Chapter 73
Vol. 6 Ch. 73
"ထောင်ထောင်အတွက် အဘွားက တကယ်ပဲ တစ်ခုခုပို့လိုက်တာလား။"
"ဟိုကားနောက်က အကုန်လုံးပဲလား။"
လူတိုင်းကလည်း လည်ပင်းမော့ကြည့်ကာ ဟိုဘက်ကိုကြည့်လိုက်ကြသည်။ အဘွားလုနှင့် လုကောဖုတို့တောင် စိတ်ဝင်စားစွာဖြင့် ထိုဘက်သို့ ကြည့်လိုက်ကြသည်။
မကြာခင်မှာပဲ၊ မော်တော်ကား နှစ်စီးက ချန်အိမ်ဝသို့ရောက်လာခဲ့သည်။ ကျန်းချီဟန်က SUV ပေါ်မှ ဝမ်းမြောက်လန်းဆန်းစွာ ဆင်းလာခဲ့သည်။ လုထောင် တံခါးရှေ့တွင် စက်ဘီးသေးသေးလေးစီးနေသည်ကိုမြင်တော့ အပြုံးရပ်သွားခဲ့သည်။
"ထောင်ထောင် စက်ဘီးရထားတာလား။ ဘယ်သူ ဝယ်ပေးတာလဲ?"
ဘယ်သူက သူ့ထက်အရင် ဝယ်ပေးရဲတာလား။
ထောင်ထောင်ကတော့ ဦးလေးငယ်ကို အလွန်နှစ်သက်၏။ တွေ့သည်နှင့် ပြုံးလိုက်သည်။
"အဖေဝယ်ပေးတာပါ။"
ဖေဖေ နှစ်ယောက်၊ တစ်ယောက်စီ တစ်စီးစီ~
ကျန်းချီဟန် အံကြိတ်ပြီး စိတ်ညစ်နေချိန်တွင် ထောင်ထောင်က စက်ဘီးနှင့်အတူ သူ့ထံသို့ မျက်နှာပြုံးပြုံးနှင့်ရောက်လာခဲ့သည်။
"ဦးလေး၊ ထောင်ထောင် စက်ဘီးစီးတတ်ပြီ~"
"ဟုတ်တယ်၊ ထောင်ထောင်က တကယ်တော်တာပဲ။"
သူမလှည့်လိုက်ချိန်တွင် ကျန်းချီဟန်က သူမ၏ ပါးလေးများကို ဆွဲလိုက်၏။ "ခဏလေး ထောင်ထောင်၊ ဦးလေးက သမီးအတွက် လက်ဆောင်ကောင်းကောင်းလေးတွေ ယူလာပေးတယ်။"
တစ်ယောက်က စက်ဘီးဝယ်ပေးထားပြီဆိုတော့ ဝက်ဝံရုပ်တစ်ရုပ်၊ မင်းသမီးဝတ်စုံ တစ်စုံလောက်တော့ရှိရမယ်မလား။
သူက သူ့လူများကို ညွှန်ကြားပြီး ကားနောက်ခန်းမှ ပစ္စည်းများကို တစ်ခုချင်းစီ ယူခိုင်းလိုက်၏။
"ဒါတွေက ထောင်ထောင်ရဲ့အဘွား ဝယ်ပေးတဲ့ အရုပ်တွေ။ ဝက်ဝံလေး၊ ခွေးလေးနဲ့ မက်မွန်သီးလေး။ အားလုံးက ထောင်ထောင်အတွက် အထူးလုပ်ထားတာပါ။"
ကျန်းချီဟန်က မက်မွန်သီးအကြီးကြီးကို လုထောင်လက်ထဲ ထည့်ပေးလိုက်ပြီး သူမကလည်း ဖက်လိုက်ရာ တခဏအတွင်း သူမ ခန္ဓာကိုယ်က ပျောက်သွားခဲ့သည်။
ပန်းရောင်စက်ဘီးပေါ်တွင် ပန်းရောင်မက်မွန်သီးတစ်လုံး ထိုင်နေကာ အောက်တွင် ဖိနပ်လေးနှစ်ဖက်နှင့် အပေါ်တွင်လည်း လက်လေးနှစ်ဖက် ထင်ထင်ရှားရှား ပေါ်နေခဲ့သည်။ သူမ ဆွဲထားသော မက်မွန်သီးဝိညာဉ်ပုံနှင့် တူနေခဲ့သည်။
အပြင်မှ ပြန်ရောက်လာသည့် ချန်ပေါင်ခဲ့ကလည်း ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။
"ဝါး… ဒီမက်မွန်သီးကြီးက ဘယ်ကရလာတာလဲ။"
သူက မက်မွန်သီးကြီးကို ကိုင်၍ပြောလိုက်သည်။
"မက်မွန်သီးကြီးရေ၊ ထောင်ထောင်ကိုတွေ့မိရဲ့လား။ ဘာလို့ မမြင်ရတာလဲ။"
ဒါကိုမြင်တော့ လုထောင်က မက်မွန်သီးအနောက်တွင် ခေါင်းကွယ်လိုက်ရင်း ပြောလိုက်သည်။
"ထောင်ထောင် ဒီမှာပါ။"
"ဘယ်မှာလဲ၊ လူတယောက် အပြောနဲ့ပဲ မမြင်ရဘူးလေ။"
ချန်ပေါင်ခဲ့က ရယ်ပြုံးရင်း တူမဖြစ်သူကို စနောက်လိုက်ကာ သူမ စိတ်ရှုပ်လာတော့မှ သူမခေါင်းကို ပုတ်လိုက်ပြီး ကျန်းချီဟန်ဘက် လှည့်လိုက်၏။
"ကုန်စုံဆိုင်တစ်ခုလုံး ပြန်သယ်လာတာလား။ အခုဘယ်လောက်တောင် ဝယ်လာခဲ့တာလဲ။"
"မဝယ်ပါဘူး။ ထောင်ထောင့် အဖွားက ဟောင်ကောင်ကနေ စီစဉ်ပေးလိုက်တာ။"
"ထောင်ထောင့် အဘွားလား။"
ချန်ပေါင်ခဲ့က မေးရင်း အနားမှ မျက်နှာထားတင်းတင်းနှင့် အဘွားလုကို ကြည့်လိုက်၏။
ကျန်းချီဟန်ကတော့ လုကောဖုကို ကားတားနေသည့် တစ်ခါနှစ်ခါသာမြင်ဖူးခဲ့ပြီး အဘွားလုကိုတော့ မသိသေးသည့်အတွက် အလေးမထားမိခဲ့ပေ။
ချန်ပေါင်ခဲ့ကတော့ လုမိသားစုအကြောင်းကို သေချာ လေ့လာသိရှိထားသူပင်။
ကလေးခိုးသည့်ကိစ္စပြီးသွားသည့်တိုင် လာနေသေးသည်မှာ ကိစ္စတစ်ခုခုရှိနေသည့် အဓိပ္ပာယ်ဖြစ်၏။
သူကတော့ ထိုနှစ်ယောက်ကို လျစ်လျုရှုကာ ကျန်းချီဟန်ကို ဆက်မေးလိုက်သည်။
"ဟောင်ကောင်ကနေ ဒီလိုပစ္စည်းပို့မယ်ဆိုရင် အချိန်ကြာတယ်မလား။"
"စာတိုက်နဲ့ပို့ရင် တစ်လ၊ နှစ်လကြာလောက်ကြာတယ်။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကျန်းမိသားစုက ပစ္စည်းတွေ ပြန်ပို့နေတုန်းဖြစ်လို့ ဒီထဲမှာ ထောင်ထောင်အတွက်လည်း ထည့်ပေးလိုက်တာပါ။"
ကျန်းချီဟန်က ထပ်ပြီးအိတ်ကြီးတစ်အိတ်ကိုယူကာ ထောင်ထောင်ကို ပြောလိုက်သည်။
"ဒါတွေက အဘွားနဲ့ အဒေါ် ဝယ်ပေးလိုက်တဲ့အဝတ်အစားတွေ။ နောက်မှ လဲဝတ်ပြီး ဦးလေးက ဓာတ်ပုံရိုက်ပေးမယ်နော်။"
အဲ့ဒီအချိန်မှာလည်း လူအများစုက ဝိုင်း၍ထိုင်ကြည့်နေကြသည်။
အိတ်များ ချပြီးသည်နှင့် လူတစ်ဦးက ပြောလာ၏။
"အင်း... ဘယ်လောက်တောင် ချမ်းသာတာလဲ။ ထောင်ထောင် အဖွားဖက်ကတော့ ချမ်းသာတာပါပဲ။"
တချို့ကလည်း ပုံးများကို မျှော်လင့်တကြီးကြည့်နေကြသည်။
"တိပ်စက်လား။ မကြာသေးခင်က ခရိုင်မြို့က မင်္ဂလာဆောင်တွေမှာ တိပ်စက်အသုံးပြုလာကြပြီလေ။"
"တိပ်စက်ကဘာလဲ။ သူတို့က ချမ်းသာတယ်ဆိုတော့ အဖြူအနက်တီဗွီလည်းဖြစ်နိုင်တယ်။"
အဝတ်အစားအိတ်ကြီးတစ်အိတ်ကပင် လူအများကိုအံ့သြစေသည်။
"ဒီအိတ်ထဲမှာ အဝတ်အစား ဘယ်လောက်အထိ ရှိနိုင်မလဲ။"
"ခရိုင်စတိုးဆိုင်ထဲက ဟောင်ကောင်ရှပ်အင်္ကျီလေးတွေရောင်းတဲ့ ဆိုင်ခွဲလေးမှာ ဒါတွေပဲရှိတာနေမယ်။ သူက သူ့ကလေးတွေကို တကယ်ချစ်ရှာပါတယ်။"
အဘွားအတု၊ မစ္စလု - "..."
စကားပဲပြောစမ်းပါ၊ ဘာလို့ သူ့ကို ခဏခဏ ပြန်လှည့်ကြည့်နေရတာလဲ။
သာမန် မဟုတ်တဲ့အချိန်မှန်းသာ သိခဲ့ရင် တခြားအချိန်မှသာ လာမိလိမ့်မည်။
လုထောင်ကတော့ သူ့ပတ်ဝန်းကျင်မှ စကားသံများကို သိပ်ဂရုမစိုက်ပေ။ ဓာတ်ပုံရိုက်မည်ဆိုသည်ကို ကြားလိုက်သည်နှင့် ချက်ချင်းကို ပျော်သွား၏။
သူမက မက်မွန်သီးကြီးကို နည်းနည်းရွှေ့လိုက်ပြီး၊ သူမမျက်နှာတစ်ခြမ်းကို ဖော်လိုက်၏။
"ဦးလေး၊ သမီးတို့ ဓာတ်ပုံဆိုင်ကို သွားကြမှာလား။"
"မသွားပါဘူး။"
ကျန်းချီဟန်က ပြောလိုက်၏။
"ဦးလေး ဒီတစ်ခါ ကင်မရာပါလာတယ်၊ ဒါကြောင့် ကိုယ်တိုင်ရိုက်လို့ရတယ်။"
"တကယ်လား။"
လုထောင်၏ မျက်လုံးများက ကြယ်လေးများကဲ့သို့ အရောင်တောက်နေခဲ့၏။
"ဒါဆို... မက်မွန်သီးကြီးနဲ့ ဓာတ်ပုံရိုက်လို့ရမလား။ ထောင်ထောင် မက်မွန်သီးကြီးနဲ့ ဓာတ်ပုံရိုက်ချင်တယ်~"
"ရတယ်၊ ဘယ်လိုပုံတွေပဲရိုက်ရိုက်၊ ဘယ်လောက်ပဲရိုက်ရိုက်ရတယ်။ ဦးလေးမှာ ဖလင်တွေ အများကြီးရှိတယ်။"
အပြင်ဘက်တွင် ဒီလောက်ကြီးမားသည့် ဆူဆူပူပူကိစ္စများဖြစ်နေတော့ မသိဘဲ နေရန်ခက်သည်။ ချန်မိသားစုကလည်း အမြန်ထွက်လာပြီး ကူညီကြ၏။
ချန်ဖန်းရှုက အားနာလာ၏။
"ဘာလို့ ဒီလောက်ပိုက်ဆံတွေ အများကြီးသုံးရတာလဲ။ ကျွန်မတို့က မိဘတွေကိုတောင် ဘာမှမပေးရသေးဘူးလေ။"
ကျန်းချီဟန်က ဂရုမစိုက်ပေ။
"ပစ္စည်းတွေက ထောင်ထောင်နဲ့ ရှောင်ဟွေ့အတွက်လေ။ ဘာလို့ အလဟဿလို့ ပြောရတာလဲ။"
သူက ကတ်ထူပုံးများကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"အတွင်းထဲမှာတော့ ရောင်စုံတီဗွီ၊ ထမင်းပေါင်းအိုး၊ အဝတ်လျှော်စက်တွေပါတယ်။ ဒါတွေက မရီးတို့နဲ့ ဒုတိယအစ်ကိုအတွက် မိဘတွေပေးတဲ့ မင်္ဂလာလက်ဆောင်တွေပဲ။"
သူဒီလိုပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းက ပုံးများကို ကြည့်လိုက်ကြသည်။
ရောင်စုံတီဗွီ? ရောင်စုံတီဗွီဆိုတာက ဘာလဲ။
အရောင်ရှိတဲ့ တီဗွီလား။
လူတိုင်း အသက်ရှုမှားသွားကြတော့သည်။
အဖြူအမည်းတီဗွီများတောင် ခရိုင်ထဲတွင် ရှားပါးပြီး၊ သူတို့တပ်ရင်းတွင်ဆို ဘယ်သူမှ မဝယ်နိုင်ကြပေ။ သူတို့ကကတော့ ရောင်စုံတီဗွီကို ဝယ်ခြင်းဖြစ်ပြီး အဖြူအမည်းကို လှည့်ပင်မကြည့်ခဲ့သည့်အတွက် တကယ်ကို... ကြီးမားသည့်ကိစ္စပင်။
ဒီလိုဆိုရင် ထမင်းပေါင်းအိုးနှင့် အဝတ်လျှော်စက်တွေကလည်း ကောင်းတဲ့ပစ္စည်းတွေပဲ။
လူအုပ်ကြီးက ချန်မိသားစု ပစ္စည်းများသယ်နေသည်ကို လည်ပင်းများမော့ကာ ကြည့်နေကြပြီး၊ ချန်မိသားစုဝင်များက အများကြီးရှိသဖြင့် သူတို့၏ အကူအညီမလိုသည်ကို နှမြောတသဖြစ်နေကြသည်။ မဟုတ်လျှင် အတွင်းကိုလိုက်ဝင်ပြီး ထိုရှားပါးပစ္စည်းများ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိသည်ကို ကြည့်ရန် အခွင့်အရေးရှာလို့ရဦးမည်။
အားလုံးသယ်ပြီးသွားတော့မှ ကျန်းချီဟန်က ကုန်ကား၏ တစ်ဖက်ခြမ်းကို ပုတ်ပြီး ချန်ဖန်းရှုကို ပြောလိုက်၏
"မရီး၊ ဒါက မရီးအတွက်။"
"ကျွန်မအတွက်လား။"
ချန်ဖန်းရှုက ကြောင်သွားတော့၏။
"မရီးအတွက်ပေါ့။ အမေကပြောတယ် မရီးတို့စက်ရုံမှာ ပစ္စည်းပို့ဖို့ ကားလိုနေတယ်တဲ့၊ ဒါကြောင့် ဒီကားကို ခဏသုံးလို့ရတယ်တဲ့။"
ကျန်းချီဟန်က သူ့စကားများတွင် ဘာမှထိတ်လန့်စရာမရှိဟုသာ ထင်နေခဲ့သည်။ သူပြောပြီးသည်နှင့် ချန်မိသားစု၏ ကျဉ်းကျဉ်းကြပ်ကြပ်အိမ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်၏။
"ကျွန်တော်တို့ အိမ်တစ်လုံးဝယ်ရမယ်။ နေတဲ့နေရာက ခုထိ သေးသေးလေးပဲရှိသေးတယ်။ ရှောင်ဟွေ့နဲ့ ထောင်ထောင်မှာ ကိုယ်ပိုင်အခန်းတောင် မရှိကြဘူး။"
အခုခေတ်တွင် မြေရှင်ပဒေသရာဇ်များကို တိုက်ထုတ်လို့ ရနိုင်သေးလား။ သူတို့၏ တော်လှန်ရေးစိတ်ဓာတ်များ လှုပ်ရှားနေတော့၏။
နှိုင်းယှဉ်မှုမရှိလျှင် ဘာအန္တရာယ်မှ မရှိနိုင်ပေ။
ကျန်းမိသားစု၏ ရက်ရောမှုက အဘွားလုနှင့် လုကောဖုတို့ကို သွေးစုပ်ကောင်နှစ်ကောင်ကဲ့သို့ အရုပ်ဆိုးအကျည်းတန်စေခဲ့သည်။
အံ့သြသွားပြီးနောက်မှာတော့ တချို့လူများက သူတို့ကို အမှိုက်ကဲ့သို့ ကြည့်လာကြသည်။
အဘွားလုက သူမ၏မျက်နှာအမူအရာကို ထိန်းမထားနိုင်တော့ပေ။ ရင်ဘတ်ကို နှစ်ချက်ပုတ်ပြီး ထွက်သွားလိုက်၏။
လုကောဖူက သူမကို အမြန်ဆွဲဖမ်းပြီး ပြောလိုက်သည်။
"အမေ၊ ဘာလုပ်နေတာလဲ။ ကျွန်တော်တို့ ဒီကိုလာကတည်းက ဒါကို သဘောမတူထားကြဘူးလား။"
သဘောတူထားသည်၊ သို့သော် ကျန်းမိသားစု ပစ္စည်းလာပို့သည်နှင့် တိုက်ဆိုင်မည်ဟုတော့ သူက မမျှော်လင့်ထားခဲ့။
မစ္စလုက သူ့ကို မျက်စောင်းထိုးပြီး အသံနှိမ့်ကာ ပြောလိုက်၏။
"အရင်ပြန်ကြရအောင်၊ တခြားနေ့မှ ပြန်လာကြတာပေါ့။"
"တခြားနေ့ မလုပ်နိုင်ဘူး။ ကိစ္စက တကယ်ကို မစောင့်နိုင်တော့ဘူး။"
လုကောဖုက မျက်နှာညှိုးငယ်နေပြီး၊ သူမ မကန့်ကွက်ခင်မှာပဲ လုကောပင်းကို အမြန်ခေါ်လိုက်သည်။
"အစ်ကို!"
ဒီအော်သံကိုကြားတော့ လုကောပင်း လှည့်ကြည့်လိုက်သလို တခြားသူများလည်း ကြည့်လာကြသည်။
လုကောဖု၏ နဖူးတွင် ချွေးများ စိုရွှဲနေသော်လည်း သူက ဆက်ပြောလိုက်၏။
"ပြီးခဲ့တဲ့တစ်ခါ အစ်ကို ကျွန်တော့်ကို အဲဒီကိစ္စ ပြောခိုင်းတုန်းက၊ ကျွန်တော့်အမေ သဘောတူလိုက်ပြီ။"
'ပြီးခဲ့တဲ့တစ်ခါက ဘာဖြစ်ခဲ့တာလဲ။ ဘာကိစ္စလဲ။'
ပတ်ဝန်းကျင်မှ လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး၊ သူတို့မသိသည့် လုမိသားစု၏ ဘယ်ကိစ္စဖြစ်သည်လည်းဆိုသည်ကို သိချင်နေကြ၏။
လုကောပင်းက သူတို့ကို မေးရန် အခွင့်အရေး မပေးခဲ့ချေ။ သူက အဘွားလုကို တစ်ချက်ကြည့်ပြီး "ဝင်ခဲ့" ဟုပြောလိုက်၏။
လုကောဖုက အဘွားလုကို ခြံထဲ မြန်မြန်ဆွဲခေါ်သွားပြီး သိချင်စိတ်ပြင်းပြနေသည့် အကြည့်များကိုတော့ ဂရုမစိုက်ခဲ့ပေ။
အိမ်ထဲရောက်တော့ လုကောပင်းက သူတို့နှစ်ယောက်ကို ယဉ်ကျေးမနေတော့ဘဲ သူက တိုက်ရိုက်မေးလိုက်၏။
"ပစ္စည်းတွေ ပါလာလား။"
"ပါပါတယ်။"
လုကောဖုက အခန်းထဲတွင် ပုံထားသည့် ပစ္စည်းများကို ကြည့်ရန် မဝံ့မရဲဖြစ်နေပြီး မစ္စလုကို လှည့်ပြီး တိုက်တွန်းလိုက်သည်။
"အမေ၊ မြန်မြန်ထုတ်ပါဦး။"
အဘွားလုက တစ်နေ့ကျရင် သူက သားသတ်သမားဖြစ်ပြီး သူ့သားက အသတ်ခံရမည့် ငါးလိုမျိုး အနေအထားနှင့် လုကောပင်း အရှေ့ရပ်နေရမည်ဟု လုံးဝမထင်ထားခဲ့ပေ။
ဒါက လွန်ခဲ့သည့် နှစ်ပေါင်းများစွာကလိုပဲ၊ သူက ကျန်းမိသားစု၏ မြင့်မြတ်သည့် သခင်လေးဖြစ်ပြီး သူမကတော့ ကလေးတစ်ယောက်ကိုတောင် မကျွေးနိုင်လောက်အောင် ဆင်းရဲသည့် နို့ထိန်းတစ်ယောက်ပင်။
သူမ အနှစ်သုံးဆယ်ကျော် တည်ဆောက်ခဲ့တဲ့ သာလွန်သည့်ခံစားချက်က လုံးဝပျောက်ကွယ်သွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။
သူမက ပစ္စည်းများကို အလွယ်တကူ ပြန်ပေးချင်စိတ် မရှိခဲ့သော်လည်း သူမသား၏ တောင်းပန်သည့် မျက်လုံးများကို မြင်ရတော့ အံကြိတ်ကာ ရင်ဘတ်ထဲမှ အပြာရောင်ပဝါလေးကို ထုတ်လိုက်သည်။
"ငွေဒင်္ဂါးတွေနဲ့ တခြားပစ္စည်းတွေတော့ မရှိတော့ဘူး။ ဒီပစ္စည်းလေးတွေပဲ ကျန်တော့တယ်။"
လုကောပင်းက ပဝါကိုယူပြီး ဖွင့်လိုက်သည်။ သူပြောခဲ့သည့် သက်ရှည်သော့အပြင် ခေါင်းလောင်းလေးများပါသည့် လက်ကောက်လေးတစ်စုံလည်း ရှိ၏။
ပစ္စည်းကတော့ ကောင်းကောင်းထိန်းသိမ်းထားသော်လည်း အချိန်ကြာသွားသဖြင့် မျက်နှာပြင်က အရင်လို အရောင်တောက်တော့ပေ။
လုကောပင်းက တိတ်တိတ်ဆိတ်ဆိတ် ဖွင့်ကြည့်ပြီး ပဝါကို ပြန်ပိတ်လိုက်သည်။
"တကယ်ကုန်ပြီလား။"
"မရှိတော့ပါဘူး၊ မရှိတော့ပါဘူး။"
လုကောဖုက အလျင်အမြန် ပြောလိုက်သည်။
"ကျွန်တော်တို့အဖေ၊ မဟုတ်ဘူး၊ ကျွန်တော့်အဖေက စောစောစီးစီး ဆုံးသွားတာ။ အဲဒီနှစ်တွေမှာ ဘဝက ခက်ခဲခဲ့တော့ သူက အကုန်လုံးကိုလျှို့ဝှက်ရောင်းပြီး အစားအသောက်နဲ့ လဲခဲ့တာ။"
သူက အတတ်နိုင်ဆုံး ရှင်းပြခဲ့ပြီး ကောင်းကင်ကို တိုင်တည်ကာ ကျိန်ဆိုခဲ့သည်။
လုကောပင်းက ဘာမှ ထပ်မပြောတော့။ သူက လှည့်ပြီး အပြင်ထွက်သွားကာ ချန်ဖန်းရှုနှင့် စကား တီးတိုးပြောလိုက်သည်။
ခဏအကြာမှာ ချန်ဖန်းရှု ဝင်လာပြီး ယွမ်နှစ်ရာ ထုတ်လာသည်။
လုကောဖူက စောင့်ရသည်ကို စိတ်မရှည်တော့ဘဲ လက်ဆန့်ပြီးယူလိုက်ရာ နှစ်ရာသာ ရှိသည်ဟု ကြားရတော့ တစ်ခဏ ရပ်သွားခဲ့၏။
"နှစ်၊ နှစ်ရာ။"
"ဘာလဲ၊ နည်းနေလို့လား"
လုကောဖုက အနေခက်စွာ ပြုံးလိုက်၏။
"အဲ့ဒီပေါ်မှာရှိတဲ့ ရှေးဟောင်းရတနာတွေကရော။ နှစ်ရာထက်တော့ ပိုတန်မှာပေါ့၊ ဟုတ်တယ်မလား။"
"ဒါဆို တခြားသူတွေကို သူတို့ကလေးအတွက် သော့တစ်ချောင်းကို ယွမ်နှစ်ရာပေးပြီး ဝယ်ချင်လားလို့ သွားမေးကြည့်ပါလား။"
ချန်ဖန်းရှုက ပိုက်ဆံပြန်ယူသလို ဟန်ဆောင်ပြီးပြောလိုက်၏။
"ဒါနဲ့ မင်းငါ့ကို နှစ်ရာပြန်ဆပ်ဖို့ ရှိသေးတယ်၊ ဘယ်တော့ ပြန်ဆပ်မှာလဲ။"
လုကောဖု၏ မျက်နှာက ပြောင်းသွားပြီး သူက ပိုက်ဆံကို မြန်မြန်ဆွဲယူလိုက်ကာ နည်းသည်ဟုလည်း ညည်းညူမနေတော့ပေ။
ဘိုးဘွားပိုင်ပစ္စည်းများ ပြန်ရောက်လာသည်နှင့် လုကောပင်းနှင့် လုမိသားစု၏ ဆက်ဆံရေးက လုံးဝပြတ်တောက်သွားတော့မည်။
လုမိသားစုမှ သားအမ်ိ ထွက်သွားသည်ကို ကြည့်ပြီး လုကွေ့ယင်းက သက်ပြင်းချလိုက်သည်။
"ပိုက်ဆံနဲ့ ကစားနေတာကို ရပ်ဖို့ ခက်တယ်။ ဒါကတော့ ကံကြမ္မာပဲ ထင်ပါတယ်။"
လုကောဖူက အစကတည်းက ကြိုးစားလုပ်ကိုင်တတ်သူ မဟုတ်ပေ၊ အခု ဒီပြဿနာလည်း ရှိနေတော့ လုမိသားစုက နောင်တွင် ပိုခက်ခဲလာတော့မည်။
ကျန်းချီဟန်၏ အမြင်မှာတော့ လုမိသားစု ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ဖြစ်ပါစေ၊ သူတို့ခံရသည်မှာ ထိုက်တန်၏။
သူက လုထောင်ကို ချော့နေရသဖြင့် အလုပ်ရှုပ်နေခဲ့ပြီး လုမိသားစုဝင်ဖြစ်မှန်း မသိခဲ့သည်ကို နောင်တရမ်ိခဲ့၏။ မဟုတ်လျှင် သူက အဘွားလုကို လူအများရှေ့တွင် "ဒီနှစ်တွေမှာ မကောင်းမှုတွေ အများကြီး လုပ်ခဲ့တာ၊ အပြစ်ရှိတယ်လို့ ခံစားရလား" ဟု သေချာပေါက် မေးမိခဲ့လိမ့်မည်။
သို့သော် အခုပြောလျှင်လည်း နောက်ကျနေပြီဆိုတော့ သူက ထောင်ထောင်လေး၏ လှပသည့် ဓာတ်ပုံလေးများကိုသာ ရိုက်နေသင့်သည်။
ကျန်းချီဟန်က သူ့ကင်မရာကို မြှောက်ပြီးပြောလိုက်၏။
"လာပါ၊ ထောင်ထောင်၊ ဦးလေးကို အသဲပုံစံလေး လုပ်ပြပါဦး။"
လုထောင်ကတော့ မနက်ကတည်းက အမွေးပွ မင်းသမီးဝတ်စုံကို ဝတ်ထားပြီး သူမ၏ခြေထောက်သေးသေးလေးများတွင် ချစ်စရာကောင်းသည့် အနီရောင်သားရေဖိနပ်တစ်စုံကို ဝတ်ထားပြီး ပျော်ပျော်ရွှင်ရွှင် လှည့်ပတ်နေခဲ့သည်။
ဒီစကားကိုကြားတော့ သူမက သူမလက်ချောင်းထူထူလေးများကို ကောက်ပြီး ရင်ဘတ်ပေါ်တွင် အသဲပုံစံဝိုင်းလေး လုပ်ပြလိုက်သည်။
"ဒီလိုလား။"
နှိုင်းယှဉ်ပြီးနောက် သူက စိတ်မကျေနပ်သေးဘဲ သူမလက်ဖဝါးကို ခေါင်းပေါ်မှာ ထပ်တင်လိုက်သည်။
"ဒီလိုမျိုးရော။"
ကျန်းချီဟန်၏ ထူးဆန်းသော ဦးလေး၏ စိတ်နှလုံးသည် ချစ်စရာကောင်းလွန်းသည့် တူမကြောင့် ချက်ချင်းအရည်ပျော်သွားပြီး ပြောလိုက်၏။
"အားလုံးအဆင်ပြေပါတယ်၊ ထောင်ထောင်က ဘယ်လိုပဲဖြစ်ဖြစ် ချစ်စရာကောင်းပါတယ်။"
ကလစ်--ကလစ်--ကလစ်--ကလစ်--
လုထောင်က ကျန်းချီဟန်၏ ညွှန်ကြားချက်အတိုင်း လှုပ်ရှားမှုများ ဆက်တိုက်ပြောင်းနေပြီး သူ့နားထဲမှ တီးတိုးစကားသံကိုလည်း လုံးဝဂရုမစိုက်ခဲ့ပေ။
၂၅၀ - [သူ့အပြုံးကိုကြည့်၊ ဝံပုလွေကြီးတစ်ကောင်လိုပဲ၊ သူက ငါ့သမီးကို ငါ့ဆီကနေ လုယူချင်နေတာ သေချာတယ်]
[အားးးး! သူ ထောင်ထောင်ကို ဒီလောက်များတဲ့ ပစ္စည်းတွေ ဘယ်လိုပေးနိုင်တာလဲ။ မဟုတ်ဘူး၊ ငါ ထောင်ထောင်ကို အလုပ်တွေ ပေးချင်တယ်။ သူ့ကို အလုပ်တွေ ပိုပေးလိုက်စမ်းပါ! ဒီ အဖေက သူ့ကို တခြားဘာတွေပေးနိုင်သေးလဲဆိုတာ ကြည့်ရအောင်၊ အင်း.....]
လုဟွေ့က သူ့အဘွားပေးသည့် ပစ္စည်းများကို ကိုင်ထားရင်း စကားမပြောနိုင်ဖြစ်နေခဲ့သည်။
အခုဆို သုံးစီးတောင် ရှိပြီ။ ထောင်ထောင်တွင် စက်ဘီးသုံးစီး ရှိနေလေပြီ။
စနစ်က ဘာလဲ။ အဖေအတွက် တစ်စီး၊ ဦးလေးအတွက် တစ်စီး။
ထောင်ထောင်က စက်ဘီးအများကြီးစီးလို့မရဘူးဟု ပြောတော့ သူ့ဦးလေးက သူဝယ်ထားသည့် စက်ဘီးကို သူမကို စီးခိုင်းပြီး ကျန်နှစ်စီးကိုတော့ သူ့ကို စီးဖို့ ပေးလိုက်၏။
သူက ရှစ်နှစ်ရှိပြီ။ ဒါ့အပြင် စက်ဘီးက ပန်းရောင်၊ ယောက်ျားလေးတစ်ယောက်က ပန်းရောင်စက်ဘီးကို ဘယ်လိုစီးရမှာလဲ။
လုဟွေ့၏ မျက်နှာက တင်းမာနေပြီး လုကွေ့ရင်းကို လှည့်မေးလိုက်သည်။
"အဘွား၊ ကျွန်တော်က အဘွားရဲ့ သွေးသားအရင်း မဟုတ်ဘူးလား။"
ဖြတ်သွားသည့် ချန်ပေါင်ခဲ့က သူ့ခေါင်းနောက်စေ့ကို ရိုက်လိုက်သည်။
"မင်းဘာတွေပြောနေတာလဲ။ မင်းက သွေးသားရင်းမဟုတ်ဘူးဆိုရင် မင်းအဖေနဲ့ ဒီလောက် ဘယ်လိုတူနေမလဲ။"
လုထောင်၏ အဘွားက အလွန် စဉ်းစားတတ်သည်။ သူမသား မိသားစုအတွက် ပစ္စည်းများ ယူလာသည့်အပြင် ချန်မိသားစုအတွက်လည်း ပစ္စည်းများ ယူလာခဲ့သည်။
သို့သော် လူတိုင်း စိတ်အဝင်စားဆုံးကတော့ ၂၄ လက်မ ရောင်စုံတီဗွီပင်။
ကျန်းချီဟန်က ဒီပစ္စည်းသည် တရုတ်ပြည်တွင် တစ်လုံးကို ယွမ် ထောင်နှင့်ချီ တန်သည်ဆိုသည်ကို သူတို့ကို မပြောခဲ့ပေ။ သူက အင်တင်နာ တပ်ဆင်ရန်သာ ကူညီပေးခဲ့သည်။
ချန်မိသားစု၊ လူငယ်၊ လူကြီး အားလုံး အခန်းထဲကို ပြုံတိုးဝင်လာကြ၏။ လူနှင့် သတင်းထုတ်လွှင့်သည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူတို့က အလွန်စိတ်လှုပ်ရှားနေကြတယ်။ ရွာသားအချို့လည်း လာရောက်ကြည့်ရှု့ကြသည့်တိုင် အိမ်ထဲကို ဝင်မရသဖြင့် ပြတင်းပေါက်အပြင်ဘက်တွင် ရပ်ပြီး ခေါင်းထိုးကာ အတွင်းကို ချောင်းကြည့်နေကြသည်။
နောက်တစ်နေ့မှာတော့ ကျန်းချီဟန်က ဓာတ်ပုံရိုက်ထားသည့် ဖလင်နှစ်လိပ်ကို ကိုင်ပြီး ဓာတ်ပုံဆိုင်ကို သွားခဲ့၏။
ဓာတ်ပုံဆိုင်က လူများက သူက ဝေဖန်ဓာတ်ပုံများ ယူမည်ဟု ထင်ကာ သူတို့ပြင်ဆင်ထားသည့် စက္ကူအိတ်ကို အလျင်အမြန် ပေးလိုက်သည်။ သို့သော်လည်း သူက ဓာတ်ပုံဆိုင်၏ အမှောင်ခန်းကို ငှားမည်ဟု မေးပြီး ဖလင်အကြီးကြီး နှစ်လိပ်ကိုပါ ထုတ်ပြခဲ့သည်။
သို့သော်လည်း ဓာတ်ပုံထဲမှ ကောင်မလေးက အလှပြင်ထားပြီး တကယ်ကို လှနေသည်။
ဓာတ်ပုံများကို ဆေးနေသည့် ဝန်ထမ်းက ကျန်းချီဟန်ထံ လာပြီး ပြောလိုက်၏။
"ဒီလိုပါ၊ ဒီဓာတ်ပုံနှစ်ပုံလောက် ကျွန်တော်တို့ကို ပေးလို့ရမလား။ တခြားဘာမှ မဆိုလိုပါဘူး၊ ဒီကလေးမလေးက လှတယ်လို့ ထင်လို့ ဓာတ်ပုံဆိုင်ရှေ့မှာ ထားချင်လို့ပါ။"
"မင်းလည်း လှတယ်လို့ ထင်တာလား။"
ကျန်းချီဟန်က တခြားသူကို ပြုံးပြီး ကြည့်လိုက်ကာ "မရဘူး" ဟု ပြောလိုက်သည်။
သူ့တူမလေးက ကလေးသရုပ်ဆောင် ဖြစ်နိုင်တာကို၊ ဘာလို့ ဓာတ်ပုံဆိုင်အပြင်ဘက်မှာ လူတွေ အလကားကြည့်ဖို့ ထားရမှာလဲ။
ကျန်းချီဟန်က ဆေးထားသည့် ဓာတ်ပုံများကို အိတ်နှစ်လုံးထဲ ပျော်ပျော်ရွှင်ရွှင် ထုပ်ပိုးလိုက်သည်။
သူက အဝတ်အထည်ဓာတ်ပုံများကို ချန်ဖန်းရှူနှင့် လုကောပင်းထံ ပေးပြီး ရုပ်ဆိုးသည့် လက်ထောက်ဒါရိုက်တာကို တိုင်ကြားရန် စာရေးခိုင်းလိုက်သည်။ ကျန်သည်များကို ဂရုတစိုက် ရွေးချယ်ကာ အကောင်းဆုံးများကို ဟောင်ကောင်မြို့မှ သူ့မိဘများထံ ကြည့်ရန် ပို့ပေးဖို့ စီစဉ်လိုက်သည်။
မမျှော်လင့်ထားဘဲ ပစ္စည်းများ မပို့ခင်တွင် လုကောပင်းက သူ့ထံအရင်ရောက်လာခဲ့၏။
"ပြည်မကြီးကနေ ဟောင်ကောင်ကို သွားဖို့ စာရွက်စာတမ်းတွေ ရဖို့ လွယ်လား။ မင်းရဲ့ မရီး၊ ရှောင်ဟွေ့နဲ့ ထောင်ထောင်ကိုခေါ်ပြီး ငါ့မိဘတွေနဲ့ တွေ့ဖို့ ပြန်ခေါ်သွားဖို့ စီစဉ်ထားတာ။ မင်းရဲ့ မရီးလည်း ဟောင်ကောင်က အဝတ်အထည်ဈေးကွက်ကို ကိုယ်တိုင် စစ်ဆေးနိုင်တာပေါ့။"