Chapter 69
Vol. 6 Ch. 69
လုကောဖုက သူ့ကိုမြင်တော့ အကြည့်လွှဲကာ ချန်ဖန်းရှူက ကလေးများကိုခေါ်ကာ မိဘအိမ်ပြန်သွားသည်ဟုသာ ပြောခဲ့၏။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဇနီးသည်နှင့် ကလေးများ ကြုံတွေ့ခဲ့ရသည်များကို ပြန်တွေးကြည့်ရင်း၊ သူပျောက်ဆုံးနေခဲ့သည်မှာ နှစ်နှစ်ရှိသည့်တိုင် သူပြန်လာသည့်အခါ သူ့မိသားစုက စိတ်ပူခြင်းရော၊ ဝမ်းသာခြင်းရော မရှိဘဲ ပိုက်ဆံဘယ်လိုတောင်းရမလဲဆိုသည်က်ိုသာ တွေးနေသည်ကြောင့် လုကောပင်း၏ ရင်ထဲ လုံးဝအေးစက်သွားခဲ့သည်။
မစ္စလု၏ အလန့်တကြားအမူအရာကို မြင်တော့ သူကရှေ့တိုးပြီး ထပ်မေးလိုက်၏။
"သူမက ပိုခက်ခဲမယ်လို့ မထင်ဘူးလား။"
"ငါ..."
အဘွားလုက ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်ဖြစ်နေ၏။
လုကောဖုက ဒါကိုမြင်တော့ စိုးရိမ်သွားပြီး ပြောလိုက်၏။
"အမေက နေမကောင်းသေးဘူး။ အစ်ကို ဘာလုပ်နေတာလဲ။"
"ဘာမှမဟုတ်ပါဘူး။"
လုကောပင်းက သူ့ကိုတွန်းသည့်လက်ကို ရှောင်လိုက်ပြီး နောက်ကိုတစ်လှမ်းဆုတ်လိုက်၏။
"အဒေါ်ရယ်၊ အဒေါ်က ကျွန်တော့်ကို မမွေးခဲ့ပေမယ့် ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။ ကျွန်တော့်အမေက ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် အဒေါ့်ကို ကျေးဇူးတင်ပါတယ်တဲ့။"
သူမ၏စိတ်ထဲတွင် တချို့ခန့်မှန်းချက်များ ရှိနေသော်လည်း ဟယ်ချွိန်ဖန်၏ မျက်နှာက ဒီစကားကို ကြားလိုက်ရတော့ ပြောင်းလဲသွားခဲ့၏။
လုကောဖုလည အံ့သြသွား၏။
"အစ်ကို...အစ်ကိုက အမေ့ရဲ့ သားအရင်းမဟုတ်ဘူးလား။"
မစ္စလုက သူမ ထိန်းမထားနိုင်တော့သည်ကို မြင်တော့ ဒေါသတကြီးပြောလိုက်၏။
"မွေးဖွားပေးတဲ့ ကျေးဇူးက ဘယ်လောက်ကြီးပါစေ၊ ပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူးလောက် မကြီးဘူး။ ငါက မင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး ပြုစုပျိုးထောင်ခဲ့တာ၊ ဒါကို မင်းမမေ့ရဘူး။"
သူမက လုကောပင်းကို ထောက်ပံ့ခဲ့သည့်အကြောင်း အတင်းအကျပ်ပြောပြီး၊ သူမကို မထောက်ပံ့လျှင် စစ်တပ်ကို တိုင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
လုကောပင်းက ဂရုမစိုက်ပေ။
"ကျွန်တော် အဒေါ့်ကို မထောက်ပံ့ဘူးလို့ ဘယ်သူပြောလဲ။ ကျွန်တော် ဒီနှစ်တွေတစ်လျှောက်လုံး ငွေတွေထောင်ပေါင်းများစွာ ပြန်ပို့ပေးခဲ့တယ် မဟုတ်လား။ ကျွန်တော်တို့ ဆောက်ခဲ့တဲ့အိမ်နဲ့ ကောဖုရဲ့ လက်ထက်ပွဲအတွက်လည်း ပိုက်ဆံပေးခဲ့တယ်။"
အဖွဲ့ထဲကလူတိုင်းလည်း ဒီအကြောင်း သိထားသည်။
အဖွဲ့ဝင်များကလည်း ရယ်ကျူဟွာသည် သူမ၏ အကြီးဆုံးသားမိသားစုအပေါ် ခွဲခြားဆက်ဆံပြီး ဆိုးဆိုးရွားရွားဆက်ဆံသည်ဆိုသည်ကို သိကြ၏။ သေလုနီးပါးဖြစ်ခဲ့သည့် အဖြစ်အပျက်တစ်ခုကြောင့် လုမိသားစုက အရင်နှစ်က လမ်းခွဲခဲ့ကြပြီး၊ သူမက သူမ၏ အငယ်ဆုံးသားမိသားစုနှင့်သာ နေထိုင်ခဲ့သည်။
မစ္စလု၏ မျက်နှာက ဖြူဖျော့သွားပြီး လုကောပင်းကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့မိသည်။
ပြောရမည့် စကားအားလုံး ရှင်းရှင်းလင်းလင်းပြောပြီးသားဖြစ်သဖြင့် လုကောပင်းက ဒီနေရာတွင် လုံးဝ ဆက်မနေချင်တော့ပေ။ ဒါကြောင့် ချန်ဖန်းရှူက လှည့်ထွက်သွားရန် လုပ်လိုက်၏။
ဒီတစ်ကြိမ်မှာတော့ မစ္စလုရော ဟယ်ချွိန်ဖန်ရောက သူ့ကိုမတားကြတော့ပေ။ လုကောဖုကသာ သူ့နောက်မှ လိုက်သွားခဲ့၏။
"အစ်ကို၊ အစ်ကို၊ မသွားပါနဲ့။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့ သံယောဇဉ်ကိုထောက်ပြီး ကူညီပေးပါ။ ကျွန်တော်တို့မိသားစုတွေက ထပ်မတွေ့ဘဲ နေလို့မရဘူးလေ။"
လုကောဖုက ချွေးတပြိုက်ပြိုက်ကျပြီး ငိုတော့မလို ဖြစ်နေခဲ့သည်။
"ချွန်းလန် ကလေးမွေးထားတာ မကြာသေးဘူး။ ကလေးက နို့မသောက်ရလို့ ဆန်ပြုတ်ပဲ တိုက်နေရတယ်။ ကျွန်တော်၊ ကျွန်တော်ဆို နောက်လ ဆန်ပြုတ်ဖိုးတောင် ရှာမထားနိုင်သေးဘူး။ အစ်ကိုရယ်၊ ကလေးကို သနားပါဦး"
ဒီစကားကို ကြားတော့ ချန်ဖန်းရှူ ခဏရပ်သွား၏။
လုကောပင်းလည်း ရပ်သွားပြီး ပြောလိုက်၏။
"မင်း ကလေးကို တကယ်ချစ်ရင် ကလေးရဲ့အဘွားကို သေချာစဉ်းစားခိုင်းပါဦး၊ အဲဒီတုန်းက ကျန်းမိသားစုဆီက ဘာတွေ ယူသွားခဲ့သလဲဆိုတာ။ သက်ရှည်သော့အပြင် တခြားဘာတွေ ကျန်သေးလဲဆိုတာ။"
ထိုသို့ပြောပြီးနောက် သူက ကြောင်အမ်းအမ်းဖြစ်နေသည့် လုကောဖုကို မကြည့်တော့ဘဲ ချန်ဖန်းရှုနှင့်အတူ စက်ဘီးစီးပြီး ထွက်သွားခဲ့သည်။
သူတို့ လုမိသားစုနှင့် အနည်းငယ်ဝေးသွားချိန်တွင် ချန်ဖန်းရှုက မေးလိုက်၏။
"အဲဒီနေ့ကတည်းက ရှင့်ကို သူမက ခိုးယူထားတာဆိုတာကို ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ။"
ထိုအချိန်တုန်းက လုကောပင်းက သူ့ဘဝအကြောင်းကိုသာ ပြောပြခဲ့ပြီး တိတိကျကျ ဘာမှ ထပ်မပြောခဲ့ပေ။
ဒီစကားကို ကြားတော့ လုကောပင်းက ခဏတာ တိတ်ဆိတ်သွားပြီး ဆက်ပြောလိုက်၏။
"အဲဒီတုန်းက ကိုယ်က ပြီးခဲ့တဲ့နှစ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိခဲ့ဘူး။"
မစ္စလုက ဘယ်လိုလုပ် ဒီလောက်ထိ ရက်စက်နိုင်ရသည်ဆိုသည်ကို သူမသိခဲ့ပေ။ သူမအတွက်ရော ဒီမိသားစုအတွက်ပါ သူက မျှော်လင့်ချက်လေး နည်းနည်းတော့ ထားခဲ့သေးသည်။
ချန်ဖန်းရှုက သူ့ခံစားချက်ကို တော်တော်လေး နားလည်နိုင်သဖြင့် ဒီအကြောင်းကို ဆက်မပြောတော့ပေ။
"ရှင် ကောဖုကို အဲဒီလိုပြောလိုက်တာက သူတို့ဆီက ပစ္စည်းတွေ ပြန်ရအောင်လုပ်တာလား။ သူတို့က တခြားသူကို ရောင်းစားလိုက်မှာ မကြောက်ဘူးလား။"
လုကောပင်းက တကယ်ကို မကြောက်ခဲ့ပါ။
"ကိုယ်တို့အားလုံး ဆင်းရဲကြတာပဲ။ ဘယ်သူက အသုံးမဝင်ဘဲ လှပတဲ့ ပစ္စည်းတစ်ခုကို ဝယ်ဖို့ ပိုက်ဆံအပို ဒီလောက်အများကြီး ရှိမှာလဲ။"
"သူတို့က ရှင့်ကို မပေးဘဲ တောင့်ခံနေရင် ဘယ်လိုလုပ်မလဲ။"
"မဖြစ်နိုင်ဘူး။ ကောဖုက ပိုက်ဆံနဲ့ ပတ်သက်ပြီး အလောင်းအစားလုပ်နေတာ။ အပြင်မှာ အကြွေးတွေ အများကြီး ရှိလောက်တယ်။"
"ကောဖုက ပိုက်ဆံနဲ့ အလောင်းအစားလုပ်တယ်?"
ချန်ဖန်းရှု တုန်လှုပ်သွား၏။
"အဲဒါကြောင့် ချွန်းဖန် သူ့နဲ့ ရန်ဖြစ်ပြီး အချိန်မကျသေးဘဲ ကလေးမွေးတာလား။"
"အင်း။"
"အမေကရော...သ်ိထားလား။"
"ကိုယ်တောင် အရင်က မသ်ိခဲ့ဘူး။"
သိရင်တောင် မယုံနိုင်ဘူး။
အခုတော့ သူတို့ကို ကူညီမည့်သူ မရှိတော့ပေ။ အကြွေးသိမ်းသူများ သူတို့အိမ်တံခါးဝကို ရောက်လာပြီဆိုလျှင် မယုံချင်ပေမဲ့လည်း ယုံကြည်ရန်ကလွဲပြီး တခြားရွေးချယ်စရာလည်း မရှိတော့ပေ။
လုကောပင်းနှင့် ချန်ဖန်းရှုတို့က ချင်းရှန်တပ်မဟာကို အမြန်ပြန်လာခဲ့ကြသည်။ တခြားသူများ မေးမြန်းသည့်အခါ သူတို့က မစ္စလု ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ဘူးဟုသာ ပြောခဲ့ကြသည်။
သူတို့ ထွက်သွားပြီး မကြာခင်မှာပဲ ဟယ်ချွိန့်ဖန်နှင့် သူမ၏သားကလည်း အကြောင်းပြချက်ရှာပြီး ထွက်သွားခဲ့ကြ၏။
လုမိသားစုခြံဝင်းမှ ထွက်ခွာပြီးနောက်တွင်တောင် ဟယ်ချွိန့်ဖန်၏သားက မယုံနိုင်သေးပေ။
"ကောပင်းက တကယ်ပဲ ကျွန်တော့်အဒေါ်ရဲ့ သားအရင်း မဟုတ်ဘူးလား။"
"မင်းတို့အဒေါ် နို့ထိန်းလုပ်ခဲ့တာကိုတောင် ငါ မသိခဲ့တာ၊ ဒါကို ငါဘယ်လိုလုပ် သိမှာလဲ။"
"ဒါဆို သူမ ဘာလို့ တခြားသူရဲ့ ကလေးကို ခိုးခဲ့တယ်လို့ အမေထင်လဲ။ အဒေါ်က ကောပင်းကို ဆက်ဆံတဲ့ပုံစံကိုလည်းကြည့်ပါဦး၊ သိပ်သဘောကျပုံမရဘူး။"
လုကောပင်းက အလားအလာရှိပြီး ချန်ဖန်းရှုကလည်း အရည်အချင်းရှိသည့်အတွက် ဟယ်ချွိန့်ဖန်က ဒီလိုဆွေမျိုးသားချင်းမျိုးကို တကယ်လိုချင်သည်။
လုကောပင်းကို အဘွားလုက ခိုးယူထားတာလို့ ဘယ်သူက ထင်မှာလဲ။
သူမ အလွန် စိတ်ပျက်ရသဖြင့် ဒီအကြောင်းအရာကို လုံးဝ မပြောချင်တော့ပေ။
"တော်ပြီ၊ မပြောနဲ့တော့။ သူတို့က ဘာဆွေမျိုးမှမတော်တာကို လူတွေမသိမှာ စိုးလို့လား။"
သားအမိနှစ်ယောက်က အလျင်အမြန် ထွက်သွားခဲ့ကြပြီး ဘေးအိမ်တံခါးက အနည်းငယ်ဟပြီး ပြန်ပိတ်သွားသည်ကိုတော့ သူတို့ သတိမထားမိခဲ့ကြပေ။
မစ္စဝမ်က ရေညစ်ပုံးတစ်ပုံးကို သယ်လာရင်း ကောလာဟလများကြောင့် ထိတ်လန့်တုန်လှုပ်နေသည့် ပုံစံမျိုးဖြင့်ပြောလိုက်၏။
"အကြီးဆုံးသားရဲ့ ဇနီးက တကယ်မှန်တယ်။ လုကောပင်းက အဲဒီအဘွားကြီးရဲ့သား မဟုတ်ဘူး။ ကျွန်မပြောပါတယ်၊ သူက အရမ်းရုပ်ဆိုးပြီး လုကောဖုကလည်း သိပ်ကြည့်မကောင်းဘူး၊ ကောပင်းက ဘယ်လိုလုပ် ဒီလောက်ချောတာလဲ။"
ချန်ဖန်းရှုနှင့် လုကောပင်းတို့ ပြန်ရောက်လာပြီးနောက် သူတို့က စီစဉ်ထားသည့်အတိုင်း ကျန်းချီဟန်နှင့်အတူ ခရိုင်မြို့တော်သို့ သွားခဲ့ကြသည်။
မစ္စလုက လုကောဖု ပြောသည်ကို ကြားတော့ အလွန်ဒေါသထွက်ပြီး လုကောပင်းကို မြစ်ထဲပစ်ချပြီး ရေနစ်သေအောင် ထားခဲ့သင့်သည်ဟူ၍ ပြောကာ ကျိန်ဆဲတော့သည်။
လုမိသားစုက ခေါင်းမာနေသေးပြီး ကျန်းမိသားစု၏ ပစ္စည်းများကို မပေးသေးသော်လည်း သတင်းကတော့ ပြန့်သွားခဲ့လေပြီ။
မကြာခင်မှာပဲ ချင်းရှန်တပ်မဟာတစ်ခုလုံး လုကောပင်းက မစ္စလု၏ သားမဟုတ်ဘဲ အခြားအိမ်မှ ခိုးလာသူဖြစ်ကြောင်း သိသွားကြတော့၏။
လူအတော်များများက ချန်မိသားစုထံ ဒီကိစ္စလာမေးကြပြီး မစ္စရွှီကလည်း ဖုံးကွယ်မထားခဲ့ပေ။
"သူမ ဘာလို့ ထောင်ထောင်ကို ဒီလိုဆက်ဆံတယ်ဆိုတာ ကျွန်မသိချင်နေတာ။ လက်စသတ်တော့ သားနဲ့မြေးတွေက အရင်းမှမဟုတ်တာ။ ဒီလို မိသားစုမျ်ိုးက ဆင်းဆင်းရဲရဲပဲ နေသင့်တယ်။"
သူမပြောနေရင်းမှာပဲ မော့ကြည့်လိုက်ရာ လုထောင်က အဝတ်အစားအသစ်များ ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ ချက်ချင်း အန်တီကြီး တစ်ယောက်၏ အပြုံးမျိုးပြောင်းသွားပြီး ဖရဲစေ့တစ်ဆုပ်ယူကာ ပြောလိုက်၏။
"ထောင်ထောင်၊ အဝတ်အစားအသစ်တွေ ထပ်ဝတ်ပြန်ပြီလား။ လာ၊ ဖရဲစေ့လာစားဦး" လို့ ပြောလိုက်သည်။
လွန်ခဲ့တဲ့ ခြောက်လအတွင်း ရွှီမိသားစုက လုထောင်အပေါ် အမြဲတမ်း ကောင်းပေးခဲ့ကာ နည်းနည်း မြှောက်ပင့်ပေးနေသလိုပင် ဖြစ်ခဲ့သည်။
လုထောင်က အရင်လို ရွှီမိသားစုကို ရန်သူကြီးတစ်ယောက်လို သဘောမထားတော့ဘဲ သူမပြောသည်ကို ကြားတော့ ယဉ်ကျေးစွာ ခေါင်းယမ်းပြီး ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် အဘွား၊ သမီး မစားချင်ပါဘူး။"
သူမက ချစ်စဖွယ်ရုပ်ရည်ရှိပြီး မျက်လုံးအိမ်များကလည်း စပျစ်သီးနက်များကဲ့သို့ တောက်ပကြည်လင်နေကာ အသံကလည်း သာယာချိုမြိန်၏။
သူမငြင်းဆန်သော်လည်း မစ္စရွှီကတော့ ငြင်းဆန်သည်မှာ မှန်သည် ဟုပင် ခံစားရ၏။
"ဟုတ်ပြီ၊ ငါတို့လည်း မစားတော့ဘူး။ ဖရဲစေ့တွေ အရမ်းစားရင် သွားတွေ ရုပ်ဆိုးသွားလိမ့်မယ်။"
လုထောင်က အဝတ်အစားအသစ်များကို ကိုင်ကြည့်ပြီး အနောက်လှည့်ကြည့်နေသည်ကို တွေ့တော့ သူမလည်း စပ်စုစွာ နောက်လှည့်ကြည့်လိုက်သည်။
"ဪ၊ ဒီမှာ တောင်ပံလေးတစ်စုံ ရှိပါလား။ ထောင်ထောင်၊ ဒီအဝတ်က ဝယ်တာလား၊ ချုပ်တာလား။ အရမ်းလှတာပဲ။"
အဝတ်အစားအသစ်များအကြောင်း ပြောတော့ လုထောင်က ရင်ဘတ်ကို ချက်ချင်း ကော့လိုက်ပြီး ပြောလိုက်၏။
"ထောင်ထောင် ဆွဲပြီး အမေချုပ်တာ။"
ဒီဇိုင်းဆန်းသောကြောင့် အဝတ်များက နောက်ဆုံးတစ်ခေါက်တွင် ကောင်းကောင်းရောင်းထွက်ခဲ့သည်။ ဒါကြောင့် ချန်ဖန်းရှုက ဒီပစ္စည်းအသုတ်အားလုံးကို ပို့လိုက်၏။
ခရိုင်မြို့တော်မှ ပြန်လာပြီးနောက် အဖွဲ့က နောက်တစ်ဆင့်အတွက် အလုပ်များကို ကြိုးကြိုးစားစား စတင်လုပ်ကိုင်ခဲ့ကြသည်။ သို့သော်လည်း ဘယ်လောက် အလုပ်များနေပါစေ ချန်ဖန်းရှုက လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာရှိသည့် ချည်သားစတစ်ခုကို ရွေးထုတ်ပြီး လုထောင် ဒီဇိုင်းဆွဲထားသည့် ဂါဝန်ကို အချိန်ယူပြီး ချုပ်ခဲ့၏။
ကောင်မလေးက သူမဒီဇိုင်းဆွဲထားသည့် အဝတ်ကို ဝတ်ထားတော့ သူမနောက်မှာ တောင်ပံလေးတစ်စုံရှိနေသလိုမျိုး လေပေါ်ပျံတက်တော့မည့်အတိုင်း ဖြစ်နေခဲ့၏။
မစ္စရွှီကလည်း ပန်းချီကို အားပေးသည်။ သူမက အံ့သြတကြီး ပြောပြီး သေချာပြန်ကြည့်လိုက်၏။
"ဒါ ထောင်ထောင် ဆွဲတာလား။ ဘာလို့ဒီလောက်လှလဲလို့ ငါက အံ့သြနေခဲ့တာ။ ထောင်ထောင်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဝတ်တွေတောင် ဆွဲတတ်နေပြီ။ အနာဂတ်မှာ အမေ့ထက် ပိုတော်မှာ သေချာတယ်။"
စကားတစ်ခွန်းတည်းနှင့် လုထောင်ရော သူမအမေပါ ချီးကျူးခံလိုက်ရသည်။
ချန်းပေါင်က အိမ်ထဲဝင်လာသည်နှင့် လုဟွေ့ကို လက်တို့ပြီးပြောလ်ိုက်၏။
"ဘာလို့ အဘွားရွှီက အပြောင်းအလဲ မြန်သွားတာလဲ။ ငါတို့ နှစ်တွေအကြာကြီး အိမ်နီးချင်းဖြစ်လာတာ။ ဒီလို စကားကောင်းကောင်းပြောတာ တစ်ခါမှ မမြင်ဖူးပါဘူး။"
လုဟွေ့က သူ ဘာကြားလိုက်ရသည်ကို ပြန်တွေးကြည့်နေရင်း အင်း ဟုသာ ပြန်ဖြေလိုက်၏။
လုထောင်က ချီးကြူးခံရသဖြင့် အလွန်ပျော်ရွှင်သွားပြီး သူမ၏ အတောင်ပံလေးများကို ပြန်ကြည့်လိုက်၏။
"တကယ်လှရဲ့လား။"
အဖေကတော့ သူမက အလွယ်လမ်းသုံးခဲ့ပြီး ကံကောင်းလို့သာ အောင်မြင်သည်ဟု ပြောခဲ့သည်။
မစ္စရွှီက ချက်ချင်း ခေါင်းညိတ်လိုက်၏။
"အရမ်းလှတယ်။ ရောင်းမယ်ဆိုရင် ငါလည်း ကလေးတွေအတွက် နည်းနည်းလောက် ဝယ်ထားမိမှာပဲ"
စကားသံ ရပ်သွားသည်နှင့် လုထောင်၏ နားထဲမှာ ၂၅၀ ၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
[ပင်မတာဝန်က ထောင်ထောင်ရဲ့ အဝတ်အထည်အသစ်တွေပဲ။ အမေက ထောင်ထောင်ရဲ့ အဝတ်အစားမျိုးကို အထည်တစ်ရာချုပ်ပြီး ကလေးအဝတ်အထည်လုပ်ငန်းမှာ နာမည်ကြီးသွားအောင် ကူညီပေးပါ။ ဆုအနေနဲ့ "ငါးနှစ်တာ ဖက်ရှင်ရှိုးများနဲ့ သုံးနှစ်တာ လေ့ကျင့်ခန်းများ"၊ "ဖက်ရှင်ရှိုးမှ တကယ့်မေးခွန်းများကို ခွဲခြမ်းစိတ်ဖြာခြင်း" အစုံလိုက်အပြင် ပန်းပွင့်အနီလေး အပွင့်လေးဆယ်တို့ကိုပါ ရမယ်။]
ကောင်မလေးက ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ခုန်ပေါက်ပြီး ပြောလိုက်၏။
"အဘွား၊ ခဏစောင့်ပါဦး။ သမီး အမေ့ကို အခုချက်ချင်းလုပ်ခိုင်းလိုက်မယ်။"
လုထောင်ကို နတ်သမီးလေးတစ်ပါးဟု သတ်မှတ်လိုက်ချိန်မှစပြီး မစ္စရွှီက အရင်ကထက် ပိုပြီး ဆင်ခြင်လာခဲ့သည်။
အပြင်မှာ ချန်မိသားစုကို ဒုက္ခမပေးတော့သလို၊ အိမ်မှာလည်း စိတ်မဆိုးအောင် ကြိုးစားနေခဲ့သည်။ ဘုရားသခင်က စောင့်ကြည့်နေသည်ဟု သူမကး ထင်နေပြီး သတိမထားမိလိုက်လျှင် ပြောသည့်စကားများ၊ လုပ်သည့်အပြုအမူများကို အထက်မှသူများ သိသွားပြီး ဒုက္ခရောက်လာမည်ကို စိုးရိမ်နေမိခဲ့သည်။
သူမက ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည့်အတွက် ရွှီမိသားစု၏ အခြေအနေသည်လည်း ပိုကောင်းလာခဲ့သည်။ လွန်ခဲ့သည့် ခြောက်လလုံးလုံး ထူးထူးခြားခြား ငြိမ်းချမ်းနေခဲ့သည်။
မစ္စရွှီက ဒါက နတ်များ ယုံကြည်သဖြင့် ဖြစ်ရမည်၊ နတ်များကို ယုံကြည်လျှင် ထာဝရအသက် ရနိုင်သည်ဟုပင် တွေးနေမိသည်။
ဒါကြောင့် လုထောင်က သူမအမေကို အဝတ်အစားချုပ်ခိုင်းချင်သည်ဟု ပြောသောအခါ သူမက ချက်ချင်း လိုက်လျောပြီး ပိုက်ဆံကို ပျော်ပျော်ရွှင်ရွှင် ပေးခဲ့၏။ အဝတ်အစား မချုပ်ပြီးသေးခင် ငွေအပြည့် ပေးချေခဲ့ပြီး လိမ်လည်ခံရမှာကိုလည်း လုံးဝမပူခဲ့ပေ။
ချန်ဖန်းရှု ဘာပြောရမှန်းမသိအောင် ဖြစ်သွားခဲ့ရ၏။
"အချိန်ရရင် ကလေးတွေကို ခေါ်လာခဲ့ပါဦး၊ ကျွန်မ ကိုယ်တိုင်းတိုင်းပေးလို့ရအောင်လို့။"
မစ္စရွှီက စိတ်တိုင်းကျ ချုပ်၍ရသည်ဟု ကြားတော့ ပြုံးပြီးပြောလိုက်၏။
"ကောင်းပါပြီ၊ ပြန်ပြီး သူတို့ကို သွားခေါ်လိုက်ပါ့မယ်။"
သူမက ထွက်သွားရင်း သက်ပြင်းချပြီးပြောလိုက်၏။
"ဖန်းရှုက တကယ်ကောင်းတဲ့သူပဲ။ ဒါကြောင့်လည်း ထောင်ထောင်က သူ့မိသားစုထဲမှာ မွေးလာတာပေါ့။"
ဒီတစ်ခါတော့ မစ္စရွှီက ဘက်မလိုက်တော့ဘဲ မြေးယောက်ျားလေး သုံးယောက်နှင့် အသက်ပိုကြီးသည့် မြေးမလေးနှစ်ယောက်လုံးကို ခေါ်လာခဲ့သည်။
ချန်ဖန်းရှုက ပေကြိုးနှင့် သူတို့၏ အရွယ်အစားများကို တစ်ယောက်ချင်းစီ တိုင်းတာလိုက်သည်။
"စက်ရုံက လက်တစ်လော ကုန်ပစ္စည်းတွေ အများကြီး ပို့ဖို့ အလုပ်များနေလို့ နည်းနည်းရှုပ်နေတယ်။ နောက်အပတ်မှ လာယူလို့ ရမလား။"
"ကောင်းပြီ"
မစ္စရွှီက အလွယ်တကူ သဘောတူခဲ့သည်။
"အချိန်မရရင် နောက်အပတ်မှဆိုလည်း ရပါတယ်။ ကျွန်မတို့ မလောပါဘူး။"
ဘယ်သူက မလောဘူး ပြောတာလဲ။
သူတို့လည်း အဝတ်အစားအသစ်တွေ မြန်မြန်ဝတ်ချင်တာပေါ့၊ ဟုတ်တယ်မလား။
ရွှီမိသားစုမှ ကလေးများက တိတ်တိတ်လေး မကျေမနပ်ဖြစ်နေကြသော်လည်း သူတို့အဘွားက သွားများပေါ်အောင် ပြုံးနေတာ မြင်တော့ ဘာမှမပြောဘဲ ငြိမ်သွားကြ၏။
ရွှီလိုင်နန် တစ်ယောက်ကသာ စိတ်ပူနေပုံပေါ်နေခဲ့သည်။ သူက ခေါင်းငုံ့ပြီး ဘေးမှာ ရပ်နေခဲ့၏။ မပြန်ခင်မှာလည်း လုထောင်ကို နှစ်ခါလောက် လှမ်းကြည့်လိုက်သေးသည်။
လုထောင်ကတော့ သတိမထားမိဘဲ သူမလက်ချောင်းလေးများကိုသာ ပျော်ပျော်ရွှင်ရွှင် ရေတွက်နေခဲ့မိသည်။
၁၊ ၂၊ ၃၊ ၄၊ ၅...
ထောင်ထောင် ၅ ထည် ရောင်းပြီးပြီ—ထောင်ထောင်က အံ့သြစရာပဲ။
ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်ပြီးနောက် ထွမ်းဇီလေးက မျက်စိအောက်ခြေ ညာဘက်ထောင့်မှ အလုပ်ပြီးမြောက်မှု အခြေအနေကို ကြည့်ပြီး နောက်ထပ် ရောင်းရန် အစီအစဉ်ကို စဉ်းစားနေခဲ့သည်။