Chapter 66
Vol. 6 Ch. 66
လူအချို့က ကားကို ခဏလောက် ကြည့်ပြီးမှ တခြားအရာတစ်ခုကို တွေးမိသွားကြသည်။ "ဟေ့၊ မင်းတို့ပြောတာ၊ ဖန်းရှုရဲ့ ယောက်ျား ပြန်လာပြီဆိုတော့ လုမိသားစုက..."
"ဖယ်စမ်းပါ၊ သူတို့မိသားစုအကြောင်း ဘာလို့ ပြောနေတာလဲ? သူတို့ ဆင်းရဲနေတာ ကောင်းတယ်လို့ ငါထင်တယ်။ သူတို့ရဲ့ ဒုတိယ ချွေးမက မီးဖွားတာ စောသွားတယ်လို့ ပြောတာ ကြားလား? အဲ့တာပိုက်ဆံကြောင့် ဖြစ်ပုံရတယ်။"
အပြင်က ရွာသားတွေက ဒီတိုင်းပျော်စရာ ကြည့်နေကြပေမဲ့ လုကောပင်း ပြန်လာတာကြောင့် တကယ်တုန်လှုပ်သွားတာကတော့ ချန်မိသားစုပင်။
အဘွားအို လုကွေ့ရင်းက ပထမဆုံး မယုံနိုင်တဲ့သူ ဖြစ်ပေမဲ့ သူမက အဆင်ပြေပါသည်။ အလွန်အကျွံ ဖြစ်သွားတာကတော့ ဟူချူရှန်းဖြစ်သည်။
လုကောပင်းကို မြင်တော့ ဟူချူရှန်းက မျက်လုံးပြူးသွားပြီး သတိလစ်သွားသည်။ ချက်ချင်း လူတွေက သူ့ကို ကူညီပြီး ရင်ကျိုးမှတ်ကို ဖိပေးကြသည်။ ချန်မိသားစုမှာ ကိစ္စတွေရှုပ်ထွေးသွားခဲ့သည်။ လုကောပင်း ပြန်လာတာကြောင့် ဖြစ်ပေါ်လာတဲ့ တုန်လှုပ်မှုနဲ့ စိတ်လှုပ်ရှားမှု အများအပြားကို ပျောက်ကွယ်သွားစေခဲ့သည်။
ဟူချူရှန်း ဖြည်းဖြည်းချင်း သတိပြန်ရလာတော့ လုကောပင်းကို မြင်ပြီး နောက်တစ်ကြိမ် သတိလစ်လုနီးပါး ဖြစ်သွားပေမဲ့ တခြားသူတွေကတော့ သတိပြန်ရနေကြပြီ။
"စိတ်မရှိပါနဲ့ ကောပင်း၊ မင်းရဲ့ မရီးက စိတ်လှုပ်ရှားလွန်းသွားလို့ပါ။"
"ဒီနှစ်တွေအတွင်း မင်း ဘယ်မှာနေခဲ့တာလဲ? ဘာလို့အိမ်ကိုစာမပို့တာလဲ?" ချန်ပေါင်ကောင်းက ခေါင်းကုတ်ရင်း မေးလိုက်သည်။
ဒီစကားတွေထွက်လာတာနဲ့ တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက လုကောပင်းကို လှမ်းကြည့်လိုက်ကြသည်။
လုကောပင်းဟာ တာဝန်တစ်ခုသွားလုပ်ရင်း နိုင်ငံခြားမှာ မတော်တဆမှုဖြစ်ပြီး သတိရလာတော့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့သည်။
လွန်ခဲ့တဲ့နှစ်တွေအတွင်း သူဘယ်မှာနေခဲ့လဲဆိုတာ ရှင်းပြဖို့ဆိုရင် မလွှဲမရှောင်သာ သူ့ရဲ့တာဝန်အကြောင်းကို ပြောရလိမ့်မည်။ သူတုံ့ဆိုင်းနေပီး သူ့အကြောင်းကိုပဲ သိမ်းထားပြီး ပြောလိုက်သည်။ "အလုပ်ကိစ္စကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ပြင်ပနဲ့ အဆက်အသွယ်မလုပ်နိုင်ခဲ့ဘူး။ စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်"
ဘယ်လိုပဲဖြစ်ဖြစ် လုကောပင်းက စစ်သားတစ်ယောက်ပါ။ သူက အလုပ်ကိစ္စကြောင့်လို့ ပြောလိုက်တော့ တခြားသူတွေက အများကြီး မမေးတော့ချေ။ လုကွေ့ရင်းက ချက်ချင်း စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ပြန်လာတာ ကောင်းပါတယ်။ ဒီတစ်ခေါက် ပြန်သွားဖို့ အလျင်လိုနေလား? အိမ်မှာ ဘယ်နှစ်ရက်လောက်နေနိုင်မလဲ?"
သူမက ကျန်းရှီဟန်ကို နွေးနွေးထွေးထွေး နှုတ်ဆက်ပြီး မေးလိုက်သည်။ "ရှောင်ကျန်း၊ ဒီကို ပထမဆုံးလာတာလား? မင်းရဲ့လေသံကိုကြည့်ရတာ တောင်ပိုင်းသားနဲ့ တူတယ်"
မွန်းလွဲပိုင်းမှာ ချန်ဖန်းရှု ပြန်လာတော့ ကျန်းရှီဟန်ဟာ 'ခန်'(ဆောင်းရာသီတွင် အောက်ခံမီးများဖြင့် အပူပေးပီး အိပ်ရန်ဖျာများ ခင်ထားသောနေရာ)ပေါ်မှာ ဖိတ်ကြားခံထားရပြီး တခြားသူတွေနဲ့အတူ မပီကလာ ပီကလာ မန်ဒရင်းစကားနဲ့ မာကျောက် ကစားနေတာကို တွေ့လိုက်ရသည်။ ရှီရှုနဲ့ ဟောင်ချန်ဒေသရဲ့ ကစားနည်းတွေ ဘယ်လိုပေါင်းစပ်သွားလဲတော့ မသိပေမယ့် သူတို့က အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်နေကြသည်။
ချန်ဖန်းရှု တစ်ချက်ကြည့်လိုက်တာနဲ့ လုကောပင်းတစ်ယောက် အနည်းငယ် စိတ်မဝင်စားသလို ဖြစ်နေတာ သတိထားမိလိုက်သည်။ သူမ အနည်းငယ် အံ့သြသွားပေမယ့် လုံးဝတော့ မအံ့သြပါချေ။
သမီးရဲ့မျက်နှာ အမူအရာ မမှန်တာကို မြင်တော့ လုကွေ့ရင်းက သူ့ကို တံတောင်နဲ့တို့ပြီး မေးလိုက်သည်။ "ဘာလို့ စကားမပြောတာလဲ?"
"ဘာမှမဟုတ်ပါဘူး" ချန်ဖန်ရှုက နှုတ်ခမ်းကို စေ့ထားပြီး အပြင်ထွက်ဖို့ လှည့်လိုက်သည်။ "အမေ၊ ကျွန်မ ပစ္စည်းတွေကို အိမ်ထဲအရင်ယူသွားလိုက်ဦးမယ်"
ဘာတွေဖြစ်နေတာလဲ?
လုကွေ့ရင်းက လုကောပင်းကို လှည့်ကြည့်လိုက်တဲ့အချိန်မာ လုကောပင်းက ထရပ်ပီး တိတ်တဆိတ် နောက်က လိုက်သွားတာကို တွေ့လိုက်ရသည်။
ချန်ဖန်ရှုက တံခါးကို မပိတ်ထားဘဲ လုကောပင်း ဝင်သွားချိန် သူမ ပစ္စည်းတွေကို ထုတ်ပိုးနေခဲ့သည်။
အသံကြားတော့ သူမ မရပ်ဘဲ မောလ်ကနေ ထွက်လာပြီးနောက် သူ့ကို ပထမဆုံး စကားပြောလိုက်သည်။ "ပြန်လာပြီလား?"
လုကောပင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အင်း၊ ကိုယ် ပြန်လာပြီ"
သူပြန်လာပြီဆိုတော့ ဒီအိမ်ကို သူအသိအမှတ်ပြုချင်သေးတယ်ဆိုတဲ့ သဘောပဲ။ ချန်ဖန်ရှုက 'ခန်'အစွန်းမှာ ထိုင်ချလိုက်ပြီး သူ့ရဲ့ရှင်းပြချက်ကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ "နှစ်နှစ်နီးပါးရှိပြီ။ ဘာလို့ အိမ်လည်းမပြန်လာဘူး။ ရှင် လုံခြုံတယ်ဆိုတဲ့အကြောင်း ဘာကြောင့် မပြောရတာလဲ?"
လုကောပင်းက ဘာမှမပြောဘဲ သူမကို ကြည့်နေခဲ့သည်။ ခဏကြာတော့ သူက အင်္ကျီကို ချွတ်လိုက်သည်။
ချန်ဖန်ရှုက သူ့ရဲ့လုပ်ရပ်ကြောင့် အံ့အားသင့်သွားပြီးနောက် သူမရဲ့ခင်ပွန်းရဲ့ခန္ဓာကိုယ်ပေါ်က အရွယ်အစားအမျိုးမျိုးရှိတဲ့ အမာရွတ်တွေကို မြင်လိုက်ရသည်။
လုကောပင်း ချန်ဖန်းရှုရဲ့အခန်းထဲ ဝင်သွားတာနဲ့ လုဟွေ့က တံခါးဆီကို ခြေသံလုံလုံနဲ့ သွားပြီး နားထောင်နေခဲ့သည်။
လုထောင်က သူနဲ့အတူ သွားချင်ပေမယ့် ချစ်စရာကောင်းမှုလေးကို မရောင်းရသေးခင် ကျန်းရှီဟန်ရောက်လာခဲ့သည်။
ကျန်းရှီဟန်က လုကောပင်း သူ့မှာ ဒီနှစ်လေးနှစ်အရွယ် သမီးလေးတစ်ယောက်ရှိကြောင်း အရင်က ပြောဖူးတာကို ကြားဖူးသည်။ ဒါပေမယ့် လုထောင်က အရမ်းချစ်စရာကောင်းပြီး လှပမယ်လို့ သူဘယ်တုန်းကမှ မထင်ထားပေ၊ အရုပ်လေးနဲ့တူသည်။
ဒီနေ့ သူတို့ တွေ့ဆုံတာနဲ့ သူက အနောက်တိုင်း ပန်းချီကားတွေထဲက အိန်ဂျယ်လေးတွေကို တွေးမိပြီး သူမနဲ့ နီးစပ်ဖို့ အရမ်းဆန္ဒပြင်းပြနေသည်။
အခု သူ့ကို ဘယ်သူမှ မတားဆီးတဲ့အတွက် သူချက်ချင်း ပြေးသွားပြီး ပိုနီးကပ်ဖို့ ကြိုးစားလိုက်သည်။ "မင်း၊ မင်းက ထောင်ထောင်လား?"
လုထောင်က သူ့ကို မော့ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ သမီးက ပိန်တဲ့ထောင်ထောင်၊ ဝတဲ့ထောင်ထောင် မဟုတ်ဘူး"
ဒီဦးလေးက ထူးဆန်းတဲ့လေသံနဲ့ ပြောပေမယ့် သူ့အမြင်ကောင်းသည်။ သူမ အဖေနဲ့မတူဘူး၊ သူတို့တွေ့တိုင်း ထောင်ထောင်ကို ဝတယ်လို့ အမြဲပြောသည်။
လုထောင်ရဲ့ မျက်လုံးဝိုင်းလေးတွေက သဘောကျတဲ့ပုံပေါ်ပြီး ကျန်းရှီဟန်ရဲ့ နှလုံးသားကို နူးညံ့သွားစေသည်။ သူချက်ချင်း သူ့အိတ်ကပ်ထဲက တူမလေးအတွက် လက်ဆောင်တစ်ခုကို ရှာလိုက်သည်။ "ရုတ်တရက် လာရမယ်လို့ မသိခဲ့လို့ ဦးလေးက ဘာမှ မပြင်ဆင်ထားဘူး"
လုထောင်က ခေါင်းစောင်းပြီး နားထောင်နေခဲ့သည်။ သူမ အနည်းငယ် နားမလည်တာကြောင့် မေးလိုက်သည်။ "ကြက်မ လဲရင် ကြက်ဖကော မလဲဘူးလား?" အကြီးနဲ့အငယ် နှစ်ယောက်သား ပျော်ရွှင်စွာဖြင့် ကြက်နဲ့ဘဲလို စကားပြောနေကြသည်။
ကျန်းရှီဟန်က သူ့ရဲ့ပိုက်ဆံအိတ်၊ နာရီ၊ ကျောက်စိမ်းကွမ်ရင်ဆွဲကြိုးနဲ့ သူတတ်နိုင်သမျှ အရာအားလုံးကို ထုတ်ပေးလိုက်သည်။
"ထောင်ထောင်၊ မင်း ဦးလေးနဲ့ ဟောင်ကောင်မြို့ကို လိုက်မလား။ မင်းဦးလေးက မင်းကို အရသာရှိတဲ့ အစားအစာတွေ ကျွေးမယ်၊ မင်းအတွက် မင်းသမီးဝတ်စုံ ဝယ်ပေးမယ်"
သူ၏ စိတ်အားထက်သန်မှုကြောင့် လုထောင်သည် သူမ ဦးခေါင်းပေါ်မှ ရောင်ဝါကို ဦးစွာချွတ်သင့်လားဟု စဉ်းစားနေမိသည်။
ထိုအချိန်တွင် လုကောပင်းနှင့် ချန်ဖန်းရှူတို့ ထွက်လာကြပြီဖြစ်သည်။
လုကောပင်းကတော့ အဆင်ပြေပေမယ့် ချန်ဖန်းရှူရဲ့ မျက်လုံးတွေက နီရဲနေပြီး သူမ ငိုထားမှန်း သိသာသည်။
လုထောင်က မြင်တော့ သူမအမေဆီ ပြေးသွားပြီး မေးလိုက်သည်။ "မေမေ ဘာဖြစ်တာလဲ? ဖေဖေက မေမေ့ကို အနိုင်ကျင့်တာလား?"
ချန်ဖန်းရှူက ခေါင်းခါလိုက်ပြီး ကလေးမလေးကို ချီကာ သူမရဲ့ ဖောင်းကားနေတဲ့ တင်ပါးလေးကို ပုတ်လိုက်သည်။ "ဘာမှ မဖြစ်ပါဘူး မျက်လုံးထဲ သဲဝင်သွားလို့"
လုထောင်က ချက်ချင်း နှုတ်ခမ်း စူပြီးပြောလိုက်သည်။ "ဒါဆို ထောင်ထောင်က မှုတ်ပေးမယ်နော်"
လင်မယားနှစ်ယောက် စိတ်ဓာတ်ကောင်းနေပြီး အစကလို တင်းမာမှုမရှိတာကို မြင်တော့ လု့ကွေ့ရင်း သက်ပြင်းချလိုက်မိသည်။
"ကားစီးရတာ ကြာပြီဆိုတော့ ပင်ပန်းနေရောပေါ့။ ခဏနားကြဦး။ ငါ ထမင်းချက်လိုက်ဦးမယ်။"
ချက်ပြုတ်ဖို့ အကြောင်းကြားတော့ ချန်ဖန်းရှူရဲ့ လက်ထဲက လုထောင်လေးက ချက်ချင်း ခေါင်းလှည့်ပြီး မေးလိုက်သည်။ "ဖေဖေ၊ အသားကင်တတ်လား?"
လုကောပင်းက အမေးခံလိုက်ရတာကြောင့် ကြောင်သွားသည်။ "အသားကင်?"
လုထောင်က သူ့မျက်နှာကို ကြည့်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားနေရသည်။
သူမ နှုတ်ခမ်းကို စူပြီး နောက်တစ်ခါ ထပ်မေးလိုက်သည်။ "အဖေ၊ ဘာလို့ ထောင်ထောင်ကို ကလေးလေးလို့ မခေါ်တော့တာလဲ?"
'ဒီအဖေပေါ်လာကတည်းက အရင်အဖေက စကားမပြောတော့သလို စိတ်ထဲက လှမ်းခေါ်ရင်လည်း ဘာတုံ့ပြန်မှုမှ မရှိတော့ဘူး။'
'အဖေက အရင်တစ်ခေါက်၊ နှစ်ခေါက်ကလို အိပ်ပျော်သွားတာလား၊ ဒါမှမဟုတ် တကယ်ပဲ လူဖြစ်သွားတာလား။'
'တကယ်..တကယ်ကြီး သူမအဖေသာ တကယ် လူဖြစ်သွားရင် သူမ ကာတွန်းကားတွေကြည့်ပြီး အသားကင်ကော စားနိုင်ဦးမှာလား။'
လုကောပင်းက နှစ်နှစ်လောက်အထိ ပျောက်နေခဲ့ခြင်းဖြစ်သည်။ အပြင်လူများသာမက မိသားစုဝင်များကလည်း သူ ဘယ်တော့မှ ပြန်မလာတော့ဟုသာ ထင်နေခဲ့ကြသည်။
ချန်ဖန်းရှူက ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်သွားသည်မှလွဲ၍ ဘက်စုံတော်သူဖြစ်သည်ဟူ၍ လူတိုင်းက သူမနောက်ကွယ်တွင် သက်ပြင်းချနေခဲ့သည်။ ပြီးတော့ လူအတော်များများကလည်း လုထောင်အတွက် အဖေသစ် ရှာပေးချင်နေကြသည်။
လုကောပင်း၏ ရုတ်တရက် ပြန်ရောက်ရှိလာမှုက ငြိမ်နေသည့် ရေပြင်ထဲ ကျောက်ခဲပစ်ချလိုက်သလိုပင်။
နောက်တစ်ရက်တွင်တော့ ဒီသတင်းက ချင်းရှန်တပ်မဟာတစ်ခုလုံးထဲ ပြန့်သွားတော့သည်။ လူအတော်များများက သိချင်စိတ်ဖြင့် ချန်မိသားစုအိမ်နားမှ ဖြတ်လျှောက်ကာ အချ်ို့ဆိုလျှင် အပျော်သဘောဖြင့် ချန်မိသားစုထံလာကာ ပစ္စည်းများပင် လာငှားသေးသည်။
ချန်မိသားစုအိမ်၌ တစ်နေ့ခင်းလုံး လူစည်နေကာ ညမှသာ တိတ်တဆိတ်နေရ၏။
အဘွားကြီး လုကွေ့ရင်းက အိပ်ယာပေါ်လှဲနေပြီး တကယ်ဖြစ်နေသည့်အဖြစ်အပျက်နှင့် မတူသဖြင့် အလွန်ပျော်ရွှင်မိနေသည်။
သို့သော် ဒီနေ့တော့ သူမက ကျန်းချီဟန်ကို ဧည့်ခံရန် ကြက်သားဟင်းချက်ရမည်။ သူမက အသက်ကြီးပြီဖြစ်ပြီး ခေါင်းအုံးကို ထိလိုက်သည်နှင့်လည်း အိပ်ပျော်သွားတတ်သဖြင့် ဒီကိစ္စတွင် တစ်ခုခုမှားနေလားဟု တွေးရန်ပင် အားမရှိတော့ပေ။
သို့သော် ဟူချူရှန်းကတော့ မတူပေ။
သူမ၏ အစတည်းက မကောင်းခဲ့သော ဦးနှောက်က အခုဆို ပိုရှုပ်ထွေးသွားလေပြီ။ သူမက တစ်နေ့လုံး ဘာလို့ သူမ၏ ခဲအိုဖြစ်သူ အသက်ရှင်နေသည်ကို တွေးမရဖြစ်နေသည်။
တွေးပင်မတွေးဘဲ သူမက ချန်ပေါင်ကောင်းကိုဆွဲကာ လုကောပင်း၏ ခြေရာလက်ရာများ တွေ့လားဟုမေးခဲ့၏။
ချန်ပေါင်ကောင်းက သူမကြောင့် စိတ်ရှုပ်သွားခဲ့၏။
"မင်း ဘာတွေ တွေးနေတာလဲ။ အသက်ရှင်နေတဲ့သူမှာ ဘယ်လိုလုပ် အရိပ်မရှိဘဲ နေမှာလဲ။"
"ဒါဆို သူ့မှာ အမြီးရောရှိလား။"
ချန်ပေါင်ကောင်း - "...."
လုကောပင်းက စစ်တပ်ထဲတွင်နေခဲ့သူဖြစ်ပြီး လေ့ကျင့်ရေးဆင်းထားသူ ဖြစ်သည့်အတွက် သူ့ဇနီး၏ ယောက်မက သူ့ကို ခဏခဏကြည့်နေသည်ကို သတိထားမိသည်။
"ကျွန်တော့် ဘောင်းဘီမှာ တစ်ခုခုပေနေလို့လား။"
ဟူချူရှန်းက ကြောက်သွားပြီး ခေါင်းခါ၍ "မဟုတ်ပါဘူး" ဟုပြောကာ သူမယောက်ျားအနောက်သို့ အမြန်ဝင်ပုန်းလိုက်၏။
သူမ၏ အမူအရာကိုမြင်တော့ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူမရှိချိန်တွင် သူမ အမှားတစ်ခုခု လုပ်ထားလေသလားဟုပင် သူတွေးမိလာ၏။
သူက ချန်ဖန်းရှုကို မေးတော့ သူမယောက်မက ဒီနှစ်များအတွင်း ပြောင်းလဲသွားပြီဖြစ်ပြီး သူမကို စက်ရုံလုပ်ငန်းစရန် ပိုက်ဆံပင် ချေးပေးခဲ့သည်ဟု သ်ိရသည်။
ဒါက မမှန်ဘူး။
ငါလည်း ဘာမှမလုပ်ဘဲ သူမက ဘာလို့ ငါ့က်ိုမြင်ရင် သရဲကို မြင်သလို လုပ်နေရတာလဲ။
မစ္စတာရွှီနှင့် မစ္စရွှီကို မြင်တော့မှ ဒီ ထူးဆန်းသည့် သဘောထားပုံစံက ဘာကိုဆိုလိုသည်က်ို လုကောပင်း သဘောပေါက်သွားတော့၏။ သို့သော်လည်း အားလုံးက နောက်ကိစ္စဖြစ်သည်။ အခု ရင်ဆိုင်နေရသည့် ကိစ္စကြီးကတော့ သူ့ဇနီးက သူ့ကို ပစ်ထားခြင်းဖြစ်၏။
သူတို့က အမြန်လုပ်နေသည်တော့ မဟုတ်ပေ။
အဓိက အကြောင်းအရင်းကတော့ ကျန်းချီဟန်ပင်။ သူက တရုတ်စကား သိပ်မတတ်သော်လည်း စကားပြောချိုပြီး လူအများကို အချ်ိုုသပ်တတ်သည်။ နေ့ဝက်လောက်နှင့် လုကွေ့ရင်းက သူ့ထံမှ အပြောချိုချိုနှင့် အချိုသပ်ခံလိုက်ရပြီး အပြုံးမရပ်နိုင်ဖြစ်နေသလို ချန်ကွမ့်ဖာကလည်း သူ့ကို အရက်အတူသောက်ရန်သာဆွဲခေါ်နေသည်။
ခဏတာအထိ သားမက်ဖြစ်သူ လုကောပင်းကတော့ ဘေးဖယ်ခံထားရ၏။
လုကောပင်းက သူ့ကို မကြာမကြာ ကြည့်နေသော်လည်း သူက သတိမထားမိပေ။ သူက မျက်နှာထားတည်တည်ဖြင့် အိမ်တွင် အခန်းမလောက်သဖြင့် မမှောင်ခင် ခရိုင်ပြန်ကာ တည်းခိုခန်းတွင် သွားတည်းရန်သာ ပြောနေခဲ့သည်။
ကျန်းချီဟန်က ထွမ်းဇီကို ပွတ်သပ်ခွင့်ရရန် အခွင့်အရေးရှာနေသဖြင့် ထွက်မသွားချင်ပေ။ သူက မူးနေသည့်အတွက် ကားမောင်း၍မရဟု ပြောခဲ့သည်။
ဒါကြောင့် မသောက်ထားသည့် လုကောပင်းကသာ သူ့ဒရိုင်ဘာ ဖြစ်သွားတော့၏။
လုကောပင်းက သူသာ မိန်းမကို ကောင်းကောင်းချော့နိုင်လျှင် မိန်းမနှင့် ကလေးနှင့်အတူ ကောင်းကောင်းနေနိုင်မည်ဟု တွေးနေခဲ့သည်။
ဒီလို တုံးအသည့်အစ်ကိုက အမြင်ရှိသည်ကို သူဘာလို့ မတွေးခဲ့မိတာလဲ။
ကျန်းချီဟန်က လုထောင်၏ လက်လေးများက်ို ကိုင်ထားသည်ကိုတွေ့သဖြင့် သူက အလိုမကျသည့်မျက်နှာဖြင့် ပြောလိုက်၏။
"ဦးလေး မနက်ဖြန် လာတွေ့မယ်နော်။"
လုကောပင်းက ကားထဲဝင်ပြီး စက်နှိုးအရှိန်တင်ကာ သူ့ကို ထားခဲ့ပြီး မောင်းသွားလိုက်၏။
ကျန်းချီဟန် အသိဝင်လာတော့ မောင်းသွားသည့် ကားနောက်မှ အငွေ့များရှူကာ အော်၍သာ ပြေးလိုက်ရတော့သည်။
ရွာဂိတ်ဝရောက်သည်အထိ ပြေးခဲ့ရပြီးမှ လုကောပင်းက ကားရပ်၍ မေးလိုက်၏။
"မူးနေတာလား။"
နောက်တစ်နေ့တွင်တော့ ကျန်းချီဟန်က အရင်ကထက် ပို၍ လူများနှင့် ရင်းနှီးလာခဲ့၏။ သူက လုထောင်ကို ပခုံးပေါ်တင်၍ အပြင်ထွက်လမ်းလျှောက်နေခဲ့သည်။
"ထောင်ထောင် ကားစီးချင်လား။ ဦးလေး မူကြိုကျောင်းကို ကားနဲ့ ပို့ပေးမယ်လေ။"
လုထောင်က ကားစီးရမည်ဟုကြားသဖြင့် ချက်ချင်းစိတ်လှုပ်ရှားသွားကာ ပြောလ်ိုက်၏။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့။"
စိတ်လှုပ်ရှားသွားပြီးနောက် သူမအစ်ကိုကို သတိရသွား၏။ သူမအစ်ကိုလည်း ကားစီးချင်သည်။
"အားလုံး ထိုင်မယ်၊ ထိုင်ကြ။"
ကျန်းချီဟန်က လုထောင်ကို လုကောပင်းထံ ပေးလိုက်ပြီး လုဟွေ့နှင့် ချန်းပေါင်ကိုခေါ်ကာ သူတို့ကို တပ်ရင်းမှ မူလတန်းကျောင်းသို့ခေါ်သွားလိုက်၏။
တစ်လမ်းလုံး ကလေးများက ပျော်နေကြပြီး ကြက်တူရွေးလေးများကဲ့သ်ို့ ကားပြတင်းပေါက်မှ ခေါင်းပြူကြည့်နေကြသည်။
ကျန်းချီဟန်က သူတို့ကိုကြည့်ပြီး ကားကို အရှိန်လျှော့မောင်းလိုက်၏။ သို့သော်လည်း မူလတန်းကျောင်းကို ရောက်သည်အထိ သူတို့က အလွန်မြန်နေသေးသလို လုထောင် ခံစားနေရသေးသည်။ သူမက စူပုတ်ပြီးပြောလိုက်၏။
"ဘာလို့ အရမ်းမြန်ရတာလဲ။"
"ထပ်ပြီးနှေးရင် မင်းတို့နောက်ကျတော့မှာပေါ့။"
ချန်ဖန်းရှူက သူမအဝတ်အစားများကို ပြင်ပေးလိုက်ပြီး လုကောပင်းထံ ပေးလိုက်၏။
လုကောပင်းက သူ့ဇနီးသည် သူ့အတွက် ဖခင်တစ်ယောက်အဖြစ် ကလေးနှင့် ပို၍အချ်ိန်ကုန်နိုင်ရန် အခွင့်အရေးများ ဖန်တီးပေးနေသည်ကို သိသည်။ သူမက သူ တပ်ထဲမှ ပြန်လာချိန်တိုင်း ဤသို့လုပ်ပေးတတ်ပြီး သူတို့စုံတွဲက စကားပြောရန်ပင် အချိန်သိပ်မရှိပေ။
ဒါကိုတွေးရင်း သူက ချန်ဖန်းရှူကို ကြည့်လိုက်ပြီး လုထောင်ကိုချီကာ လွယ်အိတ်ကို ယူလိုက်သည်။
"လာ အဖေလိုက်ပို့ပေးမယ်။"
ခရိုင်မြို့တွင် လမ်းပေါ်မောင်းနှင်နေသော ယာဉ်များကို ကြည့်၍အားကျသူ အတော်များသည်။
မူကြိုကျောင်းရှိရာ လမ်းကြားသို့ ကားဝင်လိုက်သည်နှင့် လူအများက စိတ်ဝင်တစားကြည့်ကြသည်။ ကလေးအများစုက မိဘများလက်က်ိုက်ိုင်ထားကာ နေရာမှမခွာဘဲ အထဲတွင် ဘာရှိမည်က်ို သိချင်နေကြသည်။
ထိုအချိန်တွင် ကားထဲမှထွက်လာသော လုထောင်က မင်းသမီးလေးတစ်ပါးကဲ့သို့ ဆက်ဆံခံလိုက်ရ၏။
ကလေးများက သူမကို အားကျသလိုကြည့်လိုက်ပြီး သူမ၏ အနေအထားက ချက်ချင်းဆိုသလို ဧဝရတ်တောင်ကဲ့သို့ မြင့်မားသွားတော့သည်။
လုထောင်က အကြည့်ခံရသည့်အတွက် ရှက်နေပြီး လုကောပင်း၏ ပခုံးကိုဖက်ကာ ခေါင်းငုံ့ထားပြီး ခဏခဏ ချောင်းကြည့်နေသည်။
'ဒီအဖေက ထောင်ထောင်ကို အရသာရှိတဲ့စားစရာတွေ မကျွေးပေမဲ့လည်း အဆင်ပြေပါသေးတယ်။'