ်နော်"

ရှုလောင်စန်း - "…"

သူ.. သူ ဒီကလေးမလေးနဲ့ မတွေ့ဖူးဘူးလားလို့

ရှုလိုင်နန်လည်း အံ့ဩသွားရသည်။

သူ(မ)တိုင်လိုက်တယ်ဆိုတာက သူ(မ)ရဲ့လက်မှာ သွေးစသွေးနတွေရှိနေတယ်လေ။

ဒါပေမဲ့ သူ့အဖေက လက်မြှောက်လိုက်ရုံရှိသေး။ လုထောင်က လဲသွားသတဲ့။ ဒါက သက်သက်လိမ်နေတာမဟုတ်ဘူးလား။

ရှုလိုင်နန်က မသိစိတ်၏စေ့ဆော်မှုအရ ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ အနားတွင်လည်း ဘယ်သူမှမရှိချေ။ ထို့ကြောင့် သူ(မ) ရှုလောင်စန်းကို ထပ်ဆွဲထားလိုက်သည်။

"ဖေဖေ သူ တမင်လုပ်တာ။ သူက သမီးတို့ကိုခြိမ်းခြောက်ချင်နေတာ"

ရှုလောင်စန်းလည်း ထိုအချိန်မှသာ သတိပြန်ဝင်လာပြီး လုထောင်ကို ဆွဲပစ်လိုက်သည်။

"မင်းက ဘယ်သူ့ကိုလာလှည့်စားဖို့ကြိုးစားနေတာလဲ"

လုထောင်လေး တကယ်ထိတ်လန့်နေပြီဖြစ်သဖြင့် သူ့ခြေထောက်လေးများဖြင့် အပြင်းအထန်ကန်ကျောက်နေလေတော့သည်။

"ဖေဖေ ဖေဖေ..ကယ်ပါဦး"

"နင်…နင့်မှာ အဖေမရှိဘူးလေ။ နင့်အဖေက နင့်ကိုမလိုချင်တော့ဘူးတဲ့"

ရှုလိုင်နန်က ပြောလိုက်သည်။

"ဖေဖေက ထောင်ထောင့်ကို မလိုချင်တော့ဘူး"

လုထောင်လေးခမျာ ပို၍ပင် ဝမ်းနည်းသွားရလေတော့သည်။ သူ(မ)မှာ မျက်ရည်အဝဲသားဖြင့် သူ(မ)ကိုကိုင်ထားသော ရှုလောင်စန်း၏ လက်ကို ကိုက်ရန်ဟန်ပြင်လိုက်သည်။

ထိုအချိန်ဝယ် ရင်းနှီးနေသောအသံလေးတစ်သံက သူ(မ)နားထဲတွင် ရုတ်တရက်ထွက်ပေါ်လာသည်။

[ဒန်ဒန်ဒန်ဒန်…ဖေဖေ ပြန်လာပြီ။ အမလေး ရက်နည်းနည်းလေးပဲရှိသေးတာကို သမီးက အခုလိုတောင်ဖြစ်နေပြီလား]

လုထောင်၏ မျက်ဝန်းများမှာ ရုတ်ခြည်းတောက်ပသွားရသည်။

"ဖေဖေပြန်လာပြီ"

[အခုလောလောဆယ် အဲ့လိုအရေးမပါတဲ့ စကားတွေကို မပြောနဲ့ဦး။ သူ့မျက်နှာကို ကရားထဲကရေနဲ့ပက်ပြီး သူ အာရုံစိုက်မနေတဲ့အချိန်မှာ ထွက်ပြေးလိုက်။ သမီး မပြေးနိုင်ဘူးဆိုရင် လူတစ်ယောက်က ကလေးပြန်ပေးဆွဲဖို့ကြိုးစားနေပါတယ်ဆိုပြီး အော်လိုက်။ ဒီနားမှာ လူတစ်ယောက်ယောက် မရှိဘဲမနေဘူး]

ထိုအချိန်မှသာ လုထောင်လည်း သူ(မ)သယ်လာသော ကြွေအိုးလေးထဲမှာ ရေတစ်ဝက်ခန့်ရှိနေသည်ကို သဘောပေါက်သွားလေသည်။

ရှုလောင်စန်းက သူ(မ)ကို ရိုက်တော့မည့်ဟန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ သူ(မ)က စဉ်းစားမနေပါဘဲ လက်မြှောက်၍ ရှုလောင်စန်း၏ မျက်နှာကို ရေနှင့်ပက်ပစ်လိုက်သည်။

ဝိုး..

ရှုလောင်စန်းခမျာ ခန္ဓာကိုယ်ထက် အေးစက်သွားရပြီး ကြွေအိုးထဲရှိ ရေအများစုက သူ့ခါးပေါ်ကို လောင်းချခံလိုက်ရသည်။

ထိုအချိန်မှာ သူ ကြက်သေသေသွားပြီး ရေအေးအေးများက သူ့ပေါင်တံတစ်လျှောက်စီးကျသွားတာကို ခံစားမိလိုက်သည်။

သူ(မ)က အရပ်မရှည်သောကြောင့် ရေကို နေရာမှားပက်ပစ်လိုက်မိကြောင်း လုထောင်လေး သိသွားချေသည်။

အာ့ဝူလင်က သူ(မ)ကိုပြောထားသည့်စကားများကို သူ(မ) မှတ်မိနေဆဲပင်။ ထို့ကြောင့် ရှုလောင်စန်း ပြန်သတိဝင်လာမည့်အချိန်ကို စောင့်မနေဘဲ သူ့လက်ထဲက ရုန်းပြီး ထွက်ပြေးသွားလိုက်သည်။

"မြန်မြန်လာကြပါဦး။ ဒီမှာ..ဒီမှာ လူတစ်ယောက် သေးပေါက်ချလိုက်လို့"

တိုက်တိုက်ဆိုင်ဆိုင်ပင် လုထောင်တစ်ယောက် အဆုတ်ကွဲမတတ်အော်ဟစ်နေချိန်တွင် အနီးအနား၌ လူတစ်ယောက်ရှိနေလေ၏။

အဖွဲ့က ယနေ့တွင် ထင်းရှူးစေ့ကောက်ရန်အတွက် လူစုထားသည်။ သစ်ပင်တက်သမားများကလည်း ကိရိယာတန်ဆာပလာများဖြင့် ထင်းရှူးတောဘက်သို့ လမ်းလျှောက်သွားနေကြသည်။ သူတို့အထဲတွင် ချန်ပေါင်ခဲ့လည်း ပါဝင်သည်။

အော်ခေါ်နေသူက လုထောင်ဖြစ်ကြောင်း ချန်ပေါင်ခဲ့ သိလိုက်ရသောအခါ သူ့မျက်နှာအမူအရာက ပြောင်းလဲသွားပြီး တွေးတောမနေပါဘဲ ပြေးလာလိုက်သည်။

အခြားသူများကလည်း မသိစိတ်၏ စေ့ဆော်မှုအရ လိုက်လာကြသည်။ ခြေလှမ်းအနည်းငယ် ပြေးသွားပြီးနောက် တစ်စုံတစ်ယောက်က သဘောပေါက်သွားချေသည်။

"ဟေး.. မဟုတ်သေးပါဘူး။ လူတစ်ယောက်‌ သေးပေါက်ချလိုက်ပြီလို့ ဘာလို့ကြားနေရတာပါလိမ့်"

အခြားလူများမှာ သတိပြန်ဝင်လာပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ဒါက.. သူတို့ အဲ့ဒီကိုသွားသင့်ရဲ့လား။

တစ်စုံတစ်ယောက်သာ တကယ်ပဲ သေးပေါက်ချခဲ့သည်ဆိုပါက ပျော်စရာကောင်းသော မြင်ကွင်းမျိုးကိုကြည့်ဖို့အတွက် သူတို့ အပြေးအလွှားသွားကြလိမ့်မည်သာ။

ချန်ပေါင်ခဲ့ကမူ များများစားစား တွေးတောမနေချေ။ သူက ခြေလှမ်းအနည်းငယ်မျှဖြင့် ထင်းရှူးတောအုပ်ထဲသို့ အပြေးသွားလိုက်လေရာ ရှုလောင်စန်းက လုထောင်ကို လိုက်ဖမ်းရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။

ရှုလောင်စန်းက မူးနေသဖြင့် တုံ့ပြန်မှုက နှေးကွေးနေ၏။ လုထောင်တစ်ယောက် သူ့ကို ရေပက်ပြီးထွက်ပြေးသွားသဖြင့် သူ လုံးဝစိတ်ရှုပ်သွားရသည်။

သူ အသိပြန်ဝင်လာပြီး လုထောင်ကို လိုက်ဖမ်းကာ ပါးစပ်ကိုပိတ်ထားတော့မည့်ဆဲဆဲမှာပင် ချန်ပေါင်ခဲ့က ရောက်ရှိလာပြီဖြစ်၏။

ချန်ပေါင်ခဲ့က ရှုလောင်စန်းအပေါ် အမြင်ကောင်းမရှိနေပေ။

ရှုလောင်စန်းက သူ့ညီမနှင့် ချစ်ကြိုက်နေစဉ်တုန်းက သူ(မ)ကို အလွန်မေတ္တာရှိလွန်းသဖြင့် သူ(မ)ကို မေ့လို့မရနိုင်ခဲ့ဘူးဟု ဆိုလေသည်။

သို့သော် သူ(မ)ကို လိုက်လံနှောင့်ယှက်သည်မှ လွဲ၍ သူ(မ)အတွက် သူ တခြားဘာများလုပ်ပေးခဲ့သလဲ။

သူက အလုပ်ကြိုးစားဖို့လည်း ဆန္ဒမရှိပေ။ သူသည် သူ့အမေတစ်ယောက်တည်း၏ စကားကိုသာ နာခံတတ်သည်။ အခြားလူအတွက်လည်း ဘယ်တော့မှတွေးမပေးတတ်ဘဲ အရက်သောက်ဖို့နှင့် ငိုကြွေးဖို့သာ သိသည်။ သူက ဘယ်လိုယောကျ်ားမျိုးလဲ။

အစတုန်းကတည်းက ချန်ဖန်းရှု ပါဝင်ပတ်သက်နေသည့် မတိုင်ခင်က ဖြစ်ရပ်ကြောင့် ချန်ပေါင်ခဲ့ ဒေါသထွက်နေခဲ့သည်။

ယခု အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်သော ယောကျ်ားတစ်ယောက်ဖြစ်သည့် ရှုလောင်စန်းက အသက်သုံးနှစ်အရွယ် လုထောင်လေးကို လိုက်ဖမ်းပြီး ရိုက်နှက်နေပေသည်။ သူသည် သုန်မှုန်နေသော မျက်နှာဖြင့် လုထောင်ရှေ့တွင် ပိတ်ရပ်လိုက်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိပါဘဲ သူ့ကိုတွန်းချပစ်လိုက်သည်။

ထိုအချိန်တွင် ရှုလောင်စန်းလည်း မြေကြီးပေါ် လဲကျသွားပြီး သူ့ဘောင်းဘီပေါ်ရှိ သံသယဖြစ်ဖွယ် ရေကွက်များကို ထုတ်ဖော်ပြသမိလျက်သား ဖြစ်သွားလေသည်။

အနောက်က လိုက်လာသူတစ်စုကလည်း ထိုအခြင်းအရာကို မြင်သွားသောအခါ ထူးဆန်းသောအမူအရာများနှင့် သူ့ကိုကြည့်နေကြပြီး တချို့ဆိုလျှင် မကယ်နိုင်မရှုနိုင်ရယ်မောနေကြပေသည်။

"သူ တကယ်သေးပေါက်ချထားတာဟ။ ငါက ကလေးတစ်ယောက် လျှောက်ပြောနေတယ်လို့ထင်နေတာ"

"သူ့မျက်နှာကြီးနီနေတာကို ကြည့်လိုက်ဦး။ သူ အရက်တွေအများကြီးသောက်ထားတာလား"

"အဲ့လိုမဟုတ်ဘူး။ သူ့ကျောက်ကပ်တွေက ကောင်းတော့တာမဟုတ်ဘူးလို့ ထင်တာပဲ။ အရက်အများကြီးသောက်ပြီး ဘောင်းဘီထဲ သေးပေါက်ချတဲ့လူမျိုး မင်းတို့ မြင်ဖူးလား"

လူအမြောက်အများက အသံတိုးတိုးပြောရန် ကြိုးစားနေကြသော်လည်း တောအုပ်ကြီးက အလွန်တိတ်ဆိတ်လွန်းလှသဖြင့် အချို့စကားလုံးများက ရှုလောင်စန်း၏ နားထဲသို့ ဝင်ရောက်သွားသည်။

လဲကျသွားပြီးနောက်မှာ သူလည်း အမူးပြေသွားချေသည်။ ထိုစကားကိုကြားသောအခါ သူ့မျက်နှာကိုပဲ ကာထားရမလား၊ ဘောင်းဘီကိုပဲ အရင်ကာထားရမလားဆိုသည်ကို မဝေခွဲတတ်တော့ချေ။ သူ့ခမျာ ရှက်ရှက်နှင့် အော်ငေါက်ရုံသာ တတ်နိုင်တော့သည်။

"မင်းတို့က ဘာကြည့်နေတာလဲ။ ငါ သေးပေါက်ချထားတာမဟုတ်ဘူး"

သို့သော် သူပြောသည့်စကားများက အရက်သမားတစ်ယောက် သူ မမူးဘူးဟု ငြင်းဆန်နေသည့်အလားပင်။ ယုံကြည်စရာတစ်စက်မှမရှိပေ။

လူတိုင်း၏ မျက်နှာထက်တွင် "ငါနားလည်ပါတယ်"ဟူသော အမူအရာများ ချိတ်ဆွဲထားကြပြီး လုထောင်ကပင် ချန်ပေါင်ခဲ့အနောက်မှနေ၍ သူ့အား စက်ဆုပ်ရွံရှာလေဟန် အကြည့်တစ်ချက် ပစ်လွှတ်လာသည်။

ထိုအမူအရာမှာ "မင်းက အသက်ကြီးနေတာတောင် ဘောင်းဘီထဲ သေးပေါက်ချသေးတယ်ပေါ့"ဟု ပြောနေသည့်အလားပင်။

ရှုလောင်စန်းခမျာ ဒေါသထွက်လွန်းသဖြင့် သေလုမြောပါးဖြစ်သွားရသည်။

All Chapters