← Chapters

Chapter 65

Vol. 6 Ch. 65

Chapter 65

Vol. 6 Ch. 65

ကြည့်ရတာ ဒီကိစ္စက နည်းနည်းတော့ အန္တရာယ်ရှိပုံပဲ။ မင်း ဒီကိစ္စကို အသေအချာ မဖြေရှင်းရင် မင်း မြေမြှုပ်ခံရနိုင်သည်။ ၂၅၀က ခဏလောက် တိတ်ဆိတ်သွားသည်။ ပြီးတော့မှ တခြားတစ်ခုကို မေးသည်။ “မင်းမှာ ကံစမ်းဖို့ အခွင့်အရေး သုံးကြိမ်ထက် ပိုရှိသေးတယ် မဟုတ်လား။ မင်း ခဏ အနားယူပြီး ကံစမ်းချင်လား။”

မြေတူးခြင်းဟာ အင်အားစိုက်ထုတ်ရတဲ့ အလုပ်ဖြစ်သည်။ ခဏအကြာမှာ လုထောင်ရဲ့ နှာခေါင်းထိပ်ဖျားမှာ ချွေးစို့လာသည်။

ဒါကို ကြားတော့ သူမ ခေါင်းညိတ်ပြလိုက်သည်။ ဂေါ်ပြားသေးလေးကို အောက်ချပြီး သူမဘေးက ထိုင်ခုံလေးပေါ် ထိုင်ဖို့ သွားခဲ့သည်။

မကြာခင်မှာ ရင်းနှီးနေတဲ့ ကံစမ်းဖို့ မျက်နှာပြင်က သူမရှေ့မှာ ပေါ်လာခဲ့သည်။

လုထောင်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အထည်တွေ ဆွဲနေတုန်း သူ့ခေါင်းပေါ်မှာ အီးပုံလေး ရှိနေတဲ့ ကလေးငယ်လေးအကြောင်း သူ့အဖေ သူမကို ပြောတာ မှတ်မိနေတုန်းပဲ။ သူမက ရင်ဘတ်ရှေ့မှာ လက်သီးတွေ ဆုပ်ပြီး ပြောသည်။ “ကာတွန်းပုံ ဆွဲမယ်။ ပျင်းရိတဲ့သိုးလေးပုံ ဆွဲတာကို ထောင်ထောင် ကြည့်ချင်တယ်။”

၂၅၀ - [အိုကေ၊ အဖေက အဆိပ်ပါတဲ့ နွားနို့ပေးမယ်။ အာ~ ငါတို့ရဲ့ ကလေး ထောင်ထောင်က အရမ်းကံကောင်းတာလေ၊ ကာတွန်းတစ်ခု ဘယ်လိုဆွဲနိုင်မှာလဲ။ သူမဟာ အခက်ခဲဆုံး လျှို့ဝှက်ဆန်းကြယ်တဲ့ အီးပုံကို ဆွဲရမှာပေါ့~။

ကံစမ်းနေစဉ် ဖေဖေ ပြောတာက မမှန်ပါပေ။

လုထောင်ဟာ အတွေ့အကြုံရှိပြီး ယုံကြည်မှုရှိလေသည်။

ရလဒ်ကဝော့ ဆုံလည်ဘီးဟာ ဆက်တိုက် လည်နေခဲ့သည်။ နောက်ဆုံးမှာတော့ အနီရောင်ကြိုး ချည်ထားတဲ့ ကြယ်သေးသေးလေးကို ထုတ်ပေးလာသည်။

လုထောင် နှုတ်ခမ်းဆူလေသည်။ “ဖေဖေ ဒီတစ်ခါ ဘယ်လိုလုပ်ပြီး မှန်သွားတာတုန်း။”

၂၅၀ - [...အဟမ်း အဖေက ကြီးကျယ်တဲ့ ရှေ့ဖြစ်ဟောသူလေ၊ ဒါ အဆင်မပြေဘူးလား။ ဒီကြယ်ကို ကြည့်လိုက်၊ သိပ်လှတယ်မလား။ ဒါက လူတွေရဲ့ကံကောင်းမှုကိုလည်း တိုးတက်စေတယ်။ ဒါဟာ သေချာပေါက်ကို ရတနာတစ်ပါးပဲလို့ အဖေ မင်းကိုပြောပါတယ်။ ]

လူတွေကို ပိုကံကောင်းအောင် လုပ်နိုင်တယ်လား။

လုထောင်က ဂရုတစိုက် ငုံ့ကြည့်ပြီး မေးသည်။ “ဒါက ထောင်ထောင့်ကို ပျင်းရိတဲ့ သိုးပုံ ဆွဲဖို့ ကူညီပေးနိုင်လား။”

၂၅၀ လည်း မသေချာပေ။ [သူက ကံကောင်းသူဆိုရင် သူ အထောက်အပံ့ ရလောက်တယ်။ ]

အဲဒီ့နောက်မှာ လုထောင်ဟာ ကောင်းမွန်စွာ ဖန်တီးထားတဲ့ လာဘ်ခေါ်ကြောင်ပုံ ဆွဲခဲ့သည်။ = =.

အာ့ဝူလင်ဟာ ခဏလောက် တိတ်ဆိတ်သွားပြီး ရုတ်တရက် ထရယ်ခဲ့သည်။ [ဟဟား …

"အဖေ၊ ခေါက်ဆွဲအစပ်က ဘာလဲ။"

[ဒါက အရေးမကြီးဘူး၊ အဖေဟာ အခု ဥရောပဘုရင်ဆိုတာကိုပဲ မင်း သိဖို့လိုတယ်~]

သူ့အဖေက ပြောတာကို ကြားပြီးနောက် သူမ ပုံထပ်မဆွဲနိုင်တော့ပေ။ လုထောင်က လာဘ်ခေါ်ကြောင်ရဲ့ ခြေဖဝါးကို မပျော်ရွှင်စွာ တို့လေသည်။ "ဒါက ပျင်းရိတဲ့ သိုးလို့ ထင်တာပဲ။"

ရလဒ်အနေနဲ့ သူက ရွှေရောင်လက်စွပ်တစ်ကွင်း ရခဲ့သည်။

လက်ကောက်တော့ မဟုတ်ပေမဲ့ သူ့ပုံက အဲ့လိုပုံမပေါက်‌ပေ။ ဘယ်သူမှလည်း ဒီလောက်ကြီးတဲ့ လက်ကောက်ကို မဝတ်နိုင်ဘူး။

ဟိန်ဟိန်အတွက် ကစားစရာ ဖြစ်နိုင်လား။

လုထောင်က လက်စွပ်နဲ့ လက်ဟန်ခြေဟန် အမူအရာ နှစ်ကြိမ်ပြပြီး ဟန်ဟန်ဆီ ပျော်ပျော်ရွှင်ရွှင် ကစားဖို့သွားပေမဲ့ အာ့ဝူလင်က တားဆီးသည်။

[ဒါက အရုပ်မဟုတ်ဘူး၊ ရောင်ခြည်စက်ဝန်းပါ။ ရောင်ခြည်စက်ဝန်းဆိုတာ ဘာလဲ မင်း သိလား။ ဒါကို ခေါင်းမှာ ဝတ်လိုက်ရင် မင်း နတ်သား ရောင်ခြည်စက်ဝန်းကို ချက်ချင်း ဖွင့်လို့တယ်။ မင်းကို မြင်တဲ့လူတိုင်းက မင်းကို နတ်သမီးလေးလို့ ထင်ပြီး မသိစိတ်နဲ့ မင်းကို သဘောကျလိမ့်မယ်။ ပြီးတော့ မင်းနဲ့ နီးကပ်လာလိမ့်မယ်။]

ရောင်ခြည်စက်ဝန်းဆိုတာ ဘာလဲလို့ လုထောင် မသိပေမဲ့ သူတစ်ပါးရဲ့ နှစ်သက်ခြင်းခံရတာက ကောင်းတဲ့အရာဆိုတာတော့ သူမ သိသည်။

ဒါက နည်းနည်း ထူးဆန်းတယ်လို့ သူမ ခံစားရပေမဲ့ ၂၅၀ ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆဲပင်။ ခေါင်းပေါ် အကွင်း စွပ်ပြီး ဆံညှပ်ဖြင့် တွယ်သည်။

အဲဒီ့နောက်မှာ သူမဟာ ကျန်တဲ့ အထောက်အကူပစ္စည်း နှစ်ခုကို အိမ်ထဲ ယူသွားပြီး သူမကိုယ်သူမ မှန်ကြည့်ဖို့ စားပွဲကို မှီလိုက်သည်။

ကြည့်ရတာ သိပ်လည်း ဆိုးပုံမရပေ။ ပြီးတော့ အလင်းရောင်နဲ့ဆိုရင် တလက်လက် တောက်ပသွားလောက်သည်။

လုထောင် အဲ့ဒါကို ထိလိုက်ပြီး ဒီရောင်ခြည်စက်ဝန်းက သက်ရောက်မှုရှိ၊ မရှိကို စမ်းသပ်ဖို့ တစ်ယောက်ယောက်ကို ရှာရန် အိမ်ဝင်းတံခါးဆီ ပြေးသွားသည်။

အဲဒီမှာ ခဏရပ်နေစဉ် အသင်းမှ လော့ အမည်ရှိတဲ့ အဖွားအိုတစ်ဦးဟာ ချန်မိသားစုအိမ်မှ ထွက်လာသည်။

ချန်ပေါင်ခဲ့ မိတ်ဆက်ပေးဖို့ လာခဲ့ခြင်းပေ။

ကံဆိုးချင်တော့ ချန်ပေါင်ခဲ့ဟာ ချိုသာပြီး ယဉ်ကျေးသည်။ ဒီကိစ္စနဲ့ ပတ်သက်လာတဲ့အခါ သူက ငယ်ရွယ်ပြီး မတည်ငြိမ်၍ ဆုံးဖြတ်ချက်မချခင် နှစ်နှစ်လောက် စောင့်ဦးမယ်လို့ ပြောသည်။ လုကွေ့ရင်းဟာလည်း သူ့သားနဲ့ ပူးပေါင်းပြီး ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် တာဝန်ခံဖို့ ရှောင်ရှားသည်။

သူမ လာတုန်းက အဒေါ် လော့ဟာ ကောင်မလေးရဲ့ မိသားစုကို ကတိပေးပြီး သူတို့ဆီက သကြားညို တစ်အိတ်ကိုတောင် လက်ခံခဲ့သည်။

ချန်မိသားစုက အဲ့ဒါကိုတောင် မကြည့်ပေ။ သူများတွေကို အဲ့အကြောင်း ဘယ်လို ရှင်းပြရမှာလဲ။

အဒေါ် လော့ဟာ စိတ်ဆိုးသွားပြီး ချန်မိသားစုရဲ့ အိမ်တံခါးဝကနေ မျက်မှောင်ကြုပ်ကာ ထွက်လာသည်။ “နင့်သမီးက နည်းနည်း လောက် တိုးတက်လာရုံ‌လေးပဲမလား။ နင့်မိသားစုက ကြီးကျယ်တဲ့မိသားစုလို့များ နင် တကယ်ထင်‌နေလား။ နင်တို့မှာသာ အစွမ်းအစရှိရင် မြို့က မိန်းကလေးနဲ့ ရအောင် လက်ထပ်လေ။”

မကြာသေးခင်က အသင်းထဲရှိ ကောလဟလတွေကို တွေးရင်း လှောင်ခဲ့သည်။ “သူမက ကွန်မြူနတီကိုတောင် မသွားချင်ဘူး။ ခရိုင်ကိုလည်း မသွားချင်ဘူး။ ကိုယ်ပိုင်စက်ရုံ တည်‌ထောင်တယ်။ သူ နည်းနည်းလေး အောင်မြင်လိုက်တာနဲ့ သူ့ကိုယ်သူ ဂုဏ်ယူစရာလို့များ ထင်နေတာလား။ ဒါပေမဲ့ မကြာခင်မှာပဲ သူ အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်။”

သူမ ပွစိပွစိ ပြောနေစဉ် သူမရဲ့ မျက်လုံးထဲမှာ တစ်စုံတစ်ရာက ရုတ်တရက် တဖျပ်ဖျပ် လင်းလက်သွားပြီး နောက်တော့ သူမ ဆက်မသွားနိုင်တော့‌ပေ။

လုထောင်ဟာ အဝေးကို လျှောက်သွားရာမှ ပြန်လာပြီး သူမကို ပြုံးပြတဲ့ အဒေါ်ကို ကြည့်နေသည်။ “အခု ထောင်ထောင်က ပိုပိုပြီး လှလာပြီလိုက်တာ။ သမီးရဲ့ နူးနူးညံ့ညံ့ မျက်နှာလေးကို ကြည့်စမ်းပါဦး။ အဒေါ်က သမီးကို မွေးစားသမီးအဖြစ် ခေါ်ထားချင်လိုက်တာ။”

ကလေးမလေးက ကြောက်လန့်သွားသည်။

ဒါက အသုံးဝင်တယ်လား။

အာ့ဝူလင်လည်း အသက်ရှူကျပ်သွားသည်။ [မင်းက ထောင်ထောင်လေးကို တွေးနေတယ်။ ဒီစနစ်ဆီကနေ ငါ့သမီးကို ခိုးယူဖို ကြိုးစားနေတယ်ပေါ့လေ။]

လုထောင်ရဲ့ ထိတ်လန့်နေတဲ့ မျက်နှာက အဒေါ်လော့ရဲ့ မျက်လုံးတွေမှာ အင်မတန်မှကို ချစ်စရာကောင်းနေသည်။

သူမဟာ အခုလေးတင် လက်ထပ်ပွဲ စီစဉ်ပေးသူအဖြစ် လုပ်ခဲ့တုန်းကထက်ကို ပိုပြီး ဆယ်ဆ စိတ်ရှည်ခဲ့သည်။ သူမဟာ ကလေးမလေး ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး အပြုံးလေးနဲ့ ချော့မော့လေသည်။ “ထောင်ထောင်၊ သမီး ‌အဖေလိုချင်လား။ သမီးသာ အဒေါ့်ကို မွေးစားအမေအဖြစ် လက်ခံရင် အနာဂတ်မှာ သမီး အဖေတစ်ယောက် ရလိမ့်မယ်။”

ဒါကို ကြားတော့ အာ့ဝူလင် ပေါက်ကွဲသွားသည်။

လုထောင်လည်း နည်းနည်း မပျော်မရွှင် ဖြစ်သွားသည်။ “ထောင်ထောင်မှာ အဖေရှိတယ်၊ အဒေါ် မယုံရင် အဒေါ်ကို ညမှာ လာရှာဖို့ ထောင်ထောင် အဖေ့ကို ပြောလိုက်မယ်။”

အဒေါ်‌လော့ အသက်ရှူကျပ်သွားသည်။ “ဟဟား၊ ထောင်ထောင်က ဟာသပြောတာ တော်သားပဲ။”

သူမ အခြားတစ်ခု ပြောချင်နေတုန်း၌ အဝေးမှ SUV ကားတစ်စီးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာတာကို ရုတ်တရက် တွေ့လိုက်၏။

ဒီနေ့ခေတ်မှာ ဂျစ်ကားတွေဟာ ရှားပါးပြီး ရောက်လာဖို့ ခက်သည်။ လမ်းကြမ်းမောင်းနှင်တဲ့ ခပ်မိုက်မိုက်ကားတွေဆို ပိုဆိုးပေါ့။

အဒေါ် လော့ဟာ မြင်ကွင်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ဒီကားက ဘယ်ကလာလဲဆိုတာ မတွေးဘဲ မနေနိုင်ခဲ့ပေ။ အတွင်းရေးမှူးလျို့ဆီကလား၊ (သို့) ကားတစ်စီးဝယ်နိုင်တဲ့ အရမ်းချမ်းသာသည့် အခြားသူတစ်ယောက်ရဲ့ ဆွေမျိုးဆီကလား။

လုထောင် မနေနိုင်ဘဲ မျက်လုံးတွေ ပြူးကျယ်သွားသည်။

ဒီ ဒီကားက အစ်ကို ဝေချောင် စာထဲမှာ ဖော်ပြဖူးတဲ့ ကား ဖြစ်လောက်သည်~

သူမ တွေးတောနေတုန်း ကားက သူမရှေ့မှာ ရပ်တန့်သွားသည်။

ဒီနောက် အရပ်ရှည်ရှည် ကြည့်ကောင်းတဲ့ လူတစ်ယောက်က ကားတံခါးဖွင့်ပြီး သူမကို နီရဲတဲ့မျက်လုံးတွေနဲ့ ကောက်ချီကာ ပြောခဲ့သည်။ “တောင်းပန်ပါတယ်၊ ထောင်ထောင်။ ဖေဖေ ပြန်လာတာ နောက်ကျသွားတယ်။”

လုထောင် ကားကိုစိုက်ကြည့်ရင်း ဘာထူးခြားလဲလို့ တွေးနေတုန်း တစ်ယောက်ယောက်က ရုတ်တရက် သူမကို ချီလိုက်တာကြောင့် လန့်သွားသည်။

သူမခေါင်းပေါ်က ရောင်၀ါရဲ့အာနိသင်ကြောင့်လို့ထင်ပြီး သူမရဲ့သေးငယ်တဲ့ကိုယ်လေးနဲ့ အတင်းရုန်းကန်ဖို့ပြင်လိုက်တုန်း ထိုစကားတွေကိုကြားလိုက်ရသည်။

သူမကိုချော့မြှူဖို့ အာဝူလင်က လုကောပင်းရဲ့အသံကိုတုပခဲ့သည်၊ မဟုတ်ရင် သူမ ဒီလောက်မြန်မြန် လက်ခံမှာမဟုတ်ချေ။

အဲ့ဒီအသံကို လုထောင်လေးက အရမ်းရင်းနှီးနေသည်။ လုဟွေ့နဲ့ အတော်လေးဆင်တူတဲ့ လုကောပင်းရဲ့မျက်နှာကိုကြည့်ပြီး သူမ တွေဝေသွားသည်။

ဘယ်လို၊ ဘယ်လိုလုပ် အဖေနှစ်ယောက်ရှိနိုင်မှာလဲ။

လုကောပင်းက သူ့သမီးရဲ့ တွေဝေနေတဲ့အမူအရာကို သတိမထားမိပေ။ နူးညံ့တဲ့သမီးငယ်လေးကို လက်ထဲမှာပွေ့လိုက်တာနဲ့ သူ အရင်က မခံစားဖူးတဲ့ လုံခြုံမှုတစ်ခုကို ခံစားလိုက်ရတယ်။ မှတ်ဉာဏ်တွေ ပျောက်ဆုံးပြီးနောက် သူ့ရင်ထဲမှာ တိမ်တိမ်လေးရှိနေတဲ့ တုံ့ဆိုင်းမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ဒီအချိန်မှာ အားလုံးပျောက်ကွယ်သွားသလိုပင်။

အဲ့ဒီနေ့က သူ့ဇနီး ချန်ဖန်းရှုကို တွေ့တော့ သူအလွန်အံ့အားသင့်သွားပြီး အများကြီးပြန်မှတ်မိလာသည်။

ဒါပေမဲ့ သူအံ့သြလို့မပြီးခင်မှာပဲ သူ့ဇနီးရဲ့မျက်နှာထားက ပြောင်းလဲသွားသည်။

လုကောပင်းရဲ့မှတ်ဉာဏ်ထဲမှာ ချန်ဖန်းရှုက နူးညံ့ပြီး စိတ်ရှည်တတ်သည်။ သူမဒီလောက်ဒေါသထွက်တာကို သူတစ်ခါမှ မမြင်ဖူးပေ။

ဒါပေမဲ့ သူ့ကိုပိုပြီးအံ့အားသင့်စေမယ့်အရာက နောက်မှ လာခဲ့သည်။

ချန်ဖန်းရှု ဒေါသထွက်နေတာကို မြင်တော့

လုကောပင်းက ဘယ်လိုချော့ရမလဲမသိလို့ တိတ်တဆိတ်ပဲ သူမနောက်ကို လိုက်သွားခဲ့သည်။

ချန်ဖန်းရှုက သိပေမဲ့ သူ့ကိုလျစ်လျူရှုပီးတော့ မောင်းမထုတ်ခဲ့ပေ။ သူမက သူမအလုပ်ကိုပဲ လုပ်နေသည်။

လုကောပင်းက သူမဆိုင်တစ်ဆိုင်ကိုသွားပြီး နောက်တစ်ဖက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာကို ကြည့်နေသည်။ သူတို့ရဲ့အဝတ်အစားတွေဟာ နောက်ဆုံးပေါ် ဟောင်ကောင်ရှပ်အင်္ကျီတွေဖြစ်ပြီး ပုံစံလှပပြီး အရည်အသွေးကောင်းကာ ဈေးဝယ်စင်တာမှာတင်ပြီးသားဖြစ်လို့ အရောင်းလည်း ကောင်းတယ်လို့ ပြောသည်။

အရာအားလုံးချောချောမွေ့မွေ့ပဲ။ အရောင်းပမာဏအပေါ်မူတည်ပြီး အရောင်းဝန်ထမ်းတွေကို ကော်မရှင်ပေးဖို့တောင် သူမသိသည်။ သူတို့ရဲ့စက်ရုံကအဝတ်အစားတွေကို ဦးစားပေးရောင်းချဖို့ သူတို့ကိုတိုက်တွန်းအားပေးတဲ့သဘောပေါ့။

သူမက အရမ်းယုံကြည်မှုရှိပြီး အရည်အချင်းရှိတယ်၊ သူ့မှတ်ဉာဏ်ထဲက ဇနီးနဲ့ လုံးဝခြားနားသည်။

လုကောပင်းက တစ်နေ့လုံးနီးပါး တိတ်တဆိတ်နောက်ကလိုက်ခဲ့သည်။ အစပိုင်းမှာ သူအလွန်အံ့သြခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နည်းနည်း နေရခက်လာသည်။

နှစ်နှစ်အတွင်းမှာ သူ့ဇနီးက ဒီလောက်ထိပြောင်းလဲသွားတာလား။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ သူမအများကြီးကြုံခဲ့ရလို့ ဒီအခြေအနေအထိ ရောက်အောင် သူမကိုယ်သူမ တွန်းပို့ခဲ့ရတာလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့နှစ်တွေမှာ သူက သူမကို တကယ်နားမလည်ခဲ့တာလား။

လုကောပင်းက နောက်လိုက်ရမယ်လို့ စဥ်းစားနေတုန်း ချန်ဖန်းရှုက အချိန်မှန်ဘူတာရုံကိုသွားသည်။ ဘူတာရုံရောက်တော့ သူမလက်မှတ်ကိုစစ်ပြီး ရထားပေါ်တက်သွားသည်။ သူလိုက်ဖို့ လက်မှတ်ဝယ်ချင်တော့ လက်မှတ်တွေကုန်သွားပြီဖြစ်သည်။

အခြားရွေးချယ်စရာမရှိတော့တဲ့အတွက် လုကောပင်းတစ်ယောက်တည်း ကားမောင်းပြီး အိမ်မှာစောင့်နေရုံပဲရှိတော့သည်။

ဒါပေမဲ့ ဖန်းရှုက သူ့ကလေးနဲ့အတူ သူမ မိဘအိမ်ကို ပြန်သွားလိမ့်မယ်လို့ မထင်ထားဘူး...

လုကောပင်းရဲ့မျက်လုံးတွေ မှောင်သွားပြီး သူ့ရဲ့ခံစားချက်တွေကို ထိန်းချုပ်လိုက်ကာ အဲ့ဒီအကြောင်းတွေကို နောက်မှမေးဖို့ ဆုံးဖြတ်လိုက်သည်။ သူက သူ့ရဲ့ဝတုတ်တဲ့သမီးလေးကို လက်ထဲမှာပွေ့ပြီး အပေါ်အောက် ဂရုတစိုက်ကြည့်လိုက်သည်။ "သမီး အရပ်ရှည်လာပြီး ပိုဝလာပြီပဲ"

"ဝလာတယ်" ဆိုတဲ့စကားထွက်လာတော့ လုထောင်ရဲ့တွေဝေနေတဲ့အကြည့်က ရုတ်တရက်ရပ်သွားသည်။

"ထောင်ထောင်က မဝဘူး"

သူမက မွေးရာပါချစ်စရာကောင်းပြီး သူမရဲ့မျက်လုံးပြူးပြူးလေးတွေနဲ့ စိုက်ကြည့်လိုက်တဲ့အခါ တော်တော်လေးကြမ်းတမ်းပြီး ချစ်စရာကောင်းသည်။

လုကောပင်းက ဒါကိုမြင်တော့ သူ့နှလုံးသားက အရည်ပျော်သွားသည်။

"မဝပါဘူး၊ မဝပါဘူး၊ အဖေမှားသွားတာ"

ဒါပေမဲ့ လုထောင်က မျက်နှာဖောင်းဖောင်းလေးနဲ့ မပျော်ရွှင်တဲ့ ပုံစံတိုင်းရှိနေတုန်းပင်။

သူမရှေ့ကအဖေက မမြင်နိုင်တဲ့ အဖေနဲ့တူပြီး ထောင်ထောင်ကို မကြိုက်ဘူးလို့ သူမ ခံစားလိုက်ရသည်။

ရှောင်လုထောင်က လုကောပင်းကို ကြည့်လေလေ ဒီလိုပဲဖြစ်နိုင်တယ်လို့ ခံစားလာရလေပင်။

'ဒါက အဖေများလား။ အဖေက 'ရန်' ပြန်ဖြစ်သွားတာလား။'

လုထောင်က ဒီပြဿနာကို ခေါင်းစားနေတုန်းမှာ ချန်ပေါင်ခဲ့က စိတ်မကောင်းတဲ့ပုံစံနဲ့ နှုတ်ခမ်းစူပြီး ထွက်လာခဲ့သည်။

လုကောပင်းကိုမြင်တော့ သူလည်းအံ့သြသွားသည်။ "ယောက်ဖ?"

"ဟုတ်ကဲ့ ကျွန်တော်ပါ" လုကောပင်းက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ ပြီးတော့ သူ့ကို "အမေ အိမ်မှာ ရှိလား" လို့ မေးလိုက်သည်။

"ရှိတယ်၊ ရှိတယ်" လို့ ချန်ပေါင်ခဲ့က နောက်လှည့်ကာ အော်ပြောလိုက်သည်။ "အမေ! အမေ! မြန်မြန်ထွက်လာခဲ့! ယောက်ဖ ပြန်လာပြီ!"

လုကောပင်းက စိတ်ကို တည်ငြိမ်အောင် ထားပြီး စိုးရိမ်စိတ်နဲ့ အပြစ်ရှိသလို ခံစားရတဲ့ကြားက လုထောင်ကို ပွေ့ဖက်ပြီး အိမ်ထဲကို အလျင်အမြန် ဝင်သွားလိုက်သည်။

ကျန်းရှီဟန်က နောက်မှ ကားပေါ်က ဆင်းလာပြီး နောက်က လိုက်လာတယ်။ တံခါးဝမှာ သူလည်း ဝင်သင့်မဝင်သင့် ဝေခွဲမရ ဖြစ်နေတုန်းမှာ အန်တီလျိုက ခဏလောက် ရပ်နေပြီးမှ ရုတ်တရက် ပေါင်ကို လက်နဲ့ ရိုက်ပြီး အော်လိုက်သည်။ "ဟာ! ဘုရားရေ! ဖန်းရှုရဲ့ ယောက်ျား၊ ပြန်လာပြီ!"

အဲဒီအော်သံကြောင့် ကျန်းရှီဟန် လန့်သွားပြီး အနားက လူတွေလည်း အံ့အားသင့်သွားပြီး ဝိုင်းလာကြသည်။

"သေချာလို့လား? သူ တကယ်ပဲ ဖန်းရှုရဲ့ ယောက်ျားလား?"

"ဟုတ်တယ်။ သူတို့က သူ သေသွားပြီလို့ ပြောတာ မဟုတ်လား? သတင်းတွေလည်း နှစ်နှစ်လောက် မကြားရဘူး။"

အန်တီလျိုက သူတို့ရဲ့ သံသယကို မကျေနပ်ခဲ့ပေ။ "ငါ အသက် ၇၀၊ ၈၀ တောင် မရှိသေးဘူးနော်၊ လူတစ်ယောက်ကို ဘယ်လို မမှတ်မိရမှာလဲ? ပြီးတော့ ပေါင်ခဲ့က သူ့ကို ယောက်ဖလို့ ခေါ်တာ မင်းတို့ မကြားဘူးလား? သူ့မှာ တခြား ဘယ်သူ့ကို ယောက်ဖလို့ ခေါ်စရာရှိလို့လဲ?"

ဒီစကားကို ကြားတော့ တစ်ယောက်က ရယ်ပြီး ပြောလိုက်သည်။ "အဲဒါက သေချာတာတော့ မဟုတ်ဘူး။ သူ့ကို ယောက်ဖတော်ချင်တဲ့သူတွေ အများကြီး ရှိတယ်"

သူ စကားမဆုံးခင်မှာပဲ တစ်ယောက်ယောက်က သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။ "စကားကို ဆင်ခြင်ပြော!"

လူအများစုက သူတို့ရဲ့ အာရုံကို SUV ကားဆီ ပြန်ရွှေ့လိုက်ကြသည်။ "ဒါ တန်ဖိုးကြီးမှာပဲနော်? ဖန်းရှုရဲ့ ယောက်ျားက ချမ်းသာတာလား?"

သူတို့အဖွဲ့ရဲ့ အဖိုးတန်ဆုံး ပစ္စည်းက အဖွဲ့ထဲက ထွန်စက်ဖြစ်သည်။ ပုံမှန်အားဖြင့် ကုန်တင်ကားကြီးကိုတောင် မြင်ရခဲသည်။ ဒါကြောင့် လုကောပင်းနဲ့ ကျန်းရှီဟန် ရောက်လာတော့ သူတို့ဟာ ပန်ဒါဝက်ဝံကြီးတွေလို ဖြစ်သွားပြီး လူအများအပြားက နောက်က လိုက်ကြည့်နေကြသည်။

မစ္စစ်ရှုကလည်း SUV ကားကို ကြည့်နေသည်။ "အခုခေတ်မှာတော့ အဲဒီလောက် မခေတ်မီတော့ဘူး။ မြို့တော်ဝန်တောင် ဒီလိုကားမျိုး စီးနိုင်မယ် မထင်ဘူး။"

သူမပြောတာကို ကြားပြီးတော့ တချို့လူတွေက သူမကို လှောင်ပြောင်ပြီး ပြောကြသည်။ "မနာလိုဖြစ်နေတာ မဟုတ်လား? အရင်တုန်းက ဖန်းရှုက ယောက်ျားလိုတယ်လို့ မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား?"

"ဘယ်သူပြောတာလဲ?" မစ္စစ်ရှုက မျက်နှာရဲတက်ပြီး ငြင်းဆိုလိုက်သည်။ "ထောင်ထောင်လို သမီးလေး မွေးဖွားပေးနိုင်တာထက် ကံကောင်းတဲ့သူ ကမ္ဘာမှာ မရှိဘူး။" သူတို့မိသားစုက ကံမကောင်းလို့ နတ်သမီးလေးဆီက ဘာအကျိုးအမြတ်မှ မရလိုက်တာက ဝမ်းနည်းစရာပဲ။

မစ္စစ်ရှုရဲ့အမြင်မှာတော့ နတ်သမီးလေးရဲ့အဖေဟာ အောင်မြင်မလာဘဲ အပြင်မှာ သေဆုံးသွားတာက ပုံမှန်မဟုတ်ဘူးလို့ ထင်သည်။

ဒါပေမဲ့ တခြားသူတွေကြားထဲမှာ ပုံမှန်အဖြစ်ဆုံးလို့ ထင်ရတာက သူမပဲ ဖြစ်လိမ့်မည်။

သို့သော် ရှုမိသားစုမှာ ပုံမှန်မဟုတ်တဲ့ အရာတွေ အများကြီး ဖြစ်ခဲ့သည်။ လွန်ခဲ့တဲ့နှစ်က တတိယသား ရှုမှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ စဖြစ်ကတည်းက သူတို့မိသားစုမှာ ထူးဆန်းတဲ့ အရာတွေ ဖြစ်နေခဲ့သည်။

ဒါကြောင့် အဖွဲ့ထဲက အယူသီးတဲ့ လူအများအပြားက အခုတော့ အဲဒါကို မယုံကြည်ချင်တော့ဘဲ မာသာ့ရှန်း လှည့်စားတာခံခဲ့ရတယ်လို့ သံသယဝင်နေကြသည်။

All Chapters