← Chapters

Chapter 61

Vol. 6 Ch. 61

Chapter 61

Vol. 6 Ch. 61

ယာဉ်မတော်တဆကြောင့် သေဆုံးရသူကို မမျှော်လင့်ဘဲ သေဆုံးသူလို့ ခေါ်ကြလေသည်။ ဒီအကြောင်း ပေါက်ကြားသွားတော့ သတင်းမထွက်ဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ပေ။

ချန်ဖန်းရှုဟာ ပြီးခဲ့တဲ့နှစ်၌ ခရိုင်ကနေ ကြယ်နီတပ်မဟာဆီ သွားတဲ့လမ်းမှာ ဒီလောက် ပြင်းထန်တဲ့ ယာဉ်တိုက်မှု မဖြစ်ခဲ့ဘူးဆိုတာ သေချာခဲ့သည်။ ဒါနဲ့ပဲ အခြားသူ ဝင်တိုက်ပြီး သတ်တာခံရတဲ့ ကံမကောင်းသော အမျိုးသမီးဟာ သူမကိုယ်တိုင်ပဲလားလို့ သံသယဝင်လာသည်။

သူမအမူအရာကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်လိုက်ပြီး သူမ ပတ်ပတ်လည်မှ လူတွေလို အံ့အားသင့်နေတဲ့ အမူအရာ ပြသလိုက်၏။ “နင့်မိသားစုက ကားတိုက်မှုဖြစ်ပြီး တစ်ယောက်ယောက် သေသွားဖူးတယ်လား”

ဝမ်ရှုယွင် ပြောသွားပြီးတာနဲ့ မူလက ညည်းညူနေကြတဲ့ ကလေးမိဘတွေဟာ ရုတ်ခြည်း တိတ်ဆိတ်သွားပြီး လေထုအခြေအနေဟာ တစ်ခဏလောက် စိတ်ဓာတ်ကျစရာ ဖြစ်လာခဲ့သည်။

ချန်ဖန်းရှုရဲ့ စကားလုံးတွေဟာ ဒီမှာ ရှိသမျှ လူအားလုံးရဲ့ အတွေးကို ဖော်ပြနေပြီး ဝမ်ရှုယွင် အလွန်အမင်း ထိတ်လန့်သွား‌လေသည်။

သူမဟာ တည်တည်ငြိမ်ငြိမ်ဖြင့် ခပ်မြန်မြန်လေး ပြန်ချေပလိုက်သည်။ “နင်တို့ ဘာကြည့်နေကြတာလဲ။ လူတွေကို ကြောက်လန့်စေတာ မကောင်းဘူး။”

လူတွေကို တကယ်ပဲ ကြောက်သွားစေချင်ရင် သူမ ဆက်ပြောဆိုနေသင့်သည်။ “တစ်ယောက်ယောက်ကို သတ်ရမှာ ငါ မကြောက်ဘူး။ ဒီတော့ ငါက နင်တို့ကို ဘာလို့ ကြောက်ရမှာလဲ။”

ဝမ်ရှုယွင်ရဲ့ ရှင်းပြဖို့ စိတ်ထက်သန်မှုက သူမ အပြစ်ရှိနေကြောင်းကို သက်သေပြနေသည်။

သူမဝန်းကျင်က လူတွေရဲ့ အကြည့်တွေဟာလည်း တဖန် ပြောင်းလဲသွားပြန်သည်။ အချို့မိဘတွေကပင် သူတို့ရဲ့ ကလေးတွေကို ဆွဲခေါ်ပြီး ခြေနှစ်လှမ်းလောက် နောက်ဆုတ်ကာ သူမနဲ့ ခပ်ကွာကွာ နေကြသည်။

သံသယမျက်လုံး‌ပေါင်း များစွာနဲ့ စိုက်ကြည့်ခံနေရသော ဝမ်ရှုယွင်ဟာ အတော်လေး ဖိအားများနေခဲ့သည်။ ရိုးရိုးရှင်းရှင်းပင် သူမသားကို ဆွဲခေါ်သွားရင်း ပြောလေ၏။ “သွားစို့။ နင့်ဦးလေးဆီ သွားပြောရအောင်။ ငါတို့လို သာမန် အရပ်သားတွေ ပြောလို့မရမှတော့ အာဏာပိုင်တွေကို လာပေးဖို့ ငါတို့ သွားတောင်းဆိုကြမယ်။ ”

ထွက်ခွါသွားဖို့ အကြောင်းပြချက်တစ်ခုကို သူမ ဖန်တီးပြီး လူတိုင်းကို ခြိမ်းခြောက်ဖို့ သူမရဲ့ ဦးလေးအကြီးဆုံး အကြောင်းကိုတောင် ထုတ်ပြောလာလေ၏။

ကံဆိုးစွာပင် လုထောင်ဟာ သူမစကားလုံးတွေရဲ့ အဓိပ္ပါယ် နက်နက်ကို လုံးဝ နားမလည်ခဲ့ပေ။

အကြောင်းအရာတွေကို ရှင်းလင်းသွားအောင် မလုပ်ဆောင်ရသေးမီ ချူသာ့ကျန်းနဲ့ သူ့မိခင်တို့ ထွက်သွားကြတော့မှာကို မြင်တော့ ကလေးမလေးဟာ အင်မတန် စိတ်ဆိုးသွားပြီး အမေ၊ အမေဆိုပြီး ထပ်ခါတလဲလဲ တောင်းဆိုနေလေသည်။

ဘယ်အရာက အလုပ်ဖြစ်သွားလဲတော့ မသိပေ။ သို့သော် ဝမ်ရှုယွင်ဟာ တံခါးဆီ လျှောက်သွားတာနဲ့ ရုတ်တရက် သူမဘာသာ စကားစပြောခဲ့သည်။

“မကြောက်နဲ့။ မကြောက်နဲ့။ မနှစ်က ဆောင်းဦးမှာ ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မသိသေးဘူး။ မဟုတ်ရင် ရဲတွေက ငါတို့အိမ်ကို အရင်ကတည်းက ရောက်လာပြီးနေပြီပေါ့။”

ဒီအကြောင်း ပြောလိုက်ပြီးတာနဲ့ သူမ လျှို့ဝှက်ချက်တွေ ဖော်ထုတ်မိသွားပြန်ပြီဆိုတာ သဘောပေါက်သွားတော့ သူမမျက်နှာ ဖြူရော်သွားသည်။

ဝမ်ရှုယွင်က ကလေးကို ချီလိုက်ပြီး အထိတ်တလန့် ထွက်ပြေးခဲ့သည်။ တခဏ အကြာမှာတော့ ကလေးအချို့ဟာ သူတို့မိဘတွေကို အထဲ ဆွဲခေါ်သွားပြီး ပြောလေသည်။ “ဝင်ကြမယ်လေ”

လုထောင် မလှုပ်ရှားခဲ့ပေ။

'အခုတော့ ဒီခရာလေးဟာ အသုံးမဝင်ဘူးလို့ သူမ ခံစားရလေသည်။ မဟုတ်ပါက ဒီလောက် အကြိမ်များစွာ သုံးနေတာတောင် ဒီဟာက ဘာလို့ အကြိမ်တိုင်း ကျရှုံးနေတာလဲ။'

လုထောင်လေး နှုတ်ခမ်းဆူရင်း သူမလက်ထဲက ခရာကို ကြည့်နေတာ တွေ့တော့ သူမလေးဟာ ဝမ်ရှုယွင်ကြောင့် ကြောက်လန့်သွားလောက်တယ်လို့ လင်သော်သော် ထင်မိသွားလေသည်။ ထို့ကြောင့် ရှေ့ထွက်လာပြီး သူမလက်ကို ကိုင်လေသည်။ “ထောင်ထောင်၊ နင် အဆင်ပြေရဲ့လား။”

လုထောင် လှည့်ကြည့်လိုက်တဲ့အခါ သူမသူငယ်ချင်းလေးရဲ့ နီနီရဲရဲ မျက်လုံးတွေကို တွေ့လိုက်ရသည်။

သူမ အဆင်ပြေကြောင်း ပြသဖို့ ခေါင်းညိတ်ပြ၏။ ခဏလောက် တွေးပြီးမှ ခရာကို သူမဘက် လှည့်လိုက်သည်။

မကြာမီ သူမနားထဲတွင် စက်ရုပ်သံ ထွက်ပေါ်လာသည်။

[ငါ့ကို ဓာတ်ပုံမရိုက်နဲ့၊ ဓာတ်ပုံမရိုက်နဲ့။ မင်းကို ပွေ့ဖက်ပြီး ကံကောင်းမှု‌တွေ များများ ရချင်တယ်လို့ ငါ မပြောတော့ဘူး...]

ထိုအချိန်၌ အာ့ဝူလင် ရပ်တန့်သွားပြီး သူ ရုတ်တရက် အသံကျယ်လာသည်။ [ အခြားတစ်ယောက် စိတ်ထိခိုက်သွားအောင် လုပ်တာကို မင်း မပြောင်းလဲနိုင်ဘူးလား!]

'ဟမ်။ ကြည့်ရတာ ပြန်အသုံးဝင်နေပုံပဲ။'

လုထောင်ဟာ ခဏလေး တုံ့ဆိုင်းသွားပေမဲ့ ခရာကို သူမအင်္ကျီအောက်ထဲ ပြန်ထည့်လိုက်သည်။

ထည့်လိုက်ပြီးနောက် သူမရဲ့ ကျောင်းလွယ်အိတ်ထဲက စတော်ဘယ်ရီခြောက် တစ်ထုတ်ကို ထုတ်ပြီး လင်သော်သော်အား ပေးလေသည်။ “မကြောက်နဲ့ သော်သော်၊ ထောင်ထောင် နင့်ကို စတော်ဘယ်ရီတွေ ကျွေးမယ်‌လေ။”

ဒါက သူမ လတ်တလော အနိုင်ရခဲ့တဲ့ မုန့်ပင်။ ဒီမုန့်ဟာ အရောင် တောက်ပနေပြီး အရသာက ချိုချိုချဉ်ချဉ်လေး ဖြစ်၏။ အရသာလည်းရှိသည်။

ကောင်မလေးနှစ်ယောက်ဟာ သူတို့ရဲ့ အစောပိုင်းက အငြင်းအခုံများကို လျင်မြန်စွာ မေ့သွားကြပြီး ချစ်စရာကောင်းတဲ့ ဟမ်းစတား ခပ်ဝဝလေး နှစ်ကောင်လို ခေါင်းချင်းဆိုင်ကာ မုန့်အတူ စားနေကြလေသည်။

ကျန်းယွီကျစ်က သူတို့ကို ကြည့်ပြီး ချန်ဖန်းရှုကို ရှက်ရွံ့စွာ ပြုံးပြလေသည်။ “ကျွန်မမိသားစုက ရှင်တို့ကို ဒုက္ခအများကြီး ပေးမိသွားပြီ။”

ချန်ဖန်းရှုဟာ ယာဉ်တိုက်မှုအကြောင်း တွေးနေခဲ့လေသည်။ ဒီစကားတွေကို သူမ ကြားတော့ ကြက်သေ သေသွားပြီး လက်ရမ်းပြလိုက်သည်။ “ဒါက ပြဿနာ မဟုတ်ပါဘူး။ သော်သော်လည်း ကျွန်မတို့ ထောင်ထောင်ကို ဂရုစိုက်ပေးတာပဲလေ။”

“သော်သော်ဟာ ငယ်ငယ်တည်းက ရှက်တတ်သူ‌လေ။ သူမ တစ်ခုခုနဲ့ ကြုံတွေ့တဲ့အချိန် ထောင်ထောင်လိုသာ ရဲရင့်မယ်ဆိုရင် ကျွန်မ ပိုစိတ်ချရလိမ့်မယ်။”

ကျန်းယွီကျစ် ပြုံးကာ မေးလေသည်။ “ရှင့်အိမ်က အရမ်းဝေးလား။ ကျွန်မက ဒုတိယမြောက် စတိုးဆိုင်ရဲ့ နောက်မှာနေတာလေ။ အချိန်ရရင် ထောင်ထောင်ကို ကစားဖို့ ခေါ်လာပါဦး။”

သူမရဲ့ စိတ်ရင်းမှန်တဲ့ သဘောထားကို မြင်တော့ ချန်ဖန်းရှု ဖုံးကွယ်မနေတော့ပေ။ “ကျွန်မတို့က အိုက်မင်ကွန်မြူနီကပါ၊ ခရိုင်က မဟုတ်ဘူး။”

“ကလေးကို ကျောင်းပို့ဖို့ အတော်ဝေးတယ်မလား။ ရှင့်ရဲ့ ထောင်ထောင်က အကုန်သိတယ်လို့ သော်သော်က ပြောတယ်။ ရှင်ကော အဲ့ဒီကျောင်းက ဆရာမလား။”

“မဟုတ်ဘူး။ ကျွန်မ အထက်တန်းကျောင်းပြီးတော့ တပ်မဟာက ဆရာတွေ ထပ်မငှားရမ်းတော့ဘူးလေ။”

ဒါကို ကြားတော့ ကျန်းယွီကျစ် နည်းနည်း အံ့ဩသွားပေမဲ့ ချန်ဖန်းရှုမှာ အခြားလုပ်စရာရှိသေးတာကို မြင်တော့ သူမနဲ့ ဆက်ပြီး စကားမပြောတော့ပေ။

သူမတို့နှစ်ဦးဟာ မူကြို‌ကျောင်း ရှိရာ လမ်းကြားကနေ ထွက်လာပြီး တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်ခဲ့ကြသည်။ ချန်ဖန်းရှုဟာ ဟန်ဝိန်ကျွယ်ရဲ့ တပ်မဟာဆီ စက်ဘီးစီးပြီး ချက်ချင်း သွားခဲ့သည်။

ဟန်ဝိန်ကျွယ်ကို တွေ့တော့ သူမဟာ မေးခွန်းတွေ တသီကြီး မေးခဲ့သည်။ “အဝတ်ထည်စက်ရုံက ဒုညွှန်ကြားရေးမှူးချူကို သိလား။ သူ့မှာ ကုန်တင်ကားမောင်းတဲ့ ညီတစ်ယောက် ရှိလား။ ပြီးခဲ့တဲ့ ဆောင်းဦးက ကြယ်နီတပ်မဟာကို အရက်မူးမူးနဲ့ ကားမောင်းသွားခဲ့တယ်လို့ ကျွန်မ ကြားတယ်။”

ချန်ဖန်းရှုရဲ့ စကားလုံးတွေနဲ့ အပြုအမူတွေဟာ အမြဲပဲ သိမ်မွေ့လေ၏။ အလုပ် လုပ်ရာမှာလည်း မြန်မြန်ဆန်ဆန်နဲ့ ပရမ်းပတာ မဖြစ်ပေ။

အသက်တစ်ရှိုက်စာ အတွင်းမှာ မေးခွန်းတွေ တသီကြီး မေးသွားတာကို တွေ့တော့ တစ်ခုခုမှားနေပြီဆိုတာ ဟန်ဝိန်ကျွယ် သိသွားလေသည်။ “ခနစောင့်ဦး။ ကျွန်မ မေးကြည့်ပေးမယ်‌လေ။”

ချန်ဖန်းရှု ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးပဲ။” ထို့နောက် သူမသူငယ်ချင်း လက်ကို ကိုင်ကာ တီးတိုးပြောခဲ့သည်။ “တစ်ယောက်ယောက်က ကားငှားချင်နေလို့ ရှင့်ကို လိုက်စုံစမ်းခိုင်းထားတယ်လို့သာ‌ပြော။ အများကြီး မပြောနဲ့။ ဒါမှ ရန်သူကို သတိပေးရာ မရောက်မှာ။”

“ကျွန်မ သိပြီ။”

ဟန်ဝိန်ကျွယ်က အလေးအနက် သဘောတူလိုက်ပြီး တပ်မဟာဆီ ပြန်သွားခဲ့သည်။

ချန်ဖန်းရှုလည်း သူမစက်ဘီးကို လမ်းဘေးမှာ ရပ်ပြီး နောက်ဘာဆက်လုပ်ရမလဲ တွေးရင်း စောင့်နေခဲ့သည်။

သူမ နိုးလာတော့ ရဲစခန်းမှာ အမှုဖွင့်ဖို့ သူမနဲ့အတူ ချန်ပေါင်ခဲ့ လိုက်လာခဲ့သည်။ သို့ရာတွင် သူမကို ဘယ်သူ ကားတိုက်ခဲ့လဲဆိုတာ သူမ မပြောနိုင်ခဲ့ပေ။ ကားနံပါတ်၊ ကားအမျိုးအစားကိုလည်း သူမ မမှတ်မိပေ။ အခုထိတော့ ရဲစခန်းက သဲလွန်စ ‌မတွေ့သေးပေ။

အဲဒီနေ့က သူမနဲ့ ထောင်ထောင်ကို ကားနဲ့တိုက်မိလုနီးပါး ဖြစ်ခဲ့တာက ထိုလူသာဆိုရင်...

ထိုလူဟာ အရက်မူးရင်း ကားမောင်းခဲ့လေသည်။ မတော်တဆဖြစ်ပြီး နောက်မှာလည်း နောင်တမရပေ။ သူမတို့ ဒီလိုမျိုး အလွတ်မပေးလိုက်နိုင်ဘူး။

ဘယ်လောက်ကြာကြာ စောင့်ခဲ့ရလဲတောင် မသိတော့ပေ။ ဒါပေမဲ့ ဟန်ဝိန်ကျွယ် ပြန်လာပြီးနောက် ချန်ဖန်းရှုကို စကားပြောဖို့ ထောင့်တစ်နေရာဆီ ဆွဲခေါ်သွားသည်။

“ကျွန်မတို့အဖွဲ့မှာ ချူမိသားစုက အဘိုးအို အဖွားအိုရဲ့ အိမ်နီးချင်းတစ်ယောက် ရှိတယ်။ ရှင့်အတွက် လိုက်မေးကြည့်ထားတယ်။ ချူမိသားစုမှာ ညီအစ်ကို ငါးယောက် ရှိတယ်။ ဒုညွှန်ကြားရေးမှူးချူကတော့ ဒုတိယအကြီးဆုံး။ စတုတ္ထအကြီးဆုံးက သူ့အဆက်အသွယ်နဲ့ အခု စက်ယန္တရား စက်ရုံမှာ ကုန်တင်ကားမောင်းနေတယ်။”

ချူမိသားစုဟာ တော်တော်လေး လူသိများသည်။ အထူးသဖြင့် လူတွေကို မကြာခဏ စိတ်အနှောင့်အယှက် ပေးတဲ့ ချူလောင်စစ်နဲ့ သူ့ဇနီးပဲ။

သူတို့ စိတ်ညစ်ခဲ့ကြရလို့ ဖြစ်မယ်။ ထိုသူဟာ လှောင်ပြောင်နေခဲ့ပြီး ဟန်ဝိန်ကျွယ်ကို အတင်းအဖျင်းတွေ အတော်များများ ပြောပြခဲ့သည်။ ကြယ်နီတပ်မဟာမှာ ချူအဖွားအိုရဲ့ ဦးလေးတစ်ယောက်နဲ့ ညီမတစ်ယောက် ရှိသည်။ အဲဒီ့မိသားစု နှစ်စုဟာ မကြာခဏ အပြန်အလှန် အဆက်အသွယ် ရှိကြတော့ သတင်းသိဖို့က လွယ်သည်။

ချန်ဖန်းရှုကို သူမ သိသမျှ ပြောပြပြီးနောက် ဟန်ဝိန်ကျွယ်ဟာ အသံတိုးတိုးနဲ့ မေးခဲ့သည်။ “နင် ဘာလို့ စတုတ္ထမြောက်ချူကို ရုတ်တရက် မေးလိုက်တာလဲ။ နင့်ကို ကားနဲ့တိုက်လိုက်တာ သူလား။”

“ကျွန်မ မသိသေးဘူး။ သူ တစ်ယောက်ယောက်ကို ကားနဲ့တိုက်လိုက်တယ်လို့ သူ့ဇနီးဆီက ကြားလိုက်တာ။ ဒါကြောင့် သူမကို အသေးစိတ် မေးချင်လို့။”

ဟန်ဝိန်ကျွယ်ကို နှုတ်ဆက်ပြီးနောက် ချန်ဖန်းရှုဟာ တပ်မဟာ ရဲစခန်းကို တိုက်ရိုက်သွားခဲ့သည်။

တိုင်ကြားမှုကို လက်ခံခဲ့တဲ့ ရဲအရာရှိဟာ အဲဒီမှာရှိနေသည်။ သူက ချန်ဖန်းရှုကို မှတ်မိနေဆဲဖြစ်ကာ သူမကို နှုတ်ဆက်ခဲ့သည်။ “ခင်ဗျား သက်သာနေပြီပဲ။ လက်လုပ် ကောက်ရိုးဦးထုတ်တွေကို စတင်ရက်နေတယ်လို့ ကျွန်တော်တို့တပ်မဟာမှာရှိတဲ့ အမျိုးသမီးလုပ်ဖော်ကိုင်ဖက် တစ်ယောက်ဆီကနေ ကြားတယ်။ အဲ့ဒါ ခင်ဗျားလား။”

ချန်ဖန်းရှု ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါ ကျွန်မကို ပြောတာ ဖြစ်မယ်။ ပြည်သူ့လုံခြုံရေး ရဲဘော်ရေ၊ ကျွန်မ အရင်တစ်ခေါက်က တိုင်ကြားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သဲလွန်စ အသစ်တစ်ခု ရလို့ပါ။

သဲလွန်စတစ်ခု ရှိတယ်လို့ ကြားတော့ ထိုရဲဘော်ဟာ ချက်ချင်း လေးနက်သွားပြီး သူမရဲ့ ထွက်ဆိုချက်ကို ထပ်ယူလေသည်။ “ဒီကိစ္စကို ကျွန်တော်တို့ အမြန်ဆုံး စစ်ဆေးလိုက်ပါ့မယ်။ ရဲဘော်၊ ခင်ဗျား ပြောချင်တဲ့ လိပ်စာက ဒါလား။ ရလဒ်ထွက်လာတဲ့အခါ ခင်ဗျားကို အသိပေးဖို့ တစ်ယောက်ယောက်ကို ကျွန်တော်တို့ လွှတ်လိုက်ပါမယ်။”

လုပ်နိုင်တာ မှန်သမျှ လုပ်ပြီးတဲ့နောက်မှာ ချန်ဖန်းရှု စိတ်သက်သာရာရပြီး စက်ဘီးစီးကား အိမ်ပြန်ခဲ့သည်။

သူမ နောက်ကျမှ ပြန်လာတာ မြင်တော့ လုကွေ့ရင်းဟာ မေးခွန်းမမေးဘဲ မနေနိုင်ခဲ့ချေ။

ဒီကိစ္စ ရှင်းရှင်းလင်းလင်း မဖြစ်ခင် ချန်ဖန်းရှုဟာ သူမမိသားစုကို စိတ်မပူပန်စေချင်ပေ။ စတိုးဆိုင်မှာ ဟောင်ကောင် ရှပ်အင်္ကျီအသစ်တွေ အများကြီးတွေ့လို့ သူမ စျေးဝယ်ထွက်ပြီး ကလေးနှစ်ယောက်အတွက် တစ်ယောက် တစ်ထည်စီဝယ်ဖို့ စီစဉ်ထားတယ်လို့ အကြောင်းပြချက် ပေးလိုက်သည်။

ဟွမ်ရှောင်မိန်ဟာ သူမကိုယ်ဝန်ကြောင့် အပြင်ထွက် အလုပ်မလုပ်နိုင်ပေ။ ဒီတော့ သူမဟာ မကြာသေးခင်က အိမ်၌ ကောက်ရိုးဦးထုတ်တွေ ရက်လုပ်နေခဲ့၏။ ဒါကို ကြားတော့ သူမမေးလေသည်။ “မကြာ‌သေးခင်က ခရိုင်ကို ဟောင်ကောင်က အဝတ်အထည်တွေ ရောက်လာတယ်လို့ ကျွန်မလည်း ကြားတယ်။ အဲ့ဒါတွေကို ဘယ်လိုထင်လဲ။ အဲ့ဒါတွေသာ ကြည့်ကောင်းတယ်ဆိုရင် ကျွန်မလည်း မနက်ဖြန် ကျွန်မရဲ့ ယောက်ျားအတွက် တစ်ထည် ဝယ်ပေးမလို့လေ။”

“ဘာလို့ သူ့အတွက် ဝယ်မှာလဲ။ ကိုယ့်အတွက်သာ ဝယ်စမ်းပါ။ အဲကောင်လေးက နေ့တိုင်းပဲ အဝတ်အထည်ကောင်းတွေကို ဖျက်ဆီးပစ်နေတာချည်းပဲ။”

လုကွေ့ရင်းဟာ ချက်ထားတဲ့ ဘဲငန်းဥကို ဒုတိယချွေးမဆီ ပေးပြီး ပြောလိုက်သည်။ “နင် အချိန်တော်တော်ကြာ အလုပ်ရှုပ်နေခဲ့တာ‌လေ။ တော်လိုက်တော့၊ အနားယူရင်း ဒီဥ စားလိုက်။”

အဖွားအိုက စကားပြောပြီးသွားတော့ သူမ တစ်ခုခုကို သတိရသွားပြီး အိမ်ပြန်သွားကာ စာတစ်စောင် ထုတ်ယူလာသည်။ “ရှုအာ၊ ကြည့်ပါဦး။ ဒီစာက နင့်ဟာလား။”

စာအိတ်ပေါ်က လက်ခံရရှိသူရဲ့ အမည်မှာ အမှန်ပင် ချန်ဖန်းရှုရဲ့ အမည် ဖြစ်လေသည်။

စာရေးသူရဲ့ လက်ရေးက သပ်ရပ်နေပေမဲ့ သူ့စာရေးဟန်ကတော့ သိပ်ပြီး ရင့်ကျက်မှု မရှိပေ။ ပြီးတော့ ပေးပို့သူက...

မတော်တဆဖြစ်ရပ်နောက်ပိုင်း ချန်ဖန်းရှုရဲ့ မျက်လုံးတွေဟာ ပြုံးနေခဲ့သည်။ “ဒီစာက ထောင်ထောင်အတွက် ဖြစ်လောက်တယ်။ သူမ ပြန်လာတဲ့အခါ ကျွန်မ ဖတ်ပြလိုက်မယ်။”

တစ်ယောက်ယောက်က သူမဆီ စာရေးလာတယ်လို့ ကြားတော့ လုထောင်လည်း အံ့သြသွားသည်။

ကလေးမလေးဟာ စာအိတ်ပေါ်က စာလုံး‌တွေကို အကြာကြီး ငေးကြည့်နေသည်။ “လဲ့ လဲ့ရှန်း… ရွှေ၊ ရွှေ...”

“ဒါက လဲ့ရှန်း စီရင်စု၊ ရှု‌ရွှေကောင်တီ၊ အိုက်မင်ကွန်မြူနီက ချင်ရှန်းတပ်မဟာပဲ။”

လုဟွေ့က သူမကို ဖတ်ပြလိုက်သည်။ ဖတ်ပြီးနောက် မျက်မှောင်ကြုပ်သွားမိသည်။ “ဝေချောင်? သူက ဘာလို့ နင့်ဆီ စာရေးတာလဲ။”

ဝေချောင် ဆိုတဲ့ နာမည်ကို ကြားတော့ ကလေးမလေးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ “အစ်ကို ဝေချောင် လား။ ဒါက အစ်ကိုဝေချောင် ထောင်ထောင်ဆီ ပို့လိုက်တာလား။”

“သူ ထွက်သွားတာ နှစ်ဝက်တောင် ရှိပြီ။ နင် သူ့ကို ဘယ်လိုလုပ် မှတ်မိနေသေးတာလဲ။”

လုဟွေ့ရဲ့မျက်နှာက မချိုမြိန်တော့ဘူး။ သူက စာကို ကောက်ယူပြီး အံဆွဲထဲ ပစ်ထည့်လုနီးပါးပင်။

ဒါကို မြင်တော့ လုထောင်ဟာ လုယူဖို့ အလျင်အမြန် သွားလေသည်။ “ထောင်ထောင့်ဟာ၊ ဒါ ထောင်ထောင့်ဟာ!” သူမဟာ လုဟွေ့ရဲ့ ခါးကို ပွေ့ဖက်ပြီး လွှတ်ပေးဖို့ ငြင်းဆန်နေသည်။

လုဟွေ့ဟာ သူမကို စာပြန်ပေးဖို့ စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။ “နင် ဒါကို ဘယ်လိုပဲဖြစ်ဖြစ် ဖတ်လို့ရတာပဲ”

လုထောင်ဟာ စာကို နားမလည်ပေမဲ့ သူမ အမေကို ဖတ်ပြဖို့ တောင်းဆိုနိုင်သည်။

ဒါပေမဲ့ ဝေေချာင်ရဲ့ စာမှာ စာလုံးအများကြီး မရှိခဲ့ပေ။ အားလုံးနီးပါးက ရုပ်ပုံတွေဆိုတော့ လုထောင်ကို ဖတ်ပြစရာ မလိုပဲ သူမဘာသာ ဖတ်နိုင်ခဲ့‌သည်။

မြို့တော်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ သူတွေ့ကြုံခဲ့တဲ့ အရာတွေနဲ့ သူမြင်ခဲ့တဲ့ အသစ်အဆန်းတွေကို ပုံဆွဲပြီး လုထောင်ဆီ ပို့ပေးခဲ့သည်။

ဒါက ခြောက်ထပ် (သို့) ခုနှစ်ထပ် အဆောက်အဦးတွေ၊ ဆံပင်အကောက်နဲ့ အရုပ်တွေ၊ ခြေနင်းနဲ့ သုံးဘီးကားတစ်စီးကို လုထောင် တွေ့တဲ့ ပထမဆုံးအကြိမ် ဖြစ်လေသည်။ သူမ အံ့အားသင့်နေ၏။ “ပြည်နယ်ရဲ့မြို့တော်က ခမ်းနားလိုက်တာ။ အဆောက်အဦးတွေက အမြင့်ကြီးပဲ။”

ဝေချောင်နဲ့ လိုက်မသွားရလို့ နောင်တရနေကာ သူ့မရဲ့ လက်ဖဝါးနှစ်ဖက်နဲ့ သူမပါးတွေအား ကိုင်ထားတဲ့ သူ့ညီမကို မြင်တော့ လုဟွေ့ဟာ သူ့ရင်ဘတ် ကော့လိုက်ပြီး ပြောလေသည်။ “ငါ ငွေရှာနိုင်တာနဲ့ အဆောက်အဦးတစ်ခုမှာနေဖို့ စက်ဘီးစီးဖို့ နင့်ကို မြို့တော်ဆီ ခေါ်သွားပြီး နင့်အတွက် အရုပ်တစ်ရုပ် ဝယ်ပေးမယ်။”

အာ့ဝူလင်က လုဟွေ့ထက်တောင် ပိုပွင့်လင်းသည်။ [ထောင်ထောင်၊ အချစ်‌လေး၊ မင်းရဲ့တာဝန်ကို နှစ်နှစ်အတွင်း ကောင်းကောင်းမွန်မွန် ထမ်းဆောင်သရွေ့ အဖေက မင်းရဲ့အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ပေးမယ်။]

ဒါပေမဲ့ ဘယ်သူဆီက ကတိပဲဖြစ်ဖြစ် ကတိတည်ဖို့ အချိန်ယူရလိမ့်မည်။ အဲ့ဒါမတိုင်ခင် လုထောင်ဟာ သူမအစ်ကို ဝေချောင်ဆီ စာပြန်ခဲ့လေသည်။

သူမဟာ စကားလုံး တော်တော်များများကို မသိသေးလေတော့ ဝေချောင်ကို နမူနာယူပြီး မူကြို သွားတက်ရင်း သူငယ်ချင်းအသစ် လင်သော်သော်နဲ့ တွေ့တာကို သူမကိုယ်တိုင် ပုံဆွဲခဲ့လေသည်။

သူ့အမေရဲ့ တိုက်တွန်းမှုကြောင့် လုဟွေ့ဟာ သူ့ညီမကို စာသားအပိုင်း၌ ပြီးပြည့်စုံအောင် အင်တင်တင်နဲ့ ကူညီလေသည်။ ထို့နောက် ချန်ဖန်းရှုဟာ စာပို့‌ပေးခဲ့သည်။

စာပို့ပြီးနောက် လုထောင်ဟာ ဝေချောင်ရဲ့ ပြန်စာကို သူမလက်ချောင်းတွေဖြင့် နေ့ရက်‌တွေ ရေတွက်ရင်း စောင့်ဆိုင်းနေခဲ့သည်။

တစ်ရက်တည်း၌ပင် သူမရှေ့မှာ ထိုင်တဲ့ ချူသာ့ကျန်းရဲ့ အိမ်တွင် အခုတလော မငြိမ်းချမ်းတော့ပေ။

လျှို့ဝှက်ချက် ထုတ်ပြောမိတဲ့ နေ့ကတည်းက ဝမ်ရှုယွင်ဟာ သူမသားကို မူကြိုဆီ ထပ်မပို့တော့ပေ။

မူလက သူမသားကို ကျောင်းမပို့ခင် ဒီဖြစ်ရပ် ပြီးဆုံးသွားပြီး လူတိုင်း မေ့သွားလောက်တဲ့ အချိန်အထိ စောင့်‌နေချင်ခဲ့သည်။

ဘယ်သူ သိခဲ့ပါ့မလဲ။ ရက်အနည်းငယ်အကြာမှာတော့ ခရီးရှည်ကနေ ပြန်လာတဲ့ သူမရဲ့ ခင်ပွန်းချူဟာ ရဲတွေ ဖမ်းဆီးတာ ခံလိုက်ရလေသည်။

ဝမ်ရှုယွင်ဟာ သူမ လွှတ်ခနဲ့ ပြောလိုက်မိတဲ့ကိစ္စကို ချက်ချင်း တွေးမိပြီး ဘာဖြစ်ပျက်ခဲ့တယ်ဆိုတာ သိရဖို့ အိုက်မင်ကွန်မြူနီကို အမြန်သွားခဲ့သည်။

အစက ကားမောင်းစဉ် တစ်ယောက်ယောက်ကို ဒဏ်ရာရစေခဲ့တယ်လို့ သူမ ကြားတော့ စိတ်သက်သာရာရသွားပြီး သူတို့ မှားများနေသလားဟု မေးခဲ့သည်။ အဆုံးမှာတော့ သူမနဲ့ ချူသယ်ကောင်း ထင်ခဲ့တာက ချူသယ်ကောင်းဟာ လူတစ်ယောက်ကို သတ်လိုက်တာဖြစ်ပြီး ထိုလူကို ဒဏ်ရာရစေခဲ့တာ မဟုတ်ပေ။

ဒါပေမဲ့ ရဲစခန်းတွင် ချန်ဖန်းရှုကို ကားနဲ့တိုက်ခဲ့တာက အမှန်ပင် ချူသယ်ကောင်း ဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေတွေ ရှိတာကြောင့် သူ့ကို ဖမ်းဖို့ စိတ်ထက်သန်နေခဲ့သည်။

ချူသယ်ကောင်း ကြယ်နီတပ်မဟာဆီ သွားခဲ့ရတဲ့ အကြောင်းရင်းမှာ သူ့‌ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ ဖြစ်လေသည်။

ရဲတွေ ကြယ်နီတပ်မဟာဆီ သွားရောက်ပြီး လူတွေကို မေးမြန်းတဲ့အခါ ချူမိသားစုရဲ့ ဆွေမျိုး မင်္ဂလာဆောင်တဲ့နေ့ဟာ ချန်ဖန်းရှု မတော်တဆဖြစ်သည့် နေ့ရက်ဖြစ်ကြောင်း သူတို့ ရှာတွေ့သွားကြသည်။ ချူသယ်ကောင်း ပြန်လာတဲ့ အချိန်၊ လမ်းကြောင်းမှာလည်း မတော်တဆဖြစ်ခဲ့တဲ့ အချိန်၊ နေရာတို့နှင့် ကိုက်ညီနေခဲ့သည်။

အရင်က ချူသယ်ကောင်း အဆင်ပြေနေခဲ့တဲ့ အကြောင်းရင်းမှာ သက်သေ အလွန်နည်းပါးခဲ့ပြီး အမှုတိုင်ကြားတဲ့ အချိန်မှာလည်း နောက်ကျနေသည်။ ထို့ကြောင့် မည်သူမှ သူလို့ မထင်မိခဲ့ကြပေ။

အခုတော့ အထောက်အထားတွေ ရှိလာသဖြင့် သူ့အတွက် သံသယတွေကို ဖယ်ရှားပစ်ဖို့ မလွယ်ကူတော့ပေ။

သူမဟာ ပြဿနာ ဖန်တီးခဲ့သူ ဖြစ်ကြောင်း ဝမ်ရှုယွင် သိပေမဲ့ ဘာမှ မပြောရဲခဲ့ပေ။ ကြေကွဲစရာ ကောင်းတဲ့ လူတစ်ယောက်လို ငိုကြွေးပြီး နေရာတိုင်းမှာ အကူအညီတောင်းနေခဲ့‌လေသည်။

All Chapters