Chapter 64
Vol. 6 Ch. 64
အာ့ဝူလင်ရဲ့ အထင်သေးမှုနဲ့ ယှဉ်ကြည့်ရင် ဝေချောင်ဟာ လူထောင်ရဲ့ ပန်းချီကားတွေကို တန်ဖိုးထားသည်။
လုထောင်မှ သူ့ဆီ ရေးထားတဲ့စာကို အံဆွဲထဲ သေသေချာချာ ထည့်ထားပြီး သူ အလုပ်မရှိတဲ့အခါတိုင်း ဖတ်ကြည့်ဖို့ ထုတ်ယူသည်။
အဲ့ဒီအချိန်က ဖက်ထုပ်လုံးလေးဟာ ပန်းချီသင်တန်းတွေ မတက်ရသေးသဖြင့် စာဟာ ခပ်ကြောင်ကြောင် စိတ္တဇမျဉ်းတွေနဲ့ ပြည့်နေသည်။ ပိုပြီးအသက်ဝင်တဲ့ အရာနှစ်ခုကိုပဲ သူမ ဆွဲခဲ့သည်။ တစ်ခုဟာ ဇာတ်လိုက်မင်းသမီးရဲ့ ခေါင်းပေါ်က ဆံပင်ကောက်ကောက်တွေ ဖြစ်ပြီး နောက်တစ်ခုက သူမဘေးက သူမကို ကိုယ်စားပြုတဲ့ မက်မွန်သီးပင်။
သူမအပြင် ခေါင်းပေါ်မှာ ပန်းပွင့်လေး နှစ်ပွင့်နဲ့ ကောင်မလေး တစ်ယောက်လည်း ရှိသည်။
ဝေချောင်က လုထောင် ရဲ့စာကို အတော်ကြာကြာ လေ့လာခဲ့ပြီးနောက် ပန်းလေးနှစ်ပွင့် = သော်သော် = သော်သော် ဆိုတဲ့ လင်သော်သော်ကို ရည်ညွှန်းထားကြောင်း သဘောပေါက်သွားသည်။
ထောင်ထောင်ဟာ သူမရဲ့နာမည်ကို ကိုယ်စားပြုနိုင်တဲ့ ဒီနည်းလမ်းကို သုံးဖို့ တွေးမိလောက်အောင် ဘယ်လိုတောင် တော်တာလဲဆိုတာ မသိတော့ပေ။
ဝေချောင် အဲ့အကြောင်း တွေးမိတော့ နှုတ်ခမ်းစေ့ကာ အပြုံးကလေးတစ်ခု ပြသလာပြီး သူ့ရဲ့ မက်မွန်ပုံစံ မျက်လုံးတွေဟာလည်း လှိုင်းထသွားလေသည်။
မစ္စဝေမှ မက်မွန်သီးဘူးကို သူ့ထံ ပေးဖို့ ဝင်လာတဲ့အခါ ဒါကို မြင်တော့ သူမ မနေနိုင်ဘဲ မေးလိုက်သည်။ "ဒီလောက် ပျော်ပျော်ကြီး ဘာကို ကြည့်နေတာလဲ။"
သူမရဲ့ မြေးလေးက ထက်မြက်ပေမဲ့ အရမ်းကို တည်ငြိမ်ပြီး ငြီးငွေ့စရာကောင်းလေသည်။ အခြားကလေးတွေလို မတက်ကြွပေ။ သူမရဲ့ အငယ်ဆုံးသားနဲ့ သူ့မိသားစု ပြန်လာတာ တစ်နှစ်ခွဲနီးပါးရှိခဲ့ပြီ။ ဒါဟာ သူ ကလေးတစ်ယောက်လို ပြုံးနေတာကို သူမ ပထမဆုံးအကြိမ် မြင်ခြင်းပေ။
သူ့အဖွားက မြင်သွားလေတော့ ဝေချောင်ရဲ့နားတွေဟာ နီရဲလာသည်။
သူ လုထောင်ရဲ့စာကို အမြန်ခေါက်ကာ သူ့အိမ်စာ စာအုပ်နဲ့ ဖုံးကွယ်လိုက်ပြီး သူ ဘာမှမဖတ်ပါဘူးလို့ ပြန်ဖြေသည်။
အဖွားအို မစ္စဝေက သူတစ်ခုခု ဝှက်လိုက်ကြောင်း မြင်တော့ ကြောင်တစ်ကောင် လက်သည်းနဲ့ ကုတ်ခြစ်ခံနေရသလို သိချင်စိတ် ဖြစ်သွားသည်။
ဒါပေမဲ့ သူ့စိတ်နေစိတ်ထားကို တွေးမိတော့ သူမ မေးခွန်းတွေ ထပ်မမေးတော့ပေ။ သူမက သူ ခဏလောက် အနားယူနိုင်ဖို့ မက်မွန်သီးဘူးလေး ချပေးထားလိုက်ပြီး လှည့်ထွက်သွားသည်။
ပန်းကန်ထဲက အဝါရောင်တောက်တောက် မက်မွန်သီးတွေကို မြင်တော့ ဝေချောင်ဟာ လုထောင်ကို မနေနိုင်ဘဲ တွေးမိသွားကာ သူ့မျက်ခုံးတွေက အနည်းငယ် ကွေးသွားလေသည်။
မစ္စဝေက တံခါး ပိတ်ခါနီး ဒါကိုတွေ့တော့ သူမခင်ပွန်းကို ဒီအကြောင်း သွားပြောလိုက်သည်။ “သူ အရမ်း လျှို့ဝှက်နေတယ်၊ သူဘာလုပ်နေမှန်း ကျွန်မ မသိရဘူး။”
မစ္စတာဝေဟာ သတင်းတွေ ကြည့်နေသည်။ ဒါကိုကြားတော့ သူက ခေါင်းမထောင်ဘဲ “အမ်” လို့ ပြောလေသည်။
အဖွားဝေက သူ့မဘာသာ သူမ ခဏလောက် စကားတွေ ပြောပြီးနောက် အခြားတစ်ခုကို တွေးမိသွားသည်။ “အရင်က --ရဲ့သားအတွက် ချိန်းတွေ့ပေးဖို့ ရှင် ကျွန်မကို ကူညီခိုင်းထားတာလေ။ သူ့ကို ကျွန်မ နှစ်ယောက်နဲ့တောင် မိတ်ဆက်ပေးလိုက်တယ်။ ဒါပေမယ့် သူက တစ်ချက်လေးတောင် မကြည့်ဘူး။ နောက်တော့ ဘာဖြစ်သွားလဲ။ ဘယ်သူက သူ့ကို မိတ်ဆက်ပေးတော့မှာလဲ။”
သူ့မိတ်ဆွေဟောင်းရဲ့ သားအကြောင်း ပြောတော့ မစ္စတာဝေဟာ နောက်ဆုံးမှာ ပြန်ပြောလာလေသည်။ “မိတ်ဆက်ပေးဖို့ မလိုတော့ဘူး။ အရင်က သူ့မှာ မိသားစု ရှိခဲ့တယ်လို့ ကြားတယ်။”
သူမ အဲ့ဒါကိုကြားတော့ မစ္စဝေ မတ်မတ်ထိုင်လိုက်၏။ “သူ အကုန်လုံး မှတ်မိသွားပြီလား။”
“ဟင့်အင်း၊ ဒါပေမဲ့ သူ့ရဲဘော်ဟောင်းကို တွေ့ခဲ့တယ်။ သူက ငယ်သေးပေမယ့် လက်ထောက်တပ်ရင်းမှူး ဖြစ်နေမယ်လို့တော့ ငါ မထင်ထားဘူး။”
လုကောပင်းကလည်း သူ အရင်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးလောက်တယ်လို့ မှန်းမိခဲ့သည်။
နှစ်ပေါင်းများစွာ စစ်မှုထမ်းခဲ့ဖူးတဲ့ စစ်သားတွေဟာ သာမန်လူတွေနဲ့ မတူတဲ့ လမ်းလျှောက်ဟန် ရှိကြသည်။ ဂရုတစိုက် ကြည့်မယ်ဆိုရင် သိနိုင်သည်။
ဒါပေမဲ့ သူဟာ တကယ်တမ်း၌ လက်ထောက်တပ်ရင်းမှူး အဆင့် ဖြစ်နေလိမ့်မယ်လို့ သူ မျှော်လင့်မထားပေ။ သူ တာဝန်ထမ်းဆောင်နေတုန်း မတော်တဆ ဖြစ်သွားတဲ့ ပုံရသည်။
ဒီရက်ပိုင်းမှာ သူ့ကို မှတ်မိတဲ့ ဟဲသာကျစ် ဆိုတဲ့ စစ်သားငယ် နောက်လိုက်ကာ သူ့ကို စစ်တပ်ဆီ ပြန်ပို့ပေးလိုက်ပြီး နောက်ဆုံးမှာတော့ သူဘယ်သူဆိုတာ သိသွားလေပြီ။ ဒါပေမဲ့ ပြဿနာအသစ်တစ်ခုလည်း ပေါ်လာသည်။ သူတို့ ၂-နှစ်လုံးလုံး သူ့ဆီက ဘာသတင်းမှ မကြားခဲ့ရလေတော့ သူ့မိသားစုကို သူ ဘာလို ရှင်းပြရမလဲ။
သူ့မိသားစုနဲ့ ပတ်သက်ပြီးတော့ လုကောပင်းဟာ အသံချိုချိုနဲ့ ကလေးမလေးကလွဲပြီး သိမ်မွေ့တဲ့ မျက်လုံးတစ်စုံကိုသာ ဝိုးတဝါး မှတ်မိလေသည်။
အခု သူ လိပ်စာ သိပြီဆိုတော့ ပြန်သွားဖို့ စိတ်လှုပ်ရှားနေပေမဲ့ တစ်ချိန်တည်းမှာပင် ပြန်သွားဖို့ နည်းနည်း ကြောက်နေသည်။
လုကောပင်းဟာ ကောင်တာပေါ်က နှုတ်ခမ်းနီတွေနဲ့ မျက်နှာလိမ်း ခရင်မ်တွေကို ငေးကြည့်ပြီးနောက် သူဟာ ကြောက်လန့်သွားတဲ့အထိ အရောင်းသမားကို စိုက်ကြည့်နေခဲ့သည်။ ဒီနောက် လှည့်ပြီး ဘေးက ကျန်းချီဟန်ကို မေးလေသည်။ “ဒါ အလုပ်ဖြစ်မယ်ဆိုတာ မင်း သေချာလား။”
“အင်း၊ သေချာတာပေါ့။” ကျန်းချီဟန်က အပြင်းအထန် ခေါင်းညိတ်လိုက်သည်။ “အမျိုးသမီးလေ။ အလှကုန်တွေ မကြိုက်တဲ့ အမျိုးသမီးဆိုတာ မရှိဘူး။ ကျားမတစ်ကောင်ဖြစ်တဲ့ ကျွန်တော့်ညီမလေးကို ဒေါသထွက်အောင် လုပ်မိသွားတယ်။ သူမကို အလှကုန်တွေ ပေးလိုက်တော့ သူမက ကြင်နာစွာနဲ့ ကျွန်တော့်ကို အသက်ရှင်ဖို့ အခွင့်အလမ်းတစ်ခု ပေးလာတယ်။ မရီးက အရမ်းသိမ်မွေ့တယ်ဆို။ ညီမလေးထက်စာရင် သူမကို ပျော်ရွှင်အောင်လုပ်ဖို့က ပိုလွယ်ကူမှာပါ။”
သူ့ရဲ့ယုံကြည်မှု အပြည့်ရှိတဲ့ စကားလုံးတွေကို ကြားတော့ လုကောပင်းဟာ ထပ်ပြီး မတွန့်ဆုတ်တော့ဘဲ ငွေပေးချေလေသည်။ “ကျွတော့်ကို တစ်ခုစီ ထည့်ပေးပါ။”
အရောင်းဝန်ထမ်းက သူ ထွက်သွားဖို့ကို မျှော်လင့်နေခဲ့၏။ ယနေ့ သူဌေးတစ်ဦး လာမယ်လို့ ကြားတော့ သူ လုံးဝ မအံ့သြသွားပေ။ သူ အရင်ကထက် ပိုကျွမ်းကျင်စွာ ပစ္စည်းတွေကို မြန်မြန် ထုတ်လိုက်ပြီး သူ့အား ပေးလိုက်၏။
လုကောပင်းဟာ အလွယ်တကူ ကောက်ယူလိုက်ပြီး ကျန်းချီဟန်ကို မေးလေသည်။ “အခြား ဘာရှိသေးလဲ။”
“အဝတ်တွေ ပို့ပေးတာ အဆင်ပြေနိုင်လောက်တယ်။”
ကျန်းချီဟန်က အနီးက အဝတ်အစား ကောင်တာကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။ “အဲ့ဒီမှာ အဝတ်အစား ကောင်တာရှိတယ်။ ခင်ဗျား သွားကြည့်ချင်လား။”
သူက ဟောင်ကောင်သားတစ်ယောက်ရဲ့ ရှုထောင့်ကနေ အဝတ်တွေကို ဂရုတစိုက် ကြည့်ပြီးနောက် သူ နည်းနည်း အံ့ဩသွားသည်။ “ဒါတွေ အကုန်လုံးက ဟောင်ကောင်စတိုင် အသစ်တွေလား။ ဟောင်ကောင်က ထွက်လာတော့ ဒီလောက် ရေပန်းစားနေတဲ့ ဟာမျိုးကို ဘာလို့ ကျွန်တော် မမြင်မိတာလဲ။”
အရောင်းဝန်ထမ်းက သူ့ရဲ့လေသံကို ကြားတော့ သူနဲ့ စကားနည်းနည်း ပြောခဲ့သည်။ ဒီဝတ်စုံတွေက ကန်းချိန်နဲ့ ပူးပေါင်းပြီး ဒီနေရာရှိ စက်ရုံမှ ထုတ်ထားကြောင်း ပြောပြသည်။ ထိုဒီဇိုင်းတွေက ကန်းချိန်ရဲ့ နောက်ဆုံးပေါ်တွေဆိုတာ သေချာပေါက်ပင်။
ကျန်းချီဟန်က သူတို့အားလုံးကို ကြည့်ကောင်းတယ်လို့ ထင်လေသည်။ ထို့ကြောင့် လုကောပင်းကို ဆွဲခေါ်ကာ ပြောလေသည်။ “ဒါကိုဝယ်၊ ကျွန်တော့်မရီး ဒါကို ကြိုက်မှာ ကျိန်းသေတယ်။”
ဒါပေမဲ့ အဝတ်အစားတွေဟာ အလှကုန်တွေကဲ့သို့ မဟုတ်ပေ။ ဒါတွေကို စမ်းဝတ်ကြည့်ဖို့ လိုပေသည်။
ကျန်းချီဟန်က စျေးဝယ်စင်တာကို လှည့်ပတ်ကြည့်တော့ ဒဏ္ဍာရီလာ မရီးရဲ့ အရပ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး သူမကို စမ်းဝတ်ကြည့်ပေးဖို့ အကူအညီ တောင်းခဲ့သည်။
ကျန်းချီဟန်ဟာ သိမ်မွေ့သည်။ လုကောပင်းကတော့ အရပ်ရှည်ပြီး ခန့်ခန့်ငြားငြားပင်။ ကောင်မလေးက သူတို့ ပရောပရည် လုပ်နေတာလို့ ထင်ပြီး ရှက်ရွံ့စွာ လက်ခံလေသည်။ ထို့နောက် သူတို့နှစ်ယောက် ရွေးထားတဲ့ စကတ်ကို လဲဝတ်လေသည်။ “ဒါ အဆင်ပြေရဲ့လား။”
သူမ ဒီမေးခွန်းကို မေးလာတော့ သူမရဲ့မျက်လုံးတွေဟာ ညှို့ယူဖမ်းစားမှုတွေနဲ့ ပြည့်လျှမ်းနေပြီး သူမဟာ လုကောပင်းကို ရှင်းရှင်းလင်းလင်းကြီး ကြည့်နေခဲ့သည်။
လုကောပင်း မျက်မှောင်ကြုပ်ခါနီး အချိန်တွင် တယောက်ယောက်က မယုံကြည်နိုင်စွာဖြင့် သူ့ကို “ကောပင်း”လို့ ခေါ်တာ ကြားလိုက်ရသည်။
အသံက ထူးဆန်းပေမဲ့ ရင်းနှီးနေပုံရပြီး သူ့ခေါင်းထဲမှာ ရုတ်တရက် တဝီဝီမြည်သံ ကြားလိုက်ရသည်။
ချန်ဖန်းရှုဟာ သူမအိတ်ကို ယူဖို့ ပြန်လာတာဖြစ်သည်။
သူမဟာ အရင်က ကုန်တိုက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပြီး စမ်းသပ်ရောင်းချဖို့အတွက် ကုန်ပစ္စည်း တစ်သုတ်ကို သိမ်းထားခဲ့သည်။ သူမနဲ့ အတူယူလာတဲ့ အဝတ်အိတ်ကို ကောင်တာပေါ်မှာ အမှတ်တမဲ့ ထားခဲ့သည်။ မမျှော်လင့်ဘဲ သူမ ပြန်လာတဲ့အခါ နှစ်-နှစ်ကြာ မတွေ့ရတဲ့ သူမရဲ့ခင်ပွန်း လုကောပင်းကို တွေ့လိုက်သည်။
ချန်ဖန်းရှုဟာ သူမမျက်လုံးတွေကို သူမ မယုံနိုင်ခဲ့ပေ။ သူမ တုံ့ပြန်ပြီး တစ်ဖက်သူဆီ ပြေးမသွားခင် သူမဟာ စက္ကန့်များစွာကြာအောင် ထိုနေရာမှာ ငေးကြောင်ကြောင်ဖြင့် ရပ်နေသည်။ “ကောပင်း! ရှင် ကောပင်းလား” သူမမျက်နှာပေါ်မှာ အံ့ဩမှု၊ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတို့ သိသာထင်ရှားနေသည်။
လုကောပင်းရဲ့ မျက်လုံးတွေထဲမှာ ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်ယောင်လာခဲ့သည်။
သန့်ရှင်းတဲ့ အင်္ကျီနဲ့ လှလှပပ ကောင်မလေးဟာ လူအုပ်ကြားထဲက ဖြတ်ပြီး စိမ်းလန်း ထူထပ်တဲ့ အရိပ်အောက်ကနေ သူ့ဆီ ပြေးလာသည်။ သူမရဲ့ မျက်လုံးတွေဟာ အရမ်းကိုမှ တောက်ပနေပြီး သူမရဲ့ အနက်ရောင် ကျစ်ဆံမြီးတွေကလည်း နေရောင်မှာ လင်းလက်နေပုံရသည်။ ဒါ ဒါက...
လုကောပင်းရဲ့ နှုတ်ခမ်းမှ စကားတစ်လုံး ထွက်လာပေမဲ့ သူ မပြောနိုင်ခင်မှာ အခြားတစ်ဘက်က ရုတ်တရက် ရပ်တန့်သွားသည်။
အရင်က သူမ ပိုအံ့သြခဲ့သမျှ သူမ အသိပြန်ဝင်လာပြီးနောက်မှာ ချန်ဖန်းရှုရဲ့ ခံစားချက်က ပိုအေးစက်လာပဲ။
မှားတယ်!
ဒါ မမှန်ဘူး!
ပြီးခဲ့တဲ့ ၆ လလုံးလုံးမှာ ကောပင်းက ထောင်ထောင်နဲ့ အတူရှိနေတာ သိသာသည်။ ပြီးတော့ သူဟာ အရင်ကတည်းက...
သူမ လက်ထိပ်ဖျားတွေ တုန်ယင်နေတာကို ဖိနှိပ်ဖို့ ကြိုးစားရင်း အခြားသူရဲ့ ခြေထောက်တွေကို ကြည့်လိုက်သည်။ “အရိပ်တစ်ခု ရှိနေတယ်လား။”
လုကောပင်းရဲ့စိတ်ထဲက ပုံရိပ်ဟာ “ကလစ်”ဆိုတဲ့ အသံနှင့်အတူ ပြိုကွဲသွားသည်။
သူ့ဘေးမှ ကျန်းချီဟန်ကလည်း ထိုအခြေအနေကြောင့် နည်းနည်း စိတ်ရှုပ်ထွေးသွားသည်။ “အမ်၊ ခင်ဗျား ကျွန်တော့်အစ်ကိုကို သိတယ်လား။”
“အစ်ကို”ဆိုတဲ့ အခေါ်အဝေါ်နဲ့ အသံဝဲဝဲက ချန်ဖန်းရှုကို ပိုတောင်မှ စိတ်ဓာတ်ကျသွားစေသည်။
သူမက လူတွေကို အားတင်းကာ ပြုံးပြပြီး ပြောလေသည်။ “တောင်းပန်ပါတယ်၊ ကျွန်မ လူမှားသွားတာပါ။” သူမရဲ့ စိတ်ခံစားချက်တွေကို ဖုံးကွယ်ဖို့ ခေါင်းကို အမြန်လှည့်လိုက်ပြီး ကောင်တာဆီ လျှောက်သွားကာ အထဲမှ အရောင်းဝန်ထမ်းကို မေးမြန်းသည်။ “ခုနလေးတင် ကျွန်မရဲ့ အိတ်ကို ဒီမှာ ချန်ထားခဲ့မိလို့။ ရဲဘော်၊ ရှင် အဲ့ဒါကို တွေ့မိလား။”
“အာ၊ ကျွန်တော် တွေ့တယ်၊ ခင်ဗျားအတွက် အဲ့ဒါကို သိမ်းပေးထားတယ်”
အရောင်းဝန်ထမ်းက အသိပြန်ဝင်လာပြီး အထဲကို အမြန်ဝင်သွားကာ ချန်ဖန်းရှုရဲ့ အဝတ်အိတ်ကို သွားယူသည်။
ချန်ဖန်းရှုက အိတ်ကို ယူကာ သူ့အား ကျေးဇူးတင်ပြီးနောက် လှည့်ထွက်သွားသည်။
သူမကို တွေ့တော့ လုကောပင်းဟာ ခေါင်းကိုက်နေတာကို ဂရုမစိုက်တော့ဘဲ သူမအား လှမ်းဆွဲလေသည်။ “ဖန်းရှု”
နှုတ်မှ ပြောထွက်လာတဲ့ ထိုစကားလုံး နှစ်လုံးဟာ မှတ်ဉာဏ်တွေကို ရေတံခါး လုံးလုံး ဖွင့်ချလိုက်သကဲ့သို့ ပေါ်ထွက်လာစေပြီး ချန်ဖန်းရှုကို ထိတ်လန့်စေသည်။
သူမ ရုတ်တရက် လှည့်လာပြီး ထိုလူကို မယုံနိုင်စွာ ကြည့်နေသည်။ “ရှင်က တကယ်ပဲ ကောပင်းလား။ ရှင် မသေဘူးပေါ့။”
“ကိုယ်ပါ” လုကောပင်းက ခက်ခက်ခဲခဲ ခေါင်းညိတ်ပြ၏။ “ကိုယ် မသေပါဘူး။ ကိုယ်... ကိုယ် ပြန်လာပြီ။”
“ရှင်၊ ရှင် တကယ်ပဲ ကောပင်းလား။ လုကောပင်း။” ချန်ဖန်းရှုဟာ မယုံကြည်နိုင်သေးပေ။
လုကောပင်းဟာ ခေါင်းတစ်ခြမ်း ကိုက်ခဲနေပေမဲ့ သူမကို ဆုပ်ကိုင်ထားဆဲပါပဲ။ “ရဲဘော် ချန်ဖန်းရှု၊ လွန်ခဲ့တဲ့ ကိုးနှစ်က ကိုယ် အထက်လူကြီးတွေဆီ တင်ပြပြီး မင်းကို လက်ထပ်ဖို့ လျှောက်ထားခဲ့တယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်က ကိုယ်တို့ရဲ့ သားလေး မွေးခဲ့တယ်။ ကိုယ်တို့မှာ ထောင်ထောင် လို့ခေါ်တဲ့ သမီးလေးတစ်ယောက်လည်း ရှိသေးတယ်။”
မှန်တယ်...
အားလုံး မှန်တယ်။
ချန်ဖန်းရှုရဲ့ မျက်လုံးတွေမှာ ရုတ်တရက် မျက်ရည်တွေ ဝေ့သီလာသည်။ တစ်ချိန်တည်းမှာ သူမ ငိုလည်း ငိုသလို ရယ်လည်း ရယ်ခဲ့သည်။ အချိန်အတော်ကြာ သူမ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
သူမ စပြီး ငိုကြွေးတော့ လုကောပင်း လုံးဝ ထိတ်လန့်သွားသည်။ သူမ မျက်ရည်တွေကို သုတ်ပေးဖို့ သူ့လက်ကို မြှောက်လိုက်ပေမဲ့ သူမကို မထိရဲခဲ့ပေ။
သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးပြီး ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေနဲ့ ဆန်းပြားတဲ့ နေရာတစ်ခုမှာ နိုးထလာခဲ့ရင်တောင် လုကောပင်းဟာ အခုလို တစ်ခါမှ မထိတ်လန့်ခဲ့ဖူးပေ။
ကျန်းချီဟန်က သိချင်စိတ်ဖြင့် စောင့်ကြည့်နေသော်လည်း ဘေးဖယ်ထားခံရတဲ့ စကတ်နဲ့ မိန်းကလေးကတော့ အရမ်းရှက်သွားသည်။
လူတွေက သူမကို အဝတ် စမ်းဝတ်ကြည့်ခိုင်းရုံလေးတင်။ ဒါပေမဲ့ သူမ နားလည်မှု လွဲသွားသည်။ ဒါ တွေးကြည့်ဖို့တောင် ရှက်စရာကောင်းသည်။
အခြားသူတွေ သူမကို အရေးမစိုက်ခင် သူမဟာ နောက်ကို ခြေနှစ်လှမ်းဆုတ်ပြီး တိတ်တိတ်လေး ထွက်သွားဖို့ ကြိုးစားသည်။ သို့သော် သူမရဲ့ လှုပ်ရှားလိုက်သည်နှင့် စူးရှတဲ့ အမြင်ရှိတဲ့ အရောင်းဝန်ထမ်းက သူမကို အော်ခေါ်သည်။ “ဟေး၊ နင် အဝတ်အစားတွေအတွက် ငွေမပေးချေရသေးဘူးနော်။”
ကောင်မလေးက လန့်သွားပြီး လုကောပင်းနဲ့ ချန်ဖန်းရှုတို့လည်း အသိပြန်ဝင်လာသည်။
ကျန်းချီဟန်ဟာ ချန်ဖန်းရှုရဲ့ မေးမြန်းခြင်း မရှိပါဘဲ သူကိုယ်တိုင် ဝန်ခံခဲ့သည်။
တစ်ဖက်သူက သူမအတွက် အဝတ်တွေ ကူညီပြီး စမ်းဝတ်ကြည့်ပေးနေတယ်လို့ ချန်ဖန်းရှု ကြားတော့ သူမ ဘာမှ မတွေးခဲ့ပေမဲ့ ထိုကောင်မလေးရဲ့ မျက်နှာကတော့ ပိုရှက်သွား၏။
“ဘယ်သူ ဘယ်သူက ရှင်တို့ကို ကူညီပေးမယ်လို့ သဘောတူလို့လဲ။ ကျွန်မကိုယ်တိုင် ဝယ်လို့ မရဘူးလား။”
သူမက ကောင်တာဆီ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး အရောင်းဝန်ထမ်းကို မေးသည်။ “ကျွန်မ ဒီတစ်ထည် လိုချင်တယ်။ ဘယ်လောက်ကျလဲ။”
အရောင်းဝန်ထမ်း - “ဒါက ဟောင်ကောင်မြို့က နောက်ဆုံးပေါ် ဒီဇိုင်းပါ။ ရှစ်ယွမ် ကျပါတယ်။”
“စကတ်တစ်ထည်ကို ရှစ်ယွမ်တောင်လား။”
ကောင်မလေးမှ သူမအိတ်ကို ထုတ်လိုက်သည်နှင့် သူမမျက်နှာက လုံးလုံး နီရဲသွားသည်။
ဒီအဖြစ်အပျက်က သူမကို နှောင့်ယှက်လိုက်သဖြင့် ချန်ဖန်းရှုရဲ့ စိတ်ခံစားချက်က နောက်ဆုံးတော့ တည်ငြိမ်သွားသည်။
သူမဟာ လုကောပင်းရဲ့ လက်ကို လွှတ်ပေးလိုက်ပြီး သူမ မျက်ရည်တွေကို သုတ်ပစ်ဖို့ ခေါင်းငုံ့လိုက်သည်။ သူမ အိတ်ကို လွယ်ကာ လှည့်ထွက်သွားသည်။
လုကောပင်း ထိတ်လန့်သွားပြီး သူမနောက် အလျင်အမြန် လိုက်သည်။ “ဖန်းရှု မင်းဘာဖြစ်သွားတာလဲ။”
ကျန်ချီဟန်ကလည်း လိုက်မှီလာသည်။ “မရီး၊ ကျွန်တော့်ကို တလွဲမထင်ပါနဲ့။ ဒီမိန်းကလေးကို အဝတ်တွေ စမ်းပေးကြည့်ဖို့ တကယ် အကူအညီတောင်းတာပါ။”
ချန်ဖန်းရှုက သူတို့ကို လျစ်လျူရှုထားသည်။
အခု နည်းနည်းလေး စိတ်တည်ငြိမ်လာပြီဆိုတော့ အရာရာကို အတွေးမများဘဲ မနေနိုင်ပေ။
ဥပမာ လုကောပင်းဟာ သိသိသာသာကို နေကောင်းနေသည်။ ဒီတော့ ဘာလို့ သူအိမ်မပြန်တာလဲ (သို့) လွန်ခဲ့တဲ့ နှစ်နှစ်က ဘာလို့ မိသားစုဆီ စာမရေးတာလဲ။
သူ့မှာ ပြီးမြောက်ဖို့လိုတဲ့ တာဝန်ရှိရင်တောင် သူမ စိတ်ချရအောင် အသိပေးဖို့ နည်းလမ်းတစ်ခုတော့ အမြဲရှိနိုင်တယ်မလား။
ဒါကို ချန်ဖန်းရှု ပိုတွေးလေ ပိုဒေါသထွက်လေပဲ။ ဒါတင်မက အခုဖြစ်ပျက်နေတာတွေဟာ စိတ်လှည့်စားမှု သက်သက်ပဲလို့လည်း သူမ သံသယဖြစ်မိသည်။ အကြောင်းက သူမ အလုပ်များလွန်းလို့ပါ။
သူမ လျှောက်သွားနေတုန်း လက်ကို ကွေးလိုက်သည်။
ဟစ် -
နာသွားလောက်သည်။
ထောင်ထောင် ပြောတဲ့ အဖေကရော။
၂၅၀ က သူ့ကိုယ်သူ ဖော်ထုတ်ခံရတော့မယ်ဆိုတာကို မသိခဲ့ပေ။ ဂေါ်ပြားသေးသေးလေးနဲ့ မြေကြီးကို တူးနေတဲ့ လုထောင်ကို သူမ မေးလိုက်သည်။ “မူကြိုကျောင်းမှာ အနားယူဖို့က ခက်ခဲလွန်းတယ်၊ မင်း ဘာလို့ ပန်းချီ မသင်တာလဲ။”
ကလေးမလေးက နှုတ်ခမ်းဆူသွားပြီး မပျော်ရွှင်တော့ပေ။ “ထောင်ထောင်က အရပ်ပုတယ်၊ ထောင်ထောင် အရပ်ပိုရှည်ရမယ်လို့ သူတို့ ပြောတယ်။”
အစားအသောက် ပိုကောင်းလို့လား၊ အသက်ကြောင့်လား မသိပေ။ ဒါပေမဲ့ တရုတ်နှစ်သစ်ကူးအပြီးမှာ ချန်ပေါင်က အရပ်ပိုရှည်လာသည်။
လုဟွေ့လည်း အများကြီး အရပ်ရှည်လာသည်။ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့ အရပ်အမောင်းကို ယှဉ်ကြည့်ဖို့ တံခါးနားမှာ မျဉ်းတစ်ကြောင်း ဆွဲခဲ့ကြသည်။ လုထောင်လည်း ပျော်စရာကောင်းတယ်လို့ ထင်ပြီး အပျော်ထဲ ဝင်ပါဖို့ အပြေးသွားသည်။ သို့ရာတွင် သူမရဲ့ လက်တိုတို ခြေတိုတိုလေးတွေကြောင့် မညှာမတာ ပျက်ရယ်ပြုခံခဲ့ရသည်။
ဒါပေမဲ့ ...
[မင်း အရပ်ရှည်ချင်တာက မြေကြီးတူးတာနဲ့ ဘာဆိုင်လို့လဲ။ ]
လုထောင်က အလေးအနက် ပြောသည်။ “အပင်ငယ်က ဒီလောက် မြင့်တယ်။ အဲ့ဒါကို မြေကြီးထဲမှာ မြှုပ်ထားရင် မြင့်လာမယ်။”
မြေကြီးတွေ ဖုံးနေတဲ့ လက်တုတ်တုတ်လေးတွေနဲ့ လက်ဟန်ခြေဟန် ပြသည်။ ပြီးနောက် သူမ ခြေဖျားထောက် ရပ်ကာ သူမ အရမ်းမြင့်ကြောင်း ပြသလေသည်။
အာ့ဝူလင် နားလည်သွားသည်။ [ နွေဦးမှာ မက်မွန်ပင် တစ်ပင် စိုက်ရင် ဆောင်းဦးမှာ မင်းအဖေရဲ့ ရတနာလေးတွေထဲက တစ်ခု မင်း ဖြစ်လာမှာ မကြောက်ဘူးလား။ ]
အဲ့ဒိတော့…
လုထောင်ဟာ ဒီမေးခွန်းကို တစ်ခါမှ မတွေးဖူးတော့ စိတ်ရှုပ်သွားသည်။
သူမက မျက်မှောက်ကြုပ်ကာ အကြာကြီး တူးထားတဲ့ တွင်းတိမ်တိမ်လေးကို ကြည့်သည်။ “ဖေဖေ၊ ထောင်ထောင် အဖေ့ကို စိုက်ရင်ရော ဘယ်လိုလဲ။”
၂၅၀ - [……]