← Chapters

Chapter 67

Vol. 6 Ch. 67

Chapter 67

Vol. 6 Ch. 67

လုထောင်ကို လုကောပင်းက ချီထားပြီး သူတ်ို့ ကျောင်းအပေါက်ဝသို့ ရောက်သောအခါ အမျိုးသမီးတစ်ဦး၏ အသံမြင့်မြင့်ဖြင့် အော်သံကို ကြားလိုက်ရသည်။

"ကျွန်မတို့က တစ်လလုံးစာပေးထားပြီး တစ်ရက်ပဲတက်ရသေးတာကို ဘာလို့ ပြန်အမ်းငွေမရတာလဲ။"

ကြားဖူးသည့် အသံမျိုးပင်။

သူမက စိတ်ဝင်တစား ခေါင်းထောင်ကြည့်လိုက်ရာ ဝမ်ရှို့ယွမ်က အလိိုမကျသည့်မျက်နှာဖြင့် ထွက်လာသည်ကို မြင်လိုက်ရ၏။

လုထောင်ကိုမြင်တော့ ဝမ်ရှို့ယွမ်၏ မျက်နှာ သိသိသာသာပျက်သွားတော့သည်။

သို့သော်လည်း လုထောင်ကို ချီထားသူမှာ ချန်ဖန်းရှုမဟုတ်သည်ကို တွေ့လိုက်ရသဖြင့် သူမက စူပုတ်ပြီး ထွက်သွားတော့၏။

ဒုတိယဦးလေးက လူအတော်များများကိုသိပြီး သူတို့မိသားစုက ကိစ္စကြီးတစ်ခုကို စီစဉ်နေကြသော်လည်း ငွေအမြောက်အများ ကုန်ကျလိမ့်မည်။

ချန်ဖန်းရှုက အရှုံးမပေးချင်ဘူးလား။ ဒါဆိုလည်း စောင့်ကြည့်ရတာပေါ့။ သူမက လုပ်နိုင်စွမ်း အလွန်ရှိသော သူမ၏ မိသားစုက ဒီလို တောသူမတစ်ယောက်ကို အနိုင်မပိုင်းနိုင်ဟု မယုံကြည်ပေ။

ဝမ်ရှို့ယွမ်က ငွေသိမ်းရန် အလျင်လိုနေသည်။သူမက လမ်းကြားအဝင်ဝသို့ ရောက်သောအခါ ဘေးတွင်ရပ်ထားသော SUV ကိုတွေ့လိုက်ရ၏။ သူမ အလွန်မုန်းသော ချန်ဖန်းရှုတစ်ယောက် ကားထဲတွင်ထိုင်နေသည်ကိုတော့ သူမ မမြင်ခဲ့ပေ။

လုထောင်ကိုပို့ပြီးတော့ ချန်ဖန်းရှူက မကြာခင်ကမှ ဖွင့်ထားသော အထည်ချုပ်စက်ရုံသို့သွားခဲ့သည်။

စက်ရုံက စဖွင့်ကာစဖြစ်ပြီး အလုပ်သမားနှစ်ယောက်သာငှားထားကာ ပင်စင်ယူထားပြီး လုံခြုံရေးလုပ်ပေးနေသော လူကြီးတစ်ယောက်သာရှိသည်။ ကိစ္စတော်တော်များများကို သူတို့ကိုယ်တိုင်သာ လုပ်ကြရသည်။

လုကောပင်းက နောက်မှလိုက်နေပြီး စက်ရုံဒါရိုက်တာ၏ သက်တော်စောင့်ပုံစံဖြင့် လိုအပ်သည်များကို ကူလုပ်ပေးနေခဲ့သည်။

ကျန်းချီဟန်က အကျင့်ပါနေသည့်အတိုင်း နောက်မှလိုက်နေခဲ့ပြီး သူ့ကိုကြည့်လိုက်သည်။

"မနေ့ညက မငးပြောတော့ ရှိ့ချွေ့ကို တစ်ခါမှ မရောက်ဖူးဘူး၊ ပြီးတော့ ခရိုင်မြို့ကိုလည်း လမ်းလျှောက်ထွက်ချင်တယ်ဆို။"

မနေ့ညက အကြောင်းပြောမိရင်း ကျန်းချီဟန် ကားမှဓာတ်ငွေ့နံ့များပြန်ရလာသဖြင့် မြန်မြနောက်ဆုတ်လိုက်၏။

နှစ်နှစ်လောက်အထိ တစ်ကိုယ်တည်းနေလာသူကို သွားရှုပ်၍ မရပေ။ သူက သူ့ဘဝတွင် ဒီနေရာတွင် ခွေးစာစား၍တော့ မနေနိုင်။

ကျန်းချီဟန်က သူ့ညီအစ်ကိုသည် တံတားဖြတ်ပြီးသည်နှင့် ဖျက်ဆီးပစ်မည့်လူစားမျိုးဆိုသည်ကို ဘာလို့အရင်က မသိခဲ့ရတာလဲဟု တွေးနေမိသည်။

သူ့ကို မှတ်ဉာဏ်ပြန်ရအောင် လိုက်ကူညီခဲ့ခြင်း၊ ဇနီးသည်ထံပြန်ပို့ပေးခဲ့ခြင်းတို့ အားလုံးသည်လည်း အလကားပင်။

ကျန်းချီဟန်က မရှိသည့်မျက်ရည်များကို အေးစက်သည့်လေထဲတွင် သုတ်လိုက်ရင်း စာတိုက်ကိုဖုန်းဆက်ကာ သူ့မိသားစုကို တိုင်ကြားရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဒုတိယအစ်ကို မှတ်ဉာဏ်ပြန်ရပြီး ဇနီးနှင့်ကလေးများဖြင့် ပြန်တွေ့ပြီဆိုသည်ကိုလည်း လူကြီးများကို အကြောင်းကြားခဲ့၏။

သို့သော် လုထောင် အကြောင်းရောက်တော့ သူစကားဆက်ပြောနေပြီး တိုင်ကြားရန်ပင် မေ့သွားခဲ့တော့သည်။

"ဟုတ်တယ်၊ ကလေးနှစ်ယောက်စလုံးက အရမ်းလှတယ်၊ အထူးသဖြင့် ထောင်ထောင်ပေါ့။ သူက မေ့ပေါင် လား? သူက ကျွန်တော်တို့ ထောင်ထောင်နဲ့ နှိုင်းလို့ရလို့လား? ကျွန်တော်တို့ ထောင်ထောင်က နတ်သမီးလေးပဲ။ ကျွန်တော့် ဒုတိယအစ်ကိုရဲ့ ဘဝမှာ အကြီးမြတ်ဆုံးအောင်မြင်မှုက ထောင်ထောင်ကို မွေးဖွားပေးခဲ့တာပဲ..."

ကျန်းချီဟန်၏ ကြွားလုံးထုတ်မှုက အထင်ကြီးစရာကောင်းလွန်းသဖြင့် ဖုန်းတစ်ဖက်မှ သူ့အမေက အလွန်စိတ်လှုပ်ရှားကာ လာကြည့်ချင်စိတ်များဖြစ်ခဲ့ရသည်။

သူကလည်း စိုးရိမ်သွားပြီး အမြန်ဆုံး သတိပေးလိုက်၏။

"ဟောင်ကောင်ကနေ ဒီကိုက အရမ်းဝေးတယ်။ အမေ့ခန္ဓာကိုယ်က လုံးဝဒဏ်ခံနိုင်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့ အမေ၊ ဒီက အနေအထား ပိုကောင်းလာတဲ့အထိ စောင့်ပါဦး၊ ကျွန်တော် ဒုတိယအစ်ကိုကို မရီးနဲ့ တူ၊ တူမတွေနဲ့အတူ အမေ့ဆီ ခေါ်လာပြီး တွေ့ခွင့်ပေးပါ့မယ်။"

နောက်ဆုံးတော့ အဘွားကြီးကို စည်းရုံးလိုက်ပြီးနောက် ချွေးများကို သုတ်ရင်း လုကောပင်းကို လိပ်စာ သွားမေးခဲ့သည်။

"ကျွန်တော် လူတစ်ယောက်ကို ကင်မရာတစ်လုံး ပို့ခိုင်းလိုက်မယ်၊ မရီးနဲ့ တခြားသူတွေရဲ့ ဓာတ်ပုံတွေအများကြီးရိုက်ပြီး ကျွန်တော့်မိဘတွေကို ပို့ပေးပါဦး။"

သူ့မိဘများအကြောင်းပြောရင်း သူက နောက်တစ်ခုကို သတိရသွားသည်။

"အစ်ကို၊ လုမိသားစုက..."

"နောက်မှပြောကြတာပေါ့"

လုကောပင်းက အလုပ်သမားများကို အဝတ်ချုပ်ရန် ဦးဆောင်နေသည့် ချန်ဖန်းရှုကို တစ်ချက်ကြည့်လိုက်ပြီး သူမရှေ့တွင် ဒီကိစ္စကို မပြောရန် အချက်ပြလိုက်သည်။

ကျန်းချီဟန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ နေ့လယ်ဘက် လုထောင်ကို ကျောင်းမှသွားကြိုပြီး ချင်းရှန်တပ်မဟာကို ကားမောင်းပြန်လာချိန်တွင် လုမိသားစုနှင့် တိုးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

လုကောဖုက ရွာအဝင်ဝတွင် ခိုးကြောင်ခိုးဝှက်ကြည့်နေပြီး သူတို့ကားကို မြင်သည်နှင့် အဝေးမှ လက်ပြလိုက်သည်။

ကျန်းချီဟန်က ဒါကို မြင်တော့ လုကောပင်းကို တစ်ချက်ကြည့်လိုက်ပြီး ဆက်သွားရမလား၊ ရပ်ရမလား မသိတော့ပေ။

လုထောင်က ကားနောက်ခန်းတွင်ထိုင်ရင်း ဒါကိုမြင်လိုက်ရတော့ သူမ၏ လက်ဖဝါးဖောင်းဖောင်းလေးများနှင့် သူမအဖေ၏ အင်္ကျီကို တင်းတင်းဆုပ်ကိုင်ပြီးပြောလိုက်၏။

"ဒုတိယဦးလေး၊ သူက ထောင်ထောင်ကို ထပ်ဖမ်းပြီး ကြောက်စရာကောင်းတဲ့အဘွားက ထောင်ထောင် ခေါင်းပေါ် တစ်ခုခုတင်ခိုင်းဦးမှာလား။"

ဒီစကားများ ထွက်လာသည်နှင့် လုကောပင်း၏ မျက်လုံးများ မှောင်ကျသွားပြီးပြောလိုက်၏။

"သူ့ကို ကျော်မောင်းသွား၊ ဂရုမစိုက်နဲ့"

ပြောပြီးသည်နှင့် ခေါင်းကိုငုံ့ပြီး သမီးကိုမေးလိုက်သည်။

"သမီးရဲ့ဒုတိယဦးလေးက သမီးကိုဖမ်းဖူးလား? ဘယ်တုန်းကလဲ?"

လုကောဖုက ရပ်တောင်မရပ်ဘဲ ကျော်သွားသည့်ကားကို စိတ်ဝင်စားသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။

ဒါပေမဲ့ သူက ချန်အိမ်ကိုတော့ မလိုက်ရဲပေ။

သူ့အမေက ချန်မိသားစုကို ဒုက္ခပေးရန် သွားခဲ့သည့်အတွက် သူတို့မိသားစုက ပြီးခဲ့သည့်ခြောက်လအတွင်း ပို၍ခက်ခဲခဲ့ရသည်။ သူ့ကိုအမြဲစောင့်ကြည့်နေသူတစ်ယောက်ရှိနေသဖြင့် သူက ပျင်းလို့လည်းမရသလို ခိုးလို့လည်းမရပေ။ သူ့ကိုပေးထားသည့် အလုပ်များကလည်း ညစ်ပတ်ပြီးပင်ပန်းသည်။

ဖြစ်နိုင်သည်က သူ့အစ်ကိုက ကားထဲမှာမပါဘဲ သူ့မရီးက ကားမရပ်ခိုင်းခြင်းဖြစ်နိုင်သည်။

ဒီလိုတွေးမိပြီး လုကောဖု ခေါင်းကိုမော့ ရင်ဘတ်ကိုကော့ပြီး ခြေလှမ်းနှေးနှေးနှင့် ပြန်လျှောက်သွားလိုက်သည်။

အခု သူ့အစ်ကိုပြန်လာပြီဖြစ်ပြီး ကားနှင့်ပြန်လာခြင်းဖြစ်သည်။ နောက်ဆို သူတို့မိသားစုကို ဘယ်သူကများ အနိုင်ကျင့်ရဲဦးမလဲ ကြည့်ကြတာပေါ့။ ချန်ဖန်းရှု ဘယ်လောက်ပဲ တတ်နိုင်ပါစေ၊ သူက အစ်ကို့ကို ကွာရှင်းနိုင်မှာလား? သူတို့က စစ်တပ်အိမ်ထောင်ရေးပဲလေ။

နောက်ပိုင်းတွင် လုကောဖုက ရွာအဝင်ဝသို့ လမ်းပိတ်ရန်ထပ်လာခဲ့သော်လည်း ကားက မရပ်သဖြင့် သူထပ်မလာတော့ပေ။

ကျန်းချီဟန်ကတော့ အလွန်ကောင်းသည်ဟုထင်နေပြီး နေ့တိုင်း ကလေးများကို ပွတ်သပ်ရသည်ကိုစွဲလမ်းနေခဲ့သည်။

ရက်အနည်းငယ်ကြာတော့ ဟောင်ကောင်မှ မစ္စကျန်းထံ သူ့သား၏ ဖုန်းထပ်ဝင်လာသည်။

"အမေ၊ ကျွန်တော်ပြောပြမယ်၊ ထောင်ထောင်က အရမ်းထက်မြက်တယ်။ သူက ရှေးဟောင်းကဗျာတွေရေးနိုင်တယ်၊ ပုံဆွဲနိုင်တယ်၊ ရှေးဟောင်းဆန်းကြယ်တဲ့ တူရိယာတစ်မျိုးကိုလည်း တီးနိုင်တယ်။ ထောင်ထောင် အဲဒီတူရိယာကိုတီးတိုင်း ကျွန်တော့်စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်သွားသလိုပဲ။ အရမ်းအံ့သြစရာကောင်းတယ် !"

သူ့တူမကို ထပ်ချီးကျူးလိုက်ပြီးနောက် စိတ်ကြည်လင်သွားပြီး ထွမ်းဇီနှင့်အတူ ပုံဆွဲရန်ပြန်သွားလိုက်သည်။

လုထောင်က အဝတ်အစားပုံဆွဲရန် သင်ယူနေချိန်တွင် သူက ပစ္စည်းများ အဆက်မပြတ်ပေးနေသလို အကြံဉာဏ်များလည်းပေးနေခဲ့သည်။

"အနောက်မှာ တောင်ပံတစ်စုံထည့်လိုက်။ ထောင်ထောင်က အရမ်းချစ်စရာကောင်းတဲ့ နတ်သမီးလေးပဲ၊ သူမမှာ အဖြူရောင်တောင်ပံတစ်စုံရှိသင့်တယ်လေ။"

"တောင်ပံ?"

မဆွဲတတ်တော့သဖြင့် လုထောင်လေးက ခေါင်းစောင်းကာ ခဲတံကို သူ့လက်ထဲထည့်ပေးလိုက်သည်။

"ဦးလေး ထောင်ထောင်အတွက် ဆွဲပေးပါ။"

ကျန်းချီဟန်က ချန်မိသားစုတွင် မွေးထားသည့်ငန်းဖြူကြီးများကို ရက်တော်တော်ကြာအောင် တိတ်တိတ်လေး စောင့်ကြည့်နေခဲ့ပြီး အချိန်တိုင်း ငန်းကိုဖမ်းကာ အတောင်မွေးများကို နုတ်ပြီး သူ့အချစ်ဆုံးတူမလေးအတွက် လိုက်ဖက်မည့် အဝတ်တစ်စုံလုပ်ပေးချင်နေသည်။ ထိုငန်းများသာ သိပ်ကြောက်စရာမကောင်းလျှင် သတ်ပစ်လိုက်သည်မှာ ကြာလောက်ပြီဖြစ်သည်။

သူ့စိတ်ထဲတွင် အကြိမ်ကြိမ်အခါခါ စဉ်းစားထားသည့်အတွက် ဘာမှထပ်စဉ်းစားစရာမလိုဘဲ လုထောင်၏ ပန်းချီကားထဲကို အတောင်ပံနှစ်ဖက် ချက်ချင်းထည့်ဆွဲပေးလိုက်သည်။

လုထောင် ယူကြည့်လိုက်ရာ တော်တော်လှသည်။

သို့သော် အတောင်ပံတွေကို အဝတ်ထဲထည့်ပြီး တကယ်ချုပ်လို့ရရဲ့လား။

သူမက စိတ်ထဲမှ ၂၅၀ ကို ခေါ်လိုက်သည်။

"အဖေ၊ ရှိလား? ထောင်ထောင်ရဲ့တာဝန် ပြီးသွားပြီလား?"

ကြာကြာဆက်ခေါ်နေသော်လည်း ၂၅၀ က ဘာမှမတုံ့ပြန်ခဲ့ပေ။

လုထောင်၏ ခေါင်းလေးငိုက်ကျသွားတော့သည်။

ဒီလိုပဲ၊ အရင်ရက်တွေကလည်း နေ့တိုင်း ဒီလိုပဲဖြစ်နေသည်။

သူမက သူမနှင့် နေ့တိုင်းအတူရှိနေပြီး ထောင်ထောင် ကလေးလေးဟု ခေါ်တတ်သည့် အဖေကို တကယ်လွမ်းနေသည်။

ကောင်မလေးက နှုတ်ခမ်းစူပြီး အတောင်ပံနှစ်ဖက်ကို ခဲဖျက်နှင့် ဖျက်ပစ်လိုက်သည်။ ပြီးတော့ သူမအဝတ်အစား၏ နောက်ကျောဘက်ပုံကြမ်းကို ပေါ့ပေါ့ပါးပါး ဆွဲလိုက်၏။

နောက်တစ်စက္ကန့်လောက်တွင် ရင်းနှီးသည့် စက်သံတစ်သံက သူမနားထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

[မစ်ရှင်ပြီးဆုံးပါပြီ၊ ဆုလာဘ်များ ချီးမြှင့်နေပါသည်]

ကောင်မလေးက ကြောင်သွားခဲ့သည်။

အသံက ခဏရပ်သွားပြီးနောက် ထပ်ထွက်လာခဲ့သည်။

"ဟာကွာ၊ ငါတို့ ပေါ်သွားပြီ။"

၂၅၀ က ရက်အတော်ကြာပျောက်နေခဲ့သဖြင့် တကယ့်လူအစစ်ဖြစ်သွားပြီဟု လုထောင်ထင်နေမိသည်။

မမျှော်လင့်ထားဘဲ သူက ရုတ်တရက်ပေါ်လာပြန်၏။

ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် လုထောင်က စိတ်လှုပ်ရှားစွာဖြင့် ခေါ်လိုက်သည်။

"အဖေ"

ကျန်းချီဟန်က ဒါကိုမြင်တော့ လုကောပင်း ပြန်လာပြီအထင်နှင့် တံခါးဘက်သို့ ခေါင်းထွက်ကြည့်လိုက်၏။

အာ့ဝူလင်က စိုးရိမ်သွားသဖြင့် အသံကျယ်လာခဲ့သည်။

"လူတွေရှိရင် စိတ်ထဲကပဲ ပြောပါလို့ပြောတယ်လေ။"

လုထောင်က သူမ၏ လက်လေးများဖြင့် ပါးစပ်ကိုအုပ်ပြီး ကျန်းချီဟန်ကို ကြည့်လိုက်၏။

ကျန်းချီဟန်က သူမ၏ အပြုအမူကြောင့် အံ့သြသွားခဲ့သည်။

"ဘာဖြစ်လို့လဲ။ ထောင်ထောင်က အဖေ့ကို သတိရနေတာလား။"

လုထောင်က ကျန်းချီဟန် သူမကို မကြည့်တော့မှပဲ ကျန်းချီဟန်၏ လက်ကို လွှတ်ပြီး ခေါင်းညိတ်လိုက်သည်။ သူမက စိတ်ထဲမှ တိတ်တဆိတ် မေးလိုက်သည်။

"အဖေနဲ့ ဟိုအဖေက လူတစ်ယောက်တည်းလား။"

၂၅၀ ကပြောလိုက်သည်။

[ဟားဟားဟား၊ သမီးသိသွားပြီပေါ့။ အဖေက မှော်အစွမ်းတွေ အရမ်းများပြီး၊ ပျောက်သွားလိုက် ပေါ်လာလိုက် လုပ်နိုင်တယ်လို့ မထင်ထားဘူး မလား။ အံ့သြသွားပြီလား ကလေးလေး၊ အံ့သြသွားပြီလား။]

တကယ်ပဲ လူတစ်ယောက်တည်းလား။

လုထောင်က မျက်လုံးဝိုင်းများဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်နေကာ မယုံနိုင်သေးပေ။

[အဖေက အဲ့လောက်တောင် အစွမ်းထက်တာလား။]

[အဖေက နန်ရှန်းဘိုးဘွားရိပ်သာမှာ လက်သီးနဲ့ထိုးခဲ့ပြီး ပေဟိုင်မူကြိုမှာ ခြေထောက်နဲ့ကန်ခဲ့တာ၊ ဘယ်လိုလုပ် အစွမ်းမထက်ပဲ နေမလဲ၊ ဟားဟားဟား!]

အာ့ဝူလင်က အနေခက်စွာ ထပ်ရယ်ပြီးပြောလိုက်၏။

"ဒီတစ်ခါ သမီးကို ခိုးကြောင်ခိုးဝှက် လာတွေ့တာ၊ ထောင်ထောင်၊ အဖေ့ဆီကနေ လျှို့ဝှက်ထားဖို့ မမေ့နဲ့နော်၊ တခြားဘယ်သူ့ကိုမှလည်း မပြောနဲ့။"

လုထောင်က သူမအဖေ၏ အပြုံးသည် ထူးဆန်းနေသည်ဟု အမြဲခံစားရသော်လည်း သူမက စိတ်ရင်းမှန်နှင့် ခေါင်းညိတ်လိုက်သည်။ "ထောင်ထောင်ရဲ့ ဆုလာဘ်ကရော။"

[သမီးကို အခုပဲ ပန်းနီလေး ပေးမယ်၊ ဒီဇိုင်းစာအုပ်အကြောင်းကတော့ တခြားဘယ်သူမှ မရှိတဲ့အချိန်ကျမှ ပြောမယ်။]

လူထောင်က ဘယ်ဒီဇိုင်းစာအုပ်ကိုမှ စိတ်မဝင်စားပေ။ သူမက ဒါကိုကြားလိုက်တော့ မျက်လုံးများက လခြမ်းပုံစံ ကွေးသွားပြီး ပြောလိုက်၏။ "ကောင်းပါပြီ၊ အဖေက အကောင်းဆုံးပဲ!"

[လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ သမီးကို တောင်ပေါ်ပန်းခူးဖို့ ခေါ်သွားတုန်းကလည်း အတူတူပဲ ပြောခဲ့တာမလား။ ဟား၊ မိန်းကလေးတွေများ။]

အာ့ဝူလင်က ရယ်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

"သူပြန်လာမယ်ဆိုတာ သိခဲ့ရင် ငါ့ဘာသာ သူ့အဖေလို့ ပြောခဲ့မှာ မဟုတ်ဘူး၊ ဒါမှ အခုလို ရှင်းပြစရာမလိုတော့မှာ၊ အား ဘာလို့ သူက တပ်ထဲကို မပြန်သေးတာလဲ။ ဘာလို့ သူ မထွက်သွားသေးတာလဲ။"

၂၅၀ ၏ တီးတိုးပြောသည့် စကားသံက လုထောင်၏ နားတွင်မရှင်းခဲ့သော်လည်း ခံစားချက်များ ပြိုလဲနေသည်က်ိုတော့ သူမ မရေမရာ ခံစားမိသည်။

ကောင်မလေးက အသစ်ရထားသည့် ပန်းအနီလေးကို ကာတွန်းနှင့် လဲရန်ပြင်နေချိန်မှာပဲ အသံကြားသဖြင့် ရပ်သွားပြီးမေးလိုက်သည်။

"အဖေ ဘာဖြစ်တာလဲ"

[မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး။ အဖေက လူတွေကို သက်ရှိဖြစ်အောင် ပြောင်းလဲနိုင်တဲ့ စွမ်းရည်အသစ် ရသွားလို့ အရမ်းပျော်နေတာလေ။ ဟားဟား၊ ဟားဟား။]

ညနေ လုကောပင်း ပြန်ရောက်လာတော့ ကောင်မလေးက သူ့ကို မျက်တောင်မခတ်ဘဲ မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ပြီးနောက် သူ၏ ခြေတံရှည်များကိုလည်း ခဏခဏ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူက ထိုင်ချလိုက်ပြီး သမီးဖြစ်သူ၏ခေါင်းကို ပွတ်သပ်ပေးရင်း မေးလိုက်၏။ "သမီး အဖေ့ကို လွမ်းနေတာလား။"

လုထောင် ဘာမှမပြောဘဲ သူမ၏ လက်သေးသေးလေးကို ဆန့်ထုတ်ပြီး သူ့ဒူးကို မှီလိုက်သည်။

ဒီခြေထောက်က မူကြိုကျောင်းတစ်ခုလုံးကို ကန်နိုင်တဲ့ ခြေထောက်ပဲ။ ထောင်ထောင့်ရဲ့ အဖေက တကယ်ကို မိုက်တယ် —

ကောင်မလေးက မျက်ခုံးပင့်လိုက်ပြီး လုကောပင်းကို လေးစားသည့် မျက်လုံးများဖြင့် ကြည့်ရင်း မေးလိုက်၏။"ဖေဖေ၊ ပေ့ဟိုင်မူကြိုက ဘယ်ကမူကြိုလဲ။ အဲဒီက ကလေးတွေက အရမ်းတော်ကြလား။"

"ပေ့ဟိုင်မူကြိုကျောင်း။ "

လုမူကြိုကျောင်းမှ အနိုင်ကျင့်တတ်သူဖြစ်သည့် လုကောပင်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

ရှို့ချွေ့ခရိုင်မှာ ပေ့ဟိုင်မူကြိုကျောင်း ရှိတယ်လို့ သူ ဘာလို့ မကြားဖူးရတာလဲ။

နောက်တစ်နေ့တွင် လုကောပင်းနှင့် ချန်ဖန်ရှုတို့က ကျောင်းဆင်းချိန်တွင် လုထောင်ကို သွားကြိုရန် မူကြိုကျောင်းသို့ သွားခဲ့ကြသည်။

မူကြိုဆရာမက ပြုံးပြီး သူတို့ကိုပြောလိုက်သည်။

"ရှင်တို့ရဲ့ ထောင်ထောင်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီမွန်းလွဲပိုင်းမှာ ကလေးတွေ ဘောလုံးကစားနေကြတာ၊ လီကျွမ်း အလှည့်ရောက်တော့ သူ့ရှေ့က ကလေးက မပေးချင်ဘူးဆိုပြီး သူ့ဆီက လုယူတယ်။ ထောင်ထောင်က အဲ့ဒီကလေးကို သွားပြီး ဆူပူလိုက်တယ်။ ဒါပေမဲ့ ဆူလို့မရတော့ သူ့အဖေက ပေ့ဟိုင်မူကြိုကျောင်းက လူတိုင်းကို ရိုက်ဖူးတယ်၊ သူ့အဖေကို သွားတိုင်လိုက်မယ်လို့ ပြောတယ်။"

ကောင်းကင်ကနေ အိုးမည်းကြီးတစ်လုံး ပြုတ်ကျလာသကဲ့သို့ လုကောပင်းက သူ့သမီးကို ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

ချန်ဖန်ရှုက ဒါကိုကြားတော့ မျက်လုံးများ အနည်းငယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ နှုတ်ခမ်းများကိုတော့ တင်းတင်းစေ့ထားခဲ့သည်။

မနေ့ညက သူမ အိမ်ပြန်ရောက်တော့ လုထောင်က သူမကို ဝတ်စုံဒီဇိုင်းပုံတစ်ပုံနဲ့ ဖက်ရှင်ဒီဇိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ် မှတ်စုစာအုပ်တစ်အုပ် ပေးခဲ့သည်။

မှတ်စုများက သပ်ရပ်သည့်လက်ရေးနှင့် ရေးထားသည့်အတွက် ဘယ်သူ့လက်ရေးလဲဆိုသည်ကို ပြောဖို့ခက်သော်လည်း ပါဝင်သည့်အကြောင်းအရာများကတော့ အလွန်ကြွယ်ဝသည်။ ဖက်ရှင်ဒီဇိုင်း၏ သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတများအပြင် ဒီဇိုင်းပုံများလည်း အများကြီးလည်း ပါဝင်သည်။

သို့သော် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ပြီးသည်မှာ ၂ နှစ်သာ ရှိသေးသည်။ အဝတ်အထည်လုပ်ငန်းက အခုမှ စတင်နေခြင်းဖြစ်သဖြင့် ဒီမှတ်စုများက ဘယ်ကရလာတာလဲ။

ထိုအချိန်တွင် သူမရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး လုကောပင်းနှင့် တွေ့ဆုံကတည်းက သူမစိတ်ထဲတွင် ရှိနေခဲ့သည့် မေးခွန်းများကို ပြန်စဉ်းစားမိလိုက်သည်။

သူမက အခွင့်အရေးသည်နှင့် လျှို့ဝှက်စွာပဲ လုထောင်ကို မေးမြန်းခဲ့ပြီး အဖြေကလည်း သူမထင်ထားသည့်အတိုင်းပင်။

သမီးလေးပြောနေသည့် အဖေဆိုသူက သူမ ထင်ထားသည့်လူနှင့် မတူပေ။

သူမ နားလည်ရခက်ခဲသည့် မမြင်နိုင်၊ မထိတွေ့နိုင်သော တည်ရှိမှုတစ်ခုသာ ဖြစ်နေခဲ့သည်။

ဒါပေမဲ့ သူမပြောပြပုံအရတော့ တစ်ဖက်လူ၏ ဇာစ်မြစ်ကို မသိရသော်လည်း ထောင်ထောင်အပေါ် မကောင်းသည့် ရည်ရွယ်ချက်တော့ ရှိပုံမပေါ်ပေ။

ချန်ဖန်ရှု ရင်များတုန်နေပြီး လုထောင်ကို သူမကလွဲ၍ အခြား ဘယ်သူ့ကိုမှ ဒီအကြောင်း မပြောရန် ထပ်ခါတလဲလဲ မှာကြားခဲ့သည်။

သူမ သိနေရင်လည်း အများဆုံး စိတ်ပူရုံပင်။ ထောင်ထောင်ကို ထူးဆန်းသည့် မျက်လုံးနှင့် ကြည့်မည်မဟုတ်သလို ဖုံးကွယ်ရန်လည်း ကူညီနိုင်သည်။

တခြားသူတွေသာ သိသွားလျှင်...

လူ့စိတ်က ခန့်မှန်းရခက်၏။ ထောင်ထောင် အန္တရာယ်ရှိမရှိ ဘယ်သူသိနိုင်မှာလဲ။

လုထောင်က နာခံစွာ ခေါင်းညိတ်ခဲ့သော်လည်း ချန်ဖန်ရှုကတော့ စိုးရိမ်နေသေးသည်။ ဒါကြောင့် လုကောပင်းကို ဧည့်ရိပ်သာ မပို့ဘဲ အိမ်မှာသာ နေခိုင်းခဲ့သည်။

လုကောပင်း၏ မျက်လုံးများ အရောင်တောက်နေပြီး သူထိန်းချုပ်ရန်ကြိုးစားနေသည့် ပျော်ရွှင်မှုကို မြင်လိုက်ရတော့ သမီးအတွက် သူနှင့် ယှဉ်ပြိုင်နေသည့် တခြားအဖေတစ်ယောက်ကြောင့် သူ ဒီမှာနေခွင့်ရသည်ဟု သူမ မပြောရဲခဲ့ပေ။

ထောင်ထောင် ပြောသည့် ပေ့ဟိုင်မူကြိုကျောင်း ဆိုသည်မှာလည်း ထိုလျှို့ဝှက်ဆန်းကြယ်သည့် အရာက ပြောခဲ့သည်လားဆိုသည်ကိုတော့ သူမ မသိခဲ့ပေ။

ချန်ဖန်ရှို့က ရက်အတော်ကြာ စိတ်ပူခဲ့သော်လည်း လုထောင်နှင့် ပတ်သက်၍တော့ အရာအားလုံးက ငြိမ်သက်နေခဲ့သည်။ မကြာသေးခင်ကမှ စက်ရုံတွင် အမျိုးသမီးအလုပ်သမား အများကြီး ခန့်ထားခဲ့သည်။

ဆယ်နှစ်ကြာပြီးနောက်မှာတောင် တည်ငြိမ်သည့် အလုပ်အကိုင်များကို စွန့်ကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများကို လူအများက နားမလည်နိုင်ကြသေးပေ။ အခုချိန်ဆိုလျှင်တော့ ပိုတောင် ဆိုးသေးသည်။

All Chapters