← Chapters

Chapter 58

Vol. 5 Ch. 58

Chapter 58

Vol. 5 Ch. 58

အိမ်တွင်ရှိသော ဝက်များ တစ်ခုခုဖြစ်ဖြစ်ချင်းမှာပင် အိမ်အပြင်ဘက်၌ လူတစ်ယောက်က ချောင်းမြောင်းနေချေသည်။ ဤသည်မှာ သံသယမဝင်ဘဲနေဖို့ ခက်ခဲလွန်းလှသည်။

ချန်ပေါင်ခဲ့က ထိုလူကို ခြံထဲသို့ အားသုံး၍ ဆွဲခေါ်လာပြီး သူ့ကိုတွန်းကာ မျက်နှာတည့်တည့်ကို ဓာတ်မီးနှင့်ထိုးလိုက်သည်။

ကုတ်ပုထားသော ရှုလောင်စန်းခမျာ အကြမ်းပတမ်းလှုပ်ယမ်းခံနေရသည့်အတွက် မျက်လုံးကိုမှိတ်ထားပြီး ခပ်မြန်မြန်ပင် လက်မြှောက်ထားလိုက်သည်။

"မလုပ်ပါနဲ့။ အထင်မလွဲပါနဲ့။ ငါက ဒီအတိုင်းဖြတ်သွားရုံပဲ။ ငါ တခြားဘာမှလုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး"

ဖြတ်သွားတာတဲ့လား။

ချန်ပေါင်မင်က မြေကြီးပေါ်ကို တံတွေးထွေးချလိုက်ပြီး‌ ပြော၏။

"မင်းက တော်တော်အရှက်မရှိတာပဲ။ ငါ့အိမ်ရှေ့က ဖြတ်သွားတယ်ပေါ့။ ဘယ်သူ့ကို အရူးလာလုပ်ဖို့ ကြိုးစားနေတာလဲ"

သူ့ဒုတိယအစ်ကိုက အင်္ကျီလက်ခေါက်တင်နေသည်ကို မြင်သောအခါ ချန်ပေါင်ခဲ့လည်း အချိန်ဖြုန်းမနေဘဲ တစ်ဖက်လှည့်ကာ ထပ်ထွက်သွားလိုက်ပြန်သည်။

ကျန်လူများကလည်း ရှုလောင်စန်းကို ချက်ချင်းဝိုင်းထားလိုက်ကြသည်။

"ညလယ်ခေါင်ကြီး ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ"

ရှုလောင်စန်းခမျာ ထိတ်လန့်သွားလေသည်။

"ငါဘာမှလုပ်မထားဘူး"

သူတို့မိသားစုက အဆက်အသွယ် အားလုံးကိုသုံးပြီး ပိုက်ဆံအမြောက်အများသုံးကာ ပြင်ပမှ မုယောနို့တစ်ဘူးကို ရအောင်ရှာလာနိုင်ခဲ့သည်။

အထဲကပစ္စည်းက ဘယ်လိုပုံစံမျိုးလဲဆိုသည်ကိုပင် ဖွင့်မကြည့်ရဲပေ။ ဤသည်မှာ သံနီဘူးဖြင့် ထုပ်ပိုးထားပြီး အလွန်အဆင့်မြင့်ပုံပေါက်သည်ဟုသာ သူတို့သိထားသည်။

သားအမိနှစ်ယောက်သားလည်း အလွန်စိတ်မကောင်းဖြစ်နေကြသည်။ သူတို့ လက်ဆောင်ပို့တာ နောက်ကျသွားလျှင် နတ်သမီးက စိတ်တိုသွားလိမ့်မည်ကိုလည်း သူတို့ စိုးရိမ်နေကြသည်။ ထို့ကြောင့် နေ့လယ်ဘက်တွင် ထိုလက်ဆောင်ကို ရထားပြီးကတည်းက ဤပစ္စည်းကို ဘယ်လိုပေးရမလဲဆိုသည်ကို စဉ်းစားနေခဲ့ကြသည်။

ဤပစ္စည်းကား အလွန်လေးလှ၏။ ပြီးခဲ့သည့်တစ်ခေါက်တုန်းကလို ပစ်ပေးလိုက်ပြန်လျှင်လည်း နတ်သမီးကို ထိသွားနိုင်ခြေရှိသည်။ ထို့ကြောင့် သူတို့သားအမိနှစ်ယောက်လည်း ဘယ်သူမှအာရုံစိုက်မနေသည့်အချိန်မှာ ဤပစ္စည်းကို ချန်မိသားစုခြံဝင်းထဲသို့ သွားထားမည်ဟုတွေးကာ ညရောက်သည်အထိ စောင့်ဆိုင်းခဲ့ကြသည်။ ထို့နောက်တွင်မှ ဤပစ္စည်းက နတ်သမီးအတွက်ဖြစ်ကြောင်း စာတစ်စောင်ချန်ထားခဲ့လိုက်မည်ဟု တွေးထားသည်။

ထို့ကြောင့် ညစာစားပြီးနောက် အခွင့်အရေးရမရ စုံစမ်းရန်အတွက် သူ ရောက်လာခဲ့ခြင်းဖြစ်သော်ငြား သစ်သားဂိုဒေါင်ဝင်ပေါက်မှာပင် လူမိသွားရသည်။

ရှုလောင်စန်းကတော့ စိတ်ထဲတွေးနေမိသည်။ အိမ်အပြင်ဘက်ကနေ ခဏလောက် ချောင်းကြည့်ရုံလေးပဲကို သူတို့က ဘာလို့ဒီလောက်စိတ်တိုနေရတာလဲ။

သို့သော် ချန်မိသားစုကတော့ သူ့မျက်လုံးက ဂနာမငြိမ်ဖြစ်နေပြီး သူ့လေသံကလည်း အပြစ်မကင်းလေဟန် အရိပ်အယောင်တို့ ရှိနေလေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူတို့မှာ ပို၍ပင် သံသယဝင်သွားသည်။

ချန်ပေါင်မင်က စိတ်အဆတ်ဆုံးလူဖြစ်၏။ သူက ဂေါ်ပြားတစ်ခု ကောက်ယူ၍ သူ့ကို ရိုက်ချလိုက်သည်။

"မင်း ငါတို့ဝက်တွေကို အဆိပ်ခတ်ခဲ့တယ်ဆိုလို့ကတော့ မင်းကို‌ သေအောင်ရိုက်သတ်ပစ်မယ်"

ထိုဂေါ်ပြားမှာ အိမ်ထဲတွင် ဝက်ခြံနှင့် ကြက်ခြံသန့်ရှင်းရေးအတွက် အသုံးပြုခြင်းဖြစ်၏။ အနံ့ကား အလွန်ပြင်းလှသောကြောင့် ရှုလောင်စန်းခမျာ သတိမေ့မတတ်ပင်။

သူက ဘယ်ရှောင်လိုက် ညာရှောင်လိုက်လုပ်ရင်း ချန်ပေါင်မင်ပြောသောစကားကို နားလည်နိုင်ဖို့အတွက် အချိန်အတော်ယူလိုက်ရသည်။ ထို့နောက်မှာတော့ သူ့အမူအရာက ရုတ်ခြည်းပြောင်းလဲသွားရသည်။

သူများစည်းစိမ်ဥစ္စာကို လုယူခြင်းမှာ သူတို့မိဘများကိုသတ်ခြင်းနှင့် မခြားပေ။

ဝက်သားက ယနေ့ခေတ်တွင် ဈေးမပေါလှပေ။ ကျေးလက်တွင် အိမ်ထဲမှာ ဝက်မွေးထားလျှင်တောင် တစ်ပေါင်ကို ပြားအနည်းငယ်သာရသည်။ ချန်မိသားစုက ယခုနှစ်တွင် ဝက်လေးကောင်မွေးထားသည်။ ထိုအကောင်အားလုံးသာ သေသွားခဲ့ပါက အနည်းဆုံးယွမ်နှစ်ရာသုံးရာလောက် ဆုံးရှုံးရပေလိမ့်မည်။

ရှုလောင်စန်း အလွန်ထိတ်လန့်သွားချေသည်။ ချန်မိသားစု အထူးသဖြင့် နတ်သမီးက သူ့ကို ဤကိစ္စ၏ လက်သည်တရားခံဟု ထင်သွားမှာ စိုးနေသည်။

ဆံပင်ကောက်ကောက်နှင့် ခေါင်းလေးတစ်လုံးက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ တိတ်တဆိတ် ပြူးကြည့်နေသည်ကို မြင်သောအခါ သူ့မှာ နှလုံးခုန်ရပ်လုနီးပါးပင်။

"အဲ့ဒါ တကယ် ငါမဟုတ်ဘူးလို့။ ငါက ထောင်ထောင့်ကို မုယောနို့ပေးဖို့ ရောက်လာတာ။ မင်းတို့ ငါ့ကိုမယုံရင် အပြင်မှာသွားရှာကြည့်လိုက်။ တံစက်မြိတ်အောက်မှာရှိနေတုန်းပဲ"

ချန်ပေါင်ခဲ့က အကျယ်ကြီး အော်ဟစ်လိုက်သဖြင့် အိမ်နီးချင်းတော်တော်များများကလည်း ကြားသွားကြသည်။

ချန်မိသားစုနေအိမ်တွင် ဆူဆူညံညံဖြစ်နေတာကို ကြားလိုက်ရသောအခါ ဘေးအိမ်ရှိ ကျိုးမိသားစုဝင်များနှင့် မျက်နှာချင်းဆိုင်ရှိ နင်မိသားစုတို့က ဘာဖြစ်နေသလဲဆိုသည်ကို မေးမြန်းရန် ရောက်လာကြသည်။

လူအမြောက်အများက ခြံဝသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့ အထဲဝင်တော့မည့်ဆဲဆဲမှာပင် ရှုလောင်စန်း၏ အော်သံကို ကြားလိုက်ရသဖြင့် အံ့ဩမှင်တက်သွားကြသည်။

ဘေးအိမ်ရှိ ကျိုးမိသားစု၏ ဒုတိယသားကလည်း ဓာတ်မီးကိုင်ထားသဖြင့် တံစက်မြိတ်အောက်သို့ ထိုးကြည့်လိုက်လေရာ တစ်စုံတစ်ခုကိုတွေ့သွားသည်။

"ဒီမှာ တကယ်ပဲ သံဘူးတစ်ဘူးရှိတယ်"

လွန်ခဲ့သည့်နှစ်ရက်တုန်းက လုထောင်သည် ဆိုနာအခြေခံအဆင့်ကို အောင်မြင်သွားခဲ့ပြီး စနစ်ကလည်း သူ့ကို မုယောနို့နှစ်ဘူး ဆုချခဲ့သည်။ ဤသည်ကို ချန်ဖန်းရှုကလည်း မြင်တွေ့ထားပြီးဖြစ်၏။ သူမက ထိုဘူးကိုထွက်ကြည့်လိုက်သောအခါမှာမူ မဖောက်ရသေးသည့် မုယောနို့ဘူးတစ်ဘူးဖြစ်နေကြောင်း သိလိုက်ရသည်။

သို့သော် ဤသည်မှာ ပို၍ပင် နားမလည်နိုင်စရာကောင်းနေသည်။

ချန်မိသားစုနှင့် ရှုမိသားစုတို့မှာ အမြဲတမ်း ဆက်ဆံရေးမကောင်းခဲ့ချေ။ သိပ်မကြာခင်ကပင် ရှုလောင်စန်းက အရက်မူးပြီး ထောင်ထောင်ကိုရိုက်ဖို့ လိုက်ဖမ်းခဲ့ဖူးသေးသည်။ အကယ်၍ ရှုလောင်စန်းက အငြိုးထားပြီး သူတို့တိရစ္ဆာန်လေးများကို တိတ်တဆိတ်ဆေးခပ်ခဲ့သည်ဆိုလျှင် သူမလည်း ထိုအချက်ကို ယုံမိပေလိမ့်ဦးမည်။ သို့သော် ထောင်ထောင့်ကို ပစ္စည်းများ ပို့ပေးနေခြင်းမှာမူ…

လူတိုင်းက သူ့ကိုကြည့်လိုက်ကြသည်။ သူတို့၏အကြည့်မှာ "မင်းက ငါတို့ကို ငတုံးလို့သဘောထားနေတာလား။ ဒါမှမဟုတ် မင်းကငတုံးလား"ဟု ပြောနေသည့်အလားပင်။ ထိုအကြည့်များကြောင့် ရှုလောင်စန်း၏ ဦးရေပြားမှာ ထုံထိုင်းသွားရသည်။

သူ အတော်ကြာတွေဝေတုံ့ဆိုင်နေပြီးနောက် အဆုံးမှာတော့ မျက်လုံးမှိတ်၍ ပြောလိုက်သည်။

"ငါ..ငါ..ငါ.. ထောင်ထောင့်ဆီက ဆိုနာတီးတာသင်ချင်လို့"

လူတိုင်း - "…"

ကျိုးမိသားစုက ချန်မိသားစုနှင့် အနီးဆုံးဖြစ်ပြီး ကျိုးမိသားစု၏ဒုတိယသားကလည်း အမြဲအနိုင်ကျင့်ခံနေရသည်သာ။ ထိုစကားကိုကြားသောအခါ သူက ထိုလူ့ခေါင်းကို ဓာတ်မီးနှင့် ထုပစ်ချင်မိသွားသည်။

မင်းက ဆိုနာတီးတာသင်ချင်လို့ ကလေးတစ်ယောက်ကိုတောင် ဆရာမြှောက်ချင်တယ်ပေါ့လေ။ မင်းရူးနေတာလား။

သူ့အမြင်တွင် ရှုလောင်စန်း၏ ပြဿနာက ဤရှုထောင့်မဟုတ်ပါဘဲ သူ့ဦးနှောက်တွင် ပြဿနာဖြစ်နေခြင်းပင်။

ရှုလောင်စန်းက ဤအခြေအနေကို အနေခက်အောင် သူကိုယ်တိုင်လုပ်ခဲ့ခြင်းပင်။

ကံကောင်းချင်တော့ ချန်ပေါင်ခဲ့က သူ့စက်ဘီးကိုမြန်မြန်စီး၍ ရှန်ချန်းယင်ကို သွားခေါ်လာခဲ့သည်။ လူတစ်စုက ဝက်ခြံနားသို့ အမြန်ပြေးသွားလိုက်ကြပြီး သူ့ကို ဘယ်သူကမှ ဂရုမစိုက်ကြပေ။

ရှန်ချန်းယင်ကလည်း ဝက်ခြံနားသို့ရောက်လာပြီး ဖျားနာနေသော ဝက်၏ ပါးစပ်နှင့်နှာခေါင်းကို ဓာတ်မီးထိုး၍ အရင်ကြည့်လိုက်သည်။ ထို့နောက် ထိုဝက်၏ အပူချိန်ကို တိုင်းကြည့်သည်။

ချန်မိသားစုဝင်များကလည်း အသက်ပင်ရဲရဲမရှူနိုင်ဘဲ စောင့်ဆိုင်းနေကြသည်။ သူမ စစ်ဆေး၍ပြီးစီးသောအခါ လုကွေ့ယင်းက အလောတကြီးမေးလိုက်၏။

"ခင်ဗျား ဆေးယူလာခဲ့လား။ အခုနေ ပဲစိမ်းရည်ကို တိုက်လိုက်ရင် အလုပ်ဖြစ်လောက်မလား။ ကျုပ် ပဲစိမ်းရည်တည်ထားတယ်။ မကြာခင်ရတော့မှာ"

"ငါ အဆိပ်ခပ်တာမဟုတ်ဘူး"

ရှန်ချန်းယင်က သူမယူလာခဲ့သော ဆေးသေတ္တာထဲမှ ဆေးထုတ်လိုက်ပြီး‌ ပြောလိုက်သည်။

"သူ အဖျားဝင်နေတာ။ သူ့ပါးစပ်နဲ့ နှာခေါင်းထဲမှာ ချွဲသလိပ်တွေတွေ့တယ်။ သူ ဖျားနေတာဖြစ်မယ်။ ဒါပေမဲ့ ဝက်တုပ်ကွေးဟုတ်မဟုတ်တော့ သေချာမသိဘူး။ ဆေးညွှန်းတော့ ရေးပေးလိုက်မယ်။ ဆေးအရင်တိုက်ကြည့်ပြီးမှ အခြေအနေကြည့်တာပေါ့"

ဝက်တုပ်ကွေးဖြစ်နိုင်ကြောင်း ကြားလိုက်ရသောအခါ ထိုနေရာရှိလူတိုင်းက မျက်နှာအမူအရာပြောင်းလဲသွားချေသည်။

ကိုယ့်မှာ ကြွယ်ဝမှုရှိလျှင်တောင် အမွေးပါသည့်သတ္တဝါများကိုတော့ ထည့်တွက်လို့မရဘူးဟု ဆိုရိုးစကားရှိသည်။

ကြက်၊ ဘဲ၊ ငန်နှင့် အခြားအိမ်မွေးတိရစ္ဆာန်များ ဖျားနာသောအခါ ၎င်းမှာ ဆယ်စုနှစ်တစ်ခုစာ ကြိုးစားအားထုတ်မှုကို ခဏတွင်းချင်း ပျက်စီးသွားစေနိုင်သည်။

ပိုဆိုးသည်မှာ ဝက်တုပ်ကွေးသည် ကူးစက်နိုင်ခြေမြင့်သည့် ရောဂါတစ်မျိုးဖြစ်၏။ ဘေးအိမ်ရှိ နင်မိသားစုကလည်း ဝက်များမွေးထားသည်။ ထိုသတင်းကို ကြားလိုက်ရသောအခါ သူတို့က အလျင်အမြန်နောက်ဆုတ်သွားကြပြီး သူတို့ဝက်များဆီကိုပါ ရောဂါကူးသွားမှာကို စိုးရိမ်နေကြသည်။

ဟူချူရှန်းကတော့ လက်မလျှော့ဘဲ ရှန်ချန်းယင်ကို မေးလိုက်သည်။

"ရှင် မမှားတာ သေချာလား။ ဝက်တုပ်ကွေးဆိုတာမရှိတာတောင် နှစ်ပေါင်းများစွာကြာပြီလေ"

ရှန်ချန်းယင်က ပြောလာသည်။

"ငါလည်းမသိဘူး။ ဒါပေမဲ့ ဒီနေ့လယ်တုန်းက အန်တီနျူဝမ်ရဲ့ဝက်တွေလည်း ဖျားကုန်ကြတယ်လေ။ ရောဂါလက္ခဏာက နင်တို့အိမ်က ဝက်တွေနဲ့ အတူတူပဲ။ နင်တို့တွေ သူတို့ကို ဆေးမြန်မြန်တိုက်သင့်တယ်နော်။ မနက်ဖြန်ကျရင် ငါ ထပ်လာကြည့်ပေးမယ်။ ဝက်တုပ်ကွေးဆိုတာ သေချာသွားရင် သူတို့ကို ချက်ချင်းသတ်ပစ်မှဖြစ်မယ်"

ဟူချူးရှန်း၏ မျက်နှာကား ဖြူရော်သွားပြီး သူမ၏ ခြေထောက်များမှာ ဝက်ခြံနားမှ ပြန်လျှောက်လာသည့်အချိန်တွင် အတုန်တုန်အယင်ယင်ဖြစ်နေချေသည်။

ယခင်တုန်းက မိသားစုတစ်စုမှာ အများဆုံး ဝက်နှစ်ကောင်သာ မွေးကြသည်။ တစ်ကောင်က မိသားစုအတွက်ဖြစ်ပြီး‌ နောက်တစ်ကောင်က ငွေရှာရန်အတွက်ပင်။

ယခုနှစ်တွင် ဆရာဝန်တစ်ယောက်က ကောင်းရှန့် အမြဲဖျားနာတတ်သည်မှာ လမစေ့ဘဲမွေးသောကြောင့် ကျန်းမာရေးချို့တဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ဆရာဝန်ကူ သူမ၏ ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက် အစာကောင်းကောင်းစားဖို့ ပြောထားသဖြင့် ယောက္ခမဖြစ်သူကလည်း နောက်ထပ်ဝက်နှစ်ကောင်နှင့် ကြက်များဘဲများကို မွေးထားလိုက်သည်။

တကယ်သာ ဝက်တုပ်ကွေးဖြစ်နေခဲ့ပြီး လေးကောင်လုံး တစ်ပြိုင်တည်းသေသွားခဲ့ပါက သူတို့ တစ်နှစ်လုံးကြိုးစားထားသမျှလည်း အလကားဖြစ်သွားပေလိမ့်မည်။

ချန်မိသားစုဝင်အားလုံး အလွန်တရာလေးနက်တည်ကြည်သွားကြသည်။ လုကွေ့ယင်းနှင့် ဟူချူရှန်းတို့ခမျာ မနေ့ညကလည်း ကောင်းကောင်းမအိပ်ထားရသေးသလို မနက်တုန်းကလည်း ဝက်များကို စစ်ဆေးဖို့အတွက် စောစောထခဲ့ရသည်။

သို့သော် အခြေအနေကား မကောင်းပေ။ အိမ်မှာရှိသော ဝက်လေးကောင်လုံး ခံတွင်းပျက်နေကြပြီး နေ့လယ်တုန်းကဆိုလျှင် ချောင်းဆိုးလက္ခဏာများပင် ပြနေချေသည်။

လူအိုကြီးချန်ကွမ်ဖာ့ကလည်း ဝက်ခြံဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး စီးကရက်တစ်ရှိုက်ဖွာလိုက်သည်။ သူက မတ်တတ်ထရပ်ပြီး သူ့ဆေးတံကိုကိုင်လိုက်သည်။

"ငါ အဖွဲ့အစည်းကို သွားပြောလိုက်မယ်"

"အဖေ"

ဟူချူရှန်း၏ မျက်လုံးများမှာ နီရဲနေပြီး သူမ၏လေသံကလည်း တောင်းပန်တိုးလျှိုးရိပ်များ သမ်းနေလေသည်။

"ခဏလောက်စောင့်ပါဦးလား။ ခဏနေရင် ပြန်သက်သာချင်သက်သာလာမှာပေါ့"

သူမက စကားပြောနေရင်းဖြင့် လုကွေ့ယင်းကို ထပ်ကြည့်လိုက်သည်။

"အမေ.. အဖေ့ကိုနားချပေးပါဦး။ ဒီဝက်တွေကို ကျွန်မတို့ ခက်ခက်ခဲခဲ မွေးထားရတာ။ နှစ်သစ်ကူးတောင် ရောက်တော့မယ်.."

လုကွေ့ယင်းလည်း ဝန်လေးနေချေသည်။

ဤဝက်လေးကောင်ကို သူမကိုယ်တိုင် ပြုစုစောင့်ရှောက်ပြီး သူတို့အတွက် မြက်လှီးကာ ဂျုံဖွဲနုကိုပြုတ်၍ ဤအရွယ်ရောက်သည်အထိ ဖြည်းဖြည်းချင်းပျိုးထောင်ခဲ့ရသည်။

ဝက်များမှာ ယခုနှစ်အတွင်း ကောင်းကောင်းမွန်မွန်ကြီးပြင်းလာသောကြောင့် ငွေအမြောက်အများ ရနိုင်ပြီဖြစ်၏။ သို့သော် ယခုလိုကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါအံ့နည်း။

သူမ ဘာမှမပြောလာသည်ကို မြင်သောအခါ ချန်ကွမ်ဖာ့လည်း ဘာမှမပြောဘဲ ချန်ပေါင်ခဲ့ကို မျက်လုံးမှိတ်ပြလိုက်သည်။

ချန်ပေါင်ခဲ့လည်း နားလည်သွားပြီး အပြင်ကိုခိုးထွက်ဖို့ အခွင့်ကောင်းချောင်း၍ ဤအခြေအနေကို ဖြေရှင်းဖို့အတွက် အဖွဲ့အစည်းထဲမှ လူတစ်ယောက်ကို သွားရှာလိုက်သည်။

ချန်မိသားစုတစ်ခုလုံးမှာ စိတ်အခြေအနေမကောင်းကြသဖြင့် လုထောင်တစ်ယောက် ပြတင်းပေါက်ခုံပေါ်မှ ရှားစောင်းပင်ကိုချကာ ခြေဖျားထောက်ရပ်နေသည်ကို မည်သူမှ သတိမထားမိကြပေ။

ကလေးမလေးက ရှားစောင်းပင်ကို ကိုင်ထားရင်း အိမ်ထဲကပြေးထွက်ကာ ဝက်ခြံဆီသို့ သွားကာ ထိုအပင်လေးကို အထဲသို့ထိုးထည့်ဖို့ ကြိုးစားလိုက်သည်။

အာ့ဝူလင်၏ အသံကား ပေါက်ကွဲတော့မတတ်ပင်။

[Host..ဘာလုပ်နေတာလဲ။ ဒီပစ္စည်းက အသုံးဝင်တယ်လို့ ပြောထားတယ်လေ။ လွှင့်ပစ်လို့မရပါဘူးဆိုမှ]

"ထောင်ထောင်က လွှင့်မပစ်ပါဘူး။ ထောင်ထောင်က ကျူးကျူးကို ကယ်ချင်လို့ပါ"

အထဲကိုထိုးထည့်ဖို့ အဆင်မပြေကြောင်း သဘောပေါက်လိုက်သဖြင့် လုထောင်ကလည်း အပင်လေးကိုကိုင်ကာ လှည့်ပတ်သွားနေလေသည်။

"ဖေဖေ… ဒီအလုံးလေးက လူတွေကို မဖျားအောင်ကူညီပေးနိုင်တယ်လို့ ပြောထားတယ်လေ။ ထောင်ထောင်က ဒီအပင်လေးကို ဒီနားမှာထားလိုက်ရင် ဝက်လေးတွေလည်း မဖျားတော့ဘူးပေါ့"

အာ့ဝူလင် - [……]

အာ့ဝူလင်ခမျာ ဤသို့နှယ်မေးပစ်လိုက်ချင်သည်။ စနစ်က ဖန်တီးထားတဲ့ ဆန်းကြယ်ပစ္စည်းတွေကို ဒီလိုပဲသုံးပစ်တော့မှာလားဟုပင်။

သို့သော် လုထောင်၏ အကြံက အလွန်ရိုးရှင်းလှသည်။ ချိုးချိုးရှိနေလျှင် ကျူးကျူးလည်း ဖျားမည်မဟုတ်။ ကျူးကျူးသာ မဖျားလျှင် ဘွားဘွားရော ဘိုးဘိုးရော ဦးဦးနဲ့ ဒေါ်ဒေါ်တို့ရော စိတ်ပူရမှာမဟုတ်ဘူး။ ထောင်ထောင်လည်း အသားစားလို့ရပြီ။

ကလေးက တစ်ဖက်ကိုလှည့်၍ ဂေါ်ပြားကို အားစိုက်၍ ယူလိုက်ပြီးနောက် ပန်းအိုးထားဖို့ တွင်းတစ်တွင်းတူးလိုက်သည်။

ကံဆိုးချင်တော့ ဂေါ်ပြားက သူမအရပ်အမောင်းလောက် ရှိသည်။ သူမက အတော်ကြာအောင် ဂေါ်ပြားဖြင့်တူးနေသော်ငြား တွင်းတူး၍မရချေ။ ထို့ကြောင့် သူမလည်း ဝက်ခြံအပြင်ဘက်ရှိ ထောင့်တစ်ထောင့်တွင်သာ ပန်းအိုးကို ထိုးထည့်ထားလိုက်ရသည်။

ထိုးထည့်ပြီးနောက်မှာတော့ သူမလည်း ကြီးမားလှသောတာဝန်တစ်ခုကို ထမ်းဆောင်ပြီးသွားသည့်အလား သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်သည်။

"ဖေဖေ.. ချိုးချိုးကို ကာကွယ်ပေးရမယ်နော်။ ထောင်ထောင် ဝက်သားနှပ်စားရတဲ့အခါ ဖေဖေ့ကိုပါ တစ်ဝက်ခွဲပေးမယ်"

ထိုစကားကိုကြားသောအခါ အာ့ဝူလင်က အေးတိအေးစက် နှာမှုတ်လိုက်သည်။

"ဖေဖေ့ကို လာဘ်ထိုးလိုက်ရင် အခုလေးတင် သမီးလုပ်ခဲ့တဲ့လုပ်ရပ်ကို ဖေဖေမေ့သွားလိမ့်မယ်လို့ မထင်လေနဲ့.."

သူမ စကားပြော၍ မဆုံးသေးခင်မှာပင် ကလေးမလေးက မျက်မှောင်ကြုတ်၍ သူမ၏လက်ချောင်းလေးနှင့် သူ့ကိုညွှန်ပြလိုက်သည်။

"ဒါပေမဲ့ ထောင်ထောင်လည်း စားချင်တယ်လေ..အဲ့လိုမှမဟုတ်ရင် ထောင်ထောင် ဖေ့ဖေ့အတွက် ဆိုနာတီးပြမယ်။ ဖေဖေက ထောင်ထောင့်ကို နည်းနည်းလောက်ကျွေးပေါ့"

အာ့ဝူလင် - [……]

[သမီးမိုက် ပါးစပ်ပိတ်ထား]

အဖွဲ့အစည်းထဲရှိ အခြေအနေကား ချန်မိသားစုထင်ထားသည်ထက်ပင် ပိုလေးနက်နေသည်။

ချန်ပေါင်ခဲ့ ရုံးခန်းသို့ရောက်သွားသောအခါ မိသားစုတော်တော်များများက သူတို့ဝက်များ ဖျားနာနေသည်ကို သိထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ မနေ့တုန်းက ရှန်ချန်းယင်က ဒေါ်လေးနျူ၏ ဝက်များအားလုံး သေသွားကြောင်း ပြောပြီး ထိုကိစ္စကိုကိုင်တွယ်ရန်အတွက် လူတစ်ယောက်သွားရှာနေရင်းဖြင့် မျက်ရည်များကို သုတ်ဖယ်နေချေသည်။

အဖွဲ့အစည်းက ဒေါ်လေးနျူ၏ အိမ်သို့ အရင်သွားလိုက်သည်။ ထို့နောက် ချန်မိသားစုနေအိမ်သို့ ရောက်လာသည်။

အိမ်မှာရှိသောဝက်များ သတ်ခံရတော့မည်ကို သိထားသည့်အတွက် ဟူချူရှန်းက အလွန်စိတ်လှုပ်ရှားနေ၏။

"ကျွန်မတို့ ဝက်တွေကတော့ မသေသေးဘူး။ ကျွန်မတို့ နည်းနည်းလောက် ထပ်စောင့်လို့ရမလား။ တစ်ညလောက်ပါပဲ"

လာရောက်လည်ပတ်သူများကလည်း သူမ၏ခံစားချက်ကို နားလည်ပေးနိုင်သည်ဖြစ်ရာ သူမကို အမြင်ကျယ်ကျယ်ထားတတ်ဖို့ အကြံပေးလိုက်သည်။ ဝက်တုပ်ကွေးကိုသာ ခပ်မြန်မြန်မကိုင်တွယ်ပါက ရောဂါပိုးပြန့်သွားလိမ့်မည်။ အဖွဲ့အစည်းတစ်ခုလုံး သို့မဟုတ် ရှုရွှေခရိုင်တစ်ခုလုံးသာ ကူးစက်ရောဂါပျံ့နှံ့သွားပါက သူမလည်း နောင်အနာဂတ်တွင် အသားဝယ်နိုင်တော့မည်မဟုတ်။

ဟူချူရှန်းကတော့ လက်မလျှော့ချေ။

"ကျွန်မတို့ဝက်တွေက သိပ်မကြာခင် သက်သာလာမှာပါ။ အဲ့လိုမှမဟုတ်ရင် အရင်ကတည်းက သေပြီးရောပေါ့…"

သူမက သူတို့ကို အပြေးအလွှား သွားတားလိုက်သော်ငြား အိမ်မှာရှိသည့် ဝက်များကို သူမ ထိလိုက်မိသည့်အခါမှာမူ ကြက်သေသေသွားရသည်။

"ကြည့်ရတာ.. သူတို့ ကိုယ်မပူတော့ဘူး ထင်တယ်နော်"

ကျန်လူများက မယုံကြပေ။ ထို့ကြောင့် သူတို့က သူမကို ဆွဲဖယ်လိုက်ပြီး ဝက်ကိုသတ်ရန်ပြင်ပါတော့သည်။

ဓားထုတ်လိုက်သည့်အချိန်မှာပင် မလှုပ်မယှက်ဖြစ်နေခဲ့သည့် ဝက်က ရုတ်တရက်ထအော်ပြီး ရုန်းလာလိမ့်မည်ဟု မည်သူမှထင်မထားပေ။

ဝက်များက လွတ်မြောက်လိုသောဆန္ဒဖြင့် အသည်းအသန် ပုန်းအောင်းနေကြတော့သည်။

ထိုအမျိုးသားလည်း သတိလက်လွတ်ဖြစ်သွားပြီး လဲကျလုနီးပါးဖြစ်သွားသည်။

"သေစမ်း.. ဖျားနေတာတောင် ဘယ်လိုလုပ်ပြီး တအားတွေတက်ကြွနေရတာလဲ"

ဟူချူရှန်း၏ မျက်လုံးများက ရုတ်တရက်ကြီး‌ တောက်ပသွားသည်။

"အဲ့ဒါ ဝက်တုပ်ကွေးမဟုတ်ပါဘူးလို့ ကျွန်မပြောသားပဲ။ ဝက်တုပ်ကွေးဖြစ်နေတဲ့ ဝက်တစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တက်ကြွနေနိုင်မှာလဲ"

ဤသည်မှာ စင်စစ်အံ့ဩဖို့ကောင်းလှသည်။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခဏလောက်ထပ်စူးစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ရလဒ်အနေနှင့် ဝက်များက အန္တရာယ်ကင်းသွားသည့်နောက်တွင် ဝက်ခြံထဲ၌ လဲလျောင်း၍ ညည်းညူနေကြတော့သည်။ တစ်ကောင်က အစာတောင်းနေသည့်အလား ဝက်စာခွက်ကို တူးထုတ်ရန် ကြိုးစားနေသေးသည်။

ထိုအခြင်းအရာကို ချန်ပေါင်ခဲ့ မြင်သောအခါ သူက ရှန်ချန်ယင်းကို သွားရှာလိုက်ပြီး ဘာဖြစ်နေသလဲဆိုသည်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်သည်။

ရှန်ချန်ယင်းလည်း နားမလည်နိုင်ဖြစ်နေသော်ငြား ချန်မိသားစု၏ ဝက်များက စင်စစ်သက်သာလာကြပြီး ဝက်တုပ်ကွေးရှိနေပုံလည်း မပေါက်ကြပေ။

လုထောင်၏ ဝက်သားနှပ်လည်း လောလောဆယ်တော့ ဘေးကင်းသွားပြီဖြစ်၏။ သို့သော် အခြေအနေသာ ထပ်ပြောင်းလဲသွားပါက အသတ်ခံရမည့်ကံကြမ္မာနှင့် တစ်ဖန်ရင်ဆိုင်ရနိုင်သည်။

ချန်မိသားစုနှင့်ယှဉ်လျှင် အဖွဲ့အစည်းထဲရှိ တခြားမိသားစုများက ပို၍ပင်အဖြစ်ဆိုးလှသည်။ ဖျားနာနေသောဝက်များက သေလျှင်သေ၊ မသေလျှင် အသတ်ခံလိုက်ရသည်ချည်းသာ။ အခြားအဖွဲ့များကလည်း အဆင့်အမျိုးမျိုးဖြင့် ဤကူးစက်ရောဂါများကို ခံစားနေရသည်။

အိုက်မင်အဖွဲ့အစည်းတစ်ခုလုံး ဝက်တုပ်ကွေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် အလုပ်ရှုပ်နေချိန်မှာ လူငယ်လေးဝေ့ချောင်က ချန်မိသားစုဆီသို့ ဖုဖောင်းနေသော ကျောင်းလွယ်အိတ်ကြီးတစ်လုံးလွယ်၍ ရောက်ချလာသည်။

"ထောင်ထောင် ငါသွားတော့မယ်"

All Chapters