Chapter 71
Vol. 6 Ch. 71
အရေးပေါ်ကိစ္စများဆိုလျှင် ရိုးရိုးစာထက် ကြေးနန်းစာကို ပိုပို့လေ့ရှိသည်။
လုကောပင်းက ကြေးနန်းစာကိုယူပြီး ကြည့်လိုက်၏။
"စစ်တပ်ကပို့တဲ့ ကြေးနန်းစာပဲ။ စာတိုက်ကိုသွားပြီး ဖုန်းပြောရမယ်။"
ချန်ဖန်းရှူက စစ်တပ်နှင့်ပတ်သက်သည့် ကိစ္စရှိသည်ဆိုသည်ကို ကြားတော့ မျက်နှာတည်သွား၏။
"ရှင်သွားနှင့်ပါဦး။ ချီဟန်နဲ့ ကျွန်မ ဓာတ်ပုံစတူဒီယိုကို သွားမယ်။"
"ဓာတ်ပုံစတူဒီယိုကိုလား။"
ချန်ပေါင်ခဲ့က သူ၏အဝတ်အစားတွေကို ဆွဲရင်း မောပန်းစွာ အသက်ရှူနေခဲ့သည်။ ဒီစကားကိုကြားတော့ သူက နားမလည်နိုင်ပေ။
"တစ်ခုခုဖြစ်ခဲ့တာလား။ အခုပဲ အထည်စက်ရုံကို သွားခဲ့တယ်လို့ ကြားတယ်။"
ကျန်းချီဟန်က စိတ်ဆိုးနေသေးပေမယ့် မေးခွန်းကိုကြားတော့ ချက်ချင်း အကုန်ပြောပြလိုက်တော့သည်။
ချန်ပေါင်ခဲ့လည်း အလွန်စိတ်ဆိုးသွားရ၏။
"ဒါက ဘယ်သူလဲ။ လူကိုရိုက်တာက သူ့ညီလေ၊ ကျွန်တော့်ညီမ မဟုတ်ဘူး။ ဘာလို့ ကျွန်တော့်ညီမကို လာရှုပ်တာလဲ။"
"ဘယ်သူက မဟုတ်ဘူးပြောလဲ။" ကျန်းချီဟန်က သဘောတူကြောင်း ခေါင်းညိတ်ပြ၏။
"ခနနေရင် ဆိုင်ရှင်ကို စာရွက်စာတမ်းတွေ ပေးလို့ရမလားဆိုတာ မေးကြည့်မယ်။ ကျွန်တော်ကိုယ်တိုင် ပုံနှိပ်စာရိုက်မယ်။ ပြီးရင် နောက်ထပ် နည်းနည်း ပုံနှိပ်လိုက်ပြီး ခရိုင်နဲ့ မြို့အစိုးရရုံးတွေကို တစ်စောင်စီ တင်ပြမယ်။ သူ့ကို အလုပ်ထုတ်တဲ့အထိ တရားစွဲပစ်မယ်။"
သူကပြောရင်းနှင့် ချန်ပေါင်ခဲ့၏ ပခုံးကို ပုတ်လိုက်၏။
"စိတ်မပူပါနဲ့။ ဟောင်ကောင်မှာ စျေးသက်သာပြီး အရည်အသွေးကောင်းတဲ့ အထည်တွေ အများကြီးရှိတယ်။ သူ့ဆီက ဝယ်စရာမလိုဘူး။"
အထည်အကြောင်းပြောတော့ ချန်ဖန်းရှူက မေးခွန်းကို ပြန်သတိရသွားခဲ့သည်။
သူမက ကျန်းချီဟန်နှင့် စကားပြောခဲ့ပြီး ကျန်းချီဟန်က ကျန်းမိသားစုတွင် သွင်းကုန်ထုတ်ကုန်ကို ကိုင်တွယ်သည့်နည်းလမ်းရှိသည်ဟု ပြောခဲ့သည်။ ကျန်းမိသားစုက သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်ပြီး၊ သူက တရုတ်ပြည်မကြီးကို လာချိန်တွင်တောင် ရင်းနှီးမြှုပ်နှံသူအဖြစ် လာခဲ့ခြင်းဖြစ်သည်။
မြင့်မားသည့် ကုန်စည်ပို့ဆောင်ခအတွက်ကတော့ ကျန်းမိသားစု၏ ကုန်ပစ္စည်းများနှင့် အတူတူပို့ဆောင်နိုင်သောကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် အများကြီး သက်သာသည်ဟုပြောခဲ့သည်။
အလုပ်ကိစ္စနှင့် ပတ်သက်လျှင် ကျန်းချီဟန်က ဟောင်ကောင်တွင် ကြီးပြင်းလာသူဖြစ်သည့်အတွက် ချန်ဖန်းရှုထက် အတွေးအခေါ် အတွေ့အကြုံပိုများသည်။
သူက ချန်ဖန်းရှုကို မေးလိုက်၏။
"မရီး၊ အလယ်အလတ်တန်းစားနဲ့ အဆင့်မြင့် အဝတ်အစားတွေလုပ်ဖို့ စိတ်ဝင်စားလား။"
"အလယ်အလတ်တန်းစားနဲ့ အဆင့်မြင့်အဝတ်အစား?"
ချန်ဖန်းရှု လုံးဝ ထင်မထားခဲ့ပေ။
ရှို့ချွေခရိုင်တွင် အလုပ်သမားများ၏ လစဉ်လစာသည် ယွမ် ၃၀ မှ ၄၀ ဝန်းကျင်သာ ရှိသည်။ ယွမ် ၅၀ ထက် ပိုရသူများကတော့ အဆင့်မြင့် နည်းပညာရှင်များဖြစ်သည်။ အဝတ်အစားကို ဖာထေးစရာမလိုဘဲ ဝတ်နိုင်လျှင်ကို အတော်လေး ချမ်းသာသည်ဟု သတ်မှတ်ကြသည်။ ဒီလိုဆိုလျှင် အလယ်အလတ်တန်းစားနဲ့ အဆင့်မြင့်အဝတ်အစားတွေကို ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲ။
သူမ ဒီလိုတုံ့ပြန်မည်ဆိုသည်ကို ကြိုသိထားသည့်ပုံစံမျိုးနှင့် ကျန်းချီဟန်က သူမကို အသေးစိတ် ရှင်းပြလိုက်၏။
"အနိမ့်စား အဝတ်အစားတွေ အတွက်ကတော့ အဓိကရောင်းအားက စျေးနှုန်းနဲ့ အရည်အသွေး အချိုးအစားပဲ။ အလယ်အလတ်ကနေ အဆင့်မြင့်အဝတ်အစားတွေအတွက်ကတော့ ဒီဇိုင်းက အဓိကရောင်းအားပါပဲ။ ကျွန်တော်တို့က ဟောင်ကောင်ကနေ ပိုကောင်းတဲ့ အထည်တွေကို သွင်းကုန်လုပ်ပြီး အဝတ်အစားတွေချုပ်၊ ပြီးရင် ဟောင်ကောင်ကို ပြန်ရောင်းလို့ရတယ်၊ ဒါမှမဟုတ် နိုင်ငံခြားကိုတောင် တင်ပို့လို့ရတယ်။"
ချန်ဖန်းရှူ ဘယ်လောက်ပဲ ရဲဝံပါစေ၊ ပြီးခဲ့သည့်နှစ် မတိုင်ခင်အထိ ဘာမှမမြင်တွေ့ခဲ့ဖူးသည့် ကျေးလက်အမျိုးသမီးတစ်ဦးသာ ဖြစ်နေသေးသည်။
ကျန်းချီဟန်၏ စကားများက သူမအတွက်တော့ ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်ပေးလိုက်သလိုပင်။
"ဖြစ်နိုင်လို့လား။"
ကျန်းချီဟန်က ခေါင်းညိတ်ပြ၏။
"ဒါပေါ့။ မရီး အခုဝတ်ထားတဲ့ ဂါဝန်။"
သူက ချန်ဖန်းရှူကို လက်ညှိုးထိုးပြလိုက်၏။
"ဒါက ဟောင်ကောင်က ပုံစံအသစ်ပဲ။ ကုန်ကြမ်းတွေ ပိုကောင်းပြီး လက်ရာ ပိုသေသပ်ရင် GB ရာနဲ့ချီပြီး ရောင်းရမှာ။"
"GB ရာနဲ့ချီ?"
ချန်ပေါင်ခဲ့က မေးလိုက်၏။
"အဲဒါက ဘယ်လောက်လဲ။"
"GB တစ်ရာကို RMB သုံးဆယ်လောက်နဲ့ လဲလို့ရတယ်။"
"သုံးဆယ်?"
ချန်ပေါင်ခဲ့ အသက်ရှူမှားသွားတော့သည်။
"ကျွန်တော် တစ်လလုံးရှာတဲ့ ပိုက်ဆံက အဝတ်အစားတစ်ထည်စာတောင် မလောက်ဘူး။"
ချန်ဖန်းရှူလည်း တုန်လှုပ်သွား၏။
ခဏတာတော့ သူမရင်ခုန်နှုန်း မြန်လာပြီး အတော်ကြာကြာ မခံစားခဲ့ရသည့် ပူနွေးမှုကို ခံစားလိုက်ရသည်။
သို့သော်လည်း သူမက အလျင်အမြန်ပဲ စိတ်ထိန်းလိုက်၏။
"စက်ရုံက ခုမှ စတာ၊ အခုလောလောဆယ် ဒီအကြောင်းပြောဖို့က စောပါသေးတယ်။ ဓာတ်ပုံစတူဒီယိုကိုပဲ အရင်သွားကြရအောင်။"
ဟောင်ကောင်တွင် စီးပွားရေးလုပ်မည်ဆိုလျှင် အနည်းဆုံးတော့ ကိုယ်တိုင် သွားရောက်လေ့လာပြီး ထိုနေရာမှ စျေးကွက်လိုအပ်ချက်ကို နားလည်အောင် လေ့လာရမည်။
ပြီးတော့ စက်ရုံက အခု လုပ်အားကန့်သတ်ချက်လည်း ရှိနေပြီး အလုပ်သမားနည်းနည်းလေးနှင့် လိုအပ်များ ပြည့်မီအောင် လုပ်န်ိုင်မည်မဟုတ်ပေ။ ဖြည်းဖြည်းချင်း အဆင့်တက်သည်က ပိုကောင်းလိမ့်မည်။
ချန်ပေါင်ခဲ့က အသင်းကို ပြန်ရမည်ဖြစ်သည့်အတွက် အမြန်ထွက်သွားလိုက်၏။
ချန်ဖန်းရှူနှင့် ကျန်းချီဟန်ကတော့ ပြဿနာဖြစ်နေသည့် အထည်များကို ပုံရ်ိုက်ရန်သွားခဲ့သည်။
သို့သော်လည်း ဓာတ်ပုံစတူဒီယ်ိုတွင် ဖလင်အပိုမရှိသဖြင့် သူတို့က ရက်အနည်းငယ် စောင့်ရဦးမည်။
ကျွမ်းကျင်မှုကို ပြသတော့မည့် ကျန်းချီဟန်က နည်းနည်းတော့ စိတ်ပျက်သွားသော်လည်း ရှောင်လုထောင်ကို မြင်လိုက်ရတော့ ချက်ချင်းပဲ အသက်ဝင်တက်ကြွလာခဲ့၏။
ဓာတ်ပုံရိုက်ကြမည်ဖြစ်၍ ဓာတ်ပုံစတူဒီယိုမှ လူများက လုထောင်ကို ရိုးရိုးရှင်းရှင်းမိတ်ကပ်လေး လိမ်းပေးခဲ့သည်။
ကောင်မလေး၏ မျက်နှာတွင် ခရင်မ်ပါးပါးလေး လိမ်းထားပြီး နဖူးပေါ်တွင် တူနှင့် အစက်နီလေးတစ်စက် ခြယ်ထားသည်။ သူမက ခြေထောက်လေးများကို တွဲလောင်းချထားရင်း ကုလားထိုင်ပေါ်တွင် ထိုင်နေကာ ကော့ညွှတ်နေသည့် မျက်တောင်ရှည်လေးများက သူမ၏ မျက်လုံးဝိုင်းများကို အနည်းငယ် ဖုံးအုပ်နေသဖြင့် လူ့လောကထဲကို ရောက်လာသည့် နတ်သမီးလေးတစ်ပါးသဖွယ်ပင်။
ကျန်းချီဟန်က လျှောက်သွားပြီး ကောင်မလေးကို ပွေ့ချီလိုက်၏။
"ဝိုး ထောင်ထောင် ဒီနေ့ အရမ်းလှတာပဲ! ဘယ်သူက သူ့မျက်ခုံးကြားမှာ အနီစက်လေး ခြယ်ပေးတာလဲ။"
လုထောင်က စတော်ဘယ်ရီစားနေဆဲဖြစ်သည်။ သူမကို ပွေ့ချီလိုက်တော့ တစ်ဝက်စားပြီးသား စတော်ဘယ်ရီသီးက ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့၏။ သူမက ကြောက်လန့်တကြားနှင့် သူ့လက်ဖဝါးသေးသေးလေးများဖြင့် မြန်မြန်ဆွဲကိုင်ထားလိုက်သည်။
ကျန်းချီဟန်က သူမ၏ ထိတ်လန့်နေသည့် အမူအရာလေးကို မြင်ပြီး သဘောကျသွားကာ စတော်ဘယ်ရီသီးနီနီများ အများကြီးကို သူမထံ မြန်မြန်ယူပေးလိုက်၏။
"စား၊ စား၊ ကြိုက်သလောက်သာစား။ မလောက်ရင် ဦးလေး နောက်မှ ထပ်ဝယ်ပေးမယ်။"
သူက လုထောင်လေးကို ဟောင်ကောင်မြို့သို့ ပြန်ခေါ်သွားနိုင်ရန် ဆက်ပြီး မြှူဆွယ်နေလိုက်၏။
"ထောင်ထောင် ကြိုက်ရင် သမီးအဘွားကို နောက်ဖေးပန်းခြံထဲက နှင်းဆီပင်တွေ အကုန်နုတ်ပြီး သမီးအတွက် စတော်ဘယ်ရီပင်တွေ စိုက်ခိုင်းမယ်၊ ရမလား?"
ချန်ဖန်းရှုက ဒါကိုကြားတော့ ရယ်ရခက်၊ ငိုရခက် ဖြစ်သွား၏။
"ဒီလိုကောင်းတဲ့ ပန်းကို ဘာလို့ နုတ်ရမှာလဲ။"
"အဲ့ဒါဆို မနုတ်တော့ဘူး။ ထောင်ထောင် ကြည့်ဖို့ ထားလိုက်မယ်။ စတော်ဘယ်ရီခြံ နောက်တစ်ခု ငှားလို့ရတယ်။"
စတော်ဘယ်ရီခြံ ငှားမည်ဆိုသည်က်ို ကြားလိုက်ရတော့ လုထောင်၏ မျက်လုံးလေးများ အရောင်တောက်သွားခဲ့သည်။
သူမက ကျန်းချီဟန်၏ လက်မောင်းကို ဆွဲလိုက်ပြီး သူမမျက်နှာအနှံ့တွင်လည်း သိချင်စိတ်များ ပြည့်နေခဲ့၏။
"ဦးလေး၊ စတော်ဘယ်ရီခြံက တကယ်ကြီးတာလား?"
"ဟုတ်တာပေါ့"
"ဒါဆို...ထောင်ထောင် စားချင်သလောက် စားလို့ရတာလား။"
"စားချင်သလောက် စားလို့ရတာပေါ့။ မကုန်နိုင်ဘူးဆိုရင် ယိုထိုးတာတို့ အခြောက်ခံတာတို့ လုပ်လို့ရတယ်။"
လုထောင်က စတော်ဘယ်ရီနီနီများပြည့်နေသည့် တောင်ကြီးနှင့် ကွင်းပြင်များကို တွေးမိပြီး လုံးဝဆွဲဆောင်ခံလိုက်ရ၏။
သူမက နူးညံ့သည့် နှုတ်ခမ်းလေးကို ဆူပြီး စတော်ဘယ်ရီအရသာ အနမ်းတစ်ခုကို ကျန်းချီဟန်ကို ပေးလိုက်၏။
"ဦးလေးက အကောင်းဆုံးပဲ!"
ကျန်းချီဟန်က အနမ်းခံလိုက်ရသည့် သူ့မျက်နှာကို ဖုံးလိုက်ပြီး ရုတ်တရက်ဆိုသလို သူ့ဝိညာဉ် ထွက်သွားသလိုပင်။ ကောင်းကင်ဘုံ၏ မြင့်မြတ်သည့်အလင်းကို မြင်လိုက်ရသည့်အတိုင်း ပျော်ရွှင်သွား၏။
သူ့၏ ပုံစံကို မြင်လိုက်ရတော့ ချန်ဖန်းရှုက သူမသမီး ထပ်ပြီး ကလေးဆန်ဆန် ပြုမူမည်က်ို တကယ် ကြောက်သွားခဲ့သည်။ သူက သူမအတွက်ဆိုလျှင် လှေကားထောင်ပြီး လကိုပင် ယူပေးနိုင်သည့်အတွက် သူမက စတော်ဘယ်ရီများကို မြန်မြန်သိမ်းပြီးပြောလိုက်၏။
"တော်ပြီ၊ မစားနဲ့တော့။ မကြာခင် ထမင်းစားရတော့မယ်။"
ဓာတ်ပုံရိုက်ရန်အတွက် သူမက မူကြိုကျောင်းမှ နေ့တစ်ဝက်ခွင့်တောင်းထားခဲ့သည်။ ညစာစားပြီးလျှင် လုထောင်ကို အိမ်ပြန်ပို့ရဦးမည်။
စက်ရုံတည်ထောင်ပြီးနောက်ကတည်းက လုပ်စရာ အများကြီးရှိလာသဖြင့် ချန်ဖန်းရှုက ဒီမှာသာ နေ့လယ်စာ စားလေ့ရှိသည်။
နောက်ပိုင်းတွင် လုကောပင်းနှင့် ကျန်းချီဟန်တို့လည်း မကြာခဏ လာကြသည့်အတွက် သူမက အခန်းတစ်ခန်းကို ရှင်းထုတ်ပြီး မီးဖိုချောင်သေးသေးလေးတစ်ခု ထားကာ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ခဲ့သည်။
ဒီနေရာတွင် ချန်ဖန်းရှုက ဟင်းသီးဟင်းရွက်များ ဆေးကြောလို့ ပြီးခါနီးမှာပဲ လုကောပင်း ပြန်ရောက်လာခဲ့၏။
သူ၏မျက်နှာက တော်တော်လေးကို တည်နေပြီး ပြောလိုက်၏။
"စစ်တပ်မှာ တစ်ခုခုဖြစ်နေလို့ ကိုယ်မြန်မြန်ပြန်ရမယ်။"
ကြေးနန်းကို စစ်တပ်က ပို့လိုက်သည်ဖြစ်ကြောင်း သိပြီးကတည်းက ချန်ဖန်းရှုက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။
သို့သော်လည်း လုကောပင်း ပြန်တော့မည်ဆိုသည်က်ို ကြားတော့ သူမက အတတ်နိုင်ဆုံး ဖုံးကွယ်သော်လည်း မျက်နှာပေါ်တွင် စိတ်မချသည့် အရိပ်အယောင် ပေါ်လာခဲ့သည်။
ဒါကိုမြင်တော့ လုကောပင်းက ဘယ်သူမှ သတိမထားမိတုန်း သူမလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ မြန်မြန်ပြန်လာခဲ့မယ်။"
ချန်ဖန်းရှုက ဒါကို နှစ်သိမ့်မှုအဖြစ် သတ်မှတ်လိုက်၏။
"ရှင် ထောင်ထောင်ကို ပြောသွားမလား။ သူ အဖေကိုလိုက်ရှာနေမှာ ကျွန်မ စိုးရိမ်လို့။"
လုကောပင်း ခေါင်းညိတ်လိုက်ပြီး ဘေးရုံးခန်းကိုသွားကာ သူ၏သမီးဖြစ်သူကို ကောက်ချီလိုက်သည်။
"ထောင်ထောင် အဖေ မနက်ဖြန် အပြင်သွားတော့မယ်။ သမီး လွမ်းနေမှာလား။"
လုထောင်က ပျော်ရွှင်စွာဖြေလိုက်၏။
"ဟင့်အင်း။"
ဘာ ခံစားချက်မှ ရှိမနေပေ။
လုကောပင်း အံ့အားသင့်သွား၏။ သူက သမီးလေးကို ရင်ခွင်ထဲထည့်ပြီး မျက်လုံးချင်းဆိုင်ကြည့်ကာ မေးလိုက်၏။
"တကယ်ပဲလား။"
"မလွမ်းဘူး၊ မလွမ်းဘူး၊ မလွမ်းဘူး။"
'အဖေက ထွက်မသွားလောက်ဘူး၊ ထောင်ထောင်နဲ့အတူ အတူတူ ပုန်းပြီး တစ်သက်လုံးနေမှာ—'
ကလေးမလေးက ပျော်ရွှင်စွာဖြင့် သူ့နဖူးကို ဆောင့်ပြီး ပြောလိုက်၏။
"အဖေ၊ နောက်တစ်ခါ ထပ်မြှောက်ပေးပါဦး! ထောင်ထောင် ပိုပြီးအမြင့်ကြီးပျံချင်တယ်!"
လုကောပင်း - "..."
'ဒီရက်ပိုင်း သူတို့ အဆင်ပြေနေသည်က်ို ဘာလို့ သူ့သမီးက သူ့ကို မလွမ်းရတာလဲ။ ဘာလို့ မလွမ်းရတာလဲ။'
နောက်နေ့မှာတော့ လုကောပင်း တစ်ယောက်တည်း ရထားစီးသွားခဲ့သည်။ မထွက်ခွာခင်အထိ သူက ပြဿနာကို နားမလည်နိုင်သေးပေ။
မူကြိုတွင် အခြားသူများနှင့် လက်ကိုင်ပုဝါချသည့် ကစားနည်း ကစားနေသည့် လုထောင်အရှေ့တွင် မီးရှူးမီးပန်း အများအပြား ရုတ်တရက် ပေါက်ကွဲလာခဲ့သည်။
[အားဟားဟားဟားဟား နောက်ဆုံးတော့ ထွက်သွားပြီ! အဖေရေ၊ ကျွန်တော် သေလုနီးပါး ဆွံ့အသလိုခံစားနေရတယ်! ဘယ်သူမှ ကျွန်တော့်ကို မတားနိုင်တော့ဘူး။ ကျွန်တော့်ကို သုံးရက်သုံးညလုံး ပျော်ခွင့်ပေးပါ။]
လုထောင်က အာ့ဝူလင်၏ တက်ကြွသည့်အသံကို အချိန်အတော်ကြာ မကြားခဲ့ရပေ။ သူမ စိတ်ပျံ့လွင့်နေတုန်း လက်ကိုင်ပုဝါက သူမ၏နောက်တွင် ရောက်နေလေပြီ။
သူမ သတိထားမိပြီး လိုက်ဖမ်းရန် ကြိုးစားလိုက်ချိန်တွင် အခြားတစ်ယောက်က တစ်ဝက်ပတ်ပြီးသားမို့လို့ လုံးဝ ဖမ်းမမိခဲ့ပေ။
ကောင်မလေးက သူ့နှုတ်ခမ်းများကို မဲ့ပြီး "အဖေ!" ဟု ပြောလိုက်၏။
[ဟား၊ ဟား၊ ဟား၊ မင်း ခုနကပဲ ဖမ်းမမိဘူးမလား? ဒါက သိပ်အရေးကြီးတာ မဟုတ်ပါဘူး။]
အာ့ဝူလင်က ခြောက်ခြောက်ကပ်ကပ် ရယ်မောပြီး ပြောလ်ိုက်၏။
"ပြီးခဲ့တဲ့တစ်ခေါက်က မပေးရသေးတဲ့ ဘာဘီကျူးဆု ရှိသေးတယ်။ ထောင်ထောင် ဘာဘီကျူး စားချင်သေးလား?"
လုထောင် တကယ်ကို စားချင်သည်။
သူမက ဘာဘီကျူးအတွက် ထိုတာဝန်ကို လုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဘာဘီကျူးက ဒီခေတ်တွင် မရှ်ိဘဲ လမုန့်နှင့် နို့ကဲ့သို့ ရှင်းပြရလည်း မလွယ်ပေ။ အာ့ဝူလင်က ဒါကိုကျွေးရန် ဘယ်သူမှမရှိသည့်အချိန်ကို စောင့်နေခြင်းဖြစ်ပြီး စားပြီးလျှင် လက်စဖျောက်ပစ်မည်ဖြစ်သည်။
အခုတော့ လုကောပင်း သွားပြီဖြစ်သည်။
ကျန်းချီဟန်သည် လူပျင်းဘဝကို သည်းမခံနိုင်တော့ဘဲ လုထောင်ကို နှုတ်ဆက်ကာ ကျန်းမိသားစု လုပ်ငန်းကို ကိုင်တွယ်ရန် အိမ်နီးချင်းပြည်နယ်သို့ ထွက်ခွာသွားခဲ့သည်။
အာ့ဝူလင်က အချိန်ကိုက်ပြီဟု ခံစားရ၍ လုထောင်ကို စနေ၊ တနင်္ဂနွေတစ်ရက်ရှာကာ လုဟွေ့ကို အထည်ချုပ်စက်ရုံသို့ သွားလည်ပြီး နေ့လယ်စာစားရန် ဖိတ်ခေါ်ခိုင်းလိုက်သည်။
အထည်ချုပ်စက်ရုံ၏ နားရက်သည် ဗုဒ္ဓဟူးနေ့ဖြစ်သော်လည်း အလုပ်သမားများက နေ့လယ်စာစားရန် အိမ်ပြန်ကြသည်။ နေ့လယ်ဘက်တွင် စက်ရုံ၌ လူမရှိသဖြင့် လူသ််ိသွားမည်ကို စိုးရိမ်ရန်မလိုပေ။
အာ့ဝူလင်သည် သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု ချီးကျူးလိုက်သည်။
"သမိုင်းတစ်လျှောက်မှာ ငါ့ထက် ဉာဏ်ကောင်းတဲ့ စနစ်ဆိုတာ မရှိခဲ့ဖူးဘူး၊ အဖေ-"
လုထောင်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ အဖေက ဉာဏ်ကောင်းတယ်၊ ထောင်ထောင်လည်း ဉာဏ်ကောင်းတယ်။"
တစ်မနက်ခင်းလုံး ရှောင်ထွမ်းဇီသည် ပြတင်းပေါက်ဘေးတွင် လှဲလျောင်းနေပြီး အလုပ်သမားများ အလုပ်ဆင်းပြီလားဟု ခဏခဏ ကြည့်ရှုနေခဲ့သည်။
ချန်ဖန်းရှုက ရယ်စရာကောင်းသည်ဟု မြင်မိ၏။
"ဘာလို့ သူလျှိုလေးတစ်ယောက်လို လုပ်နေတာလဲ။ တစ်ယောက်ယောက် ပျင်းနေမှာကို ကြောက်နေတာလား။"
"ထောင်ထောင်က သူလျှိုမဟုတ်ပါဘူး။"
လုထောင်းက ပြေးလာပြီး သူမ၏ ခြေထောက်များကို ဖက်ကာ သူမ၏ လက်သေးသေးလေးကို ဝှေ့ယမ်းပြီးပြောလိုက်၏။
"အမေ၊ နည်းနည်း ဆင်းလာပါဦး၊ လျှို့ဝှက်ချက်တစ်ခု ပြောချင်လို့ပါ။"
ချန်ဖန်းရှုသည် လုထောင်က တစ်ခါတစ်ရံ ပစ္စည်းများကို ပြောင်းလဲဖန်တီးတတ်ကြောင်း သိသော်လည်း သူမ၏ မျက်စိဖြင့်တော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူမက ထိုပစ္စည်းများ ဘယ်ကလာသည်ကို သိချင်ခဲ့ပြီး လုထောင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အာရုံစိုက်လိုက်၏။
နေ့လယ်ဘက်တွင် လူတိုင်းထွက်သွားပြီးနောက် သူမက ရုံးခန်းတံခါးကို ပိတ်ကာ၊ လိုက်ကာများကို ဆွဲချပြီး စားပွဲပေါ်တွင် ပန်းကန်များနှင့် ဇွန်းများကို တင်လိုက်သည်။
လုထောင်သည် သူမ၏ ပါးစပ်ကို လက်သေးသေးလေးဖြင့် ဖုံးအုပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ဒီမှာ ဘယ်သူမှ မရှိတော့ဘူးလား။"
"မရှိတော့ဘူး။"
ထို့နောက် ကလေးမလေးက ဆုယူရန် အာ့ဝူလင်ကို ခေါ်လိုက်၏။
"အဖေ ထောင်ထောင်ရဲ့ ဘာဘီကျူးကို ပေးပါတော့။"
အာ့ဝူလင်၏ စားပွဲက ချန်ဖန်းရှုနှင့် လုဟွေ့တို့ရှေ့ ရောက်လာခဲ့သည်။ သူတို့က သူမကိုကာကွယ်ရန် ဘာမှမပြောခဲ့ပေ။ သူက ပန်းကန်ထဲသို့ ဘာဘီကျူးများ ထည့်ပေးလိုက်၏။
ဝက်သားကင်၊ သိုးသားကင်၊ အမဲသားကင်...
ကြက်တောင်ပံ၊ မှ်ို၊ တို့ဟူးခြောက်...
လုဟွေ့တစ်ယောက် သူ့ဘဝတွင် ဒီလောက်များပြားပြီး အရသာရှိသည့် အသားများကို တစ်ခါမှ မမြင်ဖူးသည့်အတွက် မျက်လုံးအဝိုင်းသား ဖြစ်နေခဲ့သည်။
ချန်ဖန်းရှုလည်း လန့်သွား၏။
ဒါ... ဒါ တကယ်ပဲ ဘယ်ကနေလာမှန်းမသိ ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။
လုထောင်လေး ကတော့ ဘာမှစဉ်းစားမနေဘဲ ကြက်တောင်ပံကြော်တစ်ခုကို ဆွဲယူကိုက်လိုက်သည်။
ပြီးတော့ မျက်လုံးလေးမှေးကာ တစ်ကိုယ်လုံး လွင့်မျောသွားသလို ဖြစ်သွား၏။
"အရမ်းအရသာရှိတာပဲ။"
လုဟွေ့က မြင်တော့ အသားတုတ်ထိုးနှစ်ချောင်းကို အမြန်ဆွဲယူပြီး မေးလိုက်၏။
"ဒါ ဘာအသားလဲ? ဘာလို့ ဒီလောက်အရသာရှိတာလဲ။"
မောင်နှမနှစ်ယောက် အလှည့်ကျစားကြရင်း မကြာခင်မှာပဲ သူတို့၏ ပါးစပ်သေးသေးလေးများတွင် အဆီများပေပွသွားတော့သည်။
ချန်ဖန်းရှုက ကြည့်နေရင်း လုထောင်၏ မျက်နှာပေါ် ပေကျံနေသည့် ဆော့စ်များကို လက်ကိုင်ပုဝါနှင့်သုတ်ပေးလိုက်ပြီး သူမလည်း တူကိုကောက်ယူကာ ပြည်ကြီးငါးတစ်ကောင်ကို ယူလိုက်သည်။
ဒါမျိုးကို သူမ တစ်ခါမှ မမြင်ဖူးသော်လည်း ဒီလောက်အရသာရှိမည်ဟု မထင်ထားခဲ့ပေ။ အထူးသဖြင့် ဆော့စ်၏ အရသာက လုံးဝအံ့မခန်းပင်။
ချန်ဖန်းရှုက တစ်ခုစီမြည်းစမ်းပြီး နောက်ဆို ကိုယ်တိုင်လုပ်လို့ရမလားဆိုသည်က်ို ကြည့်ရန် ဘာပစ္စည်းများပါဝင်လဲဆိုသည်ကို သေချာစစ်ဆေးကြည့်ရှုလိုက်၏။
လုထောင်ကလည်း ဆော့စ်နှင့် ပြည်ကြီးငါးက အရသာရှိသည်ဟု ထင်ခဲ့သည်။
"ဒီဟင်းရည်က ခေါက်ဆွဲနဲ့ ရောစားလို့ရတယ်နော်။"
[မင်းတော်တော်စားတတ်တာပဲ]
အာ့ဝူလင်က တီးတိုးပြောပြီး သူမကို မေးလိုက်၏။
"လုထောင်လေး အခု ဆုမဲဖောက်ချင်လား။"
လုထောင်က လုကောပင်း ပြန်လာတည်းက ဆုမဲမဖောက်ရသေးပေ။ ဒါကိုကြားတော့ သူမက ချက်ချင်း ခေါင်းညိတ်လိုက်၏။
[ဒါဆို အဖေ အနမ်းပေးမယ်။ သမီး ဒီတစ်ခါ ပစ္စည်းယူလို့ရတယ်။]
လုထောင်က အစွမ်းထက်သည့်အရာကို ပြန်စဉ်းစားပြီး တုံ့ဆိုင်းနေရင်းကနေပြောလိုက်၏။
"ပစ္စည်း၊ ပစ္စည်းပဲ လိုချင်တယ်။"
မထင်မှတ်ထားဘဲ ဘီးလုံးက ရပ်သွားပြီး သုံးဘီးစက်ဘီးအသေးလေးတစ်စီးက သူ့ဘေးမှ လွတ်နေသည့်နေရာက ပြုတ်ကျလာခဲ့သည်။
ဆိုင်ကယ်က ပန်းရောင်ခြယ်ထားပြီး ထိုင်ခုံဘေးတွင် နောက်မှီပါသလို ရှေ့ဘီးနှစ်ဘက်မှာလည်း ခြေနင်းများ ပါဝင်သည်။ ဒီပုံစံကိုကြည့်ရသည်မှာ ဝေ့ရှောက်ချင် ဆွဲထားသည့်ပုံအတိုင်းပဲဖြစ်ပြီး လုထောင်လေးနှင့်လည်း အရွယ်အစားကိုက်ညီသည်။
လုထောင်က ခဏတာ အံ့အားသင့်သွားပြီး ပစ္စည်းဆွဲချင်သည့် စိတ်ကူးကို မေ့သွားကာ ပျော်ရွှင်စွာ ပြေးသွားလိုက်၏။
[တွေ့လား။ ဒါက ဒဏ္ဍာရီလာ ပန်းရောင် Ferrari ပဲ!]
အာ့ဝူလင်က ရယ်မောလိုက်၏။
"ဟားဟားဟား! လူတွေက လောင်းကစားမှာ ရှုံးနိမ့်ပေမဲ့ အချစ်ရေးမှာ အောင်မြင်တယ်လို့ ပြောကြတယ်။ သူက နှစ်ဝက်လောက် ပြန်မလာတော့ဘူး ထင်တယ်။ မဟုတ်ဘူး၊ တစ်နှစ်ဖြစ်သင့်တာ"
သူ့ စကားမဆုံးခင်မှာပဲ တစ်ခုခု ပြုတ်ကျလာသည့် အသံကိုကြားလိုက်ရသည်။
လုကောပင်းက တံခါးဝတွင် အံ့အားသင့်သည့်မျက်နှာနှင့် ရပ်နေခဲ့သည်။ သူ့ခြေထောက်နားတွင် ထိုပန်းရောင်စက်ဘီးအတိုင်း တစ်စီးရှိနေခဲ့၏။